Saturday, March 16, 2013

ဝိညာဉ် ၊လိပ်ပြာ ဟူသော အယူမှား

မနှစ်က တောရ ကျောင်းလေးတွင် တရားစခန်းဝင်တုန်းက တရားထိုင်၍ သမာဓိကောင်းစဉ် ပြိတ္တာ များ ကို အာရုံထဲ တွင် မြင်ခဲ့ ရ ၊ကြုံ တွေ့ ခဲ့ ရ ပါသည် ။အဆိုပါ ပြိတ္တာ များသည် လည်း ထို တရားစခန်းတွင် တကယ်ရှိကြောင်း ကျောင်းတွင် ရှိသော ရဟန်းတစ်ပါးပြော၍ သိခဲ့ ရပါ သည် ။ ပြိတ္တာ တို့ ၏ ပုံ ပန်းသဏ္ဍာန်မှာ အချို့ မှာ ရုပ်ပျက် ဆင်း ပျက် ကြောက် စရာ ပုံပန်း သဏ္ဍာန် များ ဖြစ် သည်။ အချို့ မှာ လည်း ပုံ မှန် လူ တစ်ယောက် ကဲ့ သို့ ပင် ။သူတို့ ၏ ဆင်းရဲလှသော ပြိတ္တာ ဘဝမှ လွတ် မြောက် လိုသော ကြောင့် သီ လ ၊သမာဓိ ပြည့်စုံ သူများထံ မှ အမျှ ပေးဝေ သည် ကို လို ချင် ကြသဖြင့်  အကူအညီ တောင်းခြင်းဖြစ်ပေသည် ။အင်မတန်မှ စိတ် ခိုင် လှ ပါ သည် ဆိုသော ကျွန်မ ပင် ပထမ နေ့ ကသူတို့ ၏ရုပ်    ပုံ့သဏ္ဍာန်များ ကို တွေ့ ပြီးတော်တော် ကြောက် သွားခဲ့ သည် ။အပါယ် ဘုံ ရှိ သည် ကို လည်း ကျွန်မ တကယ် ယုံသွားပါသည် ။ တကယ်တော့ ပြိတ္တာ တို့ သည် ကြောက် မက် ဖွယ်ရာ ထက်  သနားစရာ ပိုကောင်းပါ သည် ။ သူတို့ အမျှလိုချင် ၍  လူတို့ ထံချဉ်းကပ်ကြရာ သူတို့ ပြု လုပ်ခဲ့ သော ကံ   အကြောင်းတရား များ ကို လိုက်၍ ရုပ်ပျက် ဆင်းပျက် ဖြစ်လှ သော ပုံပန်းသဏ္ဍာန်များကို လူတို့ မြင် ကြပြီး   သူတို့ အား အမျှပေးဝေဖို့ အသာထား ကြောက်၍ ပြေး ကြ ကုန်၏ ။ ထို့ ကြောင့် ပြိတ္တာ တို့ မှာ ကုသိုလ်ရဖို့ အခွင့် အရေးဝေး ကွာ ပြီး အပါယ်ဘုံ မှ ပြန် တက် ဖို့ မှာ လည်း မလွယ် ကူတော့ ချေ။ နောက် တစ် ခု က   လူတော်တော် များများတွင် ဝိညာဉ် ဆိုသော အယူ အဆ မှားကြီး စွဲ လမ်းနေခြင်း ဖြစ်သည် ။ ဗုဒ္ဓဘာသာ တွင် ဝိညာဉ် ဆို သော အတ္တကောင်လေး လုံးဝ မရှိ ပါ ။ ထို အယူအဆသည် အခြားသော ဘာသာ ခြားတို့ ထံ မှ  သာ  ဖြစ်ပါ သည် ။ ဒီ ဘဝသေဆုံး ပြီးသည်နှင့် ဝိညာဉ် အတ္တ၊ နာမ်ခန္ဓာလေး က နောက်ဘဝ ဘဝ များစွာ ဆက်နေ သည် ၊ဒီဘ ဝ လည်း ငါ ၊နောက် နောက် ဘဝများမှာ လည်း ငါ ပဲ ဖြစ်မယ်ဟူသောအယူ မှာ မှားယွင်း သော  အယူ အဆ ၊ဟိန္ဒူ တို့ ၏ အယူ အဆသာ ဖြစ်ပါ သည် ။ ဗုဒ္ဓဘာသာ တွင် လူ တစ်ယောက် ကွယ်လွန် ၊စုတိစိတ်ကျပြီးသည်နှင့် တစ်ပြိုင် နက် စက္ကန့် မခြား နောက် ဘဝ ပဋိသန္ဓေ စိတ် တန်းဖြစ်ပါတယ် ။ ဝိညာဉ် အယူ အဆနှင့် ပတ်သက် ပြီး ဆရာတော် ကြီးများ ဟောကြားခဲ့ သော တရားများစွာရှိပါ၏ ။ သို့ ပေမယ့် ဆရာတော်ကြီးများ၏ မိန့် ကြားချက်များမှာပါဠိများစွာနှင့် လူတိုင်း နားလည် ဖို့ မလွယ်ကူပေ ။  ယခု မင်းနန် ( မော်ကျွန်း ) ၏ဆောာင်းပါးလေးမှာ တိုတို နှင့် လိုရင်းကိုသိနိုင်ပေသည် ။

                                                                                                                          ( မနှင်း )

 

ဓမ္မ နိဿတိ -နိဇ္ဇဝ =  သတ္တ ဝါလည်းမဟုတ် ၊ ဇီဝ = အသက် လိပ် ပြာ လည်း မဟုတ် ၊ နာမ်ရုပ် ဓမ္မ သင်္ခါ ရ သာ ဟုတ်၏ ဟူ၍ မြတ်ဗုဒ္ဓက ဟောတော် မူခဲ့ ပါ သည်။

သို့စဉ်လျက် ဝိညာဉ် လိပ်ပြာ ရှိသည် ဟူသော အယူ အစွဲ သည် အစဉ်အလာအား ဖြင့် ခိုင်မြဲလာခဲ့ ပေ သည် ။ အထူး သဖြင့်  ယင်းအယူစွဲ သည်ကျေး လက်ဒေသတို့ ၌ပိုမိုအားကောင်း ရှင်သန် ပျံ့နှံ့လျှက် ရှိပါ သည် ။အချို့ က မူ  လူသေသောအခါ အပ်ချည်မျှင်နှင့် ကွင်းလုပ်ပြီး ကလေး သူငယ်များ ၏ လက်၌ စွပ်ပေးထားသည် ။အချို့ က လက်တွင် မစွပ် ပဲ လည်ပင်းတွင် စွပ်သည် ။ ဤသည်မှာ သေ သူနှင့် လိပ် ပြာခွဲ သည် ဟု ဆိုပါသည် ။အချို့ ကမူ လူသေသောအခါ  ရက်မလည် မီ (၇ ရက်မပြည့်မီ)အိမ်ပေါ်တွင် သင့်လျော်သောနေရာ၌ အိပ်ရာနေရာ ခင်းပေးထားရသည် ။ သေသူ၏ ဝိညာဉ် လိပ် ပြာကလေးက  ထိုအိပ်ရာနေရာ၌ နေထိုင် သည် ဟု ယူမှတ်တက် ကြ၏ ။ကျန်ရစ်သူ မိသားစု များစက ထမင်းစားတော့ မည် ဆိုလျှင် သေသူအတွက် ခင်းကျင်းထားသော အိပ်ရာနံဘေး၌ ထမင်း ဟင်း ကိုချပေးထားရသည် ။ ဝိညာဉ်လိပ်ပြာ ကို ထမင်းကျွေးသည့် သဘော ပင် ဖြစ် ၏။

လူသေကို  သုဿာန်တွင်မြှုပ်နှံ  သို့ မဟုတ် သြ င်္ဂိုဟ် ပြီးစီးသော အခါတွင် ကား သုဿာန်မှ သစ်ကိုင်း သစ်ခက်  တစ်ခုခု ချိုးဖဲ့ လျှက် “ ငါနှင့် လိုက်ခဲ ”့ ဟု သေသူ၏ လိပ် ပြာ ကို ခေါ်ခြင်း မျိုးလည်းရှိ၏ ။ ယင်းသို့ ခေါ်ရာ၌ ပင် “လမ်းမှာ စကားမပြော နဲ့”  ဟု ပညတ် ခြင်းမျိုးလည်းရှိသည်။

ဤ လိပ်ပြာ ရှိသည်ဟူသော အယူအဆသည်ထေရဝါဒဗုဒ္ဓဓမ္မ နှင့် ဖြောင့်ဖြောင့်ဆန့် ကျင် ခြားနားပါ သည်။ ဤ လိပ် ပြာ အယူဝါဒမှာ  သာသနာပြင်ပ ဗြဟ္မဏတို့ အယူ ဝါဒ သာ ဖြစ်ကြောင်း မြတ်ဗုဒ္ဓက အောက် ပါ အတိုင်း ဟောတော် မူခဲ့ ပါ သည် ။

ဤလောက၌ အချို့ သော သာမဏ ဗြဟ္မဏ တို့သည် သမထ တရား ကို ပြင်းစွာ အားထုတ် ခြင်းကြောင့်လည်းကောင်း၊အဖန်တလဲလဲ  လုံ့လ ပြု ခြင်းကြောင့် လည်းကောင်း၊မမေ့မလျော့ မပေါ့မဆ အားထုတ်ခြင်းကြောင်းလည်းကောင်း ၊ကောင်းစွာ နှလုံးသွင်းခြင်းကြောင့် လည်းကောင်းစိတ်တည်ကြည်မှု့ အပ္ပမာ သမာဓိ ရကြလေသည် ။ ထိုအပ္ပမာသမာဓိကြောင့် တစ်သိန်းမက များလှသောဘဝ တို့ ၌ နေခဲ့ ဖူးသည့် အရပ်ဒေသ  ၊အမျိုးအမည် ၊အဆင်း ၊ စားသုံးခဲ့ ရသည့် အာဟာရ ၊ချမ်းသာဆင်းရဲ ၊အသက် အပိုင်းအခြားတို့ ကို အထောက် အထားနှင့် တကွ ပြောပြနိုင်ကြလေသည် ။ ထို့ကြောင့်  သမဏ ၊ဗြဟ္မ ဏ တို့ က ဤ ခန္ဓာ ကိုယ် သည်  လိပ်ပြာ ( အသက်ကောင်လေး လုံးသွင်းခြင်းကြောင့် လည်းကောင်းစိတ်တည်ကြည်မှု့ အပ္ပမာ သမာဓိ ရကြလေသည် ။ ထိုအပ္ပမာသမာဓိကြောင့် တစ်သိန်းမက များလှသောဘဝ တို့ ၌ နေခဲ့ ဖူးသည့် အရပ်ဒေသ  ) ရှိ ၏။ ခိုင်မြဲ၏ ဟုအယူရှိခဲ့ ကြလေသည်

(ဒီဃနိကာယ် ၊သုတ်သီလက္ခန်ပါဠိတော် ၊ဗြဟ္မဇာလ သုတ်မှ )

 လူသေသော အခါ သေ သူ ၏ ဝိညာဉ် လိပ်ပြာအတွက် ထမင်းကျွေးခြင်းအပေါ် ဘဒ္ဒ န္တ တိလောက သာရ ဆရာတော် ဘုရားက ဤသို့ ဝေဖန် သုံးသပ်တော် မူခဲ့ ပါ သည် ။

"ရှေးက သေ သူအတွက် ထည့်ပေးသော ထမင်းကို ကုမ္ဘီး ထမင်းဟုခေါ် သည်။  သို့ သော် ယင်းတို့မှာ အယူသီးမှု့ များသာ ဖြစ် သည် ။ သေသူကလည်း စားသောက်နိုင်သည် မဟုတ် ။မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ မရှိမီ က အယူအဆများ ဖြစ်ရာ ဗုဒ္ဓဘာသာ သာသနာတော် အလိုအရ သေသူအတွက် ရတနာသုံးပါးအား လှုဒါန်း၍ ပတ္တိဒါနခေါ် အမျှဝေ ခြင်းသာ သဘောမှန် ဖြစ်ပါ သည် ။ အမျှပေးဝေ သည် ကို သေသူက ရောက်ရာ ဘဝမှ သာဓု အနုမောဒနာ ခေါ်နိုင်က ကုသိုလ် အကျိုး ခံစားရ၍ ဒုဂ္ဂတိဘဝ ၌ ဖြစ်နေရ သည့် တိုင် အောင် သုဂတိ သို့ ရောက်ရှိ နိုင်သည် ။ "

ထေရဝါဒ ဗုဒ္ဓအလိုအရမူ ဝိညာဉ် လိပ် ပြာ ရှိသည် ဟူသော အယူ သည် "သဿတဒိဠိ" ဖြစ်ပါ ၏ ။ ဤအယူ သည် မြတ်ဗုဒ္ဓ ၏ အနတ္တ ဝါဒနှင့် ဆန့် ကျင်ခြားနားသောကြောင့် ဤအယူ အစွဲကို ဗုဒ္ဓဘာသာဝင်ပီ သ သူ တိုင်းယတိပြတ် ပယ်စွန့်  အပ်ပါသည် ။

 

                                  အန္တရာဘဝ ဝါဒ

လူတစ်ယောက်သေဆုံးသောအခါ  ၇ ရက် မလည်မီ မိမိ ပိုင် ဆိုင် ရာနေ အိမ် ( ဘုံ ) ထဲ တွင် တစ္ဆေ သူရဲ ဘဝနှင့် ရှိနေပြီး ၇ရက် ပြည့်မြောက်သော အခါမှ သာ မိမိ လားရောက်ရ မည့် ဘုံဘဝ အထွေ ထွေသို့ ကူးပြောင်းရောက်ရှိ သည် ဟူသော အယူဝါဒတစ်ခု ရှိပါ သည် ။ယင်းအယူ အဆ ၌ သက် ဝင် ယုံကြည်သူ ဦးရေမှာလည်း အထုအထည်ပမဏ ကြီးမားလှပါ၏ ။

ကောင်းပြီ ….။ လူသေသောအခါ လားရာဂတိ တစ်ခု သို့ တိုက်ရိုက် ကူးပြောင်း ခြင်း မရှိဘဲ တစ္ဆေသူရဲ ဘဝကို ကြားခံ ထားရ သည် ဆို ခြင်းမှာ မှန် ကန် ပါသလော ။ ယင်းအယူ ဝါဒသည် ထေရဝါဒဗုဒ္ဓ ဓမ္မ နှင့် ကိုက်ညီ ပါ၏ လော ။

လူသေ  ပြီးနောက် တစ္ဆေ သူရဲဘဝ နှင့် ၇ ရက်နေပြီးမှ တစ္ဆေ သူရဲ ဘဝ ကိုကြားခံထားပြီး  ဘုံဘဝ တစ်ခု သို့ ကူးပြောင်းရောက်ရှိ သည် ဟူသော အယူဝါဒမှာ အန္တရာဘဝ ဝါဒ ဖြစ်ပါသည် ။ ယင်းအန္တရာ ဘဝ ဝါဒ သည် ထေရ ဝါဒ ဗုဒ္ဓ ဓမ္မ နှင့် ဆန့် ကျင်ခြားနားသော အယူ ဝါဒ ဖြစ်ပါ၏ ။

ဗုဒ္ဓ ဒေသနာတော်အရ  လူကွယ် လွန်သော အခါ စုတိ စိတ် ချူပ် ပြီးနောက် နောက် တစ်ဘဝမှာ ပဋိသန္ဓေစိတ် ( ချက်ချင်း ) ဖြစ်သည်ဟု ဆိုပါ၏ ။ ကြားခံဘဝ တစ်စုံ တစ်ရာမရှိပါချေ ။  

တစ်ခါက ပြင်သစ် ပညာရှင်ပညာရှင်များက ကျေးဇူးတော်ရှင် လယ်တီ ဆရာတော် ဘုရားကြီးအား -

ဝိညာဉ်သည် အတွယ် ရှိမှ ဖြစ်ပါသလား ။သို့ မဟုတ် မတွယ်မီ အလွတ်အလျောက်ဖြစ်နေပါသလား ။အစိမ်းတစ္ဆေ ဖြစ်သည် ဆိုသော စကားမှန်ပါသလား  ဟူ၍မေးမြန်းလျှောက်ထားပါသည် ။ ဆရာတော် ဘုရားကြီးက-

အတွယ်ရှိမှ ဖြုတ်သည် ။ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ်အလျောက် ဖြစ်၍ နေရသေးသည် ဟူေ သာ အယူသည် အန္တရာဘဝ ဒိဋ္ဌိ အယူ  မည်၏ ။ ထိုအယူ ကို ဗုဒ္ဓဘာသာ ကျမ်းဂန်တို့၌ ပယ်ဖျက်လျက်ရှိကြ၏ ဟူ၍ ပြတ်သားစွာ ဖြေဆိုတော် မူခဲ့ ပါ၏။

သတ္တဝါတို့ ၌ ပြုခဲ့သော ကံ အမျိုးမျိုှးရှိ ကြ၏ ။ ကွယ်လွန်သောအခါ သူပြု ခဲ့ သောကံ နှင့် လျော် ညီ ထိုက်တန်သည့် ဘုံဘဝသို့ ရောက်ရပေသည် ။  ကွယ်လွန်သူ ၌ အားအရှိဆုံး ဖြစ်သော ကံ တစ်ခု သည် မိမိ ၏ သက် ဆိုင်ရာဘုံ ၌ မိမိ နှင့် သက် ဆိုင်သော ဘဝ ကို သာ ဖြစ်စေပါ၏ ။ အခြားသော ဘုံ ၊ အခြားသော ဘဝ တစ်ခု ကို ကြားခံ ခြင်း မပြု ပါ။

 လူတစ်ယောက် ၏ နောက် ဆုံး စုတိစိတ် ဖြစ်ပြီး သည် နှင့် ဘဝ သစ် ပဋိသန္ဓေစိတ်သည် ချက် ချင်း ဖြစ်ပေါ်ကြောင်းကို ကျေးဇူးရှင် အရှင်ဇနကာ ဘိဝံ သ ဆရာတော် ဘုရားကြီးကလည်း ဤသို့ မိန့်တော် မူခဲ့ ပါ၏ ။

 

လူတစ်ယောက် နောက်ဆုံးစုတေစိတ် နှင့် ဘဝ သစ် ပဋိသန္ဓေ စိတ်သည် လက်ဖျောက် တစ်ချက် တီးချိန် ကို ကုဋေ တစ်သိန်းလောက် စိတ်လျှင်  တစ်စိတ်လောက်သာ အချိန်ကြာ၏ ။ ဘဝဟောင်းက စုတေ သည် နှင့် တစ်ပြိုင် နက် ဘဝ သစ် မှာ ဖြစ်ရတော့၏ ဟု ဆိုလို သည် ။

အိမ် အနီး အပါး ၌ တစ္ဆေ ပြိတ္တာ ဖြစ်နေရ သူများသည်  ထိုတစ္ဆေ ဘယမှာ ပင် အသစ် ဖြစ်ရ၏။ နတ်ပြည်နှင့် ငရဲ ပြည် သို့ ရောက် မည့် သူ လည်း ထို အတော အတွင်းမှာ ပင် ထို ဘဝ သစ် ၌ ဖြစ် ပြီးလေ၏ ။ ထို့ ကြောင့် အလောင်းကောင် ကို   သင်္ချိုင်းမှာ ဖြစ်စေ အိမ် မှာ ဖြစ်စေ ၊သရ ဏ ဂုံ တင်ကြောင်း ကို သေလွန်သူ သိဖို့ အရေး မှာ အလှမ်း ဝေးလှ ချေ ၏ ။

အကယ်န္တု သေဆုံး သူ သည် ကံ အကြောင်းမလှသော ကြောင့် တစ္ဆေ သရဲ ဟုခေါ်သော ပရဒတ္တူပဇီ ဝိတ ပြတ္တာ ဖြစ်လျှင် ထို ပြိတ္တာ ဘုံ ၌ ၇ ရက် မျှ နေခြင်းမ ဟုတ်။ မိမိပိုင် ဘုံ မှာ ကာလ အပိုင်းအခြားမရှိ နေ ခြင်းမျိုးသာ ဖြစ်ပါ၏ ။

 

တစ္ဆေ သရြဲဖစ်တိုင်းလည်း  သူက မိသားစု နှင့် အိမ်ယာ အဆောက်အအုံ အနီးအပါးမှာ မနေထိုင် ပါ ။ မိမိ ၏ မိသားစု နှင့် အိမ်ရာ ဥစ္စာ အပေါ် စွဲ လမ်းတပ် မက်သော တစ္ဆေ သရဲ တွေသာ အိမ် အနီးဝန်းကျင်တွင် ကျင် လည် နေခြင်း ဖြစ်ပါ သည် ။ သေဆုံးပြီး၇ရက် ကြာ မှ ရက် လည် ဆွမ်းသွတ် ခြင်းသည် အန္တရာဘဝ ဝါဒီ တို့၏ အယူ ဝါဒ တစ်စိတ် တဒေသ ဝင်ရောက် ရောနှောနေ ခြင်း ဖြစ်ပါ သည် ။

ကွယ်လွန်သူ အတွက် ရည် မှန်း ပြီး သပိတ် သွပ် ၊ဆွမ်းကျွေး  ၊အလှုဒါ နပြုအမျှဝေခြင်းသည်  ၇ရက် လည် မှ မဟုတ်ဘဲ သေဆုံးပြီး ၃ရက် ရှိ သောနေ့ မှ စ၍ ပြု လုပ်နိုင်ပါ သည် ။

သိင်္ဂါလသုတ် အဖွင့် ( ဒီ ၊ဋ္ဌ ၊၃ ၊၁၃၆ ) နှင့် ပုတ္တ သုတ်အဖွင့် ( အံ ၊ဋ္ဌ ၊၃ ၊၂၂ ) တို့ ၌ သေ၍ သုံးရက် ရှိသောနေ့မှ စ၍ အလှု ဒါ န၏ အဖို့ ကို အမျှပေးဝေ ရ မည်ဟု ပါရှိ ပါ သည် ။ ကွယ်လွန်သူ ကလည်း ပရဒတ္တူပဇီဝိတပြိတ္တာ  ဖြစ်နေ ၊အမျှဝေ ခြင်း ကို လည်း သာဓု ခေါ် နိုင်ခဲ့ လျှင် သေပြီး  ၃ ရက် လွန်မြောက် ပြီး နောက် ပိုင်းမှာ ပင်  ​ပြိတ္တာဘဝ မှ လွတ်မြောက်လျှင်လည်း လွတ်မြောက်နိုင်ပေလိမ့်မည် ။

ဤ အန္တရာ ဘဝ အယူ ဝါဒ အပေါ်တွင် ချမ်းမြေ့ ရိပ်သာ ဆရာတော် ကြီး ကလည်း အောက်ပါ အတိုင်း ဝေ ဖန် ဆုံးဖြတ်တော် မူခဲ့ ဖူးပါ သည် ။

 လူသေလို့ ရုပ် ခန္ဓာ ကြီး ပျက် စီး သွားတဲ့ အခါ အသက် ဝိညာဉ် ကလေးဟာ ရုပ် ခန္ဓာ ကြီးထဲ က မပျက်စီးဘဲ ထွက် ခွာသွားပြီးတော့ သင်္ချိုင်းမှာ  ဖြစ်စေ ၊သေသူ၏ အိမ်နား ပတ်ဝန်းကျင်မှာ ဖြစ်စေ လှည့် လည် သွားနေ တယ် လို့  အချိုက ယူ ဆကြ တာပေါ့ ။ သေသူ ရဲ့ ဝိညာဥ်ဟာ  သူရှိနေကြောင်း သိရ အောင် ကိုယ် ထင်ပြ ရင် လည်း ပြ တယ် ။ အိမ် တံခါး ကို လည်း လာခေါက် တယ် ။ အိမ်အောက် မှာ ဖြစ်စေ အိမ် ထဲ မှာ ဖြစ်စေ ၊ခြေ သံ တရှပ်ရှပ် နဲ့ သွားလာ လှုပ် ရှားနေတယ် စသည် ဖြင့် ယူ ဆ စွဲလမ်းကြ တယ် ။ ဒါ ကို  ပဲ သရဲ ၊တစ္ဆေ လို့ ခေါ် ဝေါ် သမုတ်ကြ ပြန်တယ် သူ့ ကိုရည် မှန်း ပြီး ရက် လည် ဆွမ်းသွတ် ခြင်း စတဲ့ ဒါန ကုသိုလ် ကို ပြု လုပ် ရင်အဲဒီ ဝိညာဉ်  အတ္တလေးဟာ သာဓုခေါ် ပြီး  တွယ်ရမယ့် တဝဲ လည်လည်နေရတဲ့ သရဲ ၊တစ္ဆေ ဘဝမှ ကျွတ်လွတ်သွားတော့ တယ် ။အဲဒီ လို ကျွတ် လွတ် သွားပြီးတော့ မှဘဲ  သူရောက် ထိုက် တဲ့ နောက် ဘဝ တစ်ခု ကို ရောက် သွား ရ တယ် လို့ အများအား ဖြင့် မှားယွင်း ယူ ဆ စွဲလမ်းကြ တယ် ။

ဒီ အယူ အဆ မျိုးကတော့ ရောက် ထိုက်တဲ့ ဘဝမျိုးကို မရောက်ရသေးမီ ကြားခံ အန္တရာဘဝ တစ်ခု ရှိ သေးတဲ့ လို့ ယူ ဆ တဲ့ အယူ  မှားပါပဲ ။ ဗုဒ္ဓရှင်တော် မြတ် ဘုရား အဘိဓမ္မ ဒေသနာတော် အရကတော့ စုတိ စိတ် ချူပ် ငြိမ်းတဲ့ နောက် နောက် တစ်ဘဝ မှာ ပဋိသန္ဓေစိတ် ဖြစ်တာ ဟာတစက္ကန့် တောင် မကြာပါ ဘူး

 

အန္တရဘဝ ဝါဒ ကို မစွန့် မူ၍ အမြဲ ယူပါက နိယတ မိစ္ဆာ ဒိဋ္ဌိ  ဖြစ်ကြောင်း  ကျေးဇူးရှင် စတု ဂီရိ တောင် လေးလုံး ဆရာတော် ကြိးကလည်း ဤသို့ သတိပေးတော် မူ ခဲ့ ပါ သည် ။

 လူသေသော် ရက် လည်မှ အိမ် က သွားသည် ဟူ ၍ လည်းကောင်း အယူ မှားကြ သည် ။ သေလပြီးလျက် အစားလာ၍ စားဦးမည် ဟု ခွက်နှင့် ထမင်းကို အလောင်း အပါးတွင် တည် ထားကြ သည် ။ သေသော စုတိစိတ် အဆုံး ၌ ပဋိသန္ဓေ စိတ် ဖြစ်၍ ဘဝ ခြားလေပြီ ဖြစ်လျှက် အိမ် မှာ ၇ ရက်နေ ခြင်း စသည် ကို အဘယ်မှာ ပြု နိုင် အံ့ နည်း ။

ပစ္စုပ္ပန်ဘဝ အဆုံး သေဆုံး ခြင်း စုတိစိတ် ဖြစ်၍ ချူပ်သည် ၏ အခြားမဲ့ ၌ပဋိသန္ဓေစိတ် ဖြစ်မြဲ ဖြစ် သည် ။ သေခြင်းစုတိစိတ်နှင့် ပဋိသန္ဓေစိတ်  အကြားမရှိ ။ ထို့ော့ာင့် သေပြီးသော အသက် ဝိညာဉ်သည် အိမ်တွင် ၇ရက်နေပြီးမှ  ဘဝ တစ်ပါးသို့ သွားသည် ဟူသော  မှားသော အယူ ကို စွန့် ကုန်ရာ၏  ။ မစွန့် မူ ၍ အမြဲ ယူပါက နယတ မိစ္ဆာ ဒိဋ္ဌိ ဖြစ်ရာသည် ။

 အချုပ် ဆိုရ သော် လူသေ သော အခါ ၇ရက် မလည်မီ တစ္ဆေ သရဲ ဝိညာဉ်ဘဝနှင့် အိမ် တွင်ဝေ့ လည် ကျင်လည်နေသည် ဟူသော အန္တရာ ဘဝ ဝါဒ သည် ထေရ ဝါဒ ဗုဒ္ဓ ဓမ္မ နှင့် ဆန့် ကျင် ဖီလာ ဖြစ်သော အယူ ဝါဒ ဖြစ်သော ကြောင့် ဗုဒ္ဓ ဘာ သာ ဝ င် တိုင်း လွတ်လွတ် စွန့်လွှတ် ရှောင်ခွာ အပ် ပါ သည် ။

 

                                                                           မင်းနန်  (မော်ကျွန်း ) ၊ဓမ္မ ရတနာ ၊၁၉၉၈ ၊ ဇူလိုင်    

 

 

Blogged with the Flock Browser

No comments: