Tuesday, September 13, 2022

The Nothing Man by Catherine Ryan Howard


The Nothing Man by Catherine Ryan Howard 
📕 Crime -Thriller

ဒီရက်ထဲမှာ ဖတ်သမျှစာအုပ်တွေက နည်းနည်း ပျင်းစရာတွေ ဖြစ်နေလို့  Thriller Audiobook လေး ပြောင်းနားထောင်ကြည့်တယ်။

Catherine Ryan Howard  ...သူက Ireland စာရေးဆရာ ၊ သူ့ရဲ့ ဒီ"The Nothing Man " စာအုပ်ကို ၂၀၂၀ ဩဂုတ်လ မှာ ထွက်ထားတယ် ။   

အခုနှစ် ဩဂုတ်လထဲမှာလည်း ၁အုပ်ထွက်ထား သေးတယ် ။ ဒါပေမယ့်  ဒီ "The Nothing Man "စာအုပ်လောက် အကြိုက်မများကြဘူး ။

၂၀၂၁ က ထွက်ခဲ့တဲ့ "56Days" ဆိုတဲ့ စာအုပ်ကတော့ တော်တော်ပေါက်ခဲ့သေးတယ် ။

ဒီစာအုပ်က "The Nothing Man" စာအုပ်ထဲက  "The Nothing Man " စာအုပ် အကြောင်း ။
စာအုပ်ထဲက စာအုပ် ၁အုပ်အကြောင်း ဆိုပါတော့ ။




.....ဇာတ်လမ်းအကျဉ်း ....
ဒီစာအုပ်ထဲမှာက Eve Black ဆိုတဲ့ အမျိုးသမီးက True Crime Memoir ပုံစံ စာအုပ် တအုပ် ရေးပြီးထုတ်လိုက်တယ် ။ စာအုပ် နာမည်က "The Nothing Man"။

Eve Black က သူ့ စာအုပ်ထဲမှာ ဘာတွေရေးထားသလဲဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ၊သူ့ အသက် ၁၂နှစ်အရွယ် ၊ ညတညမှာ သူတို့မိသားစု အိမ်ကို လူတစ်ယောက်က ကျုးကျော်ဝင်ရောက် လာပြီး  သူ့အဖေ၊ အမေနဲ့ ညီမလေးကိုလည်း သတ်သွားခဲ့တယ် ။ (မုဒိန်းကျင့်သွားသေးတယ်ထင်တယ်၊ သေချာမမှတ်မိတော့လို့ )


Eve Blackက‌တော့  အိမ်သာသွားနေချိန်မို့ သူရောက်နေတဲ့ အဲ့အခန်းကို မစစ်ခဲ့တဲ့အတွက် မိသားစုထဲမှာ သူတစ်ယောက်ပဲ သေဘေးကနေလွတ်ခဲ့တယ် ။



အဲ့လူဟာ အိမ်တွေထဲကို ဝင်ရောက် ကျုးလွန် သတ်ဖြတ်ပြီး သဲလွန်စ ၊ ဘာအစအနမှ မထားခဲ့တဲ့အတွက် သူ့ကို Nothing Man လို့ခေါ်ကြတယ် ။
အဘွားဖြစ်သူကပဲ Eve Black ကို စောင့်ရှောက်ပေးခဲ့တယ် ။  Eve Black ကတော့ ဘဝတစ်လျှောက်လုံး နာကျင်စရာတွေ နဲ့ဖြတ်သန်းခဲ့ရတယ် ။
သူ့အသက် ၂၀ကျော်တဲ့အချိန်မှာတော့  အဘွားဖြစ်သူလည်း ဆုံးသွားခဲ့တယ် ။ Eve Blackက သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို  စာအုပ်ရေးဖို့ဆုံးဖြတ်လိုက်တယ်။  သူ့မိသားစုကို သတ်သွားတဲ့ လူသတ်သမားဟာ သက်ရှိထင်ရှား‌ရှိနေသေးသလား၊ ဒါမှမဟုတ်ပဲ သေသွားပြီလား  ၊ သူ ရေးထားတဲ့ စာအုပ်ကို
ဖတ်များဖတ်နေမလား ၊မရေမရာ ခန့်မှန်းချက်ပေါင်းစုံနဲ့ပေါ့ ။ 

She can’t stop writing until she finds the killer.

He can’t stop reading because the killer is him.
– The Nothing Man

တကယ်လည်း အဲဒီ့ Nothing Man က သူ့စာအုပ်ကို မတော်တဆ တွေ့မိပြီး ဖတ်နေတယ် ။ အဲ့လူက စူပါးမားကတ် တခုမှာ လုံခြုံရေးလုပ်နေတဲ့  Jim Doyle....(ဒါက spoiler မဟုတ်ဘူးနော်၊ စာအုပ် description မှာ ပါပြီးသားပါ ) 

အခုတော့  Jim Doyle ဟာ အသက်၆၀ ဝန်းကျင်ရှိပြီ ။ သမီးလေးတစ်ယောက်နဲ့ မိသားစုလည်းရှိတယ် ။ဒီစာအုပ်ထဲမှာ မသေပဲ ကျန်ခဲ့တဲ့ မျက်မြင်သက်သေက သူ့အကြောင်း ဘာတွေများ မှတ်မိလဲ၊ ရေးထားမလဲ သိချင်ဇော နဲ့ Jim Doyle တစ်ယောက် Eve Black‌ ရေးတဲ့ "Nothing Man" စာအုပ်ကို ဖတ်နေတယ် ။ ဖတ်ရင်းနဲ့လည်း ဒေါသတွေ ထွက်နေသလို၊ စာအုပ်‌ နောက်ပိုင်း ရောက်လေလေ အကြီးအကျယ် တုန်လှုပ်  ခြောက်ခြားလေပေါ့။

စာအုပ်အကြောင်း မိတ်ဆက် လက်မှတ်ထိုးပွဲမှာတောင် Jim Doyle က Eve Black အနားမှာ ရှိနေသေးတာ ။ စူပါးမားကတ်လုံခြုံရေး Jim Doyle ဟာ Nothing Man ဆိုတာ လူတွေ မသိခင် အချိန်အထိပေါ့ ။


မိသားစုဝင်တွေ အကုန်အသတ်ခံရတဲ့ Eve Black ကလည်း Jim Doyle ကို ထောင်ဖမ်းချင်ပြီး သူ့အပြစ် တွေကို ခံယူစေချင်တာ ။

I was the girl who survived the Nothing Man. Now, I am the woman who is going to catch him.

Eve Black ကလည်း Nothing Man ဘယ်သူဆိုတာ သိရဖို့ သဲလွန်စတွေ လိုက်ရှာနေသလို ၊

Jim Doyle ကလည်း သူဆိုတာ Eve Black ရိပ်မိသွားမယ့် အချိန် မတိုင်ခင် Eve Black ဆီကို သွားပြီး လက်စပျောက်အောင် ရှင်းပစ်ဖို့ လုပ်တော့တယ် ။

ဘယ်သူက  လက်ဦးမှု့ရမလဲ ဆိုတာကတော့  ဖတ်ကြည့်ပါနော် ..... ။ 😁




ဇာတ်လမ်းမှာက စာအုပ်ဖတ်နေတဲ့ Jim Doyle ရဲ့ အမြင်၊ 
Eve Black ကလည်း သူကြုံခဲ့ရတဲ့အခြေအနေတွေကို ပြောပြနေတာကတမျိုး တလှည့်စီ ရေးထားတယ် ။

ဇာတ်လမ်းနဲ့ နောက်ပိုင်း twist လေးလည်း ကောင်းသလို ၊Audiobook Narrator ဟာလည်း ဆွဲဆောင်မှု့ရှိတယ်။ 

  đŸ“•E Book Download link📕


The Nothing Man by Catherine Ryan Howard Audiobook Review by BookishInFictionLand
13 September 2022


Wednesday, September 7, 2022

Life Ceremony, by Sayaka Murata

 đŸ“•Life Ceremony, by Sayaka Murata,

📕Translated by Ginny Tapley Takemori

📕First Published - July 5. 2022


ဂျပန်လိုကတော့ တအုပ်ထဲထွက်ခဲ့တာ မဟုတ်ပဲ ၊ ဝတ္ထုတို ဝတ္ထုလတ်တွေ ကို ဟိုးအရင် မဂ္ဂဇင်းတွေမှာ အခန်းဆက်ဖော်ပြခဲ့တာလို့လည်း ဆိုတယ် ။

အင်္ဂလိပ်ဘာသာပြန်မှာတော့ ခပ်ဆန်းဆန်း၊ တူရာ၊သင့်တော်ရာ ဝတ္ထုတို ၊ဝတ္ထုလတ်တွေ ကို တွေကို ပေါင်းပြီး ဒီစာအုပ် ထုတ်တဲ့သဘောဖြစ်မယ် ။


ဒီစာအုပ်ဟာ ဒီမှာ ဘာသာပြန်ထွက်ပြီးသား "Convenience Store Woman" စာအုပ်နဲ့  မတူပါဘူး ။ နောက် ထွက်တဲ့ စာအုပ် Earthlings နဲ့ ပိုတူတယ် ။ ဝတ္ထုတိုတွေဟာ ကြမ်းတယ်၊ ထူးဆန်းတယ်၊ 

အရိုင်းဆန်တဲ့ သဘောရှိတယ် ။

အတွေးအခေါ်ခပ်ဆန်းဆန်းနဲ့ ရေးထားတဲ့ ဝတ္ထုတို ၁၂ပုဒ် ပါ ပါတယ်။

  • Two’s Family ဝတ္ထုတိုလေး လည်းကောင်းတယ် ။

  • A Summer Night's Kiss "မှာဆိုရင် လိင်မှု့ကိစ္စမပြုပဲ ကလေးယူထားကြတဲ့ Yoskiko နဲ့ Kikue ဆိုတဲ့  အမျိုးသမီးနှစ်ယောက် ရဲ့  friendship..

  • “A First-Rate Material" မှာဆိုရင် အဲ့ကာလမှာ လူတွေဟာ ကွယ်လွန်ပြီး လူသားရဲ့ အရိုး၊အ‌ရေပြား ၊ဆံပင် ‌ကို recycled လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို နှစ်သက်သဘောကျ  သုံးစွဲကြတယ်။   ပုံပန်းသွင်ပြင်ပေါ် မူတည်ပြီး  တန်ဖိုးလည်း မြင့်တယ် ။ ကွယ်လွန်သူ လူသားတွေရဲ့ အရိုး ဆံပင်နဲ့ လုပ်ထားတဲ့ ရင်အုပ် အရိုးအိမ်နဲ့ လုပ်ထားတဲ့ စားပွဲ၊ သေသွားတဲ့ လူရဲ့ ဆံပင်ချည်နဲ့ လုပ်ထားတဲ့ ဆွယ်တာ ၊ညို့သကျည်းရိုးနဲ့ လုပ်ထားတဲ့ ထိုင်ခုံ၊ လက်ကအရိုးနဲ့ လုပ်ထားတဲ့ နာရီ ၊ အဲ့လို အသုံးအဆောင်  ပစ္စည်းမျိုးတွေ ဝတ်ဆင် ဆောင်ယူရတာ သဘောကျတဲ့အမျိုးသမီး၊ သူနဲ့ စေ့စပ်ထားတဲ့ အမျိုးသားက အဲ့လို ပစ္စည်းမျိုးတွေကို မနှစ်သက်၊ ရွံရှာသူ ၊  အမျိုးသမီးက အဲ့လို ပစ္စည်းမျိုးတွေ နှစ်သက်တဲ့အတွက် စေ့စပ်လက်စွပ်မှာ ပြဿနာတက်ပြီး ၊ စေ့စပ်ထားတာ ကမောက်ကမဖြစ်ရတဲ့ စုံတွဲရဲ့ ဒုက္ခ ။

  • "Poochie" ဝတ္ထုတိုမှာ ဆိုရင် စီးပွားရေးလုပ်ငန်းရှင်ဟောင်း သတ်လတ်ပိုင်း လူတစ်ယောက်ကို အိမ်မွေးတိရစ္ဆာန်လို မွေးထားတဲ့  မူလတန်း ကျောင်းသူ နှစ်ယောက် အကြောင်း ။

Dolores Claiborne by Stephen King

 đŸ“• Dolores Claiborne by Stephen King 📕


ဒီစာအုပ် ကို စမြင်တော့ စာအုပ် အဖုံးကို ကြည့်ပြီး 
ကာဗာကြီးက ဆွဲဆောင်မှု့ မရှိဘူး။ ဘယ်လိုကြီးပါလိမ့်၊ ဇာတ်လမ်းကော ကောင်းပါ့မလားလို့တောင် မဝယ်ခင် တွေဝေခဲ့မိတယ် ။


ဒါပေမယ့် Stephen King ဆိုတာကို ယုံပြီး ဝယ်လိုက်တယ်ပေါ့။ အဲ့ဒါနဲ့ movie ကို အရင်ဒေါင်းပြီး ကြည့်လိုက်တယ် ။ ကောင်းတယ် ။ 

ကိုယ့်စာအုပ် အဖုံးက နေကြတ်နေတဲ့ပုံ၊  တချို့စာအုပ်အဖုံးမှာ‌က ရေတွင်းပေါ်က အမျိုးသမီးတစ်ယောက်ပုံ၊ တချို့စာအုပ်မှာက လှေကားပုံနဲ့  ။


ဇာတ်လမ်းက .....📕📕📕

၆ မိနစ် နေကြတ်နေတဲ့ အချိန် ၊ခြံနောက်ဖက်က ရေတွင်းပျက် တခုမှာမတော်တဆ ပြုတ်ကျသေအောင် စီမံခဲ့တဲ့ လူသတ်မှု့ တစ်ခု နဲ့ လှေကားပေါ်ကနေ ကိုယ့်ဘာကိုယ် ပြုတ်ကျ သတ်သေအဆုံးစီရင်တဲ့ လူသေမှု့တခု၊ 



စွပ်စွဲခံရတာက  Dolores Claiborne ဆိုတဲ့ အမျိုးသမီး တစ်ယောက်၊ အသက်၆၆နှစ်ထိ သူဖြတ်သန်းခဲ့ရတဲ့ ဘဝကြမ်း ၊ အရက်သမား ယောကျာ်းဆိုးကို ရထားတဲ့ အမျိုးသမီး၊ အိပ်မက်ဆိုးတွေမက်ခဲ့ရတဲ့ ဘဝကြမ်း ၊

သမီးကို ကာကွယ်ချင်တဲ့ အမေတစ်ယောက် အနေနဲ့ Dolores ဆိုတဲ့ အမျိုးသမီး နေရာက ရေးထားတယ်။

🛑 ဒီစာအုပ်ထဲမှာ အမျိုးသမီးတွေကို အိမ်အတွင်း
အကြမ်းဖက်မှု့ပါတယ်။ သမီးမွေးထားတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေ သတိထားစရာလေးတွေနဲ့ ကောင်းတယ်။ 🛑

Spoiler Alert...🛑

🛑Spoiler Ahead 🛑


📖  ဇာတ်လမ်း 📖
Little Tall Island မှာနေတဲ့ Joe St George နဲ့  Dolores Claiborne တို့မှာ ကလေး သုံးယောက်ရှိတယ်။

ဇာတ်လမ်းအစ....   Doloresတစ်ယောက် သူ နှစ်တွေ
အကြာကြီး အိမ်အကူ အလုပ်လုပ်ခဲ့တဲ့ အိမ်က 

Vera Donovan ဆိုတဲ့ လေဖြတ်နေတဲ့ အမျိုးသမီးကြီး  လှေကားပေါ်ကနေပြုတ်ကျ သေဆုံးသွားတယ်။

အဲ့ဒီအချိန် အနားမှာ Dolores တစ်ယောက်ပဲရှိနေခဲ့တာကို စာလာပိုတဲ့ စာပို့သမားက မြင်တယ်။ Dolores ရဲ့ လက်ထဲမှာလည်း ဂျုံနှဲတဲ့ ကျောက်သား  rolling pin ကြီးနဲ့၊ 

Vera Donovan ကို သတ်မှူ့နဲ့ စွပ်စွဲခံရတယ် ။ 
ကျွန်းလေးက လူတွေက Dolores သတ်တာပဲဖြစ်မှာလို့ လက်ညှိုးထိုးကြတယ်။

အဲ့လိုနဲ့ လူသတ်မှု့နဲ့ စွပ်စွဲခံထားရတုန်း ရဲစခန်းမှာ ရဲမှူး 
Andy Bissette ကို  ထွက်ဆိုချက်ပေးဖို့  Dolorea ဟာ သူ့ဘဝ ၊ သူဖြတ်သန်းခဲ့ရတဲ့ ဘဝကြမ်း၊ ကြုံတွေ့ခဲ့ရတဲ့  အရက်သမား ယောကျာ်းဆိုး နဲ့ အိမ်ထောင်ရေး၊  

သူနဲ့သူ့အလုပ်ရှင် Vera Donovanဆိုတဲ့အမျိုးသမီးနဲ့  
နှစ် ၃၀ကျော် သံယောဇဉ်၊  Vera Donovan သေဆုံးတဲ့ နောက်ဆုံးအချိန်ထိကို ရဲ မှတ်တမ်းမှာ  တောက်လျှောက် story telling ပြောပြနေတဲ့ ပုံစံရေးထားတယ် ။  

🛑ဇာတ်လမ်းက ဦးကင်းရေးနေကျ  Horrorမျိုး မဟုတ်ဘူး။ လူတွေရဲ့ ကြောက်စရာ အငုံစိတ်၊လူတွေရဲ့ ဖြစ်တက်တဲ့ သဘောသဘာဝကိုပြောပြတဲ့ ဝတ္ထုမျိုး၊  ဦးကင်းရဲ့ ထုံးစံအတိုင်း အရေးအသား အသေးစိပ်ပြီး ပေရှည်တယ်။ ထူးခြားချက်က တခြားစာအုပ်တွေလို ခေါင်းစဉ်ခွဲ chapter တခုမှ မပါဘူး ။ 🛑

ဦးကင်းရဲ့ story telling လက်ရာကို ဖတ်နေရင်း စာအုပ် ဂျီးများတဲ့ ကိုယ်တောင် သဘောကျမိတယ်။ 

 
 Dolores ကို အခုမေးတဲ့ အဲ့ဒီ ရဲမှူး Andy Bissette ဟာလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက Dolores ဟာ သူ့ယောကျာ်းကို သတ်ခဲ့တဲ့သူလို့ စွပ်စွဲထားခဲ့တဲ့ အရာရှိပေါ့။ 
 




ရဲမှုး Andy Bissetteတင် မဟုတ်ပါဘူး၊ Little Tall Island တကျွန်းလုံးက ယောကျာ်းကို သတ်တဲ့ မိန်းမကြီးဆိုပြီး နှာခေါင်းရှုံ့၊ကဲ့ရဲ့ခဲ့ကြတာပေါ့။ 

👵Vera Donovan ဆိုတဲ့ အမျိုးသမီး.. 👵
သူက Little Tall Island မှာ အပန်းဖြေစံအိမ်ကြီးရှိတယ်။နွေရာသီဆိုရင် အပေါင်းအသင်းတွေဖိတ်၊ ပွဲတွေလုပ်ပြီး  စံအိမ်မှာ လာအပန်းဖြေကြတယ် ။

Vera က အလုပ်သမားတွေအပေါ် စည်းမျဉ်း စည်းကမ်း‌ တွေများတယ်၊ ခက်ထန်တယ်၊ ဒေါသကြီးတယ်၊
 
ဇီဇာခပ်ကြောင်ကြောင် အမျိုးသမီးကြီး တဦး။ 
ခြေသုတ်ခုံ ဖုန်ခါတာကအစ အိပ်ရာခင်းတွေ လှန်းတာလေကြောင်း တည့်မတည့် အဆုံး  တိတိကျကျ အသေးစိပ် မှန်ပြောင်းနဲ့ကြည့်ပြီး ဇီဇာကြောင်တဲ့သူမျိုး။

တနေ့တာ သူ့အိမ်မှာ လုပ်ရမယ့် စည်းမျဉ်း စည်းကမ်း တွေ မလိုက်နာနိုင် ချိုးဖောက်မိလို့ ထွက်သွားကြရတဲ့ အလုပ်သမားတွေ အများကြီး။

သူနဲ့ အဆင်ပြေတဲ့ အလုပ်သမားက ခပ်ရှားရှား၊ 
Dolores Claiborne တစ်ယောက်ပဲ အနားမှာ နှစ်တွေအကြာကြီး သည်းခံနေတာ။

အကျဉ်းချုံးပြောရရင် Vera Donovanရဲ့အမျိုးသားက တခါတလေပဲ Vera နဲ့အတူ စံအိမ်မှာ လာနေတာ ။ 

Vera ဟာ သူ့ယောကျာ်း ဖောက်ပြန်တာ သိတယ်။ အဲ့ဒါကြောင့်  တနှစ်မှာ သူ့ယောကျာ်းကားကို အက်စီးဒန့် ဖြစ်သလို ပုံစံ ဖန်တီးလိုက်တယ်။ အဲ့ဒီ့ ကား အက်စီးဒန့်မှာပဲ သူ့ယောကျာ်းဆုံးသွားတယ် ။ဖောက်ပြန်တဲ့ ယောကျာ်းရဲ့ ပိုင်ဆိုင်သမျှကို  Vera Donovan ပဲရသွားတယ်။ကလေးနှစ်ယောက် နဲ့လည်း ခပ်တန်းတန်းဖြစ်သွားတယ်။ 

Vera Donovan  ဟာ 1968 မှာ ပထမတကြိမ် လေနည်းနည်းဖြန်းတယ်။ ဒုတိယအကြိမ် ဖြစ်တဲ့ 1975 မှာ ပိုဆိုးသွားတယ်။သားသမီးတွေကလည်း သူရှိတဲ့ကျွန်းကို လာမကြည့်ကြဘူး။ 

သူဟာ မနှစ်မြို့စရာ ကောင်းတဲ့ မိန်းမကြီးဖြစ်ပေမယ့်၊ သူ့ကလေးတွေ က သူတို့ အမေကို လာကြည့်သင့်တယ်လေ။ ချီး သေးကအစ Dolres Claiborneပဲ လုပ်ပေးရတယ်။ ဝှီးချဲနဲ့ပဲ သွားရတယ်။

ကျောက်ကပ်ကလည်း မကောင်းတော့ဘူး။ လေဖြတ်ထားတဲ့အရှိန်နဲ့ မျက်စိအမြင်အာရုံကလည်း တဝက်ကွယ်နေပြီ။ မြင်တချက် မမြင်တချက်။ 

တခါတလေ Vera ဟာ ကလေးကြီး တစ်ယောက်လိုအော်ဟစ်ငိုတယ်။တခါတလေ သူ့ကိုယ်သူ ဘယ်သူမှန်း
မသိ၊ Dolres ဆိုတာ ဘယ်သူမှန်းမသိတဲ့အချိန်တွေလည်း ရှိခဲ့တယ်။  

ကုတင်ပေါ်မှာ မလှုပ်နိုင် Diaper ဝတ်၊ရာဘာ ဘောင်းဘီ ဝတ်နေခဲ့ရတဲ့အချိန်တွေ၊

အခုတော့ ဇီဇာကြောင်လှပါပြီဆိုတဲ့ Vera Donovan
ဆိုတဲ့အမျိုးသမီးကြီးဟာ သူ့ဘဝတလျှောက်လုံး သိခဲ့တဲ့ 

လူတွေနဲ့ အဝေးကြီးမှာ ရှိတဲ့ ကျွန်းလေးပေါ်က အိမ်ကြီးရဲ့အပေါ်ထပ် အိပ်ခန်းထဲမှာ တနေ့တနေ့ ဘာမှ လုပ်စရာမရှိ ၊ သေမယ့်နေ့ထိုင်စောင့်နေရတဲ့ အထီးကျန်ဝမ်းနည်းတက်တဲ့ မိန်းမအိုကြီးဖြစ်နေပြီ။

သူ့ယောကျာ်းနဲ့ ပတ်သတ်ပြီးလည်း အိပ်မက်ဆိုးတွေ မက်တုန်း ။ Dolores နဲ့ Vera Donovan ဟာ နှစ်တွေ 
အကြာကြီး မတည့်အတူနေလာကြပြီး ၊သံယောဇဉ်ကြီးလာကြတယ်။ 

👵🏻👵🏻Dolores နဲ့ သူ့ ယောကျာ်း Joe  St George 👴🏼👴🏼

Dolores တစ်ယောက် ဘာလို့ အိမ်ထောင်ပြုခဲ့မိလဲ စဉ်းစားလိုက်‌တော့ သူ့ဗိုက်ထဲမှာ ၆ပတ် အရွယ်  မိန်းကလေး ကိုယ်ဝန်ရှိတာကစတယ်။ 

Joe ကိုပြောလိုက်တော့ သူကလည်း လက်ထပ်မယ်၊
သေခြင်းတရားကပဲ သူတို့ကို ခွဲနိုင်မယ်ပေါ့၊ 

အိမ်ထောင်ပြုချင်တဲ့ ကျန်တဲ့အချက် တွေကတော့ တခြား အသုံးမဝင်တဲ့ အကြောင်းပြချက်တချို့ ပေါ့ ။ 

အိမ်မှာအမေနဲ့ ဆူပူပြောဆိုနေရတာကိုလည်း မလိုချင်ဘူး။ အဖေရဲ့အဆူ‌အငေါက် ခံနေရတာကိုလည်း စိတ်ပင်ပန်းတယ်။ 

Dolores ရဲ့ ကျန်တဲ့ သူ့သူငယ်ချင်းတွေ တော်‌တော်‌များများလည်း သူတို့ သီးသန့် ဘဝလေးတွေနဲ့ အိမ်လေးတွေနဲ့ မိသားစု ကိုယ်စီနဲ့ပေါ့။ 

Doloresတစ်ယောက် မိဘတွေ အနားမှာ  မိန်းမငယ်လေးတစ်ယောက်လို  စိတ်ပူပန်၊အအော်အငေါက်ခံနေရတာထက်၊ အိမ်ထောင်ကိုယ်စီ၊ မိသားစုကိုယ်စီနဲ့  သီးသန့်နေရတဲ့ ဘဝတွေကို အားကျမိတယ်ပေါ့ ။ 

Joe ဟာလည်း သူ့ကိုချစ်တယ်၊ လိုချင်တယ်ပြောတယ် ၊အဲ့ဒါလည်း ယုံခဲ့မိတာပဲ ။

အဲ့ဒါတွေကပဲ မကောင်းတဲ့အိမ်ထောင်ရေးကို ဖြစ်စေသလားပဲ ။

Joe ဟာ အရက်သောက်တယ်၊သောက်ရင် သွေးဆိုးတယ်။ အလုပ်လုပ်နေပေမယ့် ဘာမှ ဖြစ်မြောက်တာမရှိဘူး၊ Dolores ကပဲ ကလေးတွေ စရိတ် အိမ်အကူလုပ်ရင်း အဓိက ရှာပေးရတယ်။ 



ဒီကြားထဲ မိန်းမကို ရိုက်တယ်၊ ပထမပိုင်းတွေ‌တော့ Dolores အရမ်း ခံရတယ်။  သည်းခံခဲ့တယ်။ တည ညစာပြင်နေတဲ့အချိန် Dolores ရဲ့နောက်ကျောကို ထင်းချောင်းနဲ့ပါ နာအောင် ဖြတ်တီးတက်တဲ့ လူမျိုး ။   

နောက်ပိုင်းတော့ Dolores အသားနာလာတော့ သည်းမခံနိုင်တော့ဘူး။ Joe သွေးထွက်အောင် ပြန်တီးပြစ်တယ်။ 

နောက် Dolores ကပြောလိုက်သေးတယ်။
" မင်း ငါ့ကို နှိပ်စက်တဲ့အချိန်တွေ ပြီးသွားခဲ့ပြီ၊နောက်ထပ် လက်ပါလာခဲ့ရင် ငါတို့နှစ်ယောက် ထဲက တစ်ယောက်ယောက် ဆေးရုံ ရောက်ရင် ရောက်၊မ‌ရောက် ရင် အလောင်းပြင်တဲ့နေ‌ရာတော့ ရောက်မှာပဲ " လို့ Doloresကလည်း ပြန်ခြိမ်းခြောက်ထားတယ်။

 đŸ‘´đŸźJoe နဲ့ သမီး Selena 👩

အဲ့နောက်ပိုင်းခပ်ကြာကြာ၊ နောက်တပူဖြစ်ပြန်တယ်။ 

Dolores ဟာ သူ့သမီး Selena ရဲ့ အပြုအမူတွေ ထူးဆန်းနေတာ သတိထားမိတယ်။ ဆယ်ကျော်သက်အရွယ်  Selena ဟာ သူ့ကိုယ်သူ မလုံခြုံဘူး ခံစားရတယ်။
 
အိမ်နေရင်းအဝတ်အစားမျိုးနဲ့လည်း ကျောင်းသွားတယ်၊ သူရဲ့ လှပတဲ့ကိုယ်လုံးကိုလည်း မလှမပ အဝတ်တွေနဲ့ ဝတ်ဆင်ပြီးနေတယ်။ 

ကျောင်းအတန်းပြီးရင်လည်း အိမ် ပြန်မလာဘူး၊ အဖေကိုလည်း ရှောင်နေတယ်။ အမေဖြစ်သူက Dolores က စိတ်ပူနေ တယ်၊ ဘာကြောင့်ဆိုတာ မေးလည်း မဖြေဘူး။

Dolores တွေးတာက ရည်းစားဘာညာ ကိစ္စများလားပေါ့။ နောက်တော့ အခြေအနေသိရအောင် တနေ့ Selena ရဲ့ ကျောင်းအဆင်းကို Doloresသွားကြိုတယ်။ 

ကျောင်းအခန်းထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ Selenaတစ်ယောက်ထဲ စာငုံ့လုပ်နေတယ်။ အိမ်ပြန်လမ်း မှာအတင်းမေးတော့မှ  ဘာကြောင့်ဆိုတာ  Dolores တစ်ယောက် သိသွားတော့တယ်။ 

🛑Joe ဟာ အရက်သောက်လာလို့ သွေးဆိုးလာရင် ကလေးကို ဗလက္ကာရ လုပ်တာ၊
( မုဒိန်းကျင့်တဲ့အဆင့်ထိ မရောက်သေးပေမယ့် သမီးအရင်းကိုတောင် ကစ်ဆွဲခိုင်းတာ၊နည်းနည်း ထိချင် ကိုင်ချင်တာ၊ သူ့ရဲ့ကျားအင်္ဂါကို  လက်ဆော့ခိုင်းတာမျိုး )🛑




🛑အရက်ရှိန်ကြောင့် သမီးအရင်းဆိုတာကိုတောင် မမြင်နိုင်တော့တာနေမယ်။ ( ကိုယ်တွေနိုင်ငံမှာလည်း ဒီစာအုပ်ထဲကလိုအဖြစ်တွေ ရှိတယ်၊ တချို့ရွာတွေမှာ အရက်သမားအဖေက သမီးအရင်းကို မုဒိန်းကျင့်တာတို့ အဲ့လိုသတင်းတွေ တက်တက်လာတာ တွေ့ရတယ် ) ။ 🛑

ဒီကြားထဲ Joe ဟာ  မိန်းဖြစ်သူ Dolores အိမ်ဖော်လုပ်ရင်း သမီး‌ကျောင်းစရိတ်အတွက်  သီးသန့် လုပ်ပြီး စုပေးထားတဲ့ bank acc ထဲက ငွေကို  သူ့နာမည်နဲ့ Acc ထဲ သီးသန့်ပြောင်းထည့်လိုက်တယ် ။

အဲ့လိုဖြစ်မှာစိုးလို့ Dolores ဟာ သတိနဲ့ ဘဏ်စာအုပ် ကို ဝှက်ထားတာ ။ 

အဲ့အတွက်နဲ့ Dolores မှာ သူ့လက်ထဲ သမီးနာမည်နဲ့ bankစာအုပ်ကြီးကိုင်ထားရက်နဲ့ ယောကျာ်းဖြစ်သူက 

အုပ်ထိန်းသူအနေနဲ့acc ထဲက ငွေပြောင်းငွေလွှဲ လုပ်လိုက်တာကို bankက သူ့ဆီ မဆက်သွယ်ခဲ့ဘူး။

(ဘဏ်ဘက်တော့ သမီးဖြစ်သူရဲ့accကို ဖခင်ဖြစ်သူJoe က ပြောင်းတာပဲ၊ မိန်းမဖြစ်သူ ဘာသိစရာလိုသလဲ ဆိုတဲ့ ပုံစံ ) 

အမှန်ကအဲ့ပိုက်ဆံတွေဟာ တနှစ်ပတ်လုံး Dolores 
တစ်ယောက်Vera Donovan ရဲ့ အိမ်မှာ အိမ်ဖော်လုပ်ရင်း 

ကလေးတွေ ကျောင်းစရိတ်တွေ အတွက် စုထားရတဲ့ပိုက်ဆံ၊ Joe ရဲ့ ပိုက်ဆံ ခြူးတပြားတောင် မပါဘူး ။ 

အဲ့အတွက် bank နဲ့ပြဿနာတက်ရ၊ပြဿနာရှာလိုက်ရတယ်။

Dolores တစ်ယောက် Joe ကို တော်တော်သတ် ပြစ်ချင်စိတ်ပေါက်နေပြီ။ သမီးကြီးSelena ဟာလည်း စိတ်ဒဏ်ရ နေရတယ်၊ သူ့အဖေမြင်ရင် ကြောက်နေပြီ။

သားအလတ် Joe Junior ကတော့ သူ့အဖေကို မုန်းနေတဲ့သူ၊ အငယ်ကောင် Little Pete တစ်ယောက်ပဲ အဖေကို သံယောဇဉ်ကြီးတာ ။

Dolores ဟာ Vera အိမ်မှာ အလုပ်သာလုပ်နေရတယ်။သမီး Selena အတွက် စိတ်ကမဖြောင့်ဘူး။ဘာများဖြစ်မလဲ စိတ်ပူနေရတယ်။ 

Joe ဖြောင် /ဘတ်သွားတဲ့ ကလေးကျောင်းစရိတ်‌ တွေ အတွက်လည်း ပူရတယ်၊ စိတ်ပင်ပန်းလွန်းလို့ ငိုတယ်။

 Vera Donovan က Dolores အရင်ကလို မဟုတ်တာ သတိထားမိတယ် ။

အပြင်ကသာ အပေါက်ဆိုးပေမယ့် Vera ဟာ Dolores အပေါ် သံယောဇဉ်ကြီးတယ်၊ ကြင်နာတယ် ။

အကြောင်းတရားကို မေးတော့မှ သိတယ်။ 

Dolores ဟာ ဒီကျွန်းကနေ  သူ့ယောကျာ်းနဲ့ ဝေးရာကို ကလေးတွေနဲ့ ရှောင်ပြေးချင်နေတယ် ။ အဲ့အတွက် 
စုထားတဲ့ ပိုက်ဆံကို Joe ကဘတ်ထားတယ် ။ 

Vera က  ရှောင်ပြေးရင်တောင် ဘယ်လောက်ဝေးဝေး ရှောင်နိုင်မှာ မို့လဲ တဲ့။ တချိန် မင်းတို့ရှိမယ့်နေရာ လိုက်လာနိုင်တာပဲ ။ Dolores ကို သန်မာစေဖို့ Vera က အမြဲ တွန်းအားပေးတယ်။  ရင်ဆိုင်ဖို့ အကြံပေးတယ်။




ဒီစာအုပ်ထဲက နာမည်ကြီးသွားတဲ့ quote လေး
Vera Donovan က  Dolores ကို ပြောခဲ့တာ....
💛"Sometimes you have to be high riding bitch to survive. Sometimes being a bitch is all a woman has to hold onto."( Pg-170…)💛

နှစ်တွေအကြာကြီးကြာမှ ဖြစ်စဉ်ထူးတဲ့နေကြတ်တဲ့
တနေ့၊ ခြံနောက်ဖက်မှာ ဘလက်ဘယ်ရီခြုံပုတ်ပင်တွေရှိတယ်။ 

အဲ့ဒီ့အနားမှာ  မသုံးတော့တဲ့ ရေတွင်းဟောင်းရှိတယ်။ 

ဒါကို ဒီ ခြံပိုင်တဲ့ Dolores ပဲ သိတယ်။ 

🛑🛑 SPOILER AHEAD 🛑🛑
🛑🛑 SPOILER ALERT 🛑🛑

နေကြတ်တဲ့ ရက်မှာ Veraဟာ Dolores ကို အလုပ်နားခွင့် ပေးထားတယ်။ နေ့ကြတ်တဲ့ ရက်မှာ Dolores သူ့ယောကျာ်း ကို တခုခု ရင်ဆိုင်လုပ်တော့ မယ် ဆိုတာ 
သိတယ်။ Joe ကြိုက်တဲ့ အကောင်စားအရက်တွေနဲ့ နေကြတ်တာကြည့်ဖို့ ဖလင်ပြား ပေးလိုက်တယ်။



နေမကြတ်ခင်လေး Dolores တွေဝေနေသေးတယ်။ နောက် စကားများတယ်။နောက်ဆုံး နေကြတ်နေတဲ့အချိန်မှာ ဘလက်ဘယ်ရီ ခြုံပုတ်ပင်တွေနားက ရေတွင်ပျက် ရှိရာ ပိုက်ဆံဝှက်ထားသလိုနဲ့ Joe ကို ဆွဲဆောင်ခေါ်သွားတယ် ။ 



အစောပိုင်း ရေတွင်းနားက ခြုံပုတ်ပင်မှာ ပုဝါလေးနဲ့ အမှတ်အသားလုပ်ခဲ့ပေမယ့် နေကြတ်ပြီး မဲမှောင်လာတော့ မမြင်ရတော့ဘူး။ 

ရေတွင်းနားက ကျောက်အစွန်းလေးထွက်နေတာကို မြင်ပြီး ခုန်ကျော်လိုက်ပေမယ့် Joe တစ်ယောက် ရေတွင်းထဲ ဟန်ချက်ပျက်ပြီး ပြုတ်ကျသွားတယ်။ 


ကံဆိုးတာက ရေတွင်းပျက်က ခမ်းခြောက်နေတာမဟုတ်ဘူး။ ရေနည်းနည်းနဲ့ ပျော့နေတော့ Joe က မသေသေးဘူး။ ခဏနေတော့ မူးပြီး ရေတွင်းပျက်ထဲ ပြုတ်ကျနေတဲ့ Joe ဆိုတဲ့မကောင်းတဲ့ကောင်က ရေတွင်းနံရံ အစွန်းလေးတွေ ကို ကုတ်ကပ်ပြီး ရအောင် တက်လာတယ်။ 

Dolores က အခြေအနေ သိရအောင် ဓာတ်မီးနဲ့ တခေါက်လာကြည့်တဲ့အချိန်  ရေတွင်းအောက်ခြေက တက်လာတဲ့ 

Joe က Dolores ခြေကျင်းဝတ်ကို ဖမ်းဆွဲပြီး ဆွဲချတယ်၊ ဓာတ်မီး‌လည်း အဝေးကိုရောက်၊  ကံကောင်းလို့ Dolores ပြုတ်မကျဘူး ။ 

( ဒီအခန်းတွေက ဖတ်ရတာ ရင်တထိတ်ထိတ်ပဲ) ဟိုကဆွဲချလိုက် ၊ ရုန်းရင်းကန်ရင်းတက်လိုက် နဲ့  Dolores ဟာ အနားမှာရှိတဲ့ ကျောက်တုံးကြီးနဲ့ Joeကို အားကုန်သုံး ရိုက်ချလိုက်တယ်။ 

ဒီတခါတော့ ရေတွင်းပျက်ထဲ Joe အော်ရင်း ပြန်ပြုတ်ကျပြီး ဇတ်ကျိုး ပြီး သေသွားတယ်။

ကျွန်းပေါ်က လူတွေ အားလုံး နေကြတ်တာကို ကြည့်နေတဲ့အချိန် Dolores တစ်ယောက် Joe ရဲ့ အော်သံ ငြီးသံကြီးကို တစ်ယောက်ယောက်များ ကြားလိမ့်မလား စိတ်ပူမိတယ် ။ 

ရေတွင်းပျက်ထဲကို  အရက်ပုလင်းပါပစ်ချလိုက်တယ်။  နောက်တော့ အိမ်ပြန် သန့်ရှင်းရေးလုပ်၊ Joe များ အသက်ရှင်ရက် သူ့ရှေ့ပေါ်လာဦးမလား ရင်တထိတ်ထိတ်နဲ့ အိပ်လိုက်ရတယ်။

အဲ့နေ့က ကလေးတွေက အိမ်မှာ မရှိကြဘူး။နောက်တနေ့ နိုးတော့ Joe တကယ်သေသွားပြီဆိုတာ သိလိုက်တယ် ။ 

လူပျောက်တိုင်တယ် ။ပတ်ဝန်းကျင်က Joe ရဲ့ သူငယ်ချင်းတွေကိုလည်း  Joe အိမ်ပြန်မအိပ်ကြောင်း လူပျောက်နေကြောင်း ပြောတယ်။  

Selena က ပြန်လာတော့ ရိပ်မိသလို။ သူ့အမေကိုမေးတယ်။ Joe ကို တခုခုလုပ်လိုက်သလားဆိုတော့ Dolores ကတော့ လိမ်ပြီး No လို့ပဲ ပြန်ဖြေတယ်။

နောက်ရက်ကျတော့ ရေတွင်းပျက်ထဲက  Joe အလောင်းကို တွေ့သွားကြတယ်။ Joe ဆုံးသွားတဲ့ အချိန်မှာ Selena က အသက်၁၅ နှစ်၊ Joe Junior ကအသက်၁၃၊ အငယ်ဆုံး Little Pete က အသက်၉နှစ်ပဲရှိသေးတယ်။

 Doloresရဲ့ သားအလတ်ဖြစ်တဲ့   Joe Juniorက 
အဖေ့အလောင်းကို တွေတော့ သူက နဂိုကတည်းက 

အဖေ့အကျင့်၊သောက်တာတွေကိုမြင်ပြီး အဖေဆိုတာကို  ချစ်ချင်ပေမယ့် အပြုအမူကို မြင်ပြီး ချစ်လို့ကိုမရခဲ့ဘူး ။ 

Joe Junior သူပြောတာလေးက 'Ma,he says,'if I was glad he was dead, would God send me to hell ?' 

အဲ့နောက်မှာ Joe အလောင်းကို medical examiner ဘာညာနဲ့ စစ်သေးတယ်။အဲ့လူက သိပ်မထက်လို့  တော်သေးတယ် ။ ဒါပေမယ့် Doloresကို မျိုးစုံလှည့်ပတ်မေးစစ်သွားတာကို  Dolores တစ်ယောက် ပါးပါးနပ်နပ်နဲ့ပဲ ရှောင်နိုင်ခဲ့တယ် ။

ဒါပေမယ့် Dolores တစ်ယောက် Joe ရေတွင်းထဲပြုတ်ကျပြီး ဖြစ်နေတဲ့ မျက်နှာကြီး၊ငြီးတွားနေသံကြီးကို တော်တော်ကြာတဲ့အထိ အိပ်မက်ဆိုးမက်တုန်း။

Dolores သူလုပ်ခဲ့တာတွေက  အိမ်တွင်းအကြမ်းဖက် နှိပ်စက်တဲ့ ယောကျာ်းရန်ကနေ သူ့ကိုယ်သူ ကာကွယ်တာ၊ သမီး Selena အဖေအရင်းရဲ့  မုဒိန်းကျင့်ခံရမှာစိုးလို့ ကာကွယ်တာ။

💛"Everything I did, I did for love...That's the strongest love there is in the world and it's the deadliest. There's no bitch on earth like a mother frightened for her kids."( Pg-301…)💛

နောက်တော့ Vera Donovanကိုပြုစုရင်းနဲ့ပဲ  Dolores တစ်ယာက် ဖြတ်သန်းနေတယ် ။ 

အဲ့ဒီမှာပဲ  Vera ဟာ ဝှီးချဲတွန်းပြီး အပေါ်ထပ်ကနေ ခုန်ချပြီး သတ်သေဖို့ကြိုးစားတယ်။ Dolores လိုက်ဆွဲပေမယ့် မမှီလိုက်ဘူး။ 

ပြုတ်ကျတယ် ။ သွေးတွေထွက်နေပေမယ့် မသေသေးဘူး။Veraဟာလည်း သူ့ပယောဂ မကင်းတဲ့ အက်စီးဒန့်နဲ့ သေသွားတဲ့ သူ့ယောကျာ်းကို အိပ်မက်ဆိုးတွေ မက်နေတုန်းပဲ။ 

Dolores က ဆေးရုံကား ခေါ်ပေးတဲ့အထိ တောင့်ထားဖို့ Vera ကို ပြောတယ် ။  Vera ကသူဆေးရုံလည်း မသွားချင်တော့ဘူး၊သူ့ကို ကူညီဖို့ မြန်မြန်လက်စတုံးပေးဖို့ပဲ ပြောတယ်။ 

Dolores ဘယ်လိုတောင်းပန် တောင်းပန် မရဘူး။ 
ပြောမရတဲ့အဆုံး မီးဖိုခန်းထဲကကျောက်သား ဒလိမ့်တုံးယူပြီး ပြန်လာတဲ့အချိန် Vera Donovan တစ်ယောက် လှေကားအောက်ခြေမှာ ဆုံးသွားပြီ။ 

လက်ထဲက rolling pinကြီးကိုင်ထားတဲ့ အခြေအနေကို စာပို့သမားက မြင်တော့ Dolores စွပ်စွဲခံရတယ်။
ဒါပေမယ့် သူသတ်ခဲ့တာ မဟုတ်တဲ့အတွက် အပြစ်မခံရဘူး ။

 
အချိန်တွေ အကြာကြီး သံယောဇဉ်ကြီးလာတဲ့ အလုပ်ရှင်Vera Donovan မရှိတော့ သူ့ရင်ထဲ ဟာတာတာကြီးဖြစ်သွားရတယ် ။ နောက်တော့ Vera Donovan ရဲ့ ရှေ့နေက Dolores ဆီကို ဖုန်းဆက်တယ်။

Vera Donovan ဟာ သူ့ ပိုင်ဆိုင်တဲ့တချို့ကို လှုဒါန်းခဲ့ပြီး၊30millionကျော်ကို  Dolores အတွက် ပိုင်ဆိုင်မှု့ကို လွန်ခဲ့တဲ့ ၅နှစ်ကတည်းက  စာချုပ်နဲ့လွှဲပေးခဲ့ကြောင်း၊

သူမရှိ‌တော့တဲ့အချိန်မှာ  Doloresကို လွှဲပေးဖို့ ရှေ့နေ့ဆီ အပ်ခဲ့တယ်။ Dolores တစ်ယောက် သူ့ကိုယ်သူ မယုံနိုင်ဘူး ။ 

Dolores က ရှေ့နေ့ကို သူဟာ  Vera Donovan ရဲ့ အိမ်အကူ သက်သက်သာဖြစ်ကြောင်း ဘာမှ မတော်စပ်ကြောင်း၊  Vera Donovan မှာ သား တစ်ယောက် သမီးတစ်ယောက်ရှိကြောင်းပြောတော့....

ရှေ့နေ့က သူ သိကြောင်း၊ Vera Donovanရဲ့ သားနဲ့သမီးဟာလည်း သူ့အဖေဆုံးပြီး နှစ်သိပ်မကြာဘူး ကားအက်စီးဒန့်နဲ့ ဆုံးသွားကြကြောင်း ပြောတယ်။ 

Vera Donovan ဟာ သူ့ဆီမှာ နှစ်‌တွေအကြာကြီး သစ္စာရှိရှိ အိမ်အကူ  အလုပ်လုပ် ပေးဆပ်ပြီး သူ့အပေါ် ကောင်းခဲ့တဲ့ Dolores ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ နောက်ဆုံးမှာ ‌30million ကျော် အမွေတွေချန်ခဲ့တာ ။

အဲ့တော့မှ Dolores တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ် ။ ဒါပေမယ့် Vera Donovanပေးခဲ့တဲ့ 30million ကျော်ကိုလည်း Dolores ဟာ အမည်မသိလူတစ်ယောက် အနေနဲ့ မိဘမဲ့ကျောင်းကို အကုန်လှုခဲ့တယ်။ 

သူ့သမီး Selena ဟာလည်း ကျောင်းစကော်လားရှစ်တွေရပြီး မြို့မှာ ကျောင်းတက်၊ တဆင့်ပြီးတဆင့်နဲ့  နယူးယောက်က ဂျာနယ်တခုမှာ အလုပ်ကောင်းရနေခဲ့ပြီ။ 

သားလတ် Joe Juniorဟာလည်း ကြိုးစားလျှက် ထိုနည်းလည်းကောင်းပဲ။ 

အငယ်ဆုံး သား Little Pete ကတော့ ပေါက်ကွဲမှု့တခုမှာ သေဆုံးသွားတယ်။

ဒီစာအုပ် ဖတ်ရင်းနဲ့ ယောကျာ်းဖောက်ပြန်တဲ့ 
💚 Vera Donovanရဲ့ ဘဝဟာလည်း ချမ်းသာပေမယ့် စိတ်မချမ်းမြေ့ရဘူး။ မကောင်းတဲ့သူ့ယောကျာ်းကို အက်စီးဒန့်ဖြစ်အောင် ကြံဖန်ပြီး လုပ်လိုက်ပေမယ့်  အဲဒီ့အတိတ်ဆိုးတွေက Vera သူ လေတွေဖြတ် မလှုပ်မရှားနိုင် ဝှီးချဲပေါ်ရောက်တဲ့အထိ ‌ အတိတ်တွေ ၊အိပ်မက်ဆိုးတွေနဲ့ ခြောက်လှန့်တုန်းပဲ။ 💚

💛Dolores Claiborneဟာ အသက်၆၆နှစ်ထိ အစွပ်စွဲခံဘဝ နဲ့ နေခဲ့ရတယ်။  မချမ်းသာသလို နှိပ်စက်တဲ့ ယောကျာ်းဆိုး၊အရက်သောက်ပြီး သမီးအရင်းကို‌တောင် ဗလက္ကာရပြုချင်တဲ့သူမျိုး ဖြစ်ခဲ့တော့ သူရဲ့ ဘဝဟာ ကြမ်းတမ်းလွန်းတယ် ။💛

💙သမီး Selena ဟာလည်း ကျွန်းလေးကထွက်သွားပြီး
စကော်လားရှစ်တွေရ၊  ကြိုးစားရင်းနဲ့ နယူးယောက်က နာမည်ကြီး ဂျာနယ်တခု မှာ အလုပ်ရတယ်အသက်၄၀ကျော်ထိ  အိမ်ထောင်မပြုခဲ့ဘူး ။ အဖေအရင်းဖြစ်သူရဲ့ ဗလက္ကာရ  ဟိုကိုင်ဒီကိုင် လက်ဆော့ခဲ့လို့ စိတ်မလုံခြုံရ၊ငယ်ငယ်က စိတ်ဒဏ်ရာတွေ အများကြီး ရခဲ့တာနဲ့လည်းဆိုင်မယ်။💙


🎬📕 Dolores Claiborne စာအုပ် နဲ့ ရုပ်ရှင် 🎬📕
 á€˜á€Źá€€á€˝á€Źá€žá€œá€˛á€†á€­á€Żá€›á€„်
📕 စာအုပ်က ဦးကင်းထုံးစံအတိုင်း ပိုအသေးစိပ်တယ်

🎬ဇာတ်ကားထဲမှာ  Selena ဆိုတဲ့ ကလေး မလေးတစ်ယောက်ပဲ ရှိတယ်။

📕စာအုပ်ထဲမှာတော့ မောင်နှမသုံးယောက်ရှိတယ် ။

📕🎬 စာအုပ်လောက်သိပ်မစုံပေမယ့် ကျန်တာ တော်တော်များများများ နီးစပ်တယ်။

Misery ဇာတ်ကားမှာ ပါတဲ့ မင်းသမီးကြီး Kathy Bates က Dolores Claiborne နေရာမှာ ပီပီပြင်ပြင် သရုပ်ဆောင်သွားတယ်။

လူသတ်မှု့ စွပ်စွဲခံရရင်း ရဲစခန်းမှာထွက်ဆိုချက်ပေး၊Dolores Claiborne ‌နေရာကနေ Chapter မခြားပဲ တောက်လျှောက် story telling ပြောပြ၊ ရေးပြသွားတဲ့
ဒီစာအုပ်ကို တော်တော် သဘောကျမိတယ်။  ။

#Dolores_Claiborne
#Book_Summary_by Hnin Yi Pwint 
Dec 23.2020

🎬ဇာတ်ကား link🎬
https://channelmyanmar.org/dolores-claiborne-1995/

Romeow and Drooliet by Nina Laden

 đŸ“•Romeow and Drooliet by Nina Laden

👶Juvenile Fiction


အမ် .."ရိုမီယို " မဟုတ်ဘူးလား လို့ မတွေးလိုက်ပါနဲ့ ။

လုံးဝ မဟုတ်ပါဘူး၊ ဇာတ်ကောင် "ရိုမီမြောင်"ပါ ။




😺😸 😺 Benny , Marky နဲ့ Romeow တို့ ဟာ Felinis စံအိမ်  ကြီး( ကြောင်ချစ်သူတွေ မွေးထား တဲ့အိမ် ) က ကြောင် ညီအစ်ကို တွေလည်း ဖြစ်သလို အခင်ဆုံးသူငယ်ချင်း တွေလိုပဲနေကြတယ်။ 


တနေ့တော့ ကြောင်စံအိမ်ထဲမှာ ပျင်းလာတာနဲ့၊ မျက်စိအစာကျွေးရအောင် ပန်းခြံထဲ သွားကြဖို့ လုပ်တယ် ။ 


ခွေးဧရိယာကို သွားမိပြီး  ဗလတောင့်တောင့် ခွေးကြီး ဖြစ်တဲ့  ကိုကြီးTurboက ရှုးရှဲဂူးဂဲ လုပ်လိုက်လို့၊  Romeow တို့ ‌ညီအကိုတွေ ပြန်ပြေးလာရတယ်။




🐶🐶Barkers စံအိမ်ကြီး( ခွေးချစ်သူတွေ မွေးထားတဲ့ မိသားစု)မှာ Costume Party လုပ်မယ် ၊ ဆော်လမွန် ငါးကင်၊ပုဇွန်ကင်နဲ့ပါ ဧည့်ခံမယ် ကြား တော့ Romeow တို့ ညီအစ်ကိုတွေ အိမ်ကို ပြန်ပြီး မွှေ၊ အပြေးအလွှား ဝတ်စုံ ရှာကြတယ် ။


Romeow ကတော့ "Barkers စံအိမ်ဟာ ကြောင်တွေကို မုန်းတယ်"လို့လည်း ပြောတယ်။ Marky ကတော့ "ဆိုင်းဘုတ်ကို ကြည့်ပါလား" ၊ "အားလုံးကို ကြိုဆိုပါ" ၏ လို့ရေးထားတယ်လေ။

 

ခပ်တည်တည်နဲ့ ဝင်သွားကြတော့ ပါတီပွဲမှာ Barkers စံအိမ်သခင်တွေ မွေးထားတဲ့ ခွေးမချောလေး Drooliet ကို   á€žá€á€­á€‘ဏးမိသွဏးတယ် ။  


Romeow က Drooliet နဲ့ ကဖို့ ခွင့်တောင်းရင်း ကြည်နူး နေတုန်းရှိသေး၊ ကြောင် မကြိုက်တဲ့ Barkers စံအိမ် အစောင့်ဖြစ်တဲ့ ဗလတောင့်တောင့် နဲ့ ကိုကြီးTurbo က ရန်လို မောင်းထုတ်တာနဲ့ Romeow ထွက်ပြေးရတယ် ။


ထွက်သာလာခဲ့ရတယ်။  Romeow အတွက်တော့ Drooliet အကြောင်းကို ခေါင်းထဲက ထုတ်မရခဲ့ဘူး။

Romeow နဲ့ Drooliet ဟာ မြင်မြင်ချင်း ချစ်မိသွား ကြပြီကိုး ။




နောက်တနေ့တော့  နှစ်ဦးသဘောတူ လက်ထပ်လိုက် ကြတယ် ။ ချစ်ကြည်နူးပြီး ပန်းခြံထဲကဖြတ် ပြန်လာရုံ ရှိသေး၊ ဗလတောင့်တောင့် ကိုကြီးTurbo က ဝင်ရှုပ်၊ရန်ပွဲဖြစ်၊ လူအုံ ၊ ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်။ 


ကိုကြီး Turbo နဲ့ Drooliet တို့ရဲ့ သခင် Barkers တွေ ရောက်လာတော့ Turbo ကို ကြိုးချည်၊ Drooliet ကို လည်း သူ့သခင် Barkers တွေကလည်ပတ်ကြိုး တပ်ပြီး ထိန်းဖို့ပြင်၊ Drooliet ကလည်း အတပ်မခံရအောင် ထွက်ပြေး ။


Drooliet နောက်ကို Romeow  လိုက်မလို့ ရှိသေး၊ တိရစ္ဆာန်ထိန်းသိမ်းရေးက  Romeow လည်ဂုတ်ကို ဆွဲခေါ်၊  ကားပေါ်တင်၊ အရှိန်နဲ့ မောင်းပြေး ၊


Drooliet နောက်ကို   á€žá€á€„် Barkersတွေကလိုက်

Romeo dewရဲ့ ညီအစ်ကိုတွေကလည်း ကားနောက်ကိုဖြတ်လမ်းကလိုက် ။ တိရစ္ဆာန်ထိန်းသိမ်းရေး ကားက သတ်မှတ်နေရာရောက်တော့ ရပ်၊နောက်ကလိုက်လာ တဲ့   Romeow တို့ ညီအကိုတွေနဲ့  Barkers တွေက လည်း ရောက်လာ။




Romeow မြင်လိုက်ရတာက လမ်းတဖက်နဲ့ ကားလမ်း ကို မကြည့်ပဲ  Romeow ဇောနဲ့ လမ်းဖြတ်ကူးလာတဲ့ Drooliet ။


အဲ့အချိန်မှာပဲ  ကျွိ ..ဒိန်း.!!! (စာအုပ်ထဲမှာ ဒီအသံတော့မပါဘူး။ ကားလမ်းပေါ် လဲကျသွားလို့ ကိုယ့်ဘာကို အသံထည့်ပေးထားတာ 😁)


"Drooliet" Romeow cried ,"my love ,my wife"


"We haven't even been married a day", he sobbed as he rubbed her head with his.


အဲ့ဒီ‌နောက်....

Romeow  နဲ့ Drooliet တို့ ပျော်ရွှင်ပေါင်းဖက် နိုင်ကြမလားဆိုတာတော့ နောက် စာတမျက်နှာ ထပ်ဖတ်ပြီး ရင် ဇာတ်သိမ်းပါပြီ ။




စာမျက်နှာ ၄၄ ကို ချစ်စရာပုံလေးတွေ နဲ့ စာ ၊ တွဲ ပါတဲ့အတွက် ကလေးတွေ ဖတ်လို့အဆင်ပြေတဲ့ စာအုပ်လေးပါ ။


စာအုပ်က ချစ်ဖို့ကောင်းလို့ လူကြီး ဖတ်ချင်ရင်တော့ အလွန်ဆုံး ၅မိနစ်လောက်အချိန်ပေးရင် ရပါပြီ။


#Romeow_and_Drooliet by Nina Laden

#booksummary by Bookish In Fiction Land 

#ကလေးစာပေ 

3 May, 2022

You by Caroline Kepnes

 đŸ§Ą You by Caroline Kepnes 🧡

ဒီစာအုပ်ဟာ သူ့ခေတ် သူ့အခါက နာမည်ကြီးခဲ့တဲ့  Psychological Thriller စာအုပ် တအုပ်။ 


Series ထွက်လာပြန်တော့ Joe Goldberg နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားချောလေး Penn Padgley ရဲ့ တည်တည်ငြိမ်ငြိမ် သရုပ်ဆောင် ကောင်းမှု့ကြောင့်ရော၊


Beck နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီးချောလေး Elizabeth Lail ရဲ့အီတီတီ ပြီတီတီ ဆွဲဆောင်မှု့ရှိတဲ့ မျက်နှာပေးကြောင့် Caroline Kepnes ရဲ့ You series က

ပိုပြီး နာမည်ကြီးလာတယ်။


🟥🟥🟥 Spoiler ပါ ပါတယ်နော် ။ 🟥🟥🟥

🚫 Spoiler Alert 🚫


🚧 စာအုပ် နဲ့  series ကွာခြားချက် တော်တော်များများ

ရှိပါတယ် ။ တချို့ဇာတ်ကောင်တွေ  စာအုပ်ထဲမှာ မပါ 

ပါဘူး။ 


🚧 အထူးသဖြင့်series ထဲမှာ Joe သဘောကောင်းပြတဲ့ အိမ်နီးချင်း "ပါကို" ဆိုတဲ့ ကလေး နဲ့အမေ ဇာတ်ကောင် စာအုပ်ထဲမှာ မပါ ပါဘူး။ 


🚧စာအုပ် နဲ့ Audiobook မှာ ယှဉ်ရင် စာအုပ်ကို ဖတ်ရတာ ယဉ်ယဉ်လေး အချစ်ကြီး၊ အချစ်ရူး ရူးနေတဲ့ ပါးနပ်တဲ့ Stalker တစ်ယောက် ရဲ့ POVကနေ ရေးထားတာ ဆိုတော့ "ဘာတွေတုန်းဟ.. ဘာညာ" နည်းနည်း ခပ်ကြောင် ကြောင်နိုင်ပါတယ် ။


🚧You စာအုပ် ဖတ်ပြတဲ့ Audiobook ရဲ့ Narrator က‌တော့ Joe ရဲ့ character ကို ဇာတ်ကောင် ရုပ်လုံးပိုကြွအောင်၊ ပိုပြီး  creepyဖြစ်အောင် ဖတ်ပြနိုင်လို့  Audiobook မှာ နာမည်ကြီးပါတယ် ။


🚧 ‌ဒီစာအုပ်ထဲမှာ Stephen King ရဲ့ Doctor Sleep စထွက်တဲ့အချိန်မို့ Joe ဟာ သူတို့ စာအုပ်ဆိုင်မှာ  Stephen King စာအုပ်ကို ရဖို့ လူတွေ တန်းစီဝယ်ကြတာ၊ တချို့ လူအထင်ကြီးအောင် ဝယ်ပြီး မဖတ်ပဲ စင်ပေါ်တင်ထားကြတာ၊ အမေရိက ကလူတွေ Stephen King စာအုပ် စွဲလမ်းကြတာ ကို ခဏခဏ ထည့်ရေးထားတယ် ။

 


🚧 နောက်ပြီး Joeကြိုက်တဲ့ စာအုပ် တအုပ်ရှိတယ်။ အဲ့စာအုပ်က Dan Brownရဲ့  DaVinCi Code...

 

 

🚧 အချစ်ကြီးတဲ့ Psychopath ချင်း အတူတူ

Series ၊ စာအုပ်  နဲ့ AudioBook ယှဉ်မယ်ဆိုရင်


🚧 Series ထဲက Joe character မှာ မင်းသားက ချောပြီး Beck ပေါ် အချစ်ကြီးပြီး၊ အရမ်းသဘောကောင်းနေတော့ Psychopath လို့တောင် ထင်ရက်စရာ သိပ်မရှိ ။ 


🚧 Series မှာ ဇာတ်လမ်းသာ ပြီးသွားတယ်၊ Joe character အပေါ် မုန်းစရာ ၊ ရွံစရာ သိပ်မရှိလိုက် ။


🚧 Audiobook ထဲက Narrator ဖတ်ပြတဲ့ Joe က ပိုပြီး   á€žá€˝á€ąá€¸á€Ąá€ąá€¸á€Ąá€ąá€¸á€”ဲအ creepyပိုဖြစ်တယ် ၊ မိန်းကလေးတစ်ယောက်ကို ချစ်မိပြီး ပိုင်ဆိုင်လိုစိတ်၊ လွှမ်းမိုး လိုစိတ်ကြီးပြီး၊ လိင်စိတ်ပိုပြင်းထန်တယ် ၊ သိပ်အမြင်ကပ်ပြီး ရွံရှာစရာကောင်းတဲ့ အစွဲလမ်းကြီးတဲ့ Psychopath တစ်ယောက် အနေနဲ့ ကွက်ကွက် ကွင်းကွင်း မြင်ရတယ်။


🚧 ဒီထဲက ဇာတ်ကောင် ချောမောလှပတဲ့ Beckဆိုတဲ့ မိန်းကလေးဟာ မိသားစု ပြဿနာ၊ ‌ငွေကြေးပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ ကြိုးစားနေပေမယ့် ဘာတခုကို မှ တစ်ယောက်တည်း ဖြစ်မြောက် အောင်မြင်အောင် မလုပ်နိုင်သေးတဲ့  အရှုပ်မလေး Beck...



🚧 Beck ဆိုသည်မှာလည်း စာရေးဆရာ ဖြစ်ချင်တယ် သာ  ဆိုတယ်၊ ဘာတခုမှ ဖြစ်မြောက်အောင် မလုပ်နိုင် ပေမယ့် သူနဲ့ တွဲတဲ့ ယောကျာ်းလေးတွေ စိတ်ကြွ လာ အောင် မြူဆွယ်နိုင်တဲ့ သူ။ 


🚧 တနေ့  လူ‌ချောလေးJoe အလုပ်လုပ်နေတဲ့ စာအုပ်ဆိုင်ကို Beck ရောက်သွား တဲ့ အခါမှ ဇာတ်လမ်းက စတော့တာပဲ ။


🚧 ဆိုင်ထဲ စဝင်လာကတည်းက  Joe က Beckကို ကြွေ၊ ‌မြင်မြင်ချင်း ချစ်မိ၊စွဲလမ်းမိသွားတာ ။ 


🚧 Beck ကလည်း အထာလေးတွေပေးပြီး card နဲ့ ငွေချေ‌သွားတော့ Joe တစ်ယောက် နာမည်သိလိုက်ရပြီး

 Beck ကို Internet မှာရော ၊အပြင်မှာရော ၊social mediaတွေမှာရော Beckအကြောင်း လိုက်ရှာ၊ Beck ရဲ့အိမ်ထဲလည်း ရအောင် ခိုးဝင်ပြီး Stalking စလုပ်တော့တာပဲ။ 


🚧 Beck နေတဲ့ အခန်းက လိုက်ကာချမထားတော့ Beckဆီကို ဘယ်ကောင် လာတယ် ဆိုတာကအစ သိတယ်၊မြင်ရတယ်။ 


🚧 ဆေးသမား ‌သူဌေးသား Benji လာအိပ်တာအစ မြင်ရတယ်။ ကိစ္စ ပြီးလို့ Benji  ထွက်သွားတာတောင် လိင်ကိစ္စ မပြီး မြောက်တဲ့ Beckဟာ သူရဲ့အစိမ်းရောင်ခေါင်းအုံးနဲ့ masturbate လုပ်တာကအစ လမ်းတဖက်ကနေ  stalking လုပ်နေတဲ့  Joe တစ်ယောက် အကုန် မြင်ရ၊ Ewh....!!

  

🚧 စာရေးဆရာ ( စာရေးဆရာက အမျိုးသမီးပါနော်😄) ကတော့ Creepy ဖြစ်အောင် မိန်းကလေး တစ်ယောက်ကို အချစ်ကြီးချစ်မိသူ Stalker Joe ရဲ့ ညစ်ညမ်းတဲ့အတွေးတွေ နဲ့ ၊ sex ကိစ္စ ဗရပွ‌ကို  ဝတ္ထုရဲ့အရှေ့၊ အလယ်၊ အနောက်  နေရာစုံ မှာ ထည့်ပြီး အသေးစိပ်ရေးထားပေမယ့်  ၊ creepy မဖြစ်ပဲ ဒီထဲကပါတဲ့ ဇာတ်ကောင်တွေအကုန်လုံးဟာ ...  Ew!! disgusting!

🚫 Spoiler Alert 🚫

🚫 Spoiler Ahead 🚫


🚧 အချစ်ကြီးပြီး အကုန်ပိုင်စိုး ချင်တဲ့Joeဟာ  Beck 

သူ့ အပေါ်ပဲ စိတ်လည်အောင် Beck အနားက အနှောင့်အယှက် လို့ ထင်တဲ့ အရာမှန်သမျှကို ရှင်းပစ်ဖို့ လုပ်တယ်။


🚧 စစချင်း Joe ရှင်းပစ်ရမယ့်သူက Beck နဲ့အတူ လာအိပ်တက်တဲ့ Home Soda ထုတ်ရောင်းနေတဲ့ ဆေးသမား သူဌေးသား(Benji )...


🚧 Joe က လူလည်.. Benji ကို ရအောင် ခေါ်ထုတ်ပြီး စာအုပ်ဆိုင် မြေအောက်ထပ်က အသံလုံ မှန်လုံခန်းCage မှာ ထားတယ် ။ 


🚧 အဲဒီ့ အသံလုံ မှန်ခန်းCageမှာလည်း ရာဇဝင်ရှိတယ်။

 á€Ąá€˛á€ˇá€Ąá€á€”်းကို စာအုပ်ဆိုင်ပိုင်ရှင် Mr.Mooney က 

 á€›á€žá€Źá€¸á€•á€Ťá€¸ စာအုပ်တွေ ထိန်းသိမ်းထားဖို့  အပူချိန် ချိန်ဆပြီး လုပ်ထားတာ။ 


🚧 Mr.Mooney က Joeကို ငယ်စဉ်ကတည်းက မွေးစား ထားတာ ။ Joe ငယ်စဉ် တခုခု အမှားလုပ်တိုင်း Mr.Mooney ရဲ့ စာအုပ်ဆိုင် မြေအောက်ခန်းထဲက ရှားပါးစာအုပ်တွေ ထိန်းသိမ်းဖို့ လုပ်ထားတဲ့ မှန်လုံခန်းမှာ Joe တစ်ယောက်  ပိတ်ခံရပြီး အမြဲအပြစ် ပေး ခံခဲ့ရတယ်။

ကိုယ့် အပြစ်ကို ဆန်းစစ်ပြီး သိပြီဆိုရင် ပြန်ထုတ်ပေးတယ်။


🚧Joe ဟာ Beck ရဲ့ ရည်းစား တစ်ယောက်ဖြစ်တဲ့ Benji ကို အလုံခန်းထဲ ထည့်တယ်။ Stephen King စာအုပ်ဖတ်ခိုင်းတယ် ။ Peanut butter နဲ့  ဓာတ်မတည့်တဲ့ Benji ကို peanut ထည့်တိုက်ပြီး ရှင်းပစ်ခဲ့တယ် ။


🚧 အချစ်ကြီးပြီး ချစ်တဲ့သူအပေါ် အကုန် ပိုင်စိုးချင်တဲ့ Joe ..


🚧 သူငယ်ချင်း သံယောဇဉ်ရော၊  မိန်းကလေးချင်း ချစ်တယ်ခေါ်မလား ...Beck ပေါ်အဲ့လိုစိတ်ပေါ်နေတဲ့ သူဌေးသမီး Peach ( သူကလည်း မကောင်းဘူး )


🚧 မာနကြီး Joe အပေါ်  နဂိုကတည်းက သံသယစိတ်များတဲ့ Peach နဲ့ အချစ်ကြီးလှတဲ့ ဆိုက်ကိုသမားလေး မောင်မောင် Joe တိုရဲ့ မပြတ်သားတဲ့ ငရှုပ်မလေး Beck ကို လုပွဲ ။😄


🚧 Joe နဲ့  Beck ပျော်ပျော်ရွင်ရွှင် ပလူးပလဲ နေခဲ့၊

ပျော်လိုက်ရတာတွေက သိပ်မကြာလိုက်ပါဘူး။ 


🚧 Joe ဆီကနေ Beckကို သူငယ်ချင်း Peach က  အပိုင်လုယူမယ်ကြံနေတုန်း ယဉ်ယဉ်လေးရူးနေတဲ့ ဆိုက်ကို အတ္တသမားလေး မောင်မောင် Joeက Peach ကို ကမ်းခြေမှာ သတ် ၊ အိတ်ထဲ ကျောက်ခဲတွေထည့်ပြီး  မျှောလိုက်ပြန်တယ်။ ( ပထမ တခါတုန်းကလည်း Peach ကို ပန်းခြံထဲမှာ ပြေးနေရင်း နောက်ကနေ ကျောက်ခဲနဲ့ကောက်ထုပြီးသတ်ဖူးတယ်၊ အဲ့ တုန်းကအသက်ပြင်းတဲ့  Peachကမသေ ဘူး။ နောက်တခါမှာတော့ တကယ်သေသွားတယ်။ ) 


🚧 Seriesနဲ့ စာအုပ်မှာ Peach သေတဲ့ပုံချင်း မတူဘူး။

      Series ထဲမှာ သေနတ်ပစ်ခံရပြီး သေတာ။

      စာအုပ်ထဲမှာ က အဲ့လိုမဟုတ်ဘူး။


🚧 Joeအထင်ကတော့ Peach သေပြီးရင် Beck နဲ့ 

သူ့ကြား နှောင့်ယှက်မယ့်သူ မရှိတော့ဘူး၊ Beck ရဲ့ 

စိတ်ဟာ သူ့အပေါ်ပဲ ရှိတော့မှာလို့ တွေးပြီးသား။


🚧 ဒါပေမယ့် လူလည် မောင်မောင် Joeရဲ့ အတွေးဟာ မှားပြန်တယ် ။ 


🚧 Beckရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ Peach ကို ရှင်းပြီးကတည်းက အချစ်ကြီးလှတဲ့ ဆိုက်ကိုသမားလေး မောင်မောင် Joe ဟာ ၊ ချစ်ရ‌သူလေး Beck ကို အလုပ်၊ စိတ်ပိုင်းဆိုင်ရာဘာညာကအစပေါ့လေ

အကုန် လုပ်ပေး ၊ ထောက်ပံ့ပေးတယ်။ 


🚧 Benji .... Peach ... မရှိတော့ဘူး...


🚧 ဒါပေမယ့် Joeတစ်ယောက်နဲ့ မကျေနပ်နိုင်ပဲ

တခြားယောကျာ်းတွေပေါ် စိတ်ကစားတဲ့ ငရှုပ်မလေး Beck တစ်ယောက် သူ့အပေါ် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပေးတဲ့ Dr Nicky  နဲ့ ငြိ....တာကို Joe သိသွားတဲ့အခါ...


🚧 ဘယ်လိုသိသလဲဆိုတာ ဇာတ်လမ်းအစ Beck ကို Joe stalking စလုပ်ကတည်းက Beck ပျောက်သွားတယ်လို့ထင်တဲ့ဖုန်းကို Joe က ယူထားပြီး သူငယ်ချင်းတွေရဲ့ chat ၊ email ကအစ.. အကုန်၊ တချက်မှ မျက်ချေပျက် မခံ၊ stalking လိုက်နေတဲ့ Joe တစ်ယောက် Beck ခြေလှမ်း ပျက်နေ၊ Dr Nicky နဲ့ ငြိနေတာကို   á€Ąá€á€ťá€…á€şá€€á€źá€Žá€¸á€œá€žá€á€˛á€ˇ မောင်မောင်Joeသိတာပေါ့လေ ။

 

🚧 Joeကလည်း စိတ်‌ပိုင်းဆိုင်ရာ အကြံပေးDr Nicky 

ဆီမှာ သူကလည်း နာမည်အတုနဲ့ သွားကု။ 


🚧 Dr Nicky နဲ့ Beck တို့ ကိစ္စ သံသယကြောင့် စကားများ ပြဿနာဖြစ်ကြ... 


🚧 Beck ကအဆက်အသွယ်အလုပ်၊ ဖြတ်၊ပြတ်ကျပြန်..


🚧 Joe ကလည်း Beck မရှိပဲနေနိုင်တယ်ဆိုပြီး သူတို့ တိုက် ကိုပြောင်းလာတဲ့  Karen Mintyဆိုတဲ့ တစ်ယောက်

နဲ့ တွဲတယ်....အိပ်တယ် ။


🚧 အဲ့ဒီ့တစ်ယောက်(Karen Minty )က Beck လို မဟုတ်ဘူး ။ သူက Nurse တစ်ယောက်၊ အကုန် လုပ်တက်တယ်၊Joe အပေါ်လည်း အထာနပ်တယ်။ အကိုနှစ်ယောက် လက်အောက်မှာ ကြီးပြင်းလာတဲ့ သူ့အကြောင်း၊ 


🚧 Series ထဲမှာ မပါပေမယ့် စာအုပ်ထဲမှာတော့ 

Karen Minty အပေါ်   Joe ကြိုက် တဲ့ အချက် ၁၀ ချက်ကို  Dr Nicky ကရေးခိုင်းတယ် ။ 


🚧 ရေးကြည့်တော့ သူ့လိုအပ်ချက်ဖြည့်ဆည်းပေးဖို့သာ Karen Minty ကို အနားမှာလိုအပ်တာ ၊တကယ်ကျ 

မချစ်ဘူး၊ မလိုချင်ဘူး ။ 


🚧 ဒီကြားထဲ  Karen Minty နဲ့ Joe တွဲနေ အဆင်ပြေနေတာကို Beckကလည်း မနာလိုဖြစ်တယ်။ Joeသူ့ဆီ ပြန်လာအောင် မြူဆွယ် ပြန် အထာပေးပြန်‌တော့

အချစ်ကြီးတဲ့ မောင်မောင်Joe နဲ့ ငရှုပ်မလေး Beckပြန်ပေါင်းထုတ် ပျော်မြူးကြပြန်တယ်။


🚧 အဲ့ဒါနဲ့ Karen Minty ကတော့  ဆိုက်ကို မောင်မောင်

Joe ရန်ကနေ လွတ်ကင်းသွားလေတယ် ။


🚧 Beck နဲ့ Joe  ပြန်ပေါင်းထုတ်ပြီး ပျော်မြူးနေလို့ 

သိပ်မကြာခင်ရက်ပိုင်းမှာပဲ  Beckတစ်ယောက် သူရဲ့ဝတ်ပြီးသား panty၊ အိတ်နဲ့ထည့်ပြီးသိမ်းထား used tampon  ရယ် ပစ္စည်း တချို့ ထည့်ထားတဲ့box ကို Joe အခန်းမှာ ရှာတွေ့လိုက်ရတဲ့အခါ... Ew!!


🚧 ရန်ဖြစ်ကြ....ရုန်းရင်းကန်ရင်း ထွက်ပြေးဖို့ ကြိုးစားရင်း၊ သူ့ဆီကနေ Beckကို  ထွက်သွားခွင့် မပေးနိုင်တဲ့ Joe ဟာ Beckကို ဖြတ်ရိုက်လိုက်ပြီး သတိမေ့သွားတဲ့အချိန်မှာ စာအုပ်ဆိုင်အောက်က အလုံခန်းထဲ  Beckကို ရွှေ့ထားလိုက်တယ် ။


🚧 အဲ့ဒီအချိန်မှာပဲ Joeက Beck ရဲ့အိမ်ကို တခါပြန်သွားပြီး စစ်ပြန်တယ် ။အဲ့ဒီမှာ ပဲ ဘာတွေ့သလဲဆိုတော့ Laptop တခု ။

 

🚧 Joe ကဝယ်ပေးမယ်လို့ပြောတာတောင် ဈေးကြီးတယ် ဘာညာသာရကာ မူယာမာယာ များပြီး မယူချင်ဘူး ပြောခဲ့တဲ့  Mac Bookကို ဆိုဖာနောက်မှာ တွေ့မိတယ်။  ဘယ်ယူချင်မတုန်း...Dr.Nickyက Beckကို စားပြီး Mac Book က အစ ဝယ်ပေးထားတာကိုး။


🚧အဲ့မှာတခြားပစ္စည်းတွေပါ ထပ် ရှာ‌တွေ့ မိတော့ "ဪ..Beck ရဲ့..အဖေ ထားခဲ့တာပဲဖြစ်ချင်ဖြစ်မှာပါ"

လို့ Joe တွေးလိုက်တယ်။


🚧 ဒါပေမယ့် Mac book ကိုဖွင့်လိုက်တော့ အိပ်ယာပေါ်မှာ  selfie ဆွဲထားတဲ့ Dr Nickyနဲ့ Beck တို့ ပုံကို screen saver မှာ  တွေ့လိုက်ရတဲ့အခါ....

 


🚧 ဒေါသတွေ ထောင်းထောင်းထွက်ပြီးမြေအောက်ခန်းပြန်သွားပြန်တယ် ။

 

 đŸš§ ချစ်ရတဲ့ Beck မျက်နှာ ကို တွေ့ပြန်တော့ မမုန်းနိုင်ဘူး။ 


🚧 အဲ့မှာ ရွစိန် Beck နဲ့  မောင်မောင်Joeတို့  ရန်တွေဖြစ်ကြ၊Dr Nickyနဲ့  Beck မင်းတို့ ဖောက်ပြန်သလား

စစ်ကြဆေးကြ၊ အချစ်စခန်း ပြန် ထကြပြန် တယ်။


🚧 Joe ဟာ Beck ကို ထားတဲ့ လှောင်အိမ်ခန်းကိုတော့ သော့ဖွင့်ပေးထားတယ်။ ဒါပေမယ့် မြေအောက်ခန်းအပေါ်မှာ သော့ခတ် ထားတဲ့တံခါး တချပ် ရှိပြီးသား ။


🚧 Beckက မာယာတွေများပြီး ထွက်ပြေးဖို့ကြိုးစားတယ်။


🚧 Series ထဲမှာ အဲ့အချိန် Beck ထွက်ပြေးဖို့ ကြိုးစားတဲ့အချိန် အပေါ်ကတံခါးပေါက်မှာ "ပါကို" ဆိုတဲ့ ကလေးက မမြင်ချင်ယောင်ဆောင်ပြီး ထွက်သွားတယ်။


❌❌ စာအုပ်ထဲမှာတော့ "ပါကို" ဇာတ်ကောင်မရှိတဲ့အပြင် မနက်၄ နာရီမို့ မြေအောက်အလုံခန်းက လွတ်ပြီး  နောက်တံခါး တချပ်နားက  Beckအော်တဲ့ အသံကို ဘယ်သူမှ မကြားနိုင်ဘူး ။ 


🚧 နဂိုက Joe ဟာ သူ့ကို  Mr.Mooney လုပ်ခဲ့သလိုပဲ

မှန်လုံခန်းထဲမှာ Beckကို ခဏ အပြစ် ပေးထားပြီး

အမြင်မှန်ရရင် ပြန်ထုတ်ပေး..  

အရင်လို ပြန်ချစ်ကြမလို့ပဲ ....


🚧 Beckက သူ့ယုံကြည်မှု့ကို အလွယ်သုံးစားလုပ်ပြီး ဖောက် ပြန်တယ်၊ ‌အခု ထပ်‌ထွက်ပြေးဖို့ လုပ်တဲ့အခါ

 

🚧Joe ဒေါသထွက်ပြီး  Beck ကို .......😁


🚧Beckနဲ့ ဖောက်ပြန်တဲ့ Nickyကိုလည်း Joe က .... 😁


🚧 Series ထဲမှာ Beck  ဘယ်လိုအသတ်ခံရလဲဆိုတာ

သေချာမပြဘူး။ စာအုပ်ထဲမှာ‌တော့ ပါတယ် ။


🚧 နောက်ဆုံးမှာ Joe က သူ့ဝတ္တရားကျေအောင် Beck

 á€™á€žá€ąá€á€„် မြေအောက်ထပ် မှန်လုံခန်းထဲမှာ ရေးခဲ့တဲ့ စာမူကို Dr Nicky နဲ့ Beck တို့ ရဲ့ သက်သေ တချို့နဲ့

ထပ် တွဲတယ်။ 


🚧 စာမူကို Joe က နည်းနည်း ထပ်ကွန့်ရေးပေးပြီး စာတိုက်ကနေ စာမူပို့ပေးလိုက်‌တော့ ထုတ်ဝေသူကကြိုက်တယ်။ The Book Of Beckဆိုတဲ့ နာမည်နဲ့ စာအုပ် ထုတ်ဝေခဲ့ပြီး စာအုပ်ဟာပေါက်သွားခဲ့တယ်။

 

🚧 Beck ဖြစ်ချင်တဲ့ Bestseller စာရေးဆရာ ဘဝရောက်သွားတယ် ။ သေသွားတဲ့ Beck က‌တော့  ပျော်ခွင့်မရ

လိုက်တော့ဘူးပေါ့။


🚧 ဒီစာအုပ်မှာ ဘယ်သူကောင်းသလဲဆိုရင် ဘယ်သူမှ

မကောင်းဘူး။  ဘယ်သူ့ကို သနားရမလဲ လို့ မေးရင် ဘယ်သူမှ သနားဖို့ကောင်းတယ် မထင်ဘူး။

တစ်ယောက်တမျိုး လွန်ကြူးနေကြတဲ့ သူတွေချည်းပဲ။

 

🚧 ဒီစာအုပ်ထဲမှာ အပေါ်ယံ social media ပေါ်က 

သကာလောင်း‌ထားတဲ့ Beck နဲ့ သူ့ရဲ့သူငယ်ချင်းတွေရဲ့ ဟန်ဆောင်ပန်ဆောင် ဘဝတွေပါမယ်။


🚧 sex ကိစ္စတွေ၊  အသုံးအနှုန်းတွေ၊ လိင်ဆန္ဒပြင်းထန်တဲ့ character တွေ ပါမယ်။ သွေးအေးအေးနဲ့ လူသတ်တာ ပါမယ် ။


 đŸš§ ဒီဝတ္ထု ကို ကြိုက်သလား မေးရင် မကြိုက်ဘူး။


🚧 ဒါ ပေမယ့် ဖတ်ပြီဆိုရင်တော့ တာဝန်ကျေအောင် သေချာဖတ်တယ် ။ စာအုပ်လည်းဖတ်တယ်၊ Audiobook လည်း နားထောင်တယ်၊ series လည်းကြည့်တယ်။

အဲ့တော့ ၃ရက်ကြာသွားတယ်။


🤎🧡 Audiobook က အသံတော့ ဆွဲဆောင်မှု့ ရှိတယ်။ 


🤎🧡series ထဲက မင်းသား Penn Padgley က ချောတော့ သဘောကျတယ် ။ 😁 ဒီလောက်ပဲ ။


🤎🧡အဆုံးထိ ဖတ်တယ်၊ နားထောင်လိုက်တယ် ဆိုက တည်းက စာအုပ်ကို ဆက်ဖတ်ချင်စေတဲ့  ဆွဲဆောင်မှု့ 

တခုတော့ ရှိပါတယ်။ အဲ့ဒါက ဘာလဲတော့ မပြောတက် ။


ပြီးပါပြီ ။  ။


Top 10 Difference between You book and TV show

https://youtu.be/xerPsUSbsKE


📙You (1) by Caroline Kepnes  e book

https://t.me/mobi_epub_ebook_and_Movie/1193


📙Hidden Bodies (2) by Caroline Kepnes ebook

https://t.me/mobi_epub_ebook_and_Movie/1196


📙You Love Me (3) by Caroline Kepnes ebook

https://t.me/mobi_epub_ebook_and_Movie/1199


#You_Caroline_Kepnes

#Audiobook_Review & Summary by Hnin Yi Pwint

Aug 25.2021

Rock , Paper , Scissors by Alice Feeney ⛰️ 📄 ✂️

 Rock , Paper , Scissors by Alice Feeney ⛰️ 📄 ✂️


ဒီစာအုပ်က အခုလပိုင်းမှ အသစ်ထွက်တဲ့ စာအုပ်၊Thriller gp ထဲ အခုရက် အရမ်းညွှန်းပြီးဖတ်နေကြတဲ့ စာအုပ်ပါ ။


⛄ဇာတ်လမ်း အစမှာ Adam နဲ့ Ameliaဆိုတဲ့ ဇနီးမောင်နှံ နှစ်ယောက်တစ်ယောက်နဲ့ တစ်ယောက် သံသ‌ယတွေ၊အဆင်မပြေ ဖြစ်လာတဲ့ ငြီးငွေ့မှု့တွေကို ကုစား ရ အောင် သူတို့ နေတဲ့ London ကနေ Scotland ဘက်က နှင်းတွေ ဖုံးလွှမ်းနေတဲ့ Black Water Chapel ကို အပန်းဖြေခရီးထွက်လာကြတယ်။ 



⛄ဒီခရီးကို online site တခုကနေ registration လုပ်ပြီးတော့သာ ထွက်လာရတယ်။နောက်ကွယ်ကနေ ဒီခရီး၊ ဒီနေရာကို ‌လာဖို့ ဘယ်သူဖိတ်လိုက်လဲ သူတို့ လင်မယားနှစ်ယောက် မသိရှာဘူး ။


⛄ယောကျာ်းဖြစ်သူ Adam ဟာ မျက်နှာတွေကို

မမှတ်မိတဲ့ face blindness  " Prosopagnosia" ခံစား‌နေ ရတယ်။ သူဟာ Screenwriter အနေနဲ့ အသက်မွေး ဝမ်းကြောင်းပြုနေတယ်။ သူရေးထားတာ ကြာပြီ ဖြစ်တဲ့ Rock Paper Scissors ဆိုတဲ့ စာအုပ်က မအောင်မြင်သေးဘူး။ Henry Winterဆိုတဲ့ စာရေးဆရာကြီးကို လည်း မှီခိုနေရတယ်။


⛄မိန်းမနှစ်ယောက်ရှိတယ်။ တစ်ယောက်က ယောကျာ်းဆီကို နှစ်တိုင်း Anniversary တိုင်း စာရေးလေ့ရှိတယ်။ စာရေးပြီး ယောကျာ်းဖြစ်သူကိုမပြဘူး။ သူ့ဆီမှာပဲ အမြဲသိမ်းထားတယ်။


⛄နှစ်တိုင်း နှစ်တိုင်း စာရေးပြီတော့ သိမ်းထားလာလိုက်တာ ၉နှစ်ပြည့် Anniversary မှာ ထူးဆန်းတာတခု ကြုံလိုက်ရတယ်။ သူ့ယောကျာ်း.Adam ဟာ သူ့ကုတင်ပေါ်မှာ မိန်းမတစ်ယောက်နဲ့ အိပ်နေတာ တွေ့လိုက်တယ် ။အဲ့ဒီ့နောက်.. တစ်ယောက်က အဝေးကို ထွက်သွားခဲ့တယ်။


⛄၁၀ နှစ်ပြည့် Anniversary မှာ Chapel ကိုရောက်ပြီး 

ထူးဆန်းတာတွေဖြစ်လာတယ်၊ လျှို့ဝှက်ချက်တွေပေါ်လာတယ်။

 

⛄မိန်းမဖြစ်သူ Amelia က site တခုကနေ raffle ticket ရလို့သာ ဒီ နှင်းတွေဖုံးနေတဲ့ Scotland ဘက်ကို ထွက်လာရတာ ဒီရောက်တော့ နှင်းတောအလယ်မှာ ထီးထီးကြီး ဖြစ်နေတဲ့ Chapelတခုပဲ ရှိတယ်။


⛄အဲ့ဒီ့ Chapel ကို ရောက်လာတဲ့အခါမှာ chapel ကိုထိန်းသိမ်းတယ်ဆိုတဲ့ Housekeeper လည်း မတွေ့ဘူး။ဘယ်သူ့ကိုမှ မတွေ့ဘူး။ 


⛄ဒီchapel ဟာ အပန်းဖြေခရီးထွက်လာသူတွေ ခရီး

တထောင့် နားခိုရာ နေရာထက် ခေတ်အဆက်ဆက်က ကျိန်စာသင့်နေတဲ့ နေရာကြီး တခုဖြစ်မှန်းAdam နဲ့ Amelia တို့ ဇနီးမောင်နှံမသိခဲ့ကြဘူး။


⛄ဒီပတ်ဝန်းကျင်က လူတွေက Black Water Chapel တဝိုက်ကို ရှောင်‌ကြတယ်။


⛄ထူးဆန်းတာတွေ ပျောက်ဆုံးတာတွေ ဆက်တိုက်ဖြစ်လာတော့မှ ဒီ chapelထဲမှာ လေ့လာရင်းရှာကြည့်လိုက်တဲ့အခါ ဘာတွေရှာတွေ့သွားမလဲ။


⛄How well do you know the one you love?

လင်မယားနှစ်ယောက် လျှိူ့ဝှက်ထားတာတွေထဲက ဘာလျှို့ဝှက်ချက်တွေ ပေါ်လာမလဲ။


⛄Adam နဲ့ Amelia တို့သိတဲ့ Henry Winter ဆိုတဲ့ စာရေး ဆရာဟာ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက သေဆုံးသွားပြီဖြစ်ကြောင်း  Chapel နားက Cemetery Headstone မှာ ရေးထားတာ ထပ်တွေ့လိုက်ရတဲ့အခါ 


⛄ဒီကြားထဲမှာ ထွက်ထားတဲ့ Henry Winter ရဲ့စာအုပ်တွေကို နောက်ကွယ်ကနေ ဘယ်သူရေးနေတာဖြစ်မလဲ ။


⛄ဇနီးမောင်နှံတွေဟာ အိမ်ထောင်သက်ကြာလာတဲ့နဲ့အမျှ တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိကြတယ်လို့ ထင်ကြတယ်။ တကယ်က..


⛄Nobody knows everything about another person, no matter how long they've been  together, but if you ever feel like you know too much then something is wrong.


⛄Trust cannot be borrowed; if you take it away, you can't give it back.


နောက် ဘာတွေ ဆက်ဖြစ်ကြမလဲ ။ 


📓E book link📓

https://t.me/mobi_epub_ebook_and_Movie/1675?single

.

.

.

.

.

.


🟥🟥🟥 Spoiler # Keywords # Clues 🟥🟥🟥


⛔🚫⛔🚫⛔🚫⛔🚫⛔🚫⛔🚫⛔


#️⃣ #️⃣#️⃣Revenge   #️⃣Ex Wife


 

#️⃣Henry Winter #Father#killer # his own wife 


#️⃣ မိန်းမ နှစ်ယောက်ရှိတယ်။ Amelia  နဲ့ Robin


#️⃣တစ်ယောက်က Adamအမေကို မတော်တဆ  

 á€€á€Źá€¸ နဲ့ တိုက်မိပြီး မမိအောင် ရှောင်နေသူ။


#️⃣ ရဲတွေက စစ်တော့ Adamက မျက်နှာတွေ မမှတ်မိတဲ့ ရောဂါ ခံစားနေရတာမို့ ကားပေါ်က မိန်းကလေးကို 

မမှတ်မိလိုက်ဘူး။


✍️ ✏️ My POV ✍️✏️

Thriller ထက် Mystery ,Suspense ဘက်ရောက်တယ်ပြောရမယ်။


ဖတ်ရင်း တောက်လျှောက် Thrilling ဖြစ်စရာလည်း သိပ်မတွေ့သလို၊ အဆုံးသတ်ခါနီး အခန်းတွေကျမှ ပတ်သတ်မှု့တွေ အကြောင်း စိတ်ဝင်စားစရာ Twist လေးတွေ ချပြတယ်။


နောက်ပိုင်းမှ ချပြတဲ့ ဇာတ်ကြောင်း နဲ့ twist လည်း ကောင်းပါတယ်။


ကိုယ့်အတွက်တော့ ဖတ်ရင်း တောက်လျှောက် အရမ်း ရင်ခုန်စိတ်လှုပ်ရှားစရာ သိပ်မကောင်းလှဘူး။ ပုံမှန်လောက်ပါပဲ ။ 


Thriller Gp ထဲ နဲ့ Goodreads မှာ အရမ်းညွှန်းနေကြသလို ကိုယ့်အတွက် so so good တွေ  ဖြစ်မနေဘူး။

ကိုယ့်အတွက် တော့ ⭐⭐⭐ 3 star ပါပဲ။


#Rock_Paper_Scissors by Alice Feeney


#Audiobook_Review_by Hnin Yi Pwint  


September 13.2021

Jar Of Hearts by Jennifer Hiller

 Jar Of Hearts by Jennifer Hiller

⭐⭐⭐⭐⭐ 5 star  for me...

အရင်လဖတ်ခဲ့တဲ့ Winter People ပြီးတဲ့နောက် ဒီ Jar of Hearts စာအုပ်က ရင်ထဲကို စွဲစေတဲ့ စာအုပ် တအုပ်။


❤️ About This Book :* Winner - Best Novel, 2019 ITW Thriller Award * Authors on the Air Network - Thriller of the Year 2018 * Finalist - Anthony Award for Best Novel * Finalist - Macavity Award...


ဆုတွေလည်းရ ၊ နာမည်ကြီး လူကြိုက်များသားစာအုပ်မို့ အထူးမညွှန်းတော့ဘူး။


❤️ဒီစာအုပ် မှာ ဆယ်ကျော်သက်အရွယ် ငယ်သူငယ်ချင်း ၃ယောက်ရှိတယ်။ တစ်ယောက်က အသတ်ခံရတယ်၊ တစ်ယောက်က ထောင်ကျသွားတယ်၊ ကျန်ခဲ့တဲ့ တစ်ယောက်က အဲ့အမှု့ကအမှန်တရားကို လိုက်ရှာဖွေနေတယ် ။



....................ဇာတ်လမ်း အကျဉ်း..................

  

❤️Angela Wong,Georgina Shaw,Kaiser ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ငယ်သူငယ်ချင်းသုံးယောက် ရှိတယ်။ 


❤️ မိဘကလည်း ချမ်းသာ၊ ကျောင်းမှာလည်းပေါ်ပြူလာ ဖြစ်တဲ့ ၁၆နှစ်အရွယ်Angela Wong ဟာ တည ပါတီ‌ပွဲက အပြန်မှာ အစရှာမရ ပျောက်ဆုံးသွားခဲ့တယ်။


❤️Angela Wong ပျောက်ဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ 

Geo က Kaiserကို ရှောင်ပြီး စကားမပြောဖြစ်တော့ဘူး။ Kaiser က အထက်တန်းကတည်းက Geo ကို ကြိုက်နေတာ ။


❤️ Geo ကြိုက်နေတာက လူဆိုး၊လူချော လေး Calvin James ကိုပဲ ယစ်မူးနေတာ ။ Angela Wong ကလည်း Clavin ကိုစိတ်ဝင်စား အထာတွေပေးနေပေမယ့် Clavin က Geo ကို ပဲချစ်တာ ။


❤️ အဲ့တုန်းက Clavin James က ၂၁ နှစ်၊ Geo က ၁၆ နှစ်၊ (ဘာမှမသိသေးတဲ့စိတ်ကစားတက်တဲ့ အရွယ် )


❤️ အဲဒီ့နှစ်မှာ Geoက ကျောင်းလာမတက်တော့ပဲ Home Tutor နဲ့ပဲ လေ့လာပြီး အပြင်ကစာမေးပွဲဖြေတယ်။ 

( အဲ့ကာလမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ နောက်ဆုံးခန်းကျမှ အကုန်သိရမယ်) ။


❤️ ၁၄နှစ် အကြာမှာ Angela Wong ရဲ့ ကြွင်းကျန်နေတဲ့ အရိုးတွေကို Geoရဲ့ ငယ်ဘဝ အိမ် နားက တောအုပ်လေးထဲမှာရှာဖွေတွေ့ ခဲ့တယ် ။


❤️ ဒီAngela Wong သတ်ခံရတဲ့ အမှု့မှာ သတ်တဲ့ လူသတ်သမားက သတ်ပြီး လူကို ခုတ်ထစ်ပြီး Geo တို့ 

ခြံနောက်က တောအုပ်လေးထဲမှာ မြှုပ်ထားခဲ့တယ်။


❤️၁၄နှစ် ကြာပြီးတဲ့နောက် Geo က အသက် ၃၀ ၊

Seattle pharmaceutical company မှာ ရာထူးကြီးပိုင်းဆိုင်ရာ တာဝန်ယူပြီး အောင်မြင်နေပြီ။ ပညာကလည်း တက်၊ လူကလည်း ထက်တယ်။ သူနဲ့ စေ့စပ်ထားတဲ့သူကလည်း သူအလုပ်လုပ်တဲ့ company ကပဲ ချမ်းသာတယ်။


❤️လွန်ခဲ့တဲ့ ၁၄ နှစ်( သူ့အသက် ၁၆နှစ် ) အရွယ် Angela Wong ပျောက်ဆုံးသွားတုန်းက ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ သူ နဲ့ Clavin James ပဲ သိတယ်။ 


❤️Angela Wong သတ်ခံရတဲ့အချိန်မှာ အနီးကပ်ဆုံးရှိနေခဲ့တာက Georgina Shaw (Geo)...


❤️ရဲတွေက Calvin James ကို သံသယရှိတယ်၊စွဲချက်တင်တယ်။( Clavin James - တခြားမိန်းကလေး ၃ယောက်ကိုလည်း သတ်ခဲ့သူလို့ စွပ်စွဲခံထားရတဲ့သူ )


❤️Clavin James ဆိုတာက Georgina Shaw (Geo) ရည်းစား၊ ငယ်ချစ်ဦး ။


❤️၁၄ နှစ်အကြာ ရဲတွေရဲ့ရှာဖွေတွေ့ရှိတဲ့ သက်သေအချို့ကြောင့် Clavin James လည်းပြစ်ဒဏ်ခံရသလို


❤️ Georgina Shaw (Geo)က လူသတ်မှု့ထဲမှာ အလိုတူအလိုပါ ဆိုပြီး အမျိုးသမီး အကျဉ်းထောင်မှာ  ၅နှစ်ထောင်ကျသွားတယ်။


❤️ငယ်သူငယ်ချင်း Kaiser က အခုချိန်မှာ စုံထောက်ဖြစ်နေပြီ။ 


❤️ Geo က Angel Wong အသတ်ခံရတဲ့ ညမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို တခုမှ မဖွင့်ဟ ၊မပြောခဲ့ဘူး။

 

❤️Geo ကို ကြိုက်နေတဲ့ ငယ်သူငယ်ချင်း Kaiser ရဲ့အလိုအရဆိုရင် အပြစ်တွေ အားလုံးကို ဘာလို့ Clavin James ကို လွှဲမချပဲ ဘာလို့နှုတ်ဆိတ်ပြီး၅နှစ် ထောင်ကျခံခဲ့တာလဲ...


❤️Geo နဲ့ Clavin James ဟာ Angela Wong အသတ်ခံရတဲ့အမှု့မှာ ဘယ်လောက်တွေ ပါဝင်ပတ်သတ်နေလဲ။


❤️ Geo ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေက ဘာတွေရှိဦး မလဲ ။


❤️ Geo ၅နှစ် ထောင်ကျလို့ လွတ်မယ့်အချိန်နီးလာတဲ့အချိန်မှာ Clavin Jamesက လည်းသူ့ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်။


❤️အဲ့ဒီအချိန်မှာ လွန်ခဲ့တဲ့ ၁၄နှစ်ကထက် ဆိုးတဲ့ အမေနဲ့သားကို သတ်တဲ့ အမှု့ နှစ်ခု ထပ်ပေါ်လာတယ်။

 

❤️အရင်အမှု့လိုပဲ တောအုပ်ထဲမှာခုတ်ထစ်ပြီး မြှုပ်ခဲ့တာ။


❤️နောက်ပိုင်းထပ်ဖြစ်တဲ့ အမှု့မှာ လူသတ်ပြီးတိုင်း မျက်လုံးကိုဖောက်တယ်။ ပထမ Clavin James လုပ်ခဲ့သလိုပဲ အနားမှာ Cinnamon Heart cookie လေးထားခဲ့ တယ်။


❤️Serial Killer က Clavin James လား။

     á€”á€ąá€Źá€€á€şá€á€…á€şá€šá€ąá€Źá€€á€şá€›á€žá€­á€”á€ąá€™á€œá€Źá€¸á‹


❤️ လျှို့ဝှက်ချက်တွေ ဘာတွေထပ်ပေါ်မလဲ...


❤️ Thriller စာအုပ်ဖတ်နေရတဲ့ ခံစားချက်ဆိုတာထက်၊ ကိုယ့်အနားက မိန်းကလေးတစ်ယောက် ဖြစ်ပျက်နေသလို ခံစားရတယ်။


❤️ ထောင်ထဲရောက်တော့ ကြီးနိုင်ငယ်ညှင်း ဘဝတွေ၊ မိန်းမချင်း ရော၊ guardနဲ့ sexual abuse လုပ်ခံရတယ်။ အဲ့ရန်ကနေ ကာကွယ်ပေးမယ့်သူကို ရှာရ ပေးရတာတယ်။ 


❤️ထောင်ထဲမှာ အမြတ်ထုတ်ချင်တဲ့မကောင်းတဲ့သူတွေ ရှိသလို မိတ်ဆွေစစ်မှန်တွေကိုလည်း (...) ဆုံတွေ့ခဲ့ရတယ်။


❤️၅နှစ်ပြစ်ဒဏ်ပြီး လို့ထောင် အပြင်ထွက်လာရပြန်တော့လည်း အပြင် အိမ်နီးချင်းတွေကအစ၊ အလုပ်ရှာတဲ့နေရာ၊ချေးငွေလျှောက်တဲ့နေရာက အစ ခွဲခြားဆက်ဆံခံရတယ် ။


❤️ငယ်ရွယ်တဲ့ ဆယ်ကျော်သက်ဘဝက မကောင်းတဲ့သူ မချစ်သင့်တဲ့သူအပေါ် ရင်ခုန်စိတ်ကစားမှု့ကို   á€Ąá€á€ťá€…á€şá€œá€­á€Żá€ˇ ..မှားယွင်းထင်ခဲ့တာ‌တယ်။


❤️၁၆နှစ်ဝန်းကျင်ဆယ်ကျော် သက်အရွယ်က မှား

ခဲ့တဲ့ ဆုံးဖြတ်ချက်အမှားတွေဟာ သက်လတ်ပိုင်း အရွယ်ထိ ရိုက်ခတ်မှု့ရှိတာတွေ..


❤️သမီးဖြစ်သူ ဘယ်လိုအခြေအနေရောက် ရောက် 

အပြစ်မမြင်ပဲ အနားမှာ အမြဲရပ်တည်ပေးခဲ့ တဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာ။


❤️ဆယ်ကျော်သက်အရွယ် ခက်ခက်ခဲခဲ ကိုယ်ဝန်ဆောင်ခဲ့ရတာတွေ...


❤️ကလေး‌မွေးစားဖို့လူမျိုးစုံထဲကရွေးခဲ့တယ်။

ဆုံးဖြတ်ချက် မှန်တယ်လို့ ထင်ခဲ့ ပေမယ့် မှားခဲ့တယ်။


(.......) ရဲ့ ဘဝတစ်လျှောက်လုံး ရွေးချယ်မှု့ မှားခဲ့တယ်။


❤️ကံကြမ္မာကရက်စက် လူတွေက ကိုယ့်ခံစားချက်

 á€á€•á€­á€Żá€ˇá€‘ဲပဲ သိတာတွေ...


❤️ အဖေအရင်း Biological father ဖြစ်တဲ့သူ မသိအောင် ဖုံးကွယ်ရတယ်။


❤️(.......)ကိုယ်တိုင်က သူဟာ မကောင်းတဲ့သူ၊ ဆိုးသွမ်းတဲ့သူမှန်း သိတဲ့အတွက် သူ့လို လူမျိုးဟာ ဒီလောကမှာ

 á€™á€›á€žá€­á€žá€„á€ˇá€şá€á€˛á€ˇá€žá€°á€œá€­á€Żá€ˇ အမြဲပြောတယ်၊ သူ့သွေးဆိုး တွေပါမှာစိုးတဲ့ သွေးသားအရင်းကို သတ်မှာ (...) က စိုးရိမ်တယ်။


❤️(..........) ရဲ့ ဝမ်းနည်းမှူ့တွေ၊ ဆုံးရှုံးမှု့တွေ၊ ရွေးချယ်မှု့ ဆုံးဖြတ်ချက် အမှားတွေ...ဖတ်ရင်း ခံစားချက် မျိုးစုံ ရတယ်။


❤️ သားသမီးတစ်ယောက်ရဲ့ အမုန်းတရားတွေ ၊

နာကျည်းမှု့တွေနဲ့အတူ (..🙎... နဲ့ ..👩🏻‍🦰....) ရဲ့ သွေးဆိုးပါလာတဲ့  တကယ့် Monster  က (.........) 


❤️ နောက်ဆုံးခန်းကျမှ ရိပ်မိပြီး ပါးစပ်အဟောင်းသားလေးဖြစ်ရမယ်။


❤️How far will someone go to bury her secrets and hide her grief? 


❤️How long can you get away with a lie? 


❤️How long can you live with it? 

Find out in Jennifer Hillier's Jar of Hearts.


📌 Spoiler မပါအောင် ရှင်းပြရတဲ့အတွက် အပေါ်ကရေးတာတွေ နားလည်ချင်မှ နားလည်လိမ့်မယ်။


📌တကယ်က ဇာတ်လမ်း ဇာတ်အိမ်လည်း ကောင်းတယ်။ ကိုယ်ရှင်းပြတာမပါတဲ့ အချက်တွေ၊ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းက အများကြီးပိုကောင်းတယ်။ 

ဆွဲဆောင်မှု့ရှိတယ်။


📌Audiobook Narratorက လည်း ကောင်းတော့ 

ရုပ်ရှင်ကြည့်နေရသလိုပဲ ။ ကိုယ်တော့ သဘောကျတယ်။ 


Jar of Hearts by Jennifer Hiller

E book link

https://t.me/mobi_epub_ebook_and_Movie/1438?single


Jar Of Hearts by Jennifer Hiller

#Audiobook_Review_by Hnin Yi Pwint

September 18.2021


📌📌📌📌စာကြွင်း Edit 📌📌📌📌

P.S  ရေးဖို့ကျန်ခဲ့တာက မိန်းကလေး‌ ဘယ်လောက်

အထာပေးပေး၊  ချစ်သူရည်းစားချင်းတောင် sex ကိစ္စကို တဖက်သူ မလိုချင်လို့ ငြင်းတာ ကို ချစ်ပါတယ်ဆိုပြီး တက်ခွရင် အလိုမတူ တဲ့ Rape ဖြစ်ပြီး  အဲ့ တခါလေးကနေ မဖြစ်သင့်တဲ့ပြဿနာတွေ ဆက်တိုက်ဖြစ်လာရတယ် ဆိုတာဒီ စာအုပ်ဖတ်ရင်းတွေ့ရမယ်။ အထူးသဖြင့် ဆုံးဖြတ်ချက် မချနိုင်တဲ့ ဆယ်ကျော်သက်အရွယ်ပေ့ါ။


Angela Wong ရဲ့မိဘတွေဟာ ချမ်းသာပြီး သားသမီးကို 

ဂရုမစိုက်ဘူး။


Geo ကျပြန်တော့ အဖေပဲရှိတော့တယ်၊ အမေက ကင်ဆာနဲ့ဆုံးသွားတယ်၊ အဖေဖြစ်သူဆရာဝန်က  ညဂျူတီကျ အမြဲ အလုပ်လုပ်ရတော့ သမီးနား မနေနိုင်ဘူး။


သားသမီး ဆယ်ကျော်သက်အရွယ်မှာ မိဘက သေချာမကြည့်နိုင် ဂရုမစိုက်နိုင်ရင် လမ်းလွဲရောက်ကုန်ပြီး မဖြစ်သင့်တာတွေ ဖြစ်ရတယ်။

 

Geoအဖေကတော်တယ်။ သမီး ဖြစ်သူ ဆယ်ကျော်သက်အရွယ်က ဘယ်အခြေအနေရောက်ရောက် အပြစ်မတင်ပဲ   á€œá€€á€şá€á€ś ဖြေရှင်းပေးတယ်

The Memory Police by Yoko Ogawa

 The Memory Police by Yoko Ogawa  


Dystopian Fiction တအုပ်ဖြစ်တဲ့ Yoko Ogawa ရဲ့ စာအုပ်ဟာ  မူရင်း ဂျပန်ဘာသာနဲ့ ၁၉၉၄ မှာထုတ်ခဲ့တာဆိုတော့ အဲ့ဒီခေတ်ကာလနဲ့ယှဉ်ရင် အတွေးအခေါ် ဆန်းတယ် ပြောရမယ် ။အင်္ဂလိပ်ဘာသာပြန်အနေနဲ့က ၂၀၁၉ ကျမှ Stephen Snyder ရဲ့ ဘာသာပြန် ထွက်ခဲ့တယ်။


ဒီစာအုပ်မှာ Memory Police တွေ ထိန်းချုပ်‌ထားတဲ့  ပတ်ပတ်လည် ကာရံထားတဲ့  အမည်မသိ ကျွန်းတကျွန်းပေါ် မှာ ဇာတ်အိမ်တည်ထားတယ်။ 


ဒီကျွန်းမှာ ထူးဆန်းတာက အရာဝတ္ထုတွေဟာ အကြောင်းမဲ့ ပျောက်ကုန်တယ်။ 


ဒီနေရာမှာ ပထမတနေ့ နှင်းဆီပန်းဆိုတာ ဘာမှန်းမသိအောင် ပျောက်ချင်းမလှပျောက်သွားမယ် ။ နောက်တရက် ရေမွှေး ဆိုတာလည်း ပျောက်သွားလိမ့်ဦးမယ် ။



ဒီနေ့စားနေတဲ့ အစားအသောက်ဟာ နောက်တနေ့မှာ ရှိချင်မှလည်း ရှိတော့လိမ့်မယ်။ 


နောက်....ဦးထုပ်၊ငှက် ၊လှေ၊ သီချင်းသံတွေ၊ စာအုပ်တွေ၊ ဝတ္ထုတွေ ၊လူတွေ ....အရာဝတ္ထုတွေ၊ အတွေးတွေ...မှတ်ညဏ်တွေ...အစရှိသဖြင့် အများကြီး ....


နောက်ဆုံး  ဒီထဲက စာရေးဆရာ အမျိုးသမီး မပျောက် ဆုံး စေချင်တဲ့ အရာတခုရှိ‌တယ်။  သူသတိရသမျှကို စာရေးပြီး မှတ်တမ်းတင်နေတဲ့  "လက်နှိပ်စက်" ။ 


အဲ့ကာလ၊ အဲ့ဒီကျွန်းမှာ စာရေးဆရာဆိုတာ ပေါ်ပြူလာမဖြစ်တော့တဲ့  အလုပ်တခု ။


စာအုပ်ဆိုတာပျောက်ရမယ့်အချိန်ရောက်တော့ စာကြည့်တိုက်ရှေ့မှာ တချို့ဝတ္ထုတွေကို မီးထဲ ထည့်ရှို့ကြတယ် ။ 


ဒီကျွန်းပေါ်မှာ ပျောက်ဆုံးသွားပြီဖြစ်တဲ့ အရာဝတ္ထုတွေကို မှတ်မိနေတဲ့သူ ၊ မှတ်ထားတဲ့သူဟာ အန္တရယ်များတယ်။ 


ပျောက်ဆုံးသွားတဲ့ ပစ္စည်းအရာဝတ္ထုတွေကို မပျောက် ဆုံးစေချင်လို့ ဓာတ်ပုံဘာညာကအစ အမှတ်တရ ခိုးသိမ်း ထားရင်တောင် Memory Police...တွေက သတင်းရလို့ အိမ်ကို လာရှာလို့တွေ့ခဲ့ရင် အပြစ်ကြီးတယ်။  အဲ့ဒီလူဟာ Memory Police တွေရဲ့ ထိန်းသိမ်းခံပြီး နောက် ဘယ် တော့ မှ ပြန်ပေါ်မလာတော့ဘူး ။ 


ဒီထဲက စာ‌ရေးဆရာအမျိုးသမီးဟာ  တနေ့ ကျွန်းပေါ်ကအရာဝတ္ထုတွေ သူ့မှတ်ညဏ်တွေ ၊ အားလုံးပျောက်ဆုံးကုန်မှာစိုးတယ်။ 


သူက မပျောက်ဆုံးစေချင်ပေမယ့် အရာဝတ္ထုတွေ၊ လူတွေဟာ နေ့တိုင်းပျောက်ဆုံး နေတာပဲ ။


အမျိုးသမီးဟာ သူ အကြောင်းကိုအကုန်သိ၊ မပျောက် ဆုံးသေးတဲ့ အရာဝတ္ထုမှန်သမျှကို အကုန်မှတ်မိနေသေးတဲ့ စာအုပ်တိုက်က အယ်ဒီတာကို အမျိုးသမီးရဲ့ အိမ်လျှို့ဝှက်အခန်းလေးထဲမှာ ဝှက်ထားပေးတယ်။


ဒီအမျိုးသမီးမှာက မိတ်ဆွေ ၂ဦးပဲရှိတော့တယ်။ တဦးက  အယ်ဒီတာ ။နောက်တစ်ယောက် ကုန်းမြေကို လှေဖယ်‌‌ရီ ပြေးဆွဲတဲ့ အဘိုးကြီး တစ်ယောက် ။ လှေတွေပျောက်ကုန်တော့ အဘိုးကြီးဟာ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ 


အဲ့တော့ အဘိုးကြီးဟာလည်း  ဒီစာရေးဆရာ အမျိုးသမီးဆီ လာနေပြီး သူတို့စိတ်ထဲမှာ မ‌ပျောက်ဆုံးပဲ ရှိ‌နေ သေးတဲ့  အရာဝတ္ထုတွေ၊ လူတွေအကြောင်းကို မမေ့အောင် မှတ်မိနေအောင်  ပြန်ပြီး စမြုံ့ပြန်ပြောကြတယ် ။


ဒီထဲမှာ စာရေးဆရာအမျိုးသမီးဟာ လက်နှိပ်စက် 

အရိုက်သင်နေတဲ့အမျိုးသမီး တစ်ယောက် အကြောင်း စာအုပ်ရေးနေတယ်။ 


စာရေးရင်း  typewriter တွေက ပျောက်ဆုံးတော့မယ့်အချိန်၊ သူ့မိခင် သိမ်းထားတဲ့ ကျွန်းပေါ်မှာ ပျောက်ဆုံးသွားပြီဖြစ်တဲ့ အရာဝတ္ထုတချို့ကို လျှို့ဝှက်အခန်းထဲမှာ တွေ့လိုက်ရတယ်။ music box ဆိုတာလေး တွေ့လို့ ခိုးဖွင့်ရတာတွေ ။ Memory Police တွေက ညအချိန်မတော်အိမ်ထဲဝင်ရှာကြတာတွေ ။


ဒီကျွန်းပေါ်က အရာဝတ္ထုတွေ ၊လူတွေဟာ သမရိုးကျ ပျောက်ဆုံးကုန်တာလည်းဖြစ်ချင်ဖြစ်မယ်။ အုပ်ချုပ်တဲ့ အာဏာပိုင်တွေက မရှိစေချင်တော့တဲ့ အရာတွေကို အစဖျောက်ပြီး လူတွေရဲ့စိတ်ထဲမှာလည်း အဲ့ဒီအရာဆိုတာမရှိတော့အောင် အင်အားသုံးပြီး ပျောက်စေတာလည်းဖြစ်ချင်ဖြစ်မယ်။


ဂျပန်ဝတ္ထု အများစုဟာ သူများနားလည်အောင် ရှင်းပြဖို့ခက်တယ်။ ကိုယ့်ဘာကိုယ် ဖတ်ရင်း အရသာခံတွေးတာ ပိုအဆင်ပြေတယ် ။


ဒီဝတ္ထုမှာ  ကျွန်းပေါ်က မှတ်ညဏ်တွေ၊အရာဝတ္ထုတွေ၊ လူတွေ၊ ဘယ်လိုပျောက်ဆုံးသွားခဲ့တာလဲဆိုတာ အဖြေပေးမယ့် ဝတ္ထုမျိုးမဟုတ်ဘူး။ အဲ့ဒီကာလမှာ လူတစု ဘယ်လိုရှင်သန် ရပ်တည်ခဲ့ရသလဲဆိုတာ အသားပေးတဲ့ ဝတ္ထုမျိုးပါ ။


📚 E-Book 📚

https://t.me/mobi_epub_ebook_and_Movie/1755


The Memory Police by Yoko Ogawa

Book Review by Hnin Yi Pwint 

Jan 7. 2022

Pretty Girls by Karin Slaughter

 Pretty Girls by Karin Slaughter 

4.5 stars ⭐⭐⭐⭐⭐

ဒီစာအုပ်ဟာ 2015 July မှာ ထွက်ခဲ့တဲ့ Karin Slaughter ရဲ့ နာမည်ကြီးခဲ့တဲ့ စာအုပ်။ အခုထိ  Book Group တွေမှာ ဖတ်‌နေကြတဲ့ ‌ hot ဖြစ်နေဆဲ စာအုပ် ။ တချို့က တော့ "စန်းစန်းတင့်" တွေ ဖြစ်ပြီး "  ဒါဟာ Thriller မှ မဟုတ်တာ" ရက်စက် မှု့တွေ၊ နှိပ်စက်မှု့တွေ ပါလို့ မကြိုက်ကြဘူး" ပြောကြတယ်။ 


💛


ဒါပေမယ့် ဖတ်ပြီး သေချာသွားတာက အခုနောက်ပိုင်း ထွက်တဲ့ Thriller စာအုပ်တွေလို ဇာတ်အိမ် မတင်မကျ နဲ့ မဟုတ်ဘူး။ အခုနောက်ပိုင်း Thriller တွေက plot သေချာ မဆောက်တော့ပဲ စာမျက်နှာ နည်းနည်းနဲ့ fast-paced ဖြစ်အောင် ဇာတ်ကို ဖော့ ရေးသွားကြတယ်။ 


💙


အခုစာအုပ်က normal size ကို 533 pg ဆိုတော့Thriller တအုပ်အနေနဲ့ ထူတယ်။ ထူမှာပေါ့လေ ။သူက Plot ကို တည်ပြီး စာမျက်နှာ ၂၀၀ ကျော်ထိ ဆွဲ ခေါ်သွားတာ ။ အဲ့နေရာ အထိရောက်အောင် မဖတ်နိုင်တဲ့ book group ‌က သူတွေဆိုရင် " စာအုပ်က စိတ် ဝင်စားစရာမကောင်းဘူး..blah..blah " ဆိုပြီးဆက်မဖတ်ကြတော့တာတွေ ရှိတယ် ။


💛


ကိုယ်ကတော့ ဒီ စာအုပ်ရဲ့ ၃ ပုံ ပုံ ၂ပုံကို  Audiobook 

နား‌ထောင်ရင်း ဖတ်လိုက်တာဆိုတော့ အဲ့ပြဿနာ 

သိပ်မရှိလိုက်ဘူး။ 


💙

စာမျက်နှာ ၂၀၀ လောက်ထိ ဇာတ်ကြောင်းရေးတေးတေးပဲ သိဦးမယ်။ နောက်မှ ဇာတ်ရှိန်က တက်လာပြီး ဘယ်သူကလုပ်တာလဲ ၊ဘာဆက်ဖြစ်မလဲ သိချင် စိတ်နဲ့ ဆက်ဖတ်ချင်စရာ‌ကောင်းလာတာ။

💛


အမှန်က ဇာတ်လမ်း ကောင်းတယ်။ အခုနောက်ထွက် တဲ့ Thriller အသစ်တွေလို စာမျက်နှာ ၂၅၀ ဝန်းကျင်လောက်ပဲ ရှိပြီး page 100ကျော် လောက်မှ ဇာတ်ရှိန်တက်ပြီး Thrilling ဖြစ်မယ့်fast-paced thriller မျိုးတော့ မဟုတ်ပါဘူး ။



💙

ဖြေးဖြေးချင်း အတက်အကျ နဲ့ ရိုလာကိုစတာ စီး သွား ရမယ့် စာအုပ်ပါ ။


ဒီစာအုပ်အကြောင်းကို အသေးစိပ် မရေးပါဘူး။

💛


🟥 ဒီ Pretty Girls စာအုပ်ကို ဖတ်နေရင်း စိတ်မရှည်လို့ ဘာဖြစ်မလဲ စာမျက်နှာ ကျော်ဖတ်ရင်  သင် မှားပါလိမ့်မယ်။ 🟥😄


💛💙ဒီစာအုပ် ဖတ်ရင်း ခံစားရတာက roller coaster 

စီးနေရသလို တက်လိုက်ကျလိုက်ပါပဲ ။💛💙


တကယ်မိုက်ပါတယ်။


 đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­đŸ‘­

ဇာတ်လမ်း အကျဉ်း...


လွန်ခဲ့တဲ့ အနှစ် ၂၀ခန့် ၁၉၉၁  ခုနှစ်မှာ Claire  နဲ့ Lydia တို့ရဲ့ အမတစ်ယောက်ဖြစ်တဲ့ ကောလိပ်ကျောင်းသူ Juliaဟာ bar ကနေ အိမ်ကို ပြန်အလာမှာ အစရှာမရ ၊အလောင်းရှာမတွေ့ ပျောက်ဆုံးသွားခဲ့တယ်။ Julia  ဟာ  ဆံပင်ရွှေရောင်နဲ့ ချောတယ် ၊ လှတယ်။


💛


အမ ဖြစ်သူ Julia ပျောက်ဆုံးသွားတဲ့အချိန်ကစပြီး ကျန်ခဲ့တဲ့ Claire နဲ့ Lydia တို့ နှစ်ယောက် ဟာလည်း နှစ်တွေ အကြာကြီး မခေါ်မပြောဖြစ်ပြီး Claire ဘက်က စပြီး အဆက်အသွယ်ဖြတ်ခဲ့တယ်။


💙

Claire ဟာ Paul ဆိုတဲ့ လူနဲ့ အိမ်ထောင်ကျပြီး မိဘတွေရဲ့ အဝေးမှာ  ဘာမှ အလုပ်လုပ်စရာမလို၊ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ  နေရတယ်။Claire က ချောမောလှပတော့ ယောကျာ်းဖြစ်သူ Paul ကလည်း ချစ်တယ်။

 

💛


အမဖြစ်သူ Lydia ကတော့ Claire ဘဝနဲ့ တခြားစီ။

လူကလည်းဝဖြိုးနေပြီ ။ အရင်က သူက ဆေးမှု့နဲ့ ထောင်ကျဖူးတယ်။ ယောကျာ်းတွေနဲ့လည်း တွဲအိပ်ဖူးတယ်။ အခုတော့   Lydia က လိမ္မာ နေပြီ ။ pet gromming ဆိုင်ဖွင့်ထားတယ်။ သူ့မှာဆယ်ကျော်သက်အရွယ် ကလေးတွေ ရှိပြီ ။ သူယူတဲ့ ယောကျာ်း Rick  ကလည်း အရင်က ဆေးစွဲဖူးတယ်။အခုတော့ ဆေး ဖြတ်လိုက်ပြီး မိသားစု ချစ်ချစ်ခင်ခင် နေနေကြတယ်။


💙


လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်က ပျောက်ဆုံးသွားတဲ့ သူ့တို့ အမ Julia လိုပဲ အခု နောက်ထပ် မိန်းကလေး တစ်ယောက် ထပ်ပျောက်ဆုံး ပြန်ပြီ။ 

💛

 

အဲ့အချိန် မှာပဲ Claire နဲ့ Paul တို့ အိမ်ပြန်အလာ ကားဘေးနားမှာ ရပ်နေတုန်း mask နဲ့ လူမိုက်တစ်ယောက်၊ ဓားနဲ့ လုယက် တိုက်ခိုက်တာ ခံရပြီး  Claire ‌ ယောကျာ်း Paul ဟာ သေသွားတယ်။


💙

အဲ့ဒီ မှာ ဇာတ်လမ်းက စတာပဲ ။ 😄


💛

စစချင်းမှာ နှေးတယ်၊ ဘာတွေမှန်း မသိဘူး ထင်ရပေမယ့် စာရေးဆရာက  ဖြေးဖြေးချင်း Plot တည်ဆာက်ပြီး အများမသိကြတဲ့ မိသားစုတွေရဲ့  အတွင်းစည်းတွေ ၊အိမ်ထောင်ရေးတွေရဲ့ အမှောင်ခြမ်းတွေ၊ ညီအမ တွေထဲက တစ်ယောက် အလောင်းမတွေ့၊ အစရှာမရ ပျောက်ပြီး ကတည်းက ကျန်တဲ့ ညီ အမနှစ်ယောက် မခေါ်မပြောတွေ ဖြစ်ကြ၊  Sister relationship တွေ ကိုဖြည်းဖြည်းစီ ချပြတယ်။

💙

Page 200  မတိုင်ခင်အထိ  နှေးတယ်ထင်ရပေမယ့်

ချပြန်ပြန်တော့လည်း bang ! bang ! bang !


💛

roller coaster စီးရသလို ဇာတ်က အတက်အကျ 

ရသမ် နဲ့ သွားနေတာ ။


💙

စာမျက်နှာ 300 ရောက်ပြန်တော့ "ဟမ်.. ဒီလူလား  ဘယ်သူ က တကယ် လုပ်တာလဲ " သေချာ မခန့်မှန်းနိုင်ဘူး။


💛

ပျောက်သွားတဲ့ မိန်းကလေးတွေတိုင်းဟာ ချောမော လှပတာချည်းပဲ။ အဲ့ဒါကြောင့် စာအုပ်ရဲ့ နာမည်ကို Pretty Girls လို့ နာမည်ပေးထားတာ နေမယ်။


💙

 á€šá€ąá€Źá€€á€ťá€Źá€şá€¸á€–ဟစ်သူ Paulသေပြီးတဲ့ နောက်မှာ Claire ဟာ သူ့ယောကျာ်းရဲ့  computer တွေထဲမှာရှာရင်း file တချို့ တွေ့လိုက်တယ် ။ အဲ့ file တွေထဲမှာ မိန်းကလေးတွေကို

 á€”လရလမသဏ ကပ်ချည်ပြီး rape လုပ်မယ်၊ ရက်ရက်စက်စက်နှိပ်စက် မယ်။  အသားကို၊ ရင်သားကို machete နဲ့ မွှန်းတော့  သွေးတွေ ပန်းထွက်လာတာတွေ ...မကြည့်ရက်စရာတွေချည်းပါပဲ ။

 

💛

 Claire ဟာ အဲ့ video fileကို ကူးပြီး စခန်းကိုသွားပြတယ်။ အခုနောက်ပိုင်း ‌မိန်းကလေးတွေလည်း ပျောက်ဆုံး နေတယ် ဆိုတော့ ဒါတွေဟာ အစစ်တွေ ဖြစ်နေမလား ဆိုပြီးသွားပြတော့ စခန်းက စုံထောက်ကတော့ 


"ဝိုး...ဒါတွေက ယောကျာ်းတိုင်း မကင်းတဲ့ကိစ္စတွေ၊ အွန်လိုင်းမှာ အပျော်ကြည့် ဖို့ အတွက် သွေးတု နဲ့ ရိုက်ထားကြတဲ့ဟာတွေ၊ Claire  မင်းယောကျာ်းဟာလည်း ဆုံးသွားပြီးဆိုတော့ သိပ်မတွေးပဲ လူကောင်းအနေနဲ့ပဲ လက်ခံရှိပါစေ၊သိပ်မတွေးနဲ့" ဆိုပြီး စုံထောက်က Claire ကို နှာနှပ်ပြီး ပြန်လွှတ်လိုက်တယ်။


💙


အဲ့အချိန်မှာပဲ Claire ဟာ video file တွေထဲက တခြား

မသင်္ကာစရာတွေ ထပ် ရှာတွေ့လိုက်တဲ့အပြင် သူ့အမ ဖြစ်သူ Lydia ကို Claireယောကျာ်း Paul က....

Lydia ဘာလုပ်လဲ ဘယ်သွားတယ် ဆိုတာကအစ

စောင့်ကြည့်ဖို့ လူငှားပြီး ရိုက်ထားတဲ့ video  fileကိုပါ ထပ်တွေ့လိုက်ရတယ်။ File တွေထဲမှာ ထပ်ရှာရင်း Lydia ရဲ့ သမီးဖြစ်သူ Dee ကိုလည်း ကျောင်းလခတွေ ထောက်ပံ့ပေးထားတာ တွေ့လိုက်ရတယ်။


💛


FBI  Agentရော၊ စခန်းက စုံထောက်ကပါ၊သေသွားတဲ့ Claire ယောကျာ်း Paul ရဲ့Laptop ထဲက fileတွေကို လိုချင်လာတဲ့အခါ ..တောင်းဆိုလာတဲ့ အခါမှာ

 Claire တစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ပြီး၊ သူ့အမ Lydai ကို ပြန်ဆက်သွယ်ပြီး တိုင်ပင်တယ်။

 

💙


သေသွားတယ်ဆိုတဲ့ သူယောကျာ်း Paul နဲ့ သူ့ အမ

Lydia ပတ်သတ်ခဲ့ သလားဆိုတာ မေးတယ်။


Lydia ဖြေတာက ( aw..... 😥 )

💛

Claireရှာတွေ့ တဲ့ Video file ထဲမှာ Mask နဲ့ လူတစ်ယောက်က မိန်းကလေးတွေ ကို  နံရံမှာ ကိုယ်လုံးတီး ထား၊ ကြိုးနဲ့ချည်ပြီး နှိပ်စက်တာတွေ machete နဲ့ မွှန်းပြီ နှိပ်စက် သတ်ဖြတ် rape  လုပ်တာတွေကို ရိုက်ထား

တယ်။ 

💙

အဲ့ဒီ video file တွေကို edit လုပ်ပြီး၊ အဲ့ဒါတွေကို ကြည့်ပြီး အရသာခံတက်တဲ့ကမ္ဘာအနှံ့က  ကြည့်ရှုသူဖောက်သည်တွေ ဆီ ပို့မယ်၊ ပိုက်ဆံရှာမယ်၊

အဲ့ဒါတွေကို သူ့ယောကျာ်း paulက လုပ်ခဲ့တဲ့လား၊ ဘယ်သူက လုပ်ခဲ့တာလဲ ။


💙

အဲ့နောက်မှာ video file ထဲကမိန်းကလေးဟာ Juliaပုံစံမျိုးဆိုပြီး စိတ်ထဲကတွေးမိတယ်။ အမဖြစ်သူJulia  အသက်ရှင်ဦးမယ်လို့ မထင်ပေမယ့် Claire နဲ့ Lydia တို့ ညီအမနှစ်ယောက် Paul ရဲ့ နောက်ကြောင်းကို လိုက်ရင်း Paul ငယ်စဉ်ဘဝနဲ့ သူ့မိဘတွေ နေခဲ့တဲ့ Fuller House ကိုရောက်သွားရင်း

..........

ဒန်...တန်...တန်...😁

💛

 Claire,Lydia ,Juliaတို့ရဲ့ အဖေ Dad ရဲ့POV မှာ ဆိုရင် ဝတ္ထုထဲက ဇာတ်လမ်းကို ဖတ်ရတာထက် အပြင်လက်တွေ့ ဘဝ မိသားစုထဲက သမီးပျောက်သွားတဲ့အခါ ခံစားရတဲ့  ဖခင်တစ်ယောက်ရဲ့ သောကတွေ၊ အစရှာမရ ပျောက်သွားတဲ့ သမီးကို အလောင်းများ ရှာတွေ့လိမ့်

မလား မျှော်လင့်ချက်နဲ့ ရဲစခန်း‌ကိုနေ့တိုင်းသွားမေးတယ်၊

အဖေတစ်ယောက်က သမီးဖြစ်သူယူမယ့် ယောကျာ်းကို မြင်တဲ့အခါ မယူစေချင်ဘူး (..) မှာ ဖုံးကွယ်ထားတာတွေ ရှိနေတယ်ဆိုတာ ဖခင်တစ်ယောက်အနေနဲ့ စိတ်ထဲက ခံစားချက်သိတဲ့ ခံစားချက်...


သူ့ရဲ့နောက်ဆုံးနေ့တွေထဲက တနေ့မှာ  သမီး နှိပ်စက်ခံရပြီး သတ်ခံရတဲ့ video tape ကို ကြည့်ပြီးတဲ့နောက် သူ့ကိုယ်သူသတ်သေသွားသလိုပုံစံ လုပ် ထားတယ်။

 đŸ’›

အဲ့လို ပုံစံဖြစ်အောင်‌ရော တကယ်က ဘယ်သူကလုပ်ထားတာလဲ ....???

 

💙 

ထပ်ရှာတွေတဲ့ vidoe tape တွေ

Raw

Edited

Delivered

💛

အဲ့ထဲ ကနေ Claire ကဘာကိုရှာတွေ့ ဖော်ထုတ်နိုင်မလဲ။ မိန်းကလေးပေါင်းများစွာကို နှိပ်စက်၊ rape လုပ် ဓားနဲ့ မွန်း ရက်စက်မှု့ အပေါင်း သရဖူဆောင်းခဲ့သူ၊

စုံထောက်ကို ပြန်လှည့်စားခဲ့တဲ့သူ..

Mask နဲ့သူက ဘယ်သူလဲ။


Rape  Murder ...torture

Pornographic film ထက်ပိုတဲ့ ဒီကိစ္စမှာ


ဘယ်သူတွေကရော ပါဝင်ပတ်သတ်နေလဲ။

💙

"Tell me you want this....." 


💛


မိသားစုထဲမှာ အနှစ်၂၀ ကျော် ကိုယ်နဲ့အနီးကပ်ဆုံးရှိတဲ့သူ၊ကိုယ့်ကိုပျော်ရွှင်စေတဲ့သူ စိတ်ချမ်းသာအောင် ထားခဲ့သူ ဟာ  ကျန်တဲ့ တစ်မိသားစုလုံး အမြဲ စောင့်ကြည့်ခံရပြီး ဒုက္ခရောက်အောင်၊ သူ့ အမ Julia ပျောက်ဆုံးတဲ့အမှု့ မှာလည်း ပတ်သတ်မယ်၊ ဒီလို လုပ်လိမ့်မယ် ထင်ထားခဲ့မှာ မဟုတ်ဘူး။

💙


(.... ) had been a violent psychopath.(.....) was a torturer & a murder, serial rapist.

💛


Claire လို Red Pill or Blue Pill ဘာဆုံးဖြတ်ရမလဲ၊

ဘာကို ရွေးချယ်ရမလဲ မသိဖြစ်နေလား..

💙


There was no difference between the blue pill and red pill. There were only degrees of suffering.

💛


နောက်ပိုင်းခန်းတွေမှာ ညီအမ သံယောဇဉ်တွေ့ရမယ်။

လိုက်ကယ်တဲ့ အက်ရှင်ခန်းတွေ တွေ့ ရမယ်။ 


💛ဇာတ်သိမ်းလေးလည်း ကျေနပ်စရာကောင်းတယ်။

💙Julia အတွက် သူ့အဖေအတွက်၊ victim ဖြစ်သွားတဲ့     

      မိန်းကလေးပေါင်းများစွာအတွက်  ဝမ်းနည်းဖို့ လည်း

      ကောင်းတယ်။ 

💛ဖတ်ပြီး ခံစားရပြီး ရင်ထဲလည်း နွေးသွားရတယ်။


(......) ကိုလည်းဖတ်နေရင်း ထလုပ်ချင်စိတ်တွေတောင် ပေါက်တယ်။ (.....)ကိုထပ် ဖမ်းတယ်။ ကြိုးနဲ့ချည်ပြီး sprary ဘူးထဲ သေးနဲ့ပန်းပြီး  အသက်ရှုမရအောင် မွန်းအောင်  နှိပ်စက်တယ်။လည်ပြီး ဟန်ဆောင်ကောင်းလွန်းတယ်။ ယုတ်မာလွန်းတယ်၊ရက်စက်လွန်းတယ် ။

နောက်ဆုံးအချိန်ထိ Julia ဘယ်မှာလဲဆိုတာ မပြောခဲ့ဘူး။

💙


ဒီစာအုပ် ရဲ့ US cover/ UK cover  ၂မျိုးမှာ UKcover မိန်းကလေး ပုံစံမျိုး၊  ပျောက်သွားတဲ့မိန်းကလေးတွေ နှိပ်စက်ခံရ၊ ရက်စက်စွာ သတ်ဖြတ်ခံရတယ်။


💛

US cover မှာ ပါတဲ့  ရေထဲမှာ လော့ကတ်နဲ့ ဆွဲကြိုးပုံလေး က Julia နောက်ဆုံး ဆွဲသွားတဲ့ ဆွဲကြိုးလေးကို ရေတွင်းထဲမှာ အနှစ် ၂၀ကြာမှ ပြန်ရှာတွေ့လိုက်တဲ့ ပုံလေး။


 đŸ’™

စာရေးဆရာကို သဘောကျမိတယ်။ ဇာတ်လမ်းကိုလည်း သေချာ ရေးသွားတယ်။ နောက်ဆုံးမှာလည်း သေချာရှင်းပြသွားတယ်။ Julia အသတ်ခံရတဲ့ video မှာပါတဲ့ rape, torture, machete နဲ့ နို့အုံကို မွှန်းပြီး သွေးစက်စက်ကျအောင် နှိပ်စက်၊ သတ်ဖြတ်ပြီး ရိုက်ထားတာကို သေချာကို ရေးပြထားတယ်။ နားထောင်ရင်းAudioBook narrator ဖတ်ပြတာ အသက်ဝင်လွန်းတော့ မျက်မှောင်တောင်ကျုံ့ရတယ် ။

💛

Rape/ torture /murder  တွေပါတယ်။ အဲ့ဒါကြောင့် trigger warning လေးတော့ ပါပါမယ်။ 

💙

စာအုပ်က ၂၀၁၅ ထွက်တာ။ စာရေးဆရာရဲ့ Audiobookကနောက်ဆုံးပြောပြချက်မှာ၂၀၁၃ FBI report တွေ အရ US ကမိန်းကလေးတွေ every.6.6 min တိုင်းမှာ rape လုပ်ခံရတဲ့အမှု့တွေရှိတယ်၊ အမှု့တွေ ရဲ့ 80%ဟာ unreported ပါတဲ့ ။

💛

ကိုယ်ကတော့ အခုလ ဖတ်တဲ့စာအုပ်ထဲမှာ ကြိုက်မိတဲ့ စာအုပ် တအုပ်ပါ ။

💙

စာအုပ်အကြောင်း အသေးစိပ်ရေးရင် ဖတ်ရတာ 

အရသာရှိမှာ မဟုတ်တော့ဘူး။ 

💛

 P.S..... ✍️✍️Audiobookမှာတော့ စာအုပ်ရဲ့အဆက် 

( မဖတ်လည်းဖြစ်တဲ့ ) Blonde Hair, Blue Eyes ဆိုတဲ့ အတိုလေး ပါတယ်။Juliaအကြောင်း အတိုလေးနဲ့သူ ( ....) နဲ့ တွေ့ပြီး ဘယ်လို ပျောက်ဆုံးသွားရတယ် ဆိုတာလေး...ဝတ္ထုတိုအနေနဲ့လည်း ထွက်ထားတယ်။ သူက အဓိက ဇာတ်ကောင် မဟုတ်တဲ့အတွက်  မဖတ်လည်း ဘာမှ မဖြစ်ဘူး။ 

 

E book link 📘

https://t.me/mobi_epub_ebook_and_Movie/1411?single


#Audiobook_Review by Hnin Yi Pwint

September 7. 2021


🟥🟥အခုစာအုပ်နဲ့မဆိုင်ပေမယ့် Karin Slaughterရဲ့စာအုပ်တွေထဲမှာ The Good Daughter နဲ့ Pretty Girls က နာမည်ကြီးပါတယ်။ အများစုက The Good Daughterကို ပိုကြိုက်ကြတယ်။ ကျန်တဲ့ စာအုပ်တွေ က cop မှု့ခင်း series တွေများတယ်။ စီးရီးအလိုက်ဖတ်မှ ဇာတ်ရည်လည်မယ့် စာအုပ်တွေလည်း ရှိတယ်။


အခုနောက်ဆုံးထွက်တဲ့ False Witness ကတော့ စီးရီးမဟုတ်ပဲ  တအုပ်ထဲ stand alone ဖတ်လို့ရတဲ့စာအုပ်ပါ။