ပုန်းညက်သီး၍ ၊ မြေကြီးစွတ်စို
မိုး ညိုညို တည့်
သည်လိုနေ့ မျိုး ၊ ကြုံရစိုးသည်
မြေမိုးချာချာလည်ယောင်တကား ။
အမေ့အိမ်ဝယ် ၊ မီးရှိန်လက်လက်
တညဥ့်နက်တည့် ၊ စောင့်လျှက်ပြုရင်း
စိုးရိမ်ခြင်းသည်
ဖြေတင်းမနိုင်နိုင် ပါပြီတကား ။
ကြယ်လည်းမလက် ၊ ညမိုးနက် ၏
သစ်ရွက်ဖါးလျား ၊ မိုးစက်များ နှင့်
မှောင်ကြားထွင်းဖောက် ၊ ရောင်နီပေါက်၍
မိုးသောက်အံ့ နိုး ၊မျှော် - မျှော်ကိုးသည်
ရှိခိုးဆုပန်လျက် ပါ သာ တကား
ကျေးငှက်သာ၍ မိုးမှာ စင်စင်
လင်းပြီထင်၏ ၊သည်တွင်ခဏ
ကြုံလိုက်သော ၊ ဓမ္မစကြာ
တေးသံသာနှင့် ၊ မျက်လွှာမှေးယှက်
မနိုးစက်သော ၊ စောင်းလျက်နေဟန်
ရုပ်သဏ္ဍာန်သည်
မေ့ရန်ခက်ခဲ လှပါသည် တကား ။
သည်ယနေ့ မူ ၊ အောက်မေ့တ-သ်
လွမ်းလိုက်ရ၏ ။
နှမမွေးမိ ၊ ကွယ်လေဘိ၍
နှမိနှမြော လှိုက်လှိုက်မောကာ
ကြွေသော ပန်းသွင် ၊စိတ်မှာမြင်မိ
တောင်တွင် တောင် ထွဋ် ၊
မားမားမတ်၏
ပြိုလတ်ခြင်းရာ ၊ ပုံပမာ သို့
ရှေ့ မှာ မှောင်ကြီး ၊ ကျလာဆီးသည်
ဖြေလည်း မပြေနိုင်ပါ တကား ။
ပုန်းညက်သီး၍ ၊ မြေကြီးစွတ် စို
မိုးညိုညို တည့်
သည်လိုနေ့မျိုး ကြုံရ ဆိုးသည်
မြေ မိုးချာချာ လည် ယောင်တကား ။ ။
( နုယဉ် )်
မိုး ညိုညို တည့်
သည်လိုနေ့ မျိုး ၊ ကြုံရစိုးသည်
မြေမိုးချာချာလည်ယောင်တကား ။
အမေ့အိမ်ဝယ် ၊ မီးရှိန်လက်လက်
တညဥ့်နက်တည့် ၊ စောင့်လျှက်ပြုရင်း
စိုးရိမ်ခြင်းသည်
ဖြေတင်းမနိုင်နိုင် ပါပြီတကား ။
ကြယ်လည်းမလက် ၊ ညမိုးနက် ၏
သစ်ရွက်ဖါးလျား ၊ မိုးစက်များ နှင့်
မှောင်ကြားထွင်းဖောက် ၊ ရောင်နီပေါက်၍
မိုးသောက်အံ့ နိုး ၊မျှော် - မျှော်ကိုးသည်
ရှိခိုးဆုပန်လျက် ပါ သာ တကား
ကျေးငှက်သာ၍ မိုးမှာ စင်စင်
လင်းပြီထင်၏ ၊သည်တွင်ခဏ
ကြုံလိုက်သော ၊ ဓမ္မစကြာ
တေးသံသာနှင့် ၊ မျက်လွှာမှေးယှက်
မနိုးစက်သော ၊ စောင်းလျက်နေဟန်
ရုပ်သဏ္ဍာန်သည်
မေ့ရန်ခက်ခဲ လှပါသည် တကား ။
သည်ယနေ့ မူ ၊ အောက်မေ့တ-သ်
လွမ်းလိုက်ရ၏ ။
နှမမွေးမိ ၊ ကွယ်လေဘိ၍
နှမိနှမြော လှိုက်လှိုက်မောကာ
ကြွေသော ပန်းသွင် ၊စိတ်မှာမြင်မိ
တောင်တွင် တောင် ထွဋ် ၊
မားမားမတ်၏
ပြိုလတ်ခြင်းရာ ၊ ပုံပမာ သို့
ရှေ့ မှာ မှောင်ကြီး ၊ ကျလာဆီးသည်
ဖြေလည်း မပြေနိုင်ပါ တကား ။
ပုန်းညက်သီး၍ ၊ မြေကြီးစွတ် စို
မိုးညိုညို တည့်
သည်လိုနေ့မျိုး ကြုံရ ဆိုးသည်
မြေ မိုးချာချာ လည် ယောင်တကား ။ ။
( နုယဉ် )်
Blogged with the Flock Browser
No comments:
Post a Comment