ညံ့ နု ထွတ်ထွတ် ၊ ပြစ်မျိုး လွတ်သား
ဝင်းမွတ် ညိုပြာ ၊ သူ့ မျက်နှာကို
ရှုကာ မဝနိုင်ပါ တကား ။ ။
ညံ့ အေး သာချို ၊ ငှက် တေးဆို သို့
နှစ်လို ဖွယ်ရာ ၊ သူ့ သံသာ ကို
ကြားကာ မဝနိုင်ပါတကား။ ။
ချစ်သည့် မေတ္တာ ၊ နှိုင်းယှဉ်စရာလျှင်
ပမာမမျှ ၊ ညီဘိလှ ၏ ။
" ဘဝ တိုင်းတွင် ချစ် စိတ် ယှဉ်သည့်
သခင်နှင့် သာ ၊ တွေ့ လိုပါ " ဟု
စိတ်မှာ ကြည် ဖြူ ၊ ကျွန်ဆုယူ သည်
တူတူမကွာ ၊ " မင်္ဂလာ " တည့် ။ ။
( နု ယဉ် )
ဝင်းမွတ် ညိုပြာ ၊ သူ့ မျက်နှာကို
ရှုကာ မဝနိုင်ပါ တကား ။ ။
ညံ့ အေး သာချို ၊ ငှက် တေးဆို သို့
နှစ်လို ဖွယ်ရာ ၊ သူ့ သံသာ ကို
ကြားကာ မဝနိုင်ပါတကား။ ။
ချစ်သည့် မေတ္တာ ၊ နှိုင်းယှဉ်စရာလျှင်
ပမာမမျှ ၊ ညီဘိလှ ၏ ။
" ဘဝ တိုင်းတွင် ချစ် စိတ် ယှဉ်သည့်
သခင်နှင့် သာ ၊ တွေ့ လိုပါ " ဟု
စိတ်မှာ ကြည် ဖြူ ၊ ကျွန်ဆုယူ သည်
တူတူမကွာ ၊ " မင်္ဂလာ " တည့် ။ ။
( နု ယဉ် )
Blogged with the Flock Browser
No comments:
Post a Comment