You've got mail (1998)အနှစ်၂၀ကျော်သက်တမ်းရှိတဲ့ #Romance_Comedy ဇာတ်လမ်းကောင်းလေး ။
🎬 You've Got Mail 🎬
ကိုယ့်အကြိုက်ဆုံး movieထဲက တခု။
လွန်ခဲ့သော ၁၀ နှစ် ဒီကားလေးကို စကြည့်မိကတည်း ကကြိုက်တယ် ။အခုချိန် ပြန်ကြည့်တော့လည်း မရိုးဘူး ။
Classic ဆိုတာ အဲ့ဒါ ။ဘယ်အချိန် ကြည့်ကြည့်
ရိုးမသွားဘူး၊ အကြည့်ခံတယ် ။
အခုနောက်ပိုင်းထွက်တဲ့ movie တွေလို ဇာတ်အိမ်
မယ်မယ်ရရမရှိ တဲ့ကားမျိုးတွေ မဟုတ်ဘူး။
ဒီကားထဲမှာပါတဲ့ Meg Ryanရော ၊Tom Hanks
ကိုရော ကြိုက်တယ်၊ ချစ်တယ် ။
ဒီကားလေးက အရင်Gtalkခေတ်၊ e mail ခေတ်က သူမမြင်၊ကိုယ်မမြင်၊ chattingဝင်တဲ့ ဟာလေးကိုတောင် သတိရစေတယ် ။
ဒီကားထဲမှာ ကိုယ် သိပ်ကြိုက်တဲ့ Pride & Prejudice စာအုပ်အကြောင်းလည်း ပါတယ် ။ #Kathleen_Kelly အဲ့Pride & Prejudiceကို ဖတ်တာ အကြိမ် ၂၀၀။ ဖတ်တိုင်း အားမလို ၊အားမရ ဖြစ်ရတယ်ဆိုပဲ ။
Over 30 groupကတဆင့် သိပြီး ၊ခင်လာ ၊နေ့တိုင်း mailပို့ပြီး ဖတ်တဲ့စာအုပ်အကြောင်းတွေ၊ နေ့စဉ် ဖြတ်သန်းနေတဲ့အကြောင်းတွေ ဆွေးနွေးရင်း ဆက်သွယ်နေကြတဲ့ #Joe_Fox နဲ့ #Kathleen_Kelly ။
သူတို့ နှစ်ဦးစလုံးမှာ အတူနေ RS တွေ ရှိကြတယ်။
#Kathleen_Kelly ဟာ သူ့အမေ လက်ထက်ကတည်းက ဖွင့်ထားတဲ့ လမ်းထောင့်က ကလေးစာအုပ်ဆိုင်လေးကို ဦးစီးနေတဲ့သူ ။
သိပ်မကြာဘူး ၊ သူတို့နားမှာ အစုံရတဲ့ စာအုပ်ဆိုင်ကြီး လာဖွင့်တယ် ။ အဲ့လူက Joe Fox ..
စာအုပ်ဆိုင်ကြီးလာဖွင့်တော့ Kathleen Kelly တို့ ဆိုင်လေးက မယှဉ်နိုင် စီးပွားရေး ကျပ်တည်းလာတယ် ။
Joe Fox နဲ့ Kathleen Kelly က mail နဲ့သာ chatနေကြပေမယ့် ပုံမမြင်ဘူးကြတော့ တဖက်က စကားပြောနေတဲ့သူဟာအပြင်မှာ တစ်ယောက်နဲ့ တစ်ယောက်
ကြည့်မရဖြစ်နေတဲ့ သူမှန်း မသိကြဘူး ။
တနေ့ #Kathleen_Kelly က သူ့ စီးပွားရေး အဆင်မပြေဖြစ်လာကြာင်း ၊ သူ မေးလ် နဲ့ chatနေကြသူကို ရင်ဖွင့်မိအကြံတောင်းမိတယ်။
အဲ့အချိန်ထိ တဖက်ကသူဟာ တစ်ယောက်နဲ့ တစ်ယောက် ကြည့်မရတဲ့ လုပ်ငန်းတူ ရန်သူတော်တွေ မှန်း မသိကြသေးဘူး။
တဖက်က ရန်သူတော် #Foxစာအုပ်ဆိုင်ပိုင်ရှင်
#Joe_Fox ..
အပြင်မှာ တွေ့ဖို့ ချိန်းကြတော့ ရယ်လည်းရယ်ရတယ်။
Joe Fox က သူနဲ့ mail မှာအမြဲ chatနေတဲ့သူဟာ လမ်းထောင့်က ကလေးစာအုပ်ဆိုင်ပိုင်ရှင် Kathleen Kellyမှန်း အရင်သိသွားတယ်။
Joe Fox နဲ့ Kathleen Kelly နှစ်ဖက်စလုံးမှာ ၊ အတူနေ RS ကိုယ်စီနဲ့ အချင်းချင်းလည်း လုပ်ငန်းတူ ၊ တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လု ၊ ကြည့်မရတဲ့
#Joe_Fox နဲ့ #Kathleen_Kelly ဘယ်လိုတွေ သံယောဇဉ်တွယ်မိကြမလဲ ဆိုတာ ...
ကြည့်ပြီး သဘောလည်းကျတယ် ။
Romance , Comedy ဇာတ်လမ်းလေးမို့
ချစ်ဖို့ကောင်းသလို ၊ ပြုံးလည်း ပြုံးရတယ် ။
ကြည့်ဖူးပြီးသားမို့ မေ့သွားရင်လည်း ဒီ Classic
ကားကောင်းလေးတကားကို ပြန်ကြည့်ကြည့်ပါ ။
#Movie_Review_by Hnin Yi Pwint
June 24 , 2020
Movie Link 🎬🎬⬇️⬇️
https://m.facebook.com/events/2570744389906908?view=permalink&id=2570752743239406
No comments:
Post a Comment