Wednesday, March 20, 2013

က္ကနြေ္ဒ တံခါး ( ခင်နှင်းယု )

                                    
တူးတူးရေ …
အန်တီစုကို (Fashion Image ) မဂ္ဂဇင်းမှာ ဝတ္ထုတွေ  လစဉ်ရေးပေးဖို့  ပြောတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။ဒါပေမယ့် အန်တီ စုက လုံးချင်း ဝတ္ထု တစ်ပုဒ်ရေးနေလို့ တူးတူးဆန္ဒမဖြည့်နိုင်ခဲ့ ပါ ဘူး ။လောလောဆယ်  အန်တီ စုရေးချင်တာလေး ရေးပါရစေ  ။ အန်တီစုက  ၁၉၉၈ခုနှစ်လောက် က ကျွန်မတို့ ဘာလုပ်ကြမလဲ ခေါင်းစဉ်နဲ့ မြန်မာ အမျိုးသမီးတွေ အကြောင်း မြှားနတ်မောင်  မဂ္ဂဇင်းမှာ ရေးခဲ့ တယ် ။ အဲဒီ့  ဆောင်းပါးကို ပဲ ရာပြည့် စာအုပ် တိုက်က အတွေးအမြင် စာအုပ် မှာ ထည့်သွင်းခဲ့တယ် ။ တစ်ခါ ကမာရွတ် လှည်းတန်းက ဦးဝင်းနိုင်တို့ အင်္ဂလိပ် စာ သင် တန်းက အန်တီ စုကို ဟောပြောပွဲ ဖိတ်တော့ ဒီ အကြောင်းကိုပဲ မြင်းမိုရ်တောင် ကို တိုက် ခတ်သောလေ ကို လက်ဝါးနှင့် ကာခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အန်တီ စု ဟောပြောခဲ့ တယ် ။ တစ်ခါ စာပေ ဗိမာန်ထုတ် အမျိုးသမီးကြေးမုံမှာ လည်း ဒီဆောင်းပါးပါ တယ် ။
ဦးကျော်ခင်မြင့် (မြောင်းမြ မောင်ရင့်ကျူး ) ဖိတ်ခေါ်လို့ အမျိုးသမီးရေးရာ ယဉ်ကျေးမှု့ သင်တန်းမှာလည်း ဒီ ခေါင်းစဉ်နဲ့ပဲ ဒီ အကြောင်းကို  ဟောပြောခဲ့ ပါ တယ် ။ ဒီဆောင်းပါး ဟာ ဂယက် ရိုက်ပြီးအတော် ဝေဖန်ကြပါတယ် ။ အပြုသဘောပါ ပဲ ။ ဦးဝင်းနိုင် ကျောင်းတုန်းကလည်း ကျောင်းသားတွေ ဝေဖန်ဆွေးနွေးတဲ့ အလှည့် မှာ  ကျောင်းသားတစ်ယောက် က နိုင်ငံခြားမှာကောင်းတာတွေ ရှိ တယ်  မပစ်ပယ် သင့် ဘူးလို့ ပြောပါ တယ် ။
အန်တီ စု ဟောပြောတဲ့ အထဲ မှာကို က အရပ် ရှစ်မျက်နှာက လေ တွေတိုက် ခတ်လာပါပြီ။ ဒါပေမယ့် လေနီ ကြမ်းတွေ ၊လေမုန်တိုင်းတွေ ကိုတော့ ကာကွယ်ရမယ် ။ မြန်မာ့ လယ်မြေ မှာ ဆန် စပါး သီးနှံတွေ အထွက်များစေတဲ့ မုတ်သုံလေ တိုက်ခတ်မှု့ မျိုး ကိုတော့ လက်ခံကြို ဆိုရ မှာပဲ လို့ အန် တီ စု ပြောခဲ့ ပါ တယ် ။အဲဒီ ဟောပြောပွဲ အပြီးမှာ ညစာစားပွဲ လုပ်တော့ ကျောင်းမှာဟောပြောတုန်းက မမေးရဲ လို့ မိန်းကလေး တစ်ယောက် က ထမင်းစားပွဲ မှာ ထမေးတယ် ။အဲဒီ ပွဲ မှာ ဆရာမြ သန်းတင့် တို့ ၊ဆရာအောင် သင်းတို့ လည်းပါ တယ် ။ အဲဒီ ကျောင်းသူက ပြောတယ် ။ သူတို့ဟာ ဘဝနာလို့ အပြင် စီးပွားရေးမှာ ဝင်ရောက် လုပ်ကိုင်နေကြရ ပါ တယ် ။ အန်တီ စုပြောသလို ဖြတ်လမ်းလိုက် အမျိုးသမီး မဟုတ် ပါ ဘူး ။ အန်တီ စုပြောတဲ့ စီးပွားရေးမှာ ဖြတ်လမ်းလိုက် ပြီးကိုယ်ကျင့် တရားမစောင့် ထိန်းတဲ့ မိန်းကလေးတွေ တကယ်ရှိရဲ့ လားတဲ့ ။
သူကခမျာ အင်မတန် ရိုးသားပုံရ ပါ တယ် ။ အန်တီ စုမဖြေခင် ဆရာအောင် သင်းက ဖြေပါ တယ်။အန်တီ ဟောပြောတဲ့နေ့ က ဒီ ဇင်ဘာလ ခရစ်စမက် ပွဲ ပြီးချိန် ကိုး ။ တရာအောင်သင်းက မေးခွန်းမေးတဲ့ ကကျောင်းသူလို အမျိုးသမီးလေးတွေ အမြောက်အများရှိပါ တယ် ။အဲဒီလို အမျိုးသမီးတွေ ရှိသလို ခရစ်စမတ် အချိန် တုန်းက ကားနဲ့ ညည့် နက် သန်းခေါင်ကျော် အပျော် ကျူုးလို့  ကားလည်း ဟတ် တက် ကွဲ ၊လူလည်းအသက် ဆုံး ရတဲ့   မိန်းကလေးမျိုးတွေလည်းရှိပါ တယ် ။စီးပွားရေးလောက မှာကိုယ်ကျင့် တရားမစောင့် ထိန်းတဲ့ အမျိုးသမီးတွေ ရှိပါ တယ်  လို့ ဆရာက ဖြေပါ တယ် ။
အန်တီ စု  က စီးပွားရေး တံခါးဖွင့် ဝါဒကိုကြိုဆိုပါတယ် ။ တံခါးပိတ်ဝါဒကို အန်တီ စု မကြိုက် ပါ ဘူး ။ မြန်မာနိုင်ငံ အပါ အဝင် အရှေ့ အာရှ နိုင်ငံ တွေ မှာ  များသောအားဖြင့် ပဒေဿရာဇ်တွေ လက် ထက် တုန်းက တံခါးပိတ် ဝါဒကျင့် သု့းလို့ ခံစားရတဲ့ ဒဏ်ရာ ဒဏ် ချက် သင်ခန်းစာတွေ အမြောက် အမြားရှိ ခဲ့ ပါတယ် ။ တစ်ခါတစ်ခါ တိုက မြန်မာဘုရင်တွေဟာ စောစောကသာ တံခါးဖွင့်ဝါဒ ကျင့် သုံးခဲ့ ပြီး ပြု ပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ရင်  တို့ လွတ်လပ်ရေး ဆုံးရှုံးမှာ မဟုတ် ဘူးလို့ စဉ်းစားမိတယ် ။
ကုန်းဘောင် ခတ် မင်းတုန်းမင်းကြီးလက်ထက်ရောက်တော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ် ခဲ့ပေမယ့်လည်း  အနောက် က သမိုင်း တရာတွေ ရေးသလို  “Too late  and too slow” ဖြစ်နေပြီလေ ။အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အသိမ်းခံရလေတော့  သူများနှာခေါင်းပေါက် နဲ့ အသက်ရှုရသလို  နိုင်ငံခြားဆက်ဆံ မှု့ တွေ မှာ  ဒီ အင်္ဂလိပ် သိမ်းထားတဲ့ အောက်မြန်မာပြည် ကို ဖြတ်သန်းရလေတော့ သူတို့ အင်္ဂလိပ်တွေ သဘောမတူရင် ဘာမှ အလုပ် မဖြစ်တဲ့ ဘဝ ။ ဒါကြောင့် လွတ် လပ်ရေးရတော့ လည်း  အန်တီ စု စိတ်ထဲ မှာတံခါးပိတ်ပြီး အထီးကျန်ဝါဒ ကျင့် သုံးတာ မကြိုက် ပါ ဘူး ။ကိုယ့် ထက် သိပ္ပံ ပညာရပ်တွေ ၊ လူနေမှု့ စနစ်တွေ တိုးတက်နေတဲ့  နိုင်ငံတွေက ယူသင့်ယူထိုက် တဲ့  နည်းပညာတွေ ယူရမှာပေါ့ ။ အခုခေတ် က အထီးကျန် ဝါဒနဲ့ တစ်ကိုယ်တော် လမ်းစဉ် ကို ကျင့် သုံးလို့မရ ဘူး ။ ပြီးတော့ မြန်မာနိုင်ငံ ဟာ ပထဝီ အနေအထားအရ  လူဦးရေရော သိပ္ပံ နည်းပညာပါ  အင်အားကြီးတဲ့ အိန္ဒိယနဲ့ တရုပ်ပြည်ကြီး  နှစ်ပြည်ကြားမှာ နေရတဲ့ အပြင်  အရှေ့တောင်အာရှ ရဲ့ အချက်အချာဗဟိုကျတဲ့ နေရာမှာ တည်ရှိလေတယ် ။ ဒါပေမယ့်  စီးပွားရေးတံခါးဖွင့် ဝါဒကို  အစိုးရ ကကျင့် သုံးတယ်ဆိုတာနဲ့ တစ်ချို့ လူတွေက အတွေးအမြင် တစ်မျိုးပေါက် ကြတယ် ။ အန်တီစုကို လာပြောကြတယ် ။
စီးပွားရေးတံခါးဖွင့်ဝါဒ ကျင့် သုံးနေမှတော့ နိုင်ငံ ခြားသားတွေ ဝင်ထွက်သွားလာမှာဘဲ ။ မြန်မာအမျိုးသမီးတွေ က နိုင်ငံ ခြားသားတွေနဲ့ ဆက်ဆံတဲ့နေရာမှာ   မြန်မာ့ ယဉ်ကျေးမှု့တွေ ၊ က္ကနြေ္ဒတွေဘာတွေနဲ့ ထိန်းချူပ် ထားလို့  မဖြစ်ဘူးတဲ့လေ  ။ စီးပွားရေးတံခါးဖွင့်ထားသလို က္ကနြေ္ဒတံခါးကိုလည်း ဖွင့်ရမယ် ။ နိုင်ငံခြားသား တွေလာဖို့ မြန်မာ အမျိုးသမီးတွေ က ဆွဲဆောင်ရမယ်ပေါ့ ။ သူ့စကားကြားလို့အန်တီစု  ထိတ်လန့်သွားတယ် ။ တစ်ယောက်ကလည်း  ပြောသေး….
အိမ်နီးချင်းနိုင်ငံ တစ်ခုလို ( Sex Trade) လုပ်ရမယ်တဲ့ ။ ဒါမှ နိုင်ငံ ခြားသားတွေ မြန်မာပြည် ကို စိတ်ဝင် စားမှာတဲ့   ။ ဘယ်လောက်တိမ်တဲ့ အတွေးအခေါ်တွေ လည်းမသိ ဘူး ။ အမျိုးသမီးတွေ ကိုဖျော်ဖြေရေးထုတ် ကုန်ပစ္စည်းတစ်ခု အနေနဲ့ ရောင်းချဖို့ ကြိုးစားနေတယ် ထင်ပါရဲ့ ။
တကယ်တွေးကြည့်ရင် အဲဒီ  ( Sex Trade ) လုပ် တဲ့  နိုင်ငံက အမျိုးသမီးတွေ တစ်ခြားနိုင်ငံခြားတိုင်းပြည်တွေ ကိုသွားရင် ငယ်ရွယ်သူ ၊အရွယ်ရှိသူတွေကို သူတို့သွားချင်တဲ့ တိုင်းပြည်က ဝင်ခွင့်မပြုဘူး ။ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ နိုင်ငံ မှာ အမျိုးသမီးက ကိုယ်နဲ့ ရင်းပြီး စီးပွားရှာရင်  အေအိုင်ဒီ အက်စ် ရောဂါ သူတို့ နိုင်ငံသားတွေကို ကူးပွားမှာစိုးလို့ ( Sex Trade ) နိုင်ငံက အမျိုးသမီးတွေကို ဝင်ခွင့်မပြုဘူး။ ဘယ်လောက်ရှက်ဖို့ကောင်းသလဲ ။ တစ်ချို့ က ( Sex Trade ) တိုင်းပြည်က မိန်းကလေးတွေ ကိုယ်နဲ့ မြူဆွယ်လို့ နိုင်ငံခြားသားတွေ  သူတို့တိုင်းပြည် အလာများပြီး ခရီးသွားရေးလုပ်ငန်းက ဝင်ငွေ များတယ်လို့ဆိုကြတယ် ။ အဲဒီ မိန်းကလေးတွေ ကြောင့် အဲဒီ တိုင်းပြည်က သူတို့ တိုင်းပြည်ကို လာကြတဲ့  နိုင်ငံခြားသားတွေကို ဧည့်ခံကြိုဆို ဧည့်ဝတ်ပြုတဲ့နေရာမှာ ခရီးသွားလာရေးအဆင်ပြေဖို့ ၊တည်းခိုနေထိုင်ရေး အဆင်ပြေအောင်  အပန်းဖြေ ခရီးတွေမှာရော ပြုစုစောင့်ရှောက်တဲ့နေရာမှာရော ခရီးသွားသူတွေကို စိတ်ချမ်းသာအောင်လုပ်ပေးလို့ပါပဲ ။ အခါခပ်သိမ်း ( Sex ) ကြောင့်ဆို တာ မမှန်ပါ ဘူး ။ကိုယ်ကိုယ်တိုင်ပဲ အပန်းဖြေ ခရီးထွက်ရင် သွားရေးလာရေးကလည်း ခက်ခဲ ၊ တည်းခိုရတာလည်း အဆင်မပြေ ၊တယ်လီဖုန်းတစ်ခါတစ်ခါ ဆက်ရတာ မလွယ်ကူတဲ့ တိုင်းပြည်ကို ဘယ်သူမှ မသွားချင်ပါ ဘူး ။
( Sex Trade ) ကျင့်သုံးတဲ့နိုင်ငံက  အမျိုးသမီးပါလီမန် အမတ်က ပြောတယ် ။ သူတို့နိုင်ငံ အမျိုးသမီးတွေ ပျက်စီးရာတာက အမျိုးသားတွေကြောင့် တဲ့ ။ ရှင်တို့ ဆင်ခြင်ပါ လို့ အမျိုသားတွေကိုပြောတယ် ။ သူမက အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကို ခေါင်းဆောင်နေသူဖြစ်တယ် ။
ဒါကြောင့် မြန်မာပြည်မှာ စီးပွားရေးတံခါးဖွင့်ဝါဒ ကျင့် သုံးတာနဲ့ မြန်မာအမျိုးသမီးတွေ က္ကနြေ္ဒ တံခါးပါ စည်းမဲ့ ကမ်းမဲ့ ဖွင့်ရ မယ်ဆိုတဲ့ စကားကတော့  အတော်တုံးတာပဲ ။မြန်မာပြည်ဟာ အခြားတိုင်းပြည်တွေနဲ့ ကူးလူးဆက်ဆံနေတော့ တစ်ခြားတိုင်းပြည်တွေရဲ့ ဓလေ့ထုံးစံ ၊လူနေမှု့ စနစ်တွေ လည်းတွေလည်းတွေ့ကြုံရမှာ ပဲ ။ အဲဒါတွေကို ဘယ်ဟာက လက်ခံသင့် တယ် ၊ဘယ်ဟာက လက်မခံသင့်ဘူးဆိုတာ စိစစ်ရွေးချယ်ပိုင်ခွင့် အမျိုးသမီးတွေမှာရှိပါတယ်။ စီးပွားရေးတံခါးဖွင့် တာအကြောင်းပြပြီး  စီးပွားရေးမှာဝိသမာလောဘ တိုက် ၊လူမှု့ရေးမှာကာမဂုဏ် လွန်ကျူးသူတစ်စုရဲ့ အတွေးအခေါ်ကြောင့်  မြန်မာအမျိုးသမီးတွေရဲ့ အိနြေ္ဒ တံခါးကိုတော့ အချူပ်အချယ်မ ရှိ မဖွင့် သင့် ပါ ဘူး ။
မြန်မာအမျိုးသမီးတွေကလည်း တစ်ခါတစ်ခါ  တော်တော် အံ့ဩဖို့ကောင်းတယ် ။ကုန်းဘောင်ခေတ်  ၊သီပေါဘုရင်လက်ထက် အပျိုတော် ငါးဦးလောက်ကို  သာသနာပြု စာသင်ကျောင်းမှာ စာသင်ဖို့ အပ် လိုက်ပါ တယ် ။ ပြန်ရောက်တေ့  ဂါဝန် မချွတ်တော့ ဘူး။ ဆံပင်ဖြတ် ၊နန်းတွင်းယဉ်ကျေးမှု့ အမူအရာအားလုံးပျောက်ပြီး နန်းတော် သူတွေကို အင်္ဂလိပ် လို လက်ဆွဲ နှုတ် ဆက်ပြီး ဘိုလို မှုတ်တယ် လို့ကြားဖူးတယ် ။ ဘယ်ဟာကို  လက်ခံသင့် တယ် ၊ ဘယ်ဟာကို ပယ်သင့် တယ် ဆို တာ မရွေးချယ်တက်ကြဘူး  ။ခုခေတ်မှာလည်း နိုင်ငံခြားသားတွေ ဘောင်းဘီဝတ်တာမြင်တာနဲ့  မြန်မာဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်းကို လာတဲ့ မြန်မာ မိန်းကလေးက ဘောင်းဘီ ဝတ်လာတယ် ။ ဘုန်းကြီးကျောင်းမှာ   “မြန်မာအမျိုးသမီးများဘောင်းဘီ ဝတ်မလာရလို့ဆိုင်းဘုတ်” ကို ဆွဲထားရတဲ့ အဖြစ်ရောက် တယ်။ “ မြန်မာဟာ သည်းရမယ် ဆို နှစ်ယောက်မရှိ ၊ ကဲရမယ် ဆိုလည်းနှစ်ယောက်မရှိ ”လို့ ပြောရမလိုဖြစ်နေတယ် ။ အားကစား တဲ့ အခါမှာ ဘောင်းဘီ ရှည် ဝတ်ရမှာပေါ့ ။  ဘုန်းကြီးကျောင်းလို နေရာ မှာ မဝတ်သင့် တာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးလေးတွေ  အနေနဲ့ သိသင့်တယ်။
မြန်မာ မ ဟာ မြန်မာ မ ပဲ ။ အခွင့် အရေးအားဖြင့်  တခြားတိုင်းပြာ်က အမျိုးသမီးတွေ ထက်ပိုပြီး လွတ် လပ် တဲ့ အခွင့် အရေး တွေ ရ ကြတာမှန်ပေမယ့် တစ်ဖက် ကယဉ်ကျေးမှု့ ဓလေ့ ထုံးစံက  မြန်မာ အမျိုးသမီးတွေကို  ပြန်လည် ထိန်းချုပ် ထားတယ် ဆိုတာ သတိပြုသင့် တယ် ။ ဓလေ့ ထုံးစံ ဆိုတာ ဥပဒေ မဟုတ်ပါ ဘူး ။
မြန်မာ  ဆိုတဲ့ လူမျိုးထဲ မှားလည်း ခုန အန်တီ စုပြောသလို  ( Sex Trade ) ကြိုက် ပြီး အမျိုး သမီးတွေကို ဇိမ်ခံပစ္စည်း လို ရောင်းချ စေချင်  တဲံ့ သူတွေရှိ သလို  မြန်မာအမျိုးသမီးဆို တာ ဘယ် လိုပဲ နိုင်ငံ ခြားနဲ့ ဆက်သွယ်နေ နေ ၊သီးခြား ယဉ်ကျေး မှု့ ပုံစံ နဲ့နေတာကို ကြိုက်တဲ့ အများစု လူတွေ ရှိနေပါ တယ် ။
မြန်မာ အမျိုးသမီးတွေ လှုပ်ချင်တိုင်း လှုပ်လို့ မရ ဘူး ။လှုပ်မရအောင် လည်း မြန်မာ့ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု့ ဓလေ့ ထုံးစံက  တစ်ဖက် က ထိန်းထားတယ် ဆိုတာ  အမျိုးသမီးတွေ သတိပြုသင့် တယ် ။ အဲဒါဟာ အခွင့် အရေးဆုံးရူံး တာမ ဟုတ် ဘူး ။ မိန်းငလေးတွေ ပို မို လေးစားခံလာရအောင် မြန်မာ့ ယဉ်ကျေး မှု့ က ထိန်းသိမ်းတားတာ ။ မြန်မာ အမျိုးသမီးဟာ အရောင်းခံ ဇိမ် ကုန် ပစ္စည်းမဟုတ် ဘူးဆိုတာ ကိုယ့် ဘာသာကိုယ် သတိပြုရမယ်။ 
ဖက်ရှင်ရှိုးတွေလာကြတော့ မယ် ။ အန်တီ စု နိုင်ငံခြားမှာ ဖက်ရှင်ပြပွဲတွေ ကြည့် ရင် မိန်းကလေးတွေကိုသနားတယ် ။ ကိုယ်လုံးကိုယ်ပေါက် ကအစ လှပ သွယ်ပျော့ ပျောင်းကြတယ် ။ ပုံစံ အမျိုးမျိုး  အဝတ်အစားတွေကို ဝတ်ပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြ တယ်။ဖက်ရှင် ထွင် ထားတဲ့ အဝတ်တွေ ကလည်းဆန်းသလားမမေးနဲ့ ။ အပေါ်က ဖော်ထားတာကလည်းရင်သားတစ်ခြမ်းစီကို မြင်နေရတယ် ။ လမ်းလျှောက်တော့ ခါးကို နွဲ့ ၊ခုံမြင့် ဖိနပ်ကိုစီး ၊ခြေက တစ်ခုနှင့်တစ်ခု ထပ်မ တက်လျှောက်လှမ်းတဲ့ အခါ ရင်သားတွေက လူပ်တုတ်လှုပ်တုတ်  ၊တင်ပါးကလည်း ဟိုနွဲ့ ဒီ နွဲ့  နဲ့ ခန္ဓာကိုယ်ကို လုံခြုံအောင် ထွင်တဲ့ အဝတ်အစားက နည်းတယ် ။ သြော်..အဝတ်အစားပြတာမှ ဟုတ်ရဲ့ လားမိန်းကလေးတို့ ရယ်။တကယ်တော့ ကိုယ်လုံးဖော်ပြကြတာပဲ ။ကုန်သည်တွေရဲ့ ရောင်းကုန်တွေ စွံအောင် ဒီ မိန်းကလေးတွေ အ ရှက် ကုန်မတက် လှစ်ပြနေကြရ ရှာတယ် ။
မြန်မာပြည်မှာတော့ ဖော် သင့် သလောက်ပဲ ဖော် ၊လှုပ်သင့် သလောက်ပဲ လှုပ်ကြပါ ။ ဦးကြင်ဥ ရဲ့ ဒေဝဂုမ္ဘာန် ပြဇာတ်ထဲက စကားနဲ့ ဆိုရင် မင်းသမီးကို အမွှမ်း တင်တဲ့နေရာမှာ  “ပေါကုန် ရှုံး ကုန် ငါတို့ ကုန် ရောင်းကုန် မဟုတ် ”ဆိုတဲံ့ စကားသုံးထားတယ် ။ အဲဒီလိုပဲ မြန်မာ မိန်းကလေးတွေ အလှ ကြိုက်ကြတယ် ။ အဝတ်အစားအဆန်းထွင်ကြတယ် ။  အမျိုးသမီးသဘာဝပါ ။ ဒါပေမယ့် ခုန ဦးကြင်ဥ ပြောသလို  ရောင်းကုန်ပစ္စည်းတစ်ခု မဟုတ်ပါ ဘူးဆို တာကတော့ သတိပြုသင့် တယ် ။ ကွန်မြူနစ်တွေရဲ့ စကားနဲ့ ဆိုရရင်  အရင်းရှင် ကြီးတွေ ရဲ့ အမြတ် အစွန်းရရှိ မှု့ အတွက် မိန်းကလေးတို့ ရဲ့ ခန္ဓာဟာ အသုံးချခံ ဇိမ်ခံ ပစ္စည်း ဖြစ်ရတာကတော့ ကြေကွဲ ဖို့ကောင်းပါတယ်။ 
စီးပွားရေးတံခါးဖွင့်တယ်ဆိုတာကျယ်ပြောလှပါတယ်။လုပ်စရာတွေလည်းအများကြီးလုပ်ငန်းတွေလည်း အများကြီးပါ ။  သက်ဆိုင်ရာတွေနဲ့  အမျိုးသမီး အရွယ်ရောက်က အစ  သက်ကြီးအထိ ပညာတက်တွေရော  ၊ပညာမတက်ပဲ လုပ်ငန်းခွင်ဝင်နေသူတွေ ရော မျက်နှာစုံညီ တွေ့ ရှိပြီးဆွေးနွေးသင့် ကြပါတယ် ။ မိန်းကလေးတွေရဲ့ ခံစားမှု့ကို သိရှိကြတဲ့ အခါ အမြင်ချင်းဖလှယ်နိုင်တာပေါ့ ။ဖော်ပြ ၊ချွတ်ပြ  ၊လှုပ်ပြတာတွေဟာ စီးပွားရေးလားဆို တာာဆွေးနွေးသင့်ကြတဲ့ အချိန်ရောက်ပါပြီ ။
မြန်မာ အမျိုးသမီးတွေဟာ အစွမ်းထက်ကြ ပါ တယ် ။ဖော်တဲ့  ၊လှုပ်တဲ့ ကိစ္စ ကိုတော့ ရေးကြီးခွင်ကျယ် လုပ်မနေစေချင်ပါ ဘူး ။ဟိုတလောက ဘရူနိုင်းမှာကျင်းပတဲ့  အရှေ့တောင်အာရှ ကစားပွဲတွေ မှာ ရွှေတံဆိပ် နှစ်ခု ၊ တခြားပွဲတွေမှာ  ငွေ တံဆိပ်တွေ ၊ကြေးတ့ ဆိပ်တွေ ဆွတ် ခူးပေးပြီး တိုင်းပြည်ဂုဏ်ကို မြှင့်တင်ခဲ့တယ် ။ အဲဒီလို လုပ်ငန်းတွေ အများကြီးပါ ။
ရုပ်ရှင် ဇာတ် သဘင် ဖျော် ဖြေရေးတွေ မှာလည်းကြည့် ပါ ။ စီးပွားရေး အရ အသက်မွေဝမ်းကြောင်းကြောင့်   ရုပ်ရှင် ဇာတ် သဘင်မှာ ပါ ဝင်ကြရပေမယ့် က္ကနြေ္ဒ စောင့်ထိန်းတဲ့ အမျိုးသမီး နဲ့ မစောင့် ထိန်းတဲ့ အမျိုးသမီး ဂုဏ်သရေချင်းကွာသွားပါတယ်။  အန်တီ စုခဏခဏ ပြောဖူးတယ် ။ ရုပ်ရှင်မင်းသမီးမှာ ဆိုရင် မေရှင်  ။ သူ ဟာ ရုပ်ရှင် သရုပ်ဆောင် အနေနဲ့ သဘာဝကျကျ သရုပ်ဆောင်ခဲ့ လို့ နာမည်ကြီးခဲ့ တယ် ။ သီချင်းလည်းဆို ခဲ့ တယ် ။    အပြင်မှာ သူ့ က္ကနြေ္ဒ ကို ထိန်းသိမ်းခဲ့ လို့ ခုထိ မေရှင် ဆိုတဲ့ နာမည်ဟာ ဂုဏ်သရေ ရှိစွာ ထင်ရှားဆဲ ။
ဒီလိုပဲ ဇာတ်သဘင်လောကမှာ  ကောလိပ်စိန်ဟာ အန်တီ စုတို့ ဝါးခယ်မ နားက ထီးမနန်းရွာသူ။ အန်တီ စုဦးကြီးရဲ့ ဇနီးနဲ့  ညီ အစ်မ ဝမ်းကွဲတော် သူ ။ ဇာတ်သဘင်မှာ “ မမမာ ”အဆိုအရ ပြည်သူချစ်သော အနုပညာ သည် တစ်ယောက် ပဲ။ ဂရိတ် ဦးဖိုးစိန် ဆို တဲ့ ဇာတ်မင်းသားကြီး နဲ့ကောလိပ်စိန် တွဲ ကခဲ့ ရ တယ် ။ ဦးဖိုးစိန် ဟာ သူနဲ့ရ တွဲက တဲ့ ဇာတ်မင်းသမီးတွေကို များသောအားဖြင့် “တော် ” ကောက်တယ် ။ ကောလိပ်စိန် နဲ့ ကျတော့ လက်မြှောက်ရတယ် ။ နှစ်ပါးသွား သစ္စာထားတွေမှာ  ဖိုးစိန်ကြီးနဲ့ သားပြော မယားပြော ပြောရ  ၊သဘာဝကျကျ သစ္စာ  တိုင်  သီချင်းတွေ ဆို ကကြ ရပေမယ့်  အပြင်ကျတော့ သူ့ က္ကနြေ္ဒ နဲ့ သူနေ လို့ ဖိုးစိန် ကြီး က ကောလိပ်စိန် မာနကြီးကြောင်း သီချင်းစပ် ဆို ခဲ့ ဖူးတယ်  ။  ဖိုးစိန်ကြီးတော်ကောက်တာ မခံ ဘဲ ဝါးခယ်မမြို့ အရှေ့ ပိုင်းမှာ သေသည် အထိ အပျိုကြီးဘဝ နဲ့  တရားဘာဝနာ  အားထုတ်သွားတယ် ။ ဖိုးစိန်ကြီးတို့ မိသားစုကလည်း လေးစားစွာနဲ့ အဝေးကနေ စောင့်ရှောက်ပါတယ် ။
အဲဒီ အမျိုးသမီးကြီးတွေ အတိုင်း ရုပ်ရှင်ဇာတ်သဘင်တွေ မှာ  ပါဝင်ကြတဲ့ အမျိုးသမီးတွေ အပျိုကြီးလုပ်ရ မယ်လို့ အန်တီ စု မဆိုလို ပါဘူး ။ တစ်သက်မှာ တစ်ခါ ချစ်တဲ့ သူတွေ့ရင် ယူရမှာပါပဲ ။ သို့သော် လုပ်ငန်းက လုပ်ငန်းတစ်ခြား  ကိုယ့်က္ကနြေ္ဒ ကိုစောင့်စည်းရ မှာက   ကိုယ့်တာဝန်ပဲ ။ အယ်လီ ဇဘတ်တေလာတောင်  အ သက် ၆ဝ အတွင်းမှာ လင်  ၇ ယောက် ယူသေးတာပဲ။  မွန်ရိုးဆိုလည်း တွဲချင်တဲ့ သူနဲ့ တွဲတယ်ဆိုတဲ့ ဟောလီးဝုဒ်ရှိ တဲ့နေရာက အမေရိက အမေရိကန် ပရိတ်သတ် ၊မြန်မာပြည်က မြန်မာပရိတ် သတ်ဖြစ်တယ် ။ 
မြန်မာရုပ်ရှင် မင်းသမီး နှစ်ဦး နာမည်လည်းကြီး တော်လည်းတော်ပါတယ် ။ အိမ်ထောင်သည်တွေ။ ဒါပေမယ့် သူတို့ ကာမပိုင် ရှိလျက်နဲ့ တစ်ခြား သူနဲ့တွဲတော့အနံ့ ထွက်လာတာပဲ။ ဘယ်နေရာမှာ ဘာပဲ လုပ်လုပ်  ကိုယ်ကျင့် သိက္ခာနဲ့ ပတ်သက်တဲ့  ရနံ့ ဟာ အမြဲရှိတယ်။  ကောင်းတာလုပ် ကောင်းတဲ့ ရနံ့မွှေးလာသလို မကောင်းတာလုပ် ရင် မကောင်းတဲ့ ရ နံ့ နံလာမှာပဲ။ ပတ်ဝန်းကျင်ကို အနံ့ ထွက်ပြီး အထင်သေးလာတယ် ။ ဆိတ်ကွယ်ရာမရှိဘူး ။ နံရံတိုင်းမှာ နားရှိတယ်ဆိုတဲ့ စကား ကြားဖူးမှာပေါ့ ။
အန်တီစုတို့ လည်း အသက် ၇ဝ ကျော်ပြီး အုတ်ဂူနားကို တစ်ဖြည်းဖြည်းနီးလာပြီ ။ ဒါပေမယ့် အန်တီ စုမှာ အုပ်ထိန်းခြင်း မကင်းသေးဘူး လို့ ဆိုရင် တူးတူးတို့ က ရယ်မှာပဲ ။ ဟုတ်တယ်  မြန်မာ အမျိုးသမီးကမွေးစကနေ လင်ယူတဲ့ အထိ  မိဘက အုပ်ထိန်းတယ် ။ လင်သည် သေရင်ဖြစ်စေ ၊ကွဲသည်ဖြစ်စေ ယဉ်ကျေးမှု့ ဓလေ့ ထုံးစံကို အမြဲလေးစားရပါတယ် ။
ပုထုဇဉ် တွေပဲ မမှားဘူး လို့ အန်တီ စု မဆို လိုပါ ဘူး ။
ဘုရားမှာ အန်တီစု ဆုတောင်းပါတယ် ။ အမှားကို လုပ်မိရင် မှားမှန်းသိပါရစေ  ၊မှန်တာလုပ်ရင်လည်း မှန်တာကို သိပါရစေ  ဘုရားလို့ ဆုတောင်းတယ် အဲဒီ ဆုတောင်းကို ဘုရားက ဖြည့်မှာ မဟုတ် ပါ ဘူး ။ကိုယ့် ကိုယ်ကို သတိပေးတဲ့ အနေနဲ့ နေ့တိုင်း ရွတ် ဆိုရတာ တစ်ခါ တစ်ခါ မှားတာ လုပ်နေပေမယ့် မှားမှန်းမသိတဲ့ သူတွေ ရှိတယ် ။ ကိုယ် လုပ် တာမှားနေတာ ကိုယ်သိမှ မြင်နိုင် တယ် ။
အန်တီ စုတို့ မြန်မာ အမျိုးသမီးတွေဟာ အရပ် ရှစ်မျက်နှာက တိုက်ခတ်လာတဲ့ လေတွေကို  မလွဲ မသွေ ရင်ဆိုင် နေကြရပါပြီ  ။မြန်မာ အမျိုးသမီး သမိုင်းမှာ  စီးပွားရေးလောက ကို သန့် ရှင်းစင်ကြယ်  စွာနဲ့ဦိးဆောင်လာခဲ့ တဲ့ အစဉ်အလာ မြန်မာ အမျိုးသမီးတွေမှာ ရှိခဲ့ တာကို မမမာ (လူထုဒေါ်အမာ ) ရေးတဲ့ ကျွန်မ တိုက မန္တလေး စာအုပ်မှာ ဖတ်ကြည့် ပါ ။အန်တီစုတို့ ခုလက် ထက်ကြခါမှ  မြန်မာ အမျိုး သမီးတွေ စီးပွားရေးကြောင့်  က္ကနြေ္ဒ တံခါးရိုက်ချိုး ရပါ တယ်ဆိုတဲ့  အဖြစ်မျိုးမရောက် ပါရစေနဲ့ ။      ။

Blogged with the Flock Browser