Wednesday, March 27, 2013

သားယောက္ခထီး ( သုခ )


မိဘနှင့် သားသမီး ၊ညီ အစ် ကို မောင် နှစ်မ ၊တူ၊တူမ ၊လင်မယား ဇနီး၊ခင်ပွန်းဟူ၍ က္ကတ္ထိလိင် ၊ပုလ္လိုင် ခွဲခြားနိုင် ပါ လျက် သမီးယောက္ခ မဆိုသော ဆွေမျိုးကျကာမှ လိင် ခွဲခြားမပြုသည်မှာ ကျွန်တော် တို့ မြန်မာပြည်ဝေါဟာရ ချို့ယွင်းနေလို့လားဟု ထင်မှားစရာဖြစ်တော့သည်။ သား၏မိန်းမ ကိုချွေးမ ။သမီး၏ယောကျာ်းကိုသမက် ။ ထိုမှစ၍ သူတို့နှစ် ဦး ရောစပ် ခေါ်ဆိုရလျှင် သား၏ဇနီးနှင့် မိခင် ကြီးအား သမီးယောက္ခမဟုခေါ်နိုင်ရုံသာရှိပြီးသား၏ဇနီးနှင့်ဖခင်ကြီိးအားသမီးယောက္ခထီးဟုခေါ်ရတောမလိုဖြစ်နေလျှက် သမီး၏ ခင်ပွန်းနှင့် မိခင်ကြီးအား သားယောက္ခ မဟု ခေါ်ရကောင်းနိုးနိုး  သမီး၏ ခင်ပွန်းနှင့် ဖခင်ကြီးအား သားယောက္ခထီး ဟုခေါ်ရ ထိုက် သလိုလို ဖြစ်နေပြန်တော့ သည်။
မည်သို့ပင် ခေါ်ခေါ် ဆက်ဆ့ရေးအပေါ်တွင် ကြည့်လိုက် လျှင်တော့ သားကို မိခင် က ချစ်၍ သမီးကို ဖခင် က ချစ် သလို ချွေးမ နှင် ယောက္ခမ မတည့် ကျ တာများ၍ သမက်နှင့်ယောက္ခထီး အဆင် မပြေ တာချည်းသာ တွေ့ ရ တက်သည် ကိုထောက်ပါမူ လိင်တူချင်းမို့ မြင် ပြင်းကပ်နေကြ ဟန် တူပေသည် ။

ဟုတ်ပါလိမ့် မည်။ မိန်းမချင်းဆိုတော့ မဲ့ ကာရွဲ့ ကာ၊စောင်းကာ မြောင်းကာ ၊  စူကာ ဆောင့် ကာ ၊အတင်းပြောတာ ၊သက်သာ ခိုတာ ၊ငါတက်လုပ် တာ ၊သ၀န်ကြောင်တာ ၊ သြဇာပေးချင် တာ ၊ဂိုဏ်းခွဲချင်တာတို့ ဖြင့် စရ နယ်ထားသောမိန်းမစိတ်ကို မြွေမြွေ  ချင်းခြေမြင်၍ ထစ်ခနဲဆိုလျှင် သိလိုက် ကြ ၊ ရိပ်မိလိုက်ကြ ၊  ကိုယ်ချင်းစာသောကြကြောင့် ၊ နိုင်ချင်ကြက်လို ဗိုလ်လု နေကြ ခြင်းသာ ဖြစ်လေသည့် နည်းတူ  သားနှင့် ယောက္ခထီးကျလည်း ထို နည်းနှင်နှင်  ။လျင်သူချင်း ကြမ်းပိုးကျခဲ့ ၊ကလိန်ကျခဲ့ ခွက်ပုံးတုတ်ခဲ့သမျှ ၊စက်ပုံး ခုတ်ခဲ့သမျှ  ၊ ဂျင် ကျ   ၊  မြာလိုက်  ၊ ၀ါသနာစရိုက်တွေ သုံးဆယ့် ခုနှစ်မင်း ပန်းမကိုင် ပဲကျခဲ့ ကြသည်ကို အသီးသီး  နောဧက နောနေကြခြင်းကြောင့် ချီပါနှင့်  ပခန်း ညဏ်စမ်းရင်း  မျက်နှာချင်းဆိုင် နေကြပုံရလေသည်။


ထို့ကြောင့် ပွဲစားကြီးဦးရွှေလုတ်သည်  လိင်တူဖြစ်သည့် တစ်ဦးတည်းသော သမက် အသစ် စက်စက်  မောင်ဟန်လှကို မနှစ် လို မရှု့စိမ့် ဖြစ်ခဲ့ ဟန်တူသည် ။

“မင့် သမက်ကြည့်ရတာ မင့်သဘော တူလို သာနေ လိုက် ရ ။ ငါ့မျက်စိထဲတော့ ကြမ်းပိုးကျမယ့် အကောင်ပဲ ဟု ပွဲ ကတော် ဒေါ်ရွှေအိ ကိုဖိ၍ချည်းသာ  အပြစ် တင် တက် သည်။”

“တော်က ဒီလိုဦးစွန်းပက္ခ မပြောချင်ပါနဲ့တော့ ။ လူဟန်ချောတ.ယ် ၊အပြောချိုတယ် ။လူကြီးမိဘ ကိုရိုသေတယ်။ နေရာတကာမှာ ဖင်ပေါ့တယ် ၊ထထကြွကြွရှိတယ် ။ ဒါတွေတော့ တော်က မမြင်ဘူး ။”

“ဟဲ ဟဲ ဟဲ ဒါတွေက ငါက ဖြစ်သွားတဲ့ ဟာ တွေပါ ဟ မယ်အိရ ။မင်းတို့မိန်းမ တွေ က ဒါတွေ တွေ့ ရင်သဘောကျတယ်မဟုတ် လား။ဟား  ဟား ဟား အဲ့ ဒီ လို ကနွဲ့ ကလျ ပျော့ စိစိ လူမျိုးပေါ့ ။ပျော့ပျော့ နပြ နံတဲ့ ကြောင်ချေးဆို တာ ”

“နေပါ ဦး ၊တော် က ဒီ လောက် မှိုချိုး မျှစ်ချိုးပြောနေရ တာက ဘာများ သူ့ အကြောင်းမ ကောင်းတာ တွေ သိထားလို့ လဲဟင်၊ ပြောစမ်းပါ ဦး ။ တက တဲ အရပ် ထဲ က မနာလိုတဲ့ လူတွေတောင် ဒီလောက် ကျူပ် သမက် ကို  အထင် မသေးဘူး ချင့်ကြည့်စမ်းပါ ဦး။ပညာက ဘီအေရောင်းရေးဝယ်တာမလဲ ကုမ္မဏီ ကလေးသူဖွင့် လို့ ၊ပစ္စည်းဆို လည်းလေးငါး ခြောက် သိန်းခန့် လောက် ပါ လာသေးတယ် ။အဲ  ပါးရေ နပ် ရေ ရှိ တာတို့ လည်လည ၀ယ်ဝယ်ရှိ တာတို့  ကတော့ ကြီးပါမယ့် လူတစ်ယောက် ရဲ့ အရည်ချင်း မျိုးမဟုတ်လား။  ဟင်း ..ဒါတွေကို ကျူပ် က သိ လို့ ကျူပ်သမီးနဲ့ အမိ ဖမ်းလိုက် ရတာတော်ရေ့။ သိရဲ့ လား ၊သိရဲ့လား ။ ဟင် ကျူပ် က အခုမှ ဖွင့်ပြောမယ် ။ ဒါ ကျူပ်လျှင်လို့ဒီ လို သမက် မျိုးရတာ နားလည်လား။ ”

“စီးပွားရှာမယ့်  ယောက်ျားကလေးများ လည်စမ်းပါစေ တော် ၊လည်လို့ ကျူပ် ကို ရောင်းစားတောင် ကျေကျေ နပ် နပ် ခံ လိုက်ဦးမယ် ။နလပိန်းအန္ဓများတော့ ကျူပ် က ထမင်းချက် အစေခံတောင် မလိုချင် ဘူး။ ”

“အင်း  အင်း  မလည်ကြိုက်  ၊ မလည်ကြိုက်ကြီး ။တော်တော်ကြာခင်ဗျားတို့ အပေါ်မှာ လည်သွားမှာပဲ ။”

လူပါးကြီး ဦးရွှေလုတ်ကတော့ အပွေးမြင် အပင် သိ သလောက် ဒိုးဒိုးဒေါက်ဒေါက် ပြောချလိုက် လေသည် ။ ဒါကို ပဲ ၀၀ အိအိ မရွှေအိ က ကသိ ကေ အာက် ခံ လိုက် ရ လေသည်။ သို့ပေမယ့် ပြန်တော့ ပက် လိုက် ပါ သေး၏  ။
“ဘာလည်မလဲ ၊ဘာလည်မလဲ ပြောစမ်းပါ ဦး ၊ပစ္စည်းရေးမှာ လည်မလား ၊အသောက် အစားမှာလည်မလား၊ကိုယ့်သမီးကို  နှိပ် စက် ကလူပြု အောင် လည်မလား ။ဟား  ဟား မရွှေအိ တို့ က ဒါတွေ ပြေးမြင် ထားလို့ အိမ်ခွဲ မနေ ဘဲ ဥမကွဲ သိုက် မပျက် အတူနေရအောင် ခေါ်ထားတာပေါ့ ကို ရွှေလုတ်ကဲ့  ရှင်ရိပ်မိရဲ့ လား ။ ဟင်း လူလည် လူနပ် ကြီးရဲ့ ကိုယ့် အိမ် ကိုယ့် မျက်စိအောက် မှာနေ နေရတော့ ငွေဘယ်လောက် ၀င် တယ်ဆို တာ သိတယ်။ ကိုယ့် သမီးကို အရေးပေး ၊ဦးစားပေးရ မယ်။အဆွယ်အပွား သူ့ ဆွေ မျိုးသားချင်းတွေ ကို ခေါ်ထားချင် သလို ခေါ်ထားလို့ မရဘူး ။ ယုတ်စွ အဆုံးဘယ်သူနဲ့စကားပြောချင် လို့ ဘယ်လူက တွေ့ရအောင်လာတယ် ။ဘယ်အချိန်က ထွက်သွားတာ ၊ဘယ် အချိန် ပြန်လာတယ် ဆို တာမျိုးက အစ ကိုယ်သိရပြီ မဟုတ်လား ။ဟင်း ..သင်း ဒီတော့ ပွေချင်လေဦး ၊ခြေချူပ်နဲ့ ပါ လားတော်ရဲ့ ”

“အေးပါကွာ ၊မင်းတို့ အနိုင် ယူပါ  အနိုင် ယူပါ ”
“ကျူပ် က ဟုတ် တာပြောတာ အနိုင် မယူလို့ အရှုံးပေးရဦးမလား ။ ”
“အေးလေ  ၊ဒါကြောင့် အနိုင် ယူပါ လို့ ပြောပါ ကော”
“ရှင် ပြောလိုက် မှဖြင့် အထွန့်ကလေးတွေနဲ့”
“၀ါး ဟား ဟား အိပ်တောင် အိပ်ချင်လာပြီ ကွာ”
“ဒါပဲ သူ့ပြောလိုက်ရင်”
ဒေါ် ရွှေအိက သူ့တင်ပါးအိအိ ပက်ပက်ကြီးကို  တောင်ဆင်းတောင်တက် ဖြစ်သွာားအောင်  ဆောင့်ဆောင့် ကလေး  ထွက်သွားရာ  ကိုရွှေလုတ်ကတော့  ပြုံး၍သာနေလိုက်ပါတော့သည် ။ တကယ့်တကယ် ကျတော့  မိန်းမ ကျမ်းကျေသော ဦးရွှေလုတ်သည် သူ့ မိန်းမကို ဘယ်အခါမဆို နှုတ်ရေးပြိုင် အနိုင် မယူခဲ့ပေ ။
ဝါစာကမ္မံ ၊ နားအေးအောင်အလျှော့ပေး၍ ကွယ်ရာကျတော့မှ သူလုပ်ချင်သမျှ သဘောကျ လုပ်လေ့ရှိသည် ။ အဲဒါမှ နှစ်ဦးနှစ်ဖက် အနိုင်မခံ အရှုံးမပေးဆိုသော ဝါဒကို ကိုယ်စီ ကိုယ်င ပီ တိ သောမနဿ ဖြစ်ကြရသည် မဟုတ်ပါလော ။
အိမ်တွင်းတွင် မရွှေအိ သဘောကျ ပြောသမျှ ငုံ့ခံရသည်နှင့် ကာမိအောင်  အပြင်ဘက်ကျ အရက်ကလေးကို လည်းတမြမြ ၊မယားငယ်လေးတွေနဲ့ လည်း တကြွကြွ  ၊ ဒါတွေကို အိမ်က ကြက် မကြီးက မသိလုံးဝ ။
တကယ်ဆိုတော့ လည်း ယောက်ျားတွေလည်သမျှ  အိမ်တွင်းက မိန်းမ ဘယ်သိကြမတုံး ။ မိန်းမ ဟူသည် ကား အတူနေဆွေမျိုး ၊အဝေးနေ ဆွေမျိုး ပံ့ပိုးပေးနေရလျှင် ကျေနပ် နေတက်ကြသည် ။ ယောက်ျားဘက်က ဆွေ မျိုးတွေ တစ်ခါ တစ်လေလာ၍ အောက်ကျို့ပြီး အပေါင်း အသင်းခံနေရသည့် အရသာပင် အတော်ကြီး မှိုင်းမိနေတက်ကြသည် ။ ဦးရွှေလုတ် က ပါးလှပ်သော ညဏ်ဖြင့် ဤသို့ တွေးတောကာ အခွင့် အရေး အကုန်ပေးထားခဲ့သည် ။

ယခုပင် မအေပစ်သွားသော မရွှေအိ၏  တူကလေး တူမကလေး နှင့် အဒေါ်ကမွေးသည့် ညီမအထွေးကလေး ဆိုသူတို့ ကို ပင် ခေါ်ငင် ကျွေးမွေး သုတ်သင်ပေးခဲ့ သည်မှာ နှမစုံမွေး သမီးလေးဋ္ဌေးဋ္ဌေးလှ နှင့် မတိမ်းမရိမ်း ဖြစ်လာခဲ့ ပြီ ။
မိမိ နှင့် မင်္ဂလာဆောင်ပြီး၍ တစ်နှစ် မပြည့်သေးခင်
“ကိုရွှေလုတ်ကယ် ၊သင်းကလေးတွေကိုတော့ သဒ္ဓါပါနော် ။ကျူပ်ကလွဲ ပြီးအားကိုးစရာရှိတာ မဟုတ်ဘူး ။ ဒီလိုကျွေးမွေး ဆင်ပြင်ထားရင်လည်းရှင့် ဂုဏ်ပါပဲ ။ ဟုတ်ဘူးလားဟင် ။ ဟုတ်ဘုးလား ။ အရပ်ကလည်း တော့်ကို တော်တော် သဘောပြည့်ဝတယ်လို့ ကြည်ညိုကြမယ် ။ ကျူပ်ဆွေမျိုးတွေကလည်း မယ်အိ တစ်ယောက်  တယ် လင်ကံ ကောင်းသတော်လို့ ကျူပ်ကို ချီးမွမ်းကြမယ် ။ အေးလေ ၊ ဒါလဲ ရှင့်ကို ချီးမွမ်းရာ ကျတာပါပဲ ။ ဟုတ်ဘူးလား ။ ဟုတ်ဘူးလား လို့ ဟင် ။ သူကလည်းစကားဖြင့် နားမထောင်ဘူး ။ဖယ်စမ်းပါဦး ၊ ဖက်ထားလိုက်တာ တကတဲနော် ” ဟု ဓားမကြီး ပဲ့ပဲ့ကွာဆဆိုတဲ့ အချိန်ကောင်းမှ ရွေးပြီး အဆို တင်သွင်းသောကြောင့် ကန်ံကွက်စရာမရှိ  ၊ပီတိနှိင့် ခွင့်ပြုပေးခဲ့သော ကျေးဇူးကလေးမှာ  တကယ်အရေးမပါသော စကားစစ်ထိုးပွဲက လွဲလျှင်  မိမိမယား က ဝတ္တရားကျေပွန်၍ အပြုအစု အယုအယ  အိမ်ဦးကထားပြီး ဘုရားတစ်ဆူ ဂူတစ်လုံး မှတ်ထင်စေလေ၏ ။
ထို့ကြောင့် ထို့ အတွက်  ဦးရွှေလုတ်နှင့် ဒေါ်ရွှေအိတို့ တစ်သက်တွင် တစ်ယောက်ကလည်း လူပါး ၊ တစ်ယောက်ကလည်း မိန်းမပါး အဖြစ်နှင့် ကိုယ့် အထင်နှင့်ကိုယ် သာယာစိုပြည်နေကြလေသတည်း ။
သူတိုက သမီးဋ္ဌေးဋ္ဌေးလှ ကျတော့ မိခင်ကြီးလောက်လည်း မလည်  ၊ ဖခင်ကြီးလောက်လည်းမကြွား ၊ သားသားနားနာနးလှလှပပနှင့် ခေတ်ဗဟုသုတ ပြည့်ဝရုံလေးရှိသောကြောင့်  လူတိုင်းစွဲ မက်ခဲ့ကြရသည် ။ လူပျိုတိုင်း ပိုးခဲ့ကြရသည် ။
တစ်နေ့သော် ကျွန်ုပ်တို့ဇာတ်လိုက် မောင်ဟန်လှ နှင့်  ဘဝက ရေစက် ပန္နက်ဖူးသော သစ္စာ ၊မေတ္တာ ၊ ချစ်တာစုပြီး  လဟောန္တ္တုမင်္ဂလာဆောင်ကြလေသတည်း ။
မောင်ဟန်လှ အဖို့ပြောရလျှင် အသက်သုံးဆယ်ကျခါမှ လူပျိုကြီး ဘဝကို စွန့်လွှတ် လိုက်ကြသည့် ကလသားပီပီ ယခင့်ယခင် အခါများက ရည်းစားတွေ မှိုလိုပေါက်အောင် ထားခဲ့ဘူးပါသည် ။ သောက်သောက်စားစားလူမင်းသားလည်းလုပ်ခဲ့ဘူးပါသည် ။ တစ်နှစ်တစ်ခါများက ယခုယောက္ခမကြီး  သြော် ယောင်လို့ ယခုယောက္ခထီးကြီးနှင့်  မတော်ရသေးခင် အတွင်းဝန်ကလေး အိမ်တစ်အိမ်၌ အတူတူတွေ့ခဲ့ဖူးမိပါသည် ။ ယခုအခါမှ ဒါတွေတွေးပြီး မျက်နှာပူဖြစ်တော့ရာ ယောက္ခထီးကြီးကလည်း ဒါကြောင့်ပင်  သမက်ကို မကြည်ညိုဘဲ  ငါ့လိုအကောင်ပါလား တကားဟု မျက်နှာထားမချိုချဉ်အောင် ဖြစ်ရလေသည် ။
သို့သော် သို့သော် မောင်ဟန်လှမှာ အတိတ်က မောင်ဟန်လှ မဟုတ်တော့ပါ ။ ဋ္ဌေးဋ္ဌေးလှကို တကယ်ချစ်၍သာ အရကုပ်ကပ်ပိုးပြီး  ဟိုးလေးတကကျော်ကျော် လပ်ထပ်ခြင်းယူခဲ့ ခြင်းဖြစ်ပါသည် ။ တော်ရုံတတန်ရုံမျှနှင့်  တလူလူပျိုနိုင်သော လူပျိုဘဝနာမည်ကို  သင်္ဂြိုလ် လိုက်မည် မဟုတ်ပါ ။  တကယ်ချစ်၍ တကယ် ညားကြည့်ပြန်တော့ တကယ်နှစ်ကယ် ချစ်သည် ထက် ချစ်စရာတွေကို တွေ့ ကြုံရ ၊ ခံစားခံစားရပြန်လေရကား  သူမကောင်းညစ်ကျူခဲ့သမျှ ညဉ်လေးတွေကို စွန့်ပယ်ပစ်ခွာဖို့ သန္နိဋ္ဌာန် ဒုံးခနဲ ချလိုက်ပါပြီ ။
ကိုယ့်မိဘနှင့် အတူနေရပေမယ့် ဋ္ဌေးဋ္ဌေးလှ သည် မောင်ဟန်လှ ကို  အတော်ရိုသေသည် ။ အတော်အရေးပေးသည် ။ မောင်ဟန်လှ ပြောသမျှ ပြုသမျှ အကောင်းချည်းဟုသာ ယူဆထားသည် ။ လင်ခံတွင်းတွေ့တာလေးတွေကိုမှ  တပင်တပန်းခံ ကိုယ်တိုင်ကိုယ်ကျ ချက်ကျွေးသည် ။
“ဋ္ဌေးရယ် မောင် ညောင်းလိုက်တာ” ဟုမပြောရသေးခင်
“ကိုလှ ဋ္ဌေးတစ်ချက်လောက် တက်နင်းပေးစမ်းမယ် ၊နှိပ်ပေးချင်တာ လက် မသန်လို့ အကြောထိမှာ မဟုတ်ဘူး။ ” ဟု မောင်ဟန်လှက ငြင်းနေသည့် အတောအတွင်း နင်း ဖြစ်အောင် နင်းပေးလိုက်တက်သေးသည်။
“ကိုလှ ထမင်း စားကြစို့ ဖေဖေ ထမင်းစားကြမယ် ” ဟု လင်ကို မိဘထက်  အမှတ်တမဲ့ ဦးစားပေးမိသောကြောင့် ကိုယ့်လိပ်ပြာမလုံအောင် ကြောင်တောင်တောင် ကလေးများဖြစ်သွားရသည်ကို မောင်ဟန်လှကတော့ ချက်ဆို နားခွက်က မီးတောက်တက်သော လူလည်ပီပီ သနားတောင်သနားမိပါသေးသည် ။  သို့ကလို မိမိမယား အသစ်စက်စက်ကလေးကို သနားလိုက်မိသည် သာမက
“ငါ့သမီးများ ဒီကောင့် များ အရေးလုပ် လိုက်ရတာ လွန်လို့  ”ဟု ပြောလိုက်ချင်သလို နှုတ်ခမ်းမွှေးကြီးပွစိစိ ကိုလည်းရိပ်မိလိုက်ပါသေးသည် ။
 “မောင် မောင်လုပ်ချင်တာ ဖြစ်ချင်တာမှန်သမျှ   ဋ္ဌေးကိုသာပြောပြနော် ၊ ဋ္ဌေးက ကိုယ့်မိဘနဲ့နေရတာမို့ မောင်ဘယ်တစ်ချက်မှ မျက်နှာမငယ်စေချင်ဘူး ။ ဘုရားစူး ဋ္ဌေးတကယ်ပြောတာ ရယ်မနေနဲ့ သိလား ။ ဟင်း မောင် စိတ်ကျဥ်းကျပ်တယ် ။ အချူပ် အချယ် ရှိတယ်ထင်ရင်လဲ ဖွင့်သာပြောနော် ။ ဋ္ဌေးစိတ်ကျပ်နပ်အောင်ဆိုပြီး စိတ်ထဲအောင့်မထားနဲ့ ။ မောင့်နောက်ကို လိုက်ဖို့ စိတ်ထဲအမြဲထားတယ်  ။  မိဘနဲ့ သားသမီးဆိုတာ ဘယ်တော့မှလည်း မပျက်နိုင်ဘူး ၊ဘယ်တော့မှလည်း  မမုန်းနိုင်ဘူး ။ ဝေးဝေးနီးနီးဘယ်နေရာနေရနေရလည်းဖြစ်တယ် ။ အယ်  လင်နဲ့ မယားသာ ချစ်သော်သက်နှုန်း ၊ မုန်းသော်ရန်သူ  လောလောလတ်လတ်က ဖြစ်သွားနိုင်တာကုငိ ဋ္ဌေး အမြဲ သတိထားတယ် ။ ဒါကြောင့် မောင့် အမုန်းကိုဘယ်တော့မှ  မခံရပါစေနဲ့လို့ အမြဲဆုတောင်းတယ် အမြဲလည်းကြိုးစားမယ် ။ အဲ ဋ္ဌေးက မောင့် မုန်းဖို့ဆိုတာများတော့လား ဘုရားမှာ သစ္စာ ပြုဝံ့တယ်မောင် ၊ မောင်မယုံလည်း နေတော့ ။”
ဤလိုစကားကလေးမျိုးနားဝမှာ သကာလောင်းလိုက်သောအခါ မောင်ဟန်လှသည် ယုယုယယလေး နဖူးကို နမ်းလိုက်မိတော့သည် ။  ကတယ်ပတိ ရိုးသားလိမ္မာ ချစ်ရှာသောမယား ။ အို  မယားကံ ကောင်းလေစွာတကား။
မာနချင်း ပြိုင်ရလျှင် သူ့မိဘတွေက မောင်ဟန်လှ ထက် ချမ်းသာသည် ။ချမ်းသာသည်နှင့်အမျှ ဂုဏ်ပကာသနတွေ ဝိုင်းဝိုင်းလည်နေသည့် ပွဲစားကြီး ဦးရွှေလုတ်နှင့် ဒေးရွှေအိတို့က လက်ကို ကိုင်၍ ထိုင်နေသော  သတို့သား  သတို့သမီးတို့ကို လက်ထပ်ပေးရုံကလေးနှင့် သတင်းစာအသီးသီးတို့တွင် အထုကျေးဇူးတင်ကြောင်း အရေးတကြီး မင်္ဂလာသတင်းတွေတွင် ပါနေကျ ဖြစ်သည် ။ ယုတ်စွအဆုံး ပွဲ ထိုင်သွားတာက အစ ကြွရောက်သူ ကျေးဇူးတင်ရသူ အမည်စာရင်းမှာ ထင်းထင်းကြီးပါလာတက်သညိ ။  မိဘသာမက ဋ္ဌေးဋ္ဌေးလှဆိုလျှင်လည်း အများကတာ ရွှေလိုဥတော့မတက် အရေးပေးကြရသည် ။ သို့ တိုင်အောင် လင်ကျတော့ တကယ် နိဝတနှင့်အောက်ကျခံ၍ ချစ်စရာကောင်းလောက်အောင် ပြောတက် ပြုစုတက်ပါပေသည် ။
မောင်ဟန်လှသည် ယခုမှ သူလည်သမျှ နောင်တရမိသည် ။ အသက်သုံးဆယ်မတိုင်မီ ခင်ခင် ၊ စိန်စိန် ၊ မာဂရက် ၊မကျင်လွမ် ၊ အမီနာ တို့နှင့်ပွေခဲ့ သမျှ ရက်တွေကိုနှမြောတသမိသည် ။ ဤကြားထဲ ဋ္ဌေးဋ္ဌေးလှက တစ်နေ့တစ်ခြားလိမ္မာရလာလေလေ  ကိုယ့် အပြစ်တွေကို မြင်လာလေဖြစ်တော့သည် ။
ယခုလည်း သူ့မှာ ဖျက်၍ မရသည့် အပြစ်ကြီးတစ်ခှုရှိနေသေးသည် ။ ဤအပြစ်မှာ အဘယ်ထိ လူကိုပူးကပ် နှောင့်ယှက် လေဦးမယ်မသိ ၊ခွာချ၍ မရသော အပြစ်ကြီးတစ်ခုရှိသေးသည် ။
ကိုယ်ချင်းသာ စာပြောရလျှင် အပြစ်ကင်းသူကို ကိုယ်က အပြစ်ကင်းချင်ယောင် ဆောင်၍ တစ်ဖက်စီးနင်းလိမ်ညာ မနေချင် တော့အောင် ဖြစ်လာသည။် ထို့ကြောင့် မိမိအပြစ်ကို ဖြောင့်ချက်ပေးကာ ဝန်ခံ၍ ချစ်သူထံ အသနားခံချင်လာတော့သည်။ သို့ပေမယ့် သူကြောက် တာ တစ်ခုကလည်းရှိသေးသည် ။ မိန်းမသည် အူတိုမျိုး မဟုတ် ပါလော ။ သူဖွင့် သော အပြစ်အတွက် မုန်းရုံ ငိုရုံနှင့် အပြီးမသတ်ဘဲ အပြီးအပြတ်ရှောင်ကွင်းသွားမှာတော့ သူစိုးသေးတယ် ။ အရိုးသားဆုံး ဝန်ခံရလျှင်  ချစ်မိသောအချစ်က  များစွာသော မိန်းမတွေကို ကိုယ်ကစွန့်ပစ်ခဲ့ သလို  ဋ္ဌေးဋ္ဌေးလှ ကိုကျတော့  သူက စွန့်ပစ်သွားမှာ ကိုပင် တွေး၍ ကြောင့်ကြမိပါသည် ။
“အိုလေ ထိုင်နေ အကောင်းသား ၊ ထသွားမှကျိုးမှန်းသိ ဖြစ်ကုန်ပါဦးမယ် ။ ဗိုလ်နေမြဲ ကျားနမြဲ  ကောင်းပါတယ် ဟုတွေးသည့် အခါတွေးမိပြီး  အမှန်တမဲ့ နေသည့်ကြားက တစ်ခါတစ်လေကြတော့လည်း
ငါ မတရားဘူး  ၊ ငါ ဘီလူးက  လူယောင်ဆောင် တဲ့ သီလကြောင်ကြီးဖြစ်နေပြီ ။ ငါဟာ တစ်သက်လုံးမပေးတော့ ဘူးလား ။ လှည့်စားထားနေရာတော့ ရောက်နေတာပဲ။ အစြမဲ့တဲ့ လူအပေါ်မှာ နိုင်လိုမင်းထက် နှိပ်စက်နေတာနဲ့ အတူတူပဲ ။ ငါ ဖွင့်ပြော လိုက်မယ် ။ သူကခွင့်လွှတ်ချင် ခွင့်လွှတ် ၊မလွှတ်ချင် လုပ်သမျှခံ ။ ဒါက သူ့ဘက် က ဝတ္တရား ၊ငါက ရိုးသားသူကို ရိုးသားစွာ ဝန်ခံပြီးပေါင်းရမှာက  ငါ့ ဝတ္တရား သူလည်းသဘောထား အကြီးသားပဲ  ’’စသည် ဖြင့်တွေးမိတော့လည်း ယောက်ျား ကောင်းတစ်ယောက်လို ရဲစိတ် ရဲမာန်တွေ တဖွားဖွားပေါ်လာသောကြောင့် အုံးအိပ်ရာ ယှဉ်တွဲပြီး  အခန်းထဲရောက်နေကြသည့်အခါ
“ဋ္ဌေး ၊ဋ္ဌေး ”ဟု နှစ်ခွန်းဆင့် ခေါ်လိုက်မိသည်နှင့် တစ်ပြိုင်နက်
“မောင် ဘာပြောချင်သလဲ ပြောလေ  ဋ္ဌေး မအိပ်သေးပါဘူး ဟု သွက်သွက်လက်လက် ထုူးပြောပြော ပြောလိုက်တော ”့
“သြော် မနက်ဖြန် မောင် အလုပ်သွားရင်   ”
“ဟုတ်ကဲ့”
“သြော်”
 “ပြောလေ ၊ပြောပါ မောင်ရဲ့  ဘာလုပ်ပေးရမှာလ”ဲ
“ဟို’’
“အင်းလေ ဘာကိုသတိပေးရမှာလဲ”
“ဟုတ်ပါဘုး ၊ဋ္ဌေးလိုချင်တဲ့ ပစ္စည်းတွေ စာရင်လုပ်ပေးလိုက်ပါ လို့ ပြောမလို့”
‘’သြော်..မောင်ကလည်း ဒါများအရေးတကြီး လုပ်လို့”
 ဋ္ဌေးဋ္ဌေးလှ သည် ဒီ လို သာ ပြန်ပြောလိုက်ရသော်လည်း အကြောင်းမမှန်ကြောင်းရိပ်မိသလို  နှင့် ခပ်ကြောင်ကြောင်လေး ကြည့်နေရရှာတောာ့ သည် ။ သူမသင်္ကာခြင်းမှာ ရန်ရှာလို၍ မဟုတ် ။ ပြောချင်တာပြောမပြ၍  အားမလိုအားမရ ရှိရပုံကလေးသာ ဖြစ်သောကြောင့် မောင်ဟန်လှမှာ ငါစမိတာ သနားစရာတောင် ကောင်းနေပြန်ပြီဟု ဆုံးဖြတ်မိလေ၏ ။ သို့နှင့် ဝိတက် ၀ိစာရမှာ  နေ့ပေါင်းများစွာကြာလာသလောက် မောင်ဟန်လှကို  ညဉ်းဆဲနေတော့ သကဲ့သို့ မကြာမကြာငိုင်၍ တွေးတွေး၍ငေးနေမိသည် ။အ လုပ်ထဲတွင်လည်း ဤစိတ် ၊အစားထဲတွင်လည်းဤစိတ် ၊ တအုံတနေါးနွေး ဖြစ်လွန်းမက ဖြစ်လာသောအခါ စိတ်ထောင်း၍ ကိုယ်ကြေရှာတော့သည် ။
“မောင် ဋ္ဌေးကို တစ်ခုခုတော့ ပြောချင်နေတာ ဋ္ဌေးသိတယ် ၊ပြောစရာရှိတာပြောစမ်းပါလား မောင်ရယ် ၊ကိုယ့် လင် နဲ့ မယားပဲ ၊မောင့်စကားကို ဘယ်တုန်းက ဋ္ဌေး ပယ်ဖူးခဲ့လို့လဲ ပြောစမ်း ၊မေမေတို့ နဲက အိမ်ခွဲနေချင်သလား ”
“ဟုတ်ပါဘု ဋ္ဌေး ရာ ”
“အင်း ဒါဖြင့် ငွေ ရေးကြေးရေး ”
“အို ဋ္ဌေး ကလည်း မဟုတ်တာကွာ ဘာမှ ပြောစရာမရှိပါဘူး ”
“အိုလေ ဋ္ဌေး ရိပ်မိပါတယ် ၊ဧကန္တ တော့ ၊ဧကန္တ ပဲ ။ မောင့် ဝမ်းထဲမှာ အဆောက် အအုံကြီးဖြစ်နေတာ ။ ခုတစ်လော မောင်ရုပ်ကို ကြည့်ရတာ ဋ္ဌေး သနားလှပြီ ။ ပြောစမ်းပါ မောင်ရယ် ပြောစမ်းပါ ။ မယား ကြားစမ်းပါရစေ ။နေပါဦး ၊ဋ္ဌေး အပေါ်များ မကျေနပ်စရာ အပြစ်တွေ့နေလို့လား ဒီလိုဆိုလဲ ဋ္ဌေး  ပြုပြင်မပေါ့ ။”
“အမယ်လေး ဋ္ဌေးရာ အပြစ်တွေ့ခြငိးတွေ့ရင် ဋ္ဌေး အပေါ်များ အပြစ်တွေ့ရမှာလား တွေ့ခြင်းတွေ့ရင် ”
“အင်း တွေ့ခြင်းတွေ့ ရင်ေ မာင့် အပေါ်မှာ  ဋ္ဌေးက တွေ့နေတယ်  ၊တွေ့ထားတယ်လို့ များ ထင်နေလို့   လားဟင် ၊အဝေးကြီး တွေ့စရာမပြောနဲ့ တွေးတောင် မကြည့်မိဘူး ။”
“သြော် မိန်းမ မိန်းမ”
“ဟာဟ ဒါဖြင့် မောင့်ကို ဋ္ဌေး တစ်ခုမေးလိုက်မယ် ။ ဖြေမလား”
“ဖြေပါ့မယ်ဗျာ ၊ဖြေပါ့မယ် ”
“မေးသာမေးရတယ် ၊ဋ္ဌေးမယုံဘူးနော် ၊ဘယ်တော့မှ မယုံဘူး။ မောင် မယားငယ် လိုချင် လို့လား ။ယူထားမိလဲ ဋ္ဌေးကတော့ ခွင့်လွှတ် မှာပဲ ။”
“အို ဋ္ဌေး  ဋ္ဌေး”
“နေပါဦး ဋ္ဌေး ဆက်ပြောပါရစေဦး ၊ပါးစပ်ကို လိုက်မပိတ်ပါနဲ့ ။အဲ အဲ ခွင့်လွှတ် မှာဆိုတာက မောင်စိတ်ချမ်းသာအောင် ဟန်ဆောင်ပြီး အသားယူပြောနေတယ် မထင်နဲ့ ။ နောက်ပြီးခွင့် လွှတ်နိုင်အောင်  မောင့်ကို ဥပက္ခာပြု ဖို့ လို့ လဲ မထင်နဲ့၊တကယ်ပြောရရင်လေ ၊ ယူထားတောင် မောင် အပျော်မယားပဲ ဖြစ်လိမ့်မယ် ။ တကယ်ချစ်တာကတော့ ဋ္ဌေး ကိုမှ ဋ္ဌေး တစ်ယောက်ထဲ ဆိုတာ ဋ္ဌေးသိထားသမှ  အသည်းအောက်မှ ကျောက်ကပ်မှာ စူးနေတာမို့  သိတယ်သိတယ် ။ကဲ ဒါကြောင့် ​ဝမ်းမနည်းဘူး မောင် ပျော်သလိုသာနေ  ပြီးရော ။”
မောင် ဟန်လှ မှာ ဒီစကားလောက် မျက်ရည် မဝဲဘဲ တင်းမခံနိုင်တော့ပေ ။ မျက်ရည်မှာ ပတ်ချွဲနှပ်ချွဲ မယား၏ စိတ်ကို ဆွဲယူသော အရေးပေါ် လိုက်ကိုင်တုတ် မျက်ရည်မဟုတ် ။ တစ်ဖက်သားကကောင်းပြလေ  ကိုယ်က ကိုယ့်ကိုယ် ကို ဆုံးမပြချင်လေသော ရင်ထုမနာ မျက်ရည်အစစ်ဖြစ်ကြောင်း ဒီတစ်ခါမှ မောင်ဟန်လှ သတိရမိပါသည် ။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသော လက်ကိုင်တုတ် မျက်ရည်များဖြင့် မိန်းကလေးများအား လှည့်စားသုံးစွဲ ခဲ့ပြီးသည့်နောက်  ဤမျက်ရည်များကား ဝဋ်လည်သော မျက်ရည်များပင် ဖြစ်တော့သည် ။
မောင်ဟန်လှ တိထားမိသော အခါ မိမိသာမက ဋ္ဌေးဋ္ဌေးပါ ဘုမသိ ဘမသိနှင့် မျက်ရည်ကလေး ဝေ့လည်လည် ဖြစ်နေရှာပါပြီ ။ နောက်ဆုံးကျတော့ မောင်ဟန်လှ စိတ်ကို ဆုံးဖြတ်လိုက်ပါပြီ ။ ချောင်းတစ်ချက် ဟန့်၍ သူ့ ကိုယ်သူ မာန်ထောင်လိုက်သည် ။ ပြီးတော့ သူ့စကားကို လက်ခံ အပြစ်လွတ်အောင် သိုင်းသိုင်းဝိုင်းဝိုင်းနှင့် ဟန်ဆောင် မှု့ကလေးပါ ထည့်၍ဆင်လိုက်သည် ။
“ကဲ ဋ္ဌေး မောင်ဖွင့်ပြောမယ် ”
မောင်ဟန်လှ က အရေးကြုံလျှင်သုံးရအောင် ယခင်က လူလည် စိတ်ကလေးပါ စေတနာအရင်းမှာညှပ်၍ ပါးစပ်ရာဇဝင်ခင်းပါတော့မည် ။
“ပြောပါ မောင် ဋ္ဌေး နားထောင်နေပါတယ်”
ကျယ်​ဝန်းသောအခန်းထဲတွင်  မိမိတို့ လင်မယားမှ လွဲ၍ မည်သူမျှ မရှိ ။
အိမ်ကြီး တစ်ခုလုံး ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်၍ ယောက္ခမ ၊ယေက္ခထီး ကြီးတို့ ပင် အိပ်ပျော်နေကြဟန် တူသည် ။မိမိစကားကိုကြားက ကြားမည့်သူအတွက် တဆိတ် တစ်ပေါက်မှ စိတ်ထောင့်စရာမရှိ ။နှစ်ကိုယ်ကြား နှစ်နားဆင်ပါတော့မည် ။
“ပြောလေကွယ် မောင်ကလဲ ဋ္ဌေး ငိုချင်လာပြီ ၊ဘာအပြစ်ကြီးဖြစ်ဖြစ် ခွင့်လွှတ်မယ်လို့ဆိုထားပကော ’’
“ဋ္ဌေး ကို မောင်ချစ်တာယုံရဲ့လား ’’
“အို ဒါတွေ မဟုတ်ဘူး ။ဋ္ဌေး ကြားချင်တာ”
“မဟုတ်ပါဘုး ဒါကစရမယ် ဋ္ဌေးရဲ့”
“ယုံသမှ အကြွင်းမရှိ ၊ ကဲ”
“အဲသလို ချစ်နေလို့ မောင်မှားခဲ့သမျှ  ဝန်ချချင်တယ် ”
“ကဲ ချ ချ ”
“မောင်မျိုသိပ်ထားသမျှ တစ်ဖက်စီးနင်းကျနေတယ်လို့ ထင်ထားတယ် ။”
“ဒါကြောင့် လင်နဲ့ မယား ၊တကယ်သစ္စာရှိသော လင်နဲ့မယားအဖြစ် နဲ့ ချွင်းချက်မရှိ ၊တစ်ယောက်ရဲ့မှားယွင်းမှု့ကို တစ်ယောက် သိထားစေချင်တယ် ။ ခွင့်လွှတ်ဖို့ ၊မလွှတ်ဖို့ မောင် တောင်းပန်နေတာ မဟုတ်ဘူး ။ နောက်ပြီး မောင် သစ္စာပြုချင်တာက  ဋ္ဌေး နဲ့ ငြားပြီးမှ ဘယ်မိန်းမဖြစ်ဖြစ် မောင် မပြစ်မှားခဲ့ဘူး ။ နောက်လည်း ပြစ်မှားမိမယ် မဟုတ်တော့ဘူး  ။ဘာဖြစ်လို့လဲဆိုတော့ တကယ့်မယားကို မောင်တွေ့ထားပြီ ။”
“ပြောပါ မောင်ရယ် မယားကို သိဒ္ဓိတင် မနေပါနဲ့တော့ ”
“ကဲ အကြောင်းက ဒီလို ဋ္ဌေး ရယ်  မောင်လေ မောင် ဋ္ဌေး နဲ့ မတွေ့ခင်က မြဆိုတဲ့  မိန်းကလေးနဲ့ ချစ်ကြိုက်မိဘူးတယ် ။”
“ဒါများ အဆန်းလုပ်လို့ မောင်ကလဲ ”
“နေဦး ဋ္ဌေး နေဦး ။အဲသည်လို ကြိုက်မိတာ သားယောက်ျားလေး တစ်ယောက်ရတယ် ။ မိန်းကလေး က ဆင်းရဲတယ် ။ တစ်ကောင်ကြွက် တစ်မျက်နှာ ဆိုပါတော့ ။  အဲဒါ ကလေးလည်းရပြီးရော သေသွားရှာတယ် ။ ဒီတော့ မောင့် မှာ အဲ့ဒီ ကလေးကိုတာဝန်ယူရပြီး မောင့် အဒေါ်ကိုပေးထားရတယ် ။ခုဆိုရင် ငါးနှစ်သားလောက်ရှိပြီ ။ စကားကလေး တီတီတာတာနဲ့ ချစ်စရာကောင်းတဲ့ အရွယ်ပေါ့ ဋ္ဌေးရယ် ။ တကယ်ဆိုတော့ သားသမီး သံယောဇဉ်ဆိုတာ တကယ်ကြီးတာလား ဋ္ဌေးရဲ့ ။ နောက်ပြီး ဖအေ တစ်ယောက် အနေနဲ့တာဝန်မကျေတာကိုလဲ ကိုယ့်ကိုယ်ကို တွေးတိုင်းရှက်နေမိတယ် ။ ဒေါ်ဒေါ်ကလည်း သိပ်ပြီးတောင့်တင်းရှာတာ မဟုတ်တော့ သူ့ခမျာ မိတဆိုးကလေး  မျက်စိသူငယ် နားသူငယ်နဲ့ နောက်ကို လုတစ်လုံး သူတစ်လုံးဖြစ်ဖို့အရေးတောင် ဂုဏ်မရှိ ၊မျက်နှာမရှိ ဖြစ်သွားမှာ စိုးရိမ်နေမိတယ် ။ ဒါလည်း တစ်ကြောင်းပေါ့ကွယ် ။ အို ဋ္ဌေး ဋ္ဌေး ဘာဖြစ်လို့ ငိုရတာလဲကွယ် ။မောင့်ကို ခွင့်မလွှတ်နိုင်လို့လား ။ မောင့်စကားကြားရတာ ဝမ်းနည်းလို့လား ။”
ဤအထိ ရောက်လာတော့ မောင်ဟန်လှမှာ ကိုယ့်လိုဘ ပြည့်တော့မည်ဟု ကြမ်းပိုးညဉ်ကလေးဝင်ကာ ဝမ်းမြောက်လာမိတော့သည် ။
“ပြောပါ မောင်ရယ် ဆက်သာ ပြောပါ ။အဲဒါ မောင်ဘယ်လို စီမံချင်လို့လဲ ၊ဋ္ဌေးကို ပြန်မေးမနေပါနဲ့ ” ဟုမျက်ရည်သုတ်၍ ရှိုက်သံနှင့်ပြောရှာသည် ။
မောင်ဟန်လှ သည် သူ့မယားကို ဝမ်းသာဝမ်းသာကြည့်မိရင်းက
“အဲဒါ မောင် နောက်ပိုင်း မရှင်းခဲ့တာကို ဋ္ဌေး မျက်မှောက်မှာ ဝန်ခံပြီးတော့ မောင့်သားကလေးလဲ ချမ်းချမ်းသာသာ မောင့် မျက်စိအောက် နားအောက်မှာနေရအောင်  မောင့်တူကလေး အဖြစ်နဲ့ ခေါ်ထားချင်တာပါပဲ ဋ္ဌေး ရာ ၊ ဋ္ဌေး ခွင့်ပြုမယ်ဆိုရင်လေ ၊ကလေးကတော့ မောင့်ကို ဖအေမှန်းတောင် မသိရှာပါဘူး ။ သိပ်ကံဆိုးတဲ့ ကလေးပါကွာ ”
မောင်ဟန်လှ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဋ္ဌေးဋ္ဌေးလှသည် ငိုကြီးချက်မနှင့် ပွင့်ပွင့်လင်းလင်း ငိုချလိုက်ပေ၏ ။  ထိုတွင် မောင်ဟန်လှမှာ ထိတ်ထိတ်ပျာပျာပင် ဖြစ်သွားမိတော့သည် ။
“ဋ္ဌေး ဋ္ဌေး ခမည်းတော် ကြီးတွေ ကြားကုန်ပါလိမ့်မယ်ကွယ် ။နောက်ဆုံး ဋ္ဌေး သဘောအတိုင်း
 ဖြစ်ပါစေ့မယ် တိတ် တိတ်”
မဟုတ်ပါဘူး မောင်  ၊မောင့်ကို သနားလွန်းလို့ ။ ဤစကားကြား၍ ဝမ်းပန်းတသာ ဖြစ်လိုက်ရသည်မှ အရှိန်မရသေးခင် 
“မောင် လေ မောင် ဋ္ဌေး  အဖြစ်နဲ့ တူလွန်းလို့ သိလားဟင်”
“ဘာ  ဘာ ဘယ့်နှယ်  ဋ္ဌေး ”
“မောင့်ကိုလဲ ဖွင့်ပြောမလို့ဟာ တစ်နေ့ တစ်နေ့နဲ့ ဟီး ဟီး မောင်နဲ့ ကံတူ အကျိုးပါပဲ မောင်ရယ် ။ဋ္ဌေး မှာလဲလေ မေမေကြောင့် အထက်တန်းကို လှမ်းမိပါတယ် ။ ကျောရအောင် ကြံသွားလို့  သမီးကလေး တစ်ယောက်ကို ဖေဖေ မသိအောင်  စစ်ကိုင်း သွားမွေးထားရ တယ် မောင်ရယ် ။”
“ဟောဗျာ “
“အခု ဆိုရင်  သုံးနှစ် သမီးလောက်ရှိပြီ ။ ဟိုလူ ယုတ်မာကိုလေ မောင်  ခြေဖျားလောက်မှ မချစ်ပါဘူး ။ ဘုရားကြီး စူးပါရစေရဲ့ ။ အိမ်တွင်းဖခင်ကြီးကို သက်သေထူဝံ့ပါတယ် ။ ဒါပေမယ့် ဋ္ဌေး သမီးလေးကတော့ သိပ်သနားတာပဲ မောင်ရယ် ။ “
“ အ မယ်လေးဗျာ “
“အဲဒါ မောင်ပြော မှ ဋ္ဌေး လဲ  အကြံရတာပဲ ။  မောင့်ကို ခွင့်လွှတ်သလို ဋ္ဌေးကိုလဲ ခွင့်လွှတ်မယ်ဆိုရင် ဖြင့်လေ  ဖေဖေ မသိအောင် ခေါ် မွေးစားချင်တာပါပဲ ။  နောင် ကြီးတော့  မောင့်သားကလေးနဲ့ ပေးစားကြတာပေါ့ နော်။ အမယ်လေး သမီးရဲ့ ဟီး  ဟီး  ဟီး ”
ယနေ့ အထိ အပျိုအစစ်ဟုထင်လာသမျှ လူငယ်မောင်ဟန်လှ မှာ
“ကိုယ်ကျိုးကြီး နဲကုန်ပါပြီဗျို့” ဟုယောင် ၍ အော်မိက အခန်းတွင်းမှ တဒုန်းဒုန်း တဒိုင်းဒိုင်းနေအောင် ထွက်ပြေးမိလေ၏ ။
“ဟဲ့ ဟဲ့ ဘာဖြစ်ကြတာတုန်း ။မရွှေအိ ၊ မရွှေအိ ထစမ်းပါဦး ။မင့်သမီး နဲ့ မင့် သမက် အသံပါလား ။ဟော ဒါ မင့်သမီး ငိုသံထင်တယ်” ဟု ဦးရွှေလုတ်က ငုတ်တုတ်ထိုင်ရင်း နှိုးလွှတ်သောအခါ   ဒေါ်ရွှေအိ ​​ ဝဝဖိုင့်ဖိုင့်ကြီးမှာ ကပိုကရို မနိုင့် တနိုင် ဇာဘော်လီ အကျွတ်ကျွတ်နှင့် ထ၍  တော် မလိုက်ခဲ့ နဲ့ တော်မလိုက်ခဲ့နဲ့ ယောကျာ်းခြင်းလက်လွန်ကုန်မယ် ဟုပြောပြော ဆိုဆို ပြေးလာတော့သည် ။
“အင်း ဘာတွေ ဖြစ်ကြတာလဲ မသိဘူး ။သင်းတို့ သားအမိ မိန်းမချင်း ပွင့်ပွင့် လင်းလင်း  အမှု့ဖွင့်ပါစေတော့ ။ ဖအေ နဲ့ သမီး မကြားဝံ့ မနာသာ ငါပါမသွားတာကောင်းပါတယ် ”ဟု စိတ်ထဲက ရေရွတ်ရင်း ဦးရွှေလုတ်သည် ငုတ်တုတ်က ပြန်မလှဲသေးဘဲ အားခဲ ၍စောင့်နေသော်လည်း တစ်အောင့်နှင့် ပြန်မလာ ။ တော်တော် နှင့် ပြန်မရောက် ။သူတို့အခန်းဆီကသာ သမီးက ကျိတ်ရှိုက်၍ မအေ ကြီးက တွတ်တွတ် ထိုးနေသည် ကိုသာ  ခပ်တိုးတိုး ခပ်သဲ့သဲ့ ကြားနေရလေသည် ။
“ဘာပဲဖြစ်ဖြစ် လင်နဲ့မယားပဲ မိရွှေအိ ကြားသမျှကိုတော့  ငါ့နားရောက်လာမှာပဲ ”ဟု စိတ် ထဲက တင်းထားသော်လည်း အကင်းပါးလှသော ဦးရွှေလုတ်သည် မိမိအပေါ် အုပ်တန်တာအုပ်၍ မဟုတ်တရုတ် လီ ဆယ်ပြောမှာကိုတော့ လူလည်ပီပီ  ခံပြင်းပါသေးသည် ။   ထို့ကြောင့် ရွပ်ရွပ် ချွံချွံ ခြေဖျားထောက်င၍ သွားရောက်နားထောင် လိုက်ခါမှ
“အံ့ပါတော် အံ့ပါ့ ၊ငါ့သမီး နှယ်   မိုက်လုံးကြီးလိုက်တာ မသကာဆို သူပြောသမျှ ကိုယ်ကသာ နားထောင်ပြီး အသာယူထား ပါတော့လား ။နောက်မှ ရောက်ရားပေါ့ ။ ခုတော့ တကဲတဲ သူ့အားကျပြီး ညည်းက ဖအေ မသိအောင် စစ်ကိုင်းသွားမွေးထားတဲ့ ကလေးအကြောင်း ထည့်ပြောလိုက်ရသေး ။ငါ့ နှယ် သေသာသေလိုက်ချင်တော့တာပါပဲ ။ညည်းမှာ ညည်းလင်မသိအောင် ကိုယ်မွေးခဲ့တဲ့ ကလေးတစ်ယောက်သာရှိသေးတာ  ။ ဒါကို လုံအောင်မဖုံးနိုင်ဘူး ။ ငါ့ကြည့်  ငါ့ကြည့် ၊ ကလေးသုံးယောက်မွေးထားတာ ညည်းအဖေ  ကနေ့ထက်ထိ သိလို့လား ဟင်း ။ တူ ၊တူမ ၊ ညီမကလေးပါဆိုပြီး ကိုယ်မျက်စိအောက် နားအောက် ခေါ်ထားလို့  ညည်းနဲ့ပဲ အပြိုင်းအရိုင်း ဖြစ်ကုန်ကြပြီ ။ ”
ဤအကြိမ် အိမ်ကြီးပေါ်မှ ဝုန်းဝုန်းဒိုင်းဒိုင်းနေအောင် ဆင်းပြေးရရှာသူကား  မောင်ဟန်လှ ၏ယောက္ခထီးကြီး ဦးရွှေလုတ်ကြီးသာ ဖြစ်ပါတော့သည် ။
ကျယ်ဝန်းသောအိမ်ရှေ့ပန်းခြံထဲတွင် မောင်ဟန်လှမှာတော့ ကြိတ်ခဲမရ ဒေါအပွကြီးပွတိုင်း
“နွားကျတဲ့ ငဟန်လှ ရဲ့ နင့်ဘ​ဝ ဒါနဲ့ ပဲတန်တယ် ။ စားလိုက်စမ်းဟ ၊ဝါးလိုက်စမ်းဟ ဟု ကိုယ့်ကိုယ်ကို နွားဇာတ်သွင်းကာ မြက်ပင်တွေကို တဗျင်းဗျင်း နှုတ်၍ တပြုတ်ပြုတ်ဝါးစားနေသော နံဘေးသို့ ဦးရွှေလုတ်ကိုယ်တိုင် ကရုဏာကြီးစွာ ဖြင့်  ဘယ်အချိန် ဘယ်ကာလက ရောက်လာသည်မသိ ။ ”
“ဟန်လှရာ မင်းကမှ တော်သေး ။ ငါမှ သင်းပစ်ဖို့သာ ကောင်းတော့တဲ့ နွားအိုကြီးပါပဲဟ ဟု သူခံရသမျှ ဖောက်သည်ချပြီးသည့်အဆုံး၌ကား  သားယောက္ခထီးတို့ တစ်ဦကို တစ်ဦးဖက်ကာ  ကြင်ကြင်နာနာကြီး ငိုကြွေးရှာလေသတည်း ။ ”
                              
                              *                        *                       *








Blogged with the Flock Browser