Sunday, September 4, 2022

First_They_Killed_My_Father by Loung Ung

 đŸ“• First_They_Killed_My_Father 📕

#ခမာနီတွေရက်စက်ခဲ့သမျှ


ဒီဝတ္ထုကို Angelina Jolieက ဒါရိုက်တာအနေနဲ့ ရိုက်ထားတဲ့ ဇာတ်ကား Netflix မှာ ရှိပါတယ် ။


ဒီစာအုပ်ကို January 26, 2000 ခုနှစ်မှာ စတင် 

ထုတ်ဝေခဲ့ပါတယ်။


📝📝  Review အကျဉ်း 📝📝

ဒီစာအုပ်ဟာ  ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အကြား 

#ခမာနီ တို့  ကမ္ဘောဒီးယားလူဦးရေရဲ့  လေးပုံတစ်ပုံသော လူနှစ်သန်းခန့်ကို သတ်ဖြတ် နှိပ်စက်မှု့ကနေ

လွတ်မြောက်လာတဲ့ Loung Ung နဲ့ သူ့မိသားစု အသက်ရှင်လွတ်‌မြောက်ရေးအတွက် ကြုံခဲ့ ခံစားခဲ့ရတဲ့ဒုက္ခတွေ၊ ငတ်မွတ်မှု့တွေ ၊သတ်ဖြတ်မှု့တွေကြားကနေအသက်ရှင်သန်ဖို့အရေး #၅နှစ်သမီးအရွယ်ကနေ ရုန်းကန်လာခဲ့ရတဲ့ 👧LoungUng ရဲ့

ရင့်နင့်ကြေကွဲစရာ ဘဝဇာတ်ကြောင်း ။    ။


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


ထုံးစံအတိုင်း စာအုပ်အကြောင်း 📚📚

ဇာတ်ရည်လည်အောင် ထပ်ရှည်ရရင်.....


👧LoungUng အသက်၅နှစ်မှာ သူတို့မိသားစု ရော၊ မြို့ထဲက တခြားမိသားစုတွေကိုပါ #PolPoltရဲ့ခမာနီတပ် က အတင်းနှင်ထုတ်လို့ Phnom_Penh မြို့ကနေ ရွာတွေကို စွန့်ခွာထွက်ပြေးကြရတယ်။ 



ထွက်ပြေး တိမ်းရှောင်ရင်း အစိုးရပြောင်းတဲ့အချိန် အာဏာသိမ်းတဲ့အချိန်မှာ ငွေစက္ကူဆိုတာ အသုံးမဝင်‌ လို့ လမ်းမှာ အိမ်သာသုံးစက္ကူအ နေနဲ့ သုံးခဲ့ရတာ။


👧၅နှစ်အရွယ်ကလေးဆိုတော့ ဘာကြောင့် ထွက်ပြေးရသလဲ မသိ။ စစ် ၊ဖျက်စီးရေးသမားသောင်းကျန်းသူဆိုတာ ဘာလဲ နားမလည်။သူ့မိသားစုနဲ့ အတူ ဘယ်ကိုသွားနေကြရတာလဲ မသိ ၊ ဘယ်တော့ အိမ်ပြန်ရမလဲ မသိ ။


ခမာနီစစ်သားဆိုသူတွေက  အမေရိကန်တွေ ဗုံးကြဲမယ်ဆိုပြီး မြို့က လူတွေ အကုန် မြို့ပြင်နှင်ထုတ်လိုက်တယ် ။အုံလိုက်ကျင်းလိုက်သာ ပြေးလာကြရတာ ။သူတို့ မိသားစု လမ်းပေါ်ရောက်နေရတာ ၃ရက်။

ဗုံးကြဲသံလည်း မကြားရ ၊လေယာဉ်လည်းမမြင် ။


မြို့ကထွက်လာကြပြီး ၈ရက်နေ့မြောက်မှာ 

#သူ့ဦးလေးလီအန်း ရဲ့ ရွာမှာ၂လ ကြာနေလို့ရလိုက်တယ် ။ ၂လကြာပြီးတဲ့နောက်မှာ မလုံခြုံတော့လို့ နောက်တနေရာပြောင်းဖို့ပြင်ရပြန်တယ် ။ 


ပြင်နေတုန်းပဲ လမ်း မှာ ခမာနီစစ်သားတွေ ခေါ်တဲ့ ထရပ်ကားပေါ်  တမိသားစုလုံး ငြင်းဆိုနိုင်စွမ်း မရှိပဲ လိုက်လာကြရတယ် ။


အရင်အစိုးအရလက်အောက်မှာ အမှူ့ထမ်းခဲ့တဲ့သူတွေ ကို ခမာနီတွေက စာရင်းကောက်ပြီး #သတ်ပြစ်ကြလို့ #သူ့အဖေတပ်ထိန်း ဆိုတာ ဖုံးကွယ်ပြီး လယ်သမားမိသားစု တစုလို နေရတယ် ။  


ဘယ်သူ့ကိုမှ ယုံကြည့်လို့ မရ ။

အရင်ဘဝအခြေအနေတွေကို လုံးဝ ပြောလို့မရကြောင်း သူ့ အကိုလေးက သတိပေးတယ် ။


#ပညာတက်တွေ ၊ အရင်အစိုးရအောက်မှာ 

အမှု့ထမ်းခဲ့သူတွေ ၊ဆရာဝန်တွေ သူ‌နာပြုတွေကို ‌

ရှာတွေ့ရင် ကျည်ချွေတာတဲ့အနေနဲ့ တချို့ကို

ဦးခေါင်းကို ပုဆိန်နဲ့ ခွဲတယ် ။ သတ်ပစ်တယ်။

တချို့ကို အရှင်လတ်လတ် မြေမြှုပ်ပစ်တယ် ။


တချို့ကို ဗီယက်နမ်တွေနဲ့ နေလို့ သစ္စာဖောက်ဆိုပြီး

ခမာနီတွေက ခေါင်းဖြတ်သတ်တယ် ။ 


တချို့ယောကျာ်းတွေရဲ့ အလောင်းတွေဆို 

ရင်ဘတ်ပွင့် အသည်းကလီစာတွေမရှိကြတော့ဘူး။  

ခမာနီစစ်သားတွေက ရန်သူ့အသည်းတွေကို စားရင် ခွန်းအားပြည့်ဝတယ်လို့ ယုံကြည်ကြတာတဲ့ ။


နို့စို့ကလေးတချို့ကိုလည်းလေထဲမြှောက်ပြီး 

လှံစွပ်နဲ့ ထိုးသတ်တယ် ။


ညတွင်းချင်း ကလေးပါမကျန်  မိသားစုလိုက်ပျောက်ဆုံးသွားကြရတာတွေပါရှိတယ် ။


ခမာနီစစ်သားတွေက မိသားစုထဲက ကျန်ရစ်သူတွေ.. တချိန်မှာ သူတို့ကို #ပုန်ကန်မှာစိုးလို့ တချို့ဆို 

မိသားစုလိုက် ကွပ်မျက်ခံကြရတယ် ။


ငယ်ရွယ်တဲ့ယောကျာ်းလေးတွေကို စစ်ထဲ ဆွဲသွင်းတယ်။ ငြင်းလျှင် သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး သတ်ပစ်တယ် ။


ညဆို မိန်းကလေးတွေကိုခေါ်သွားပြီး အတင်းဓမ္မပြုကျင့်တာတွေ ၊ အစိုးရအတွက် သားယောကျာ်း‌လေး မွေးပေးဖို့ ၊ ခမာစစ်သားတွေ နဲ့ ဆန္ဒမပါပဲ အတင်းအဓ္မ လက်ထပ်ခံရတာတွေပါရှိခဲ့တယ် ။ 

တချို့မိန်းကလေးတွေက အဲ့လို #လူတိရစ္ဆာန်ရန်တွေ က လွတ်ဖို့  ကိုယ့်ကိုယ်ကို  #အဆုံးစီရင်ကြတယ် ။


ခမာနီတွေ သိမ်းပိုက်ထားထားတဲ့ Democratic Kampuchea မှာ စိတ်ဓာတ်တွေကို ပျက်ပြားစေတယ်လို့ ယူဆလို့ ရောင်စုံအဝတ်အစားတွေကို ဝတ်ခွင့်မရှိ။

အနက်ရောင် ဘောင်းဘီ နဲ့ ရှပ်အင်္ကျီသာဝတ်ရတယ်။


နိုင်ငံခြားသားတွေကို နိုင်ငံကနေ နှင်ထုတ်တယ် ။


အစွန်းရောက်‌တဲ့  ခမာနီ တွေဟာ သူတို့ကိုယ်သူတို့

ဘုံစနစ်နဲ့ နေတဲ့ စင်ကြည်သန့်ရှင်းတဲ့ လူ့အဖွဲ့အစည်း ။

အရာရာမှာ ကိုယ်ပိုင်ဆိုတာမရှိဘူး။

အားလုံးကို #Angkarအစိုးရ သာပိုင်တယ် ။


#အန်ကောဝပ်ဘုရားကျောင်း ရှိရာ နယ်မြေကိုလည်း

ခမာနီတွေ အကြီီးအကျယ် ဖျက်ဆီးပြစ်ကြတယ်။


ကျောင်းတက်ရင် သူတို့ဦနှောက်ထဲမှာ ဘာမှ အသုံးမဝင်တဲ့ အသိတရားတွေနဲ့ ရှုပ်ထွေး သွားရုံမို့ ကလေးတွေ ကျောင်းနေစရာမလို ။အလုပ်ပဲလုပ်ရင် စိတ်ဓာတ်တွေနိုးကြားလာမယ်။အစိုးရခွင့်ပြုချက်မရှိပဲ ကျောင်းဖွင့်ခွင့်မရှိလို့ ခံယူထားတဲ့ #Angkarအစိုးရ ။ 


အားလုံးတန်းတူညီမျှလို့သာပြောတာ တကယ်တမ်း အခွင့်ထူးခံက ရွာလူကြီး၊သူ့လက်ထောက်တွေနဲ့ ခမာစစ်သားတွေ ။ ခမာနီတွေ က သူတို့ အလွှာကလွဲပြီး

သူတို့ အတင်းနှင်ထုတ်လို့ မြို့ကြီး‌တွေကရောက်လာကြရတဲ့ လူ‌တွေ အားလုံး ဟာ အပေါ်နှစ်လွှာက 

ခိုင်းသမျှ လုပ်ကြရမယ့်  အောက်တန်းစားလို့ 

ခမာနီ တွေက သတ်မှတ်ထားကြတယ် ။


1975 July မိုးလယ်ကာလ မှာ တောင်ပေါ်က 

 á€›á€˝á€Źá€œá€ąá€¸ တရွာ ကိုရောက်တယ် ။ တောင်ပေါ်ရာသီဥတုကဆိုးရွားတယ်။ဆရာဝန်မရှိ ၊ဆေးမရှိ ။စားစရာရှားပါး။ ဆန်လည်းဝယ်မစားနိုင်တော့လို့ မှိုတွေ ၊ ငှက်ပျောအူတိုင်တွေနဲ့ အရွက်တွေ ရောသမမွှေချက်စားရတယ်။ 


တနေရာနဲ့ တနေရာ  ကြာကြာမနေရ ရွာတွေ ပြောင်း

နေရတယ် ။ ဆာလာ‌မွတ်သိပ်မှု့ဒဏ်တွေ ခံကြရ ။ 

ငတ်သေတဲ့သူကသေ ၊ အစာအဆိပ်သင့်တဲ့ သူက အဆိပ်သင့်သေ။ တချို့က ငှက်ဖျားမိသေ ။


အစာရေစာပြတ်လပ်တဲ့အချိန်မှာ ပုတ်‌ဆွေးနေတဲ့ 

သစ်ရွက်ကအစ ကြွက်၊ပုတက်၊လိပ် ၊မြွေ၊ ကအစ ကိုယ်တွင်းကလီစာအကုန် သွေးက အစ ချက်ပြုတ်စားရတယ် ။ တချို့ဆို ခွေးသား၊ လူသားတောင် စားကြရတယ်။


#LoungUngရဲ့အမကြီး အရင်ဆုံးတယ် ။

#အဖေဖြစ်သူကိုလည်း ခမာနီစစ်သားတွေခေါ်သွားတယ် ။ 


သေသလား၊ရှင်သလားမသိသူကို စောင့်ဆိုင်းရင်း ကျန်ရစ်တဲ့ သားသမီးတွေနဲ့ မိန်းမဖြစ်သူက ငတ်ငတ်ပြတ်ပြတ် နေထိုင်ရှာဖွေရင်း  သောကပွားကြရတယ် ။


မိသားစုလိုက် စုနေရင် အကုန်အသတ်ခံရမှာမို့ 

#မိဘမဲ့အနေနဲ့  နာမည်အသစ်တွေ  ကိုယ်စီနဲ့

အရပ်လေးမျက်နှာက  #အလုပ်စခန်းတွေမှာ တကွဲတပြားစီခွဲ နေကြဖို့ ကျန်ရစ်တဲ့ အမေက ဆယ်ကျော်သက်အရွယ် သားသမီးတွေကို

စီစဉ်ပေးတယ်။ 


အဲ့အချိန်မှာ  မိသားစုတကွဲတပြားစီ ခြေဦးတည့်ရာ နေရာကို #အမလတ် နဲ့ထွက်လာရတဲ့  LoungUng

တစ်ယောက် 8နှစ်တောင်မပြည့်သေး။


အသက်၈နှစ် မပြည့်သေးတဲ့ ကလေးတစ်ယောက်ဖြစ်ပေမယ့် သူတို့ #မိသားစုတွေရဲ့ဘဝကိုဖျက်ဆီးခဲ့သူ၊ ကမ္ဘောဒီးယားပြည်သူတွေကို ဆင်းရဲဒုက္ခမျိုးစုံရောက်အောင် လုပ်သည့် #PolPolt ဆိုတဲ့ ခမာနီခေါင်းဆောင်

ကိုသူ မမြင်ဖူးပေမယ့် မုန်းတယ်၊နာကျင်အောင်နှိပ်စက်ပြီး သတ်ပြစ်ချင်တယ် ။


သူတို့ကို ဆန် ၊အသီးအနှံတွေစိုက်ခိုင်းတယ်။ 

ဒါပေမယ့် လုံးဝ  စားခွင့် ၊  ခိုးခွင့်  မရှိ ။ 

ခမာနီတွေက ဆန်၊ အသီးအနှံ‌‌တွေ တရုပ်ဘက်ကို

ပြန်ရောင်းပြီး လူသတ်ဖို့ လက်နက် ထပ်ဝယ်တယ် ။


အဲ့ဒီနောက်  👧LoungUng တစ်ယောက် 

စခန်းသစ်တခုကိုထပ်ရောက် ။


#ကလေးစစ်သားအဖြစ် ပုံသွင်းခံရတယ် ။


ညတိုင်း #Angkarအစိုးရ ရဲ့ ဝါဒဖြန့်တာတွေကိုနားထောင်ရတယ် ။


👧LoungUng တစ်ယောက် အသက်၈နှစ်ပေမယ့်

ဖြတ်သန်းခဲ့ရတဲ့ ဘဝကြမ်းကြောင့် 

အကုန်နားလည်နေပြီ ။


#သူ့အဖေ_အမေ_အမကြီး_ညီမလေး တို့ကိုသတ်ခဲ့တဲ့  အစိုးရအတွက်တော့စွန့်လွှတ်အနစ်နာ မခံချင်ပေမယ့်


အသတ်ခံရမှာစိုးလို့ အမုန်းတရားရင်ဝယ်ပိုက်ပြီး ကြိတ်မှိတ် သည်းခံ ရှင်သန်နေရသူ ။

ပျော့ညံ့နေဖို့ အချိန်မရှိ ။ 


1979ဗီယက်နမ်တပ်တွေ ဝင်လာ ၊ ခမာနီတွေကို

တိုက်ထုတ် ၊ မီးတွေ့ရှို့ ထွက်ပြေးကြရတဲ့ အချိန်မှာ  👧LoungUng ဟာလမ်းမှာ #သူ့အကိုလေးနဲ့အမလတ် ကို ပြန်ဆုံရတယ်။


အတူကျန်နေတဲ့ မောင်နှမ ၃ယောက်မွေးစားမယ့် မိသားစု ၂စု ပြောင်း ၊ ဒုက္ခတွေ တွေ့ ။

မွေးစားတယ်ဆိုသော်လည်း ကူဖော်လောက်ဖက်

ခိုင်းစားခံရတာ ။


နောက်ဆုံးမှာ ကျန်တဲ့မောင်နှမတွေ ပြန်ဆုံပြီး #BatDengကို ပြန်သွားဖို့လုပ်တယ် ။ 


အသက်ရှင်ကျန်တဲ့ သူ့ဦးလေးလီအန်းနဲ့ ပြန်ဆုံတယ်။


👧 Loung Ungရဲ့  အဖေ၊အမေ ၊အမကြီး၊ညီမလေး သေသွားတယ် ။ 


 đŸ‘§Loung Ung တစ်ယောက် ၅နှစ်အရွယ်ကစပြီး  အသက်နဲ့မလိုက် ကြုံခဲ့ရတဲ့ ဒုက္ခတွေ ၊အငတ်ဘေး။


ကလေးစစ်သားတစ်ယောက်အနေနဲ့ ခမာနီတွေ ဝါဒသွတ်သွင်းတာခံခဲ့ရတာတွေ ၊ မုဒိန်းကျင့်ခံရမယ့် အဖြစ်ကနေ လွတ်မြောက်ခဲ့တာ ။


အမေနဲ့ ညီမလေးဖြစ်သူ ကို ခမာနီတွေ ပစ်သတ်တာ သိလိုက်ရတော့ ၃ရက်လုံး ဘာမှမလုပ်နိုင် သူ့ကို တုန်လှုပ်ခြောက်ခြားစေခဲ့တာ ။


👧 LoungUng ရဲ့ ဘဝမှာနာကျည်းစရာတွေများလွန်းတာကြောင့် အမှတ်တရဆိုတာတွေကို  စိတ်နှလုံးထဲထည့်ရအောင်တောင် ခံနိုင်ရည်မရှိတော့ ။


#အကိုကြီးဖြစ်သူ နဲ့ #LoungUng  ငါးဖမ်းလှေနဲ့ ဗီယက်နမ်ကိုဝင်ဖို့လုပ်၊ အဲ့ကနေတဆင့် ထိုင်းပင်လယ်ဘက်ကို ငါးဖမ်းလှေနဲ့ ဖြတ် ။


ထိုင်းပင်လယ်ဓားပြတွေနဲ့ တွေ့။ ဒါ‌ပေမယ့်

ထိုင်းပင်လယ်ဓားပြတွေက ယဉ်ယဉ်ကျေးကျေးပဲ ပစ္စည်းတွေ ယူတယ် ။ပြီးတော့ အားလုံးကို ငါးဖမ်းလှေ‌ပေါ်ပြန်တက်ခိုင်းပြီး  ထိုင်းဒုက္ခစခန်းကိုတောင် ညွှန်ပြလိုက်သေးတယ် ။


ထိုင်းဒုက္ခသည်စခန်းမှာ ခဏနေကြတယ် ။


အဲ့ဒီနောက် ဒုက္ခသည်စခန်းကနေ ကံကောင်းစွာနဲ့

သူ့အကိုကြီး ၊သူ့မိန်းမEang 👧Loung Ung တို့ 

🇺🇸အမေရိကန် Vermont ကို သွားခွင့်ရသွားကြတယ်။


👧Loung Ungရဲ့ အကိုကြီးလင်မယားက 

🇺🇸အမေရိကမှာ အလုပ်လုပ် ၊ 

👩Loung Ungကတော့ အကို့ကြီးသမီးနှစ်ယောက်ကို ထိန်းပေးရင်း နိုင်ငံရေးဘာသာရပ်နဲ့ ဘွဲ့တခုရအောင်ယူပြီး အလုပ်ဝင်ခဲ့တယ် ။  ။


P.S -- ဖတ်ပြီးတော့ ပညာမဲ့ ခမာနီတွေ လက်နက်နဲ့

အာဏာ သိမ်းတော့ အေးချမ်းနေတဲ့ ပြည်သူတွေ အိုးအိမ်တွေ စွန့်ခွာရ ၊လူမျိုးတုန်းသတ်ဖြတ်မှု့‌မှာအသက်တွေသေကြရ  ။တချို့တွေ  ရှင်သန်ခဲ့ရတဲ့ ဘဝတွေဟာ တော်တော် ခါးသီးပါလားလို့ ။ 


ကိုယ်တွေ တခါ‌တလေ ဖြစ်ချင်တာမဖြစ်ရတာတွေ ၊ စိတ်ညစ်တာလေးကို စာဖွဲ့နေကြတာ....

ရှင်သန်ဖို့အတွက် မြောက်ကိုရီးယားကနေ 

ထွက်ပြေးလာရတဲ့လူတွေ အကြောင်းစာအုပ်၊

ဒီစာအုပ်လို ကမ္ဘောဒီးယား လူမျိုးတုန်းသတ်ဖြတ်မှု့ကနေ လွတ်မြောက်လာတဲ့ ကလေးမအကြောင်း ၊

ကျုဘား စစ်ပွဲက သူနာပြုဆရာမလေးအကြောင်းစာအုပ် ။ 


အဲ့ဒါတွေ ဖတ်ရင် ကိုယ်ရှင်သန်ရတဲ့ ဘဝဟာ ဘယ်လောက် တန်ဖိုးရှိသလဲ ဆိုတာ သိလာပါလိမ့်မယ်။ ။


#Book_Review_by  Hnin Yi Pwint

June 6, 2020

No comments: