Sunday, September 4, 2022

The Boy In The Striped Pajamas

 📘The Boy In The Striped Pajamas

📕ညဝတ်အင်္ကျီအစင်းကြားလေးနဲ့ကောင်လေး 

(တင့်ဇော်)

📕 Historical fiction

 

ဒီစာအုပ်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း

ဂျူးလူမျိူးတွေရဲ့ အကျဉ်းစခန်းကို အုပ်ချုပ်ရတဲ့ဂျာမန်စစ်အရာရှိကြီးရဲ့ ၉နှစ်သားလေး #Bruno နဲ့ ခြံစည်းရိုး တဖက်ခြမ်းမှာရှိတဲ့ #ဂျူး  #အကျဥ်းသားလေး  #ဆမ်မြူရယ် တို့ရဲ့ ပတ်သတ်ခွင့်မရှိတဲ့ ၊

မတူညီတဲ့ကမ္ဘာ၂ခု ကြားကသူငယ်ချင်း သံယောဇဉ်...

ရင်နင့်စရာကောင်းလှတဲ့ အဖြစ်အပျက်လေး ....


ဇာတ်လမ်း အစ.. ဘာလင်မှာ ကြီးပြင်လာတဲ့

၉နှစ်သား #ဘရူနို  နဲ့  ၁၂နှစ်သမီး

#ဂရီတယ် မောင်နှမနှစ်ယောက်


 ဖခင်ဖြစ်သူရဲ့  အလုပ်နေရာ ‌အပြောင်းအရွှေ့ကြောင့်သာ ဘာလင်ကနေ အေးလွန်း ၊ နှစ်မြို့ဖွယ် မကောင်း၊

ဆိုးဝါးလှတဲ့ (အောက်ဝတ်‌ ) Auschwitz ဒေသကို 

 မပြောင်းချင်ပဲ ပြောင်းလာရတယ်။


နေရာအသစ်ကို ရောက်စမှာ စိတ်ဝင်စားနေတာက 

ဘရူနို ရဲ့အခန်းပြတင်းပေါက်ကနေ မြင်ရတဲ့ မြင်ကွင်း ...သူတို့အိမ်ကနေ ပေ ၅၀လောက်တောင် 

မဝေးလှတဲ့နေရာမှာ သူတို့ အိမ်ထက်တောင်မြင့်တဲ့ သံဆူးကြိုးတွေနဲ့ ပတ်ကာထားတဲ့ ခြံစည်းရိုးကြီးတခု။

  

ခြံစည်းရိုးတဖက်ခြမ်းမှာ အစိမ်းအရာင်အပင်ရယ်လို့

မရှိ ၊သဲမြေခင်းထားတဲ့လမ်း၊ ခပ်နိမ့်နိမ့်တဲတွေ ၊

လေးထာင့်ကျကျ ဆောက်ထားတဲ့ အဆောက်အအုံတွေ ။ အထူးသဖြင့်  မီးခိုးရောင် ညဝတ်အင်္ကျီအစင်းကြားနဲ့ တူညီတဲ့ မီးခိုးရောင်အစင်းကျား ကက်ဦးထုပ် ဆောင်းထားကြတဲ့ ကလေးတွေ ၊ ယောကျာ်း ခပ်ငယ်ငယ်တွေ၊အရွယ်ခပ်ကြီးကြီးတွေ ။



အဲ့ဒီလူတွေက ဘယ်သူတွေလဲ ၊

ဘာတွေ လုပ်နေကြရတာလဲ ဆိုတာ #Bruno မသိ ။


 အဆောက်အုံ‌တွေရဲ့ ခပ်လှမ်းလှမ်းမှာလည်း 

မီးခိုးထွက်နေတဲ့ ခေါင်းတိုင်အမြင့်ကြီးတွေ။ 

(အဲ့တုန်းကတော့ ဘာတွေ ရှို့နေမှန်းမသိခဲ့တဲ့ ဘရူနို နဲ့ သူရဲ့ဂျူး အကျဉ်းသားသူငယ်ချင်းလေး)


ဘာလင်ကနေ သူငယ်ချင်းတွေနဲ့ ခွဲခွာ ၊နေရာသစ်ကို ရောက်လာပြီး ရွယ်တူ စကားပြောဖော်မရှိ ၊ကစားဖော်မရှိ အထီးကျန်နေတဲ့ Bruno ။


ကာထားတဲ့ ခြံစည်းရိုးတလျှောက်ကို လျှောက်ရင်း 

ဆုံခဲ့ရတာက တဖက်ခြမ်းက ဂျူးအကျဉ်းသားလေး #ဆင်မြူရယ်


သူတို့နှစ်ယောက်ဟာ မတူညီတဲ့ ဘဝအခြေအနေတွေနဲ့ပေမယ့် တူညီတာကမွေးနေ့၊ ဧပြီလ တစ်ဆယ့်ငါးရက်၊ တစ်ထောင့်ကိုးရာသုံးဆယ့်လေးခုနှစ်.. မွေးနေ့တူ ။


ခြံစည်းရိုးနားမှာ တစ်နှစ်ကျော်လောက် နေ့တိုင်းသွားတွေ့ပြီးစကားပြောကြတဲ့ Brunoရဲ့ လျှို့ဝှက် ဂျူး

အကျဥ်းသားသူငယ်ချင်းလေး #ဆင်မြူရယ် ။


နောက်ဆုံး Bruno အမေ နဲ့ အဖေ ဘာလင်ပြန်ဖို့

အချင်းများ ၊  ကလေးတွေကို ရက်သတ္တပတ်အတွင်း ဘာလင်ပြန်ဖို့ သူ့အဖေ ကြော်ငြာပြီး သိပ်မကြာ ...


မပြန်ခင် ဂျုး သူငယ်ချင်းလေးနဲ့ တွေဖို့ နှုတ်ဆက်ဖို့ခြံစည်းရိုးနားမှာစောင့် ။ 

၂ရက်လောက် သွားစောင့်သော်လည်း မတွေ့ ။ 

၃‌ရက်မြောက်နေ့မှ ဂျုးသူငယ်ချင်းလေး တွေ့နေကျ

ခြံစည်းရိုးနား ပေါ်လာတယ် ။

သူ့ရဲ့ဝမ်းနည်းတဲ့ မျက်နှာကိုမြင်ရလို့ Bruno က

 မေးကြည့်တော့မှ ..သူ့ ပါပါ(အဖေ) နဲ့ တခြားလူတွေ

တနင်္လာနေ့ကတည်းက အလုပ်သွားပြီး 

တစ်ယောက်မှ ပြန်မလာကြတော့တဲ့ အကြောင်း 


ဂျူးသူငယ်ချင်းလေးရဲ့ ဖခင်ကို ဝင်ရှာပေးချင်တဲ့

 စိတ်ပေါ်လာတဲ့ Bruno ...


ဘာလင်မပြန်ခင် ခြံစည်းရိုး တဖက်ခြမ်းက ကမ္ဘာကိုလေ့လာစူးစမ်းဖို့ရော ၊ သူငယ်ချင်း ဂျူးအကျဉ်းသားလေးရဲ့ ဖခင်ကို ရှာပေးဖို့ပါ စိတ်အားထက်သန်နေတဲ့  Bruno ။


နောက်ဆုံးနေ့ .....သောကြာနေ့..

မိုးတွေရွာပြီးစိုစွတ်တဲ့နေ့တနေ့..

သူတို့နှစ်ယောက်တွေ့နေကျ နေရာမှာ 


#ဆင်မြူရယ် က Bruno ကဖက်ခြမ်းဝင်ရင်ဝတ်ဖို့ အင်္ကျီအစင်းကြားနဲ့ညဝတ်တစုံရယ်၊ကတ်ဦးထုတ်ရယ် လှမ်းပေး ။


 သူ့အဖေကိုရှာပေးဖို့ မျှော်လင့်နေတဲ့ ဂျူးလေး


ဂျူးအကျဉ်းသားတွေ ထားတဲ့ ခြံတဖက်ကိုရောက်တော့ မြင်ရတဲ့မြင်ကွင်းတွေက Bruno မျှော်မှန်းထားသလို သာသာယာယာနွေးထွေးတဲ့ မြင်ကွင်းမျိုး မဟုတ်။ အားလုံး ကတုံးကိုယ်စီနဲ့ ....

(ကလေးပီပီ သန်းတွေများလို့ ကတုံးတုံးထားတာလို့တောင် Bruno စိတ်ထဲ ထင်နေမိသေး )။

ပိန်လှီသေးကွေးပြီး ချိုင့်ဝင်နေတဲ့ မျက်လုံးတွေ။ 


မြင်လိုက်ရတဲ့ မြင်ကွင်းတွေကြောင့် Brunoစိတ်ပျက်ပြီး ခြံစည်ရိုး တဖက်ပြန်ဖို့ ကြံနေတဲ့အချိန်မှာပဲ ခရာမှုတ်သံကြားလိုက်ရတယ် ။

အဲ့နောက်မှာတော့ ....


စာအုပ်ထဲမှာ ဆက်ဖတ်ပါ ။ 😁


Hnin Yi Pwint

#Book_Review

#The_Boy_In_The_Striped_Pajamas

May 17.2020

No comments: