Wednesday, September 7, 2022

The Call Of The Wild by Jack London

 📗The Call Of The Wild by Jack London

📕 Adventure Fiction


📗1903 ခုနှစ်က Jack_London ရေးခဲ့တဲ့  ကမ္ဘာ့ဂန္တဝင် စာရင်းဝင်  The_Call_of_the_wild by Jack London


( #ဂုဏ်ဝင်း )မြန်မာပြန် (အရိုင်းခေါ်သံ)ကို ဖတ်လိုက်ရင် လူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှု့ ၊အသိညဏ်မြင့်မားပြီး သစ္စာရှိလှတဲ့ ခွေးတကောင် အကြောင်း ။ 


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


စွပ်ဖားဆွဲ ခွေးတွေ ဖြတ်သန်းရတဲ့ ဘဝ၊ အသုံးမဝင်တော့တဲ့အချိန်မှာ လက်စတုံး ခံရ၊ဆိုးဝါးလှတဲ့ သူတို့ရဲ့ နေဝင်ချိန် ဘဝတွေကိုဒီစာအုပ် ဖတ်နေရင်း လက်တွေ့ မျက်စိရှေ့ မြင်‌နေရသလို ခံစားရစေမှာပါ။ 



ဒီစာအုပ်ထဲမှာ အဓိက ဇာတ်ကောင်ဟာ St.Bernard မျိုး ၊ ကိုယ်အလေးချိန် ပေါင်၁၄၀လောက်ရှိတဲ့ #Buck ဆိုတဲ့ သိက္ခာရှိလှတဲ့ ခွေးလိမ္မာကြီး။


မြက်ခင်းစိမ်းတွေရှိတဲ့ တရားသူကြီးMiller ရဲ့

ကာလီဖိုးနီးယားက Santa Clara ဆိုတဲ့ စံအိမ်ကြီး၊

ဒီခြံကြီးထဲမှာ ဘုရင် တဆူလို ရှင်သန်ကြီးပြင်း

လာတာ 4နှစ်ရှိပြီဖြစ်တဲ့ Buck...


နေထိုင်တဲ့ လေးနှစ်ကာလအတွင်းမှာ ကောင်းကောင်းစား၊ကောင်းကောင်းနေ၊ ဂုဏ်သိက္ခာကြီးမားတဲ့ အထက်တန်းစား တစ်ဦးလို မာနတရှိန်ရှိန်နဲ့ ဝံကြွားစွာနေထိုင်ခဲ့သူ Buck...


အိမ်တွင်းပုန်း ခွေးတစ်ကောင်အဖြစ်နဲ့ နေထိုင်ရမှာကို မနှစ်မြို့သူ၊အမဲလိုက်ခြင်း ကိုခုံမင်သူ Buck...

 

‌တနေ့... တရားသူကြီးမရှိတဲ့အချိန် 

တရားသူကြီးရဲ့ အစေခံအကူတစ်ယောက်ဟာ လောင်းကစားကြွေးတွေ မဆပ်နိုင်လို့ Buckကို 

ပြန်ပေးဆွဲပြီး  ရောင်းစားခဲ့တယ် ။


ဒီကြားထဲ ထပ်ပြီး နောက်တစ်ယောက်ဆီရောက် ၊အစာငတ်ခံ ၊စကားနားမထောင်ရင်

ခေါင်းကို တင်းပုတ်တွေနဲ့ ထု ပုံသွင်းခံရ။


အဲ့ဒီနောက် မှာ Buck ဟာ Alaska ဘက်က

 ပြင်သစ် ကနေဒီယန်စပ် သခင်တွေဖြစ်တဲ့

 #ဖရန်ဆွာ နဲ့ #ပါရော့ ဆီမှာ စွတ်ဖားဆွဲခွေး

အဖြစ် ရောင်းစားခံရပြန်တယ် ။

 ဒီသခင်တွေဟာ အရင်သခင် လိုတင်းပုတ်နဲ့ မထုပေ‌မယ့် စကားနားမထောင်ရင် ကြာပွတ်နဲ့ရိုက်ပြီး လေ့ကျင့်ထိန်းကျောင်းတယ်။


Dyea ကမ်းခြေကို စ‌ရောက်တဲ့နေ့ကတော့ Buck အတွက် အိပ်မက်ဆိုးတွေမက်တဲ့ညလို ။


ယဉ်ကျေးတဲ့အသိုင်းအဝိုင်းကနေ လုံခြုံမှု့မရှိတဲ့ 

အရိုင်းနယ်မြေကိုရာက်လာတဲ့အခါ နေသားမကျ ခြောက်ခြားတဲ့နေရက်တွေကို ဖြတ်ကျော်ခဲ့ရတဲ့ Buck..


ဒီ‌အရိုင်းဒေသကိုရောက်မှ Buck ဘဝမှာ

ပထမဆုံးကြုံဖူးတဲ့ ခွေးခွေးချင်းသတ်ပွဲ ။


ပြင်းထန်ရက်စက်လှတဲ့ခွေး‌ခွေးချင်းသတ်ပွဲမှာ

ဓားစားခံဖြစ်ခဲ့ရတဲ့ ခွေးမ‌လေး #Curly


ဒီဒေသမှာ သူ ဆုံရတာက

 #Spitz ဆိုတဲ့ စွတ်ဖားဆွဲ ခေါင်းဆောင် ကောက်ကျစ်စဉ်းလဲတဲ့ခွေးကြီး ။


ခွေးတိုက်ပွဲမှာရထားတဲ့ ဒဏ်ရာဒဏ်ချက်

 အမာရွတ်တွေနဲ့ ပြည့်နေတဲ့ #Sol_leks 


#Billeနဲ့ #Joe ဆိုတဲ့ တမိပေါက် စရိုက်မတူတဲ့

ခွေးဝံပုလွေ နှစ်ကောင်


ခွေးသူခိုး တကောင်ဖြစ်တဲ့ #Pike


#Dave ဆိုတဲ့  လှည်းဆွဲခွေးတကောင်


ခွေးရူးဖြစ်သွားတဲ့ #Dolly


သူတို့ရဲ့ အလုပ်က မိုင်ပေါင်းထောင်ချီ 

ခရီးကြမ်းနှင်ပြီးပြီး တကမ္ဘာလုံးကပို့တဲ့ စာလွှာတွေ ၊ဝန်ထုပ်ဝန်ပိုးတွေကို  မြောက်ဝင်ရိုးစွန်းက 

ရွှေရှာနေသူတွေထံ  ပို့ရတဲ့ စွပ်ဖားဆွဲအလုပ် ။


ခွေးကိုးကောင်ဆွဲယာဉ်မှာ စွတ်ဖားဆွဲ 

ခွေးတကောင် သိရမယ့် ပညာတွေကို  

တစ်ကောင်နဲ့တစ်ကောင် သင်ပေးပုံ ။


စိမ်းစိုသာယာလှတဲ့ ဒေသကနေ

သခင်အဆက်ဆက် ရောင်းစားခံရပြီးတဲ့နောက်

အေးခဲလှတဲ့ဒေသကို စွပ်ဖားဆွဲအနေနဲ့ 

ရောက်လာတဲ့အခါ တွေ့ကြုံရတဲ့ ဒုက္ခတွေ ၊

တကောင်နဲ့တကောင် အနိုင်အထက် ဗိုလ်လုတာတွေ ။


မေတ္တာ၊ကရုဏာကိုယ့်ကျင်တရားအလေးထားတဲ့ တောင်ပိုင်းဒေကနေ၊ မြောက်ပိုင်းနယ်‌မြေသစ် ဖြစ်တဲ့ တင်းပုတ်နဲ့ အစွယ်ဖွေးဖွေးသာရှိတဲ့ အရိုင်းဆန်တဲ့ ဒေသ‌မှာ  ရှင်သန်ဖို့  ရုန်းကန်တိုက်ခိုက်ရတာတွေ ။


ကာကွယ်ပေးမယ့်သူမရှိတဲ့ အရိုင်းဆန်တဲ့ နယ်မြေမှာ ကိုယ့်အသက် ကိုယ် ကြိုးစားကာကွယ်ခဲ့ရတာတွေ ။ 


မတစ်ထောင် တစ်ကောင်ဖွား ၊ရှာမှရှားသော 

ခွေး#Buck နဲ့ စွပ်ဖားဆွဲ ခေါင်းဆောင်ဖြစ်နေတဲ့Spitz တို့ရဲ့ ခေါင်းဆာင်‌နေရာလုပွဲ ။


မိုင်ပေါင်းထောင်ချီ ခရီးကြမ်းနှင်ကြရတော့ 

အတွင်း‌ကြေဒဏ်ရာရပြီး ထိခိုက်သွားသူက #Dave ။ အိုမင်းမစွမ်းဖြစ် ၊ဒဏ်ရာအနာတရ ဖြစ်လို့ လမ်းကြောင်းထဲက ဖယ်ထုတ်ခြင်းဟာစွတ်ဖားဆွဲခွေးတွေကို စိတ်နှလုံးကြေ‌ကွဲပြီး သေစေနိုင်တာ‌တွေ ။


ကျန်းမာရေးမကောင်းတော့လို့ Dave ဆီကနေ ဇက်ကြိုးနဲ့ ကကြိုးတန်ဆာတွေ ဖြုတ်ပြီး အနားပေးတာကို မနှစ်မြို့၊ မလိုချင်၊ နောက်ဆုံးချိန်ထိ ရှိတဲ့ အားလေးနဲ့ ဖျစ်ညှစ်ပြီး တာဝန်ကျေချင် တဲ့ စွတ်ဖားဆွဲ ခွေးတကောင်ရဲ့ မာန။  

(Dave ဆုံးသွားတဲ့အချိန်မှာ စိတ်မကောင်းဖြစ်ပြီး ငိုရသေးတယ် 😢)


Buck နဲ့ သူ့အပေါင်းအပါတွေဟာ 

နောက်သခင်တွေ ဆီ ထပ်ရောင်းခံရ ။


သူ့အသက်ကို ကယ်ခဲ့တဲ့ နောက်ဆုံးသခင်

 #John_Thorntonနဲ့ တွေ့မှ ခွေးတကောင်ကို ကလေးတစ်ယောက်လို နွေးထွေးကြင်နာစွာ ဆက်ဆံခံရတဲ့အခါ မေတ္တာတရားရဲ့ အရသာဆိုတာကို သိလာ ၊ 

ပျော်ရွှင် ခံစားလာရတဲ့ Buck


John_Thorntonရဲ့ ကျေးဇူးတရားတွေကို ပြန်လည်စောက်ရှောက်ရင်း ကျေးဇူးဆပ်တဲ့ Buck ...


ရွှေတွင်းဘက်ကို ရွှေရှာထွက်ရအောင် ၅မိနစ်အတွင်း ဒေါ်လာ ထောင်ကျော် ရှာပေးတဲ့ Buck ...


John_Thornton နဲ့အတူ ရွှေတွင်းရှိရာကို 

 မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး ပျော်ရွှင်စွာ 

စွန့်စားခန်းထွက်တဲ့ Buck ..


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


Buck ကို တောအုပ်ထဲဝင်အောင် ဆွဲဆောင်နေတဲ့

အသံတခု ကတော့ တောအုပ်ထဲကနေ 

အဆက်မပြတ်ပေါ်ထွက်နေတဲ့ အရိုင်းခေါ်သံ...


အရိုင်း‌ခေါ်သံနောက် လိုက်နေတဲ့အချိန် 

သူမရှိတဲ့အချိန်မှာ...


#Yeehats လူရိုင်းတွေ

#John_Thornton တို့စခန်းကို တိုက်ခိုက်သတ်ဖြတ်ခဲ့တာကို တွေ့လိုက်ရတော့ သခင်အတွက် ကလဲ့စားပြန်ချေတဲ့ Buck....


ရေကန်ဘေးမှာ သခင်အတွက် လွမ်းနာကျရာကနေ ဘဝသစ်စဖို့ ထလာတဲ့အခါ

သူကြားလိုက်ရတာက တောထဲကနေ 

ထပ်မံထွက်ပေါ်လာတဲ့ #အရိုင်းခေါ်သံတွေ ...


ရုပ်ရှင်နဲ့ ဇာတ်လမ်း နောက်ပိုင်းမှာ အနည်းငယ်ခြားနားမှု့ရှိပါတယ်။ဇာတ်ကားထဲမှာတော့ Buckဟာ သူ့သခင်ကို နောက်ဆုံးအချိန်မှာ တွေ့လိုက်ရသေးတယ် ။ 


စာအုပ်ထဲမှာတော့ သေခါနီး မဆုံတွေ့လိုက်ရပါ။

စာအုပ်ထဲမှာတော့ #John_Thornton တို့စခန်းကို  တိုက်ခိုက်တာ#YeeHats လူရိုင်းတွေပါ ။


စာအုပ်ထဲက ဖြတ်သန်းရတဲ့ Buckဘဝဟာ

ဇာတ်ကားထဲက Buck ထက် ပိုကြမ်းတမ်းပါတယ် ။


Jack Londonရဲ့ စာအုပ်တွေကို စတင်စွဲလမ်းခဲ့တာက #SeaWolf စာအုပ်ထဲက စွဲသွားတာပါ ။


သူရဲ့ ဝတ္ထုတွေကို ကြိုက်တာက စာအုပ်ဖတ်ရုံနဲ့ ဇာတ်ကားကြည့်နေရသလို ကွက်ကွက်ကွင်း 

မြင်ရသလို ရေးနိုင်တာကို ကြိုက်နှစ်သက်လို့ပါ။


#Book_Review by Hnin Yi Pwint

May19,2020


🎬Movie Download Link

https://www.dropbox.com/s/zw6robsat0ptf7c/The%20Call%20Of%20The%20Wild?dl=0

No comments: