Sunday, February 17, 2013

လူ့ဘ၀ဇာတ်ခုံပေါ်က သရုပ်ဆောင်များ ( အရှင် သိရိကဉ္စနာဘိဝံသ )

                                                               " မွေးနေ့ ဆိုတာ အို ပွဲ ပါ "

 ကျွန်ုပ် မန်ကျည်းပင်အောက်မှာ  အနားယူနေခိုက် တိုက်တိုက် ဆိုင်ဆိုင် ရွာထဲ က ဒကာတစ်ယောက် ဆုံးလို့ သင်္ချိုင်းကုန်း ကို လိုက် ပို့ခဲ့ ရတယ် ။  လမ်းစ ပြတ်သွားတဲ့ သေခြင်းတရားအတွက် စကားဆက် ပြန်ရ လိုက်တယ်  ။ နေရ ခြင်းနဲ့  သေရ ခြင်းဟာ  ဒဂ်ါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလို ဟို ဘက်နဲ့ ဒီ ဘက် နီးနီးကပ်ကပ် လေးရှိနေခဲ့တာ ။ လူ့ ဘ၀မှာ နေရေးက အရေးကြီးသလို ၊သေရေးအတွက် လည်း ပြင်ဆင်သင့် တယ် ။ မသေခင် အနေ တက် ဖို့ လို သလို  အသေ မြတ် ဖို့လည်းအရေးကြီးတယ် ။ အနေတက် မှ အသေ မြတ်မယ် နေရေးပြည့်စုံရုံနဲ့  ဒူးနှံ့ မနေနဲ့ ။စည်းစိမ်ဥစ္စာ ဘယ်လောက် ချမ်းသာသာ  ဘုန်းကံတွေ ဘယ်လောက်ကြီးကြီး  ( တစ်ဝမ်းတစ်ခါး ) ဆိုတဲ့ အတိုင်း စားရတော့ လည်း  တစ် ၀မ်းစာ ၊၀တ်ရတော့ လည်း တစ်ခါးစာ  ။အိပ်ရတော့လည်  တစ်ကိုယ်စာလေးပါပဲ ။ ( ရှိတယ် ဆို ပြီး  ဘာတွေ ကို မာန်တက်နေကြ ဦးမှာလဲ ။မရှိ--သူ ကလည်း  ဘာကြောင့်များ အားငယ် စိတ်တွေ ၀င်နေရ ဦးမှာလဲ ) ။

လူ့ဘ၀ဇာတ်ခုံပေါ်မှာ အမြဲ ရှိ နေမယ်လို့ များ စိတ် ကူး ထားကြ လို့ လား ။မွေးနှေ့ရိရင်  သေနေ့ ဆို တာ လည်းရှိသေးတယ် ။ လူတိုင်းက မွေးနေ့ ကိုတော့  စိတ် ၀င် စားကြတယ် ။ သေနေ့  ----ကိုတော့  မေ့ ထားတက်ကြတယ်  ။ မွေးနေ့ရောက် တိုင်း ဖိတ်စာရိုက် ပြီး လုပ် လိုက်ကြတဲ့ မွေးနေ့တွေ  ၊လှီးလိုက်ရတဲ့  ကိတ်မုန့်တွေ ၊ မှုတ်လိုက်ရတဲ့ ဖယောင်းတိုင်းတွေ ၊  အော်လိုက်ရတဲ့ ဟပ်ပီးဘတ်ဒေး တူယူ သံတွေ။ လောက အမြင်နဲ့ ကြည့်ရင်တော့  ဒီ ဇာတ်ဝင်ခန်းမှာ ပါ ၀င်သူတွေအားလုံး ပြုံးကြ ---ပျော်ကြ ၊စားကြ ၊သောက်ကြ ၊လက်ဆောာင်ပေးကြပေါ့ ။

ဓမ္မ အမြင်နဲ့ ကျတော့   မွေးနေက ဆို တာ ဘ၀ခန္ဓာအိမ် ရတဲ့ နေ့  ။မွေးနေ့ လုပ် တယ် ဆိုတာ လည်း အိုပွဲ ပြနေတာ ။ လူတစ်ယောက် မွေးဖွားပြီး  လူ့လောကထဲ ရောက် လာတယ် ဆိုတာနဲ့ ဇာတိ ဆိုတဲ့ လှေကားထစ်က ဆင်းပြီးသား  ။နောက် တစ်ခါ ဇာတိ လှေကားက ခြေ တစ်ဖက် ဆင်း လိုက် တာနဲ့  ကျန်ခြေ တစ်ဖက် က ဇရာ နယ်မြေ ပေါ်နင်းပြီး သား   ( အရွယ် အိုမှ ဇရာ မဟုတ် ဘူးလို့ ပြောခဲ့ သားပဲ) ။ ထိုမှ တစ် ဆင့် တစ်လှမ်းချင်း တစ်လှမ်းချင်း နင်းလာ လိုက် တာ  နောက်ဆုံး မရ ဏ နယ်မြေ မရောက် မခြင်းပါ ဘဲ ။ မရ ဏ နယ်ထဲ ရောက် တော့ မှ ခြေလှမ်းတွေက ရပ် တန့် သွားတာ  ။


                                                       *တစ်နှစ် တစ်ခါ   မွေးနေ့ ပါ လူမှာ ပြုရိုှးှရှိ  ။
                                                       *ခဏတိုင်း ပင် ပြု နိုင် လျှင်  မှန် ပင် အကျိုှးှရှိ ။
   *မွေးနေ့ ဆိုတာ  အိုပွဲ ပါ ဖွေ ရှာ ညဏ် ဖြင့် ကြည့် ။
*ရုပ်   နာမ် ဓမ္မ  ၊မမြဲ ကြ ခစခဏ ပြောင်းနေ ၏ ။
*တကယ်ပြောင်းတာ ရုပ် နာမ်ပါ  ခန္ဓာ မမြဲ မသိ ။
      *သင့်မွေးနေ့ တွင်  သတိ ယှဉ်   ဆင် ခြင်  ပြုလေဘိ ။
   *မွေးသေ ငြိမ်ရာ  ရွှေပြည်မှာ  မှန် စွာ ကိန်းစေ ဘိ ။
                                                                               ( ရွှေပြည် ဟိန်းဆရာတော် )
                                                                          " သေမင်းဖိတ်စာ "

မွေးနေ့ ပွဲတွေ  ပလူပျံအောင် လုပ်နေတဲ့ ကြားမှာ ရှားရှားပါးပါး  သေနေ့ အကြို နှုတ် ဆက် ပွဲ ဆို ပြီး ဖိတ် စာရိုက် ၊ ကုသိုလ်ကောင်းမှု့တွေ ပြု လုပ် သွားခဲ့ တဲ့ ပုဂ္ဂိုလ် တစ်ဦး ရှိ ခဲ့ ဖူးတယ် ။ကျွန်ုပ် တို့ ငယ် စဉ်က  ရုပ် ရှင် မင်းသားကြီး ဇေယျ ။ရုပ်ရှင် ထဲ မှာ အတုသေ ပြတာတောင်   ဒီလောက် ပင် ပန်းနေရင် တကယ် အစစ် သေရမယ်ဆို ဒီ ထက် ပိုပြီး ဆင်းရဲ လိမ့် မယ် လို့ ဆင်းရဲ လိမ့် မယ် လို့  သံဝေဂရခဲ့ တဲ့ ဇေယျ ။ရဟန်းဘွဲ့ အမည်ကျတော့  ဦး ၀ဇီရာ နန္ဒ ။သူ့ (ဖိတ်စာမှာရေးသားထားတာက  ဘုန်းကြီးမသေခင်မှာနှုတ်ဆက် သွားချင် ပါ သ ဖြင့် တဲ့ ) ။ သူ့ လုပ်ရပ် က သေဖို့ အတွက် အသင့် ပြင် ထားတဲ့ ပုံပဲ ။သူ့ ကိုကြည့်ပြီး ဆရာကြီး ဦးသုခ က  ဘာပြောတယ် မှတ် လဲ ။( တပည့်တော် တို့ ဆရာတ ပည့်တွေ သေမင်း ကို ဒီ တစ်ကြိမ်ပဲ နှုတ် ဆက်ကြတာပေါ့ ။အမတ ဆိုတဲ့ သေခြင်းမရှိတဲ့ နေရာရောက်ရင် သေမင်းကို အကြိမ်ကြိမ် နှုတ်ဆက် စရာ မလိုတော့ ဘူး မဟုတ် လား  )တဲ့ ။

အခုတော့ နှုတ် ဆက် သူ ဇေယျ ကြီး ကိုယ် တိုင် လည်းမရှိ တော့ သလို  သေနေ့ အကြို အဖြစ်  သွားရောက်နှုတ် ဆက်ခဲ့ တဲ့ ဦးသုခ ၊ဦးတင်မောင် ၊ဦးဇော်ဝိတ် ၊ ကြည်ကြည်ဌေး၊တင်တင် မူတို့ ဆို တာ လည်း   ဘယ်ဘုံ ဘယ်ဘ၀ရောက်ကုန် မှန်းပင် မသိတော့ ။ နှုတ်ဆက် တဲ့ သူရော ၊နှုတ် ဆက်ခံရ တဲ့ သူတွေပါ  ၊အားလုံး လူ့ ဘ၀ ဇာတ်ခုံပေါ် ကနေ တက် ညီ လက် ညီ နဲ့ ပြန် ဆင်းသွားကြ ပြီ ။အနုပညာသမားတွေ မို့ နောက် ဇာတ် ခုံ တစ်ခု ပြောင်းပြီး သရုပ်ဆောင်နေကြ ဦးမှာတော့ သေချာ တယ် ။

                                                      တစ်နေ ကွယ် သေနယ် သို့ တစ်ခါကူး
                                                      မေ့လျော့ ကာ သေဘူး ထင်ပါ နဲ့
                                                      နေကွယ်ကာ  အချိန် များရင် ဖြင့်
                                                      သေ နယ် ရွာ တစ်ကြိမ် သွားရ မယ်  တားမရ ဘူး ။

(မနောရ ထံ အပတွာ တေ သတ္တာ မရိန္တိ ) --ပန်းပေါင်းစုံ ပွင့်တဲ့   ဥယျာဉ် ကြီးထဲ  မှာ ပန်းမျိုးစုံ လိုက် ခူး ။ခူးလို့ မဆုံးခင်မှာ ပဲ သေကြ ရတယ် ။ ကာမဂုဏ်ငါးပါးနောက် ကို တကောက်ကောက် လိုက်  ။ လိုက် လို့ မဆုံးခင် မှာပဲ ဥေကြရ တယ် ။ ကိုယ့် အလို မပြည့် ခင် မှာ ပဲ သွားကြ ရတယ် ။စားစရာရှာရင်းနဲ့ လည်းသေ ။နေစရာရှာရင်းနဲ့ လည်းသေ ။ဝတ် စရာရှာ ရင်းနဲ့ လည်းသေ ။

ဒီ သေခြင်းဆိုတဲ့ နေ့တစ်နေ့ ဟာ  လူသားအားလုံးအတွက် မွေးဖွားပြီးတာနဲ့ တစ် ပြိုင် နက် အသင့် စောင့်နေ တဲ့ ရက်စွဲ တစ်ခု ။ကိုယ်မသေခင်ရှင် သန် ခွင့်ရတဲ့ နေ့ရက် တွေ မှာ  ကိုယ်နဲ့ ကိုယ့် ပတ် ၀န်းကျင် အတွက် ကိုယ် လုပ်နိုင် တဲ့အရာတွေ ကို လုပ်နေကြဖို့ ပဲ အရေးကြီးတယ် ။  ကျွန်ုပ် တို့ အားလုံး လက်ရှိပစ္စုပ္ပန် ကို သာ ပိုင် တယ် ။ မနက် ဖြန် မပြောနဲ့ ၊နောက်ထပ် တစ်နာရီ လေးကိုတောင် မပိုင်  ။အဲဒီ တစ် နာရီ အတွင်း ဘာဖြစ် မယ် ဆို တာ   ဘယ်သူမှ ကြို မသိနိုင် ဘူး ။

ကိုယ် ပိုင် ဆိုင် ထားတဲ့ လက်ရှိ ပစ္စပ္ပုန် ကို သာ စိတ် ချမ်ချမ်းသာသာနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် သင့် တယ် ။ အိုးထိန်းသည် လုပ် တဲ့  မြေ အိုးဟာ ကွဲ ခြင်းမှာပဲ အဆုံး သတ် ရ သလို သတ္တ၀ါတွေ ဟာလည်း သေခြင်းနဲ့ ပဲ ဇာတ် သိမ်းရတယ် ။( သုတ္တနိပါတ် ၊သလ္လသုတ် )။ အခုရွာထဲမှာ သွားလာ လှုပ်ရှားနေတဲ့ သူတွေ နောက်ဆုံး တစ်နေ့ သေမင်းက ဖိတ် စာ ပို့ လိုက်ရင် အားလုံးသွားကြရမယ်။
ဘယ်သူအရင်သွားရ မယ်သာ  မသိတာ ၊သွားရမှာတော့ဧကန်  ။ ( သူသွားတော့ လည်း   ငါ လိုက်ပို့ ၊ငါ လိုက် ပို့တော့ လည်း သူကပ သွားပေါ့ )။ တစ်ခြားဖိတ် စာတွေ က သွားချင် လည်းရ ၊မသွားချင် လည်းရ  ။သေမင်းဖိတ်စာကျ  မသွားချင် လို့ မရ ။ရှောင်ကွင်းလို့ မရ ။
ရက်ချိန်းတောင်း လို့ မရ  ။သုံးမိနစ် ပဲ စောင့် လို့ ပြောလို့ မရ ။ သူခေါ်ချင်ရင် တစ်စက္ကန့်လေးတောင် စောင့် လို့မရ ။

                                                                         " သီးသန့် ဖိတ်စာ "

                                               လက်ထပ်ဖိတ်စာ  ရောက်ရှိ လာလျှင်  မသွားချင်က နေလို့ ရ၏ ။
                                               မွေးနေ့ ဖိတ်စာ     ရောက်ရှိလာလျှင် မသွားချင်က နေ လို့ ရ၏ ။
                                               အလှုဖိတ် စာ       ရောက်ရှိ လာလျှင်  မသွားချင်က နေလို့ ရ၏ ။
                                               ဆွမ်းကျွေးဖိတ် စာရောက်ရှိလာလျှင်     မသွားချင်က နေလို့ရ၏ ။
                                               ငါ လို လူအား  လေးလေးစားစား  အရေးထားကာ ဖိတ်စာလေးတွေ
                                               ရောက်လာလေခဲ့ ။ချိန်ခါ တစ်ရပ် အမည် တပ် ကာ နေရာလိပ် စာ၊
                                               ပြည့်စုံစွာဖြင့် ၊ဖိတ်စာ တစ်စောင် ၊လိပ် ပြာတောင်ဖြန့် အလန့်တထိတ်
                                               သေမင်းဖိတ်စာ၊ရောက်ရှိလာက ဘယ်မှာ အလျဉ်းရှောင်ကွင်းမရ ။
                                               မရဏမင်း  ၊ဘယ်လိုငြင်းလည်း ၊ငြင်းလို့ မရ၊လက်ဆောင်ကြီးသေး
                                              ဆီးကြိုပေးလည်း  ပေးလို့မရ။ ထိုမှ တဖန်ငြင်းဆန်ခြင်းငှာ မစွမ်းသာ၍
                                              သေမင်းဖိတ်စာ မရောက် လာမှီ ၊ဖိတ်စာ တစ်ခု အကြောင်းပြု၍ ၊
                                               ယခု ပင် လျှင် ၊မရောက် ခင်က ကြိုတင်ကောင်းမှု့ ၊ကြိုးစားပြုလော့ ။

သေမင်းပို့တဲ့ ဖိတ်စာ လိပ် စာမှန်လို့ လိုက်ရရင် အကြောင်းမဟုတ် ။လိပ်စာမှားပြီးရောက်လာရင်တော့ ကိုယ်ကြိုးနည်းပြီ ။ အချိန် မတိုင်ခင် လိုက်ရ လိမ့်မယ်။ရွာထဲမှာ ငယ်ငယ်ရွယ် နဲ့ သေသွားကြ တာတွေ အများကြီး ။ပိုးထိလို့  ၊ကားတိုက်လို့ ၊ရ ထား ကြိတ်လို့ ။ဒါမျိုးတွေ က သေရိုးသေစဉ်မ ဟုတ် ။ အဲဒါ သေမင်းဖိတ်စာ လမ်းမှားလာတာ ။ကံဇာတ်ဆရာက မှော်ပညာနဲ့ လှည့်စား လိုက် တာ ။( ဥစ္စာကံ စောင့် ၊အသက် ညဏ်စောင့် ) ဆိုတဲ့ စကားရှိ သားပဲ ။ကံတရားရဲ့ အလှည့် စားမခံရအောင် အသိညဏ်လေးနဲ့ ယှဉ်ပြီး သတိကြီးစွာနေကြပေါ့ ။

                                                        "  လူ့ဘ၀ဆိုတာ အလျားလေး တစ်ခုပါ "

 လူ့ဘ၀ ဆိုတာ မွေးဖွားခြင်း မှတ် တိုင်နဲ့ သေဆုံးခြင်းမှတ် တိုင် ။ အဲဒီ မှတ် တိုင်လေးနှစ်ခုကြားက  အလျားလေး တစ်ခုပဲ။ဒီ အလျားရဲ့ အတို အရှည် ပမာဏာ က တစ်ယောက်နဲ့ တစ်ယောက် နဲ့ တစ်ယောက် မတူကြ ဘူး ။ အသက် ငယ်ငယ်နဲ့ သေရ သူတွေ  အလျားတို တယ် ။  အသက်ကြီးမှ သေရ သူတွေ  အလျားရှည်တယ် ။ ( လူတိုင်း မအို ဖူးပေမယ့် လူတိုင်းငယ် ဖူးကြတယ် )။ အသက် ငယ် စဉ်မှာ သေသွားကြတဲ့ သူတွေ မအို ဖူးကြ ဘူး ။ အလျားလေးရဲ့ အတိုအရှည် ပမာဏာကို ကံဇာတ်ဆရာ ကပဲ  သတ် မှတ် ပေးလိုက် တာ။ အတိတ် ကံ ကို သတ်မှတ်  လိုက်တဲ့ ပမာဏ ကို ပစ္စုပ္ပန် ကံညဏ်ဝီရိယတွေနဲ့ ပြုပြင် ပြောင်းလဲ ပေးလို့ ရ တယ် ။ ရှိရင်းစွဲ ပမာဏ ထက် တိုသွားအောင် လုပ် လို့ ရ တယ် ။ ထပ်ရှည် လာအောင် လည်း ဖန် တီးလို့ ရ တယ် ။အတိတ် ကံ က  အသက်  ၂၀ နေရ မယ် သတ်မှတ် လိုက် ပေမယ့် ပစ္စုပ္ပန် ကံ ညဏ်ဝီရိယနဲ့ မစောင့်ရှောက်ရင် ရှည်နေ တဲံ ပမာဏာ တို သွားနိုင် တယ် ။

ဟိတောပဒေသမှာ လာတဲံ စကားလေးကတော့ ( လူက ညဏ်ဝီရိယနဲ့ မစောင့် ရှောက် ပေမယ့် ကံက စောင့်ရှောက်ရင် အသက် ရှည် နိုင် တယ် ။ ညဏ်ဝီရိယ အကူ အညီနဲ့ လူက ဘယ်လောက် ပင် စောင့်ရှောက်ပါစေ  ကံက သတ်ရင် သေနိုင် ပြန် တယ်တယ် ) တဲ့  ။

ကျွန်ုပ် ကလေး ဘ၀က   "ကို ငတင် " ဆိုတဲ့ လူပျိုကြီး တစ်ယောက် ဆုံးခဲ့ ဖူးတယ် ။ ( အဲဒီ  ကို ငတင် -- ဆို တာ ကျွန်ုပ် အဖေရဲ့ ညီ ပေါ့ )။ အသားက ဖြူ ဖြူ ၊အရပ်ကရှည်ရှည် ။တကယ်ကို သေတာနဲ့ မတူ  အိပ်ပျော်နေတဲ့ အတိုင်းပဲ လူကြီးတွေက အသက် ရှု ----မရှု  ၀ါဂွမ်းစလေး နှာခေါင်းနားကပါ ကြည့် ကြ တာ ကို လည်းမှတ် မိနေ တယ် ။ ( တကယ်သေ ---  မသေ ဆိုတာ ဆို တာသေ ချာအောင် ပေါ့ )
ကျွန်ုပ်ကတော့ မကြောက် မရွံ့  သူ့ မျက်နှာကို အနီးကပ် ကြည့်ရင်း ( ရှင် ခြင်းနဲ့  သေခြင်း ဟာ  အသက် ရှု -----မရှု ဆိုတာ လေးပဲ ကွာတာလား။ အသက် မရှု တော့ရင် သေတာပဲ လား ။ သေမင်း ---ဆိုတဲ့ လူကြီးက သူ့ ကို ဘယ်ခေါ်သွားတာလဲ ။ သူ  ဟိုမှာ  ဘာတွေ ဖြစ်နေတာလဲ ။  သူ ဘာတွေ ယူ သွားပြီး ဘာတွေ ချန် ထားခဲ့ လဲ ။ သေပြီ ဆိုတာနဲ့ ထလို့ မရတော့ ဘူးလား ။ ငါ သာ ဆိုပြီး ရှိ သမျှ ခွန်အားတွေ စုစည်းပြီး  အတင်းရုန်းထပစ်လိုက်မှာ ) လို့ တောင် ကြံကြံဖန်ဖန်  ကလေးအတွေးနဲ့တွေးခဲ့ ဖူးတယ် ။ဒါပေ မယ့် သေတာ မဟုတ်ပဲ ဘီ လူးစီးတာတောင်  ( စိတ် က သိနေရက် နဲ့ ) ရုန်းထ လို့ မရ ပါ လားဆို တာ ကလေး ဘ၀ မှာဘဲ ပြန် သိခဲ့ ရ တယ်  ။

ဘုရားဒေသနာတော် မှာ သေ တယ် ဆို တာ ---------

၁။ဝိပါက် ၀ိညဏ် ----- လို့ ခေါ်တဲ့ ( စိတ် ) လည်း မရှိ ၊

၂။ ဥသ္မာ----- လို့ ခေါ်တဲ့ကမ္မဇ တေဇော ( ကိုယ် ငွေ့ ) လည်းမရှိ ၊

၃။ ရုပ် ဇီ ၀ိတ ၊နာမ် ဇီဝိတ ---- လို့ ခေါ်တဲ့ ( အသက် ) လည်း မရှိ ။

ဒီ သုံးချက်မရှိရင် သေတာပဲ ။ တစ်ချို့ က တစ်စုံ တစ်ယောက် ကို တောင်းပန် ချင်ရင် ( စိတ်မရှိပါ နဲ့ ဗျာ)  လို့ပြောတက်ကြ တယ် ။စိတ်မရှိပါ နဲ့  -ဆိုတာ  သေတော့လို့ ပြောတာနဲ့ အတူတူပါ ပဲ ။သေပြီးသူရဲ့ ရုပ်အလောင်းမှာ ကံကြောင့် ဖြစ်တဲ့ ကမ္မဇရုပ် မရှိ ။ လူ့ ဘ၀ကို ပို့ ဆောင် လိုက် တဲ့ ကံ လည်းကုန် ။ ဒီ စကားအရ  လူသေတာ ကို ( ကံ ကုန်တယ် ) လို့ ပြောနေ ကြတာ ။ စိတ်ကြောင့် ဖြစ်တဲ့ စိတ္တဇရုပ် နတ္ထိ ။ အာဟာရ ကြောင့် ဖြစ်တဲ့ အာဟာရ ဇရုပ် လည်း ချူပ် ။  ဒီ     ရုပ်  သုံးမျိုး  အစဉ်အတိုင်းချုပ်ပြီး  အလောင်းကောင်မှာ ကျန်တာ ဆို လို့  ဥတုကြောင့် ဖြစ်တဲ့ ဥတု ဇ ရုပ် ပဲ ကျန်တော့ တယ် ။ ဒါကြောင့် မို့ နာရေးဖိတ်စာတွေ မှာ ( ကြွင်းကျန်ရစ်သော သတုဇ ရုပ် ကလာပ် ကို ) လို့ ရေးကြ တာပေါ့ ။

အလောင်းကောင်မှာ   ကမ္မတေဇော  ( ကိုယ်ငွေ့ )မရှိလို့ သေပြီ ဆို တာနဲ့ သိပ် မကြာခင်မှာ ပဲ ရေခဲ တုံးလို အေးစက် သွားတယ် ။ ထင်းကလားတုံး လို ဘာမျှ အသုံးမချ လို့မရ ။ ငှက်ပျော တုန်းက မှ မုန့်ဟင်းခါး ချက် စားလို့ရ ဦးမယ် ။  ကြက်သေကောင် ၊ငှက် သေကောင်  ကမှ  ယူ မယ့် သှူရှိ ဦးမယ် ။ ခုတော့  ယူ ဖို့ မပြောနဲ့ ။ဖောရောင်နေတဲ့ လူသေ ကောင် ကို ယောင် လို့မျှတောင် မကြည့်ချင်ကြ  ။ ( လူသေကောင် မီးရှို့ ရာမှာ  အကုန် မလောင် ကျွမ်းပဲ တစ်ပိုင်း တစ်စ ကျန်နေတဲ့ ထင်းကို ထင်းကလားတုံး   လို့ ခေါ်ကြောင်း  မြန်မာ အဘိ ဓာန် က ပြ တယ် ။ အလောင်းကောင်ကို ထိုးဆွပေးရတဲ့  ၀ါးချွှန် ကို  (တံစူးဝါး )  "  တံစို့  " လို့ ခေါ်တယ် ။အမင်္ဂလာ ပစ္စည်းတွေ မို့ ဘယ်သူမှ မသုံးကြ ။ရှေးဆရာတော် ကြီးတွေ က တပည့်တွေ ကို ဖိနှိပ် ဆုံး မ ချင်ရင်  အလကားဦးပဉ္စင်း ထင်းကလားတုံး  လို ဘယ်နေရာမှ ကို သုံးလို့ မရ ဘူး  ) တဲ့ ။

                                                        " အနံ့ ထွက်လေ  အနားမကပ်ချင်လေ "

ဘုရားရှင်ရဲ့ အမိန့်တော်အရ  ဖူးရောင် တက်ကြွနေတဲ့ သီရိမာရဲ့ ရုပ် အလောင်း ကြီးကို လူးအများ မြင်သာအောင် သုဿာန်သင်္ချိုင်းမှာ ထုတ်ပြထားစဉ် --ဟိုအရင် က သီရိ မာအပေါ် တပ် မက် စွဲ လမ်းဖူးတဲ့ ရ ဟန်းတော်လေး စိတ် ထဲ အဲဒီ အလောင်းကောင် ကြီး မြင် လိုက် တာနဲ့ အကြီးအကျယ် ထိတ် လန့် တုန်လှုပ် သွားတယ် ။မယုံနိုင်လောက်အောင်ကို တအံတသြ ဖြစ်လွန်းအားကြီးလို့ မျက်လုံးကို ကမန်းကတမ်း ပွတ်ကြည့်ရင်း ------

( ဟင်-----ဒါ----ဒါ ငါ နှစ် သက် စွဲ လမ်းခဲ့ တဲ့ သီရိမာ -ဆိုတဲ့ အလှ မယ် လေးမှ   ဟုတ်ရဲ့ လား ။ဟိုတုန်း က ဒီ ကလေးမရဲ့ အလှ အပတွေ ခု ဘယ် ရောက်ကုန် ပြီ လဲ ။ အသက်ရှင် စဉ်က တစ်ည တစ်ထောင်ပေးမှ ပျော်ပါးခွင့်ရ တဲ့ အလှ မယ် ။ အခုကျတော့  " အလကား ဘယ်သူ ယူမလဲ" လို့ ဘုရားရှင် ကမေးနေ တာတောင် တုတ်တုတ် မျှ မလှုပ်ကြ ဘူး ။ ငါ့ ကိုများ  " ချစ်သားရ ဟန်း ဒီသီရိ မာ ကို ယူ မလား " ဆို ရင် ဒုက္ခ -----  တဲ ။

ကဲ----အဲဒါပဲ ကြည့်တော့။ သီရိမာနဲ့ တွေ့ ရ မယ် ဆို လို့ သူ့ ခမျာ  ၀မ်းသာ အားရ နဲ့ထလိုက် လာလိုက်တာ  ။ဒါပေ မယ့်  ခေါ်လာတာက အိမ် လည်း မဟုတ်  ။ သုဿာန် သင်္ချိုင်း ။တွေ့ လိုက်ရ တာ ကလည်း ကျက်သရေ ရှိတဲ့ သီရိမာ  မဟုတ်  ။ကျက်သရေ ယုတ်တဲ့  အပုပ် သည်  ။ နောက် ဆုံး မြတ် ဗုဒ္ဓ ရဲ့ တရားတော်ကိုနာကြားရင်း သောတာပတ္တိ မဂ် ညဏ် ဆိုက် ခဲ့ တာမို့  လိုက် လာရ ကျိုးတော့ နပ်ခဲ့ ပါရဲ့ ။

အရှင် ရာဇိန္ဒ အစ်မ  မအုံးရှိန် ဆုံးစဉ်က အလောင်းသွားကြည့် ပြီး ပြန် လာတဲ့ အဒေါ် တစ်ယောက် ။ မျက်ရည် လေး စမ်းစမ်း နဲ့  (အုံးရှိန် တို့ များ သေ ပြီးတာတောင်  လှ လို့ ၀ လို့ ။ နှ မြော စရာကောင်းလိုက် တာ )------ ဆိုပြီး ငိုသံလေးနှော   ပြောနေ တုန်း  ။ကျွန်ုပ် ရဲ့ အမေက ချက်ချင်း ထိုင်ရာက ထပြီး အလောင်းကို သွားအကြည့် ။ ပြန် လာတဲ့ အခါ မှာတော့  အဒေါ် ဖြစ် သူကို မျက်စောင်းထိုးပြီး (ညည်းနှယ်အေ-------ဘယ်က လာ လှ လို့ ၀ လို့ရ မှာလဲ  ။ဟို မှာဖြင့် မျက်နှာ က ဖောရောင်နေတာ စကောလောက်ကြီးရှိတယ် ။ သနပ် ခါးလိမ်း ပေးတာ တောင် သေချာ မကြည့်ရဲ လို့ ။ လက်နောက်ပြန် ထားပြီးလိမ်းပေးရတာ ) လို့  ပြန်ပြော လိုက် သတဲ့ ။

တစ်ချို့ များ  ချစ် သူ ခင် သူ သေတဲ့ အခါ  အလောင်းကို ဖက်ဖက် ပြီး ငို တက်ကြသေးတယ် ။ ဒါလည်း သေခါစမို့ ပါ ။ နှစ် ရက် သုံးရက်ကြာလို့ အပုပ် နံ့ ကလေး  သင်း လာပြီ ဆိုရင် ဖက်ငို ဖို့ မပြောနဲ့ ။အနားတောင် မကပ် ချင် ကြ တော့ ဘူး  ။ သေပြီ ဆိုရင်  အိမ်ပေါ်မှာ မထား ၊အိမ် အပြင် ထုတ် ။တစ်ချို့ ကျတော့ လည်း အိမ် ၀ိုင်းထဲ မှ ကို မထား ၊အိမ်ရှေ့ လမ်းမပေါ်မှာ ။ တစ်ချိုက ကလည်း ရွာ အပြင် ဘက် က လယ်ကွင်း ယာကွင်းထဲမှာ ။ စင် ကလေး ထိုး လို့ ။အရှက် လုံရုံလေး ဖုံးလို့ ။ကျီး ထိုးထိုး ခွေးစားစား ။ရုပ် အလောင်းနဲ့ ဝေးလေ ကောင်းလေ ။ အနံ့ ထွက်လေ  အနားမကပ် ချင်လေ ။ရုပ် ပျက်လေ ၊မကြည့်ချင်တော့လေ  ။ဒါတောင် နောက် က လိုက်ဦးမယ် ဆို တဲ့ သူကရှိသေး ။

လင်ယောက်ျား အလောင်းကို မြေ ဖို့ ခါနီး  ဇနီး ဖြစ်သူက  ( တော် မရှိရင် ကျွန်မ လည်း မနေ ဘူး ။တော့ နောက် လိုက်ခဲ့ မယ် ) ဆိုပြီးခြောက်ပေကျင်းထဲ ခုန်အချ ။ လူတွေ က ပြန် ဆွဲ တင် ။ တင် ပါ သော် လည်းပြန် ခုန် ချ ။ တစ်ခါ လည်းမက  ၊နှစ်ခါ လည်းမက ၊သုံးကြိမ် မြောက် ခုန် အချမှာတော့ စိတ်ပေါက် ပေါက်ပေါက် ရှိတာနဲ့  မသာ အခေါင်းကို ဖွင့် ပြ  ။အပုပ်နံ့ ကလည်း  ထောင်းခနဲ   အထ (  အောင်မလေးတော့--ဝေါ့ )--ဆိုပြီး  အန်ရင်း ကျင့်နှုတ် ခမ်းပေါ်ပြန် တက် သွားလိုက်တာ ဘယ်ပုံ ဘယ် နည်း အပေါ်ရောက် သွားမှန်းတောင် မသိ ဘူး ။ မျက်စိလည်း မဖွင့်ရဲ ၊မျက်နှာလွှဲ ပြီး  အော် ပြောလိုက် ပုံက (ကျွန်မ မ ကြည့်ရဲ ဘူး  ခပ်မြန်မြန် သာ မြေ ဖို့ လိုက် ကြ ပါတော့ )တဲ့ ။

မုံရွာ အရှေ့ လယ်တီ တိုက် ပဌာန်း ဆရာတော် ဦးညဏိန္ဒ ပြန်လွန်စဉ်က  ဒေါ်သန်းတင် အမည်ရှိ  ဒကာမကြီး တစ်ဦး ကျောင်းအပေါ်ပြေးတက် လာပြီး  ( အောင်မလေး  --ဆရာတော် ဘုရား) ဆို ပြီး  အလောင်းကို ပြေး အဖက် ၊ထွက် လာတဲ့ အပုပ်နံ့ ကြောင့် ( ဟင် ) ခနဲ ဖြစ်ပြီး ချက်ချင်းနောက် ပြန် ဆုတ် သွားသတဲ့  ။ အနားမှာရှိတဲံ တိုက် အုပ် ဘုန်းကြီးက ပြုံးစိစိနဲ့ (ဒကာမကြီး  အားရအောင်ငိုနော်) ဆို တော့ ( မှန် ပါ ----ဒီလောက် ဆိုရ ပါ ပြီ ဘုရား )---တဲ့ ။ သူ့ ခမျာ့  ပျို့ တက် လာတဲ့  တံတွေး ကို မျို ချရင်း  မျက်နှာကလည်းရူံ့ မဲ့ လိုပေါ့ ။

မြို့ က မသာတွေ ဆိုရင်  လူသေ ကောင် အနံ့ မထွက်အောင်  ဖော်မ လင် ( Fonmalin )အပုပ် ခံဆေးတွေ  ထိုးပြီး ကာကွယ်ကြ တယ် ။တောရွာတွေ မှာ ဓာတ် ဆီ နဲ့ ကန့်နဲ့ရောပြီး ပါးစပ် ထဲ လောင်းထည့် ။ အချို့ ကလည်း ကျောက် ဖရုံ သီးတွေ ခံ ၊ ထုံးတွေ ဖြူး ။ကျွန်ုပ် အမေ သေတုန်းကတော့ တောချက် အရက် ဆီ ထည့်လိုက်တာပဲ ။ အမေ သေဆုံးခါ စ အသက် ထွက် ပြီးတာနဲ့ အမေ့ ပါးပြင် နှစ်ဖက် ကို အားရ ပါးရ နမ်းရှိုက် ခဲ့တဲ့ ကျွန်ုပ်  ။နောက်နှစ်ရက်ေ လာက် အကြာမှာ  (နမ်းဦးမလား )မေးရင်  "  ဟင့် အင်း  " ပါပဲ ။ ( မေးတဲ့ သူကိုတောင်  မျက် စောင်းထိုးကြည့် လိုက် ဦးမယ် ) ။ 

                                              " လူသေရင် ငို တက်ကြ တာ ပုထုဇဉ်တွေရဲ့ သဘာဝပဲ လား"

တောရွာက   သုဿာန်တွေမှာ အသုဘ ချရင်  အော်ငိုကြ တာများတယ် ။ရှက်မနေ ဘူး ။ ဟန် လုပ်မနေ ဘူး ။ အငို သန်တဲ့ သူ ဆို  ရေကာတာကျိုး သလို  မျက်ရည်တွေ က ဒလဟော စီးကျ ၊နှပ်ချေးတွေက ထွက် ၊ကျူကျူပါ အောင် အော် ငို လိုက်တာ ၀က် ၀က် ကွဲ ရုံမက ဟက် တက်ပါ ကွဲရောပဲ ။မြို့ က သုဿာန်တွေမှာတော့   ငိုသံတွေ သိပ်မကြားရ ။ သူတို့ က အသက် ထွက် ငိုရ မှာ ရှက်နေပုံရ တယ် ။
ဟို ယခင် ကြံတော  သင်္ချိုင်း ရှိ စဉ်ကကျွန်ုပ်  တစ်ခေါက်ရောက်ခဲ့ ဖူးတယ် ။ဗဟန်းညောင်တုန်းတိုက် မှာ  နေတုန်းကပေါ့ ။ မြို့ ထဲ မှာ လူ စည် သလို ၊ကြံတောမှာလည်း  လူပေါ တာပဲ ။ အလောင်းတွေများလွန်းလို့   အခေါင်းရောင်းသူတွေ လည်းစ အလုပ် ဖြစ် ။လွမ်းသူ့ ပန်းခွေ ရောင်းသူတွေ လည်း အဆင်ပြေ ။ အမင်္ဂ လာပစ္စည်းရောင်းတယ် ဆိုပြီး  အထင် မသေးလိုက်နဲ့ ။ မှားသွားမယ် ။

သူတို့ ရောင်းတဲ့ ပစ္စည်းက ဘယ်သူမှ ဈေး မဆစ်တဲ့ ပစ္စည်း ။ အဆစ် အပို မတောင်းတဲ့ ပစ္စည်း ။ ဟုတ်တယ်လေ  ----( ကျွန်တော် အတွက်  အခေါင်းသေးသေးလေး တစ်လုံးလောက် ထည့် ပေးပါ )လို့  ဘယ်သူ တောင်းလို့ လဲ။ဈေးလည်း သွားမလျှော့ ခိုင်းနဲ့ ။ (တော်ကြ --ဈေးတော့ မဆစ်ပါ နဲ့ ၊ခင်ဗျား အလှည့် ကျ ရင် ကျွန်တော်  အလကား လုပ်ပေးပါ မယ် ) ဆို ဒု က္ခ  ။ မီးသဂြိုလ် စက် အလုပ်သမားကြည့်တော့ လည်း လက် ဖျားငွေ သီးနေတာ ပဲ။ သဂြိုလ်စက် ခေါင်း တိုင် က မီး ခိုးလုံး ထွက်နေ သမျှ  သူ့အိပ် ကပ် ထဲ လည်း  ငွေက  အမြဲဝင်နေတာ မဟုတ်လား ။

ကြံတောက  သင်္ချိုင်း ဆိုပေ မယ့်ေ ကြာက်စရာမကောင်း ။ကလေးတွေ လည်းသွားရဲ လာရဲ ။ အမြဲ နေ လူ လည်းရှိ ။နေ့ စဉ် လူတွေ ကလည်း  သေ  ။ အလောင်းတွေကလည်းထပ် ။ဟိုဇရပ်မှာလည်း အလောင်း ။ ဒီဇရပ်မှာ လည်း အလောင်း  ။ သူ့ အလောင်းနဲ့ သူ၊သူ့ အခေါင်းနဲ့ သူ ၊ သူ့ ဘုန်းကြီးနဲ့ သူ ။ သူ့ ပရိတ် သတ်နဲ့ အတူ ။အချိုက အလောင်းတွေက အခေါင်းထဲ ထည့် လို့  အချို့ အလောင်းတွေ က ဇာပုဝါလေးတွေ အုပ် လို့ ။

အလောင်းတွေများလို့  အလောင်းမှားငိုမိ တာတွေလည်း ရှိ ခဲ့ ဖူး တယ် ။ အမျိုး သမီး တစ်ယောက်  အူယားဖားယားနဲ့  အခေါင်းတစ်ခုရှေ့ မှာ အပြေလာရပ် ပြီး  ( ကျွန်မ  လာအောင်တောင် မစောင့်တော့ ပါ လား  အဒေါ်ရယ် ။ သတင်းကြားကြားချင်းကျွန်မ ပြေးလာခဲ့ တာပါ )--ဆိုပြီး တအိအိနဲ့ ကျိတ် ငိုနေတုန်း  ( အစ်မ --အစ်မ --အလောင်းမှားနေပြီ ။ဒုက္ခ ပါ ပဲ ။ လာ---လာ  --အဒေါ်အလောင်းက ဟို ဘက် ဇရပ်မှာ ) - လို့ ကမန်းကတန်းပြောရင်း အတင်းဆွဲခေါ် သွားတော့မှ   ဟိုကြည့်  ဒီ ကြည့် လုပ် ပြီး ရှက် ကိုးရှက် ကန်းနဲ့  နောက်က  အမြန် လိုက်သွားသတဲ့ ။ သူ့ ကိုကြည့်ပြီး ဘေးက လူတွေမှာ  သနားရတော့ မလို ၊ရယ်ရတော့ မလို ။

သူများသေတော့ ကိုယ် က ငို ၊ကိုယ်သေတော့  သူများက  ပြန် ငို ။ ဒီ ငိုချင်းကတော့  ဘယ်တော့ မှကို ဆုံးမှာ မဟုတ် ပါ လား ။  မြို့တော်ဦးဆရာတော်ပျံ့လွန် စဉ်က  သူ့ဆွေ မျိုးတွေ  ငို သံ ကြားရတာလည်း  စိတ် မကောင်းစရာ။( ကိုယ်တော် ပဲ   ဟောဟော  နေတယ်လေ။တစ်နေ့ ကျရင် အကုန် ပစ်သွားရမယ် ဆို ။အခုတော့ ကိုယ်တော်  က အရင် ပစ်သွားပြီ လား  ဓမ္မကထိက ကိုယ်တော် ကြီးရဲ့ )--ဆိုပြီး ငိုလိုက်ကြတာ ။သူတို့ ကိုငေးကြည့်ပြီး ကျွန်ုပ် တို့ စိတိထဲ ( အင်း --ငါ့ အလှည့်ကျ ရင်တော့ လည်း တောရွာက ဆွေမျိုးတွေ လိုက် လာပြီး အခုလို ၀ိုင်းငိုကြ မှာ ပဲ ) ဆိုတဲ့ မဟုတ် မဟတ်  အတွေးက  ကြံ ကြံ ဖန်ဖန် ၀င် လာသေးတယ် ။

ဒီကြားထဲက(  အလောင်းကို မြို့ ထဲက မလှည့် ပဲ  ဆရာတော် လမ်းလျှောက်နေကြ တောင်ပေါ်လမ်း က လှည့်ပေးပါ လား ) လို့ တင်ပြ မိတာ တောင်  အကျိုးတော် ဆောင် ဘုန်းကြီးက ( ခုမှ လာပြောရ သလား အချိန်မရှိ တော့ ဘူး ။ကိုယ့် အလှည့် ကျမှ ပဲ ကိုယ် သွားတော့) တဲ့ ။ နဂိုထဲ ကမှ စိတ် အားငယ်နေရတဲ့ အထဲ  အားမနာ ပါးမနာ သူမို့ ပြောရက် လိုက တာ  ။

 လူသေ လို့ ငို တယ် ဆိုတာ ပုထုဇဉ်တွေရဲ့  သဘာဝ လို့ ပြောရ မယ် ထင် ပါရဲ့ ။မငိုရင် ပတ် ၀န်းကျင် က တစ်မျိုး မြင် တက်ကြ တယ် ။
"ဥရဂ " ဇာတ်တော် မှာ ( လူသေတာ  ဘာကြောင့် မငို တာလဲ  ။  သေသူ ကို မချစ်လို့ လား ) --ဆိုပြီး သိကြားမင်းက လူ့ ပြည် ဆင်းပြီး တအံ့တသြ နဲ့  မေးနေတာပဲ ကြည့်တော့ ။မငိုရင် မချစ်ဘူး လို့ ထင်ကြ တယ် ။ ကျန်ရစ်သူတွေ အားရ ပါးရ ငိုပြ မှ  သွားလေ သူက မျက်နှာလှ မှာလား ။( ဘယ်သူသေတုန်းက ဖြင့် ငိုမယ့် သူတောင် မရှိ ဘူး )---ဆိုတဲ့ အသံ မျိုး လည်းကြားရ တယ် ။ငိုသံ မကြားရတာကိုပဲ သူတို့ အတွက် ထူးဆန်းနေ လိုက် ကြတာ ။

မငိုပြန်ရင်လည်း   အပြောခံရ  ။  အငိုသန်ရင် လည်း အပြောခံရ ။ မိဘသေလို့ မငို ဘူး ဆိုရင် ( ဒီ မိန်းမ  သူ့ အမေ သေတာတောင် မျက်ရည် တစက်မကျ ဘူး ။အမေ ကိုမ ချစ်လို့ ဖြစ်မယ်တဲ့ ။ အလွန် အကျွံ ငိုမိ ပြန်တော့ လည်း ( မသေ ခင် ကတော့  လုပ် မကျွေးမှ ပဲ ၊သေမှ ငိုနေ လိုက် တာ )တဲ့ ။ယောက်ျားသေ လို့မိန်းမက တအားငိုမိ ပြန်ရင် လည်း (အဲဒိ မိန်းမ ကြည့် ထား ၊မကြာခင် နောက် လင် ယူ လိမ့် မယ် ) တဲ့ ။ ဟုတ် မဟုတ် တော့ မသိ  ။ကျွန်ုပ် တို့  အသိ  ဒကာမ တစ်ယောက် ဆိုရင် နောက် လင်ချက် ချင်းကောက် ယူ လိုက် တာ ဘုန်းကြီးတွေ ခင် မျာ  ရက် လည် ဆွမ်းတောင်  ဘယ်မှာ စားရ လို့ လဲ ။

တစ်ချို့ ကလည်း  လူနာ က  ဖြင့် မသေ သေး ဘူး ။ မျောနေတာ ။ ဒါ ကို ဆန္ဒစောပြီး ( အောင်မလေး ...အဖေရဲ့  ။သမီးတို့ကို  စိတ် ချ ထား သွားပြီ လား ) လို့ ထအော် ပါ ရော ။ဒီ ငိုသံကြားရင် သွားရ မယ့် သူတောင် အသေ ဖြောင့် ပါ တော့ မလား ။ မိန်းမ တစ်ယောက် ကတော့ သူ့ ရင် ဘတ် သူ တဘုန်းဘုန်းထုရိုက် ပြီး ရင်ဘတ် စည် တီး ရှိုက် ကြီး တငင်ငင်နဲ့ ( ရှင် မရှိ ရင် ကျွန်မ မနေ တက် ဘူး ။ကျွန်မ လည်း ရှင့်နောက် လိုက်ခဲ့ မယ်  ။ကျွန်မ အတွက် တစ်လောင်းသာ ပြင် လိုက် ပါ တော့ )  ဆို ပြီး  ငို လိုက် တာ ။ပြီးတောာ့  တကယ် လည်း မလိုက်ရဲ ဘဲနဲ့။ဘေး လူ ကြားရင်  လင် ကို သိပ် ချစ်တဲ့ မိန်းမပေါ့ ။ ။အဲ သလို   အငို သန်ခဲ့ တဲ့    မိန်းမ ။ တစလောင်းပြင်တော့  တစ်လင် ပြောင်း--ဆို တာ လို ရက် လည် ပြီးတာနဲ့  သူတကယ် လိုက် သွားတာက ယောက်ျား အသစ်နောက် ။ သူပြောခဲ့ သားပဲ (ရှင်မရှိ ရင် မနေ တက် ပါ ဘူး )-----တဲ့ ဆို ။            ။

                                              *                               *                                      *

Blogged with the Flock Browser

No comments: