📕Hidden Pictures by Jason Rekulak
📕 Thriller
📕ဒီတခါစာအုပ်ဟာ မေလ ၂၂ရက်ကမှ ထွက်ခဲ့ပြီး၊ book gp တွေထဲမှာ အရင်လကစပြီး အခုထိ hot ဖြစ်နေဆဲ စာအုပ် တအုပ် ။ ဒီစာအုပ်ရဲ့ ထူးခြားချက်က အထဲမှာ Drawing ပုံတွေ တော်တော်များများပါတယ်။
Mallory Quinn ဆိုတဲ့ မိန်းကလေးဟာ အထက်တန်းကျောင်းမှာ "အားကစား စကော်လာ" တွေဘာတွေ ရခဲ့သူတစ်ယောက်။အထက်တန်းကျောင်း မှာ အခွင့်အလမ်းတွေ ၊ တက်လမ်း တွေ အများကြီး ရှိခဲ့တယ် ။
ကားမတော်တဆမှု့ဖြစ်ရပ်တခုကြောင့် Mallory ရဲ့ ညီမဖြစ်သူ ဆုံးသွားခဲ့တယ် ။ မိခင်ဖြစ်သူနဲ့လည်း အကြောင်းတခုကြောင့် အတူမနေ စကားမပြော ဖြစ် တော့ဘူး ။ အဲ့ဒီနောက် Mallory တစ်ယောက် စိတ်လေတာရော၊ ဆုံးရှုံးမှု့တွေကြောင့် အားကစား လုပ်ရင်း ပိုသွက်အောင် Oxy Contin သုံးတယ်၊ ဆေးပါစွဲခဲ့တယ် ။
အင်တာဗျုးစဖြေခါစကတော့ ယောကျာ်းဖြစ်သူ
Ted Maxwell က ရစ်သလောက် မိန်းမဖြစ်သူ Caroline က သဘောကောင်းတယ် ။
Ted Maxwell က အင်ဂျင်နီယာ၊ Caroline က စိတ်ရောဂါကုဆရာဝန်တစ်ယောက် ၊ သူတို့ဘဝ ကို သိပ္ပံနည်းကျပဲ သွားတယ်၊သဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်ကြဘူး ။ နှာချေရင်တောင် Oh!My God! မလုပ်ဖို့ ပြောထားကြတဲ့ အထိ ။
Caroline က ချမ်းသာတယ် ။ Mallory အလုပ်ရပြီးတဲ့ နောက်မှာ Caroline က သူ ဝတ်ပြီးသား အသန့် ဈေးကြီး ပါပေ့ ဆိုတဲ့ branded ဝတ်စုံတွေကို Mallory သူတို့အိမ်မှာ နေနေသရွေ့ဝတ်ဖို့ ပေးထားတယ်။
Mallory ဟာ ခြံကြီးထဲက cottage တလုံးမှာနေတယ် ။ Maxwell မိသားစုကတော့ အိမ်ကြီးထဲမှာ သီးသန့် နေကြတယ် ။ သူတို့ရဲ့ ကလေးဖြစ်တဲ့ Teddy ဟာ Mallory နဲ့ လည်း အဆင်ပြေတယ်။
Caroline က တခုတော့ပြောတယ် ။ သူ့သား Teddy ဟာ အရင်က ပန်းချီဆွဲလေ့မရှိဘူး ။"ဘာစီလိုနာ" က ပြန်လာပြီးတဲ့နောက်မှ "ပီကာဆို"လက်သစ်လေးဖြစ်ပြီး ပန်းချီ လက်စွမ်းတွေပြနေတယ်လို့ဆိုတယ် ။
ဒါပေမယ့် အတူနေရင်း Mallory သတိထားမိလာတာက **သားဖြစ်သူ Teddyက "ဘယ်သန်" ဒါပေမယ့် ပုံဆွဲတဲ့အချိန်မှာ ကြည့်လိုက်ရင် "ညာလက်" နဲ့ ဆွဲနေတယ် ။
အစပိုင်းတော့ ဘာမှ မဖြစ်ပေမယ့် နောက်ပိုင်း ထပ်ဆွဲ လာတဲ့ ပုံတွေဟာ ကလေးတစ်ယောက် ဆွဲတာနဲ့ မတူပဲ ထိတ်လန့်စရာတွေဖြစ်လာတယ်။
ဒါ့အပြင် Teddy ဟာ သူ့အခန်းထဲမှာ တစ်ယောက်တည်းရှိနေချိန် တစ်ယောက်ယောက်ကို စကားတွေပြောနေတယ်။
ဒီဖြစ်ရပ်တွေဟာ ဆက်တိုက်ဖြစ်လာတဲ့အခါ Mallory ဟာ Teddy ပုံမှန်မဟုတ်ဘူး ၊ တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်ကို အသုံးချနေတယ်ဆိုတာ ယူဆလို့
Caroline ကိုပြောပြတယ် ။ ထုံးစံအတိုင်း Carolineက မယုံဘူး ။
Malloryက Teddy ကို စိတ်ပူတဲ့အတွက်ဆရာဝန်ပြ ပေးသင့်တယ် ဘာညာ ပြောပေမယ့် Caroline က သူ့စိတ်ရောဂါကုဆရာဝန် ဖြစ်တဲ့အတွက် သူ့သားအကြောင်း သူသိတယ်။ ကလေးတိုင်းမှာ imaginary friend ရှိတာ မဆန်းပါဘူးပေါ့ ။
အဲ့ဖြစ်ရပ်တွေတင်မကပဲ Mallory နေတဲ့ cottage ထိ ခြောက်ခြားမှု့တွေ လုပ်တဲ့အခါ Mallory က ကောင်လေးတစ်ယောက် ကို အကူအညီ တောင်းရတော့တယ် ။
Maxwell နဲ့ Carolineတို့ ခြံကြီးနားက အိမ်နီးချင်း မြက်ရိတ်ပေးတဲ့ကုမ္မဏီက ကောင်လေးAdrian ရယ်၊ ဘေးအိမ်က ဆေးစွဲနေပြီး၊ တားရော့ဟောစားတဲ့ အမျိုးသမီးကြီးရယ် ပေါင်းပြီး အဖြေရှာတဲ့အခါ ....
တားရော့ဟော တဲ့ အမျိုးသမီးကြီး ( Caroline တို့ မကြိုက်တဲ့ အိမ်နီးချင်း၊) နဲ့ Mallory တို့ဟာ Ouija board နဲ့ သရဲခေါ်ကြည့်ကြတယ် ။
Teddy ပါးစပ်ကပြောပြောနေတဲ့ imaginary bff ဆိုသူက "Anya " ဆိုတဲ့ အမျိုးသမီး၊
တိုက်တိုက်ဆိုင်ဆိုင် ၊ " Annie Barrett "ဆိုတဲ့ အမျိုးသမီး ဟာလည်း Malloryနေတဲ့ cottageမှာ သတ်ခံရဖူးတယ် လို့ ကောလဟာလ သတင်းထွက် တယ် ။
Mallory ရဲ့ကောင်လေးဖြစ်လာမယ့် Adrian က Annie Barrett မိသားစု နောက်ကြောင်းကို ရှာရင်း ကျန်ရစ်တဲ့ မိသားစုဝင်တွေရှိလို့ သွားမေးတဲ့အခါ
Annie Barrett ရဲ့ မြေးဖြစ်သူက သူ့အဘွားဟာ သတ်ခံရတာ လုံးဝမဟုတ်ပဲ လူကြီးရောဂါနဲ့သာ အသက်ကြီးတဲ့အထိ တခြားတနေရာမှာ သေဆုံး သွားတာမို့ သူ့အဘွားခြောက်မှာ စိတ်မပူရကြောင်း ပြောပြတယ်။
ဒါဆိုရင် Mallory တို့ကို ပုံတွေ ဆွဲပြီး ဆက်သွယ်နေတဲ့ အမျိုးသမီးသမီးဟာ ဘယ်သူဖြစ်မလဲ ။
သူအသတ်ခံရကြောင်း၊ကလေးတစ်ယောက်အကြောင်း၊ အသေးစိပ် ပုံဆွဲ ပေးသမျှကို Mallory နဲ့ Adrian တို့ ပဟေဠိ အဖြေညှိရင်း puzzle ဆက်သလို အဖြေရှာလိုက်တဲ့အခါမှာတော့ .....
မိသားစု တခုရဲ့ လျှို့ဝှက်ချက်တခု ၊ လူသတ်မှု့ တခု၊ သေသွားပြီး မကျွတ်တဲ့ အမျိုးသမီးနဲ့ (**** ) ရဲ့ ပတ်သတ်မှု့ကို ဘယ်လိုတွေ ရှိမလဲ
ဘေးအိမ်က တားရော့ဟောတဲ့အမျိုးသမီး (....)၊
Mallory ရဲ့ မရှိမယ့်ရှိမယ့် အလုပ်ပြုတ်၊
အသက်အန္တရယ်ထိခိုက်မယ့်အထိ ဘာတွေ ရင်ဆိုင်ရမလဲ...
(.......) က အကွက်ကျကျ စီစဉ်ထားတာတွေကို Mallory တစ်ယောက် ဘယ်လိုကျော်ဖြတ်မလဲ ။
Mallory နဲ့ Adrian တို့ ဘာ လျှို့ဝှက်ချက်တွေ ရှာဖွေတွေ့ရှိမလဲဆိုတာ .....
📌📌 My.P.O.V...
စာအုပ်ရဲ့နောက်ဆုံးခန်းတွေ ရောက်လာတော့ ဇာတ်လမ်း ပိုကောင်းလာတယ်။ နောက်ဆုံးမှာ ချပြလိုက်တဲ့ twistလေးလည်း ကောင်းတယ် ။ ဇာတ်အိမ်လည်း မဆိုးဘူး ။ ကောင်းတယ် ။ Drawing ပုံတွေ ပါတဲ့အတွက် စာအုပ်က ပုံမှန် Thrillerတွေထက် ပို ဆွဲဆောင်မှု့ရှိသလို ခံစားရစေတယ် ။
တခုပဲ သဘောမတွေ့တာ... အရေးအသားက အရမ်း လွယ်ပြီး YA Thriller ဆန်လွန်းတယ် ။ စာရေးဆရာက အရင်ကYA ရေးတဲ့သူမို့ အခုမှ Adult Thriller စပြောင်းတာ မို့ အရေးအသား ကို လွယ်လွယ်ရှင်းရှင်း ရေးတဲ့ အကျင့်ဖြစ်နေတာလည်း ဖြစ်ချင်ဖြစ်မယ် ။
ဒါပေမယ့် Adult Thrillerတွေလို "အရေးအသား"
သိပ်ဆွဲဆောင်မှု့မရှိသေးဘူးလို့ မြင်မိတယ် ။
အရေးအသား ပိုဆွဲဆောင်မှု့ရှိရင် ဒီစာအုပ်က ပိုရှယ်၊ပိုကောင်းမယ်လို့ တွေးမိတယ် ။
ဒီစာအုပ်ဟာ အရေးအသား ရိုးရှင်းတဲ့အတွက်
အခုမှ Thriller လိုင်းကို စဖတ်ချင်သူတွေအတွက် သင့်တော်ပါတယ် ။
E-Book Link ⬇️⬇️⬇️
https://t.me/mobi_epub_ebook_and_Movie/1786
Hidden Pictures by Jason Rekulak
#AudiobookReview by Bookish In Fiction Land
15 June 2022
No comments:
Post a Comment