📙 #Coraline_by_Neil_Gaiman 📙
#ကော်ရလိုင်းဆိုတဲ့_ကောင်မလေး (မောင်ဒေး)
2002ခုနှစ်မှာ Neil Gaimanရေးခဲ့တဲ့
#Coralineစာအုပ်ဟာ
2003 Hugo Award for Best Novella ၊
2003 Nebula Award for Best Novella နဲ့
2002 Bram Stoker Award for Best Work for Young Readers ဆုတွေရရှိခဲ့တဲ့ စာအုပ်တအုပ်ဖြစ်ပြီး ၊
2009ခုနှစ်မှာထွက်ခဲ့တဲ့ #CoralineAnimatedMovie ဟာလည်း အခုချိန်ထိ ရိုးမသွားပဲ လူကြိုက်များနေဆဲပါ ။
📝📝ဇာတ်လမ်းအကျဉ်း 📝📝
အိမ်အိုကြီးတစ်လုံးကို #Coralineတို့မိသားစု ပြောင်းလာကြတယ် ။ တအိမ်လုံးကိုပိုင်တာတော့မဟုတ် ။
Corlineရဲ့ အခန်းအောက်မြေညီထပ်မှာ #Miss_Spink နဲ့ #Miss_Forcible ဆိုတဲ့ ဝဝဖိုင့်ဖိုင့်မိန်းမနှစ်ယောက်နေတယ်။သူတို့ဟာ အရင်ကပြဇာတ်မင်းသမီးတွေ ၊ သူတို့မှာ #Hamish_Andrew_Jock ဆိုတဲ့ ခွေး၃ကောင်ရှိတယ် ။
Coraline ရဲ့ အခန်းအပေါ်ဖက်မှာတော့ ကြွက်တွေကို ဆပ်ကပ်ကတက်အောင် သင်ပေးတဲ့ အူကြောင်ကြောင် အဘိုးကြီးတစ်ယောက်နေတယ် ။
၁မိုင်ခွဲလောက်နက်လို့ မသွားရဘူးလို့ ကန့်သတ်ထားတဲ့ #ရေတွင်းတခု ....
Coralineတစ်ယောက်တည်းနေရတာပျင်းတာနဲ့အောက်ထပ်က Miss Spinkတို့ဆီ သွားလည်တယ်။
Miss Spinkက လက်ဖက်ခြောက်ဗေဒင်ဟောပေးရမလားဆိုပြီး ပန်းကန်ရဲ့ အောက်ခြေက အနက်ရောင် လက်ဖက်ခြောက်ရွက်ကိုကြည့်ပြီး #Coraline
ဘေးအန္တရယ် ကျရောက်ကိန်းရှိကြောင်း ဟောတယ် ။
Coralineက အဲ့ဒါဆို သူဘယ်လိုလုပ်ရမလဲဆိုတော့
အစိမ်းရောင်ရှောင် ။
Scottပြဇာတ်အကြောင်းမပြောနဲ့။
အရမ်းသတိရှိရမယ် ဆိုပြီး Miss Spinkကပြောတယ်။
မကောင်းတဲ့အရာတွေကို ဟန့်တားပေးနိုင်တယ်ဆိုပြီး #အပေါက်ပါတဲ့ကျောက်တုံးလေး ကို လက်ဆောင်ပေးလိုက်တယ် ။
အိမ်အပြင် ကိုထွက်တဲ့အချိန်မှာ ကြောက်နက်ကြီးနဲ့တွေ့တယ် ။ #ကြောင်နက်ကြီး က #Coraline....နင့်ကို
အန္တရယ်က ကာကွယ်ပေးနိုင်တဲ့အရာကို ကိုယ်နဲ့
မကွာထားသင့်တယ်လို့ ထပ်ပြောတယ်။
#Coraline ဟာ ပျင်းပျင်းနဲ့ရှာရင်းဖွေရင်း အဲ့အိမ်မှာ ထူးဆန်တဲ့တံခါးတချပ်သွားတွေ့တယ် ။
ပထမကြိမ် ကြည့်တဲ့အခါ အုတ်နဲ့အသေပိတ်ထားတာ ဖြစ်ပေမယ့်၊နောက်တခါ ဖွင့်ကြည့်တဲ့အခါ တံခါးရဲ့တဖက်မှာက.....
Coralineရဲ့ အိမ်ဘက်အခြမ်းက လူတွေ အရာဝတ္ထု အားလုံးနဲ့ တူတဲ့ပုံစံတူကမ္ဘာ ။
အဲ့ဒီတခြမ်းက လူတွေမှာ မတူတာက အမည်းရောင်ကြယ်သီး မျက်လုံးတွေကိုယ်စီနဲ့ ။
တံခါးနောက် ပုံစံတူကမ္ဘာကနေ ပြန်လာပြီးတဲ့နောက်မှာ #မိဘတွေပျောက်နေတာကို သတိထားမိလာတဲ့ Coraline..
အဲ့နောက် မိဘတွေကိုရှာဖို့ တံခါးနောက်က ပုံစံတူတဖက်ကမ္ဘာခြမ်းကို သွားတဲ့အခါ....
ကမ္ဘာနှစ်ဖက်စလုံး မှာနေလို့ရတဲ့ #ကြောင်နက်..
မှန်တွေရဲ့နောက်က အကျဉ်းချခံနေရတဲ့ ကလေးဝိညာဉ်တွေ...
#အဖေအစစ်နဲ့အမေအစစ် ကို ကယ်ဖို့ အတွက်
တံခါးတဖက်ခြမ်းက အသွင်ပြောင်း၊ ရုပ်ဖျက်တက်တဲ့ မိန်းမကြီး နဲ့ Coralineရဲ့ #ညဏ်ကစားပွဲ ။
Coraline ကို ကူညီပေးတဲ့ ကြောက်နက်ကြီး။
ကမ္ဘာတဖက်ခြမ်းက Coraline အမေနဲ့ ပုံစံတူမိန်းမကြီးရဲ့ လှည့်ကွက်တွေကနေ မိဘတွေကို ကယ်ပြီး Coraline တစ်ယောက်လွတ်မြောက်နိုင်ပါ့မလား ။
နှစ်တွေအကြာကြီး မှန်ထဲမှာ ပိတ်ပိနေတဲ့
ကလေးဝိညာဉ်တွေကို လွတ်မြောက်အောင် Coralineတစ်ယောက်ဘယ်လိုကယ်တင်မလဲ ...
Miss Spink ပေးထားတဲ့ ကျောက်တုံးလေးကရော Coralineကို တကယ်ကာကွယ်ပေးနိုင်သလားဆိုတာ..
ဖတ်ကြည့်ပါ....
P.S....Animated Movie ထဲမှာ ပါတဲ့ #Wybie ဆိုတဲ့ ကောင်လေးက #စာအုပ်ထဲမှာမပါ ပါဘူး။
ဇာတ်ကားကတော့ ကာလာပိုစုံပြီး တိတ်ဆိတ်တဲ့ ညမှာ
ကြည့်ရင် ရင်တထိတ်ထိတ်လေးနဲ့ပါ ။
#Book_Review_by Hnin Yi Pwint
June 9, 2020
Movie Link 🎬🎬 https://www.facebook.com/321286045209224/videos/2223996837898436/
No comments:
Post a Comment