Wednesday, September 7, 2022

The Wife Between Us

 The Wife Between Us 

⭐⭐⭐⭐⭐ 5 Star 😊


#The_Wife_Between_Us 2018 မှာစထုတ်တဲ့ ဒီစာအုပ် ကို ကြိုက်တဲ့သူလည်းရှိတယ် ။ မကြိုက်တဲ့သူလည်းရှိတယ်။  Assume Nothing တဲ့။ 


Thriller ကို ဖတ်ရတာ အဲ့ဒါ သဘောကျတာ။ 


ဘာဆက်ဖြစ်မလဲ မသိတာကို ရင်တထိတ်ထိတ်နဲ့ ဆက်ဖတ်ရတဲ့ခံစားချက် ။ 


သေချာတာကတော့ ဒီစာအုပ်ကို ဖတ်ရင်း ဇာတ်ရည် လည် သွားပြီဆိုရင် ဘာတွေဆက်ဖြစ်မလဲ ဆိုတာ ကို ထိုင်ရမထ ပြီးအောင် ဖတ်ချင်ကြမယ့် စာအုပ်ကောင်း တအုပ်ပါ။


အရင် review‌ တွေလိုအသေးစိတ် ဘယ်သူက.. ဘာ.. ဆိုတာ ..ဇာတ်လမ်းကို အကုန်မညွှန်းတော့ဘူး။ 


Thrillerမှာ ညွှန်းလိုက်လို့ သိသွားရင် ဒီဝတ္ထုက ဖတ်ရတာ အရသာမရှိဖြစ်သွားလိမ့်မယ် ။



ဖတ်ရင်း တစ်ယောက်စီရဲ့ပတ်သတ်မှု့တွေကို 

လိုက်ရှာတာ ကောင်းတယ် ။


ဒီစာအုပ်ကာဗာထဲမှာပါသလို  အစစအရာရာပြည့်စုံ တဲ့ ခင်ပွန်းဖြစ်သူ Richard က ပထမမိန်းမကိုခေါက်၊ သူ့နေရာကို အစားထိုးပြီး နောက်အိမ်ထောင်ပြုဖို့ ကြိုးစားနေတဲ့အချိန်မှာပထမမိန်းမ ခံစားရတဲ့ မနာလိုအူတိုမှု့တွေ ၊ခံစားချက်မကုန် ၊သူ့အရင်ယောကျာ်း နောက်အိမ်ထောင်ပြု မင်္ဂလာဆောင်မှာကို ပျက်အောင်နှောင့်ယှက်မှာလား ။ 

( ဒီဝတ္ထုထဲက တကယ့်ဇာတ်လမ်းက အဲ့လိုဖြစ်မယ်ထင်သလား) 


အပေါ်ယံကြည့်လို့ပြည့်စုံသာယာမယ်ထင်တဲ့ အိမ်ထောင်ရေးနောက်ကွယ်က အကြောင်းတွေ။


အိမ်ထောင်ရေးဖောက်ပြန်မှု့၊အိမ်တွင်းအကြမ်းဖက်မှူ့။


ဇာတ်လမ်းက  ၃ပွင့်ဆိုင်တော့ ၃ပွင့်ဆိုင်ပဲ ။

စစချင်းမှာ ပတ်သတ်မှု့ကို မှန်းရခက်တဲ့ဇာတ်လမ်း။ 


ထင်သလောက် မရိုးရှင်းဘူး။


ဒီဝတ္ထု‌ထဲ Part 1 မှာ #Vanessa နဲ့ #Nellie တို့တဦးစီရဲ့အမြင်ကို တလှည့်စီရေးပြထားတယ်။


တကယ်ကို ထင်မထားတဲ့လှည့်ကွက်တွေနဲ့

Chapter 1 ပြီးခါနီး စာမျက်နှာ၁၄၀ လောက်

မှာ #Nellie နဲ့  #Vanessa..ရှုပ်တောင်သွားတယ်။ wow !  Wow ! ဘာလဲဟပေါ့ ။ 😳


Chapter 2 မှာ #Richard နဲ့ ဇာတ်လမ်းဖြစ်ခဲ့ဖူးတဲ့ Secretary  Diane နေရာမှာအစားထိုးဖို့

#Richardရဲ့ Assistantဖြစ်တဲ့ #Emma ဇာတ်ကောင်ပါလာတယ်။


#Emma ဆိုတဲ့ ကောင်မလေးရဲ့ အတိတ် နဲ့ 

သူမဟာ ဘာလဲ ၊ ဘယ်သူနဲ့ပတ်သတ်နေတာလဲ ။


#Nellie ရဲ့ သရုပ်မှန်..သူ ပုန်းရှောင်ချင်နေတဲ့

အတိတ်၊ သူ့ အသက်၂၁နှစ်အရွယ် Floridaမှာ

ဘာတွေ ကြုံခဲ့ရလဲ..


Florida က  #Professor_Barton နဲ့ #Nellie ??


Emma နဲ့ Vanessa 

Richard နဲ့ Vanessa

Richard နဲ့ Nellie

Richard နဲ့ Emma


Richard က‌ Nellie ကို ပြောတယ်..

"Nellie" ...I Love ( __?__) ဇာတ်လမ်းသိမှာစိုးလို့ နာမည်ဖျောက်ထားတယ်။

" But I will never love anyone as much as I loved you." (ဪ ..ယောကျာ်းတွေ...တက်လည်းတက်နိုင်တယ်။ )🙄


Mental illness ဖြစ်ပြီးဆုံးသွားရှာတဲ့ Vanessa ရဲ့

အမေ.. Vanessaကို သူ့အ‌မေလို ဖြစ်မှာစိုးတဲ့Richard..

#Vanessa က Psycho လား ?

#ဘယ်သူက တကယ့် psycho လဲ ?


Vanessa ဘေးမှာ အမြဲရပ်တည်ပေးတဲ့ 

အန်တီCharlotte..


#Richard ကရော ဘယ်လိုယောကျာ်းမျိုးလဲ ။

#Vanessa ကရော တကယ်ပဲ Crazy ex-wifeလား?


သေချာတာတော့ Part1 မှာ ဘယ်သူက..

ဘယ်သူနဲ့ ပတ်သတ်မှန်း မသိ၊


Part 1 ပြီးခါနီးမှာ #Vanessa နဲ့ #Nellie က 

(ဪ..အဲ့လိုကြီးလား) ဆိုတာ သိသွားလိမ့်မယ်။


တကယ်ကိုထင်မထားမိဘူး ။


စာရေးဆရာနှစ်ယောက်က Part 2 မှာ ဇာတ်လမ်းလှည့်ကွက်က ဘာတွေဆိုတာ ချပြလိုက်တယ် ။


Part 3 မှာ တစ်ယောက်စီရဲ့ အတိတ်နဲ့ သရုပ်မှန်ကို တဖြည်းဖြည်းချပြလာတယ် ။ 


သူတို့စိမ်ခေါ်ထားသလိုပဲ ဒီစာအုပ်ကိုင်လိုက်တာနဲ့

ပြန်ချလို့ရပါ့မလားဆိုတာ ၊ အဲ့ဒါမှန်ပါ့.. စဖတ်တဲ့နေ့က မအားလို့ စာမျက်နှာ 100ထိပဲ ပြီးတယ်။ 


အခုည စာမျက်နှာ 100ကနေ 340‌ကျော်ထိ 

ဘာဖြစ်မလဲ သိချင်စိတ်နဲ့ တထိုင်ထည်းဖတ်ဖြစ်သွားတာ မနက်4နာရီမှာပြီးတယ်။ 


ထင်မထားတဲ့ ဇာတ်လမ်းမြှုပ်ကွက်‌တွေနဲ့ 

ဆွဲဆောင်သွားနိုင်တယ် ။ မိုက်တယ် ။

Gone Girl နဲ့ ဆင်တယ် ။ 

ကိုယ်တော့ သဘောကျမိတယ် ။


July 27.2020

Book Review by Hnin Yi Pwint

No comments: