📕Romeow and Drooliet by Nina Laden
👶Juvenile Fiction
အမ် .."ရိုမီယို " မဟုတ်ဘူးလား လို့ မတွေးလိုက်ပါနဲ့ ။
လုံးဝ မဟုတ်ပါဘူး၊ ဇာတ်ကောင် "ရိုမီမြောင်"ပါ ။
😺😸 😺 Benny , Marky နဲ့ Romeow တို့ ဟာ Felinis စံအိမ် ကြီး( ကြောင်ချစ်သူတွေ မွေးထား တဲ့အိမ် ) က ကြောင် ညီအစ်ကို တွေလည်း ဖြစ်သလို အခင်ဆုံးသူငယ်ချင်း တွေလိုပဲနေကြတယ်။
တနေ့တော့ ကြောင်စံအိမ်ထဲမှာ ပျင်းလာတာနဲ့၊ မျက်စိအစာကျွေးရအောင် ပန်းခြံထဲ သွားကြဖို့ လုပ်တယ် ။
ခွေးဧရိယာကို သွားမိပြီး ဗလတောင့်တောင့် ခွေးကြီး ဖြစ်တဲ့ ကိုကြီးTurboက ရှုးရှဲဂူးဂဲ လုပ်လိုက်လို့၊ Romeow တို့ ညီအကိုတွေ ပြန်ပြေးလာရတယ်။
🐶🐶Barkers စံအိမ်ကြီး( ခွေးချစ်သူတွေ မွေးထားတဲ့ မိသားစု)မှာ Costume Party လုပ်မယ် ၊ ဆော်လမွန် ငါးကင်၊ပုဇွန်ကင်နဲ့ပါ ဧည့်ခံမယ် ကြား တော့ Romeow တို့ ညီအစ်ကိုတွေ အိမ်ကို ပြန်ပြီး မွှေ၊ အပြေးအလွှား ဝတ်စုံ ရှာကြတယ် ။
Romeow ကတော့ "Barkers စံအိမ်ဟာ ကြောင်တွေကို မုန်းတယ်"လို့လည်း ပြောတယ်။ Marky ကတော့ "ဆိုင်းဘုတ်ကို ကြည့်ပါလား" ၊ "အားလုံးကို ကြိုဆိုပါ" ၏ လို့ရေးထားတယ်လေ။
ခပ်တည်တည်နဲ့ ဝင်သွားကြတော့ ပါတီပွဲမှာ Barkers စံအိမ်သခင်တွေ မွေးထားတဲ့ ခွေးမချောလေး Drooliet ကို သတိထားမိသွားတယ် ။
Romeow က Drooliet နဲ့ ကဖို့ ခွင့်တောင်းရင်း ကြည်နူး နေတုန်းရှိသေး၊ ကြောင် မကြိုက်တဲ့ Barkers စံအိမ် အစောင့်ဖြစ်တဲ့ ဗလတောင့်တောင့် နဲ့ ကိုကြီးTurbo က ရန်လို မောင်းထုတ်တာနဲ့ Romeow ထွက်ပြေးရတယ် ။
ထွက်သာလာခဲ့ရတယ်။ Romeow အတွက်တော့ Drooliet အကြောင်းကို ခေါင်းထဲက ထုတ်မရခဲ့ဘူး။
Romeow နဲ့ Drooliet ဟာ မြင်မြင်ချင်း ချစ်မိသွား ကြပြီကိုး ။
နောက်တနေ့တော့ နှစ်ဦးသဘောတူ လက်ထပ်လိုက် ကြတယ် ။ ချစ်ကြည်နူးပြီး ပန်းခြံထဲကဖြတ် ပြန်လာရုံ ရှိသေး၊ ဗလတောင့်တောင့် ကိုကြီးTurbo က ဝင်ရှုပ်၊ရန်ပွဲဖြစ်၊ လူအုံ ၊ ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်။
ကိုကြီး Turbo နဲ့ Drooliet တို့ရဲ့ သခင် Barkers တွေ ရောက်လာတော့ Turbo ကို ကြိုးချည်၊ Drooliet ကို လည်း သူ့သခင် Barkers တွေကလည်ပတ်ကြိုး တပ်ပြီး ထိန်းဖို့ပြင်၊ Drooliet ကလည်း အတပ်မခံရအောင် ထွက်ပြေး ။
Drooliet နောက်ကို Romeow လိုက်မလို့ ရှိသေး၊ တိရစ္ဆာန်ထိန်းသိမ်းရေးက Romeow လည်ဂုတ်ကို ဆွဲခေါ်၊ ကားပေါ်တင်၊ အရှိန်နဲ့ မောင်းပြေး ၊
Drooliet နောက်ကို သခင် Barkersတွေကလိုက်
Romeo dewရဲ့ ညီအစ်ကိုတွေကလည်း ကားနောက်ကိုဖြတ်လမ်းကလိုက် ။ တိရစ္ဆာန်ထိန်းသိမ်းရေး ကားက သတ်မှတ်နေရာရောက်တော့ ရပ်၊နောက်ကလိုက်လာ တဲ့ Romeow တို့ ညီအကိုတွေနဲ့ Barkers တွေက လည်း ရောက်လာ။
Romeow မြင်လိုက်ရတာက လမ်းတဖက်နဲ့ ကားလမ်း ကို မကြည့်ပဲ Romeow ဇောနဲ့ လမ်းဖြတ်ကူးလာတဲ့ Drooliet ။
အဲ့အချိန်မှာပဲ ကျွိ ..ဒိန်း.!!! (စာအုပ်ထဲမှာ ဒီအသံတော့မပါဘူး။ ကားလမ်းပေါ် လဲကျသွားလို့ ကိုယ့်ဘာကို အသံထည့်ပေးထားတာ 😁)
"Drooliet" Romeow cried ,"my love ,my wife"
"We haven't even been married a day", he sobbed as he rubbed her head with his.
အဲ့ဒီနောက်....
Romeow နဲ့ Drooliet တို့ ပျော်ရွှင်ပေါင်းဖက် နိုင်ကြမလားဆိုတာတော့ နောက် စာတမျက်နှာ ထပ်ဖတ်ပြီး ရင် ဇာတ်သိမ်းပါပြီ ။
စာမျက်နှာ ၄၄ ကို ချစ်စရာပုံလေးတွေ နဲ့ စာ ၊ တွဲ ပါတဲ့အတွက် ကလေးတွေ ဖတ်လို့အဆင်ပြေတဲ့ စာအုပ်လေးပါ ။
စာအုပ်က ချစ်ဖို့ကောင်းလို့ လူကြီး ဖတ်ချင်ရင်တော့ အလွန်ဆုံး ၅မိနစ်လောက်အချိန်ပေးရင် ရပါပြီ။
#Romeow_and_Drooliet by Nina Laden
#booksummary by Bookish In Fiction Land
#ကလေးစာပေ
3 May, 2022
No comments:
Post a Comment