Wednesday, August 28, 2013

လောကထဲမှ မထွက်နိုင်သေးလျှင် (သုခ)

 

ရာမာခရစ်ရှာနာ ဘုန်းတော်ကြီးသည် တရားဓမ္မကို ကြည်ညိုသူတိုင်း တောထွက်၍ တရားကျင့်နိုင်ကြမည် မဟုတ်ဟု သိထားသူဖြစ်သည်။ ထိုသို့ လောကီနယ်အတွင်းမှ စွန့်ကြီးစွန့်ကာ တောမထွက်နိုင်ကြသေးသော် လူ့ဘ၀လူ့ကိစ္စထဲတွင်ပင် သတိမမေ့မလျော့ နေနိုင်ကြရန် သပမာကလေးများဖြင့် ဤသို့ညွှန်ပြတော်မူခဲ့သေး၏ ။

လောကကြီးထဲမှ မထွက်နိုင်သေးပါဟုဆိုလျှင် လောကကြီးထဲတွင်ပင် ကျင့်ကြံနေထိုင်ပါ ။သို့သော် လောကီအညစ်အကြေး တွေကို သတိနှင့်ကင်းစင်နိုင်သမျှ ကင်းစင်အောင် ရှောင်ကြဉ်အားထုတ်ပါ ။ ရေပေါ်မှ ပျံတက်သော ငှက်တို့သည် အတောင်ကို ရေပေါ်တွင် တဖျပ်ဖျပ်ခတ်ပြီး ရေစင်အောင်ပြု၍ ပျံတက်ကြသည် ။ ရွှံ့ထဲတွင် နေထိုင်သော ငါးသည် ရွှံ့နှင့် မရောနှောပါ ။(၀ါ)ရွှံပေကျံ ခြင်းမရှိပါ ။

ပိန္နဲသီးကိုခွဲပြီးလျှင် ဆီကိုသုံး၍ အတွင်းသားကို ကိုင်တွယ်ပါက အစေးကပ်မည်ကို စိုးရိမ်ရတော့မည်မဟုတ် ။ ထိုအခါ ပိန္နဲသီး အရသာကို အနှောင့်အယှက်မှရှိ ခံစားသုံးဆောင်နိုင်၏ ။

သင်သည် ဖိနပ်စီးထားလျှင် ဆူးပေါ်သို့ နင်း၍လျှောက်နိုင်၏ ။ဘာသာရေးအသိပညာရှိထားလျှင် အန္တရယ်များသည့် လောကအတွင်းဝယ် ဘေးကင်းစွာကျက်စားနိုင်၏ ။

နွားနို့တွင် ရေရောသော် ရေသည် နွားနို့နှင့် မကွဲပြား အတူနေနိုင်သေး၏ ။နွားနို့မှ တဆင့်တက်၍ ထောပတ်ဖြစ်လာသောအခါကား ရေနှင့်ရောသော်လည်း ရေနှင့် အတူမနေတော့ဘဲ ရေပေါ်သို့သာ ထောပတ်က တက်လာပါလိမ့်မည်။ ထို့အတူ စိတ်သည် အကျင့်မရှိသေးခင်သာ မကောင်းမှု့ အ၀ိဇ္ဇာနှင့် ရောပြွမ်းနေသော်လည်းအကျင့်ရှိ၍ စိတ်အဆင့်တက်လာသောအခါ အကုသိုလ် အ၀ိဇ္ဇာနှင့် ရောယှက်၍ မနေတော့ပေ ။

“ကြေးအိုးများကို နေ့စဉ်မတိုက်ချွတ်သော် ကြေးညှိတက်၍ အသွေးရောင် ပျက်လတ္တံ့။ ထို့အတူ စိတ်ကို နေ့စဉ် လျစ်လျှုပြုထားကာ အ၀ိဇ္ဇာ အညှိတက်၏ ။”

ချောမွေ့သော မှန်အပြင်ဝယ် မည်သည့်အရာမှ မထင်နိုင်ပေ ။သို့သော် လိုအပ်သော ဓာတုပစ္စည်းတို့ဖြင့် မှန်သားကို အုပ်လိုက်သောအခါ ဓာတ်ပုံမှန်သားဖြစ်လာ၍ ၎င်းအပေါ်တွင် ကိုယ်လိုချင်သော အရုပ်သဏ္ဍန် အမှန်ထင်ပေါ်လာနိုင်၏ ။ ထိုနည်းတူစွာ လူတို့၏နှလုံးသားကို တရားနှင့် မွမ်းမံလျှင် ဘုရားရှင်၏ ပုံပန်းသဏ္ဍန် ထင်ရှားစွာ ပေါ်လာနိုင်လေသည် ။

                                    *                              *                                *

Sunday, August 25, 2013

ဗီယက်နမ် ပုံပြင် ၃ ပုဒ်


   သူ့ထက်ကဲ
တစ်ခါတုန်းက အင်မတန်ကပ်စေးနှဲတဲ့ အဘိုးကြီးတစ်ဦးရှိတယ်။အဘိုးကြီးက ဘယ်လောက်ကပ်စေးနှဲသလဲဆိုရင် လမ်းလျှောက်သွားရင်း ကမ်းစပ်က ကောက်ရခဲ့တဲ့ ဘဲဥတစ်လုံးကို ပြုတ်၊အစိပ်ကလေးတွေစိပ်ပြီးတော့ ထမင်းတစ်နပ်ကို တစ်စိပ်နှုန်းနဲ့ စားသတဲ့ ။
"ဒီလိုကြောင့် ချမ်းသာလာတာကွ ၊ဒါ ကပ်စေးနှဲတာ မဟုတ်ဘူး ၊အင်မတိ အင်မတန်ချွေတာ တာ”
အဘိုးကြီးက သူ့ကို အပြစ်ဆိုတဲ့ လုတွေကို အဲဒီလို တုန့်ပြန်ဆိုတက်သတဲ့ ။ အဲဒီ ကပ်စေးနှဲ အဘိုးကြီးဆီမှာ သားသမီးနှစ်ယောက်ရှိတယ် ။အရွယ်ရောက်ပြီးတဲ့ သမီးနှစ်ယောက်ပေါ့ ။အဲဒီ သမီးနှစ်ယောက်ကို ပိုးပန်းတဲ့ သူတွေလည်း ရှိတယ်တဲ့။အဲဒါက သဘာဝကိုး ။အဲဒီလို ပိုးပန်းတဲ့သူတွေကို အဘိုးကြီးက စိစစ်တာပေါ့။ သူ့သဘောနဲ့ တွေ့မတွေ့ပေါ့။ သမက်ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ ပုဂ္ဂိုလ်တွေကလည်း သူတို့ထုံးစံအတိုင်း အဘိုးကြီး ကျလောက်မယ့်အသွင် ဟန်ရေးပြပြီး အစမ်းခံကြတယ် ။
မင်းကို ငါကြည့်နေတာ ဆေးတံကြီး တဖွာဖွာနဲ့
ဟုတ်ကဲ့ ဦး ၊ဒါ အကောင်းဆုံး ဆေးမှုန့်ကိုမှာပြီး ကျွန်တော့်အဖေ့ဆီက အမွေရထားတဲ့ ဆေးတံနဲ့ သောက်နေတာ ၊ကျွန်တော် တစ်ခါရှိုက်လိုက်ရင် တစ်ဒွန်လောက်ကျတယ်
အောင်မလေး  လေး ..မင်းလို အသုံးဖြုန်းကြီးတဲ့ကောင်နဲ့ငါ့သမီးနဲ့ ပေးစားလို့ ဘယ်ဖြစ်မလဲ ၊သွား..သွား ..
အဘိုးကြီးက ပျာပျာသလဲ မောင်းထုတ်လိုက်တယ် ။နောက်တစ်ယောက်ကျပြန်တော့..
မင်း ၀တ်ထားတဲ့ အ၀တ်အစားတွေက ကောင်းလှချည်လား
ဟုတ်ကဲ့ ..ဦး၊ကျွန်တော် စိန့်တိုင်းက အထူးမှာထားတဲ့ ပိုးထညိတွေပါ ၊အခုတောင် ဒီဇိုင်းသစ်တွေရောက်လာလို့ အင်္ကျီင်္သစ်တွေ ချုပ်ခိုင်းထားတယ် ။
ဟုတ်လား ၊အဲဒီအင်္ကျီ အသစ်တွေရရင် မင်း ဒီ အင်္ကျီဟောင်းကို ဘာလုပ်မှာလဲ
လွှင့်ပစ်လိုက်မှာပေါ့ ဦးရယ် ၊ဘာလုပ်မှာလဲ အဟောင်းကို
သမက်လောင်းက ခပ်ကြွားကြွား ပြောလိုက်တယ် ။
ဟုတ်လား ၊အဲဒီ အင်္ကျီ အသစ်က ဘယ်တော့လောက်ရမှာလဲ
ကပ်စေးနှဲအဘိုးကြီးက ထက်ထက်သန်သန် မေးလိုက်တယ် ။
နောက်သံးရက်လောက်ကြာရင် ရမယ် ။
ဒါဆိုနောက် သုံးရက်အထ် မင်း ငါ့သမီးကို ၀င်ထွက် ပိုးပန်းစေ ၊အင်္ကျီအသစ်ရပြီးရင် အင်္ကျီဟောင်းကို ငါ့ခြံထဲ ပစ်ထားခဲ့ ။ပြီးရင် မင်းသွားတော့ ၊မင်းလို အသုံးအဖြုန်းကြီးတဲ့သူ မလိုချင်ဘူး ဒီလိုကပ်စေးနှဲ အဘိုးကြီးဟာ နောက်ဆုံးမှာတော့ သူ့သမီးနှစ်ယောက်ကို ကပ်စေးနှဲတဲ့ လူနှစ်ယောက်နဲ့ပဲ သဘောတူလိုက်တာတော့ မဆန်းဘူးပေါ့ ။
သမီးကြီး…အဲဒီ့ကောင်က ဆီးသီး တစ်ဗူးဝယ်ပြီး တစ်နေ့လုံး ဆီးသီးတစ်ခြမ်း အရသာခံစားတာ ၊အင်မတန်တော်တဲ့ကောင်ပဲ
သမီးလေး….ဒီကောင်က လုံချည်တစ်ထည်ဝယ်ပြီး ခြောက်ပိုင်းပိုင်းပြီး ကုလားတွေဝတ်တဲ့ လန်ကွတ်တီ လိုဝတ်တာ၊အင်မတန်တော်တဲ့ကောင်ပဲ
နောက်ဆုံး သမီးနှစ်ယောက်ဟာ ဖအေ သဘောတူတဲ့ သူနှစ်ယောက်နဲ့ ယူလိုက်ရတာပေါ့ ။ဗီယက်နမ် လူမျိုးတွေမှာ ရိုးရာပွဲတစ်ခုရှိသတဲ့ ။ အဲဒီရိုးရာပွဲကတော့ မိဘဆရာကို ကန်တော့တဲ့ သက်ကြီးပူဇော်ပွဲလိုမျိုးပေါ့ ။အဲဒီနေ့မှာ သားသမီးတွေစာ မိဘတို့၊ယောက္ခမတို့၊ဆရာသမားတို့ကို လိုက်လံပြီး ကန်တော့ရသတဲ့။ အဲဒီလိုကန်တော့တဲ့ အခါမှာ လက်ဆောင်ပစ္စည်းလေးတွေ ဘာတွေနဲ့ ကန်တော့ရတာပေါ့ ။လက်ဆောင်ပစ္စည်းများလေ ဂုဏ်ရှိလေပေါ့ ။ အဲဒီလိုကန်တော့ တဲ့နေ့ ရောက်လာတော့ အဘိုးကြီးရဲ့ သမက်နှစ်ယောက်ကလည်း ဘယ်လိုမှ ရျောင်လွှဲလို့မရဘူးပေါ့။ ရိုးရာဓလေ့ထုံးစံအတိုင်း ယောက္ခမကြီးကိုကန်တော့ရယ်ပေါ့ ။
ဒုက္ခပဲ လက်အုပ်ချီကန်တော့လို့လဲ မရဘူး ၊ပိုက်ဆံကုန်ပေါက်ပဲ
သမက်နှစ်ယောက်က စိတ်ညစ်ညစ်နဲ့ အကြံထုတ်တာပေါ့ ။ပုံမှန်အရအဲဒီလိုကန်တော့ပွဲမှာ ၀က်ပါရတယ် ၊ကြက်ပါရတယ် ၊ဘဲပါရတယ်၊သစ်သီးဝလံပါရတယ် ၊အရက်ပါရတယ် ၊တစ်ခြားဟာတွေလည်းအများကြီးပေါ့ ။
တစ်နှစ်လုံးချွေတာလာသမျှ ဒီကန်တော့ပွဲကျမှ ကုန်ကိန်းပါလား
သမက်နှစ်ယောက်က အဲဒီလို တဖျစ်တောက်တောက်ညည်းတွားရင်း အကြံထုတ်ကြတယ် ။နောက်ဆုံးမှ သမက်အကြီးက အကြံတစ်ခု ရ လိုက်သတဲ့ ။ဒါနဲ့ပဲ မိဘ ဘိုးဘွား သက်ကြီးပူဇော်ပွဲအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ပြုလုပ်ပြင်ဆင်ပေးတဲ့ သူဆီကို သွားပြီး နွားတွေ၊၀က်တွေ၊ဘဲငန်းတွေ၊သစ်သီးသစ်နှံတွေ၊အရက်တွေ ဘာတွေ အပြည့်အစုံပါတဲ့ ရောင်စုံပန်းချီကားချပ်ကြီးတစ်ခုကိုဝယ်လိုက်သတဲ့ ။ နောက်အဲဒီ ပန်းချီကားချပ်ကြီးကိုပဲ သူ့ယောက္ခမကြီးဆီကို သယ်လာခဲ့တာပေါ့ ။သူ့ယောက္ခမကြီးရဲ့ အိမ်အ၀င်မှာတော့ သူ့မယားညီအစ်ကိုကိုတွေ့ရသတဲ့ ။သူ့ခယ်မရဲ့လင်ကလည်း သူ့အင်္ကျီပေါ်မှာ တစ်ခုခု ၀ှက်လာသတဲ့ ။
ဘာလဲဟ ငါ့ညီ
သမက်အကြီးက စပ်စပ်စုစုမေးလိုက်ပေမယ့် သူ့မယားညီအစ်ကိုက ခပ်တည်တည်ပဲ ၊ပြန်မဖြေဘူး ။ ကပ်စေးနှဲ ယောက္ခမကြီးက တော့ သူ့သမက်တွေရဲ့လက်ဆောင်ကိုလက်ခံဖို့ ကွပ်ပျစ်ပေါ်မှာ အကျအနထိုင်လိုက်တယ် ။နောက်သမက်အကြီးကိုမေးလိုက်တယ်။
ငါ့သားကြီး ဘာတွေများယူလာသလဲ
အဲဒီတော့ သမက်အကြီးက ရိုရိုသေသေပဲ ပြောလိုက်သတဲ့။
ဒီနှစ်တော့ ကျွန်တော်ငေါကြေးအဆင်မပြေလှလို့အဖေ့အတွက် နွားတစ်ချို့၊၀က်တစ်ချို့၊ဘဲငန်းတစ်ချို့၊သစ်သီးသစ်နှံနဲ့ အရက်တစ်ချို့ပဲ ယူလာနိုင်ပါတယ် အဖေ ၊ဒီမှာပါ၊အဖေ့ကို အသက်မက ချစ်မြတ်နိုးပြီး လာမယ့်နှစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ စေတနာ မေတ္တာ ထားတဲ့ သားရဲ့ နုံချာလှတဲ့ ဒီလက်ဆောင်လေးကို လက်ခံပါလို့ပန်ကြားပါရစေ
သမက်အကြီးက အဲဒီလိုပြောဆိုပြီးတော့ သူ့ရဲ့ ပန်းချီကားချပ်ကြီးကို တလေးတစား ကမ်းပေးလိုက်တာပေါ့။
အို….ကောင်းလိုက်တာကွယ် ၊ကျေးဇူးတင်လိုက်တာ ၊ဒါပေမယ့် အဖေ သတိပေးပါရစေ ၊သားက ဒီနှစ်အခြေအနေမကောင်းလို့ ဆင်းရဲနေတယ်ဆိုပေမယ့် အဖေ့ကိုလာကန်တော့တဲ့ လက်ဆောင်ကများလွန်းတယ် ၊သားဒီလောက် အသုံးအဖြုန်းမကြီးနဲ့ကွယ့်
ယောက္ခမကြီးကလည်း လေးလေးနက်နက် ပြောလိုက်တယ် ။
ကဲ…သားငယ်ကရော ခုအချိန်ကြီးမှာ အဖေ့ကိုဘာနဲ့ ကန်တော့မှာလဲ
ယောက္ခမကြီးက သမက်အငယ်ကို မေးလိုက်သတဲ့ ။အဲဒီတော့ သမီးငယ်ရဲ့ လင်တော်မောင်ဟာ ရှေ့ကိုတိုးလာပြီး သေသေချာချာဝှက်လာခဲ့တဲ့ မီးသွေးခဲတစ်ခဲကို အင်္ကျီအောက်က ထုတ်လိုက်တယ်။ပြီးတော့ သူ့မယားညီ အစ်ကိုရဲ့ ပန်းချီကားထဲက တိရစ္ဆာန်ပုံတွေကိုာကမ်းပြင်ပေါ်မှ ခပ်ကြမ်းကြမ်းဆွဲလိုက်တယ် ။
အဖေ..အဖေ့ကို နှစ်သစ်မှာ ဆထက်တစ်ပိုးတိုးလို့ ကြီးပွားချမ်းသာပါစေလို့ ဆုတောင်းရင်း အဖေ့ကို ဒါတွေနြ့ ကန်တော့ပါတယ် ။ကြမ်းပြင်နဲ့ မဆန်တော့တဲ့ အတွက် ဒီလောက်ကြီးမားတဲ့ နွားတွေ၊၀က်တွေ ၊ဘဲငန်းတွေ ကိုပါ လက်ခံပါ လို့ တောင်းပန်ပါရစေ အဖေ
ကောင်းမှ ကောင်းကွယ်
ယောက္မကြီးက မိန်ကမိန့်ကြီးပြုံးရင်း ပြောလိုက်တယ် ။
မင်းဟာ မင်းမယားညီအစ်ကိုထက်တောင် အမြော်အမြင်ကြီးသေးတယ် ၊ဒါပေမယ့် မင်းလဲ ဖြုန်းလွန်းတယ်လို့ထင်တယ်ကွယ့်။မင်းတို့နှစ်ယောက် အဖေ့ကို ခုလို အလိုက်တသိ လာကန်တော့ကြတဲ့ အတွက် အဖေကလဲ အတုံ့အပြန်အနေနဲ့ မင်းတို့ကို ဒီပုလင်းထဲက အရက်ကို တိုက်လိုက်ပါရစေကွယ်
ယောက္ခမကြီးက သမက်နှစ်ယောက်ကို အဲဒီလိုပြောဆိုပြီး တော့ အရက်ငှဲ့ဟန် လုပ်လိုက်သတဲ့ ။ပြီးတော့ အရက်နှစ်ခွက် ကမ်းပေးတဲ့ ပုံစံ သမက်နှစ်ယောက်ကို ကမ်းပေးလိုက်သတဲ့ ။ပြီးတော့ အရက်ခွက် လှမ်းယူတဲ့ ပုံစံ လှမ်းယုလိုက်ပြီး သောက်လိုက်ကြသတဲ့ ။
နောက်ပြီး စိတ်ထဲမှာတော့ ကျိတ်ပြီးတော့ မှတ်ချက်ချလိုက်သတဲ့ ။
ငါတို့ယောက္ခမကြီး ရဲ့ အဆင့်ကိုမှီဖို့ အတော်ကြိုးစားရဦးမှာပဲ ။`                          
           *                        *                         *                         *                            *



                                                           မယားနိုင်မင်း                                 
တစ်ခါက မယားကြောက်ရွာလို့ခေါ်လောက်တဲ့ ရွာတစ်ရွာရှိတယ် ။ အဲဒီ မယားကြောက် ရွာသားတွေဟာ တစ်နေ့မှာ အစည်းအဝေးတစ်ခု ခေါ်လိုက်ကြတယ် ။သူတို့ မိန်းမတွေကို ဘယ်လို နိုင်အောင် လုပ်မယ်ဆိုတဲ့ ကိစ္စဆွေးနွေးမယ်ပေါ့ ။နောက်ဆုံးမှာတော့ အပြန်အလှန် အထောက်အကူပြုမှု့နဲ့ တစ်ယောက်ကိုတစ်ယောက် အကူအညီပေးပြီး မယားတွေကို တွန်းလှန်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ် ။
အဲဒီလို မယားနိုင်အဖွဲ့ကြီးရဲ့ ၀ါဒလမ်းစဉ် တွေ ဘာတွေချမှတ်ပြီးတော့မှ သူတို့ထဲက တစ်ယောက်ကို ဥက္ကဋ္ဌ ရွေးချယ်ဖို့ စိုင်းပြင်းကြတယ် ။ အဲဒီလို ဟိုလူ ဥက္ကဋ္ဌတင်ရနိုး ၊ဒီလူ ဥက္ကဋ္ဌတင်ရနိုးဆွေးနွေးနေကြတုန်းမှာ ကင်းသမားက အထိတ်တလန့် သတိပေးလိုက်တယ် ။
ကျုပ်တို့ မိန်းမတွေ လာနေပြီ ၊ကျုပ်တို့ မိန်းမတွေ လာနေပြီ ၊လူစုခွဲ ၊မြန်မြန်
မယားနိုင်အဖွဲ့  ဖွဲ့စည်းရေး အစည်းအဝေးကို တက်ရောက်နေတဲ့ မယားကြောက်လင်တွေအားလုံး ဖနောင့်နဲ့တစ်သားတည်းနေအောင် ပြေးလွှားပုန်းအောင်းကုန်ကြတယ် ။ဒါပေမယ့် သူတို့ လှန့်ချက်မှားသွားတာ ။သူတို့ မယားတွေဟာသူတို့ အစည်းအဝေးဆီကို လာတာမဟုတ်ဘဲ ဈေးသွားကြတာဖြစ်တော့ တောတန်းဘေးကနေ အေးအေးဆေးဆေး ဖြတ်သန်းသွားကြတယ် ။
ဒါနဲ့ မယားကြောက်သားတွေကလည်း သူတို့ရဲ့ အရေးကြီးလှတဲ့ ဆွေးနွေးပွဲကြီးဆက်လက်ကျင်းပဖို့ ပြန်လာကြတော့ မထွက်ပြေးဘဲနဲ့ သူ့နေရာမှာသူ ထိုင်မြဲထိုင်နေတဲ့ ရွာသားတစ်ယောက်ကို လှမ်းမြင်လိုက်တယ် ။
ဟာ….တို့ ဘာမှ အချေအတင် ဆွေးနွေးနေစရာမလိုတော့ဘူးကွ ၊ဒီလောက်သတ္တိရှိတဲ့လူကို ဥက္ကဋ္ဌတင်လိုက်ရုံပဲ
မယားကြောက်ရွာသားတွေက အဲဒီလို အားရပါးရ ဆိုလိုက်ပြီးတော့ အဲဒီ သတ္တိရှင်ရွာသားကို ထောမနာပြုဖို့ အနားကို ခပ်သုတ်သုတ် လျှောက်လာကြတယ် ။ အဲဒီတော့မှ  အဲဒီရွာသားမပြေးတဲ့ အကြောင်းအရင်းကို သိလိုက်ရတော့တယ် ။
သူက အကြောက်လွန်ပြီး အသက်ထွက်သားခဲ့တာကိုး ။         ။  :)

        *                       *                            *                             *                          *

                                                   ရွေးချက်ကယ်မှား
တစ်နေ့မှာတော့ ငရဲမင်းကြီး ဒိန်းဝေါင်ဟာ တစ်ခြားသက်ရှိ သတ္တ၀ါတွေလိုပဲ နေထိုင်မကောင်းဖြစ်တယ် ။ အဲဒီတော့ လူ့လောက က သမားတော် တစ်ယောက် ပင့်ဖို့ ငရဲသားတစ်ယောက်ကို လွှတ်လိုက်တယ် ။
လူသေ အနည်းဆုံး သမားတော်ကိုသာရှာပင့်ခဲ့ ငရဲမင်းကြီးက သူ့ငရဲသားကို သတိပေးလိုက်တာပေါ့ ။
လူနာသေ အနည်းဆုံးသမားတော်မှန်း ကျွန်တော်မျိုး ဘယ်လိုလုပ်သိမှာလဲ
ဒါများလွယ်ပါတယ်ကွာ ၊ဒေါသထွက်နေတဲ့ ၀ိညာဉ်တွေ မအုံဆုံး သမားတော်ကို ရှာခေါ်ခဲ့
အဲဒါနဲ့ ငရဲသားလည်း ငရဲမင်းကြီး မှာလိုက်တဲ့ စကားကို သတိချပ်ပြီး အဲဒီ ရှားရှားပါးပါး ဆရာဝန်ကို လိုက်ရှာတယ်။တစ်လမ်းဝင် ရင်လည်း သမားတော်ရဲ့ အိမ်ကိုတွေ့ပါရဲ့၊ အဲဒီ သမားတော် အိမ်ရှေ့မှာလည်း သမားတော်ကုသစဉ်မှာဘဲ သေဆုံးသွားတဲ့ ၀ိညာဉ်တွေ မကျေမနပ်နဲ့ စုဝေးနေတာ တွေ့ရတယ် နောက်တစ်လမ်းဝင်ရင်လည်း ဒီလိုပဲတဲ့။နောက်ဆုံး ကျတော့ လမ်းပေါင်းများစွာဝင်ပြီး ဆရာဝန်ပေါင်း များစွာကိုတွေ့ပြီးမှ ၀ိညဉ် တစ်ခုတည်းမကျေမနပ်ဖြစ်နေတဲ့ သမားတော် ကိုတွေ့လိုက်ရတယ် ။
ဒါနဲ့ ငရဲသားလည်း အဲဒီသမားတော်ကိုပဲ အလျင်အမြန် ပင့်သွားတယ် ။ငရဲမင်းကြီး ဒိန်းဝေါင်ဟာ အဲဒီ့သမားတော်ကို သမားတော်ဂုဏ်နဲ့ ထိုက်ထိုက်တန်တန် ကြိုဆို ဧည့်ဝတ်ပြုပြီးတော့ မေးမြန်းလိုက်တယ် ။
မောင်မင်း ကျွမ်းကျင်လှတဲ့အတွက် ခုလို ထူးထူးခြားခြား အသေအပျောက် နည်းပါးတဲ့ အဆင့်နဲ့ အောင် မြင်နေတာဖြစ်မယ် ထင်တယ်၊မောင်မင်း ဆေးကုသတဲ့ အလုပ် လုပ်နေတာ ဘယ်လောက်ကြာပြီလဲ
အဲဒီတော့ သမားတော်က ရိုရိုသေသေပဲ ပြန်ပြီးလျှောက်ထားလိုက်တယ် ။
အရှင်ယမ မင်းကြီးကျွန်တော်မျိုး ဒီမနက်မှ  ဆေးခန်းဖွင့်ကုသတာပါ ။အရှင်ယမမင်းကြီးက ကျွန်တော် မျိုးရဲ့ ဒုတိယ လူနာပါ လို့ ပြောလိုက်ပါတော့တယ် ။      ။
              *                       *                          *                           *                          *

Tuesday, August 20, 2013

ဂျာနယ်ကျော်မလေး ( စောမုံညင်း)

 

                         journalkyawmamalay

 á€…ဏ်ပသူရ်ဲကဏငယး မျိုးချစ်ပုဂ္ဂိုလ်ကြီး ရွှေလင်းယုန်အမည်ခံ ဂျာနယ်ကျော် ဦးချစ်မောင်ဇနီး ဒေါ်တင်လှိုင်၏ အကြောင်းမှာ ရေးစရာတွေအများကြီးရှိသည် ။ သူကိုယ်တိုင် သတ္တိရှိရှိ ဖွင့်ဟရေးသားခဲ့သော သူလိုလူ စာအုပ်တွင် သူ၏အတွင်းရေးများကို စာဖတ်ပရိတ်သတ်အား  အစုံအလင် သိခွင့်ပေးထားပြီး ဖြစ်သည် ။ဇာတိသရုပ်ကို မျက်စိထဲ မြင်လာအောင် ပေါ်လွင် ပြတ်သားစွာ ဖော်ပြနိုင်ခြင်းမှာ ဂျာနယ်ကျော်မမလေး၏ ပြောင်မြောက်သော အရည်အသွေးပဲ ဖြစ်သည် ။

စာအုပ်တစ်အုပ်ဖြစ်အောင် လူတိုင်းရေးနိုင်ကြပါသည် ။ သို့သော် ရသမြောက်သော ရသစာပေဖြစ်ရန် မလွယ်ကူလှပါ။ သူရေးခဲ့သော သူလိုလူစာအုပ်မှာ စိတ်ကူးယဉ်မဟုတ်ပါ။တင်ဆက်ပုံကောင်းလွန်းပြီး ပင်ကိုယ်စရိုက်ပေါ်အောင် ပီပီသသ ၊သရုပ်ဖော်ပြကာ ကိုယ်တွေ့ကို အရင်းအတိုင်းဖောက်သည်ချထားသဖြင့် ဤစာအုပ်ဖတ်ရုံနှင့် သူဘယ်သူ ၊ဦးချစ်မောင် ဘယ်လိုပုဂ္ဂိုလ်ဟု သိနိုင်လောက်ပါပြီ။ ဒေါ်တင်လှိုင်သည် ပထမဦးဆုံး ရဝေလှိုင် ကလောင်အမည်နှင့်စာပေလောက အတွင်းသို့ ၀င်ရောက်လာခဲ့သည် ။ဒေါ်တင်လှိုင်၏ မိဘများမှာ ဘိုကလေး၊ဖျာပုံ ဒိစကြိတ် ဒေါ်ဆင် ဘဏ်မန်နေဂျာ ဦးပျားချိုနှင့် ဒေါ်ကြွယ်တို့ ဖြစ်ကြသည် ။ ဒေါ်တင်လှိုင်သည် ဘိုကလေးမြို့နယ် ၊ကမာလူကျေးရွာ၌ ၁၉၁၇ ခုနှစ်တွင် ဖွားမြင်ခဲ့သည်ဟု သိရသည် ။မောင်နှစ်မ ငါးဦးရှိခဲ့ရာ အစ်မများမှာ မိဘ၏ဘဏ်လုပ်ငန်းတွင် နှစ်ချုပ်စာရင်းပြုချိန်၌ မီးတထိန်ထိန်ဖြင့် အလုပ်လုပ်ကြသော်လည်း ဒေါ်တင်လှိုက်မှာကားနေ့စဉ်ထုတ် စာနယ်ဇင်းဖြင့်သာ အချိန်ကုန်ခဲ့သူဖြစ်သည်  ။ရှေးဟောင်းစာပေ ၊ပျို့ ၊လင်္ကာ ကြီးများကိုလည်း ခုံမင်စွာလေ့လာခဲ့သည် ။ မိခင်ဖြစ်သူ၏ ပုံကောင်းသွင်းခဲ့သဖြင့် အမြဲ ကြော့ကြော့ရှင်းရှင်း ခေတ်ဆန်ဆန် ဆင်ယင်နေတက်သူဖြစ်သည်။ စိတ်ကလည်း ထက်သည် ။ ရှေ့ဆောင် ရှေ့ရွက် သူလုပ်ချင်သည်ကိုလုပ်ရမှ ၊အညံ့မခံချင်စိတ်လည်းရှိသည် ။ သို့သော် အနွံအတာ အပင်ပန်းလည်းခံနိုင်သည် ။ထိုတင်းမာသော စိတ်ဓာတ်မှာ  အခြားညီအစ်မများနှင့် ကွဲလွဲချက်ပင်ဖြစ်သည် ။

သတင်းစာ ၊ဂျာနယ်၊မဂ္ဂဇင်များ၌ စိတ်ဝင်စားသူပီပီ မိန်းကလေးများ ကြက်တောင်ရိုက်သည်ကို မောင်းသတင်းက ကဲ့ရဲ့ လှောင်ပြောင် သည့်အတွက် ဒေါ်တင်လှိုင်က ပြန်လည်ချေပ ရှင်းလင်းသော ဆောင်းပါးရေးသားခဲ့သည် ။ “ ဏ, သတ်  ညဏ်အမြင်ရှိကြရန် ရေးသူ ရေ၀လှိုင် အမည်နှင့် မြန်မာ့ အလင်း” သတင်းစာတွင် ဖော်ပြခဲ့ရာမှ စပြီး အယ်ဒီတာ ဦးချစ်မောင်နှင့် သိကျွမ်းလာခဲ့သည် ။

တိုင်းပြု ပြည်ပြုဆောင်းပါးများ၊တို့ဗမာ အစည်းအရုံးဆောင်းပါးများလည်းရေးခဲ့သည် ။ သူကိုယ်တိုင်ကလည်း အဖွဲ့ဝင်တစ်ဦးဖြစ်၍ ရန်ကုန်မှ ခေါင်းဆောင်များ နယ်လှည့် တရားဟောလာသည့်အခါ မိမိ လည်း အလုပ်ရှုပ်ရလေသည်။ မြစ်ဝကျွန်းပေဓ တစ်လျှောက် သခင်မ ဒေါ်သိန်းတင်တို့ ရောက်လာစဉ် ဒေါ်တင်လှိုင်ကလည်း အဖွဲ့ဝင် တစ်ဦးအနေနှင့်လှုပ်ရှားခဲ့သည် ။ မျက်နှာဖြူများ၏ မျက်မွေးစူးခြင်းကို ဒေါ်တင်လှိုင် မိဘများပင်ခံခဲ့ရသည် ။

ဒေါ်တင်လှိုင်သည် မြစ်ဝကျွန်းပေါ်ရှိ ချစ်တီးများ၏ ငွေထုတ်ငွေသွင်း လုပ်ငန်းများကို ဖခင်၏ဘဏ်နှင့် ဆက်စပ်ပြီး ကြားတွေ့သိမြင်ခဲ့ရသူဖြစ်သည်။ရွှေ ၊ငွေ၊မြေ ၊လယ်ယာများကိုအပေါင်ခံပြီးငွေသားတွေကို ချိန်ခွင်နဲ့ ကြုံး၍ချိန်ကာ ဆင်းရဲသား ကျောမွဲများမှာ လယ်ပေါင် ၊မြေပေါင်ရှုံး၍ အိုးမဲ့ အိမ်မဲ့ စားရ၀တ်ရမယ့် ဖြစ်နေပုံများကို ပွဲကြည့်ပရိတ်သတ် အနေနှင့် လေ့လာခွင့်ရခဲ့သူဖြစ်ပါသည် ။

ငယ်စဉ်ကပင် တစ်ခုခုကို အလေးအနက် စဉ်းစားတက်သူပီပီ ဆင်းရဲသားများ၏ဘ၀ကို စာနာစိတ်ထားပြီး စာပေနှင့် ၁၉၃၇ ခုနှစ်ကစ၍ တင်ပြလာခဲ့သူဖြစ်သည်။ နိုင်ငံရေးအတွေးအခေါ်နှင့် ရေးလာသော အမျိုးသမီးတစ်ဦး၏ လက်ရာများကို သတင်းစာကလည်း လိုလိုချင်ချင် ကြိုဆိုဖော်ပြပေးခဲ့သည် ။တစ်နည်းအားဖြင့်လည်း ဒေါ်မမလေး ယနေ့ထင်ရှားလာခဲ့ ခြင်းမှာ ခင်ပွန်းသည် ဦးချစ်မောင်၏စံနမူနာကောင်းအများဆုံးရခဲ့၍ဟု ကျွန်မတော့အထင်ရှိသည် ။"ဘယ်ရှေးကံက အဘိရာဇကရယ်ကြောင့် သိလာခဲ့ရပုံ ”တေးထပ်မှာ ဒေါ်တင်လှိုင်အား အဆန်းတကြယ် တွေ့ခဲ့ပုံကို စပ်ဆိုခဲ့ခြင်းဖြစ်သည် ။ဦးချစ်မောင်သည် စာပေခရီးလမ်း၌ ဒေါ်တင်လှိုင်အား  အမီပါအောင် တွဲခေါ်ခဲ့သည်ဟုဆိုချင်ပါသည် ။သူတို့ဇနီးမောင်နှံသည် ၁၉၃၇ ခုနှစ်က လက်ထပ်ခဲ့ကြသည် ။ ဒေါ်တင်လှိုင်အကြောင်းရေးရလျှင် ဦးချစ်မောင်ကို ချန်ထားခဲ့၍မဖြစ်။ဂျာနယ်ကျော်မမလေး နာမည်ကြီးသည်မှာ မည်သည့်အချက်များက ဖန်တီးပေးနေသည်ဟု  လေ့လာမိသည် ။

ဒေါ်တင်လှိုင်၏ အသည်းကြားမှ စာပေပန်းငုံတို့သည် ဦးချစ်မောင်တည်းဟူသော နေအာရုဏ်တွင် ငွားငွားစွင့်စွင့်ပွင့်လာခဲ့ရသည် ။ဦးချစ်မောင်သည် ဘယ်လို ပုဂ္ဂိုလ်မျိုးနည်း ၊သာမည စာရေးဆရာ။သတင်းစာဆရာမဟုတ် ၊အလွန်သစ္စာကြီးသော မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်သည် ။ စစ်ဖြစ်ခါနီးတွင် နိုင်ငံရေး ၊စစ်ရေးတို့ကို ပြတ်သားစွာ သူ့ဂျာနယ်မှ ဝေဖန်ရေးသားလာခဲ့ပြီး ပြည်သူလူထုကို အသိညဏ်ပေးလာခဲ့သူဖြစ်သည် ။ ပထမ ကျောင်းဆရာ ၊ထို့နောက် နောရထာသတင်းစာတိုက်နှင့် မြန်မာ့အလင်း အယ်ဒီတာချူပ်အဖြစ်လုပ်ကိုင်ရင်း သတင်းသာဦးစီးများနှင့် ခေါင်းမာသော ဦးချစ်မောင်မှာ သဘောထာချင်း မတိုက်ဆိုင်သဖြင့် နှုတ်ထွက်ကာ ဂျာနယ်ကျော် နေ့စဉ်သတင်းစာတိုက်ကြီးကို ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

သူအယ်ဒီတာ လုပ်ခြင်းသည် စာပေကြောင့်ချည်း မဟုတ်ဘဲ နိုင်ငံရေးဆောင်ရွက်ချင်၍ဖြစ်သည် ။နိုင်ငံရေးသမားတွေများပြီး သတင်းစာ လုပ်သူက ရှား၍သာ သူဝင်လုပ်ရခြင်းဖြစ်သည် ။သူလုပ်ခဲ့သော နိုင်ငံရေးမှာလည်း ရာထူးယူကြသောနိုင်ငံရေးမျိုးမဟုတ်၊ အစိုးရကောင်းလိုချင်လျှင် အယ်ဒီတာကောင်းရှိရမည်  ဟူသောစကားအရ သူကိုယ်တိုင် အယ်ဒီတာကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့သူသာဖြစ်သည် ။နိုင်ငံရေးဘက်က ကြည့်လျှင် သူလို အယ်ဒီတာကိုရခြင်းမှာ အမြတ်ချည်းသာဖြစ်သည်။

“အသက်ခရီးမှာ တ၀က်ကြီးကျော်ခဲ့ပြီး ၊ထိရောက်စွာ ဘယ်အလုပ်တွင်မှ ကယ်ဟုတ်စွာ နိုင်ငံအကျိုးကို သယ်ပိုး မဆောင်ရွက်နိုင်လို့ စိတ်စက်မကြည် ၊ပါရမီ ကံလှီတင့်သည့်ဘ၀ ၊နိုင်ငံတော်မှု ကုန်ထမ်းတို့မှာ ညဏ်စွမ်း မယိုမင့်သော်လည်း ၊ခွင့်လှည့်မကျ ”ဟု သူ့ ဒိုင်ယာရီ၌ရေးခဲ့သည်ဟုသိရသည် ။ဒါကိုဖတ်ပြီး ငါတို့လည်း သည်လိုပါပဲကလား ၊ ခုချိန်အထိ ဘာမှ ထိထိရောက်ရောက် နိုင်ငံအကျိုး မဆောင်ရွက်ရသေးပါကလား ဟု ဦးချစ်မောင်၏ လေးဆစ်ကို ဖတ်ရင်း ကျွန်မတို့လည်း နောင်တရလာမိသည် ။

ဦးချစ်မောင်ကား သေသည်အထိ နိုင်ငံအကျိုးပြုလုပ်ငန်းကို လုပ်သွားခဲ့သူဖြစ်သည်။ ဂျပန်ခေတ်က လေနတ်သားစာရွက်တွေကို စုပြီးချေပ ဖြိုခွင်းဖို့နှင့် အစီရင်ခံစာတမ်းရေးဖို့လည်းတာဝန်ယူရသည် ။နိုင်ငံတော် ရေးရာ အဖြာဖြာနှင့် အစိုးရ လုပ်ဆောင်ဖွယ်ရာများကိုလည်း အကြံညဏ်ပေးရသည် ။စည်ပင်သာယာအဖွဲ့၏ ရှုပ်ထွေးသောအမှု့ကိစ္စတွေကို လည်းတက်နိုင်သ၍ ဖြေရှင်းပေးရသည်။မြန်မာ့ဝန်ထမ်းသင်တန်း၌လည်း သတင်းနှင့်ဆောင်းပါးရေးနည်းများ ပို့ချပေးရသည့်အပြင် ဂျပန်က သာယာဝတီ သူပုန်ကိစ္စ စာရေးခိုင်းသည်ကိုလည်း သူပဲ တာဝန်ယူပေးရသည်ဟု ဖတ်ရသည် ။ဘီရုမာရှင်ဘဇွန်းသတင်းစာ၌ မြန်မာယဉ်ကျေးမှု့ဖော်ထုတ်ရာတွင် ဘကြီးမှိုင်း ၊ဒေါက်တာဘဟန် ၊ဦးဖေမောင်တင် ၊ဒေါက်တာထင်အောင် စသည်တို့နှင့် အတူရေးသားခဲ့ရသည် ။အရှေ့အာရှ လူငယ်များစည်းရုံးရေးတာဝန် စီမံခန့်ခွဲဖို့ အကြံညဏ်ကိုလည် သူပဲရေးပေးရသည် ။ရာဇ၀င်၊ဘောဂဗေဒ ၊နိုင်ငံရေးရာစာပေကျမ်းဂန်များကိုလည်း ကျွမ်းကျင်၍ အင်္ဂလိပ်ဘာသာနိုင်နင်းသောပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း သူလိုလူ စာအုပ်၌ အကဲခတ်နိုင်ပေသည် ။

“ရှာရှာဖွေဖွေ” နှင့် “ကမ္ဘာကြီး ပျက်စီးလုလုနီးပြီလော”ဟူသော နိုင်ငံရေး ကျမ်းများနှင့် စိတ်ထားပြုပြင်ရေး သင်ခန်းစာပေးသော “သူ ”၀တ္ထုကြီးမှာ ဦးချစ်မောင်၏ အပြောင်မြောက်ဆုံးလက်ရာများဖြစ်သည် ။ သူ့ခများဗြိတိသျှ ၀င်လာသည့်အခါ အဖမ်းခံရသေးသည် ။လွတ်လပ်ရေးအတွက် ဖ.ဆ .ပ .လ ဖွဲ့ရန် ဘုရင်ခံထံ တင်ပြသော တောင်းဆိုချက်များ၊စည်းကမ်းများ ရေးဆွဲရာ၌လည်း ဦးချစ်မောင်၏ အကြံညဏ်များစွာပါဝင်ခဲ့သည် ။ ၁၃၀၇ ခုနှစ်၊ အသက် ၃၀ အရွယ်တွင် စာပေအာဇာနည် မျိုးချစ် ပုဂ္ဂိုလ်ကြီးမှာ ပင်ပန်းသည့်အတွက် စောစောစီးစီးပင် ကွယ်လွန်ခဲ့ရသည် ။သတင်းစုံ ဂျာနယ်ကမူ တပ်ဦး၌ “ကျဆုံးသူ ကလောင် သူရဲကောင်းကြီး ”ဟု ဖော်ပြခဲ့သည် ။

ဤတွင် ဒေါ်တင်လှိုင်ကား ဂျာနယ်ထုတ်ဝေသူနှင့် မန်နေဂျင်းဒါရိုက်တာအဖြစ် သားသမီးများ၏ တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရသည် ။မိန်းမသားဟူ၍ အားမနွဲ့ခဲ့ပါ။ ဦးချစ်မောင် သည် ဂျာနယ်ကို သူရှိစဉ်ကပင် ဇနီးသည်က ကြီးကြပ်လာခဲ့ကြောင်း ၊ယခုလို မစ္စတာဆာတိုးအား ပြောခဲ့ဖူးသည် ။ကျွန်ုပ် ၏ဂျာနယ်ကို “ကျွန်ုပ်၏ မိန်းမသာ တိုက်အုပ်အဖြစ် ဦးစီးလုပ်ကိုင်ခြင်းမရှိဘဲ ကျွန်ုပ်ကိုယ်တိုင် လုပ်ကိုင်ခဲ့ပါမူ ယခုမျှလောက်အောင် မြင်မည်မဟုတ်ပါ” ဟူ၍ဖြစ်သည် ။

ဒေါ်မမလေး၏ လိမ္မာ ပါးနပ်မှု့နှင့် အမြော်အမြင်ကြီးမှု့အပြင် စာပေ အရည်အသွေး ပြောင်မြောက်ပုံကို ဦးချစ်မောင်က ဖော်ထုတ်ပြောဆိုခဲ့ခြင်းပင်ဖြစ်သည် ။ ဒေါ်မမလေး၏ စာပေများမှာ ဆွဲဆောင်မှု့ အပြည့်အ၀ရှိပြီး သရုပ်ပီပြင်လွန်း၍ သူသူ့စာပေကို တမ်းတ ကြရသည် ။ ဂျပန်ခေတ်က ရေးသားခဲ့သော လုံးချင်းဝတ္ထုမှာ ( သူမ) ပင် ဖြစ်၏ ။စစ်ပြီးခေတ်တွင် အဖြူ နှင့် သူလိုမိန်းမ များ ရေးခဲ့ပြီး  ဂျာနယ်ကျော်နှင့် ဟစ်တိုင်း သတင်းစာတိုက်ကို ရိုက်ချိုးဖျက်စီးခံရပြီးနောက် ၀တ္ထုရှည်အဖြစ် ( စိတ်)နှင့် ( ကမ္ဘာမြေ၀ယ်) ကိုလည်းကောင်း ၊လစဉ် မဂ္ဂဇင်းကြီးများ၌ ၀တ္ထုရှည်နှင် ကိုယ်တွေ့မှတ်တမ်းများ ဆောင်ပါးများကို လည်းကောင်း ရေးသားခဲ့သည် ။

ဖန်အုပ်ဆောင်းထဲ့က နှင်းဆီပန်း မျက်နှာဖုံးကလေးနှင့် ၁၉၅၅ ခုနှစ်တွင်ရေးသော (မုန်း၍မဟူ) ၀တ္ထုရှည်မှာ စာပေဗိမာန် ဆုရရှိခဲ့ပြီး ၀တ္ထုတိုပေါင်းချုပ်ကို ရှု့မငြီးအမည်ဖြင့် ပထမအကြိမ် ထုတ်ဝေခဲ့သည် ။ထို့နောက် ၁၉၆၃ ခုနှစ်တွင် (တွေးတစိမ့်စိမ့်) ကို ၀တ္ထုတိုပေါင်းချုပ်ဆုအဖြစ် ရရှိခဲ့လေသည် ။ ဒေါ်မမလေး၏ ရင်မှ တစ်ရှိုက် ၊ ရင်နင့်အောင်မွှေး နှင့် သွေး ၀တ္ထုများမှာလည်း လူကြိုက်များသော စာအုပ်များ ဖြစ်၏။ ထို့ပြင် ၁၉၄၇ ခုနှစ်က ထုတ်ဝေသော ကလောင်ရှင် စာစောင်ကြီးတွင် “ပုံနှိပ်တိုက်လောကနှင့် ၆၀၀၀၀/- အကြွေး” ဟူသော ဒေါ်မမလေး၏ ဆောင်းပါး၌ သူ့ အခက်အခဲများကို ဖော်ပြခဲ့ ဖူးသည် ။

ယယခုအခါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဌာနချုပ်မှ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားမှု့သမိုင်းကိုဖော်ထုတ်ရေးသားခဲ့ရာသခင်မ ဒေါ်တင်လှိုင်၏ပြောပြချက်များလည်းပါဝင်ခဲ့သည် ။သခင်ကိုယ်တော်မှိုင်းကြီး ၊သခင်ညီ၊သခင်ထွန်းအုပ်၊သခင်မ ဒေါ်သိန်းတင် တို့နှင့်အတူ ဒေါ်မမလေးသည် အရင်းရှင်များအကြောင်း မြစ်ဝကျွန်းပေါ်တစ်လျှောက် ဟောပြောခဲ့သည်။

ဒေါ်မမလေးသည် ယဉ်ကျေးမှု့ကော်မရှင်နှင့် တရုတ်ပြည် ၊ရုရှားပြည်သို့လည်းကောင်း၊ အနုမြူ ဆန့်ကျင်ရေးကွန့်ဖရင့်ကိုယ်စားလှယ်အဖြစ် ဂျပန်ပြည်သို့ လည်းကောင်းရောက်ခဲ့သည်။

ခင်ပွန်းဆုံးပြီးနောက် သမီးငယ်ကလည်းခြေမသန် ရောဂါဖြစ်ရသည့်အတွက် မြန်မာ့ဆေးနှင့်ကုလိုစိတ်ဖြစ်ပေါ်ကာ မြန်မာ့ဆေးပညာ နေလ၀ိဇ္ဇာနည်းကို  လေ့လာ ဆည်းပူးခဲ့သည် ။ ၁၅နှစ်အကြာ လေ့လာပြီးသည့်အခါ၌ကား ဆေးပညာဆောင်းပါးတွေ ရှု့မ၀၊သွေးသောက်၌ အကြိမ်ကြိမ်ရေးခဲ့သည် ။မြန်မာ့ဓာတ်နည်းဖြင့် ကုသပေး၍ လူနာများချမ်းသာရကြောင်း ရေးသားထားသောဆောင်းပါးများကို စုပေါင်း၍ မြန်မာ့ ဆေးပညာ အမည်နှင့် ကျမ်းတစ်ခု ပြုစု ထုတ်ဝေခဲ့သည် ။လူတိုင်း မိမိတို့၏ ကိုယ်ကို ကျန်းမာအောင် နေထိုင်စားသောက်ဖို့ သတိပေးရင်း မြန်မာ့ဆေးပညာကို အထင်သေးသူများအဖို့ ရှင်းလင်းတင်ပြရေးသားခဲ့သည် ။

ယခုအခါ သူ၏ သီဟရတနာပုံနှိပ်တိုက်တွင် နေ့စဉ် ဝေဒနာရှင်များနှင့် ဆုံတွေ့၍ ကုသပေးလျှက် ရှိနေသည် ။သို့သော်သူ့ကိုယ်သူ ဆေးဆရာ ဖြစ်သွားမည်ကိုကား စိုးရိမ်မိသည် ။ဆေးဆိုင်းဘုတ်ကိုပင် မတင်ခဲ့။ဆေးကုပညာကို ၀မ်းစာအလုပ်ဟုလည်းသဘောမထားလိုပေ။တက်နိုင်သရွေ့ ကုသိုလ်အဖြစ်ကုသသွားမည် ။စီးပွားဖြစ်မလုပ်ပါဟု အဓိဋ္ဌာန်ပြုထားသည် ။ ပဲခူး ရွှေမောဓောဘုရား အုတ်မြစ်ချစဉ်က သူနာပြုဆရာမလေးများကိုငှားကာ ဆေးခန်းကို သပ်ရပ်စွာထားပြီး လူတစ်ထောင်အတွက် တစ်ယောက်လျှင် ငါးကျပ်တန် မြန်မာ့ဆေးဝါးများကုသိုလ်ဖြစှ်ုဒါန်းခဲ့သည် ။သူ့စေတနာမှာ မြန်မာ့ဆေး၏ထက်မြက်ပုံနှင့် ဓာတ်ပညာ နေလဂိုဏ်း ဖြင့် အသံ၊ အနံ့၊ အထိ ၊အတွေ့ များကို ဝေဒနာအလိုက် ကိုက်ညီအောင် ဓာတ်စာများနှင့်အတူ ကုသနည်းကို ဖော်ထုတ်ချင်၍ဖြစ်သည် ။

ကျွန်မမှာ ယခုလို စာပေလမ်းကြောင်းမှ နေ၍ ရုတ်တရက် ဆေးပညာဘက်သို့ လမ်းကြောင်းအသစ် ပြောင်းသွားပုံကို အံ့သြမိနေပါသည် ။ဂျာနယ်ကျော်မမလေး၏ ၀တ္ထုဇာတ်လမ်းကောင်းတွေ ရှေ့ကို ဖတ်မှ ဖတ်ရပါတော့မလားဟု စိုးရိမ်မိသည် ။

၁၉၇၁ ခုနှစ် ၊ဇူလိုင်လက ကျင်းပခဲ့သော အတ္ထုပတ္တိဆွေးနွေးပေး၌ သူပါဝင်ဆွေးနွေးပြီးနောက် ဒေါ်မမလေးကို စာပေအနုပညာရှင်အနေနှင့် ဆန္ဒယူပွဲတွင် ပါဝင်လှုပ်ရှားခဲ့သည်ကိုလည်းတွေ့ရပါသည် ။တွံတေးအနီး ဗောင်းတော်ချုပ်သို့ သွားရောက်ဆေးကုသည်ကိုလည်း ကြားသိရပါသည် ။ကျွန်မှာ သူ့အကြောင်းမရေးမိ (သူလိုလူ ) စာအုပ်ကို အကြိမ်ကြိမ် ပြန်ဖတ်မိရာ များစွာစိတ်ထိခိုက်ရပါသည် ။ဦးချစ်မောင်ကွယ်လွန်ခါနီး ဆေးရုံတွင် ဒေါ်မမလေး ဗျာများရပုံတွေကို ဖတ်ရင်း မှန်ထဲတွင် ကိုယ့်ပုံကို မြင်ရသလို အောက်မေ့မိသည် ။မကြာသေးမီက ဆေးရုံကြီးပေါ်တွင် ကျွန်မခင်ပွန်းကို ကျွန်မ နောက်ဆုံးပြုခဲ့ရသည်နှင့်မခြား ထပ်တူခံစားရသည့်အတွက် ဖြစ်ပါသည် ။ဦးချစ်မောင်ကွယ်လွန်သည့်အခန်းကဏ္ဍကို ကျွန်မမှာ မျက်ရည်ပေါက်ပေါက်ကျပြီး  ဖတ်ခဲ့ရပါသည် ။ကျွန်မကပဲ ဘ၀တူချင်းမို့စာနာမိလို့လား၊ဒေါ်မမလေး၏ အရေးအသားကပဲ ကောင်းလွန်း၍လား တော့မပြောတက်ပါ ။

၁၉၇၃ ခုနှစ် ၊နိုဝင်ဘာ (၁၆) ရက်နေ့က ဒေါ်မမလေးသည် ဦးချစ်မောင် စုဆောင်းခဲ့သည့် စာအုပ်ပေါင်း ၁၁၇၆ အုပ်ကိုတက္ကသိုလ် များ ဗဟိုစာကြည့်တိုက်သို့ လှုဒါန်းလိုက်ရာ အလွန်ရှားပါး၍ တန်ဖိုးကြီးလှသော စာအုပ်များ ပါဝင်သည်ဟု သိရပါသည် ။                       ။

                                                                                                         ( စောမုံညင်း)

 

Monday, August 19, 2013

ပထမဆုံး လူမှု့ဝန်ထမ်း အာဇာနည်အမျိုးသမီးကြီး ဒေါ်ဦးဇွန်း

 

ပထမဦးဆုံး လူမှု့ဝန်ထမ်း အာဇာနည် အမျိုးသမီးကြီး ဒေါ်ဦးဇွန်း (ခေါ်) သီလရှင်ကြီး ဒေါ်သုမာလာ(မင်းကွန်း)

(ရေးသူ =စောမုံညင်း)

မင်းကွန်း လူအိုရုံကို ပထမဆုံးစတင်တည်ထောင်ခဲ့ သူမှယ မန္တလေးမြို့မှ ဒေါ်ဦးဇွန်းဟူသော အမျိုးသမီးကြီးဖြစ်သည် ။ ဒေါ်ဦးဇွန်းသည် ပဉ္စမ သင်္ဂါယနာတင် မင်းတုန်းမင်းကြီးလက်ထက်၁၂၃၀ ပြည့် ၊၀ါခေါင်လဆန်း ငါးရက် ။သောကြာနေ့တွင် ဖွားသော မန္တလေးမြို့ ကျောက်သွေးတန်းရပ်မှ ပိုးကုန်သည်ကြီး ဦးအိ ။ဒေါ်မျှင်တို့ ၏ တစ်ဦးတည်းသော သမီးဖြစ်သည် ။ အသက် ၁၃ နှစ်အရွယ်ကပင် မိဘနှင့်အတူ ပိုးကုန်သည် အလုပ်ကို လုပ်ကိုင်လာခဲ့၏။ ၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူပြီး ၅နှစ်အကြာတွင် မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြရာ ဒေါ်ဦးဇွန်းသည် အပျိုကြီးဘ၀နှင့် မိဘ အလုပ်ကို ဦးစီးလာခဲ့ရသည် ။

ဒေါ်ဦးဇွန်း အသက် ၃၀ အရွယ်တွင် မန္တလေးမြို့ပတ္တမြားဆရာတော်ကြီးအား အုတ်ကျောင်းဆောက်လုပ်လှုဒါန်းခဲ့၍ ပတ္တမြား အုန်ကျောင်းအစ်မ ဒေါ်ဦးဇွန်း ဟု ခေါ်လာကြသည် ။ ၁၂၇၆ ခုနှစ်တွင် ကျောင်းအစ်မကြီး ဒေါ်ဦးဇွန်းသည် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများကို လှည့်လည်ဖူးမြော်ရင်း စတော့ကိတ်လမ်း ( သိမ်ဖြူလမ်း)ရှိ ဘရင်ဂျီသာသနာပြု သီလရှင်များ တည်ဆောက်ထားသော လူအို ရုံသို့ ၀င်ရောက်ကြည့်ရှု့ခဲ့ရာ မြန်မာလူအိုကြီးများကိုကောင်းစွာစောင့်ရှောက် ထားသည် ကိုတွေ့ရသည် ။

သို့သော် ဗုဒ္ဓ ဘာသာထုံးစံအတိုင်း ဘုရားရှိခိုး ။ဥပုသ်သီလ စောင့်ခြင်းများ မပြုလုပ်ရဘဲ ခရစ်ယာန် တရားများကိုသာ ကြားနာနေရသည်ကိုတွေ့ရသဖြင့် များစွာ စိတ်ထိခိုက်သွားပြီး ဗုဒ္ဒဘာသာ လူအိုရုံ တည်ထောင်လိုစိတ်ပေါက်သွားသည် ။

ထို့နောက် မန္တလေးသို့ ပြန်အရောက် တစ်နှစ်ခန့်အကြာတွင် စစ်ကိုင်းတောင်ရိုး မင်းကွန်းဘက် အရိယမဂ္ဂချောင် ဆရာတော် ဘုရားကို လျှောက်ထား၍ ကမ္ဘာကျော် မင်းကွန်းခေါင်းလောင်းကြီး အရှေ့ဘက် ဧရာဝတီမြစ်၏ ညာမှ ဆန်တင်၍ ခုနှစ်မိုင်အကွာ ဗဒုံမင်းလက်ထက် မင်းကွန်းခေါင်းလောင်းနှင့် မင်းကွန်းစေတီအကြားရှိ ကမ္မဋ္ဌာန်းကျောင်းလေး သုံးကျောင်းဆောက်ကာ ဒေါ်ဦးဇွန်းနှင့် အဖော် မိန်းကလေး နေရန်နှင့် ကျန် နှစ်ကျောင်း၌ လူအိုများနေရန် စီစဉ်ခဲ့သည် ။

၁၂၇၈ ခုနှစ်ဆန်းတွင် အသက် ၉၈နှစ်အရွယ် ရှိ အဘွားအိုနှင့် အသက် ၉၅ ခုနှစ်အရွယ်ရှိ အဘိုးဆင့် အပြင် အသက် ၈၅နှစ်ရှိ အဘွားမယ်တို့ကို ဒေါ်ဦးဇွန်းထံ လာရောက် အပ်နှံကြရာ ဒေါ်ဦးဇွန်းကိုယ်တိုင် ချက်ပြုတ်ကျွေးမွေး၍ ဥပုသ်နေ့များ၌ သီလ ယူကြရာကြောင်း ။နှစ်နှစ် အကြာတွင်  လူအို ၂၀ခန့်ရောက်လာပြီး ရန်ကုန်မြို့ အိန်အန်တောင် ကျားတံဆိပ်ဆေးတိုက် ညီ အစ်ကိုနှစ်ယောက် က ဆေးဝါးများကို မန္တလေးတိုက်ခွဲပိုင်ရှင် ကျားသူဋ္ဌေးတို့၏ ဦးလေးဖြစ်သူ ဦးဘိုးကျင်မှ တစ်ဆင့် မင်းကွန်းလူအိုရုံသို့ ပေးပို့ လှုဒါန်းခဲ့ကြလေသည် ။

အမြို့မြို့ အရွာရွာမှ လူအိုများလာရောက်ပို့လိုကြောင်း စာများ ရောက်ရှိလာပြန်ရာ ဒေါ်ဦးဇွန်းမျာ ကျောက်သွေးတန်းရှိ ၎င်း၏တိုက်တွင် ပုဂ္ဂိုလ်ငါးဦး ပါဝင်သော ဗုဒ္ဓဘာသာ လူအိုရုံအသင်းကို ဖွဲ့စည်းကာ ရုံးတော်၌ မှတ်တမ်းတင်ထား လိုက်ကြသည် ။၎င်း ပုဂ္ဂိုလ်များမှာ နာယက ဒေါ်ဦးဇွန်း ၊ကျားဆေးတိုက် ကိုယ်စားလှယ် ဦးဘိုးကျင်း ၊ ဘီ-အိုင်-အေ ဦးမောင်ကြီး (စာရင်းစစ်) ၊ ဦးဘကျန်း ( ငွေထိန်း) ၊ဦးလှကျော် (အတွင်းရေးမှုး) ၊ နှင့် ဦးဘိုးကျင်တို့ ဖြစ်ကြသည် ။ လူအိုရင်ကို ခေတ်မှီ လျှပ်စစ်နှင့် ရေမီးသွယ်ပေးသည့်အပြင်  လူအိုရုံသို့ သွားလိုသူများအဖို့ လူတစ်ရာစီးနိုင်သော မော်တော် ။သင်္ဘော ကိုလည်း မန္တလေးမှ မင်းကွန်းသို့ အခမဲ့ပို့ပေးခဲ့သည် ။ ကျွန်မတို့ မန္တလေး အေ-ဘီ -အမ် ကျောင်းနေစဉ်က မကြာခဏ သင်္ဘောနှင့် ရောက်ခဲ့ကြဖူးသည် ။ ရှစ်နှစ်ကြာသောအခါ ရန်ပုံငွေများကလည်း တိုးလာသဖြင့်  အဆောက်အဦးများကိုလည်း တိုးချဲ့နိုင်ခဲ့ သည် ။ သထုံ ၊ပေါင်းတည် ၊ ရန်ကုန် နှင်းဆီကုန်းနှင့် ပခုက္ကူမြို့များကလည်း လူအိုရုံ လာရောက်တည်ဆောက်ပေးရန် တောင်းပန်လာသည့်အတွက် ဒေါ်ဦးဇွန်း နှင့် ဦးမောင်ကြီး ၊ဦးဘကျန်းတို့သည် ၁၂၈၉ ခုနှစ် ၌ သထုံမြို့ မြသပိတ်တောင်ခြေရင်း၌ ၎င်းကောင်း ။၁၂၉၀ ခုနှစ်တွင် ပေါင်းတည် ၌ ၎င်း ၊ ၁၂၉၅ ခုနှစ်တွင် ရန်ကုန် နှင်းဆီကုန်းဘိုးဘွားရိပ်သာ လူအိုရုံကို၎င်း ၊၁၂၉၉ ခုနှစ်တွင် ပခုက္ကူမြို့၌ ၎င်း တည်ဆောက်ပေးခဲ့လေသည် ။

၁၂၉၀ ခုနှစ်တွင် ပေါင်းတည် လူအိုရုံက အသက် (၆၀) ပြည့်ပြီးသော ဒေါ်ဦးဇွန်းသည် လူဝတ်ကြောင်မှ သီလရှင်ဘ၀သို့ ပြောင်းလဲကာ ဒေါ်သုမာလာ ဘွဲ့ကို ယူခဲ့လေသည် ။သို့ရာတွင် တိုင်းပြည်ကမူ ဒေါ်ဦးဇွန်းဟုသည အခေါ်များခဲ့သည်။ ယခုအခါ ဖြူး၊မော်လမြိုင်၊ မန္တလေးတောင်ခြေ၊ ပြည် ၊ပုသိမ် နှင့် မြောင်းမြ မြို့များ၌လည်း ဘိုးဘွားရိပ်သာဖွင့်လှစ်ပြီးခဲ့ပေပြီ ။ အဘွားဦးဇွန်းနှင့်အတူ စေတနာ့ဝန်ထမ်း အချိန်ပြည့် ကူညီ လုပ်ကိုင်လာခဲ့သူမှာ မကြာမီမှ ကွယ်လွန်ခဲ့သော ဘီအိုင်အေ ဦးမောင်ကြီးပင် ဖြစ်သည် ။ ယခုအခါ ဆယ်သိန်းမက(ထိုခေတ်ငွေတန်ဖိုး) တန်သော အဆောက်အဦးများကို ပြည်သူလုထု စေတနာရှင်များ၏ အလှုငွေနှင့် တည်ဆောက်ခဲ့ ပြီးဖြစ်သည် ။

၎င်းဘိုးဘွားရိပ်သာများ၌ ရှေးက အနုပညာမင်းသား၊မင်းသမီး  အဆိုကျော် အတီးဆရာကြီးများလည်း ပြုစုခံလျှက်တွေ့ရသည် ။ ဂေဟာရှိ ဝေယျာ ဝေစ္စ ပြုလုပ်ပေးသော အမျိုးသမီးလေးများက သွေးရင်းသားရင်းနှင့်မခြား ယုယပေးကြသည် ။မင်းကွန်း လူအိုရုံတွင် ဘိုးဘွား (၁၆၀ ) ကျော်ရှိသည် ။ နံနက် ကိုးနာရီ သံချောင်းခေါက်လျှင် အသီးသီး စားသောက်ဆောင်သို့ သွားကြရသည်။ လေးယောက်တစ်တွဲ ထိုင်ကြရသည် ။ ဘိုး တို့ က အင်္ကျီအဖြူ ၊ယောဂီရောင် လုံခြည်၊ဘွား တို့က အင်္ကျီ အဖြူ ၊ယောဂီရောင် ထဘီနှင့် အချို့သီလရှင်များလည်း ရှိကြသည် ။ပြုစုသူလေးများမှာ အင်္ကျီအဖြူ ၊ ထဘီအပြာဆင်တူနှင့် လူအိုများကို တရိုတသေ ကျွေးမွေူပြုစုကြသည် ။

တာဝန်ရှိသူတစ်ဦးက ယနေ့ ဘိုးဘွားများကို ကုသိုလ်ပြု၍ ကျွေးမွေူသူ စေတနာရှင်မှာ မည်သူမည်ဝါဖြစ်ကြောင်း ဖတ်ကြားသွားလျှင် ဘိုးဘွားတို့က မေတ္တာပို့ပေးကြသည်။မကျန်းမာလျှင် အဆောင်သို့လာ၍ ထမင်းပို့ပေးကြသည် ။ ကိုယ်တိုင်ကိုယ်ကျ ထမင်းဟင်းခွံ့ ပေးသည့် အခါလည်းရှိသည် ။ အိုခြင်း ၊နာခြင်းမှ မကင်းနိုင်စေကာမူ အ၀တ်အစား ဆင်းရဲခြင်းမှ ကင်းငြိမ်းလျှက်ရှိကြသည် ။ ထိုအတွက် မပူမပင် သောက ငြိမ်းကြရသည် ။

ဒေါ်ဦးဇွန်းသည် အသက် ၇၆ နှစ်မှ ၁၉၄၄ ခုနှစ် ၊မေလ ၁၁ရက် ၊၁၃၀၆ ခုနှစ်တွင် မင်းကွန်းလူအိုရုံ၌ပင် ကွယ်လွန်သွားခဲ့သည့်နောက် ဦးမောင်ကြီးနှင့် လူအိုရု့ အဖွဲ့ဝင် လူကြီးများက ဆက်လက် စောင့်ရှောက်၍ စေတနာရှင်များနှင့် အစိုးရ လူမှု့ဝန်ထမ်းဌာန၏ အကူအညီဖြင့် တိုးတက်လာခဲ့ရာ ဘိုးဘွား (၃၀၀ ) အထိ လက်ခံနိုင်ခဲ့သည် ။ဦးမောင်ကြီး ထုတ်ဝေသော မြန်မာ့ဦးဇွန်း ဂျာနယ် ဟူ၍ပင် ရှိခဲ့ရာ ဒေါ်ဦးဇွန်းအမည် ကို ရည်ရွယ် ခဲ့ လေသလား မသိပါ။

၁၉၆၅ ခုနှစ် ၊ဇန်န၀ါရီလ ၁၁ရက်တွင် မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံသည် နှစ် (၅၀) ပြည့်သဖြင့် ရွှေရတု သဘင် ကျင်းပခဲ့သည် ။ နာယက ဆရာတော်များ ၊ အမှု့ဆောင် လူကြီးများနှင့် ပြည်သူလူထုက စိန်ရတုသဘင် ကျင်းပရန် ကြိုးပမ်းလျှက်ရှိကြသည် ။

လူမှု့ဝန်ထမ်းဌာနမှလည်း နှစ်စဉ် ဆန် ၊အ၀တ်အစား ၊အလှုငွေများ ပေးပို့လှုဒါနးခဲ့သည် ။ရပ်နီး ရပ်ဝေး စေတနာရှင်များကလည်း လှုဒါန်းကြ၍ တစ်နေ့စာ (၃၀၀) (ထိုခေတ်ငွေ) ကျပ်နှုန်းဖြင့် လှုဒါန်းလျက်ရှိခဲ့စည် ။မင်းကွန်း လူအိုရုံသည် စည်းစနစ်ကျန၍ ပြုစုမှု့ကောင်းခြင်းော့ာင့် တိုးတက်ခဲ့သည် ။ဘိုးဘွားတို့ ကျန်းမာရေးအတွက် ဆေးပေးခန်းနှင့် အမြဲတမ်းဆရာမလေးနှစ်ဦး ။အလှည့်ကျ ဆရာဝန်နှင့် မြန်မာသမားတော်များလည်း လာရောက် စောင့်ရှောက်ကြသည်။

အသက် ၉၀ ကျော် ဘိုးဘွားများမှာ မာမာချာချာနှင့် အေးငြိမ်းစွာ ပုတီးစိပ်၍ နေနိုင်ကြခြင်းမှာ အမျိုးသမီး အာဇာနည် စေတနာရှင်ကြီး ဒေါ်ဦးဇွန်း ၏ ကျေးဇူးကြောင့် ဖြစ်သည် ။နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ခဲ့သော ထိုပုဂ္ဂိုလ်ကြီးအား ဂုဏ်ပြုသည့် အနေဖြင့် မင်းကွန်းနှင့် ပေါင်းတည် လူအိုရုံရှေ့တွင် ကြေးသွန်းရုပ်တု လုပ်ရန် ဆုံးဖြတ်ခဲ့ ကြဖူးသည်။ (ပေါင်းတည်တွင် ယနေ့ခေတ်၌ ကြေးသွန်းရုပ် ရှိနေပါပြီ ) စင်စစ် လူအိုရုံတိုင်း ၌ ထားရှိသင့်ပေသည် ။

ဘိုးတော်ဦးဝိုင်း၏ ကောင်မှု့တော်ဖြစ်သော ဘုရားကြီး ခြေင်္သေ့ကြီးနှင့် ခေါင်းလောင်းကြီးတို့မှာ နှစ်ပေါင်းကြာညောင်းခဲ့ပေပြီ ။ သို့သော် ဘိုးဘွားလူအိုရုံဂေဟာကြီးကား သစ်မြဲသစ်လျှက် ရှိနေသည် ။မြန်မာထဲမှ ပထမဦးဆုံး လူမှု့ဝန်ထမ်းလုပ်ငန်းကို မျိုးစေ့ချပေးခဲ့သူ  အာဇာနည် အမျိုးသမီးကြီး ဒေါ်ဦးဇွန်းအား ဗုဒ္ဓဘာသာဝင်တိုင်း က မှတ်တမ်းတင်ကြရပါမည် ။        ။

                                                                                                                     စောမုံညင်း

Thursday, August 15, 2013

အမေ့ ခြေရာယူနည်း (ချစ်စံဝင်း)

 

အမေ့ခြေရာယူနည်းသည် ရှေးအခါက စစ်ကိုင်းတိုင်းအတွင်း၌ရှိခဲ့သော မြန်မာတို့၏ ရိုးရာထုံးစံတစ်ရပ်ဖြစ်၏။ ထိုဓလေ့ ထုံးစံကို စာပေဖြင့်စတင်မှတ်တမ်းတင်ခဲ့သူသည် စာရေးဆရာ မင်းသူရိန်ဖြစ်ပါ၏ ။ ဆရာ မင်းသူရိန်နှင့် ကျွန်တော်သည် လမ်းစဉ်သတင်းဂျာနယ်တွင် အတူတကွ အလုပ်လုပ်ခဲ့ဖူးပါ၏ ။ သူက သတင်းထောက်ကြီးဖြစ်၍ ကျွန်တော်က သတင်းထောက်ငယ်လေးဖြစ်ပါ၏ ။ ဆရာမင်းသူရိန်တွင်သူ့အမေခြေရာတစ်စုံရှိသည်။သူသည် အမေ့ခြေရာတစ်စုံကို မြတ်မြတ်နိုးနိုး သိမ်းဆည်းထားပြီး အမေ့ခြေရာယူခြင်းနှင့် ပတ်သတ်၍ဆရာက အောက်ပါအတိုင်းပြောပြပါ၏ ။

ဒီအလေ့အကျင့်က “ကျွန်တော်တို့စစ်ကိုင်းမှာ ရှိတယ် ။ကျွန်တော်ကိုယ်တိုင်လည်း အမေ့ခြေရာကိုယူထားတယ်။ယူတဲ့ ရည်ရွယ်ချက်ကတော့ အမေ့ဆီက အနိမ့်ဆုံး၊အောက်ဆုံးက ခြေမှုန့်ကို ခံယူကိုးကွယ်တဲ့သဘောပါပဲ ”ဟုဆိုသည်။မိသားစုတစ်စုတွင် မိဘများအသက်အရွယ်ကြီးရင့်လာပါက သားသမီးများသည် မိခင်နှင့် ဖခင်တို့၏ခြေရာများကို အသီးသီးတောင်းယူကြသည် ။သားသမီးတို့က မိဘခြေရာကို တောင်းခံသောအခါ မိဘတို့က “သြော်…ငါ့သားသမီးတို့တောင် ခြေရာတောင်းကြပါရောလား ဟုဆိုကာ ဇရာ၏သဘောတွေးတော်ပြီး ၀မ်းနည်းစကားပြောတက်ကြ၏ ။”

ထိုအခါ သားသမီးတို့က အမေတို့ အဖေတို့ အသက်ကြီးလို့ ခြေရာတောင်းတာမဟုတ်ပါဘူး။ကျွန်တော်တို့၊ကျွန်မတို ခရီးထွက်တဲ့အခါ အမေနဲ့အဖေကိုခွဲပြီး သွားကြရတော့ သွားတဲ့ခရီးမှာ အမေတို့ အဖေတို့ ကို ခေါ်မသွားနိုင်တောင်အမေ့ ခြေရာ၊အဖေ့ ခြေရာလေး ယူသွားတဲ့အခါ အမေနဲ့အတူ အဖေနဲ့အတူ ခရီးသွားသလို အန္တရယ်ကင်းအောင် ယူရတာပါ ဟုဆိုကာ ၀မ်းနည်းစကားကို ချေဖျက်ကြရ၏။

ထိုအခါ အဖေနှင့် အမေက ကဲ ..ဟုတ်ပါတယ် ၊အမေတို့အဖေတို့လည်း အသက်ကြီးပါပြီ ၊သားတို့ သမီးတို့ခြေရာယူဖို့ပြင်ဆင်ကြတော့ ဟု ခွင့်ပြုသောအခါ မိဘခြေရာခံယူပွဲကျင်းပရန် ပြင်ဆင်ကြ၏ ။မိစုံဖစုံရှိသူများက အမိ၊အဖ ခြေရာနှစ်စုံကိုယူ၍ အမေ သို့မဟုတ် အဖေကွယ်လွန်ဆုံးပါးသူတို့ကမူ အမေ့ခြေရာ (သို့) အဖေ့ခြေရာတစ်စုံကို သာ ယူကြရ၏ ။

မိဘနှစ်ပါးက ခြေရာယူခွင့် မပြုသေးပါက မိဘခြေရာယူပွဲကို မကျင်းပနိုင်ပါ။ မိဘခြေရာခံယူပွဲကို မိဘနှစ်ပါးက ခွင့်ပြုမှသာ ကျင်းပနိုင်ပါ၏ ။ တစ်ခါတစ်ရံ သားသမီးတို့က မိဘထံမှ ခြေရာတောင်းခံခြင်းမပြုသည့်တိုင် မိဘများက အမေတို့ အဖေတို့  အမေ့ခြေရာ၊အဖေ့ခြေရာပေးတော့မည် ။နေ့ကောင်းရက်သ ရွေးပေတော့ ဟု ပြောဆိုလျှင်လည်း အမေ့ ခြေရာခံယူပွဲကို ပြုလုပ်ကျင်းပရတက်၏ ။

အမေ့ခြေရာခံယူပွဲကို မိမိတို့ နေအိမ်တွင် ကျင်းပလေ့ရှိသလို မိမိတို့ကိုးကွယ်သည့် ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ကျင်းပတက်ကြသည် ။ထိုနေ့တွင် အလှုအတန်းကို မိမိတို့တက်နိုင်လျှင်တက်နိုင်သလို လှုဒါန်း၍ ကျင်းပကြ၏ ။ ပု့မှန်အတိုင်းကား အမေ့ခြေရာ ခံယူရေးကို ရည်စူး၍ နံနက်ပိုင်း ဆွမ်းကပ်ခြင်း၊ဆွမ်းပို့ခြင်း များပြုလုပ်ကြ၏ ။

အမေ့ခြေရာခံယူပွဲကျင်းပချိန်တွင် အိမ်နီးချင်းများ ၊အသိမိတ်ဆွေများ ၊အရပ်လူကြီးသူမများ အားလည်းဖိတ်ကြား၍ လက်ဖက်ရည် ၊မုန့် စသည်တို့ဖြင့် ဧည့်ခံတက်ကြ၏ ။ မိဘခြေရာပေးမည့်နေ့တွင် မိဘများကလည်း နံနက်စောစောက ပင် သီလဆောက်တည်ကြသည် ။ထို့နောက် ရေမိုးချိုး ၀တ်ကောင်းစားလှများကို ၀တ်ကာ အချို့လည်း သနပ်ခါးလိမ်း၊ပန်းပန်လျှက် အမေနှင့် အဖေကို ပွဲနေ ပွဲထိုင်သွားတော့မည့် အတိုင်း ပြင်ဆင်ပေးကြသည် ။

အမေ့ခြေရာခံယူပွဲတွင် သားသမီးတို့က မိမိတို့ တက်စွမ်းသမျှ ငွေကြေး၊ဆေးဝါး အ၀တ်အထည်၊အစားအသောက်၊ အုန်းပွဲ ၊ငှက်ပျောပွဲများကိုတည်ကာ အမေ့အား ကန်တော့ကြ၏ ။အမေက သားသမီးများ အသက်ရာကျော်ရှည်ရန် ဆုပေးသည်။အမေ့ခြေရာ ခံယူသည့်နေ့သည် မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်၏။ထိုပွဲသည် မိသားစုအတွင်း တစ်သက်တစ်ခါပြုလုပ်သောပွဲဖြစ်၍ ညီအစ်ကိုမောင်နှမများ ညီညီညွတ်ညွတ်ပြုလုပ်ရသောပွဲဖြစ်သည် ။

အမေ့ခြေရာခံယူပွဲတွင် မိဘနှစ်ပါးအား မြင့်မြတ်ရာတွင် ထိုင်စေ၍ သားသမီးတို့က  လက်အုပ်ချီမိုးကာ အမေနှင့် အဖေခင်ဗျား ကျွန်တော် ကျွန်မတို့သည် အမေနှင့်အဖေအားရိုသေစွာကန်တော့ပါသည် ။အမေနှင့်အဖေတို့က မိဘ မေတ္တာ ဓာတ်ပါဝင်သော ခြေရာအစုံကို ကျွန်တော် ကျွန်မတို့ အသက်ထက်ဆုံးဆည်းကပ်ကိုးကွယ်ရန် ခြေရာပေးပါ အမေခင်ဗျား ။အဖေ့ခြေရာကို ကိုးကွယ်ရန်ခြေရာပေးပါ ခင်ဗျား ဟု တောင်းခံရ၏။

ထိုအခါ မိဘများက သားသမီးတို့အား မိဘများသည် ဤသား ၊ဤသမီးတို့အား မည်သို့ ပြုစုလာခဲ့သည်။ဖ၀ါးလက်နှစ်လုံး၊ပခုံးလက်နမှစ်သစ်မှ ပြုစုစောင့်ရှောက်လာခဲ့ပုံများကိုပြောပြရင်း ဆုံးမစကားများကိုလည်း ဆိုကြသည်။ လောကအကြောင်း ၊ဓမ္မအကြောင်း ဆုံးမ စကားများအပြင်ဆက်လျှောက်ရမည့် ဘ၀ခရီးလမ်းအတွက် သတိပေးစကားများကိုလည်းပြောဆိုကာ ညီအစ်ကိုမောင်နှမများရှိပါက သားသမီးများချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိကြရန် အဆုံးအမပြုကြ၏ ။

ထို့နောက်သားသမီးတို့က မိဘနှစ်ပါးး၏ ခြေထောက်များကို ဇလုံအင်တုံ၊ယွန်းဗန်းများခံကာ သန့်စင်အောင် ကိုယ်တိုင်ပွတ်တိုက်၍ ရေဆေးပေးကြသည် ။ ခြေထောက်ကို ရေဆေးပြီးနောက်  စင်ကြယ်သော အ၀တ်ဖြင့် ခြေထောက်အစုံကိုခြောက်အောင် ပွတ်တိုက်ပေး၏ ။ထို့နောက် ကြိုတင်၍ ကိယ်တိုင်ထောင်းထားသော(သို့) ဈေးမှ ၀ယ်လာသော သန့ှ်ရင်းသည့် နနွင်းကို ပန်းကန်ထဲတွင် ထည့်၍ မပျစ်မကျဲ အရည်ဖော်ရသည်။ဖျော်ထားသော နနွင်းရည် မပျစ်မကျဲ ကို သားသမီးတို့ကလက်ဖြင့်ယူ၍ အမေ့ခြေဖ၀ါး၊ အဖေ့ခြေဖ၀ါးကို သုတ်လိမ်းပေးသည် ။ နနွင်းမခြောက်မီ သစ်သားပြား (သို့) စက္ကူကတ်ထူတစ်ခုခုပေါ်တွင် ပိတ်ဖြူတစ်စကိုခင်းသည်။မိဘတို့က ယင်းပိတ်ဖြူပေါ်တွင် အမေ့ခြေရာ ၊အဖေ့ခြေရာ တင်လာ၏ ။

ထိုခြေရာကို သားသမီးတို့က အသက်ထက်ဆုံး သိမ်းဆည်းထားကြ၏ ။ကာလကြာရှည်ပါက နနွင်းများ အရောင်မှိန် ပျောက်ကွယ်သွားတက်၍ အမေ့ခြေရာကို ခဲကြောင်းလေးဖြင့်လိုက်၍ ခဲကြောင်းလေးတစ်လျှောက် ရွှေချည်ထိုးခြင်း ၊အပ်ချည်အဖြူဖြင့် သီထားခြင်းဖြင့် ဘယ်သောအခါမှ မပျောက်ပျက်ဘဲ သားသမီးတို့ အမြဲကိုးကွယ်နိုင်သည့် မိဘတို့၏ ခြေရာကို ရရှိကြပါ၏ ။ အမေ့ခြေရာကို မှန်ဘောင်သွင်း၍ ကိုးကွယ်မှု့ပြုသလိုအချို့ကလည်း သေတ္တာတွင်ထည့်၍ သိမ်းဆည်းကာ ခရီးသွားပါက ယူဆောင်သွားကြ၏ ။

မြန်မာတို့သည်အမေ၏ထဘီစ၊အင်္ကျီ ၊အဘိုးအဘွားတို့၏ အံသွားစည်တို့ကို ဆောင်တက်သော အကျင်ရှိ၏ ။အမေ့ခြေရာ ယခြင်းသည်လည်း ထိုကဲ့သို့ပင်ဖြစ်ပါ၏ ။ဗုဒ္ဓဘာသာဝင်များသည်မြတ်စွာဘုရား၏ခြေတော်ရာကို ကိုးကွယ်မှု့ပြုကြလေရာ ဘုရားနှင့် တစ်ဂိုဏ်းတည်းဖြစ်သော မိဘတို့၏ခြေရာကိုလည်းအလားတူ ကိုးကွယ်မှု့ပြုခြင်းဖြစ်ပါ၏ ။

အမေ့ခြေရာ ၊အဖေ့ခြေရာ ကို ယူရာတွင် ကိုးကွယ်ဆည်းကပ်မှု့အပြင် အမေ့ခြေရာကိုမီအောင်၊အဖေ့ခြေရာကိုမီအောင် မိမိတို့ဘ၀ကိုလည်းတည်ဆောက်ကြဟု အဓိဌာန်ပြုခြင်းလည်းဖြစ်ပါ၏။တစ်ဖန် အမေ့ခြေရာ အဖေ့ခြေရာကိုဆောင်ထားခြင်းဖြင့် အမေနှင့်အဖေသည် မိမိနှင့်အတူ ရှိနေသည်ဟု မှတ်ယူကာ မိဘများ၏ ဆု့းမစကားများ ၊သတိပေးစကားများကို ပြန်လည်မှတ်မိနေခြင်းဖြင့် မကောင်းမှု့များကို မပြုလုပ်မိက အဖေ့သား ၊အမေ့သမီး ပီသစွာ လူ့လောကအလယ်တွင် အသက်ထက်ဆုံး နေထိုင်သွားနိုင်ရေးအတွက်လည်း သတိပေး အဆောင်တစ်ရပ်ဖြစ်ပါသည်။

အမေ့ခြေရာခံယူခြင်းသည် ကမ္ဘာတွင်ပင်မရှိဘဲ မြန်မာတို့၏ ဘုရား ၊တရား သံဃာ၊မိဘ ၊ဆရာ စသည့် အနန္တော ၊အနန္တငါးပါးကို ကိုးကွယ်သည့် ဓလေ့စရိုက်မှ ပေါက်ဖွားလာခြင်းဖြစ်ပါ၏ ။ ထိုဓလေ့စရိုက်ကို ဆရာမင်းသူရိန်ကအစပျိုး၍ ကျွန်တော်က စာအုပ်တစ်အုပ်အဖြစ်ရေးသားခဲ့ပြီး  အမေ့ခြေရာ ဟူသော ရုပ်ရှင်ကို ရိုက်ကူးရာမှ ထိုဓလေ့ထုံးစံသည် ပိုမို ခိုင်မာသော အလ့အကျင့် တစ်ရပ် ဖြစ်ခဲ့ပါ၏ ။

အမေ့ခြေရာကိုတောင်းခံသော သားသမီးတို့သည် အနည်းဆုံး ရပ်ပြစ်ရှစ်ပါး၊ရန်သူမျိုး ငါးပါးမှ ကင်းဝေး၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် အန္တရယ်ကင်းသော အဖြစ်ကို ရရှိသူများ ဖြစ်ကြပါစေ ကုန်သတည်း ။     ။

                                                                                                                    ချစ်စံဝင်း

လူငယ်များတွင်ရှိသင့်သောဂုဏ်ရည်များ(ဦးသန်းထွတ်၊ပါမောက္ခ(ငြိမ်း) ပညာရေးတက္ကသိုလ်

 

                                            လူငယ်များလိုက်နာဖွယ်ဂုဏ်ရည်များ

  1. သေချာတိကျခြင်း   (Accuracy)
  2. လိုက်လျောညီထွေကျင့်ခြင်း  (Adaptability)
  3. စွန့်စားစိတ်ရှိခြင်း  (Adventure)
  4. နှစ်သက်ဖွယ်ဖြစ်ခြင်း  (Agreeableness)
  5. တိုးတက်ချင်စိတ်ရှိခြင်း  (Ami-bition)
  6. အကောင်းအမြတ်ကိုသိမြင်ခြင်း (Appreciation of the Beautiful)
  7. သတိရှိခြင်း (Caution)
  8. ကြည်လင်ရွှင်ပျခြင်း (Cheerfulness)
  9. သန့်ပြန့်စင်ကြယ်ခြင်း ( Cleanliness)
  10. စွဲမြဲစူးစိုက်ခြင်း  (Concentration)
  11. ရောင့်ရဲတင်းတိမ်ခြင်း ( Contentment)
  12. ပူးပေါင်းဆောင်ရွက်ခြင်း (Cooperation)
  13. ရဲရင့်သတ္တိရှိခြင်း  (Courage)
  14. ယဉ်ကျေးသိမ်မွေ့ခြင်း ( Courtesy)
  15. သိချင်တက်ချင်စိတ်ရှိခြင်း (Curiosity)
  16. စိတ်ဆုံးဖြတ်ခြင်း (Decision)
  17. ၀တ္တရားကျေခြင်း  (Duty)
  18. ကြိုးစားအားထုတ်ခြင်း (Effort)
  19. ယုံကြည်မှု့ရှိခြင်း (Faith)
  20. မိတ်ဖွဲ့စိတ်ရှိခြင်း (Friendliness)
  21. ပေးကမ်းစွန့်ကြဲခြင်း (Generosity)
  22. ကျေးဇူးသိခြင်း (Gratitude )
  23. ပျော်ရွှင်ခြင်း (Happiness)
  24. ကူညီရိုင်းပင်းခြင်း (Helpfulness)
  25. ရိုးသားဖြောင့်မတ်ခြင်း (Accuracy )
  26. နှိမ့်ချစိတ်ရှိခြင်း (Humility)
  27. ရယ်ရွှင်မှု့နားလည်ခြင်း (Hu-mour)
  28. ညဏ်ကွန့်မြူးခြင်း ( Imagination)
  29. လုံ့လ၀ီရိယကြီးခြင်း  ( Industry )
  30. တရားမျှတခြင်း  (Justice)
  31. သနားကြင်နာခြင်း  (Kindness)
  32. ခေါင်းဆောင်ခြင်း  (Leadership)
  33. ချစ်ခင်မြတ်နိုးခြင်း  (Love)
  34. သစ္စာစောင့်ထိန်းခြင်း  (Loyality)
  35. ဆုံးမနာယူခြင်း  (Obedience)
  36. စနစ်စည်းကမ်းရှိခြင်း (Orderliness)
  37. သည်းညည်းခံခြင်း  (Patience)
  38. ဇွဲကောင်းခြင်း  ( Perseverance )
  39. အချိန်မှန်ခြင်း (Punctuality)
  40. ကြံရည်ဖန်ရည်ရှိခြင်း  (Resourcefulness)
  41. ကိုယ်ထူကိုယ်ထလုပ်ခြင်း  (Self-reliance)
  42. မြဲမြံခိုင်ခံ့သောစိတ်ရှိခြင်း  ( Steadfastness)
  43. ကောင်းဆိုးပိုင်းခြားသိခြင်း (Tact)
  44. ခြိုးခြံချွေတာခြင်း  (Thrift)
  45. ခွင့်လွှတ်ခြင်း  (Tolerance)
  46. ပညာရှိခြင်း  (Wisdom)

အထက်ဖော်ပြပါ ဂုဏ်ရည်များကျင့်ဝတ်များနှင့်ပြည့်စုံပြီးလူမွန်လူကောင်းလူတော်များဖြစ်ကြအောင် လိုက်နာကျင့်သုံး နိုင်ကြပါစေ ။     ။

                                                                     ဦးသန်းထွတ် ၊ပါမောက္ခ(ငြိမ်း)၊ပညာရေးတက္ကသိုလ်

Friday, August 2, 2013

ထေရ၀ါဒနှင့် သာသနာပွဲ ဟူသော အယူမှား

 

  ကျွန်မတို့ မြန်မာလူမျိုးတွေဟာဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးတော့ ကိုးကွယ်မှု့တွေ မှာ သူများ ကိုးကွယ်လျှင် ဘာမှန်းမသိပဲ ရမ်းသမ်းပြီး  ကိုးကွယ်ကြသူတွေ များလှပါတယ် ။ အမှားအမှန်ကို ကိုယ်တိုင် ဝေဖန်ဆန်းစစ် ခြင်းမပြုကြပဲ ဇွတ်မှိတ် ကိုးကွယ်တက်ကြပါတယ် ။ ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက် အတွက် ဆိုလျှင်  အင်မတန်မှ ရှက်ဖို့ကောင်းဖို့ကောင်းလှပါတယ် ။ပွဲတင်ခြင်း ဓလေ့ ဟာ ယခု အခါမှ လူငယ် များထဲသို့ပါ ရောက်ရှိ လာနေပါပြီ ။ မိန်းကလေးအများစု ချစ်သူရည်းစားနှင့် ဖြစ်စေအိမ်ထောင်ရေး အဆင်မပြေ၍ဖြစ်စေ ၊တစ်ခုခု အဆင်မပြေတာ ဖြစ်စေ ဗေဒင်မေးတက်ကြပါတယ် ။အဲဒီမှာ ဗေဒင်ဆရာက သာသနာပွဲပေးရမယ် ၊ဘာဘိုးတော်ပွဲ ၊ ဘာ ညာ ပေးရမယ်ဆိုပြီး  လုပ်တော့တာပါ ။ မိန်းမ အများစု ဟာလည်း ဒါမျိုး ဆို စွတ်ယုံတက်ကြပါ တယ် ။ ပိုက်ဆံလည်းကုန် ၊ကိုယ့်ရဲ့ ဗုဒ္ဓဘာသာဂုဏ်လည်း ညှိုးနွမ်းစေတဲ့ အပြုအမူ မျိုးဟာ လုံးဝကို မလုပ်သင့်ပါ ။ အောက်က ဆောင်းပါးကို ဖတ်ပြီးတော့  လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်၊ပွဲတင်တဲ့ အပြုအမူမျိုးလုပ်သင့် လား စဉ်းစားဆုံးဖြတ်ကြည့်ကြပါရှင် ။          ။ ( မနှင်း)

 

                                            ထေရ၀ါဒနှင့် ကန်တော့ပွဲ

ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် “ကန်တော့်ပွဲ” “သာသနာ ပွဲ” တင်သော အလေ့အထ ရှိခဲ့ပါသလော ။ အုန်း၊ငှက်ပျော့ဖြင့်သာသနာပွဲပြင်ထားရုံမျှဖြင့် ဗုဒ္ဓသာသနာ တော်မြတ်ကြီး အရှည်တည်တံ့နိုင်ပါမည်လော ။

ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် ငှက်ပျောသီး ၊အုန်းသီးတို့ဖြင့် ကန်တောာ့ပွဲ ပြင်လျှက် သာသနာပွဲတင်သော အလေ့အထရှိခဲ့သည်ဟု မည်သည့်ထေရ၀ါဒ ပိဋိကတ် တော်များတွင်မှဖော်ပြမထားပါ။ ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာဝင်သူတော်စင်များ သာသ နာပွဲတင်သောအလေ့အထရှိခဲ့ပါလျှင် ထိုသို့ရှိခဲ့ကြောင်းကို ပါဠိတော် ၊အဋ္ဌကထာ၊ဋီကာများတွင် ဖော် ပြ ပါရှိခဲ့မည်သာလျှင်ဖြစ်ပါသည်။အုန်းသီး၊ ငှက်ပျောသီးတို့ဖြင့်ပွဲပြင်၍ ဘုရားရှင်အားလှုဒါန်းသည်ဟူ ၍လည်း ထေရ၀ါဒ ပိဋကတ်တော်များတွင် ဖော်ပြမထားပါ။ သာသနာပွဲတင်ခြင်းဟူသည် ဘုရားရှင် လက်ထက်တော်က မရှိခဲ့သော အလေ့အထ ဖြစ်ကြောင်းထင်ရှားလှပါသည် ။

အမှန်တော့ထေရ၀ါဒ မြတ်ဗုဒ္ဓသာသနာမှာ သာသနာပွဲတင်ရမည်ဟု ဘုရားရှင်မဟောခဲ့ ။ ထိုနည်းတူ၊ နတ်ပွဲ ၊ဘိုးတော်ပွဲ ၊မယ်တော်ပွဲ တင်ရမည်ဟုလည်း ဘုရားရှင်ဟောတော် မမူခဲ့ပါ ။

ဘုရားရှင်လက်ထက်တော်က မရှိခဲ့သော အလေ့အထ တစ်ခုကို မြန်မာဗုဒ္ဓဘာသာဝင်များအကြား အ မြစ်တွယ် ပျံ့နှံ့အောင် မည်သူတို့ ကြံဆောင်ဖန်တီးခဲ့ပါသနည်း ။အဖြေကားရှင်းလှပါသည် ။ ဂိုဏ်း ဆရာ၊ နတ်ဝါဒီ တို့မှ တစ်ပါး မည်သူမျှ မဖြစ်နိုင်ပါ ။

အုန်းပွဲ ၊ငှက်ပျော ပွဲဟူသည် နတ်တင်ရာက လာကြောင်း၊အလှုလုပ်သောအခါ အုန်းပွဲ၊ငှက်ပျောပွဲ ထည့်ရန် မလိုကြောင်းကို ကျေးဇူးရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ဤသို့ မိန့် တော်မူခဲ့ပါသည်။

  • အလှုလုပ်တဲ့အခါ ငှက်ပျောပွဲ ၊အုန်းပွဲတွေ မထည့်နဲ့။ငှက်ပျောပွဲ၊အုန်းပွဲ ဆို တာ နတ် တင်ရာက လာတယ် ။ ဘုရားရှင် လက်ထက်က အလှုတွေမှာ တရားဟော ပြီးရင် ဒကာ တွေက ငှက်ပျောပွဲ ၊အုန်းပွဲတွေ လိုက်ပို့ရတာရှိသလား ။ မရှိဘူး ။ ဇေတ၀န်မှာ ဗေထိဗေထိတွေ လုပ်သလား ။မလုပ်ဘူး ။

စင်စစ် ကန်တော့ပွဲတင်ခြင်းသည် ဂိုဏ်းဆရာတို့၏ထွင်လုံးဟု ဆိုနိုင်သကဲ့သို့ တန္တရ မန္တရ၀ါဒတို့ ၏ အရိပ်အငွေ့ဟုလည်း ဆိုနိုင်ပါလိမ့်မည် ။စင်စစ် ဘုရားကျောင်းဆောင်ရှိ ဘုရားရှင်၏ ရှေ့တော် မှောက်တွင် အုန်းစိမ်း၊ငှက်ပျောစိမ်း များ အလုံးလိုက် ဆက်ကပ်ထားခြင်းမှာ မြတ်စွာဘုရားက အာဏာ ဒေသနာတော်ဖြင့် ပညတ်ထားသော ၀ိနည်းဒေသနာတော်နှင့်လည်း လျော်ညီ အပ်စပ်ခြင်း မရှိပါ ။ သစ်သီးများကို မခွဲစိပ်ပဲ အလုံးလိုက် အစိမ်းလိုက် ၊အစိမ်းလိုက် ဆက်ကပ်ခြင်းသည် ၀ိနည်း ဒေသနာတော်နှင့် ဆန့်ကျင်သကဲ့သို့ နေ့ညမဟူ ဆက်ကပ်ထားခြင်းသည်လည်း ၀ိနည်း တော်နှင့် ဆန့်ကျင်ပါ၏။ဝိနည်းတော်နှင့် ဆန့်ကျင်သောအလေ့အထ ဖြစ်သောကြောင့် တန္တရ၊မန္တရ၀ါဒ တို့၏ အရိပ် အငွေ့ဟု ဆိုခဲ့ ရခြင်း ဖြစ်ပါသည် ။ဝိနည်းတော်နှင့် မလျော်ညီသော အလေ့အထဖြစ်သော ကြောင့်ထေရ၀ါဒနှင့် ဖီလာဆန့်ကျင်ပါ၏။ ကန်တော့ပွဲ၊သာသနာပွဲနှင့် စပ်လျဉ်း၍ ဓမ္မဒူတ အရှင်က္ကန္ဒာ ၀ုဓ ဆရာတော်က အောက်ပါအတိုင်း မိန့်တော် မူခဲ့ပါ၏ ။

 

  • အချို့ အိမ်များတွင် သာသနာပွဲဟုဆိုကာ မြတ်စွာဘုရား၏ ရှေ့၌ အုန်းသီးအလုံး လိုက် ၊ငှက်ပျောသီး အလုံးလိုက်အား တစ်ပတ်၊နှစ်ပတ် ကပ်လှုထားသည်ကို တွေ့ရ ပါ သည်။ ထိုသို့ ကပ်လှုထားခြင်းမှာ မြတ်စွာဘုရားကို အစောင့်ထားသည် နှင့် တူနေပေ သည် ။ မြတ်စွာဘုရားအား မလေးစားခြင်းပင် ဖြစ်သည် ။

 

  • အကယ်၍ ကပ်ချင်လျှင် အုန်းသီးကို ခွဲစိတ်ပြီး တစ်ခါစားမျှလောက် ကပ်၊ငှက်ပျောသီး ကိုလည်း အမှည့်လေးငါးလုံးလောက် ရေဆေးပြီး ပန်းကန်ပြားထဲ ထည့်ကပ်ရပေမည်။ ထိုသို့ကပ်လှုမှသာလျှင် သက်တော်ထင်ရှား မြတ်စွာဘုရားကို လေးလေးစားစားကပ် လှုသည်နှင့် တူပေသည် ။ကပ်လှုပြီးလျှင် နေ့လယ် ၁၂နာရီ မထိုးမီ ပြန့်စွန့်ရပေမည်။ သို့မဟုတ်ပါက မြတ်စွာဘုရားအား ညစာကပ်ထားသည်နှင့် တူနေသဖြင့် ဘုရား အပေါ် ၌မလေးစားမှု့ ဖြစ်သွားပါသည် ။

အုန်းပွဲ ၊ငှက်ပျောပွဲကို သာသနာပွဲ အဖြစ် ဘုရားကျောင်းဆောင်တွင် ပွဲဖြင့် တင်လှုထားရုံမျှဖြင့် တင်လှုသူ၏ အတွင်းသန္တာန်၌ သာသနာ မတည်နိုင်ပါ ။သာသနာပြုရာလည်းမရောက်ပါ။သာသနာပွဲ တင်ထားလင့်ကစား မြတ်ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်များကို သိအောင်မလေ့လာ၊ သိလည်း ရေရေရာရာ မသိသော် ထိုသူသည် သာသနာတည်သူ မဟုတ်ပေ။ အုန်းသီး၊ငှက်ပျောတို့ဖြင့် သာသ နာပွဲပေါင်း အထောင်အသောင်း တည်ထားသော်လည်း မြတ်ဘုရား၏ တရားတော်များကို ပျံ့နှံ့ အောင်ြဖန့်ဝေမှု့မပြုလျှင် သာသနာပြုရာ မရောက်ပါ ။ အမှန်စင်စစ် သာသနာပွဲတင်ခြင်းထက် တရား စာအုပ်၊ တရားအမ်ပီသရီး၊တရားစီဒီချပ်များကို လှုဒါန်းခြင်း( ဓမ္မဒါနအလှု)ကသာ လက်တွေ့တွင် အကျိုးသက်ရောက်မှု့ရှိပြီးသာသနာပြုရာရောက်လိမ့်မည် ။

 

  • သာသနာ ငါးထောင်ကြာအောင်ရည်စူးပြီး သာသနာပွဲထိုးသည် ဟူသော သူတို့သည် ထေရ၀ါဒ ဖိုးသုည တို့သာဖြစ်၏။

ထိုသူတို့သည် သာသနာဟူသည် အဘယ်အရာနည်းဟူ၍ တိတိပပ မသိသောကြောင့်သာ ထိုစကားမျိုးကို ပြောဆိုခြင်းဖြစ်ပါ၏ ။အုန်းသီး၊ငှက်ပျောသီးထည့်ပြီး ကန်တော့ပွဲ ပြင်ထားရုံမျှ ဖြင့်သာသနာပြုသည်ဟု ယူဆလျှင် ထိုအယူအဆသည် မှားယွင်းသော အယူအဆသာဖြစ်ပါ ၏ ။ သာသနာပွဲတင်ခြင်းနှင့် စပ်လျဉ်း၍ စာရေးဆရာကို မြင့်ဌေး (ဟဿင်္တ)က အောက်ပါ အတိုင်း ဝေဖန်သုံးသပ်ခဲ့ဖူးပါသည် ။

  • သာသနာပွဲ ဆိုတာ တနည်းအားဖြင့် ဘုရားကို လှုဒါန်းထားတဲ့ ဘုရားပွဲမဟုတ်လား ။ ဘုရားမှာ အုန်းသီးစိမ်းနဲ့ ငှက်ပျောသီးစိမ်းကို ပွဲလုပ်ပြီးလှုတာ ။ဂိုဏ်းဂဏသမားတွေ လုပ် ကြတာပဲ ။သူတို့ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြတယ်ဆိုတာတော့ မသိဘူး ။ တကယ်ဆိုရင် ဘုရားအမှုးရှိတဲ့ သံဃာတော်တွေကို စားဖွယ် သောက်ဖွယ်တွေ လှုမယ် ဆိုရင် အဆင်သင့် ဘုန်းပေးနိုင်အောင် စီစဉ်ပြီးလှုရတယ် ။ သံဃာတော်တွေက အုန်းသီး ၊ ငှက်ပျောသီး ကို ကိုယ်တိုင်အုပ်ပြီး စားတာ တွေ့ဖူးလို့လား။အဲဒီလိုလုပ်ရင်လည်း အာပတ်တွေ သင့်တော့မှာပေါ့ ။
  • နောက်ပြီး စားသောက်ဖွယ်ကိုလှုရင်လည်း မွန်းမတိမ်းခင်လှုရတယ်။မွန်းတိမ်းသွားရင် သံဃာ တော်တွေက အဲဒီ လှုဖွယ် ၀တ္ထုကို အကပ်မခံကြဘူး ။ ကာလ လွန်ပြီဖြစ်တဲ့ အတွက် လှု ဒါန်း သူမှာလည်း အလှုရဲ့ အကျိုးကို ရသင့်သလောက် မရဘူး ။

ခုတော့ အုန်းပွဲ၊ငှက်ပျောပွဲကို ၂၄နာရီပတ်လုံးသာမက ငှက်ပျောသီး မမှည့်မချင်း ၊အုန်းသီးမခြောက် မချင်း ဘုရားစင်ပေါ်တင်ထားတာဆိုတော့ ဘုရားရှင်ကို စောင့်ကြည့်ခိုင်းထားသလို ဖြစ်မနေဘူးလား။ ငှက်ပျောသီးလည်း မှည့်ရော အစိမ်းနဲ့လဲ ၊အမှည့်စားလိုက်ကြရောမဟုတ်လား။ တစ်ခါတစ်လေ ငှက်ပျောသီးဟာ အမှည့်လွန်ပြီး ပုပ်နေတာတောင်တွေ့ဖူးတယ်။အဲဒီတော့ သာသနာပွဲလှုတဲ့ အဓိပ္ပာယ်က ဘယ်လိုအကျိုးသက်ရောက်တော့မှာလဲ ။တကယ်ဆိုရင် ပွဲက အဓိကမဟုတ်ပါဘူးဗျာ။ ကိုယ်ကျင့်တရားကသာ အဓိကပါ ။ ကိုယ်ကျင့်တရားမကောင်းဘဲ ပွဲတွေ လမ်းတွေ ဘယ်လောက်ပဲ လုပ်နေနေ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။

စင်စစ် ကန်တော့ပွဲဟူသည် ၀ိဇ္ဇာလိုင်းသမားတွေ၏ ဘုရားကျောင်းအဆောင်များ၌သာ အတွေ့ရများ ပါ၏။ နတ်၊ဘိုးတော်၊ ၀ိဇ္ဇာ စသောပုဂ္ဂိုလ်တို့ကို ကိုးကွယ်သူ၊ လောကီ အစီအရင် ၊အစီအမံများကို ယုံကြည်ကိုးစား တက်သူတွေ၏ အိမ်တွင်သာ ကန်တော့ပွဲကို ကို အတွေ့ရများပါ၏ ။ ဘုရား၊တရား၊ သံဃာ၊ ရတနာသုံးပါး သန့်သန့် ကိုသာ ယုံကြည်ကိုးကွယ်လေ့ရှိသူ ၊ထေရ ၀ါဒီ စစ်စစ်တို့၏ နေအိမ်တွင် ကန်တော့ပွဲတင်ထားလေ့မရှိပါ ။ ကန်တော့ပွဲနှင့် ပတ်သတ်၍ စာရေးဆရာ ကျော်စောမင်း ကလည်း အောက်ပါ အတိုင်းရေးသားခဲ့ပါ၏ ။

  • ၀ိဇ္ဇာလိုင်းသမားတွေ၏ ဘုရားကျောင်းဆောင် မှာတွေ့ရ တက်သော ပွဲကို ကျွန်တော် ဘ၀င် မကျပါ။ ပွဲထိုးသည် ဟူသော အယူအဆ ဘယ်က လာသည် ကို ကျွန်တော်မသိပါ ။ ငှက်ပျောသီး အစိမ်းနှင့် အုံးသီး ပါသောပွဲ (၀ါ) အုန်းငှက်ပျောပွဲ အဘယ်ရည်ရွယ်ချက်နှင့် တင်ပါသနည်း ။

 

  • မြတ်စွာဘုရားကို ရည်မှန်း၍ လှုသောပစ္စည်း ၊သံဃာတော်များအတွက် အလှုပစ္စည်းများ ကို ဤသို့ လှုဒါန်း၍ ရပါသလော ။ငှက်ပျောသီး ၊အုန်းသီး လို အစားအစာမျိုးကို ကပ္ပိ ပြီးမှသာ ဘုန်းပေးအပ်သည် ။ အပင်ပေါက်နိုင်သော ၊ဗီဇ မျိုးစေ့ ပါနေသော အသီးမှန်သမျှအတွက် သံဃာတော်မများနှင့် အပ်စပ်အောင် စီရင်ပြီးမှသာ ကပ်လှုရပါသည် ။သဘောကတော့ ကိုယ် စားမည်ဆိုလျှင်စားရနိုင်သေ အစားအစာများကိုပင် ကပ္ပိပြီးမှ ကပ်ရတာမျိုးတွေ ရှိ သည် ။ အုန်းသီး ၊ငှက်ပျောသီး လို အစားအစာမျိုးအတွက်ကား စဉ်းစားသာ ကြည့်ကြဖို့ဖြစ်ပါသည် ။
  • ဤသို့ ဘုရားအား လှု၍မရသော အလှုပစ္စည်းမျိုးကို ဘာကြောင့် ဘုရားကျောင်းဆောင် ပေါ် တင်နေကြပါသနည်း ။ဘယ်ရည်ရွယ်ချက်နဲ့ ကပ်လှုနေကြပါသနည်း။ ၀ိဇ္ဇာပွဲ ဆိုပြီး ၀ိဇ္ဇာကြီး များကို ရည်ရွယ်လှုဒါန်းသည်ဟု ဆိုကြသည် ။ဤလို အုန်းသီး အလုံးလိုက်နှင့် ငှက်ပျော သီး အစိမ်းကို ၀ိဇ္ဇာကြီးများက ဘာလုပ်ကြမည်နည်း ။
  • ကျွန်တော်စဉ်းစားရသလောက်မှာ တော့ အုန်းပွဲ၊ငှက်ပျောပွဲသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဘာမှ သက်ဆိုင်ခြင်းမရှိပါ ။ နတ်ကိုးကွယ်မှု့တွင်ကား အုန်းတွေ၊ငှက်ပျောတွေ ပါခဲ့လေရာ ထိုအလေ့အထမှတစ်ဆင့် အုန်းပွဲ၊ ငှက်ပျောပွဲ ကိစ္စ ကြီးသည် ဘုရားကျောင်းဆောင်ပေါ် အထိ ရောက်လာပုံရပါသည် ။ ဘုရားစင်ပေးတွင် တင်လှုကြသောပွဲကို အချို့ က ဘုရားပွဲဟု ပြောပါသည်။ ဘုရားနှင့် အုန်း ၊ငှက်ပျောပွဲတို့ မသက်ဆိုင်လှသည် ကို ကျွန်တော်ရေးပြခဲ့ ပါပြီ ။

ချုပ်၍ ဆိုရသော် ဘုရားရှင်၏ရှေကတော်မှောက်တွင် အုန်း ၊ငှက်ပျောပွဲကို အစဉ်အဆက် ကပ်ထား ခြင်းသည် မြတ်စွာ ဘုရားရှင် ပြဋ္ဌာန်းတော်မူသော ၀ိနည်းတော်နှင့် မလျော်ညီသောကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ မပြုသင့် မပြုအပ်ပါ ။ မည်သည့် ၈ိုဏ်းဆရာ၊မည်သည့်ဘိုးတော်၊မည်သည့် နတ် ကတော်က ညွှန်ကြားနေစေ ဘုရားရှင်၏ ၀ိနည်းနှင့်ဆန့်ကျင်သော ကန်တော့ပွဲ၊သာသနာပွဲတင်ခြင်း များကို မပြုသင့်ပါ ။ ဘုရားရှင်၏ ၀ိနည်းတော် ကိုသာ ဦးထိပ်ပန်ဆင်အပ်ပါ၏ ။

ဘုရားရှင်ထံတွင် ကန်တော့ပွဲ ၊သာသနာပွဲအနေဖြင့် အမြဲကပ်လှုထားသူများအနေဖြင့် မြတ်စွာ ဘုရား၏ ၀ိနည်း ဒေသနာတော်ကို ချိုးဖောက်ရာ ရောက်နေသည့် မိမိတို့၏ ကန်တော့ပွဲတင် အပြုအမူ ကို ပြန်လည်သုံးသပ်ဆန်းစစ်ကြည့်သင့်ပါသည် ။

  • သာသနာပွဲ ဟု သုံးနှုန်းနေသူများ အနေဖြင့်သာသာသနာဟူသည် ဘုရားရှင်၏ အဆုံး အမ တော်များ ဖြစ်သောကြောင့် ထိုအဆုံးအမကို သိရှိလိုက်နာကျင့်ကြံအားထုတ်သူ၏ အတွင်းသန္တာ ၌သာ သာသနာတည်လိမ့်မည်ဟုမှတ်ယူယုံကြည်အပ်ပါ၏။ အုန်းသီး၊ ငှက်ပျောသီးတွေ ထဲမှာ သာသနာ မတည် ကိန်းသောကြောင့် သာသနာပွဲဟူသည် ဘုရားရှင် လက်ထက်ကတည်းက မတည်ရှိခဲ့ကြောင်း အလေးအနက် သိမှတ်ထားသင့်ပါ၏ ။ ။

                                                                                       မင်းနန်(မော်ကျွန်း)

                                      ကန်တော့ပွဲ(အုန်းပွဲ၊ငှက်ပျောပွဲ)

ဗုဒ္ဓဘာသာဝင်အများစုသည် အလှုပွဲ၊ နတ်ပွဲ၊ အသုဘ မှစ၍ သာသနာပွဲ အထိ အုန်းသီး၊ငှက်ပျော သီးနှင့် ပွဲပြင်ဆင်ပြီး ကန်တော့ပွဲ ပြုလုပ်ကြသည် ။ ဘုရားများတွင်လည်းတွေ့ရပါသည် ။ အချို့ ဘုရားကြီးများတွင် ဘုရားရှေ့တွင် တစ်ပွဲနှစ်ပွဲလောက်၊ ဘုရားပေါ်ရှိ နတ်စင်၊နတ်ကွန်း၊ မယ်တော်ကြီးများ ၊ဘိုးဘိုးကြီးများရှေ့တွင် ပွဲပေါင်းများစွာ( ၁၀၀ခန့်ရှိမည်) တင်ထားကြသည်ကို တွေ့ရ၏။ ရွှေတိဂုံစေတီတော်ကြီးမှာပင် ကံထရိုက်ပေး၍ ပွဲများ ပြင်ပေးကာ ရခိုင်ငှက်ပျောပွဲနှင့် ပွဲ ၊ဖီးကြမ်း ငှက်ပျောနှင့် ပွဲ ၊သီးမွှေးငှက်ပျောနှင့်ပွဲ ဟူ၍ ပွဲအမျိုးမျိုး အဆင့်အတန်းအမျိုးမျိုးကို လူငှားနှင့်ဆက်သပြီး ၊ပွဲစားနှင့် ဆုတောင်းကြသည်မှာ ကြိတ်ကြိတ်တိုး စည်ကားလျက်ပင်။ ပြီးမှ ဘုရား သွားကန်တော့ကြသည် ။

ဝိဇ္ဇာ၊ဘိုးတော် ၊မယ်တော်နတ်တို့ကိုလည်း ကန်တော့ပွဲနှင့် ပူဇော်လေ့ရှိကြသည် ။ ဘာသာရေးပွဲ များတွင်လည်း ပရိတ်တရား ၊ ဘုရားအနေကဇာတင် ၊ပဌာန်းရွတ်ပွဲမှအစ ကန်တော့ပွဲသည် ရှေ့တန်းမှ နေရာယူလျှက်ရျိသည် ။ မိုးမရွာအောင် ရှင်ဥပဂုတ္တပွဲ တွင်လည်းတင်ကြသည် ။

၁၃ ရာစုနှစ် အိန္ဒိယပြည်မှ ရဟန်းများသည် ၀ိဇ္ဇာဂိုဏ်းဝင်ကြသည် ။နတ်ရုပ်၊ဘီလူးရုပ်များ ကို ကန်တော့ပွဲထိုး၍ ဆေးဝါးမန္တရားများစီရင်ကြသည် ။ သင်္ချိုင်းနေ၍ လူဦးခေါင်းခွံတွင် ထမင်းထည့် စားသောက်ကြသည် ။လူတွေကို ခြောက်လှန့်၍ ညာဖြန်းစားသောက်ကြသည် ။(မောင်အံ့၊ သာသနာနှစ် ၂၅၀၀)

သာသနာနှစ် ၁၀၀ကျော်ကလည်း အိန္ဒိယပြည်တွင် တန္တရ၊မန္တရ ဘုန်းတော်ကြီးများသည် မန္တန်များ ၊အင်းအိုင်လက်ဖွဲ့များ ၊အဆောင်များ ၊နတ်ရုပ်များ ၊မယ်တော် ရုပ်များကို ကန်တော့ပွဲ ထိုး ပြီး လူတွေကြောက်လန့်အောင်လုပ်စားကြသည် ။ထွက်ရပ်ပေါက် ၀ိဇ္ဇာမိုရ်များအဖြစ် ဟန်ဆောင်ပြီး လိမ်လည်စားသောက်ကြသည် ။

နောက် တဖြည်းဖြည်း ထေရ၀ါဒတွင် ၀င်ရောက်ပူးသတ်လာကြသည်။နှစ်ရှည်တည်တန့်လာ သော စုန်း၊မှော်၊အင်းအိုင်၊လက်ဖွဲ့၊ဝေဒ များသည်ဆက်လက်တည်ရှိပြီး တန္တရ၊မန္တရ နည်းအရ အင်းအိုင်လက်ဖွဲ့ပြုလုပ်ရာ၌ မူလပုံစံမဟုတ်တော့ပဲ ဘုရားဂုဏ်တော်ကို မန်းမှုတ်ခြင်း ၊ဂုဏ်တော် ပုတီးစိပ်ခြင်း၊နတ်အတွက် ရည်ရွယ်ထားသော ငှက်ပျောပွဲ၊အုန်းပွဲကို ဘုရားပွဲဟု ကင်ပွန်းတပ် လာသည်။ဘုရားတည်ရာတွင်လည်း ပွဲများပေးလာကြသည်။ သိုက်ပွဲများစွာလည်း တင်လာ ကြ သည်။ယနေ့ဘုရားတည်ကြသူများသည် ဘိုးတော်၊ဘွားတော်တို့၏အမိန့်အရ ပွဲပေါင်းများစွာ တင်ကြရသည် ။

ဤ အုန်းအွဲ ၊ငှက်ပျောပွဲကို သာသနာပွဲ အဖြစ်တင်လှုသော ဓလေ့သည် နတ်ကိုးကွယ်မှု့ အသုံးပြုသော အုန်း ၊ငှက်ပျောပွဲ ပြင်လေရာမှာ အတုယူလာခြင်းဖြစ်ဟန်ရှိသည်။ဂိုဏ်းဆရာ ၊ဘိုး တော်၊နတ်ကတော်တို့၏ ညွှန်ကြားချက်အရ နတ်တို့ ဂိုဏ်းတို့ကိုးကွယ်သူများက ထေရ၀ါဒ အသိအမြင် နည်းပါးစွာဖြင့် မဆင်မချင် လိုက်နာ ဆောင်ရွက်နေခြင်းဖြစ်သည် ။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက ငှက်ပျောပွဲ ၊အုန်းပွဲ မထည့်နဲ့၊ငှက်ပျောပွဲ ၊အုန်းပွဲဆိုတာ နတ်တင်ရာက လာတာ ။ ဘုရားရှင်လက်ထက်က အလှုမှာ တရားဟော ပြော ပြီးရင် ဒကာတွေက ငှက်ပျောပွဲ ၊အုန်းပွဲ လိုက်ပို့ရတာ ရှိသလား ၊ဇေတ၀န်ကျောင်းမှာ ဗေထိဗေထိတွေ လုပ်သလားတဲ့ ။

မဟာစည်ဆရာတော် ဘုရားကြီးကလဲ လူဒကာ၊ဒကာမတွေ အလိုသို့ လိုက်ပြီး ကန်တော့ပွဲတင် တာလက်ခံကြသလားမသိဘူး ။ တပည့်တော် အမြင်အားဖြင့်ကျောင်းမှာတင်တာလဲ လက်မခံ သင့်ဘူး ။ဖြစ်နိုင်ရင် အိမ်မှာ ကန်တော့ပွဲ တင်တာကိုတောင် တားသင့်တယ် လို့မြင်တယ် ။

ဓမ္မဒူတ အရှင်ပညာဇောတက လည်း လူတွေဟာ တစ်စိတ်ရှိ ပွဲပြင်ပွဲပြင် နဲ့ ပြောကြတယ်။ ပွဲ ပြင် ကြ တယ် ၊ပွဲပြင်ရမှာလား ၊လူပြင်ရမှာလား ။ဘိုးတော် ၊ဘွားတော် ကိုးကွယ်တဲ့ လူတွေ အိမ်မှာ အမြဲတမ်း ပွဲပြင်ထားတယ် ။တင် တဲ့လူတွေ စီးပွားတက်တယ် ။ရာထူးတက်တယ်လို့ပြောကြ တယ်။ ဘိုးတော်ကို စိမ်းပေ့ဆိုတဲ့ ငှက်ပျောသီးတင်ထားတာ မှည့်အောင်စောင့်စားနေရတဲ့ဘ၀ ၊ သူများစီးပွားတက်အောင် လုပ်ပေးမယ်ဆိုတာ စဉ်းစားစရာ ၊တစ်ချို့ က သာသနာပွဲ၊ဘုရားပွဲ ၊ ဘယ်ကလာ သာသနာပွဲလည်းမရှိဘူး၊ဘုရားပွဲလည်းမရှိဘူး ။

ဘုရားက နေ့လွဲညစာမလုန်းပေးဘူး၊နေ့ဖို့ညစာလည်းသိုမှီးသိမ်းဆည်းပြီး မဘုန်းပေးဘူး ။အဲဒါကို နေ့ရောညပါ ဘုရားမှာပွဲတင်ထားရင် ဘုရားကနေ့လွဲညစာ စားတယ်လို့စွပ်စွဲရာ ကျတယ်ထင်တယ် ။ပွဲပြင်လို့ ရာထူးတက်မယ် ။စီးပွားတက်မယ်ဆိုရင် ပွဲပြင်တဲ့လူတိုင်း စီးပွားတက်သလား ၊ရာထူးတက်သလား ၊လေ့လာကြပါ ။အားလုံးတက်ကြမယ်ဆိုရင် အထက်မှာ ဘဲ ရာထူးတွေ ပုံနေမှာပေါ့ ။အလကား အယူအဆတွေ ယောင်ယောင် မလုပ်ကြပါနဲ့ ။

  • ဘုရားပွဲပြင်တာကို ၀ိနည်းတော်နဲ့ လေ့လာသုံးသပ်ကြည့်ရအောင် ၊ သာသနာ အလိုအား ဖြင့် အစာအာဟာရ ခဲဖွယ်ဘောဇဉ်ကို ယာဝကာလိက လို့ခေါ်တယ် ။နေ့မလွဲမီ ၊မွန်း မတည့် မီ ၊စားသုံးကောင်းပါတယ် ။ အဲဒီ ဘောဇဉ်ကို ညနေမှာ အကပ်တောင်မခံ ကောင်းပါဘူး ၊အကပ်ခံလျှင်အာပတ်သင့်ပါတယ် ။ (ပွဲတင်မကပါဘူး ၊သစ်သီးကိုးမျိုးတို့၊ အခြားသီးနှံများကိုလည်း ဘုရားမှာ အလှဆင်ပြီး သတ်မှတ်ချိန်မွန်းမတည့်ခင်ထိသာ ကပ် ကြပါ ၊ပြီးရင် စွန့်ပါ ) ။
  • တစ်နပ်သာစားအပ်တဲ့ အုန်းသီး ၊ငှက်ပျောသီး ( ကန်တော့ပွဲ) မျိုးတွေကို ဘုရားရှေ့မှာ ခုနှစ်ရင် ခုနှစ်လီ ဆက်လက်ကပ်ထားကြတာ သင့်မသင့် စဥ်းစားကြည့်ပါ ။ ငှက်ပျောသီး အစိမ်းကိုလည်း ဘုရားဘုန်းမပေးပါဘူး ၊လူတောင်မစားဘူး ၊ဘုရားမှာ သစ်သီးအုပ်တာ ၊မှည့်တော့ချ စားကြတယ် ။ကောင်းမကောင်း စဉ်းစား ကြည့်ကြပါ ။

မြတ်စွာဘုရား လက်ထက်က အရှင်ဗေလဌေသီလ ဆို ရဟန်းကြီး ( အရှင်အာနန္ဒာရဲ့ ဥပဇ္ဇျာယ်ဆရာကြီး ) ဇေတ၀န်ကျောင်းမှာ သီတင်းသုံးတယ် ။ဖလသမာပတ်ဝင်စားလေ့ရှိတယ်။ အရှင်မြတ်သည် ပိုနေတဲ့ ဆွမ်းတွေကို အခြောက်လှမ်းပြီး သိမ်းထားတယ်။သမာပတ်က ထ တဲ့အခါ ဆွမ်းခံမထွက်ဘဲ အဲဒီဆွမ်းခြောက်ကိုရေဖြင့်နူးပြီး ဘုန်းပေးကာ ဖလသမာပတ် ပြန်ဝင်စားတယ် ။ရဟန်းတွေက သိရှိပြီး ကဲ့ရဲ့ကာ ဘုရားရှင်အားလျှောက်ထားတယ် ။ ဘုရားရှင် က ဒီကိစ္စသည် ရသမျှနှင့် မျှတ ရောင့်ရဲသော ၊ခြိုးခြံသော အကျင့်ဖြစ်၍ အပြစ်မရှိသော်လည်း လူအများသိလျှင် ကဲ့ရဲ့ပြစ်တင်စရာဖြစ်၍ အကြင် ရဟန်းတို့သည် သိုမှီး သိမ်းဆည်းခြင်းကို ပြု ခြင်းရှိသော ခဲဖွယ်ကို လည်းကောင်း ၊ဘောဇဉ်ကိုလည်းကောင်း စားပါအံ့ ပါစိတ်အာပတ် သင့်၏ လို့ သိက္ခာပုဒ် ကို ပညတ်တော် မူလိုက်ပါတယ် ။

သိုမှီး သိမ်းဆည်းထားတာ မပြောနဲ့ ၊သပိတ်ခွက် ပန်းကန် ၊လက်ဖက်ရည်ခရား ၊စသည်များနှင့် ထညိ့၍ စားသောက်ပြီးနောက် အဲဒီသပိတ်စသည်နှင့်တကွ အကြွင်းအကျန်များကို လူနှင့်သာမဏေ တို့အား မပေးစွန့်ဘဲ သပိတ်စသည်တို့ကို ကိုယ်တိုင်ဆေးရာဝယ် ၊မစင်ကြယ် ဘဲ အာမိသကပ်နေလျှင် နက်ဖြန်နံနက်ရှိ အခြားအာမိသနှင့် ရောနှောပြီး ၀မ်းတွင်းသို့ ၀င်သွား ပါက သန္ဒိဓိပါစိတ် အာပတ်သင့်ပါတယ် ။

ဒါကြောင့် ဘုရားရှင် ပညတ်ထားပါလျှက် ဘုရားအား နေ့လည်အထိ ငှက်ပျောပွဲ ၊အုန်းပွဲများ ၊အခြားသစ်သီးများ ၊ မုန့်ပွဲများကို မကပ်ထားသင့်ပါဘူး ။ဒီလိုကြည့်ကောင်းအောင် အသီးအနှံ များ ကို ရက်များစွာ ကပ်ထားခြင်းဟာ ထေရ၀ါဒဗုဒ္ဓဘာသာဝင် စစ်စစ်တွေ ဆိုရင် လုပ်သင့် ပါလား ။ ဆုံးဖြတ်ကြပါ ။

  • (အမှားသိလျှင် အမှန်ကို ပြင်ဖို့ ၀န်မလေးကြပါနဲ့)

                                                                                          ဦးမြင့်ရွှေ(တောင်ငူ)