📘 #The_Art_of_Racing_In_The_Rain 📘
Book coverကို ကြည့်ပြီး Golden Retrieverတကောင်ပုံနဲ့ Garth Stein ရဲ့ဝတ္ထုကို ရိုးရိုးခွေးဇာတ်လမ်းလို့ထင်မိရင် မှားပါလိမ့်မယ်။
ဒီဝတ္ထုမှာ ခွေး တစ်ကောင် က သူ့ဘဝ၊သူ့သခင်၊မိသားစု ၊သူ ဖြတ်သန်းရတဲ့ ဘဝ အမြင် အတွေးအခေါ်တွေကို သူကိုယ်တိုင် ဇာတ်လမ်းပြောပြနေသလိုရေးထားတာပါ ။
ဒီထဲက ခွေးက ရိိုးရိုးခွေးမဟုတ်ဘူး၊ Philosopher Dog (Golden Retrieverမွေးဖူးသူတိုင်း GRတွေဘယ်လောက် ညဏ်ကောင်းတယ် ၊လူလောက်နီးနီး ဘယ်လိုတွေးနိုင်ကြတယ်ဆိုတာ သိကြမှာပါ )။
#Denny ဆိုတဲ့ အရမ်းတော်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်မှာ #Enzo ဆိုတဲ့ ညဏ်ရည်မြင့်မားတဲ့ ခွေးတကောင်ရှိတယ်။
#Enzo..ဆိုတာ သူကိုယ်တိုင်တခြားခွေးတွေနဲ့
မတူဘူးလို့ ခံယူထားပြီးလူတစ်ယောက်နီးနီး
အသိညဏ် မြင့်မားတဲ့ ခွေးလေး ။
သူ့သခင်ကားပြိုင်ပွဲတိုင်းလိုက်ကြည့်တဲ့ခွေးလေး ။ TVသိပ်ကြည့်တဲ့ #Enzo လေး။သူ့သခင် #Denny
မနက် အပြင်သွားပြီဆိုရင် #Enzoအတွက်
TVဖွင့်ပေးခဲ့တယ် ။ သူ့ကိုTVသိပ်မကြည့်နဲ့လို့
ပြောပေမယ့် #Enzo ကတော့ ကြိုက်လို့TV မကြည့်ရ
မနေနိုင်အောင်ပါပဲ။
သူ့သခင် Dennyက #Enzo ကားတွေကို သိပ်နှစ်သက်မှန်းသိလို့ speed channelတွေ အမြဲဖွင့်ပေးခဲ့တယ် ။
Racingကို အကြိုက်ဆုံးပေမယ့် Dennyက ဘဝမှာ တခြားအရာတွေကိုလည်း သိသင့်တယ်ဆိုလို့ History Channel, Discovery Channel, PBS, Hollywood Gossip, Kids Channelကအစ ကြည့်သေးတယ် ။ကြည့်ပြီးတော့လည်း အဲ့ထဲကဟာတွေကို လေ့လာအတုယူသေးတာ ။
ခွေးတကောင်ကပြောပြတဲ့ ဇာတ်လမ်းဆိုပေမယ့် ဒီထဲမှာသူ့သခင် #Denny သူ့ကို ခွေးkennelထဲကနေ စခေါ်လာတာကအစ ၊သူ့သခင်ကို စမြင်ကတည်းက အကဲခတ်တာ ၊အတွေးအမြင်တွေ ...
Denny မိန်းမဖြစ်လာမယ့် #Eve နဲ့ ဇာတ်လမ်းကအစ ၊သူ့သမီးလေး #Zoe.. မွေးပြီးတဲ့အချိန်ရော၊
Denny သူ့ယောက္ခမတွေနဲ့ မပြေလည်တဲ့အချိန်၊သူ့သခင် Dennyရဲ့ အလုပ်အကိုင်တွေ အဆင်ပြေတဲ့အချိန်မှာရော မပြေတဲ့အချိန်မှာပါသခင့် အနားမှာ ရှိခဲ့တယ် ။
သူ့သခင်မိသားစု ၊ ဆက်ဆံရတဲ့ လူတွေရဲ့အကြောင်း သူ သိတဲ့အတိုင်း ပြောပြတဲ့ အတွေးအမြင်လေးတွေ ။
🛑Spoiler Alert...🛑
🛑Spoiler Ahead 🛑
🛑Spoiler Alert...🛑
🛑Spoiler Ahead 🛑
ပြိုင်ကားချန်ပီယံတစ်ယောက်ရဲ့ ဘဝ
အတက်အကျ အလှည့်အပြောင်း...
သူ့သခင် #Denny သိပ်ချစ်တဲ့ မိန်းမ #Eve
Brain Cancerဖြစ်ပြီး မဆုံးခင် သိပ်မကြာခင် #Eve
ဆုံးတော့မယ် ဆိုတာ ကြိုသိနေတာတွေ.
သူသခင်ချစ်တဲ့သူတွေနဲ့ ခွာခွဲရတဲ့အချိန်တွေမှာရော သူ့သခင် ခံစားရတာ တွေကို သူသိတယ် ။
သခင်ရဲ့ ဘဝရဲ့အတက်အကျတိုင်းမှာ ရှိနေခဲ့တယ် ...
စာအုပ်ဖတ်ရင်းသခင်နဲ့ ခွေးတကောင်ကြားက
ချစ်ခြင်းမေတ္တာကိုလည်း မြင်ရမယ် ။
ခွေးဘဝမှာ သခင်နားလည်အောင် ပြန်မပြောတက်ကြပေမယ့် သခင်ရဲ့စိတ်ခံစားမှု့တွေကို သိတာ ၊ သခင်တောင်မသိလိုက်ပဲနဲ့ ဂရုစိုက်တက်တာတွေ ဖတ်ရင်း သိလာရမယ်။
ခွေးတကောင် နားလည်တဲ့ #လူသားဆန်မှု့ ကိုလည်း မြင်ရမယ် ။
#Enzo မှာ အိပ်မက်တခုရှိတယ် ။ တနေ့ သူသေသွားပြီးတဲ့နောက်မှာ လူ အဖြစ်နဲ့ ပြန်လာပြီး ...
သူ ပြိုင်ကားမောင်းမယ်။
သခင် Dennyလို ချန်ပီယံဖြစ်အောင်လုပ်မယ် ။
လူအဖြစ်နဲ့ ပြန်လာပြီး သူ့သခင်Dennyကိုလက်ဆွဲနှုတ်ဆက်မယ် ။
Dennyရဲ့ကားပြိုင်ပွဲတွေကို ဘယ်လောက်ရူးသွပ်ခဲ့တဲ့အကြောင်း ပြောပြမယ်ပေါ့။
( ခွေးဘဝတုန်းက သူ့သခင်Dennyကလည်းEnzoကို စကားတွေပြောတယ် ။Enzo ပြန်ပြောတဲ့စကားကျ
သူ့သခင်Dennyက မကြားဘူးကိုး ) ။
သူ့အသက်၁၀နှစ် သက်တမ်းကုန်ခါနီးထိ
သူငယ်ချင်းကောင်းတစ်ယောက်လို
သခင်အနားရှိခဲ့တယ်။
#Enzo ကားတိုက်ခံရတုန်းကလည်း
ဝေဒနာ ဘယ်လိုခံစားရကြောင်း ၊
အသက်ကြီးလာရင်ဖြစ်လာတက်တဲ့စိတ် ၊
သူ့သေတော့မယ်ဆိုတာ သိပေမယ့်
သူ သေခြင်းတရားကို မကြောက်ဘူး။
သေပြီးတာနဲ့ မပြီးသေးဘူး လို့ သူယုံတယ် ။
နောက်ဘဝတွေ ဆက်ရဦးမယ် ဆိုတာ သူသိတယ် ။
#Enzoလေး သေပြီးတဲ့နောက် ...
သူဖြစ်ချင်တဲ့လူ့ဘဝရောက်လာမလား .....
သူအရမ်းစိတ်ပြင်းပြတဲ့ သူအိပ်မက်
သူ့သခင်Dennyလို ပြိုင်ကားမောင်းသမား၊
ချန်ပီယံ တစ်ယောက် ဖြစ်လာမလား ...ဆိုတာ....
ဇာတ်ကားထဲမှာထက် စာအုပ်ထဲက #Enzo ရဲ့အတွေးအခေါ်တွေ ၊အပြောလေးတွေက ပိုပြီးသွက်တယ် ။ ပို ဟာသမြောက်တယ်။
စာအုပ်အစ ၆မျက်နှာလောက်မှာကတည်းက
#Enzo က သူသေတော့မယ်ဆိုတာ ရေးထားပေမယ့် တကယ်ဇာတ်လမ်းအဆုံး သေတော့လည်း ငိုရတယ်။
စာအုပ်ဖတ်ရင်း ၂ခါငိုရတယ်။
ဇာတ်ကားကြည့်ရင်း ၁ခါ ငိုရတယ် ။
တန်ပါတယ် ။😁
#The_Art_of_Racing_In_The_Rain_by_Garth_Stein
#Book_Review_by Hnin Yi Pwint
May 28.2020
No comments:
Post a Comment