Sunday, September 4, 2022

Mary : An Awakening Terror by Nat Cassidy

 đŸ“•Mary : An Awakening Terror by Nat Cassidy

🎧 Audiobook Review
📕Horror
ဒီစာအုပ် ဟာ ဇူလိုင် ၁၉၊ ၂၀၂၂ ကမှ ထွက်ခဲ့တဲ့ Horror စာအုပ် တအုပ် ။ အစမှာကတည်းက စာရေးဆရာက၊ သူဟာ Stephen Kingရဲ့ Carrie ဝတ္ထု နဲ့ နီးစပ်ခဲ့ရသူ ဖြစ်ကြောင်း ၊ အခုစာအုပ်မှာလည်း Carrie ဇာတ်အိမ် ကျောရိုးကို ယူထားကြောင်း ပြောထားတယ် ။
ဒါပေမယ့် Carrieနဲ့ တူသလားဆိုတော့ မတူပါဘူး ။ပြောင်းပြန်ပါပဲ ။ တူတာတခုတော့ ရှိပါတယ်။ Carrie မှာ မိန်းမပျိုတွေရဲ့ အပျိုဖော်ဝင်ချိန် ရာသီသွေးပေါ်တဲ့အချိန် "bully" လုပ် အရှက်ခွဲခံရတာ ။ Mary မှာက သတ်လတ်ပိုင်း ၅၀ အရွယ် သွေး‌ဆုံးကိုင် ခံစားရ တဲ့ အမျိုးသမီးတစ်ယောက်ရဲ့၊ စိတ်ကယောက် ဖြစ်တာ၊ ငယ်စဉ်က bully လုပ်ခံရတာတွေ ပြန်ပေါ်လာတာ တူတယ် ပေါ့ ။

မတူတာက Carrie မှာ က၊ သူ့မှာ ဘာသာရေး အစွန်း ရောက်တဲ့ မိခင်ရှိတယ်၊ Carrieမှာ မမြင်ရတဲ့ သဘာဝလွန် စွမ်းအားရှိတယ် ။

Mary မှာကော ... ။ Maryမှာက အခုလို ကယောက်ကယက် အချိန်မျိုးမှာ ခေါင်းထဲမှာ ရှိနေတဲ့ တခြားတစ်ယောက်ရဲ့ ထိန်းချုပ်ခြင်းကို ခံရတာ ။



............... ဇာတ်လမ်းအကျဉ်း ............
" Mary " ဟာ ငယ်စဉ်က ကျောင်းမှာ ရွယ်တူ တချို့ရဲ့ အနိုင်ကျင့်အရှက်ခွဲတာ ခံရဖူးတယ်။ သူ့ကို အနိုင်ကျင့် ခဲ့တဲ့ ကျောင်းသူ‌မိန်းကလေးထဲက တစ်ယောက်ကို Mary တစ်ယောက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ခဲ့ ဖူးတယ် ။ (Arroyo မြိုလေးကို ပြန်လာတဲ့အချိန် အဲဒီ့အမျိုးသမီး၊သူ့အမေ နဲ့ Mary စာအုပ်ဆိုင်မှာ တွေ့ကြတဲ့ အခန်း စာအုပ်ရဲ့ အလယ်ကျော်လောက်မှာ ပါပါတယ် )။
Mary ရဲ့ မိဘတွေဟာလည်း Mary ငယ်စဉ်က အိမ် မီးလောင် မှု့ ဖြစ်ပြီး ဆုံးပါးသွားခဲ့ကြတယ် ။( ဘာကြောင့် သူ့မိဘတွေ မီးထဲ ဆုံးရသလဲဆိုတာ စာအုပ်ရဲ့ နောက်ပိုင်းမှာ ပါတယ် )
အသက် ၅၀အရွယ် Mary ဟာ သူငယ်ချင်း အပေါင်း
အဖော်မရှိဘူး ။ တိတ်ဆိတ်အေးဆေးစွာ နေတက်ပြီး ၊ အထီးကျန်နေတဲ့အပြင် ၊ သွေးဆုံးကိုင် ဝေဒနာ ခံစား နေရ တဲ့ အမျိုးသမီးတစ်ယောက်။
သူ့မှာ အဖော်ဆိုလို့ သူချစ်တဲ့ (porcelain) ကြွေထည်ရုပ် တွေပဲရှိတယ် ။ Mary ဟာ အဲ့ကြွေထည်
ရုပ် တွေကို သူ့သူငယ်ချင်းတွေလို စကားပြောသလို၊ ကြွေထည်ရုပ်တွေကလည်း သူ့ကို စကားပြန်ပြောတယ် လို့ Mary ထင်တယ် ။
အခုတော့ Mary ဟာ အသက်၅၀ အရွယ် အမျိုးသမီး တစ်ယောက် ဖြစ်နေပြီ ။ ဒီအရွယ်မှာ အမျိုးသမီးတိုင်း ခံစားရ၊ ဖြစ်တဲ့ သွေးဆုံးကိုင် ဝေဒနာ ကို Mary ခံစား နေ ရတယ် ။ စိတ်လှုပ်ရှားမယ်၊‌ ဒေါသတွေကြီးမယ် ၊ စိတ်ကယောက်ဂယက်တွေ ဖြစ်မယ် ။
Mary ကတော့ သူ့လိုပဲ တခြား သွေးဆုံးကိုင် ဝေဒနာ ခံစားရတဲ့ ရွယ်တူ အမျိုးသမီးတွေ ထက် သူ ပိုခံစားရ ကြောင်း သူ့ကိုယ်သူ သိတယ် ။
Mary နားထဲ မှာ သူ့စိတ်ကို ပူးကပ်ပြီး ထိန်းချုပ်ချင်‌ နေတဲ့ ၊ ပြောနေတဲ့ အသံတသံကြား‌နေရတယ် ။
ရေချိုးကန်ထဲမှာလည်း ခေါင်းပေါ်မှာ သွေးတွေနဲ့၊ အဝတ်စွပ်ထားတဲ့ အမျိုးသမီး တစ်ယောက် ကိုလည်း သူမြင်နေရတယ် ။
ဟုတ်တယ် ။ Mary တစ်ယောက် ရေချိုးကန်ထဲက အမျိုးသမီးလိုပဲ သရဲတစ္ဆေ တွေကို မြင်နေရတယ် ။
ပုံမှန်မဟုတ်တဲ့ အသံတွေကို နားထဲမှာ ကြားနေရ တယ်။
Mary ဟာ New York မြို့ကြီး က စာအုပ်ဆိုင် တဆိုင်ရဲ့ မြေအောက်ထပ်၊ စာအုပ် သိုလှောင်ခန်းမှာ အလုပ်လုပ် ရ တဲ့သူ ။ Maryဟာ ၅၀အရွယ် လူလွတ်အမျိုးသမီး၊ သူဟာ အပေါင်းအသင်းလည်း မရှိသလို ၊ ဘယ်သူ့ကိုမှ မယုံဘူး ။
သူ့ကိုလည်း တခြားသူတွေက စာအုပ်ဆိုင်မှာ သက်ရှိ ထင်ရှား ရှိတယ် ၊ အလုပ်လုပ်နေတယ်လို့ တောင် ဆက်‌ဆံအရေးပေး ခြင်း မခံရဘူး ။
တနေ့တော့ စာအုပ်ဆိုင်ရဲ့ မြေအောက်ခန်းမှာ အလုပ် လုပ်နေတဲ့ Maryတစ်ယောက် အလုပ်ဖြုတ် ခံရ တယ်။
သူတို့လို ၅၀အရွယ်ကို မြေအောက်ခန်းလိုနေရာမျိုးမှ လုပ်ရမယ့် အလုပ်တောင် မလုပ်စေချင်တော့ဘူး ။ငယ်ငယ်ရွယ်ရွယ်ကို အစားထိုး ခန့်မယ်ပေါ့ ။
အဲ့လိုနဲ့Mary အလုပ်ပြုတ်ပြီးတဲ့နောက်မှာ အဒေါ်ဖြစ်သူ Nadine ဆီက ဖုန်းဝင်လာတယ်။ သဲကန္တာရ မြို့လေး ဖြစ်တဲ့ Arroyo မှာ နေတဲ့ အဒေါ် Nadineက သူ့ဆီ လာဖို့ ၊ သူ့ကို စောင့်ရှောက်ပေးဖို့ ခေါ်တယ် ။
Arroyo မြို့လေးက သူ့အဒေါ်အိမ် ရောက်တော့ လည်း Maryတစ်ယောက် NY မှာလိုပဲ " ကြည့်မှန် " တွေကို မကြည့်ချင်ဘူး။ အဝတ်စနဲ့ ဖုံးထားတယ် ။
မှန်ထဲမှာ ပေါ်လာတဲ့ ၊ မြင်နေရတဲ့ တခြား မျက်နှာတွေ ကို သူ့မကြည့်နိုင်ဘူး ။ အိပ်မက်ဆိုးတွေလည်း မက် သလို၊ သူ့ခေါင်းထဲထိ နက်နက်ရှိုင်းရှိုင်း စီးဝင်ပြီး ပြောနေ တဲ့ အသံတခု ၊ Maryကို ခပ်ဆိုးဆိုးတွေ လုပ်ဖို့ တွန်းအားပေး နေတယ်။
Mary တစ်ယောက် ဆရာဝန်ပြတယ်။ သွေးဆုံးကိုင် ခံစားနေရတာမို့ ဆေးဝါးပေးပေမယ့် Mary မယူဘူး။ Maryတစ်ယောက် တခုခု မှားယွင်းနေပြီဆိုတာ သူ့ဘာသူ သိနေပြီ ။
လွန်ခဲ့တဲ့ အနှစ် ၅၀ Mary မွေးလာတဲ့အချိန်မှာပဲ Arroyo မြို့လေးမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့
( mid-life အမျိုးသမီးတွေကို ရွေးသတ်ပြီး ၊မျက်နှာက အစ အစရှာမရအောင် ဖျက်စီး ၊ အသားအရေခွံ နွှာပစ် တဲ့ )ကွင်းဆက်လူသတ်သမား "Damon Cross " သေဆုံးသွားခဲ့တယ် ။
Mary မြင်နေရတဲ့ အမျိုးသမီး‌ သရဲတစ္ဆေတွေက "Damon Cross " သတ်လိုက်တဲ့ အမျိုးသမီးတွေ၊ သူတို့ ဘာကြောင့် Mary ရှေ့ကို ပေါ်လာရပါလိမ့်။
Mary သာ မြင်နေတဲ့ သရဲတစ္ဆေ အမျိုးသမီးတွေဟာ
( Damon Cross 's Victims) Mary ကို ဘာများ လုပ်စေချင်ပါလိမ့် ။
Mary တစ်ယောက် သူ့ အဒေါ်ကြောင့် Arroyo မြို့လေး ကို ပြန်လာတဲ့အချိန်မှာ လူသတ်မှု့တွေ ပြန်ဖြစ်‌နေတာ ကို သိထားမိတယ် ။
လွန်ခဲ့‌သော အနှစ်၅၀ က Arroyo ဆိုတဲ့ ဘာသာရေး မြို့လေး မှာရှိခဲ့တဲ့ ၊ ရဲတွေ ပစ်လိုက်လို့ သေသွားတဲ့ နာမည်ကြီး ကွင်းဆက်လူသတ်သမား "Damon Cross" ကို ကိုးကွယ်ကြတဲ့ အဖွဲ့အစည်းတခု လည်း ရှိတယ် ။
"Damon Cross" လို ရက်ရက်စက်စက်သတ်ပြီး အသားနွှာပစ်တဲ့ လူသတ်မှု့တွေ ဘာကြောင့်ထပ် ဖြစ်လာရသလဲ ဆိုတာ Mary အဖြေရှာမိတဲ့ အခါမှာ.........
Copy-cat killer လား ။ဒါမှမဟုတ် Damon Cross က လူဝင်စားပြီး သတ်တာလား ဆိုတာကတော့......
ကွင်းဆက်လူသတ်သမား ၊ လူဝင်စား တာ၊ စိတ်နဲ့ လူသတ်တာ၊ မျက်နှာ အရေခွံကအစ မမှတ်မိအောင် ၊အစရှာမရအောင် ၊ဖျက်ဆီးပစ်တာ ရယ်၊ Maryရဲ့ သွေးဆုံးကိုင် စိတ် ကယောက်ကယက်ဖြစ်တာနဲ့ ပေါင်းလိုက်တော့ ....
အညွှန်းရေးသူတစ်ယောက်ကတော့ Mary ဇာတ်ကောင် ဟာ Carrie + Hereditary+ Silent Hill ပေါင်းထား သလို vibe မျိုး ခံစားရတယ် လို့ပြောပါတယ်။
supernatural Horror ,Cult Horror
Psychological Horror
Mid -life- crisis
📌#Spoiler_Keyword
📌#Reincarnation
📌 #Mary & #serial_killer_Damon_Cross
📌My .P.O .V... ဒီစာအုပ်ကို စာအုပ်ထက် Audiobook နားထောင်ဖို့ အကြံပေးချင်တယ် ။ Audiobook Narrator ဟာ အရမ်းကောင်းတယ် ပြောရမယ် ။
တကယ့် ဆိုက်ကို တစ်ယောက်လို Mary အသံရော၊ တခြား Mary ကြားနေရတဲ့ အသံတွေကို အသံ ကွဲပြား ချက်၊ ခြားနားချက်၊ပြောင်းလဲတာ အများကြီး ပေါ်လွင် တယ် ။ မုဒ်ပါပါ ရုပ်ရှင်ကြည့်နေရသလိုပဲ တကယ် အသက်ဝင်အောင်ပြောနိုင်တယ် ။
စာအုပ်ဖတ်ရင်လည်း ရတာတော့ ရပါတယ် ။ ဒါပေမယ့် စာအုပ်မှာ Mary နားထဲ ကြားနေရသလို အသံတွေရဲ့ ဆိုက်ကိုဆန်ဆန် အရသာ သိပ်ပေါ် လွင်မယ် မထင်ဘူး။
စာမျက်နှာ ၄၁၆ မျက်နှာ၊ Audiobook က ၁၅ နာရီကျော် ကြာမယ် ။ ကိုယ် ဒီစာအုပ် စဖတ်တုန်းက ပြောဖူးသလိုပဲ ၊သွေးဆုံးကိုင် အမျိုးသမီး တစ်ယောက် ရဲ့ ကယောက်ကယက် ခံစားချက်ကို ရေးပြသွားတဲ့ စာရေးဆရာက အမျိုးသားပါ ။
သူဘာကြောင့် ရေးရ သလဲဆိုတာ audiobook နောက်ဆုံးမှာလည်း သူ့အသံနဲ့ပြောထားသလို ၊ စာအုပ်ရဲ့နောက်ဆုံးမှာ လည်း ရေးထားပါတယ်။
သရဲကားကြည့်ရသလို ဝုန်းဒိုင်း ခြောက်မယ့် ဇာတ်လမ်း မျိုးမဟုတ်ဘူးနော် ။ ကိုယ်ပါ Mary ခေါင်းထဲက အသံကို အတူတူကြားနေရသလို တမြည့်မြည့်လောင် မယ့် ဇာတ်လမ်းမျိုးပါ ။
အခုနောက်ပိုင်းထွက်တဲ့စာအုပ်တွေမှာတော့ တခြား horror စာအုပ်တွေနဲ့ မတူပဲ ဇာတ်လမ်း ခပ်ဆန်းဆန်း ဖတ်ရမယ့် စာအုပ် တအုပ်ပါ ။
⭐⭐⭐⭐ 4 star Audiobook for me.
Mary : An Awakening Terror by Nat Cassidy
Audiobook Review by BookishInFictionLand
4 August 2022

No comments: