ပညာနဲ့ ပတ်သတ်လို့နှစ်မျိုးဖြစ်တဲ့ "အတက်ပညာ" နဲ့" အသိပညာ" လို့ ခွဲခြားကြတယ် ။ လူငယ်တွေမှာ ဒီနှစ်မျိုး ကို ခွဲ ခြားနားလည် ဖို့လိုပါ တယ် ။ တကယ်တော့ ဒီနှစ်မျိုးဟာ ပညာချည်းပဲပေါ့ ။ဒါပေမယ့် ကွာခြားချက်ကတော့ ( အကြမ်းဖျဉ်းပြောရ ရင် ) "အပေါ်ယံအသိ" နဲ့ "အတွင်းသိ " ဆိုရ ပါ လိမ့်မယ် ။ ပညာဆိုတာမှာ "အသိ"မပါ လို့ မဖြစ်ဘူး ။ အကြောင်းခြင်းရာတွေကို သိဖို့ လိုတယ် ။နားလည်ဖို့ လိုတယ် ။ အဲဒီလို သိနားလည် တာဟာ "ပညာ "ပါ ပဲ ။အတက်ပညာ မှာ လည်း အသိပါ ရပါ တယ် ။ ဒါပေမယ့် ရှိနေပြီးသား ၊အများကလက်ခံ လက်ခံပြီးသားအကြောင်းအရာတွေ ကို မိမိ သင်ယူ လေ့ လာဖို့ သိရမယ် ။ သိတာက သာမန် အနေနဲ့ သိတာရယ်၊အသေးစိတ် သိတာရယ် ။ အဲဒီ အသိ နှစ်မျိုး စလုံး ကို သိနားလည်ပြီး လက်တွေ့ လုပ် ကိုင် လေ့ကျင့်ပြီးမှ တက်ကျွမ်းမှု့ရတယ် ။
အတက်ပညာတွေ က မောင်တို့ မယ် တို့ သိကြ ပြီးတယ် ။အဲဒီ လုပ် ငန်းတွေမှာ လုပ် တက် ကိုင် တက် ၊စီမံ ဖန်တီးတက် တယ်ဆိုတဲ့
တက်ကျွမ်းမှု့ ပိုင် ပိုင် နိုင် နိုင် ရရှိမှ အဲဒီ အတက်ပညာ ကို တက် တယ် ။ တက်တာ အမှန်ပဲ လားဆိုတာ သိရ အောင် သက် ဆိုင်ရာက
ဘွဲ့တွေ ၊ အောင် လက် မှတ်တွေ ပေးလိုက် တယ် ။အဲဒီ ပညာတွေ ကို တက် သူတွေ ဟာ " အတက် ပညာရှင် " တွေပါ ပဲ ။ သူတို့တွေဟာ လူမှု့ရေးရာတွေ မှာ အသီးသီး တာဝန်ယူ ပြိးဆောင်ရွက်ကြတယ် ။ သူတို့ကြောင့် လူ့လောက မှာ ပစ္စည်းအမျိုးမျိုး ထွက် လာတယ် ။ ပညာ ဗဟု သုတ အမျိုးမျိုး ကို အသုံး ပြုပြီး လောကကြီး ထွန်းကားကြီးပွား ဖို့ ဆောင်ရွက်ကြရတယ် ။ ကျောင်းသင် ပညာတွေ ဟာ အတက်ပညာတွေ ချည်းပဲ လို့ မှတ် ယူ လိုက်ကြပါ ။ ကျောင်းတွေ ၊တက္ကသိုလ်တွေမှာ ဆရာတွေ က သင်ပေးလို့ တက်ရ တဲ့ ပညာပဲ ။
အသိပညာ ဆိုတာက ကိုယ့်ဘာသာကိုယ် ဆည်းပူးရ လိမ့်မယ် ။ ဆရာမ လိုဘူး လား လို့ မေးနိုင်ပါ တယ် ။ အများကြီးလို တယ် ။
အဲဒီ ဆရာတွေက ဘယ်သူတွေလဲ ၊ ဘယ်မှာလဲ ၊ဘယ်ကျောင်းမှာ တက်ရမှာလဲ ဆိုတဲ့ မေးခွန်းကို ဖြေရ ရင်တော့ စာပေတွေဟာ
ဆရာတွေပါ ပဲ ။ သုတ ၊ရသ ၊ ဒဿန ဆိုတဲ့ စာပေ အမျိုး အစား အားလုံးက ဆရာတွေပဲ ဖြစ် တယ် ။ စာပေတွေ အမျိုးစုံ ဖတ်ရ ပါ လိမ့်မယ် ။ ပြီးတော့ တက်ရ မယ့်တက္ကသိုလ်က ဘ၀တက္ကသိုလ် ပါ ပဲ ။ လူ့ လောက တစ်ဝန်းလုံးရဲ့ လူသားတို့ ရဲ့ ဘ၀အခြေအနေတွေ ၊ သူတို့ရဲ့ အတွေးအခေါ်တွေ ၊ အကျင့် စရိုက်တွေဟာ အသိပညာအတွက် ၀မ်းစာတွေပေါ့ ။ ကြီးကျယ် လှချည်လား ။ ဘယ်လောက်ကြာ ကြာ ဆည်းပူးရ မလဲ ၊တစ်သက် တာလုံး လမ်းညွှန်ရ ပါ လိမ့် မယ် ။ ဘယ်သူက ဘယ်လိုပညာယူရ မှာလဲ ၊ရှင်းပါ တယ် ။ ကိုယ်ကိုယ် တိုင် ဘ၀ပညာ ကို ဆည်းပူးရ မှာမို့ ကိုယ့် ညဏ်ကို အမြဲ အသုံး ပြု ပြီး အကြောင်း အခြင်းအရာ တစ်ခုခုနဲက တွေ့ ကြုံ ရင် အဲဒီ အကြောင်း အခြင်းအရာ ဟာ သဘာဝ ကျ သလား ၊ဘယ် စာရေးဆရာကြီး
တွေက ဘယ်လို ဆိုသလဲ ။ စာမျိုးစုံ ဖတ်ရ မယ် ။ ဖတ်ပြီး စဉ်းစားဆင် ခြင်ရ မယ် ။ အမှန် နဲ့ အမှား ခွဲခြားတက်အောင် ကိုယ် ပိုင်
ညဏ်နဲက ဝေဖန် ပိုင်း ခြားရ မယ် ။ သုံးသပ် ဆင် ခြင် ပြီးတော့ အမှန် တရား ကိုရှာရ မယ် ။ ဒီလောက်ကြီးမား ခက်ခဲတဲ့ အလုပ် ဘယ်သူ လုပ် နိုင်မှာ လဲ ။ ဘယ်သူမှ မလုပ်နိုင် ပါ ဘူး ။ ဘ၀ရဲ့ အဓိပ္ပာယ် ဟာ သိနားလည် ဖို့ တော်တော် ခက် ပါ တယ် ။ လူငယ်လူရွယ်တွေ မပြောနဲ့ ။ အို မင်းမစွမ်း အဘိုး ၊အဘွားတွေ တောင်မှ ဘ၀အဓိပ္ပာယ် ကိုကောင်းကောင်း မသိနိုင်ကြပါ ဘူး ။ ဒါဖြင့် အသိပညာ ဆည်းပူး တာ မဖြစ်နိုင် ဘူးပေါ့ ။ မဖြစ်နိုင် ဘူးတော့ မဟုတ် ပါ ဘူး ။ ဖြစ်နိုင် သလောက် ဖြစ်အောင်တော့ ကြိုး စား
ရမှာပေါ့ ။အဲဒီတော့ သက်ကြီး ၀ါရင့်တွေရဲ့ ဆိုရိုး စကားတွေ ၊လူမျိုးစုတွေရဲ့ စကားပုံတွေ ၊အို...စာမျိုးစုံ ကို များများဖတ်မှ ဖြစ်မှာ ။
ဒီလောက် ကျယ်ပြန့် တဲ့ အလုပ် ကို ဘယ်လုပ်နိုင် မှာလဲ လိုက မောင်တို့ မယ် တို့ က ဆိုကြ မယ် ။မှန် ပါ တယ် ။ဒါပေမယ့် လုပ်ရာမှာက တစ်သက်လုံးပဲ ။ ဒီ လို ဖော်ညွှန်းတာတွေ တက်နိုင် သမျှ လုပ်ရ မှာပါ ။ အခိုက်ကြုံ တိုင်း ၊အကြောင်းအခြင်းအရာတို့ ၊
အတွေက အကြုံ တို့ ကို စိစစ် ဝေဖန် သုံး သပ်ရမှာပါ ။ ပညာ ဆိုတာ ဖြည်းဖြည်း ဆည်းပူးရ မယ် ဆိုတာ အဲဒီ ဘ၀ အသိပညာ ဆိုတာက အကန့် အသတ်နဲ့ တက်အောင် သင်ယူရမှာ ဖြစ်တယ် ။ ဆိုပါတော့ ဘီအေ ၊အမ်အေ ၊ပီအိပ်ခ်ျ ဒီ စတဲ့ ဘွဲ့တွေ နဲ့ခွဲခြားသတ်မှတ် ထားတယ် ။ အသိပညာ ဆိုတာကို ခွဲ ခြား သတ်မှတ် ထား လို့ မဖြစ်နိုင်ဘူး ။ ဘာဘွဲ့ မှလည်းရ မှာ မဟုတ် ဘူး ။
ကိုယ်ပိုင် ညဏ် သုံး ၊ကိုယ့် ထက် ရင့် ကျက် သူတွေ ဆီ က စာတွေ ၊ပြော ဆိုကြ တာတွေ မှတ် သား ၊ ၊ပြီးတော့ ဘာအကြောင်း ၊ဘာကိစ္စမှာမဆို ဆင်ခြင်သုံးသပ် ပြီး အကောင်းအဆိုး ၊အမှန် အမှား ခြွဲခားတက်အောင်ကြိုးစားမယ် ဆိုရင် တစ်သက် တာလုံး ဆည်းပူးရ မှာပါ ။ မောင်တို့ မယ် တို့ ကို စာများများ ဖတ်ကြပါ လို့ အထပ်ထပ် အခါခါ တိုက်တွန်းပါ တယ် ။အဲဒီ လို စာဖတ်ကျင့် ကြီးမားခိုင်မြဲ ပါမှ အသိပညာရ ဖို့ လမ်းပေါက် မယ် ။ လန့် မသွားပါနဲ့ ။ ဘ၀နေရေး ထိုင်ရေး ကို အဆက် မပြတ် လုပ် ပါ ။အရာရာမှာ သတိထားပြီး မှတ် သားသင့် တာမှတ် သားပါ ။ စာတွေထဲ က အဆို အမိန့်တွေ ကို လေးလေးစားစား ဆင် ခြင် သုံးသပ် ပါ လို့ ပြောချင် ပါ တယ် ။ ။
* * *
Blogged with the Flock Browser
No comments:
Post a Comment