Wednesday, September 7, 2022

Jar Of Hearts by Jennifer Hiller

 Jar Of Hearts by Jennifer Hiller

⭐⭐⭐⭐⭐ 5 star  for me...

အရင်လဖတ်ခဲ့တဲ့ Winter People ပြီးတဲ့နောက် ဒီ Jar of Hearts စာအုပ်က ရင်ထဲကို စွဲစေတဲ့ စာအုပ် တအုပ်။


❤️ About This Book :* Winner - Best Novel, 2019 ITW Thriller Award * Authors on the Air Network - Thriller of the Year 2018 * Finalist - Anthony Award for Best Novel * Finalist - Macavity Award...


ဆုတွေလည်းရ ၊ နာမည်ကြီး လူကြိုက်များသားစာအုပ်မို့ အထူးမညွှန်းတော့ဘူး။


❤️ဒီစာအုပ် မှာ ဆယ်ကျော်သက်အရွယ် ငယ်သူငယ်ချင်း ၃ယောက်ရှိတယ်။ တစ်ယောက်က အသတ်ခံရတယ်၊ တစ်ယောက်က ထောင်ကျသွားတယ်၊ ကျန်ခဲ့တဲ့ တစ်ယောက်က အဲ့အမှု့ကအမှန်တရားကို လိုက်ရှာဖွေနေတယ် ။



....................ဇာတ်လမ်း အကျဉ်း..................

  

❤️Angela Wong,Georgina Shaw,Kaiser ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ငယ်သူငယ်ချင်းသုံးယောက် ရှိတယ်။ 


❤️ မိဘကလည်း ချမ်းသာ၊ ကျောင်းမှာလည်းပေါ်ပြူလာ ဖြစ်တဲ့ ၁၆နှစ်အရွယ်Angela Wong ဟာ တည ပါတီ‌ပွဲက အပြန်မှာ အစရှာမရ ပျောက်ဆုံးသွားခဲ့တယ်။


❤️Angela Wong ပျောက်ဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ 

Geo က Kaiserကို ရှောင်ပြီး စကားမပြောဖြစ်တော့ဘူး။ Kaiser က အထက်တန်းကတည်းက Geo ကို ကြိုက်နေတာ ။


❤️ Geo ကြိုက်နေတာက လူဆိုး၊လူချော လေး Calvin James ကိုပဲ ယစ်မူးနေတာ ။ Angela Wong ကလည်း Clavin ကိုစိတ်ဝင်စား အထာတွေပေးနေပေမယ့် Clavin က Geo ကို ပဲချစ်တာ ။


❤️ အဲ့တုန်းက Clavin James က ၂၁ နှစ်၊ Geo က ၁၆ နှစ်၊ (ဘာမှမသိသေးတဲ့စိတ်ကစားတက်တဲ့ အရွယ် )


❤️ အဲဒီ့နှစ်မှာ Geoက ကျောင်းလာမတက်တော့ပဲ Home Tutor နဲ့ပဲ လေ့လာပြီး အပြင်ကစာမေးပွဲဖြေတယ်။ 

( အဲ့ကာလမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ နောက်ဆုံးခန်းကျမှ အကုန်သိရမယ်) ။


❤️ ၁၄နှစ် အကြာမှာ Angela Wong ရဲ့ ကြွင်းကျန်နေတဲ့ အရိုးတွေကို Geoရဲ့ ငယ်ဘဝ အိမ် နားက တောအုပ်လေးထဲမှာရှာဖွေတွေ့ ခဲ့တယ် ။


❤️ ဒီAngela Wong သတ်ခံရတဲ့ အမှု့မှာ သတ်တဲ့ လူသတ်သမားက သတ်ပြီး လူကို ခုတ်ထစ်ပြီး Geo တို့ 

ခြံနောက်က တောအုပ်လေးထဲမှာ မြှုပ်ထားခဲ့တယ်။


❤️၁၄နှစ် ကြာပြီးတဲ့နောက် Geo က အသက် ၃၀ ၊

Seattle pharmaceutical company မှာ ရာထူးကြီးပိုင်းဆိုင်ရာ တာဝန်ယူပြီး အောင်မြင်နေပြီ။ ပညာကလည်း တက်၊ လူကလည်း ထက်တယ်။ သူနဲ့ စေ့စပ်ထားတဲ့သူကလည်း သူအလုပ်လုပ်တဲ့ company ကပဲ ချမ်းသာတယ်။


❤️လွန်ခဲ့တဲ့ ၁၄ နှစ်( သူ့အသက် ၁၆နှစ် ) အရွယ် Angela Wong ပျောက်ဆုံးသွားတုန်းက ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ သူ နဲ့ Clavin James ပဲ သိတယ်။ 


❤️Angela Wong သတ်ခံရတဲ့အချိန်မှာ အနီးကပ်ဆုံးရှိနေခဲ့တာက Georgina Shaw (Geo)...


❤️ရဲတွေက Calvin James ကို သံသယရှိတယ်၊စွဲချက်တင်တယ်။( Clavin James - တခြားမိန်းကလေး ၃ယောက်ကိုလည်း သတ်ခဲ့သူလို့ စွပ်စွဲခံထားရတဲ့သူ )


❤️Clavin James ဆိုတာက Georgina Shaw (Geo) ရည်းစား၊ ငယ်ချစ်ဦး ။


❤️၁၄ နှစ်အကြာ ရဲတွေရဲ့ရှာဖွေတွေ့ရှိတဲ့ သက်သေအချို့ကြောင့် Clavin James လည်းပြစ်ဒဏ်ခံရသလို


❤️ Georgina Shaw (Geo)က လူသတ်မှု့ထဲမှာ အလိုတူအလိုပါ ဆိုပြီး အမျိုးသမီး အကျဉ်းထောင်မှာ  ၅နှစ်ထောင်ကျသွားတယ်။


❤️ငယ်သူငယ်ချင်း Kaiser က အခုချိန်မှာ စုံထောက်ဖြစ်နေပြီ။ 


❤️ Geo က Angel Wong အသတ်ခံရတဲ့ ညမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို တခုမှ မဖွင့်ဟ ၊မပြောခဲ့ဘူး။

 

❤️Geo ကို ကြိုက်နေတဲ့ ငယ်သူငယ်ချင်း Kaiser ရဲ့အလိုအရဆိုရင် အပြစ်တွေ အားလုံးကို ဘာလို့ Clavin James ကို လွှဲမချပဲ ဘာလို့နှုတ်ဆိတ်ပြီး၅နှစ် ထောင်ကျခံခဲ့တာလဲ...


❤️Geo နဲ့ Clavin James ဟာ Angela Wong အသတ်ခံရတဲ့အမှု့မှာ ဘယ်လောက်တွေ ပါဝင်ပတ်သတ်နေလဲ။


❤️ Geo ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေက ဘာတွေရှိဦး မလဲ ။


❤️ Geo ၅နှစ် ထောင်ကျလို့ လွတ်မယ့်အချိန်နီးလာတဲ့အချိန်မှာ Clavin Jamesက လည်းသူ့ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်။


❤️အဲ့ဒီအချိန်မှာ လွန်ခဲ့တဲ့ ၁၄နှစ်ကထက် ဆိုးတဲ့ အမေနဲ့သားကို သတ်တဲ့ အမှု့ နှစ်ခု ထပ်ပေါ်လာတယ်။

 

❤️အရင်အမှု့လိုပဲ တောအုပ်ထဲမှာခုတ်ထစ်ပြီး မြှုပ်ခဲ့တာ။


❤️နောက်ပိုင်းထပ်ဖြစ်တဲ့ အမှု့မှာ လူသတ်ပြီးတိုင်း မျက်လုံးကိုဖောက်တယ်။ ပထမ Clavin James လုပ်ခဲ့သလိုပဲ အနားမှာ Cinnamon Heart cookie လေးထားခဲ့ တယ်။


❤️Serial Killer က Clavin James လား။

     နောက်တစ်ယောက်ရှိနေမလား။


❤️ လျှို့ဝှက်ချက်တွေ ဘာတွေထပ်ပေါ်မလဲ...


❤️ Thriller စာအုပ်ဖတ်နေရတဲ့ ခံစားချက်ဆိုတာထက်၊ ကိုယ့်အနားက မိန်းကလေးတစ်ယောက် ဖြစ်ပျက်နေသလို ခံစားရတယ်။


❤️ ထောင်ထဲရောက်တော့ ကြီးနိုင်ငယ်ညှင်း ဘဝတွေ၊ မိန်းမချင်း ရော၊ guardနဲ့ sexual abuse လုပ်ခံရတယ်။ အဲ့ရန်ကနေ ကာကွယ်ပေးမယ့်သူကို ရှာရ ပေးရတာတယ်။ 


❤️ထောင်ထဲမှာ အမြတ်ထုတ်ချင်တဲ့မကောင်းတဲ့သူတွေ ရှိသလို မိတ်ဆွေစစ်မှန်တွေကိုလည်း (...) ဆုံတွေ့ခဲ့ရတယ်။


❤️၅နှစ်ပြစ်ဒဏ်ပြီး လို့ထောင် အပြင်ထွက်လာရပြန်တော့လည်း အပြင် အိမ်နီးချင်းတွေကအစ၊ အလုပ်ရှာတဲ့နေရာ၊ချေးငွေလျှောက်တဲ့နေရာက အစ ခွဲခြားဆက်ဆံခံရတယ် ။


❤️ငယ်ရွယ်တဲ့ ဆယ်ကျော်သက်ဘဝက မကောင်းတဲ့သူ မချစ်သင့်တဲ့သူအပေါ် ရင်ခုန်စိတ်ကစားမှု့ကို   အချစ်လို့ ..မှားယွင်းထင်ခဲ့တာ‌တယ်။


❤️၁၆နှစ်ဝန်းကျင်ဆယ်ကျော် သက်အရွယ်က မှား

ခဲ့တဲ့ ဆုံးဖြတ်ချက်အမှားတွေဟာ သက်လတ်ပိုင်း အရွယ်ထိ ရိုက်ခတ်မှု့ရှိတာတွေ..


❤️သမီးဖြစ်သူ ဘယ်လိုအခြေအနေရောက် ရောက် 

အပြစ်မမြင်ပဲ အနားမှာ အမြဲရပ်တည်ပေးခဲ့ တဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာ။


❤️ဆယ်ကျော်သက်အရွယ် ခက်ခက်ခဲခဲ ကိုယ်ဝန်ဆောင်ခဲ့ရတာတွေ...


❤️ကလေး‌မွေးစားဖို့လူမျိုးစုံထဲကရွေးခဲ့တယ်။

ဆုံးဖြတ်ချက် မှန်တယ်လို့ ထင်ခဲ့ ပေမယ့် မှားခဲ့တယ်။


(.......) ရဲ့ ဘဝတစ်လျှောက်လုံး ရွေးချယ်မှု့ မှားခဲ့တယ်။


❤️ကံကြမ္မာကရက်စက် လူတွေက ကိုယ့်ခံစားချက်

 တပို့ထဲပဲ သိတာတွေ...


❤️ အဖေအရင်း Biological father ဖြစ်တဲ့သူ မသိအောင် ဖုံးကွယ်ရတယ်။


❤️(.......)ကိုယ်တိုင်က သူဟာ မကောင်းတဲ့သူ၊ ဆိုးသွမ်းတဲ့သူမှန်း သိတဲ့အတွက် သူ့လို လူမျိုးဟာ ဒီလောကမှာ

 မရှိသင့်တဲ့သူလို့ အမြဲပြောတယ်၊ သူ့သွေးဆိုး တွေပါမှာစိုးတဲ့ သွေးသားအရင်းကို သတ်မှာ (...) က စိုးရိမ်တယ်။


❤️(..........) ရဲ့ ဝမ်းနည်းမှူ့တွေ၊ ဆုံးရှုံးမှု့တွေ၊ ရွေးချယ်မှု့ ဆုံးဖြတ်ချက် အမှားတွေ...ဖတ်ရင်း ခံစားချက် မျိုးစုံ ရတယ်။


❤️ သားသမီးတစ်ယောက်ရဲ့ အမုန်းတရားတွေ ၊

နာကျည်းမှု့တွေနဲ့အတူ (..🙎... နဲ့ ..👩🏻‍🦰....) ရဲ့ သွေးဆိုးပါလာတဲ့  တကယ့် Monster  က (.........) 


❤️ နောက်ဆုံးခန်းကျမှ ရိပ်မိပြီး ပါးစပ်အဟောင်းသားလေးဖြစ်ရမယ်။


❤️How far will someone go to bury her secrets and hide her grief? 


❤️How long can you get away with a lie? 


❤️How long can you live with it? 

Find out in Jennifer Hillier's Jar of Hearts.


📌 Spoiler မပါအောင် ရှင်းပြရတဲ့အတွက် အပေါ်ကရေးတာတွေ နားလည်ချင်မှ နားလည်လိမ့်မယ်။


📌တကယ်က ဇာတ်လမ်း ဇာတ်အိမ်လည်း ကောင်းတယ်။ ကိုယ်ရှင်းပြတာမပါတဲ့ အချက်တွေ၊ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းက အများကြီးပိုကောင်းတယ်။ 

ဆွဲဆောင်မှု့ရှိတယ်။


📌Audiobook Narratorက လည်း ကောင်းတော့ 

ရုပ်ရှင်ကြည့်နေရသလိုပဲ ။ ကိုယ်တော့ သဘောကျတယ်။ 


Jar of Hearts by Jennifer Hiller

E book link

https://t.me/mobi_epub_ebook_and_Movie/1438?single


Jar Of Hearts by Jennifer Hiller

#Audiobook_Review_by Hnin Yi Pwint

September 18.2021


📌📌📌📌စာကြွင်း Edit 📌📌📌📌

P.S  ရေးဖို့ကျန်ခဲ့တာက မိန်းကလေး‌ ဘယ်လောက်

အထာပေးပေး၊  ချစ်သူရည်းစားချင်းတောင် sex ကိစ္စကို တဖက်သူ မလိုချင်လို့ ငြင်းတာ ကို ချစ်ပါတယ်ဆိုပြီး တက်ခွရင် အလိုမတူ တဲ့ Rape ဖြစ်ပြီး  အဲ့ တခါလေးကနေ မဖြစ်သင့်တဲ့ပြဿနာတွေ ဆက်တိုက်ဖြစ်လာရတယ် ဆိုတာဒီ စာအုပ်ဖတ်ရင်းတွေ့ရမယ်။ အထူးသဖြင့် ဆုံးဖြတ်ချက် မချနိုင်တဲ့ ဆယ်ကျော်သက်အရွယ်ပေ့ါ။


Angela Wong ရဲ့မိဘတွေဟာ ချမ်းသာပြီး သားသမီးကို 

ဂရုမစိုက်ဘူး။


Geo ကျပြန်တော့ အဖေပဲရှိတော့တယ်၊ အမေက ကင်ဆာနဲ့ဆုံးသွားတယ်၊ အဖေဖြစ်သူဆရာဝန်က  ညဂျူတီကျ အမြဲ အလုပ်လုပ်ရတော့ သမီးနား မနေနိုင်ဘူး။


သားသမီး ဆယ်ကျော်သက်အရွယ်မှာ မိဘက သေချာမကြည့်နိုင် ဂရုမစိုက်နိုင်ရင် လမ်းလွဲရောက်ကုန်ပြီး မဖြစ်သင့်တာတွေ ဖြစ်ရတယ်။

 

Geoအဖေကတော်တယ်။ သမီး ဖြစ်သူ ဆယ်ကျော်သက်အရွယ်က ဘယ်အခြေအနေရောက်ရောက် အပြစ်မတင်ပဲ   လက်ခံ ဖြေရှင်းပေးတယ်

No comments: