Wednesday, September 7, 2022

Charlotte's Web by E.B. White

 📙 Charlotte's Web by E.B. White

📙 Children's Literature, Fiction


၁၉၅၂ မှာ ထုတ်ဝေခဲ့တဲ့ ကမ္ဘာ့ဂန္တဝင် #ကလေးစာပေ စာရင်းဝင် #Charlotte's Web စာအုပ်လေးဟာ    မွေးမြူရေးခြံတခြံက တိရစ္ဆာန်တွေနဲ့ #Wilbur ဆိုတဲ့ သေးသေးညှက်ညှက် ဝက်ကလေး၊ လယ်တောပိုင်ရှင်သမီး #Fern ဆိုတဲ့ ကလေးမလေး နဲ့ သိပ်ပါးနပ်တဲ့ ပင့်ကူမလေး #Charlotte တို့ကြားက သူငယ်ချင်း ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်း အသတ်မခံရအောင် နည်းမျိုးစုံနဲ့ ကာကွယ်ပေးတာတွေ၊ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်း သံယောဇဉ်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ဖော်ညွှန်းသွားနိုင်သော စာအုပ်ကောင်းလေးတအုပ်ပါ ။


#Review တိုတိုတုတ်တုတ်ဆို‌ရင် ဒီလောက်ဆို

 ရပါပြီ ။



ကလေးစာပေဖြစ်ပေမယ့် ၊ဝတ္ထု‌လေးက

ချစ်ဖို့ကောင်းလွန်းလို့ ကလေးကြီး ကိုယ်က

ဖတ်နေတာပါ ။😁


ဇာတ်ရည်လည်အောင် နည်းနည်း ထပ်ရှည်ရရင်...


ဇာတ်လမ်းအစကတော့


ညတည... Mr.Arableရဲ့ မွေးမြူရေးခြံထဲမှာ ဝက်ကလေး ၁၁ကောင် မွေးလာတာက စပါတယ်။ 


အဲ့ထဲကမှ အသေးဆုံး အပိန်လှီဆုံး မွေးလာတဲ့ဝက်ကလေးကို Mr.Arableက စံချိန်မမှီလို့ ပုဆိန်နဲ့ သတ်ပြစ်ဖို့ လုပ်တဲ့အချိန် သနားကြင်နာပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ သမီးဖြစ်သူ Fernက မသတ်ဖို့တားပြီး ဝက်ကလေးကို သူမွေးဖို့ တောင်းဆိုတယ်။ 


Fern က  "ဒါမတရားဘူး"  ဖေဖေ

"ဝက်ကလေး အကောင်ညှက်ညှက်လေးမွေးလာတာ အပြစ်မဟုတ်တာ။ "

"သမီးသာ အကောင်ညှက်ညှက်လေးအနေနဲ့ မွေးလာခဲ့ရင်ရော ဖေဖေ သတ်ဦးမှာလား "လို့တောင် စောဒကတက်လိုက်‌သေးတယ် ။


နွေဦးရာသီမှာ မွေးလာတဲ့ ဝက်ကလေးကို Wilbur လို့ နာမည်ပေးပြီး နို့ဘူးတိုက် မွေးလာခဲ့တယ် ။ ‌


ပထမရက်ပိုင်းတော့ Mr.Arable ဟာ သူ့သမီးဆန္ဒ‌ ကြောင့် ဝက်ကလေးကို အိမ်ထဲထားခွင့်ပေးခဲ့ပေမယ့် ၊၂ပတ်ကြာတဲ့ အခါ အိမ်ပြင်ထုတ်ပြီး Wilbur နေဖို့

ခြံထဲက ပန်းသီးပင်အောက်မှာ  ကောက်ရိုး အပြည့်

ထည့်ထားတဲ့ သစ်သားboxကြီးလုပ်ပေးလိုက်တယ် ။

Fernကတော့ သူ့ဝက်ကလေး ညကျ အေးမှာ စိတ်ပူနေသေးတယ်။


Fernဟာ သူအပြင်ထွက်ရင်တောင်  

သူ့ဝက်ကလေးနဲ့ အရုပ်မလေးကို 

တွန်းလှည်းလေးထဲထည့်ပြီးခေါ်‌သွားတက်တယ် ။


Wilbur ၅ပတ်သားလောက်ရှိတဲ့အချိန်မှာ

Mr.Arable က အရွယ်‌ကောင်းဆိုပြီးရောင်းဖို့ 

လုပ်ပြန်တယ်။ #Fern ကလက်မခံ‌။


နောက်ဆုံးတော့  Wilbur လေးကို သူအမြဲ သွားကြည့် နိုင်မယ့် အိမ်နားကပ်နေတဲ့ #ဦးလေးHomer ဆီမှာ 

ပေါချောင်ကောင်ဈေး ၆ ဒေါ်လာနဲ့ ရောင်းလိုက်တယ် ။ Wilburလေးဟာ ဦးလေးHomer ရဲ့ Zuckerman's 

ခြံထဲကစပါးကျီထဲရောက်သွားလေရဲ့ ။


Wilbur ဟာ အဲ့ထဲမှာ  နွားတွေ ၊ သိုးတွေ၊မြင်း ၊ကြွက် ၊ ဘဲငန်း၊ ပင့်ကူတို့ နဲ့အတူ‌နေတယ်။


#ဦးလေးHomer က  ဝက်လေးWilbur ကို သူ့ ခြံထဲကထွက်ခွင့်မ‌ပေးပေမယ့် တူမဖြစ်သူကိုFern ကိုတော့

ခြံထဲမှာ Wilburကို လာကြည့်ခွင့်၊ဆော့ခွင့်တော့ ပေးထားတယ် ။


#Fern ဟာ သူ့အမေ #Mrs_Arable ကို စပါးကျီထဲက တိရစ္ဆာန်တွေ အကြောင်း၊သူတို့နာမည်တွေ၊

သူတို့ပြောတဲ့စကားတွေပါပြောတော့ သူအမေက စိတ်ပူပြီး ယောကျာ်းဖြစ်သူMr.Arableကို သူ့သမီးကိုဆရာဝန်ပြဖို့ စဉ်းစားကြောင်းတိုင်ပင်တယ် ။


#Mr_Arable က"စိတ်ပူစရာမလိုပါဘူးကွာ..ကလေးတွေကဒီလိုပဲ စိတ်ကူးယဉ်ပြီး ကြားချင်တာကြားတာ ။တိရစ္ဆာန်တွေ သူတို့စကားပြောချင်လည်း ပြောမှာပေါ့ကွာ ။Fern လောက်  ငါတို့ နားတွေ မပါးလို့ မကြားတာနေမှာပေါ့ကွာ ဆိုပြီး "လှောင်ရယ်ရယ်ပြီး ငြင်းလိုက်သေးတယ်။


စကားပြောဖော်မရှိ ၊ဆော့ဖော်မရှိ၊ အထီးကျန်နေတဲ့  #Wilbur ဆိုတဲ့ ဝက်လေးကို #Charlotte 

ဆိုတဲ့ ပင့်ကူမ‌လေးနဲ့  လယ်တောပိုင်ရှင်ရဲ့သမီးလေး #Fern က ‌ပျော်အောင် ကြိုးစား ပေးကြတယ်။


#Old__Sheep ကတော့ ဝက်တွေ မွေးပြီး ခရစ်စမတ်ရောက်ရင် ဟင်းအိုးထဲရောက်ကြတာ သိတော့ Wilburကိုပြောပြတဲ့အခါ ...


ခရစ်စမတ်ရောက်ရင် အသတ်ခံရမှာ ကြောက်သွားတဲ့  ဝက်ကလေး Wilbur

နှင်းကျတာကို မြင်ချင်‌သေးတဲ့ ဝက်ကလေး Wilbur


လူတွေ ဝက်ကို ချစ်ကြပါတယ် လို့ပြောတဲ့ #ဝက်ကလေး_Wilbur

"မဟုတ်ဘူး..သူတို့ ဝက်သားကို ချစ်တာ" လို့ပြောတဲ့  #ကြွက်ကြီး_Templeton


(ဒါဖတ်ပြီး ဝက်သားစားဖို့တောင် တွန့်သွားတာ အမှန်ပါ ။)😁


ပင့်ကူကြောက်တဲ့ မြင်းကြီး #အိုက်ခ်


ဝက်ကလေး အသတ်မခံရအောင် ကာကွယ်ပေးမယ်ပြောတဲ့ #ပါးနပ်တဲ့ပင့်ကူမ‌လေးCharlotte


ဝက်ကလေး Wilbur အသတ်မခံရရေး၊

ဝက်ကယ်ဆယ်ရေးအတွက် ပင့်ကူမလေးCharlotte

က သူ့ SpiderWeb မှာ

"Some Pig" "ထူးခြားဝက်" ဆိုပြီး  စာလုံးရေးလိုက်လို့ 


#ဇူကားမန်း_မွေးမြူရေးခြံ ကို လူတွေ အာရုံစိုက် စိတ်ဝင်စားလာကြပြီး

နာမည်ကြီးသွားတဲ့ #ဝက်ကလေး_Wilbur

ခရစ်စမတ်မှာ အသတ်ခံရမယ့်ဘေးက လွတ်သွားတဲ့ ဝက်ကလေး Wilbur

  

အိပ်ရာမဝင်ခင်လည်း #ဝက်ကလေး_Wilburကို 

ပုံပြင်ပြောပြတဲ့ ပါးနပ်တဲ့ #ပင့်ကူမလေး_Charlotte..


Fern ဟာ ရွယ်တူကလေးတွေနဲ့ မဆော့ပဲZuckerman's ခြံပဲသွား‌နေ၊တိရစ္ဆာန်တွေနဲ့စကားတွေ ပြောတယ်။


ပြီးတော့ သူ့အမေကို ပင့်ကူမလေး Charlotteဟာ

 ပုံပြောကောင်းတဲ့သူ တစ်ယောက်လို့ ပြောတော့ သမီး ဖြစ်သူ ပုံမှန်မဟုတ်ဘူးထင်ပြီး Dr.Dorianနဲ့ ပြဖို့ ကြံတဲ့ Fern ရဲ့ အမေ Mrs.Arable...


အဲ့ဒီနောက် Charlotte ဟာ စပါးကျီထဲက တိရစ္ဆာန်တွေကို meeting ခေါ်ပြီး Wilburလေး အသတ်မခံရအောင်၊ ‌သူရေးတဲ့ "ထူးခြားဝက်"ဆိုတဲ့ စာလုံးဟာ လူတွေရိုးသွားကြလို့ ထူးထူးခြားခြား အပြောင်းအလဲဖြစ်အောင် ဘာစာလုံး ထပ်ရေးရမလဲဆိုတာ meeting ခေါ်ရင်း ဆွေးနွေးကြတယ် ။  နောက်ဆုံးတော့ 

"Terrific"ဆိုတဲ့ စာလုံး ကိုရွေးလိုက်တယ်။

( နောက်ထပ်ရေးတဲ့ စာလုံးအကြောင်းက movieထဲမှာ မတွေ့မိ )


Charlotteရဲ့ ပါးနပ်တဲ့အကြံနဲ့ နောက်ထပ်ရေးတဲ့ "Terrific"  "Radiant"  "Humble "ဆိုတဲ့ စာတွေကြောင့်ဝက်ကလေး Wilburလည်း Zuckerman's Famous Pig ဖြစ်သွားတယ်။


Charlotte က သူငယ်ချင်းဖြစ်တဲ့ ဝက်ကလေးအသတ်မခံရအောင် လူတွေအာရုံစိုက်စရာ အမျိုးမျိုး လုပ်ပေးနေပေမယ့် လည်း ဝက်‌ကလေးWilburဟာ စိတ်ပူနေသေးတယ် ၊ ရံဖန်ရံခါအိပ်မက်ဆိုးတွေ မက်တုန်း

တခါဆို Wilburရဲ့ အိပ်မက်ထဲမှာ လူတွေက ဓားတွေ ၊သေနတ်‌တွေ နဲ့ သူ့ကို သတ်ဖို့ လာတယ်လို့တောင် 

မက်သေးတယ် ။ 


ဝက်ကလေး Wilburကို အသတ်မခံ လူအာရုံစိုက်ခံရအောင် ၊ နာမည်ကြီးလာအောင် ညဏ်နီညဏ်နက်တွေ သုံးပြီး ကူညီပေးခဲ့တဲ့ ပင့်ကူ‌မလေး  Charlotteဟာလည်း နောက်ဆုံးမှာ သေသွားခဲ့တယ်။ ဘာကြောင့် သေသွားရသလဲ ဆိုတာ ရှည်မှာစိုးလို့ 

မရေးတော့ဘူးနော် ။ 😁


 ဘဝမှာ  နှင်းကျတာကိုလည်း ပထမဆုံးကြုံဖူးမြင်ဖူးသွားတဲ့ ဝက်ကလေး Wilbur..


မွေးမြူရေးခြံထဲက ကျန်ရစ်တဲ့ သူ့မိတ်ဆွေ တိရစ္ဆာန်တွေနဲ့နွေဦးရာသီကို ပျော်ရွှင်စွာ ဖြတ်သန်းသွားတဲ့ ဝက်ကလေး #Wilbur


ဇာတ်လမ်းက ...ကလေးဝတ္ထုဆိုတော့ ရိုးရိုးရှင်းရှင်းလေးပါ။ ဝက်ကလေး #Wilbur ပြောတာလေးတွေ ဖတ်ပြီး ပြုံးနေရတာတော့ အမှန်ပါ။

🎬 Movie  Link 🎬

https://vk.com/wall599551902_15


#Charlotte's Web 

#Book_Review_by Hnin Yi Pwint

May 22.2020

No comments: