📙 #Holes_by_Louis_Sachar📙
#ဘာသာပြန် #ကျင်းပေါက်များ #သင့်လူ
၁၉၉၈မှာ စတင်ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်ရဲ့
မူရင်းဝတ္ထုနာမည်က #Holes ၊
မူရင်းစာရေးဆရာက #Louis_Sachar ဖြစ်ပြီး
စာပေဆု ၃ဆုရထားတဲ့ စာအုပ်ပါ ။
Young Adult Fiction အမျိုးအစား ဖြစ်ပြီး
၁၂နှစ်ကနေ ၁၈နှစ်အတွင်း လူငယ်တွေ ဖတ်ရင် သင်ခန်းစာယူစရာတွေနဲ့ ပိုသင့်တော်သလို၊ အသက်ကြီးတဲ့သူ ဖတ်လည်း တွေးစရာတခုခု
ကျန်ခဲ့မယ့် စာအုပ်တအုပ်ပါ ။
#Stanley_Yelnats (နာမည်ကို နောက်ကနေပြန်ဖတ်ကြည့်ပါ )သူတို့မိသားစုရဲ့ ကတ်ကင်းရိုက်ထားတဲ့နာမည် ။ ဆင်းရဲပြီး၊ အမြဲကံဆိုးတဲ့ မိသားစု။
#Stanley ဆိုသည်မှာ ဝတုတ်ပြဲကြီး ၊သူ့ခန္ဓာကိုယ်ကြောင့် အမြဲအစခံရသူ ။
တနေ့ သူ ကျောင်းကပြန်လာတဲ့အချိန် တံတားတခုအောက်က ဖြတ်လျှောက်လာတဲ့အခါ #Stanley ရဲ့ ခေါင်းပေါ်ကိုဖိနပ်တရံ ပြုတ်ကျလာတယ် ။
ပြုတ်ကျလာတဲ့ ဖိနပ်က baseball နာမည်ကြီးသမား
#Clyde_Livingston ရဲ့ အိမ်ခြံရာမဲ့ ခိုလှုံရေးစခန်းမှာ ပြထားတဲ့ နံစော်လွန်းတဲ့ ဖိနပ် ။
#Stanley ဟာ ကောင်ဆိုးလေး မဟုတ်ပေမယ့် ဖိနပ်
တရံခိုးမှု့နဲ့ အထင်လွဲ စွပ်စွဲခံရတယ်။
တရားသူကြီးက ထောင်နဲ့ #မြစိမ်းကန် ဘယ်ဟာရွေးရမလဲဆိုတော့ #မြစိမ်းကန် ကို ရွေးလိုက်တဲ့အခါ...
Stanleyတစ်ယောက် မြစိမ်းကန် လူငယ်စာရိတ္တပြုပြင်ရေးစခန်းကိုရောက်သွားလေရဲ့ ။
#မြစိမ်းကန်...နာမည်နဲ့ဆန့်ကျင်ဖက်၊
ပက်ကြားအက် ၊ ရေတစက်တောင်မရှိ၊
ဘာမှစိုက်ပျိုးလို့မရတဲ့ ဖုန်းဆိုးမြေ။
ချုံနွယ်ပိတ်ပေါင်းမရှိ ၊ အဆောက်အုံဟောင်းတွေ၊ အပင်ဆိုလို့ သစ်လုံးအိမ်ရဲ့ ရှေ့မှာရှိတဲ့ အပင်နှစ်ပင် ။
လျှပ်စစ်လွှတ်ထားတဲ့ ခြံစည်းရိုးမရှိ၊
ကင်းထောက်မျှော်စင်မရှိ၊ခြံစည်းရိုးနဲ့ တူတာတောင်
မရှိ တဲ့ ဒီနေရာကနေ ပြစ်ဒဏ်ကျခံရတဲ့ လူငယ်တွေ ဘယ်သူမှ ထွက်ပြေးဖို့ မစဉ်းစားကြဘူး။
ဘာလို့လဲဆိုတော့ မိုင် ၁၀၀ပတ်လည်အတွင်းမှာ
ရေရှိတဲ့နေရာဆိုလို့ ဒီတနေရာတည်းကိုး ။
ထွက်ပြေးလည်း ရေငတ်သေမှာပဲ ။
ခလောက်မြွေပုံ တက်တူးထိုးထားတဲ့
#Mr_Sir...
A၊B၊C၊D၊E၊F ရေးထားတဲ့ ရွက်ဖျင်တဲကြီး ၆လုံးမှာ
#Stanley နေရတာက ရွက်ဖျင်တဲ D။
သူ့တို ရဲ့ကြီးကြပ်သူက မေမေလို့ခေါ်ကြတဲ့ #Mr_Pendanski...
အဲ့ဒီနေရာမှာ သူဆုံရတာက
Zero , X Ray , Squid , Magnet, Armpit,Zigzag,
သူတို့ အားလုံးမှာ နာမည်ပြောင်ကိုယ်စီရှိကြတယ်
မြစိမ်းကန်က ကျင်းတွေထဲမှာနေတဲ့
အဆိပ်ပြင်းတဲ့ #အဝါပျောက်ပုတ်သင်..
စာရိတ္ထကောင်းအောင် ကျင်းတူခိုင်းတာတဲ့။
တရက်ကို အနက်၅ပေ၊အကျယ်၅ပေရှိတဲ့
ကျင်းတကျင်း တူးရမယ့် #Stanley
ကျင်းတွေ ပွ ထပြီး လကမ္ဘာနဲ့ တူနေတဲ့ ရေကန်။
ဒါပေမယ့် တူးရင်း တခုခုတွေ့ခဲ့ရင်
စခန်းတာဝန်ခံကို ပြောခိုင်းတယ် ။
ကျင်းတွေတူးခိုင်းတာကရော အကျင့်စာရိတ္တပြုပြင်ပေးချင်လို့ဆိုတာ ဟုတ်ပါ့မလား...
Stanley ကျင်းတူးရင်း ကျင်းထဲက သူတွေ့ခဲ့တဲ့
#KB စာလုံးထွင်းထားတဲ့ ရွှေရောင်အတောင့်လေး...
Stanleyဟာ သူ့အမေထံ အမြဲ စာရေးတယ်။
စာရေးတဲ့အခါ သူကြုံရတဲ့အခက်အခဲ ဒုက္ခကို
ထည့်မရေးပဲ သူအဆင်ပြေကြောင်းတွေပဲ ရေးတယ် ။
Stanleyစာရေးတာကို နောက်ကနေ လာလာချောင်းတဲ့ #Zero ..တကယ်တမ်းကျ #Zeroကစာမတက်ဘူး ။စာရေးစာဖတ်တက်ချင်တဲ့ #Zero...
Stanleyက Zero ကို စာသင်ပေးတယ်
ဖိနပ်တရံကြောင့် Zero နဲ့ Stanley ..မြစိမ်းကန်မှာ
လာတွေ့ရတဲ့ ထူးဆန်းတဲ့ ကံကြမ္မာ...
မြစိမ်းကန်ဆိုးသွမ်းလူငယ်စခန်းမှာ ကြုံတွေ့ရတဲ့
ဒုက္ခတွေ ၊သင်ခန်းစာတွေ ၊အတွေ့အကြုံတွေ။
လွန်ခဲ့တဲ့ နှစ်ပေါင်း၁၁၀ တုန်းက....
မြစိမ်းကန်ဆိုတာ တက္ကဆက်ပြည်နယ်မှာ အကြီးဆုံး ၊စိမ်းစိုအမြဲကြည်လင်အေးမြနေတဲ့ကန်။
အဲ့လိုကနေ ခြောက်သွေ့ပက်ကြားအက်ပြီး
ဖုန်းဆိုးမြေ ဖြစ်သွားရတဲ့ အကြောင်းတွေ...
ဓားပြမယ်ကြီး အနမ်းခြွေ #Kate_Barlow ရဲ့ ဇာတ်လမ်း....
အနမ်းခြွေ #Kate_Barlow ရဲ့ ဓားပြတိုက်တာ
ခံရဖူးတဲ့ စတန်လေရဲ့ #အဘေးYelnats
Stanley Yelnats မိသားစု သင့်တဲ့ ကျိန်စာ...
ခလောက်မြွေအဆိပ်နဲ့ လုပ်ထားတဲ့
နီညိုရောင် လက်သည်းနီ ၊ စခန်းတာဝန်ခံအမျိုးသမီး...
မြစိမ်းကန်တာဝန်ခံအမျိုးသမီးကရော
ဘာကိုရှာနေတာဖြစ်မလဲ....
Zero နဲ့ စတန်လေ ကျင်းတူးရင်းတွေ့ခဲ့တဲ့
သေတ္တာလေး...
သေတ္တာပေါ်မှာထိုးတဲ့ နာမည်...
သေတ္တာပိုင်ရှင်ကရော ဘယ်သူဖြစ်မလဲ ...
အသေးစိတ်သိချင်ရင် ဝယ်ဖတ်ကြည့်ပါ ။
ဖတ်ပြီး အတွေးတခု အသိတခုတော့ ရမှာသေချာပါတယ် ။
May 25,2020
#Holes_by_Louis_Sachar
#ကျင်းပေါက်များ_သင့်လူ
#Book_Review_by Hnin Yi Pwint
No comments:
Post a Comment