Tuesday, February 26, 2013

ထီး ( မစန္ဒာ )

မီး သေနေ သော ဆေး လိပ် တို ကလေး ကို နှုတ်ခမ်းထောင့် တွင် မထိတထိ လေးခဲကာ   နံရံ မှီ ရင်း ငိုက်နေ တက် သော  ကိုရေ ခဲ ကို ကြည့် မိ တိုင်း  မစိန် မြ စိတ် ထဲ တွင် မအီမသာ ဖြစ် တက် သည် ။ ထို့နောက်  အမေ ခဏခဏ ပြောခဲ့ ဖူးသော   စကား ကို  သတိရသည် ။

"လင်ယောကျာ်း အမှီ သဟဲ မရှိတဲ့ မိန်းမ ဟာ  မိုးထဲ လေ ထဲ မှာ ထီးမ ပါ ပဲ လမ်းလျှောက်နေ ရ တဲ့ သူနဲ့ တူ တယ် ။ မိုးဒဏ် လေဒဏ်ကို အုပ်မိုး ပြီး ကာကွယ် ပေးမယ့် သူ မရှိ ဘူးပေါ့  တဲ့   ။ "

                                                                                           *
ကိုယ့် ဘာသာ ကိုယ် ကြိုက်၍ ယူခဲ့ သော လင်ယောက်ျား ပင် ဖြစ်သော် ငြား မစိန်မြ သည် ကိုရေခဲကို စိတ် တိုင်းမကျ လှ ချေ ။ သူတစ်ပြားမကျန်အပ် သော လခ ငွေလေးကို လက်ထဲတွင် တင်းတင်း ဆုပ်မထားနိုင် ဘဲ တတိ တတိ နှင့်ေ ပြာင် သလင်းခါ သွားသော အခါများတွင်ကားပို၍  စိတ်တို တက်လေ သည်  ။

"ကလေးတွေ တစ်ပြုံ တစ်ခေါင်းကြီးမွေးထားပြီး လခ တစ်ခု တည်း ကို  အားကိုးနေ လို့ တော့ မဖြစ် ဘူး  ကိုရေခဲရေ ၊အပြင် စီးပွားရေးလေးလဲ ကြံ ဖန်ဦးမှ "

လတစ်ဝက်ကျော် လျှင် မစိန်မြ က ထို စကား ကို နှစ်ခါလောက်ပြောမိတက် သည် ။

" အင်း....ဟုတ်တာပေါ့  ၊ကြံ လေကွာ  ၊ ကြံ .......ကြံ   ........ "

မှိန်းငိုက်နေသော  ကိုရေခဲက မျက်စိကို မပွင့်တပွင့် ဖွင့် ကြည့် ကာ ထောက်ခံသည် ။ ထို့ နောက် မပွင့် တပွင့် မျက်လုံးကို ပြန်မှိတ်ရန် ကြိုးစားသည်။

" ကျုပ် မကြံ တက် လို့ တော့် ကို ကြံ ခိုင်းနေတာ .....တော့ ကို ........ ".

မစိန်မြ က ငေါက်ဆက်ဆက် ပြော သော အခါတွင် ကား ကိုရေခခြမျာ အတန် ငယ် မျက်စိကျယ်သွားကာ သက်ပြင်းကို မသိမသာ ချတက်လေသည် ။

" အင်းလေ....ဒါ ဆို လဲ ကြ ရ တာပေါ့  "

"ဘယ်လိုကြံ မှာ လဲ ပြော "

"ဟ....ချက် ချင်းကြီးလား "

"အို.....ပါးစပ်က တင် ပြောရ မှာ ၊ဘာခက် လို့ လဲ ၊ပြော ...အခု  ပြော  "

"ဟ...ချက်ချင်းကြီးလား"

"အို ..ပါးစပ်ကတင် ပြောရမှာ  ဘာခက် လို့ လဲ ၊ပြော...အခုပြော "

"ဟ...ပါးစပ် က ပြောရ တာလဲ လွယ်တယ်  အောက်မေံ လို့ လား ၊အဲ့ဒီ လောက် များ တော်နေ ရင်   ငါက  ဘာကိစ္စ စာရေး လုပ်နေတော့ မှာလဲ    ၊ဒီ ဂျီ တို့  ၊အမ်ဒီ  တိုက တက် လုပ်နေ မှာပေါ့  "

မစိန် မြ က ကို ရေ ခဲ အား  မျက်စောင်းအကြီးကြီး ထိုး သည် ။

စူပွ  စူပွ  ရေ ရွတ် သည် ။ ဒုန်းခ နဲ ၊ဒိုင်းခနဲ ဆောင့် သည် ။ ထို အချိန် တွင် ကံ ဆိုးမိုးမှောင် ကျ ပြီး  သူ့ အား မျက်စိနောက် အောင် လုပ် မိသော အကြီးကောင်တို့  အလတ်ကောင် တို့ သည် လည်း ကောင်းကောင်း အတွယ် ခံ ရ တက် သည် ။

ကိုရေခဲ ကလည်း  သက် ပြင်း အကြီး ကြီးချ သည် ။

ပါးစပ်မှ ဆေးလိပ် တို့ ကို ဖြုတ် သည်  ။ ထို့ နောက် ပြန် တပ် သည် ။ မီးခြစ်ကို လှမ်းယူကာ မီးညှိ သည် ။  ဘာကိုမှ  မမြင် သလို ၊ဘာကိုမျှ မကြားသလို ၊အားလုံး ကို လျစ်လျူ ရှု့ သည် ။ ဆေးလိပ် တို ကို မီး ခိုးတွေ  တထောင်းထောင်း ထအောင်  ဖွာရှိုက် သည် ။

ဆယ်မိနစ်ခန် ကြာသော အခါ တွင် မူ ကား နံရံ ကို ပြန် မှီ သည် ။  ဆေး လိပ် ကို မေ့ တစ်ချက် လျော့ တစ်ချက် ဖွာ သည် ။  နောက်  ထပ် ဆယ် မိနစ်လောက် ကြာသော အခါတွင် မူကား  ပြန် လည် ငိုက်မျည်းသွားတက် လေသည် ။



                                                                                              *
သူ့ ကိုများပြောရ ရင်   ဒီ လို အဆုံး သတ် ရ တော့ တာပဲ အစ်မ  မစိန်ကြည် ရေ့  ၊ စိတ် ကို ဘယ်ေ လာက် ပျက် သလဲ မမေးနဲ့

 မစိန် မြ က အထက်အောက်   အစ် မဖြစ်သူ ဒေါ် စိန် ကြည် အား ရင် ဖွင့် တက် သည်  ။ ဒေါ် စိန် ကြည် ၏ ယောက်ျားက  ဂန္ဓာလရာဇ် သွေးပါ သည် ။ ညနေ တစောင်းတွင်  ကိုရေ ခဲ လို ပင် နံ ရံ ကို မှီ ၍ ထိုင် တက်သော် လည်း အိပ် ငိုက်နေ တက် သည်တော့ မဟုတ် ၊တရုတ်ပေသီးကို တဂျောက်ဂျောက်တွက် နေတက်သူ ဖြစ် သည် ။ သူ့ ခေါင်းသေးသေးလေးထဲ တွင်  မည် သည့် ပစ္စည်းကို ရောင်းသင့် ကြောင်း  ၊မည် သည့် ပစ္စည်း ကိုလျှော့ ဈေး နှင့် ကောက် ထား သင့်ေ ကြာင်း ၊မည် သည့် ပစ္စည်း ကိုလှောင် ထား သင့် ကြောင်း ၊စသည် များကို အမြဲ တွက် ချက်နေ ဟန် ရှိသည် ။

တရိပ် ရိပ် တက် လာသော ကုန်ဈေးနှုန်းနှင့် အပြိုင် သူ့ လစဉ် ၀င်ငွေ ကို လည်း တရိပ် ရိပ် တိုးလာအောင်  ကြံနိုင် ဖန် နိုင် သူ ဖြစ် သည် ။ထို့ ကြောင့်  မစိန် မြ တို့ လို ပင် ကလေး ငါးယောက်မွေးထားသော လည်း သူတို့ မိသားစုက  ငကျွဲ ဆန် ဖွေးဖွေးကို  အသားဆီ ပြန်  ငါး ဆီ ပြန် နှင့် ဖွယ်ဖွယ်ရာရာ စားနိုင်ကြ သူ များ ဖြစ်သည် ။

တစ်လ တစ်လ  လောက် တယ် ကို မရှိ ပါ ဘူး  အစ်မ ရယ် ပေါင်ရ နှံ ရချေးရ ငှားရ နဲ့ လုံးလည်ချ လည် ကို လိုက်နေ တာပဲ ။ မစိန်မြ က လောက ကြီးကို အတော်ပင် စိတ်ပျက် လက် ပျက် ဖြစ်နေ သည် ။ အခုနေသာ သိကြားမင်းကြီးက နားကင်း ကြီးနဲ့ကိုယ်ထင်ပြကာ လိုရာစု  ကို တောင်း စေဟု ဆိုလိုက်လျှင် နိဗ္ဗာန် မဂ် ဖိုလ် ကို ရက် တိုတို နှင့် ရောက်ရပါ လို၏ ဟူသော ဆုကို တောင်းမိ မည် မထင် ။

တပည့်တော်မ ယောကျာ်း  ကိုရေ ခဲ သည်  အစ်မ ဒေါ်စိန်ကြည် ၏ယောကျာ်း ကို ယု စွမ်လို အရှာ အဖွေ ကောင်းပါ စေ ဘုရားဟု ဆုတောင်းလိုက် မည် ထင်သည် ။

သို့ သော် တာဝတိံ သာ နတ် ပြည်မှ ပဏ္ဍကမ္ဗလာ မြ ကျောက် ဖျာလည်း တင်းလာ ဟန် မတူ ။ သိ ကြားမင်းကြီး ကလည်း ကိုယ် ထင် မပြ ၊ ဒီော့ လည်း ကို ယု စွမ်က ပေသီးတဂျောက်ဂျောက် တွက် နေချိန် တွင် ကိုရေခဲ က ငိုက် မြဲ တိုင်း ငိုက်နေတက်လေသည် ။

 "ကိုရေ ခဲကြီး တော် ရှာ ပါ တယ်အေ "

အခါ တိုင်း  မဟိန်မြ  ပြော လျှင်  ဘာမှ ပြန် မပြော တက် သော် လည်း ဒီ တစ်ခါတော့  မစိန်ကြည် က ကို ရေခဲ ဘက် မှ ရှေ့ နေ လိုက် နေ သည်  ။

"အရက် မသောက်  ၊ဖဲ မရိုက်  ၊ နောက်ပြီး အငယ်အနှောင်းလဲ မရှိ "

 အစ် မ စိန်ကြည် က သူ့ သမီး လာချသော လက် ဖက် သုပ် ပန်းကန် ကို မစိန် မြ ဘက် သို့ တိုးပေး သည် ။
လင် ရယ် မယားရယ် လို့ ဖြစ် လာရင် ငွေရေးကြေးရေး ထက် သစ္စာ တရားက  ပိုပြီးအရေးကြီးပါ တယ်  စိန်မြ ရယ် ၊အိမ်ထောင် တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက်  မယုံ ကြည်ရ ၊စိတ်မချရ ဘူး ဆိုရင် ဘယ်လို လုပ် ပြီး  စိတ်ချမ်းသာရ တော့ မှ လဲ

 မစိန် မြ သည် အစ် မ ဖြစ် သူ အား ဖျက်ခနဲ လှည့် ကြည့် လိုက် မိသည် ။ နာ ကျည်းကြေ ကွဲ မှု့ များနှင့် မှိုင်းပြီးနေ သော မျက်လုံး အစဲု ကို ချက် ချင်း သတိ ထား လိုက် မိ သည်  ။

"ဘာ ဖြစ် လို့ လဲ   ဟင်  အစ်မ  ၊ အစ်ကို ယုစွမ်က  .."

"အေး .... နင့်  အစ်ကို ယုစွမ်က  မယား ငယ် ယူ ထားတယ်လေ "

အစ်မ စိန်ကြည် က မစိန် မြ အား မကြည့် ဘဲ မျက်နှာ  လွှဲ ထားရင်းမှ ခပ် ပြတ်ပြတ် ပြောသည် ။

"ကောင်မလေးက  ငယ် လည်းငယ် တ.ယ် ၊ချောလည်းချော တယ် ၊လှ လည်းလှ  တယ် ။နင့် တူမ အကြီးမ  မိတူး နဲ့ မှ ရွယ် တူလောက်ရှိ မှာ.. "

"ဟင်.... သမီးအရွယ် လေ "
 မစိန် မြက တအံ့ တသြ ရေ ရွတ်မိသည် ။ အစ်ကို ယုစွမ် သည် စီးပွားရှာရန် ကိစ္စ မှ လွဲ ပြီး အခြားအပျော် အပါးများတွင် စိတ်ဝင်စားလိမ့် မည် ဟု သူ ထင်မထားမိခဲ့ ချေ ။

" ငါကတော့  အသက် လေးဆယ်ကကျော် လို့ ငါးဆယ် နား ကပ်နေပြီ ။လူက ဝ ဗိုက် က ပူ ၊ ခါးကတုတ် ဆိုတော့ အတောင့် စား ၊အဖြောင့် စား စမော လေးနဲ့တော့ ဘယ်လို မှ မယှဉ်နိုင် တော့ ဘူး မစိန် မြရေ  "

" ဘုရား .......ဘုရား "

မစိန်မြ က အစ်မ မစိန်ကြည် ၏ ဝမ်းဗိုက် စူစူ ကြီးကို  ကြည့် ရင်း  ကျိတ်ပြီး ဘုရားတ လိုက် မိသည် ။ အစ်မ စိန်ကြည် လောက် မဆိုးသော် လည်း သူ့ ဗိုက် သည် လည်း ပူ သည်ပင် ၊ဗိုက်ခေါက် က လည်း ထူ ၊ခါးက တုတ် နှင့် မို့ ဝမ်းဗိုက်နှင့် ခါး တစ် ဆက် တည်း ဖြစ်နေပြီ ဖြစ်သည် ။ ကိုရေခဲ က ပင် တစ်ခါ တစ်ရံ  မစိန် မြရေ  လို့ မခေါ် ဘဲ  မလိပ် ခါးရေ  မဖား ဖင် ရေ နှင့် နောက် ပြောင် ပြိး ခေါ်တက် သည် ကို  သတိရမိသည် ။  ဒါတင် မက သေး ဘော်လီ အင်္ကျီ ပုံ ကျ ပန်းကျ မ ဝတ် ရ သည် မှာ လည်း အတော်ကြာနေပြီ ဖြစ်သည် ။

ဒီတော့ ခါးအောက် ပိုင်းမလှ သည် သာ မက ခါး အထက် ပိုင်းက လည်းကြည့်ပျော်ရှု့ပျော်လေး ပင် ရှိလိမ့် မည် မဟုတ် သည် မှာ သေချာနေသည် ။ မျက်နှာကတော့ အပျို ကတည်းက ရွက် ကြမ်းရေကျိုဆိုတော့  အခု လို နှုတ်ခမ်းနီပေါင်ဒါနှင့် အဝေးကြီးနေရသော ဘ၀တွင်.........

 "ဘုရား....ဘုရား  ကိုရေခဲ လည်း  တက်များ တက်နိုင်နေရင် အငယ်လေး တစ်ယောက်ယောက် လိုချင်နေပြီလားမသိ ဘူး  "

လက်ဖက်သုပ် တစ်ဇွန်းကို  ကယောင် ကတန်းကော်စားလိုက်ရင်း မစိန်မြ က စိတ် လက်   မချမ်း သာစွာနှင့်တွေးမိသည် ။

"အစ် မသိ တာ     ကြာပြီ လား "

"အင်း  ..နှစ်လ လောက် ရှိပြီ ထင် ပါရဲ့ "

အစ်မ စိန်ကြည်က မျက်ရည်သုတ် သည် ။

"သူကတော့ ဖုံးထားတာပေါ့ ၊ငါ ကလဲ သူ့ ကြည့်ရ တာ  အကဲ မရတာနဲ့ သူမသိအောင်  လိုက်ချောင်းတာ ၊တစ်ခါ တည်း တန်းပြီးတွေ့ တာပဲ  "

"အစ်မ  ဘာ လုပ် လဲ "

 "ငါ လား "

အစ် မ စိန်ကြည် က အံ ကို တင်းတင်း ကျိတ် သည် ။ထို့ နောက်  တစ်စုံ တစ်ခု ကို  မျို ချလိုက်ရသလို တံတွေးကို ပင်ပန်းကြီးစွာ မျို ချလိုက်ရင်း မစိန်မြ အား ခပ်ပျော့ပျော့ ပြုံးပြ သည် ။

ငါလေ  ၊အဲဒီ နေရာက  သူမသိအောင် တိတ်တိတ်လေး ပြန် ထွက် လာခဲ့ တယ် ။

" ဟော....တော့ "

"နင် စဉ်းစားကြည့်လေ  ၊ငါ သိနေပြီ ဆို တာကို သူသိရင် ဘာလုပ် မလဲ  မထူးတော့ ဘူး ဆို ပြီး ပြောင်ပြေင် တင်းတင်း ရှေ့ တိုးတော့ မှာ ပေါ့၊   ခိုးပေးနေရာက   ပြောင်ကြီး ပေးတော့ မှာပေါ့ ငါ့ မှာ ကလေး ငါးယောက် နဲ့ သူ့ လုပ် စာ ထိုင် စားနေရတာ  ဘာမှ လည်း လုပ် တက် ကိုင် တက် တာ မဟုတ် ဘူး  ။သူနဲ့ ကွဲ ရင်  ငါ   ဘာလုပ် စားမှာလဲ ၊မကွဲနိုင်သေးတဲ့   အတူတူ  မသိချင် ဟန် ဆောင်နေတာ တော်သေးရဲ့ လို့ ထင်တာပဲ ဟယ် "

ဒီ တစ်ခါ တော့ မစိန် မြ  သူ့ အစ်မ အအား အတော် ကြီး အထင်ကြီး သွားသည် ။  အသနားကြီးလည်း သနားသွားမိသည် ။ ကိုရေခဲ သာ ဒီ လို လုပ် လာလျှင်  သူက အစမ စိန်ကြည် တုံ့ ပြန် နည်းမျိုး နှင့် တုံ့ ပြန် မည် မဟုတ် သည် ကား သေချာလေသည် ။

"ကိုရေခဲ ကို  နင်က မရှာ ရ ကောင်းလား  မဖွေရ ကောင်းလား နဲ့ စိတ် ဆိုးနေတယ် ။ သူ အများကြီး မရှာနိုင်ပေ မယ့်  သူရှာ လို့ ဖွေလို့ ရ သမျှလေး  နင့် လက် ထဲ အကုန်ရောက် တာပဲ ဟာ ၊ဒါ ဆိုရင် နင် မကျေနပ် သင့် ဘူး လား "

"ကျေနပ် ရမယ်တဲ့ လား "

မစိန် မြ က သူ့ ကိုယ် သူ ပြန် မေးကြည့်ရင်း စိတ် မချမ်း မသာ ဖြစ်မိသည် ။ မပြည့် မစုံ လုံလောက်သော အိမ်ထောင် တစ်ခုတွင် အချိန် အားရတိုင်း ထိုင် ငိုက်နေ တက် သော  အိမ်ထောင်ဦး စီးကို  သူ မည် သို့ ကျေနပ်ရ မည် နည်း ။

" နင်   မရှုကြည် ကို သိ တယ်  မဟုတ်လား ၊ကိုယုစွမ်ရဲ့  ညီ မလေ "

" အင်း ...... သိ တယ်  "

မရှုကြည် သည်  အသားဖြူဖြူ သေသေးသွယ်သွယ်  ကလေး နှင့်  အပျို တုန်းက တော်တော် လေး  လှ သည် ကို  မစိန် မြ သိ သည် ။ အောက် ဆိုက်  တော်တော် များများရ သော ဌာ န တစ်ခု မှ အရာရှိ တစ်ဦးနှင့် လက် ထပ် သွား သည် ။တော်တော် လေး ဟန်ကျ ပန်ကျရှိ ပြီး  စု မိဆောင်းမိ သည် ဟူသော သတင်း ကို လည်း  ကြားနေရ သည် ။

"သူ့ယောက်ျားက  အရက် မသောက်ရင်တော့ ကောင်းတယ်  ။ ဒါပေ မယ့် အရက် ကလေး ဝင် သွားတာနဲ့ သူ့ ကိုရန် လုပ် တော့တာပဲ၊ အကြောင်းမရှိ  ၊အကြောင်းရှာပြီး ဆူတော့ ပူတော့ ရိုက်တော့ ကပုတ်တော့ တာ "

" ဟင်...ဟုတ် လား  "

" အမူးပြေတော့ လည်း ကိုကို မှားပါ တယ်ပေါ့ ၊ပြန်ချော့ ပေါ့  ၊ဒါပေမယ့် ကိုကို က ခဏခဏ မှားနေတော့  မရှုကြည်ခမျာ  မျက်ရည် နဲ့ မျက် ခွက် .... "

" မနေ့ တုန်းကတောင်  လာသေးတယ် ၊ပါးကြီး တစ်ဖက်ယောင် လို့ ၊ကို ယုစွမ်က ဒေါသ ဖြစ်ပြီး နင်  ဒီ ကောင် ကို ကွာ ပစ် ပါ လား ၊ဘာလားနဲ့ ပြောနေ သေးတယ် "

" ဟုတ်သားပဲ ။ ကွာပစ် လိုက် ပါ လား"

" ဟယ်  ..ကလေး နှစ်ယောက် ရနေပြီ ဟဲ့ ၊ကွာ လို့ လွယ် မလား ၊နောက် ပြီး  ငါ တို့ ဆီ မှာ မု ဆိုး မကိုမှ လူလေးစားသေးတယ် ၊တစ်ခုလပ် ဆိုရင်   ပတ် ၀န်းကျင်ကလဲ လေးစားတာ  မဟုတ် ဘူး  "

အစ်မ စိန်ကြည် က တွေးတွေး ဆဆ ပြောသည် ။ တက်ကြွ ရွှင် လန်းခြင်းမရှိသော မျက်လုံးများ သည်ကား မှုန် ပြီး မှိုင်းနေသည် ။ အရောင်တွေ မှိန် ဖျော့နေ သည် ။

" ငါ  အခု  ညဘက်  အားရင်  တရား ထိုင်နေ တယ်  "

အံ မယ်    အစ်မ က

 အစ်မ စိန်ကြည် သည် စိတ် နှ လုံး နူးညံ့ သော် လည်း  ဘုရားတရား ကို သိပ် ပြီး သတိတရ ရှိ သူ မဟုတ် ကြောင်း  မစိန် မြ  သိ သည် ။

" အစော ပိုင်း ကတော့  ဆံပင်တွေ ဖျက်ရ မလား ၊ကောက်ရ မလား ၊အေရိုးဗစ် သွားတက်ရ မလား  ၊ပိန်ပိန် သွယ်သွယ်လေး  ဖြစ်သွားအောင်  အစားလျှော့ စားရ မလား ။ အမျိုးမျိုး စဉ်းစားတာပေါ့ ဟယ် ........... "

"ဒါပေမယ့်   ဘာလုပ်နေနေ  လေးဆယ်ကျော် ဟာ  လေးဆယ် ကျော် ပါ ပဲ ၊အသက် နှစ် ဆယ် ကောင်မလေး လို တော့  ဘယ်တော့မှ  ပြန် လှ လာမှာ မဟုတ် တော့ ဘူး ။ အဲဒါတွေ ကို မြင် လာတော့  ငါ လက် လျှော့ လိုက် တယ် ၊အခု  ဘုရားစာအုပ် ဖတ် တယ် ၊တရား ထိုင် တယ် ၊ကိုယ့် စိတ် ကို ကိုယ် အေးချမ်းလာအောင် အဲဒီ နည်းနဲ့  ပဲ ကြိုးစားတော့ မယ် "

" မစိန် မြ သည်  သက် ပြင်း ကို အရှည် ကြီးချ လိုက် မိသည် ။ လော က ကြီးတွင်  ဘာကြောင့် များ  မသာမယာ  အိမ်ထောင်တွေ  ပေါများနေရသနည်း   ။ ငွေရှိပြန်တော့  သစ္စာ တရားမရှိ   ၊ငွေ နှင့် သစ္စာ တရားရှိပြန်တော့ လည်း အကြင် အနာ တရားမရှိ ၊အ ကြင်နာတရားလေးရှိသော အိမ်ထောင် ကျတော့ လည်း  ငွေ က ချို့ တဲ့ ပြန်  ၊အခြေ ခံ  လိုအပ် ချက် တွေ  မပြည့် စုံ ပြန်တော့ စိတ်တိုကြ  ၊ရန်ဖြစ်ကြ ပြန် ။ "

 " အို....စိတ်ညစ်ပါ တယ်   ၊ပြန်တာပဲ ကောင်းပါ တယ်  "

မစိန်မြ က နေရာမှ ထကာ  ထဘီ ပြင် ၀တ် သည် ။ဘော်လီ အင်္ကျီ က လျော့ရိလျော့ ရဲ   ၊   ဗိုက် က ပူပူ   ၊ခါးက တုတ်တုတ် နှင့် သိပ် ပြီး ရှုချင် စဖွယ်  မကောင်းလှသော ခန္ဓာ ကိုယ် တစ်ခု ကို မှန် ဗီ ရို မှ မှန် ထဲ တွင် လှမ်း၍   တွေ့ လိုက်ရ သည် ။

"အင်း...ဒီ ခန္ဓာကိုယ်ကြီး ကို ကြည့်ပျော် ရှု့ ပျော်ဖြစ်လာအောင်  ဆင်စရာ ၊ ပြင် စရာ  အင်္ကျီ  အ၀တ် အစား လှလှ ပပ သစ်သစ် လွင်လွင် မရှိ ပြန်တော့ ပို ဆိုးတာပေါ့  "

မစိန်မြ က  မှန် ထဲ မှ  အရိပ် ကို မျက်မှောင် ကုတ် ၍ ကြည့် မိရင်း ခါး သီး စွာ တွေး သည် ။

" ဟဲ့... နင် က ပြန် တော့ မလို့ လား "

" အင်း  ..ညနေ စာ မချက် ရ သေး ဘူး  "

" ရော့...ရော့၊ ကလေးတွေဖို့ မုန့်လေးယူသွားဦး "

အစ်မစိန်ကြည်က ဘီစကစ်မုန့်တစ်ထုပ်နှင့် ငွေအစိတ် ထုတ်ပေးသည်။

 "မိုးတွေကလဲ အုံ့လို့ မည်းလို့၊ နင့်မှာ ထီးရောပါလာရဲ့လား "

" ပါတယ်လေ.....ဟောဒီမှာ "

မစိန်မြက အပေါက်တွေအဖာတွေပြည့်ပါနေသော သူ့ထီးကြီးကို လှမ်းယူကာ ချိုင်းကြားတွင် ညှပ်သည်။ သက်တမ်းအတော်ကြာပြီဖြစ်သော ထီးရွက်များကလည်း အမည်းရောင်တွေ ပြယ်လွင့်ကာ အရောင်မွဲနေလေသည်။ တော်ရုံတန်ရုံ မိုးဖွဲကျရုံလောက်နှင့်တော့ ဒီထီးကြီးကို ဖွင့်ပြီး ဆောင်းချင်စရာမကောင်းလှပေ။ အစ်မစိန်ကြည်က မစိန်မြ၏ ချိုင်းကြားမှ ထီးကြီးကို ခေတ္တမျှ စိုက်ကြည့်ပြီး ခပ်ခြောက်ခြောက် ရယ်မောသည်။

" အမေ ခဏခဏပြောတာသတိရသေးလား မိစိန်မြ "

" ဘာလဲ "

" လင်ယောက်ျားမရှိတဲ့မိန်းမဟာ မိုးရေထဲမှာ ထီးမပါဘဲ လျှောက်နေရတဲ့သူနဲ့တူတယ်ဆိုတာလေ "

"အမေသာရှိသေးရင် ကျွန်မက ပြန်ပြောချင်နေတာ အစ်မရေ့ ၊ ထီးတော့ဆောင်းထားပါရဲ့၊ ဒါပေမယ့် အဲဒီထီးက အစုတ်ကြီးဖြစ်နေရင် မိုးရေတွေ ဖောက်ဖောက်ပေါက်ကျပြီး ရွှဲစိုတာပါပဲ လို့လေ "

ဒီတစ်ခါတော့ သူတို့နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦးကြည့်ကာ ဟက်ဟက်ပက်ပက်ရယ်မိကြသည်။ ထို့နောက်
် အစ်မစိန်ကြည်က မချိပြုံးနှင့် ခပ်ပျော့ပျော့ ပြောသည်။

“ အကောင်းစားခေါက်ထီးတွေ စဟီးကိုင်းတွေလဲ စိတ်မချရပါဘူးဟာ၊ လေပြင်းတိုက်ရင် မိုးထဲ လေထဲမှာ ကိုင်းကြီးကော့ပြီး လန်ထွက်သွားတတ်တာပါပဲ

အပြန်လမ်းကျတော့ မိုးတွေ သဲသဲမဲမဲ ရွာသည်။ မစိန်မြလည်း သူ့ထီးစုတ်ကြီးကို ဖွင့်ကာ ဆောင်းရ သည်။ ပြည်တွင်းဖြစ်ဖဲထီးဆိုတော့ ခေါက်ထီးတွေလို ကိုင်းတွေက ကော့လန်သွားခြင်းမရှိပေ။

" ကိုင်းမလန်ရင်တော်ပြီပေါ့၊ မိုးရေပေါက်ကျတာတော့ သည်းခံဟဲ့…..သည်းခံ "

မစိန်မြက သူ့ကိုယ်သူပြောသည်။ မိုးရေတွေက ဘေးကပက်လိုက် ရှေ့ကပက်လိုက်နှင့်။ ပက်ရသည့် အထဲ ထီးအရွက်ကမလုံဘဲ မိုးရေတွေ တစ်ပေါက်ပေါက် ခုန်ဆင်းနေတော့ အိမ်ရောက်သောအခါ မစိန်မြ၏ တစ်ကိုယ်လုံး ရွှဲနစ်နေလေသည်။ အစ်မစိန်ကြည်ပေးလိုက်သော ဘီစကစ်မုန့်များသည် လည်း ကျွတ်ကျွတ်အိတ်ထဲတွင်ပင် အစိုပြန်ကာ ပျော့လောက်ပေပြီ။

" အစ်မစိန်မြ မိုးမိလာသလား "

တစ်ဖက်ခန်းမှ သန်းသန်းခင်က လှမ်း၍ နှုတ်ဆက်သည်။ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းကာ ပါးကွက်ထူထူ ကွက်ထားသော သူ့မျက်နှာလေးသည် မှောင်ကုတ်ကုတ်အခန်းထဲတွင် မီးလုံးကလေး တစ်လုံး ထွန်းထားသလို ဝင်းနေသည်။

" မိုးကလဲ ကောင်းသလားမမေးနဲ့၊ ရွာတယ်ဆိုရင် ဒလဟောပဲ၊ ကျွန်မလဲ ဒီနေ့ အပြင်မထွက်မိတာ ကံကောင်း "

သန်းသန်းခင်သည် ခြေနင်းစက်ကလေးတစ်လုံးပိုင်သည်။ အပ်ထည်များကို လက်ခံသည်။ သို့သော် သူချုပ်သောအင်္ကျီများက ပုံစံသိပ်မကျလှ၍ ဖောက်သည်တော့ သိပ်မရှိလှပေ။ နေ့ခင်းတိုင်းတော့ ပြင်ဆင်ပြီး အပြင်ထွက်တတ်သည်။ အရောင်းအဝယ်လေး လုပ်သည်ဆိုသော်လည်း ဘာရောင်း၍ ဘာဝယ်မှန်းတော့ မစိန်မြတို့ အသေအချာမသိချေ။

အိမ်ရှေ့အိမ်မှ မကျော့ကမူ စက်ချုပ်တဲ့ဝင်ငွေကလဲ ဘာရှိတာမှတ်လို့၊ သူတို့သားအမိ သုံးနေစားနေ တာနဲ့ ကာမိနိုင်ပါ့မလား၊ နေ့ခင်းတိုင်း အပြင်ထွက်ပြီး ဘာလုပ်နေမှန်းမှ မသိတာ ဟု စကားတင်း ဆိုသည်။

တစ်ခါတလေကျတော့လည်း ရပ်ကွက်ထဲမှ လူရှုပ်ကလေးများက “ မခင်သန်းခင်ရဲ့ သန်းခင်၊ ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်။ ပန်းကလေးလို ညှိုးမှာကိုလဲ စိုးရိမ်ပါသည်။ အဟီ…အဟီ..စိုးရိမ်ပါသည် ”  ဟု အမှောင်ရိပ်ခိုပြီး အော်သွားတတ်ကြသေးသည်။

" ထီးပါပေမယ့် ရွှဲတာပါပဲအေ "

" သြော်…မိုး တကယ်သည်းလာရင် ဒီထီးလောက်က ဘယ်လိုလုပ်ပြီး လုံနိုင်မှာလဲ အစ်မရဲ့ "

" ထီးကလဲ စုတ်လို့ပါဟယ်၊ မိုးရေထဲမှာ ဒီအတိုင်း လျှောက်ခဲ့တာကမှ ကောင်းဦးမယ် "

မစိန်မြက ဘယ်ဘက်လက်ထဲမှ မုန့်ထုပ်ကို အလတ်ကောင်အား လှမ်းပေးပြီး ညာလက်ထဲမှထီးကို အိမ်ရှေ့ကပျဉ်တွင် ခပ်ဆောင့်ဆောင့် ပစ်ချလိုက်သည်။ စုတ်ချာချာထီးကို မွှေးကြိုင်လှပနေသော သန်းသန်းခင်ကိုရော စိတ်ထဲတွင် မြင်ပြင်းကပ်နေမိသည်။

 " သမီးရေ….အမေ့အဝတ်ဗီရိုကြီးထဲက ကီမိုနိုတစ်ထည် ထုတ်ခဲ့စမ်း၊ ရေလဲလုပ်ရအောင် "

ထဘီအောက်နားကို စုကိုင်ကာ ရေညှစ်ချရင်း ခပ်ရွဲ့ရွဲ့အော်သည်။ သို့သော် သူရွဲ့သည်ကို ရွဲ့မှန်း မသိအောင် ထူပိန်းပိန်း နိုင်သော အကြီးကောင်က…..

"ဟာ….အမေ့မှာ ကီိမိုနိုထဘိရှိတယ် ဟုတ်လား ဟု တအံ့တသြရေရွတ်သည်။ အလတ်မ ယူလာသော အဆင်မွဲမွဲ အရောင်ပျက်ပျက် တရုတ်ပွင့်ရိုက်ထဘီကို မျက်လုံးအပြူးသားနှင့် လှမ်းကြည့်နေသည်။ "

" သောက်အ , ကြီး "

မစိန်မြက သားတော်မောင်ကို စိတ်ထဲတွင် ထောမနာပြုရင်း ထဘီလဲသည်။ ခြေရင်းတွင် ပုံကျသွား သော ရေစိုထဘီကို ကောက်ပြီးရေညှစ်သည်။ သန်းသန်းခင်ကို လှမ်းမကြည့်မိသော်လည်း ခပ်တိုးတိုး ပြောသော သူ့အသံငိုတော့ ဆက်၍ ကြားရသည်။

" မိုးတကယ်သည်းလာရင်တော့ ဘာထီးကြီးဆောင်းထားထား ရွှဲတာပါပဲ အစ်မရယ်၊ ဒါပေမယ့် မိုးထဲလေထဲမှာ ထီးကလေး ဆောင်းစရာပါတော့ က္ကနြေ္ဒလေးရတာပေါ့……...တဲ့။  "



Blogged with the Flock Browser

မိမိအပြစ်က ဆီးစေ့ ၊ သူတစ်ပါးအပြစ်က မြင်းမိုရ်တောင် ( ပါရဂူ )

                                                                " နပရေသံ  ၀ိလောမာနိ ၊
                                                                  နာပရေသံ ကတာ ကတံ၊
                                                                  အတၱေနာ၀ အေ၀ေကၡယ် ၊
                                                                  ကတာနိ အကတာနိစ "
 [ တစ်ခြားသူများ၏ အပြစ်ကို မကြည့် ပါနှင့် ။တစ်ခြားသူများ လုပ်သည် မလုပ်သည် ကို မကြည့် ပါ နှင့် ။ မိမိလုပ်သည်  မလုပ် သည် ကို သာကြည့် ပါ ။   ]

မိမိအကြောင်းကို မိမိ စဉ်းစားဆင်ခြင်ဟု ဗုဒ္ဓက ညွှန်ကြားထားသည် ။ မိမိ အတွက် တာဝန်ရှိသူ သည် မိမိသာ ဖြစ်သည် ။ သူ တစ်ပါးသည် မိမိ အတွက် တာဝန် ရှိသူ မဟုတ်ပေ ။  မိမိရရှိ ထား သော အသက်ရှင်နေမှု့  လှူု ဘ၀၌ မိမိ မည်သည့် အရာ များကို ရ ရှိ သနည်း ။ မည်သည့် အရာများကို ဆုံးရှုံး နစ်နာ သွားသနည်း ။ မိမိ ရရှိသည့် တစ် ခဏ တာ ဘ၀ကို   မိမိ အချည်းနှီး အလဟဿ လွှင့် ပစ်လိုက် သလား၊ သို့ တည်း မဟုတ် မိမိ ရရှိသော တစ်ခဏတာ  ဘ၀တွင် အမြိုက် အရသာ ကို ဖြည့် တင်း ခဲ့ သလား ။ မိမိ ခြေ လှမ်းလှမ်းခဲ့ သော  ဘဝ လမ်းကြောင်းသည်  စခန်းအနီးရောက် သွားရဲ့ လား ၊ သို့ တည်း မဟုတ်  စခန်း မမြင်  လမ်းမ မြင် ဖြစ်နေ သလား ။

"တစ်ခြားသူ များ ၏  အပြစ် ကို မကြည့် ပါ နှင့်  " ဟု ဗုဒ္ဓ က ညွှန်ကြားဟော ပြ ထား သည် ။ တစ်ခြား သူများ၏ အပြစ် ကိုကြည့် သူ သည် မိမိ အပြစ် နှင့် ပတ် သက် ပြီး မျက်ကန်း ဖြစ်နေ တက် သည် ။ သူတစ်ပါး၏ ချွတ်ယွင်း ချက် ကို ထောက် ပြသော သူ သည် မိမိချွတ် ယွင်း ချက် နှင့် ပတ် သက် ပြီး မျက် စိ နှင့် ပတ် သက် ပြီး မျက်စိ မှောက်နေ တက် သည် ။

မိမိ အပြစ်ကို လည်း ကြည့်၍ ရ သည် ။သူတစ်ပါး အပြစ်ကို လည်း ကြည့် ၍ ရသည် ။ သို့ ရာတွင် နှစ် ဦး စလုံး ၏ အပြစ်ကို မူ တစ်ပြိုင် တည်း ကြည့် ၍ မရပေ ။ သူ တစ်ပါး အကြစ် ကို မြင် သော မျက် စိသည် မိမိ အပြစ်ကို မမြင်ပေ ။ မိမိ အပြစ် နှင့် ပတ် သက် ပြီး  မျက်စိ မှောက်နေ သည် ။ တစ်ခြား လူ ဆီ အာရုံရောက်နေ ခိုက်  မိမိ ကိုယ် ကို မေ့နေ တက် သည် ။

နောက် တစ်ကြောင်းမှာ  သူတစ်ပါး၏ အပြစ်ကို ကြည့် သည့် အခါ၌  သူ တစ်ပါး၏ အပြစ်ကို ပုံ ကြီးချဲ့၍ ကြည့် ချင်ကြ သည် ။ ယင်းသို့ ပုံကြီးချဲ့၍ ကြည့် သည့် အတွက်  မိမိထက် သူတစ်ပါ က ယုတ် ညံ့ ၏ ။    နိမ့်ကျ ၏  ။   မကောင်းကြံ သူ ဖြစ်၏   ။ အမိုက် မှောင် ထဲ ရောက်နေ သူ ဖြစ် ၏ ။ မိမိက မှန် ၏ ။ သူ တစ်ပါး က မှားသည် ဟူသော အတွေးမျိုး ပေါ်လာပြီး လျှင် မိမိ ကိုယ် ကို  သူတစ်ပါး ၏ အထက် က ဖြစ်သည် ဟု မာန တံ ခွန်လွှင့် ထူ တက် သည် ။

မိမိ မမှန် ဘဲ နှင့်  မှန် ချင်ယောင် ဆောင်နေ သူ သည်  သူ တစ်ပါး၏ အပြစ်ကို သန်းရှာ သလို ရှာ ပြီး ပုံ ကြီး ချဲ့ လိမ့် မည် ။ သူတစ်ပါး၏ အပြစ် ကို ပုံ ကြီးချဲ့ ကြည့် တက် သူ သည် မိမိ ၏ အပြစ်ကို မူ နှမ်းစေ့ ပမာဏ အဖြစ်လောက် သာ ထည့် တွက် လိမ့် မည် ။ သူတစ်ပါး ၏ အပြစ်ကို မြင်းမိုရ် တောင် လာက်  ထင် ပြီး  မိမိ အပြစ်ကို ဆီးစေ့ လောက်   ထင် မည် ။   သူ တစ်ပါး ၏ အပြစ်ကို မှန် ဘီ လူးနှင့် ကြည့် သူ သည်  သူ တစ်ပါး၏ အပြစ်ကို  နဂို ထက်ကြီးသည် ဟု မြင်ပြီး မိမိ ကမူ သူ့ မြင် ကွင်း က ပျောက်နေ လိမ့် မည် ။

အကယ်၍ မိမိ အနေ နှင့် အမှား ကို ကျူး လွန်မိသည် ဆိုလျှင်  မလုပ် မဖြစ်လို့ လုပ်ရ သည် ဟု ဆင်ခြေ ပေးလိမ့် မည် ။ သူတစ်ပါး  အများကို ကျူးလွန် လျှင် မူ "လူ ယုတ် မာ " ဘွဲ့တံဆိပ် နှင့် ချီးကျူး ဂုဏ်ပြု လိမ့်မည် ။

မိမိ ထမင်းငတ် လို့ သူတစ်ပါး ပစ္စည်း ဥစ္စာ ခိုးလျှင်  အဒိန္နာ ဒါနကံ ကို  ရှောင် လွှဲ သည့် အနေ ဖြင့် ငါ့ ဝမ်းပူစာ  မနေသာလို့ခိုးရတာပါ ဟု  လျှောက် လဲ လိမ့် မည် ။ အငတ် ပြဿ နာကို ဖြေရှင်း လို သည့် အတွက်  သူတစ်ပါး ပစ္စည်း ဥစ္စာ ခိုး သူ ကို မူ  စောရ နက္ခတ်နှင့် မွေး လာသူဟု စွပ် စွဲ လိမ့် မည် ။

မိမိ က သူ တစ်ပါး တိုင်း ပြည် ကို တိုက် ခိုက် သိမ်း ပိုက် သည့်အခါ၌  မိမိ ကိုယ်   "ဘာဏုရာဇာ "ဟူ၍ လည်းကောင်း ၊ "နေမ၀င် ဘုရင် ဟူ၍ လည်းကောင်း ၊     မဟာ ဧကရာဇ် ဟူ၍   လည်းကောင်း   ၊သမိုင်း စာ အုပ်များထဲတွင်  ရှိသမျှ ဘွဲ့ဂုဏ်ထူး အမည် အမျိုးမျိုး မှည့်ခေါ် ပြီး သူတစ်ပါး အလှည့် ရောက် လာသော အခါ  "နယ်ချဲ့ "ဟူ ၍ လည်းကောင်း  ၊ "အင်ပီရိယယ်လစ်  " ဟူ၍ လည်းကောင်း ရှုတ်ချ သည့် နာမ အမျိုးမျိုး တပ်ခေါ်ကြသည် ။

တခြားသူများ၏  အလုပ် များ ကို မကောင်းမှု့ ဟု ထင် မြင် သူများသည်  မိမိ အလုပ် ကို ကောင်းမှု့ ဟု ထင်ကြသည် ။ သိန်းနှင့်ချီ ပြီး ခေါင်းပုံ ဖြတ် အမြတ် ကြီးစားသူ သည်  မိမိ ၏   မဟာစောရ အလုပ် ကို မေ့ ထားပြီး တစ်ပဲ နှစ်ပြား အလှုဒါနပြု သည် ကို တကယ့်ဒါ နရှင် အဖြစ် ကြေငြာ မောင်းခတ်နေသည်  ။

လူ့ဘဝ သည် အမိုက် မှောင်  အတိဖြစ်နေသည် ။ အလင်းရောင် ပြူ သည် ဟူ၍ မရှိပေ။  အမိုက်မှောင် နံရံ၌  " အလင်း    " ဟူသော စကားလုံးလေး တစ်လုံး ရေးသားထားရုံမျှသာရေးသားထားသည် ။ သို့ မဟုတ် မီး အိမ်ပုံလေး တစ်ပုံ ဆွဲ ချိတ် ထားရုံ မျှသာ ဖြစ် သည် ။ရေငတ်နေသူသည်  "ရေ  " ဟူသော စကားလုံးလေး တစ်လုံး ကြားရုံမျှ နှင့် ရေငတ်ပြေ မသွားနိုင်ပေ ။ အမိုက်မှောင် သည်  မီး တစ်ပွင့် ဟူသော စကားလုံးလေး တစ်လုံး ရေးထားရုံ မျှ နှင့် ပျောက် မသွားပေ  ။

                                             *                                           *                                        *
Blogged with the Flock Browser

Tuesday, February 19, 2013

လှ တစ်မျက် နှာ ( ဂျာ နယ် ကျော် မမလေး )


ယခုဝတ္ထုတို လေး သည်   ဂျာနယ်ကျော် မမလေး၏ လက်ရာများထဲ မှာ  ကျွန်မ  အကြိုက် ဆုံးဝတ္ထု တို တစ်ပုဒ် ဖြစ် သည် ။ ဤ၀တ္ထု ထဲ က  " မူမူ " ကဲ့ သို့  ဘို ဆန်ချင် ၊အလှ အပ ကို သာ ဂရု စိုက် ပြီး မိန်း မ မပီ သသော မြန်မာ အမျိုး သမီးလေးများ ယခု ခေတ်တွင် လည်းများစွာ ရှိ ပါ သည် ။ မြန်မာဝတ် စုံ ကို အထင် မကြီး  သော free style ကို နှစ်သက် ကြသော ယခုခေတ် မိန်းကလေး အများစု သည် လည်း ပွဲ တက် ဖို့ အကြောင်းရှိ ပါမှ ဟို မြန်မာ အင်္ကျီ ဆွဲ ထုတ်  ၊ ဒီ အင်္ကျီ ဆွဲ ထုတ် ၊ အိပ် ယာ ထ ခြင် ထောင် မတင် ၊တံမျက် စည်း မကိုင် ချင် ပေါ့ ပျက် ပျက် နေ တက် သော မိန်းကလေး မျိုး ၊ အပြင် ပန်း အလှအပ ကို သာ ဂရု စိုက် ပြီး ၊စိတ် ဓာတ် လှ အောင် မပြု ပြင် တက် သော မိန်း ကလေး များစွာ လည်းရှိ ပါ  ၏ ။ ကျွန်မ တို့ ကျောင်းတက် စဉ် အဆောင် နေတုန်းက အဆောင် သူ မိန်းကလေးတွေ ၊ချော ပါ ၏ လှ ပါ ပေ၏။ ဖြူ ဖြူ သန့်သန့် လေးတွေ နှင့် ကြွက် သိုက် လုပ် လို့ ရေ လာက် အောင် ပေပွ နေ သော ဖွထားသော အခန်းတွင် သူ တို့ နေတာ ဟုတ် ပါစ ဟု မထင်ရက် စရာ မိန်းမပျို များစွာ လည်း ယခု ခေတ် တွင် များစွာရှိ ပါ ၏ ။ အပြင် ထွက် လျှင်  ကျော့  ကော့ နေေ အာင် ထွက် ပြီး ၊အိမ် ထဲ တွင်  မထင်ရ လောက် အောင်  ရှုပ်ယှက် ခတ် သိမ်းဆည်းနေ တက် ခြင်းမရှိ သော ၊အိမ်ထောင်မှု့ ထက် အလှအပ ကို သာ ဂရုစိုက် ထိန်းသိမ်းတက် သောမိန်း မချော တို့ ၏ သဘာ ၀ ကို ဂျာ နယ် ကျော် မမလေးက  ပီပီ ပြင် ပြင် ဖြစ်အောင် မျက် လုံး ထဲ ပေါ် လာအောင် ရေးဖွဲ့ ထား၍  ဖတ်ရှု့တော် မူ ကြ ပါ ဦး  ။ (မနှင်း)


လှမြတ်သက်မူ၏   နာမည်အရင်းမှာ  မလှမူဖြစ်သည်။   ကောလိပ်ကျောင်းသို့  ရောက်သည့်နှစ်တွင် ကောလိပ်ကျောင်း၌ မူမူ ဟုအမည်
တွင်ကာ  မူမူဟူ၍လူသိသူသိများခဲ့၏။   မယ်တက္ကသိုလ်   အရွေးခံရသည့်  နှစ်၌  တိုင်းသိပြည်သိ  သတင်းစာထဲတွင်ပုံနှိပ်စာလုံးနှင့်နာမည်
ဖော်ပြ   ကြေငြာအံ့ဆဲဆဲ  သတင်းထောက်များကို  လှမြတ်သက်မူဟူ၍  စိတ်တိုင်းကျနာမည်ရှည်ကြီးဖြည်စွက်မှည့်ပေးလိုက်လေ၏။


ထို့ကြောင့်  မလှမူသည်  မူမူအဖြစ်မှ   လှမြတ်သက်မူဖြစ်လာရသည်။  လှမြတ်သက်မူဆိုသောအမည်သည်မယ်တက္ကသိုလ်အရွေးခံရသည့် 
နှစ်၌တစ်ကြိမ်၊ဘိလပ်ပြန်   ကိုဘမောင်နှင့်   မင်္ဂလာဆောင်စဉ်ကတစ်ကြိမ်ဤနှစ်ကြိမ်သာလျှင်ပုံနှိပ်စာလုံးနှင့်အမည်တွင်လိုက်ရလေသည်။ ယခုတော့လည်းမစ္စက်ဘမောင်ဖြစ်နေရ၏။မူမူသည်သံရုံးတစ်ခုမှပေးပို့လိုက်သောဖိတ်စာကတ်ကိုခုံပေါ်မှဆွဲယူကာအိပ်ချင့်မပြေတစ်ပြေ
မျက်လုံးဖြင့် ဖတ်ကြည့်သည်။ ဖိတ်စာထဲ၌  မစ္စတာနှင့်မစ္စက်ဘမော်ဟူ၍ပါရှိ၏။   ယဉိကျေးမှု့အဖွဲ့နှင့်  မိတ်ဆက်
တွေ့ဆုံရန်  သံရုံးကဖိတ်ကြားခြင်းကြောင့်   ဧည့်ခံပွဲ၌   ယဉ်ကျေးမှုကပွဲ   ကပြလိမ့်မည်   ဆို၍   သွားချင်စိတ်ပေါ်လာလေသည်။ မူမူသည်ဖိတ်စာကတ်ကို  အပေါ်သို့ပြန်တင်လိုက်သည် ။  လက်မြှေက်၍      နာရီကြည့်လိုက်သည်။  ညနေလေးနာရီ မထိုးသေး၍စောသေးသည် ဟု မျက်လုံးများမှိတ်လျှက်  ပြန်မှိန်းပြန်၏ ။  မူမူဘေးတွင်   ကိုဘမောင် အိပ်မောကျနေသည်။ကိုဘမောင်မှာနေ့လည်တစ်နာရီလောက်ထမင်းစားပြီးတစ်ရေးအိပ်တက်၏။

ညနေငါးနာရီလောက်ထမှ  အိပ်ရေးဝသွားသည်။   မူမူသည်    ကိုဘမောင်   နှင့် လက်ထပ်ပြီးနောက်  နံနက်ထမင်းစားပြီး  ကျောခင်းရမှ
ခေါင်းမကိုက်တက်သူမို့ နေ ကုန်နေခမ်း အိပ်တက်ကြသည့်  အကျင့်ခြင်းတူကြလေသည်။   မူမူတို့ လင်မယားမှာနတ်ဖတ်သည့်လင်မယား
ဟူလူပြောများသည်။ အအိပ်စုံမက်သလို၊ အစားစုံမက်ရာ၌ လည်းနာမည်ရလောက်အောင်ဖတ်မိကြ သည်။ ညစာထမင်းစားပြီးတင်းမတိမ်
တက်ခြင်းကြောင့် ညတိုင်းဆိုသလိုပင်   အိမ်ကထွက်သည်။  တရုတ် တန်းကုလားတန်းသို့  တစ်ပတ်ကျော့   မှ သာ ၀မ်းအေး သွားကြ
သည်။

ကိုဘမောင် ဘိလပ်မှပြန်ကာ  မူမူနှင့်လက်ထပ်ပြီး ကတည်းက ပင်ပင်ပန်းပန်းအလုပ် လုပ်သူမဟုတ်ပေ။ လခစားအစိုးရ အလုပ်လုပ်ရန် စိတ်ပျက်  သည်ဟုအ ကြောင်းပြကာ   ရှောင်သည်။   စက်မှု့လက်မှု့ကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခုထောင်ရန်   မူမူ၏မိဘများက အရင်းအနှီး
ထုတ်ပေးမစချင်သည် ကိုပင် ခေါင်းရှုပ်စရာ တာဝန်ဟူ သရွေ့တို့နှင့်  လွတ်လွတ်ကင်းကင်း   ရှိအောင်ငြင်းလေသည်။   ကိုဘမောင်
လက်ထပ်ပြီး   ၀တ်လုံတော်ရ  ဆိုင်းဘုတ်လေးကို  မဟာဗန္ဓုလလမ်း၌  သွားချိတ်ထားလိုက်ကာ
  ဆယ်ရက်နေမှတစ်ရက်လောက်ရုံးတက်
သူဖြစ်၏။  ကိုဘမောင်မှာ  သားသမီးမရှိ၊  အိမ်ထောင့်သက်တစ်လျှောက်
လုံး   ပူပင် ကြောင့်ကြ ကင်းသည်။  မူမူနှင့်လက်ထပ်ပြီး ငွေတိုး
ချေးစားသော ယောက္ခမတိုက်ပေါ်တွင်   ရုံးတက်ချင်
မှတက်သော  အလုပ်နှင့်ငါးနှစ်ခန့်အေးအေးဆေးဆေးနေခဲ့လေသည်။ ယောတ္ခမများ
သေဆုံးကုန်၍  ခယ်မအိမ်ထောင်စုနှင့် အတူတူ စုနေကြရာ  မျက်နှာပူတော့မှ   ယောက္ခမတိုက်ပေါ်မှ  ဆင်းခဲ့ပြီး   ဦးလေးအိမ်သို့
ပြောင်းရွှေ့ လာခဲ့ကြသည်။  ကိုဘမောင်၏   ဦးလေး   အတွင်းဝင်ဦးဘသောင်း   မှာ  သားမယားမရှိ   မုဆိုးဖိုကြီးဖြစ်သည်။
ဦးဘသောင်းအိမ်၌   အိပ်ခန်းတစ်ခန်း   စိုးပိုင်ထားကြသောကြောင့်  အိမ်လခအတွက်ပူပင်သောက ကင်းသည်။  ထမင်းစားချိန်ကျရောက်
နေလျှင်   အခန်းတခါးဖွင့်၍  စားပွဲ၌ ဆင်းစားကြရန်  အဆင်သင့်ရှိနေ၏ ။
အ၀တ်စားအခြားအသုံးစားရိတ်များအတွက် ယောက္ခမတိုက်ခန်း  လခ၀င်ငွေများမှန်မှန်ရှိလေသည်။ အတွင်းဝန်ဦးသောင်း  အိမ်ပေါ်၌  ခရိးဝေးမှခေတ္တ တည်းခိုနေသော ဧည့်သည်အချိုးအတိုင်း နေ့ရှိသ၍
ဧည့်သည်  လုပ်နေကြလေသည်။  အတွင်းဝန်ဦးဘသောင်းမှာ   အိမ်ကပ်သူ မဟုတ်ပေ ။  ရုံးနှင်ကလပ်နှင့်    အချိန်ကုန်နေသူဖြစ်သည်။

မူမူသည် ပြန်မှိန်းရင်း   ညပွဲဝတ်ရန်    သေတ္တာထဲမှ   ထမီများကို ရွေးချယ်စိတ်ကူးလျှက်ရှိသည်။       ယခုတလော  ညပွဲများ၌     အနက်
ခေတ်စား၏။    ညပွဲတွင်အများအားဖြင့်    မျက်နှာဖြူမများ    အနက်ဝတ်ဆင်လာကြသည်။မြန်မာများလည်း   အနက်ရောင်ဝတ်ကြကာ
ခေတ်စားနေချေသည်။ အချို့မှာ ထဘီအနက်၊အင်္ကျီ အနက် ပါချူပ်ဝတ
်နေကြပြီ။ မူမူသည်အင်္ကျီ လုံချည် နက်ဝတ်ချင်လျှက်တစ်ခုသောအကြောင်းကြောင့်အောင့်နေရ သည်။   အနက်ထဲ၌     မည်းညစ်ညစ် ဖြစ်သွားမည့်  ညိုပြာသောအသားရေ
ကို ငဲ့နေရသည်။   သေတ္တာထဲ၌ရှိသော
ထမီများအနက် ကုလားပြည်မှ လူကြုံနှင့် မှာလိုက်သော ဆာရီိ အနက်ကိုတော့ စိတ်ပျက်သည်။ ဆာရီထမီ အနက်မှာ ပွဲ အပေါင်းပေါင်းနွှဲခဲ့ ပြီး၍   အထပ်ထပ် ထပ်နေချေပြီ။ ရွှေခက်ငွေခက်များနွယ်ထားသော အ၀ါနုနုလေးကိုဝတ်ရန် စိတ်ကူးကြည့်ပြန်သည်။   သည်ထမီ မှာ မင်္ဂလာဆောင်ပွဲထိုင်သာ ရွေးဝတ်ခဲ့သည်။  အကြိမ် အရေ အတွက  သိပ်မထပ်သေးပေ။ ၀ါနုနုလေးကို ၀တ်သွားမည်  ဟု  စိတ်ကူးထားကာမှ ထမီအောက်မှခံဝတ်ရမည့်  အတွင်းခံပိတ်ထမီက    တမှောင့်   ဝင်နှောင့်နေပြန်သည်။
မူမူသည်   အ၀တ်လျှော်ရန်  သူ့လက်ကလေး
များ     ပုံပျက်သွားမှာ   စိုးပူသည်။   မူမူ၏    လက်ချောင်းကလေးများမှာ ခုံပေါ်၌ချလိုက်လျှင်   ကျောက်စရစ်ကလေးများ ခုံပေါ်တွင်ပုံချလိုက်က ထွက်လာမည့်အသံကဲ့သို့ပင်ဂျလောက်ဟုမည်သွားတက်လေသည်။
လက်သည်းခွံများကို
လက်ဆစ် တစ် ဆစ် ခန့် ကာလ အတန် ကြာ ဇွဲ နပဲနှင့်   အရှည်ကြီးမွေးထားကာ    ဆေးနီရဲရဲကြီးတိုးထားလေ သည်။

အတွင်းခံပိတ်ထဘီသည်    အောက်က   ခံဝတ်ထားသော    အ၀တ်ဖြစ်၍     ဖြူဖြူမည်းမည်း    လူမမြင်ဟုချူပ်ထားကတည်းက  မလျှော်မဖွတ်ဘဲဝတ်ခဲ့သည်မှာ ငါးလ လောက်ရှိတော့မည်။   တစ်ခါတုန်းက     ခုတင်ခြရင်းတွင် ပိတ် ထမီကို       ကွင်းလုံးကျွတ် ပုံချွတ်
ထားခဲ့စဉ်   ဘိလပ်ပြန်ကိုဘမောင် သည် ညစ် မည်းနေသော ပိတ်ထဘီကို     အ၀တ်ဟောင်းတစ် ခု အမှတ်ဖြင့်နောက်ပိတ်ဖိနပ် ပွတ်သုတ်သွားခြင်းကြောင့် ဟောင်း ရာမှ ပိုညစ်သွားသည်။ မူမူသည် ပ၀ါပါးကဲ့သို့ခပ်ပါးပါးရွှေထဘီပျော့အောက်၌ ညစ်ထပ်ထပ် ပိတ်ထဘီ ကို
   ထပ်ခံစိတ်ကူးကြည့်ရာတွင်     ၀ါနုနုရွှေထဘီမှာ     ခဲသားရောင်ပြောင်းသွားလျှက်    ညိုညစ်ညစ်ဖြစ်ကာအဟောင်းနှင့်တူနေ လေ
 သည်။ ခုနေထလျှော် လည်းညပွဲအမှီခြောက်နိုင်မည်မဟုတ်၍ ပိတ်ထဘီဟောင်းနှင့်ခံဝတ်၍ ဖြစ်မည့်ထဘီများကိုရွေးချယ်စိတ်ကူးရ သည်။ ဟိုတစ်ထည်လည်းမကြိုက်၊ သည် တစ်ထည်လည်းနေရာမကျ ၊   တစ်ထည်ပြီးတစ်ထည်ရွေးချယ်စိတ်ကူးကြည့်သည်ပင်လျှင် အမောသား ၊တစ်ထည်စီတစ်ထည်စီ ရွေးရင်း
ရင်ထဲ၌ကြပ်ချင်သလိုလို ၊  ခေါင်းသည် လည်းအုံတုံတုံ ၊  နားထင်ထဲ   သွေးရောက်လာကာတစ် ထည်မှ
 စိတ် တိုင်းမကျချေ။   မူမူနှင့်    ကျောချင်း ကပ်လျှက်   တခေါခေါဟောက်နေ သော ကိုဘမောင်၏အသံကြီးမှာ
  အာခေါင်တွင် ကပ်၍လျှာလိပ်ဟောက်နေခြင်းကြောင့်   လတ်တလော   နားထင်ထဲသွေးရောက်လာသောဝေဒနာကိုတိုးလာစေသည်။   လျှာနှင့်လိပ်
ထွက်နေသော အပြင်းအထန်ဟောက်သံကြီးသည်နားကျိန်းလာသည်။
မူမူသည်  ကိုဘမောင်၏ခါးကို တတောင်နှင့် သုံးလေးချက်
တွတ်ပစ်လိုက်သည်။ကိုဘမောင်၏ဟောက်သံ
သည်တုံ့ဆိုင်းသွားသည်။  အင်….ဆိုသောအသံကြီးကိုကြာရှည်ဆွဲကာ လေးတွဲ့တွဲ့ညှစ်ထုတ်လျှက်   ပက်လက်လှန်လိုက်သည်။ မကြာခင်သော  အချိန်ကာလအပိုင်းအခြားအတွင်း  ကိုဘမောင်သည်   တစ်ဖက်သို့ပြန်စောင်းသွားကာ
ဟောက်သံကြီး  ထွက်ပေါ်လာပြန်သည်။   မူမူသည်   အိပ်ရာမှ  ငေါက်ခနဲ   ထလိုက်သည်။   ကိုဘမောင်၏
လက်ပြင်ကြီးကိုလက်သီးနှင့်
ထုပစ်ခဲ့ကာစိတ်နှင့်မာန်နှင့် ခုတင်ပေါ်မှဆင်းလိုက်လေသည်။

 ကြမ်းပြင်ပေါ်၌
အမှုန့်များပတ်ဖြူးထားသကဲ့သို့ ဖုံနေသောဖုန်မှုန့်တို့သည်ဒေါနှင့်မောနှင့် နင်းသွားသော ခြေရာတွေကို ပုံကျကျတသီကြီးဖေါ်ပြကြလေသည်။   မူမူသည်   ခုတင်ခြေရင်း ရှေ့ မှန်တင်ခုံကြီး၌ ရပ်ကာ  မှန်ထဲကြည့်လိုက်သည်။    မှန်သားပေါ်၌
အကွက်များ    အစက်များဖြင့်     ရှုပ်ရော     မှေးမှိန်နေ သဖြင့်    အားမရ၍   မျက်နှာနှင့်မှန်ကပ်ကာ  အားပြုကြည့်ရလေသည်။ နေ့လည်
တရေး၀၀ကြီးအိပ်ထားသောကြောင့် မျက်ခွံကလေးသည်မို့နေသည်
အတွက်ကြောင့်ကျေနပ်သွားသည်။မျက်ခွံအထက်ကမျက်ခုံးနှစ်ဖက်မှာ
တင်ထားရသလိုတန်းသွယ်လျက်ရှိ၏။ 
အရင်းတုတ်တုတ်။အဖျားသွယ်သွယ်၊အပါးမထူရှိအောင်ဂရုစိုက်လျက်နေ့စဉ်နှင့်အမျှပြုပြင်ပေးသည်။
မျက်ခုံးကိုပုံကျမကျ  စစ်ဆေးနေရင်း ကျောင်းနေဖက်မေဂျာသက်ဖေကို သွားသတိရမိသည်။ မေဂျာသက်ဖေမှာ နိုင်ငံခြားသွားမည်ဖြစ်၍ အကယ်၍ ညပွဲ ၌ဆုံမိကြလျှင်မျက်တောင်မွေးကြီးများ အထက်သို့ကော့မ တင် ပေးနိုင်သောကိရီယာတန်ဆာပလာများမှာလိုက်ဖို့ရာသတိ ထားလိုက်လေ သည်။

မူမူသည် မှန်ပေါက်ထွက်မတက် မျက်နှာနှင့်မှန် အပ် ထားလျက် ဆင်းကျနေ သောနှာတံလေးကို သုံးလေးခေါက် မျှ တည့်တည့်ဘေးစောင်း
လုပ်ကြည့်နေသည်။ သုံးလေးခါက်စလုံးအားရနှစ်သိမ့်သွားလေ၏။
ကောလိပ်ကျောင်းသား၌ အမည်မသိသောသူများက နှာတံပေါ်ပေါ် နှင့်
ဟုဝိသေသအထူးအမှတ်အသားပြု
ပြောကြကာ ဘယ်တော့များမှ မမေ့ ၊မှန်ကြည့်တိုင်း အမှတ်ရရရှိသည်။ကျောင်းထွက်မှအိမ်တွင်နေ့ရှိသ၍ စားပြီး အိပ်ပြီးစားရှိနေရပုံပန်းပျက်ကာ အလွန် ဆူဖြိုးသောကိုယ်လုံးကိုယ်ထည်ကြီးကိုနည်းနည်းလေးမှ စိတ် တိုင်းမကျ သည် မှ တစ် ပါး
ဘယ်တော့ကြည့်ကြည့်     လှနေ သော     မျက်နှာ၏ အလှကို အားအထားဆုံး
ဖြစ် ပေသည်။မူမူ၏အကြည့်သည် မျက်ခုံး မျက်လုံး၊နှာတံမှဆင်းလာခဲ့ကာ   နှုတ်ခမ်းပေါ်တွင်ဝဲနေ လေ၏။  မူမူသည်နှုတ်ခမ်းလေးကို   စိမ်ပြေနပြေကြည့်နေရာက    ခုတင်ဘေး၌
ရှိသော     စားပွဲ ပေါ်သို့ဆတ်ခနဲ   လှည့်ကြည့်
လိုက်သည်။     စားပွဲပေါ်၌ ကိုဘမောင်၏    အမှု့ တွဲများမှာ အနေ့အနေ့ အရက်အရက် ကအတိုင်း    ဖရိုဖရဲ ပုံယိုင် လျက်ရှိနေ၏။ ကိုဘမောင်၏      ဆေးလိပ်တိုများနှင့်ပြာပုံများသည် လည်း ပြန့်ကျဲလျက်ရှိနေ၏ ။


မနေ့ အိပ်ရာဝင် ခါနီးစားထားကြသော မြေ ပဲလှော်ခွံများမှာ ခုံပေါ်၌ ပွမွလျက် မနေ့ ည က အတိုင်းပင် ရှိသည်။ပုရွက်ဆိတ်များသည် မြေပဲခွံတွေထဲ၌   တပျော်တပါးကြီး     အုံဖွဲ့ပြေးလွားနေကြရင်း    တစ်နေရာ၌ရှိသော    ကွမ်းရာထုပ်ထဲသို့ လမ်းမှားရောက်သွားကြရာမှ
တစီတတန်းကြီးပြေးထွက်သွားကြလျက်  နှုတ်ခမ်း
ပြတ်သတ်နေ သည့် နှီးခွက်စုတ်တင်ထားသောရေတကောင်းအိုးပေါ်တွင်   ကြောင်လိမ်
လှေခါးတက်ကြသလို ကွေ့ပတ်ပြေးတက်နေ ကြလေ သည်။ ရေခွက်ထဲ၌   တစ်ဝက်ခွေနေသော စံပယ်ကုံးသည်   ညှိုးဝါနေ သော
တစ် ၀က် မှာ ရေ တကောင်းကောင်းပေါ်သို့   ကြိုးစတန်းလန်းနှင့်    တွဲ လောင်းကျ လျက်ရှိသည်။

ဘားမားစတား၊  တိုင်းရင်းမေ၊   စုံတောက်ဝတ္ထု၊  ဟောလီးဝုဒ်ရုပ်ရှင်    စာစောင်များမှာနှစ်နှင့်   ချီ၍ ခုံပေါ်၌ ဖုတ်လူး နေ ကြ သ တည်း။
မူမူသည်   စားပွဲပေါ် သို့ လှည့်ကြည့်လိုက်သည့်အခါ   ခုံပေါ်၌    မြင်မကောင်းအောင်   စုပေါင်း
နေသော ဤအရာတွေ ကို မမြင်လေ သည်   မြင်လေ သည် မဆိုနိုင်။   မက်(စ်)ဖက်တာ   ကုမ္မဏီမှလက်ဆောင်  ပေးစားပွဲပေါ်၌    တင်ထားသောရုပ်ရှင်မင်းသမီးဂျက်နက်လေး
၏ပုံကားကို    ကွင်းကြည့်လိုက် သည်။    နှုတ်ခမ်းရဲရဲ
ဆိုးထားသော ဂျက်နက်လေး၏ နှုတ်ခမ်းလေးကို စိုက်ပြီးကြည့်လျက်     သူ့နှုတ်ခမ်း
လေးနှင့် ဆင် မ ဆင် တူမတူ     မှန်ထဲ လှည့်ပြီး   ကြည့်နေ သည်။   အပေါ်နှုတ်ခမ်းသည် အလယ်၌ ချိုင့်ကာ အထက်သို့ ခုံးမို့ပြီးမှ ကျ

သွယ်ရူးလျက်အောက်နှုတ် ခမ်းသည် ပွင့် အာကျေ သော နှင်းဆီ ပန်းနှင့် တူရမည် ဖြစ် သည်။ ဘာပဲပြောပြောမျက်နှာပဲစိတ် တိုင်းကျ သည်၊ မျက်နှာပဲကျေနပ် သည်။ သည်မျက်နှာပိုင်ရှင်မျိုးသည် ဘာ မှ အရေးထားစရာမ ဟုတ် ၊ဘယ်လိုနေနေဘယ်လိုဝတ်ဝတ် လှ သည်ချောသည်  ပင်ဖြစ်ရမည်ဟု   စိတ်ချယုံကြည်လိုက်သည် ။

  မူမူသည်  မှန်ဝအောင်ကြည့်ပြီးနောက်   နဖူးပေါ်၌    ကောက်လိပ်ကျနေသော    ဆီနှင့်မထိရ
သည့် လှိုင်းဆံပင်ကို  ကောက်သည်ထက်
ကောက်လိပ်စေရန်   ရေမချိုးခင်    ၀ါယာကြိုးနှင့်     လိပ်ထားရန် အတွက် ၀ါယာကြိုးလိုက်ရှာလေ၏။  မှန်ခုံမှာ    ရှေးရှေးက    ပုံစံ
ဘဲဥပုံသဏ္ဍန်မှန်   တွင်   သစ်သားပန်းပွင့်များဖြင့်     ထွင်းကပ် ထားသည်။     ဆွဲအံ     အသေးလေးနှစ်ခု မှန်အောက်၌ ရှိ ၏။ ဆွဲအံလေး
နှစ်ခုကိုဖွင့်ရှာရာတွင် အထဲ၌ ပစ္စည်းမားပြည့်ကျပ်နေ လေ၏ ။ ပြည့်နေသောပစ္စည်းများမှာ ဘာတွေ များကျကျ နန မ မှတ်မိ။ တစ်ခါမှ လည်းမရှင်းကြည့် ။ ဤဘာတွေ မှန်းသေသေချာချာ မပြောနိုင် ချေ။ ဓာတ်မီးခဲကြိုး၊၀ါယာ ကြိုးသာ အတွင် ရှာ သည်။အထက်အံဆွဲ ငယ်လေး  နှစ်ဖက်၌ မတွေ့၍ ခုံအောက်က  အံဆွဲ ကြီးကို   ဆွဲဖွင့်လိုက် သည်။
   အံဆွံထံ၌    စိတ်ရှိ     လက်ရှိမွှေ ရှာပစ် လိုက်ရာ၊
ကိုဘမောင်၏   အပေါ်အင်္ကျီ၊ရှပ်အင်္ကျီ၊စွပ် ကျယ်၊ပုဆိုး စသော အ၀တ် အထည်များမှာ မူမူ၏ ပန်းရောကြိုးသိုင်း ခုံမြင့်ဖိနပ် နှင့့််လိပ်ထွေးလုံးပတ်      ရှုပ် ပွ    သွားလေ
သည်။      အောက်အံဆွဲကို     ဖွင့်ရှာပြန်သည်။  ချည်ထဘီ၊  ပိုးထဘီ၊   ထဘီ တစ်ပတ်ရစ်တွေ
တွေထိုးသိပ်ထညိ့ထား၍
   အံဆွဲနှင့်ညပ်နေသည်။ အံဆွဲမှာ   တော်တော်နှင့်   ဖွင့်၍မရ  ။၊   အားထုတ်ပြီး   ဆောင့်ဆွဲဖွင့်တော့မှပွင့်တော့
ချွေးကျလာသည်။   ဆံပင်လိပ်ရန်    ၀ါယာကြိုး    အပူတပြင်း      လိုက်ရှာတော့မှ    အံဆွဲထဲ၌    ယခင်လကမသန့်ရှင်း
သေးသော
ထဘီများ  မလျှော်ရသေးဘဲ    ခေါက်ထိုး    ထည့်ထားတာ    တွေ့မိသည်  ။    တစ်နေ့မှာဘဲ     တစ်နေ့မှဘဲဟု
လျှော်ရန် စိတ်မှတ် ထားလိုက်သည်။


အံဆွဲ တစ်ခုလုံး ကိုမွှေဖွ ကြည့်သော်လည်း ၀ါယာကြိုးမတွေ့ သဖြင့် စိတ် အိုက် အိုက် နှင့်ဆောင့်ပိတ် ပစ် လိုက်သည်။မှန်တင်ခုံပေါ်၌ ရှိရှိ သမျှ ဘူးခွက်တို့ ကို ဖွင့်မှောက် ရှာ သည် ။ ရေမွှေး၊  ပေါင်ဒါ၊  ခေါင်းလိမ်းဆီ ၊  မိတ်ကပ် စသော၊           မက်(စ်) ဖက် တာများ    ခုံပေါ်၌
ရှုပ်ယှက်ခတ်သွားတော့မှ ၀ါယာကြိုး ဘယ်မှာရှိမှန်းသိလေ သည်။  မူမူသည် ခေါင်းအုံးအောက်၌ ပြေးယူလေ သည်။ကိုဘမောင် သည် ဒုန်းဒိုင်း အသံ ဗလံ များကြောင့် နိုးသွားလေ သည်။ မူမူသည်ဝါယာကြိုးကိုယူရန်ခေါင်းအုံးကိုမဖယ်ပစ်လိုက်ရာ ကိုဘမောင်၏မျက်နှာပေါ်သို့ အုပ်ကျသွားသည်။


" ဟေ့…. ဘာလုပ်နေ တာလဲကွ ''

ကိုဘမောင်သည် မျက်နှာပေါ်ကျလာသော   ခေါင်းအုံးကို    ခြေရင်းဘက်သို့ပစ်လိုက်ပြီးနောက်    အာလေးလျှာလေး         အသံကြီးဖြင့်
မေးလိုက်သည်။


" ထလေ ကိုရဲ့…ငါးနာရီထိုးတော့မယ်၊ည ပါတီသွားရမှာ "


ကိုဘမောင်အိပ်ရေးမ၀သေးချေ ။ ညနေခြောက်နာရီ မှ ထ ကာ ရေ ချိုး အ၀တ် လဲ လည်းမူမူကို သူ က စောင့်ရ အုံးမှာမြင်ယောင်သေး၍ မထပဲပြန်မှိန်း   အိပ်ပြန်လေသည်။   မူမူသည်    ရှေ့၌ကျနေရမည့်    လှိုင်းဆံပင်ကို    ၀ါယာကြိုးနှင့်ညှပ်၍ ပူးလိပ်လိုက်ကာ နဖူးထိပ်၌
ကွေးစုထားလိုက်ပြီးနောက် ဆံပင် ကိုခပ်မြင့်မြင့်ဖီး၍ လိပ်ခွေ ထုံးထားလိုက်လေ၏။ ခေါင်းဖြီးပြီး ၍အင်္ကျီ များချွတ် ကာ ထဘီရင်လျားလေ၏။    ရေမချိုးဘဲ  ညပွဲဝတ်သွားမည့်  အင်္ကျီ   ထဘီများကို အသင့်ထုတ်ထားရန်   ရှိသေး၍    ခုတင်အောက်ကသားရေ
သေတ္တာကြီး
ကို ဆွဲထုတ်ယူလေ သည်။  သားရေသေတ္တာ  အဖုံးပေါ်၌    လက်တစ်လုံးလောက်    ဖုန်တက်နေပုံမှာ             ပေါင့်မုန့်ပေါ်၌
ထောပတ် သုတ် ထားသကဲ့ သို့ ရှိ၍ မဖွင့်ခင် ၀ှုးခနဲမှုတ်ပြီးမှ ဖွင့်သည်။ အောက်ကခံဝတ်ရ မည့်ပိတ်ထဘီ မည်းမည်းမပေးနိုင် မည့် နီညိုရောင်      တရုတ်ဖဲ လုံချည်ကို ဆွဲထုတ် ယူလိုက် သည်။     နီညိုရောင် လုံချည်နှင့်   ၀တ်သွားမည့် နိုင်လွန် ပန်းရောင် အင်္ကျီလက်တို
လည်ပင်းထောင်   ကော်လာကုတ်၌ ချေးများ     ပေနေ သည်။


မူမူသည်     အင်္ကျီ နိုင်လွန် ၀တ်ပြီး မလျှော်ဘဲပြန်ခေါက်ထားလိုက်လျှင်ပြန့်ပြီးသားကြောင့်   ဘယ်နှစ် ခါခေါက်မိလေသည်ကိုပင် မမှတ်မိနိုင်ချေ။  ကုတ်က        ချေးကြောင်းကြီးများမြင်မှပင်      လျှော်ဖွတ်သင့်ပြီဟုယူဆသည်။   အင်္ကျီ လက်ရှည်ဝတ် လျှင်ပ၀ါချထား
ရမှာကြောက်သည်။ ပ၀ါချလျှင် အသက်ကြီးရုပ် ဆောင်သည် ဟု ထင်ထားသည်။ ညပွဲ ပဲမမြင်ပါဘူးဟုလည်ကုတ်ချေးပေ နိုင်လွန်လက်ပြတ် အင်္ကျီ တွင် ကြယ်စေ့တပ်လိုက် လေသည်။      သေတ္တာထဲ၌    ဘေးကြယ်စေ့တပ်  ပုံကျကျ ဘော် လီ အင်္ကျီကို ရှာမတွေ့ ၍စိတ်ရှုပ်သွား

ပြန်သည်။ နိုင်လွန်   လက် တို နှင့်ထဘီ ကို အိပ်ရာပေါ်ပစ်တင်    လိုက်ပြီးနောက်သေတ္တာကို   ခုတင် အောက်သို့ပြန်တွန်းပို့လိုက်သည်။
မှန်ခုံအနီး၌ထားသော    ဒိုဘီခြင်းမှာ   မလျှော်ရသေးသော      အ၀တ်များနှင့်လျှော်ပြီး
သားများ   ၊မီးပူ  မတိုက်ရ     မခေါက်ရသေးသော
အ၀တ်များ     စုပေါင်းလုံးထွေး      သိပ်ထည့်ထားရာ     အ၀တ်ခြင်းဖြစ်၏
    ဒိုဘီခြင်းဘေး၌ ဘေးကြယ်စေ့တပ် ဇာဘော်လ အ င်္ကျီ ကို
ို အဟောင်းတွေ့မလား၊   လျှော်ပြီးသားတွေ့ မလား၊ မသေချာ၍  ခေါင်းကြီးကြီးဖြင့်    တစ်ထည်ထည်ပြီး   တစ် ထည် ဆွဲဖွ ရှာေ နလေ၏။


ကိုဘမောင်မှာ ထဘီနှင့်မျက်နှာသုတ်ပုဝါ    ရောထွေးနေလျှင် လည်း    ပြောမည့်လူစားမျိုးမဟုတ်ပေ။   လူအေးမှတကယ့်လူရေခဲတုံးကြီး
ဖြစ်သည်။ မကြာသေးမီ က လသာဆောင် ၀ရံ တာ၌   မူမူ၏    ထဘီရေစိုတစ် ထည်     လွှားလှမ်းထားရာ      အတွင်းဝန်အိမ်မျက်နှာစာ
ဝရံတာ၌ ထဘီလှမ်းတာ   လူမြင်မတော်လွန်းဖြင့်    ကိုယ်တိုင်
ရုပ်လျှက်    ခုတင်ခြေရင်း၌  ပြောင်းလှမ်းပေးလိုက်၏။   တံမြက်စည်းမကိုင်ချင်သော တက္ကသိုလ် ကျောင်းသူ နှင့် လက်ထပ်ပြီးသည့်နောက်၌      အိမ်ထဲ၌ ဖုတ်ထ၍ ဖုတ်ထူထူ သဲတရှပ်ရှပ်ဖြ င့်
နေသားကျနေ၏ ။



ဦးလေးအိမ်သို့ ပြောင်းခဲ့ပြီးနောက်     ဖုတ်တသောသော      တက်နေသောအခန်းကို   ဦးလေးမြင်မှာ   စိုးရိမ်စိတ်နှင့်   အခန်းတံခါးစောင့်ပိတ်ရာ၌ မပေါ့မလျော့   ဂရုစိုက်သည်  ။ကိုဘမောင် သည်     မယ်တက္ကသိုလ်ဘွဲ့ရ   မိန်းမ ချောမိန်းမလှ ရခဲ့ပြီးသည့်
နောက်  အိမ်ထောင်ရေးဏ္ဍ ၌ သူ၏ စိတ်ကြိုက်သည် ပြီးဆုံးတိုင်သွား၏ ။ မူမူမှာမူ    ကိုဘမောင်အား   သူ၏       အလှဘွဲ့ပေးအပ်ခြင်း
ဖြင့်အိမ်ထောင်ရေးတွင်    တာဝန်ဆုံးခန်းတိုင်    ထားလေ သည်။



မူမူသည် အ၀တ်ခြင်းထဲ၌ ဘေးကြယ်စေ့တပ် ဘော်လီကိုရှာရာ၌    လျှော်ပြီးသားတွေ့သည်။    ဘော်လီအင်္ကျီမှာမီးပူမတိုက်ရသေးသဖြင့်
တွန့်ကြေနေလေသည်။  အင်္ကျီကို    မွေ့ရာပေါ်၌    ဖြန့်ကာ      တွန့်ကြေသောနေရာများ၌
   လက်ဖနောင့်နှင့်    ဖိပွတ် တိုက်ဖြန့် သည်။ ဘော်လီ  လက်ကြိုး သေးသေးလေးမှာမပြန့်လှ၍    ဆွဲ ဖြောင့်ကာ  ဆေးဆိုးထားသော လက်မ လက်သည်းခွံရှည်ကြီးဖြင် ကြိုးစပြန့်အောင်     ဆွဲခြစ်ဖြန့် ပေးသည်။ သုံးလေးကြိမ် လက်သည်း  နှင့် ခြစ်စွဲရသေးသည။်    ဘော်လီကြိုးသည် အရင်းမှကြိုးစာပြုတ်ထွက် သွားသည်။


အဲဒါမှ ခက်သည်။   မူမူ၌     အပ်နှင့်အပ်ချည်လုံးများ    အဆင်သင့်မရှိချေ။   အိမ်၌      အပ်ချည်လုံးမရှိမှန်းသိ၍ပြုတ်ထွက်   သွားသော
 ဘော် လီ လက်ကြိုး ကို ချိတ်ကလေးနှင့်တွဲချိတ် ၀တ်သွားရန်ပြီး  စလွယ်စဉ်းစားကြည့်လိုက် သည်။ချိတ်ရှိမည့်နေရာကိုသိပ်မစဉ်းစားရချေ။
ဘယ် မှာရှိမှန်းခေါင်းထဲ ဒက်ခနဲဝင် လာသည်။ ခုတင်၌ ထောင်ထားသောဇာခြင်ထောင် ကြီးပြဲနေ၍ ပြဲသည့်နေရာကိုစုလုံးပြီး ချိတ်ကလေးနဲ့တွယ် ထားလေရာ
       ထိုချိတ် ကိုဖြုတ်ယူရန် ခုတင်မှ ခြင် ထောင်စ ကို ဆွဲချလိုက် လေ၏ ။

တစ်ရေးပြန်မှေးအိပ်နေသောကိုဘမောင်သည့်ခင်ထောင်စနှင့်မျက်နှာခတ်သွားပြန်သဖြင့်နိုးသွားပြန်သည်။

" ဘာတွေလုပ်နေ တာလဲကွ"

မူမူသည်  ခြင်ထောင်ထဲကိုဝင်ကာ  ကိုဘမောင်ကို ကျောပေးလျှက် ချိတ်ဖြုတ်ယူရင်းခြင်ထောင်ထဲ မျက်နှာဝင် လာသော ကို ဘမောင် ကို လှည့်မ ကြည့်အားဘဲ-

" ကတဲမှဘဲ၊ မထသေးဘူးလား " ဟု စိတ်မရှည်သံဖြင့်မေး၏။

ခြင်ထောင်ကိုပြန် မတင် တော့ဘဲ    အိပ်ရာပေါ်မှထဘီအင်္ကျီများကိုခြင်ထောင်အပြင်ဘက်သို့   ထုတ်ယူခဲ့လျှက် ဒိုဘီခြင်းပေါ်၌ ပုံချမလို ပြုပြီးမှ သတိရ၍     မချခင်      ဖုတ်ကိုတအား     မှုတ်ပစ်လိုက်သည်။    ဇာဘော်လီကြိုး၌ ချိတ်ကလေးတွယ်တက်ပြီးနောက်
ရေချိုးခန်းသို့    ပြေးဝင်သွားလေသည်။   ကိုဘမောင်သည်ပြန်မှိန်းနေရင်း
   ရေချိုးခန်းထဲမှမူမူ၏တေးသံကိုကြားရလေသည်။ရေချိုးရင်း
အသံဝဲ၀ဲနှင့်    မေးရိုက်ကာ     ဆိုနေသော     တေးသံသည်    
မြန်မာသီချင်းမဟုတ်ပေ။"လံဒန်တံတား"ခေါ်     အင်္ဂလိပ်သီချင်းဖြစ်သည်။
မူမူသည်     အင်္ဂလိပ်သီချင်းမှ    ဆိုချင်သည်။
   အင်္ဂလိပ် အက လည်း      ကျောင်းထွက်မှ က တက်အောင်သင်ထားသည်။ ကပွဲသွားလျှင်
ကိုဘမောင်မှာ
    ငုတ်တုတ်ကြီး    ထိုင်ကြည်နေသည်။    မူမူသည်  လူတစ်ယောက်နှင့်တွဲကနေတုန်း      ငုတ်တုတ်ကြီးထိုင်လျှက် သမ်းဝေနေတက်သော ကိုဘမောင်ကို   မေ့လျော့နေတက်သည်။  ရေချိုးခန်းထဲ၌    အင်္ဂလိပ်သီချင်းများ     သံဝဲ    သံတုန်    သုံးလေးပိုဒ်
သီချင်းဆိုပြီးလျှင်ရေချိုးခြင်းကိစ္စပြီးသွားလေ၏ ။


ညနေ    ခြောက်နာရီခွဲလောက်တွင်      မူမူ၏မျက်နှာသည်      ပန်းသွေးရောင်တက်လာလေပြီ။   မျက်ခုံးတို့သည်   မည်းသွယ်နေချေပြီ။
နှုတ်ခမ်းလေးသည်  အင်္ဂလိပ် ရုပ်ရှင်မီးသမီး     ဂျက်နက်လေးနှုတ်ခမ်းကဲ့သို့
  တစ်ပုံစံ တည်း ရဲနီသွားချေင်္ပြီ ။  လှိုင်းဆံယဉ် တို့သည်
နဖူးပေါ်၌   တွန့်လိမ်ကောက်ကွေး    ကျလာကြ သည်။ မှန်ခုံတိုင်၌  ညှပ်သွင်းထားသောကတ္တီပါ ပန်းပွင့်နီနီကြီ့း ဖြုတ်ယူလျှက်ဆံထုံးဘေး၌
ပန် လိုက်လေ၏ ။
ကိုဘမောင်သည် မူမူသနပ်ခါးလိမ်းပြီးစ၌ အိပ်ရာ၌ထကာ ရေချိုးခန်းသို့ဝင်သွားသည်။ မူမူအ၀တ်စားလဲနေ တုန်းအောက်ထပ်သို့ ရောက်သွားချေပြီ။   ကိုဘမောင်သည်    အပေါ်အင်္ကျီအဖြူ၊     ခဲရောင်ဘန်ကောက် လုံချည်ဝတ်ဆင်ခဲ့လျှက် မူမူကို
ထိုင်စောင့်ရင်း    စားပွဲမှ     သတင်းစာ ကို ဆွဲဖတ်နေ လေ၏။


သံရုံးရှေ့၌ လမ်းနှစ်ဖက်တွင်ကားများပိတ်ရပ်လျှက်ရှိနေ၏ ။သံရုံးအ၀၌ကားကြီးများများတွေ့ လိုက်ရ၍ " တော်တော်လူစုံမယ့်ပွဲ" ဟုမူမူက ပြောလိုက်သည်။  သံရုံးထဲ၌ ကားဝင်၍   လူစုမိကြလျှင်     စောင့်ရပ်ကြိုနေသော သံတမန်နှင် သံတမန် ကတော်တို့ က ဧည့်သည်တို့ အား   တစ်ဦးစီ    လက်ဆွဲနှုတ်ဆက်    လေ၏ ။ အ၀င်ဝနှင့်မလှမ်းမကမ်း ရှိ    မြက်ခင်းကြီးပေါ်၌      လူအုပ်ကြီးကိုတွေ့ရသည်။လူအုပ်ကြီးမှာ    ၀တ်ကောင်းစားလှများ    ၀တ်ဆင်လာကြ လျှက် ကိုယ့်အစုနှင့်   ကိုယ် မတ်တက် မတ် တက်ဖြင့်ဝိုင်းဖွဲ့ရပ်နေကြ သည်။လူအုပ်ထဲ၌     အဖြူရောင်ဝတ်ဆင်ထားသော    ဘွိုင်ကုလားများသည်    ဘိလပ်ရည်ခွက်များ၊      အရက်ခွက်များ   ဗန်းပေါ်တင်လျှက်ကြိုက်ရာ     ခွက်ကို     လှမ်းယူသောက်ကြရန်      စောင့်ရပ်ကမ်းနေကြ၏ ။   မူမူသည်    ဒေါက်မြင့်ကြိုးသိုင်းဖိနပ်ပေါ်အောင်ထဘီစကိုပင့်ဆွဲကာ အမေရိကန်ထဲက    မာရီလင်မွန်ရိုး      လျှောက်ပုံမျိုးတိုင်း လိမ်ဖယ်   လိမ်ဖယ်     လျှောက် လာခဲ့၏ ။

အင်ဒိုနီးရှား     သဲံအရာရှိက တော် သည်      ပါတိတ်ဆင် ထဘီဝတ်လျှက်    ငွေချည်ထိုး    ဇာပုဝါလက်လက်
  စိမ်းစိမ်းကလေးကို ကျော၌
သိုင်းပတ်ချထားလေ၏။ အင်ဒိုနီးရှားသံအရာရှိကတော်နား၌ ပါကစ္စတန် သံအ ရာရှိကတော်ရပ်နေသည်။ပါကစ္စတန်သံအရာရှိကတော် မှာ အရွယ်သိပ် မကြီးသေ။ အိန္ဒိယအမျိုးသမီးဝတ်စုံ ဆာရီဝတ်စုံကို ၀တ်ဆင် ထားသည်။ ပါကစ္စတန်သံအရာရှိကတော်အနီး ဆိုဗီယက် အမျိုးသမီးသုံးလေးဦးရပ် နေသည်သူတို့သည်  ။   ပါးနီ  နှုတ်ခမ်းနီဖြင့်လှပသော   ဂါဝန်ရှည်ကြီးများ    ၀တ်ထားကာ   အိန္ဒိယရွှေချည်ထိုး
ဆာရီပုဝ
ါ   များခြုံထားကြသည်။

မူမူသည်၌   ၎င်းတို့ ၀ိုင်းတွင်ရပ် မည် ဟုကြံပြီးမှ တစ်ဝိုင်းသို့မျက်စိရောက်သွားသည် ။    ဗြိတိလျှသံရုံး၊   ပြင်သစ်၊  အမေရိကန်၊သြစတြေးလီးယားစသော  မျက်နှာဖြူ အရာ၇ှိကတော်များ၏    ၀ိုင်းဖြစ် သည်။    မျက်နှာဖြူ ကတော်များဝိုင်း၌ အမေရိကန်သံရုံးမှ  အသိ ကို မြင် လိုက် သည်။မူမူ၏အသိ မျက်နှာဖြူ မ သည်   ဖြူဖွေးသောရင် ညွန့် တစ် ခုလုံးဖော် ထားလျှက် ပုလဲကပ်ဆွဲထားသည် ။  ဂါဝန် အနက် အရှည် ကြီး မှာ မျက် ခင်းပေါ်၌ ၀ဲနေ သည်။မူမူ့ ကိုလှမ်းပြုံးလိုက်သည်။ ဆံပင် အလိပ်များငယ်ထိပ်၌ အမိုကမို့ ခွေလျှက် ရွှေကြိုးမျှင်မျှင် လညှ်းဆွဲ ထားကာ ဂါ ၀န်ရျှည် အဖြူ ၊ပိုးလက်စွပ် အိပ် အနက် ဖြင်သူတို့ဝိုင်းထဲတွင် အရပ် အရှည်ဆုံပြင်သစ်အမျိုးသမီးသည်ရာသီဥတုအကြောင်းကိုပြောပြနေလေ၏။

မူမူသည် သူတို့ဝိုင်း ထဲ ၀င်ရပ် လိုက်၏။ဦးဘမောင် မှာ အသိများနှင့်တွေဆုံရန် သောက် ၀ိုင်းများ၌ လိုက်ရှာနေ သည်။မူမူသည် ၀ိုင်းထဲ ၀င် ရပ်မိလျှင်မျက်နှာဖြူအမျိုးသမီးအားလုံးနှင့် လက်ဆွဲနှုတ် ဆက် လိုက် သည်။နှုတ်ဆက် ပြီးရာသီ ဥတုအကြောင်းပဲ လိုက်ရောပြော၏။စ ကား
ပြောနေရင်း  ဘေးချင်းကပ်
ဝိုင်းမှ့ မြန် မာအမျိုးသ မီး များဆီ သို့ လှမ်းကြည့်လေ သည်။     မီးရောင်ထဲဝယ်မြန်မာအမျိုးသမီးဝိုင်းမှ ပုဝါ
ရောင် စုံဖြင့် က္ကနြေ္ဒရေ ရရ တွေ့ ရ ၍  ပ၀ါမချဘဲ လက် တိုအင်္ကျီိ နှင့် လာခဲ့တာ သိပ် မကောင်းလှ ဟု စဉ်းစားမိသည်။လူအုပ် ထဲ၌ ကျောင်းနေ ဘက် မင်းကြီး ကေ တာ် ကို မြင် လိုက် ၏။ မူမူသည် လှမ်းပြံး လိုက် သည်။မူမူသည် ရှမ်ူပြည် နယ် ၊ကေ လာ၊ေ တာင် ကြီးမြို့များ၏ ရာ သီ ဥ တုအကြောင်းကိုဘိုသံပါပါ
    တရွှတ်ရွှတ် ပြောရင်းဘွိုင် ကုလား လာပေးသော ဗန်းထဲမှ ၀ိုင် ခွက် ကလေးကို လှမ်းယူ ကာ နှုတ်ခမ်းနှင့် တေ့ လိုက် လေ သည်။

သံရုံဝင်းထဲသို့ ကားကြီးများတစ် စီးပြီးတစ် စီးဝင် လာကြ ပြီး ကားထဲ မှဖိတ် အန် ကျ လာ သော ၀ါ နုနု ရွှေ စက် ထဘီ လေးကို ကြ ည့်ရင်း ဂွ တိုက်လာသော အတွင်းခံ ထဘီ ညစ် ကို သ တိရ မိ သည်။ကိုဘမောင်မှာ ဘယ်ဝိုင်းတွင် ရှိနေ မ ည် မသိ။ နိုင်ငံခြားသွားမည့် မေဂျာသက်ဖေ ကို လူအုပ်ထဲ၌ တွေ့ လို့ တွေ့ ငြားရှာကြည့်သေးသည်။ မတော် တဆချောင်းများ ဆိုး လာလျှင် အခက် ဟု ကျိတ်တွေးပူပန်ကာ ၀ိုင်ခွက်  ကိုမှောက်ချ လိုက် ပြီးနောက် ဗန်း ထဲသို့ ထည့်ပေးလိုက် လေ သည်။ အင်္ဂ လိပ်စကားပြော၍ အားရမှ ကျောင်းနေ ဘက် မင်းကြီးကတော် ၀ိုင်းသို့ ကူး သွားသေည်။  မူမူဝင် ရပ် လိုက် လျှင် မင်းကြီး ကတော် သည် ၀င်းမင်းသန်း  အမေရိကအပြန် ၀န်ကြီးချူပ် ကတော် အတွက် လက်ဆောင် .ယူ လာသော အနွးပုဝါ ဖြူ ကြီးလှပကြောင်း ချီးကျူး ပြောနေသံ ကို နားစွန်နားဖျားကြားလိုက် သည်။

မူမူမှာဟောလီးဝုဒ် က အမေရိကန် ဇာတ် လိုက် ဖြစ်ချင် နေ သည်။ ခရမ်းရောင်လွင်ပြင် ကားအတွက် ဂရယ်ဂရီပက်မင်းသားနှင့် တွဲရန်ရုပ်ရှင်မင်းသမီး     လျှောက်ချင်နေသည်မှာ    တပိုင်းသေနေသည် ။   မင်းကြီးကတော် သည် မူမူကို ၀တ်လုံတော်ရ မစ္စက် ဘမောင် ကတော် ဟုအားလုံးနှင့်မိတ် ဆက်ပေးသည်။မူမူမှာပုဝါ မချ ခဲ့ မိ၍၀ိုင်းထဲတွင် ရှိုးတိုးရှန့် တန့်ဖြစ်နေသည်။မင်းကြီးကတော်နှင့်စကားကောင်းနေ သည့်အတွက် မူ့မူ့ နောက်မကျောချင်းခိုင်းရပ်နေသောအဒေါ်ကြီးတစ် ယောက် က ပုခုံးလာကိုင် လိုက်သည်။မူမူသည် လှည့်ကြည့် ကာပြုံးလျှက် " အန်တီမာရဲ့နော် " ဟုနှုတ်ဆက်ပြီးအန်တီဝိုင်းထဲ သို့ ကိုယ်လှည့်ဝင်သွားသည်။" မူမူနှင့်မျက်နှာချင်း ဆိုင် ရပ် နေသော အမျိုးသမီးသည် သူ့ ဘေးရှိဝိသာခါအမျိုး သမီးကြီး တစ် ဦးအား စိတ် ထက်သန်စွာ သူ့ စကားကို ပြောလျှက်ရှိနေ သည်။ မျက်စိ ထဲမှာ အမြင် ကို မတော် ပါ ဘူး ဒေါ်ဒေါ်ရယ် ကျွန် မဖြင့်လူအများသွားလာနေ တဲ့ ရုံးတွေ၊မီးရ ထားတွေ ။သင်္ဘော တွေပေါ် မှာအိမ်သာတွေဆေးကြောာတဲ့ အလုပ် နဲ့တံမြက် စည်းလှည်းတဲ့ အလုပ်ကို       အမျိုးသမီး
အလုပ်သမားနဲ့စုပြီး   လိုက်ဆေးလှည်းချင်တာပဲ။  လမ်းတံမြက်စည်းလှည်း၊အိမ်သာတွေဆေးတဲ့အလုပ်ကိုအမျိုးသမီးတွေပဲလုပ် ဖို့ ကောင်းတယ် " မူမူသည် သူ့ရှေ့က အမျိုးသမီးပြော သော စကားကိုနားထောင် ရင်းလူမျိုးတစ်ရာ့ တစ်ပါး သွားနေ သော မိလ္လာ အိမ် သာ မျိုးများလိုက် ဆေးချင် သည် ဆိုသောအမျိုးသ မီး ကိုဘယ် သူများ ပါလိမ့်ဟု ရွံ ရွံ ရှာရှာ စိုက်ကြည့်သည်။အမျိုးသမီးကိုယ်နှိုက် ခေတ်ဆန်ဆန် ဖတ်ရှင် ကျကျ ဖိတ်ဖိတ် လက်လက် ၀တ် ဆင် ထားလျှက် သန့် ပြန့် သောအင်္ဂါ ရုပ် ရှိ၍ သူ့ရုပ် မှ သူ အားမနာသူ့ စိတ် နှယ် အောက် တန်းကျ လိုက် တာဟု အတော် အထင် အမြင် သေးသွားသည်။

မတ်တက် မတ်တက် နှင့်စုဝေးလျှက် ရှိကြသော လူအုပ် ကြီးသည် ကပွဲ ပြ မည့်နေရာသို့ ရွေ့ လျားသွားကြ သည်။ပွဲခင်းရှေ့ ဆုံး၌ ကြိမ် ကို လား ထိုင်များချခင်းလျှက်ဝန်ကြီးများနှင့်ဝန်ကြီးကတော်များထိုင် ကြ သည်။နောက် တန်းတွင် ဆန်းကဖီး ထင် ရှုးကုလားထိုင် လေးများတန်းစီခင်းထားလေ သည်။မူမူ သည် ပွဲ ခင်းသို့ လူအုပ်နှင့်ရော၍ လျှောက် လိုက်လေသည်။ယဉ်ကျေးမှု့ အဖွဲ့မှ ပွဲ ဦးထွက် တူရိယာမျိုးစုံတီးမှုတ်ပြသည်။တယောသံမှာစီမည်လျှက်သာယာညက်ညောင်းလှသည်။မူမူသည်နိုင်ငံခြားတီးမှုတ်သံဆို၍ ရော့အင်ရိုး အသံမျိုး သာ နားထဲစွဲလျှက် အခြား တီးမှုတ်သံမျိုးက နားသော တမခံယူ တက်ချေ။လူများစု တောအက တစ်မျိုး မှာ မျက်စိ နောက် နေ သည်။ ကချေ သည် တို့ ၏ အ၀တ်အစားသည် အမေရိကန် ဘဲ လေး ကပွဲ လောက် မခမ်းနားဘူး ဟုအောက်မေ့သည်။ယဉ်ကျေးမှု့ အဖွဲ့ မှ ဖြုန်းခနဲမြန်မာသီ ချင်းတစ်ပုဒ် ကောက်တီးလိုက်သည်။မူမူသည်တီးဝိုင်းမှ မြန်မာသီချင်းကျကျနန တီးပြနေကြပုံကို အံ့အားသင့်သွားသည်။ အဆို ပါ လျှင် ပိုမို၍ မြိုင်ဆိုင်၍ စည် ကားဖွယ်ရာရှိမည်ဟု တိုးတိုးလိုက်ဆို ပေးမိသည်။မြန် မာသီချင်းပြီှးဆုံး၍ မူမူ သည်အများနှင့်ရောကာ စိတ် ရောကိုယ်ပါလက်ခုပ်တီးလိုက်မိရာ နောက်ကျောတွင် ချိတ်နှင့်တွယ်ခဲ့သော ဘောလီအင်္ကျီ မှကြိုးသည် ပြုတ် ထွက် သွားလေ သည်။


စောစောက မြေပဲ စားလှော် ပင် မစားဝံ့ဘဲချောင်းမ ဆိုးအောင် တစ်ချိန်လုံးသတိထားနေကာမှ လက် ခုပ်တီးလိုက်မိ၍
ပြုတ်မအောင်ချိတ်က
ပြုတ်ရ သေးသည်။မူမူသည်ထိတ်ခနဲ ဖြစ် ကာ အမှတ်တမဲ့အင်္ကျီ ထဲ လက်သွင်း၍ဘော်လီကြိုး ကို က ပျာက ယာ ရှေ့ သို့ ဆွဲ ချ ယူလိုက်သည်။ချိတ် တွဲ လောင်းနှင့်ပါ လာသော ကြိုးစ မှာ လက်ပြင် ကို ဆွဲခြစ်ပါလာ၍ပခုံးတွန့်သွားလေ သည်။ကြိုးပြ တ်ထွက်သွားသော ဘက်မှ အင်္ကျီ သည်အထိန်းမရှိအောက် သို့ လျှောကျ သွားရာရင် တစ် ပိုင်းပေါ်နေ လေ သည်။မူမူသည် ရင် တလှပ်ဖြစ် နေ ၏။ချကိချင်း မျက်လုံးတွေပြာလာသည်။  ကြိုးကိုကျော၌     ပြန်ချိတ်ရန်မဖြစ်နိုင်သဖြင့်
မသိမသာရင်ကို    ငုံ့ကြည့်လျှက်  ခေါင်းကြီးလာ၏။ကချေသည်
ကလေးများလိုက်ကာနောက်မှပြေးထွက်လာ၍
မီးမှိလိုက်မှပင်ရှေ့ သို့ဆွဲချလိုက်သော   ကြိုးစဖျားမှ  ချိတ်ကို      စမ်းဖြုတ်ယူလိုက်သည်။
ကြိုးစကိုလုံးထွေး၍
ကဗျာကယာ ရင်ထဲ သို့ ထိုးသွင်းထည့်လိုက် သည်။

မူမူမှာ နောက်ထပ် လက် ခုပ်မတီးရဲတော့ချေ။ အကြီးအကျယ်    စိတ်အိုက် ကာ အနေရအထိုင် ရ ကျပ်လျှက်ဘာတွေ ကဆိုနေချင်မှန်းမသိလောက် အောင် ကို  ပင်စိတ်ပျက် နေသည်။   မူမူသည်   အသက်ပင် ပြင်းပြင်း    မရှုရဲတော့ဘဲ ချွေးကျလာသည်။
ပုဝါမချခဲ့မိ သည့်အတွက် နောင် တကြီးစွာဖြစ် မိသည်။   ပုဝါ သာချခဲ့လျှင်
   ရင်ဘတ်လူမမြင်အောင် ဖုံးပေးနိုင် သည်။  ဆူညံနေသော
တေးသံတို့သည်မူမူ ကိုဝိုင်းလှောင်နေကြ သည်။
   မူမူမှာ    စိတ်ချောက်ချားလာသည် ။      ကချေသည်လေးတို့ခုန်လိုက်ပေါက်လိုက်
သည်ကိုရဲရဲ မကြည့်ရဲရှာ။နောက်ထပ်ကြိုးများထပ်ပြုတ်သွားဦးမလားဟုအလိုလိုစိတ်ထဲ၌ မလုံနိုင် အောင် ဖြစ် နေ သည်။မူမူ သည် စိတ်မလုံ၍ ရင် ဘတ် ကုမသိမသာငုံ့ ကြည့်ပြန် သည်။ တစ္ဆေ သူရဲမြင် ရ သကဲ့သို့ ကျောထဲ၌ စိမ့်တက်လျက် ခြေဖျားလက်ဖျားများအေးစက်သွားလေ သည်။ မူမူ၏စိတ် သည် တစ်ချိန်လုံး
အင်မတန်မှ ပင် ပန်းဆင်းရဲလျက် ရှိနေ သည်။ ပွဲအပြီးထကြ၍လူတွေမြင်တော့မှာမတွေးဝံ့ ၊လှိုက်ဖိုနေရှာပေ သည်။

" ငါ့အပြစ် …ငါ့ အပြစ် ၊အပ်နဲ့အပ်ချည်သာ  အိမ်မှာဆောင်ထားရင်ဒီလိုဖြစ်မှာမဟုတ်ဘူး ။ ငါကိုက    အင်မတန်ပေါ့ပျက်ပျက်နိုင်ပါတယ်၊
ဘာမဆို ပြီးလွယ်စေကြောင်း     လုပ်လိုက်ချင် တာချည်းပဲ၊လုပ်ဦးလေ ..လုပ်ဦး၊    ကဲ "



မူမူသည်  ဘော်အင်္ကျီလက်ကြိုးကို    လက်သည်းရှည်ကြီးနှင့်ဆွဲခြစ်ဖြန့်နေသော   အိပ်ခန်းထဲကိုမူမူကိုပြန်ပြောင်း၍  မြင်မိလေသည်။
အိပ်ခန်းထဲ၌မူမူသည်ယောက်ယက်ခတ်နေလေ၏။ဝါယာကြိုးလိုက်ရှာရ၊ဘော်လီလိုက်ရှာရ ၊ခြင်ထောင်ချပြီးချိတ်ဖြုတ်ရ ။ မူမူသည် သူ့ရှေ့၌ပြနေသောယဉ်ကျေးမှု့ ကပွဲ အစား အခန်းထဲ၌ ဗြောင်းဆန်အောင် ဖွကာဗရုတ်သုတ်ခဖြစ်နေသော မူမူ၏ ပုံသဏ္ဍန်နှင့့််လုပ်ပုံကိုင်ပုံများကိုပြန်မြင်နေ၏
။   နေ့စဉ်   နေခဲ့သော    ဖုတ်အလိပ်လိပ်တက်နေသော   အိမ်ခန်းကြီးကု    ယခင်က မမြင်ခဲ့မိဘဲပွဲထဲကျမှရှုပ်ယှက်ခတ်ကာဖုတ်လူးနေသောအိပ်ခန်းကြီးကိုပါမြင်မိတော့သည်။မူမူသည်လူပေါင်းစုံသွားသည့်အိမ်သာတွေကိုလိုက် ဆေးကျောပေးချင်သည်ဆိုသော  အမျိုးသမီးကို    ဖျတ်ခနဲသတိရကာ    ရှေ့နှစ်တန်းသုံးတန်းအကျော်၌  ထိုင်ကြည့်နေသောအမျိုးသမီး၏
ကျောပိုင်းကိုလှည့်ကြည့်လိုက်သေးသည်။


"ငါ့လောက်ပစ်စလက်ခတ်နိုင်တဲ့မိန်းမမရှိဘူး ။လှည်းကျင်း ပြီးသန့်သန့်ပြန့်ပြန့်စည်းနဲ့ကမ်းနဲ့နေထိုင်ချင်တဲ့စိတ်မျိုးလည်း တစ်စက်မှ မရှိဘူး ။အားအားရှိ  ကျော့စန့်နေချင် နေ တာ ပဲ။  လဘော်သရေ နေချင် တာပဲ။   ငါသာမိန်းမပီပီသသစိတ်၇ှိရင်  ဒီလိုဖြစ်မှာမဟုတ်ဘူး ။"

မူမူသည် ခုံတန်းရှေ့ က အမျိုးသမီး ကိုစောစော ကရွံရှာမိ သည် ထက်သူ့ကိုယ်သူအစစအရာရာ စိတ်ပျက်လျက် တစိမ့်စိမ့်ရွံရှာနေတော့ သည်။ ပွဲအပြီးလင်းထိန်လိုက်၍ လန့်ဖျန့်သွားကာ ဘော်လီကြိုးပြတ်သည့်ဘက်မှ ချိုင်းအောက် အင်္ကျီစ ကို အထက်မြှင့်တင် လိုက်သည်။ လုံးထွေး ထည့်လိုက်သောကြိုးစသည်  တွဲလောင်းထွက်ကျသွားသည်။   မူမူသည်   လက်ပြင်ကိုင်းလျက်    ကုလားထိုင်တန်းများ မှဘေးစောင်းထွက်လာရင်း ကြိုးစပြုတ်သော    လက် ကိုလက်မောင်းလုံးကြီးနှင့် အားရှိ သလောက်ကပ်ဖိထားလေသည်။

ကိုဘမောင် သည် အတွင်းဝန်ကလေးတစ်ယောက်နှင့်မီးတိုင်အောက်ရှိ မူမူနားသို့ရောက်လာသည်။    အတွင်းဝန် ကလေးသည် မူမူအား
 ပြုံး ပြနှုတ်ဆက်ကာ လူအုပ်ကြီးထဲ၌သူ့မင်းကတော်ကိုရှာဖွေကြည့်နေ သည်။ ကိုဘမောင် သည်မူမူ၏ရင်ဘက်ကိုကြည့်လိုက်မိကာ မျက်လုံးမျက်ဆန်ကြီးပြူးသွားလေ သည်။


"ဟေ့..မင်းအထဲက ဘော်လီကြိုးကြီးပြတ်နေပြီ ။ ကြိုးစကြီးလည်းကျလို့။''

အထိတ်အလန့်ဖြင့် မူမူအနားသို့ခပ်တိုးတိုးကပ်၍   ပြောလိုက်သော   ကိုဘမောင်အသံကို    အနီးရှိအတွင်းဝန်မင်းကြားချင်လည်းကြားပေ
လိမ့်မည်။  မူမူသည်   ပူထူပြီး      မျက်နှာပျက်ပျက်
နှင့်နှုတ်ခမ်းလေးစူကာ    မကြားတကြားပြန်ပြောလိုက်သော   အသံကို အနီးရှိအတွင်းဝန်မင်း  လည်းကြားချင်  လည်းကြားပေလိမ့်မည်။

" ကို ကလဲ…အမေရိကန်ရုပ်ရှင်မင်းသမီးတွေလည်းဒီလိုပါဘဲ...တစ်ချို့ကြိုးတောင် မပါ ဘူး" ။

မူမူသည် ဟန်လုပ်၍ ပြောမည့်သာ ပြောလိုက်ရ သည်။သူ့ခြေထောက်အောက်ကမြေကြီးကိုသူမမြင်၊ရင်အုံတစ်ပိုင်းပေါ်နေသော သူ့ ရင်ဘတ် သာမြင်နေ ရ သည် ။  ။


                                                         *                                                *                                                      *
့်
Blogged with the Flock Browser

Sunday, February 17, 2013

လူ့ဘ၀ဇာတ်ခုံပေါ်က သရုပ်ဆောင်များ ( အရှင် သိရိကဉ္စနာဘိဝံသ )

                                                               " မွေးနေ့ ဆိုတာ အို ပွဲ ပါ "

 ကျွန်ုပ် မန်ကျည်းပင်အောက်မှာ  အနားယူနေခိုက် တိုက်တိုက် ဆိုင်ဆိုင် ရွာထဲ က ဒကာတစ်ယောက် ဆုံးလို့ သင်္ချိုင်းကုန်း ကို လိုက် ပို့ခဲ့ ရတယ် ။  လမ်းစ ပြတ်သွားတဲ့ သေခြင်းတရားအတွက် စကားဆက် ပြန်ရ လိုက်တယ်  ။ နေရ ခြင်းနဲ့  သေရ ခြင်းဟာ  ဒဂ်ါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလို ဟို ဘက်နဲ့ ဒီ ဘက် နီးနီးကပ်ကပ် လေးရှိနေခဲ့တာ ။ လူ့ ဘ၀မှာ နေရေးက အရေးကြီးသလို ၊သေရေးအတွက် လည်း ပြင်ဆင်သင့် တယ် ။ မသေခင် အနေ တက် ဖို့ လို သလို  အသေ မြတ် ဖို့လည်းအရေးကြီးတယ် ။ အနေတက် မှ အသေ မြတ်မယ် နေရေးပြည့်စုံရုံနဲ့  ဒူးနှံ့ မနေနဲ့ ။စည်းစိမ်ဥစ္စာ ဘယ်လောက် ချမ်းသာသာ  ဘုန်းကံတွေ ဘယ်လောက်ကြီးကြီး  ( တစ်ဝမ်းတစ်ခါး ) ဆိုတဲ့ အတိုင်း စားရတော့ လည်း  တစ် ၀မ်းစာ ၊၀တ်ရတော့ လည်း တစ်ခါးစာ  ။အိပ်ရတော့လည်  တစ်ကိုယ်စာလေးပါပဲ ။ ( ရှိတယ် ဆို ပြီး  ဘာတွေ ကို မာန်တက်နေကြ ဦးမှာလဲ ။မရှိ--သူ ကလည်း  ဘာကြောင့်များ အားငယ် စိတ်တွေ ၀င်နေရ ဦးမှာလဲ ) ။

လူ့ဘ၀ဇာတ်ခုံပေါ်မှာ အမြဲ ရှိ နေမယ်လို့ များ စိတ် ကူး ထားကြ လို့ လား ။မွေးနှေ့ရိရင်  သေနေ့ ဆို တာ လည်းရှိသေးတယ် ။ လူတိုင်းက မွေးနေ့ ကိုတော့  စိတ် ၀င် စားကြတယ် ။ သေနေ့  ----ကိုတော့  မေ့ ထားတက်ကြတယ်  ။ မွေးနေ့ရောက် တိုင်း ဖိတ်စာရိုက် ပြီး လုပ် လိုက်ကြတဲ့ မွေးနေ့တွေ  ၊လှီးလိုက်ရတဲ့  ကိတ်မုန့်တွေ ၊ မှုတ်လိုက်ရတဲ့ ဖယောင်းတိုင်းတွေ ၊  အော်လိုက်ရတဲ့ ဟပ်ပီးဘတ်ဒေး တူယူ သံတွေ။ လောက အမြင်နဲ့ ကြည့်ရင်တော့  ဒီ ဇာတ်ဝင်ခန်းမှာ ပါ ၀င်သူတွေအားလုံး ပြုံးကြ ---ပျော်ကြ ၊စားကြ ၊သောက်ကြ ၊လက်ဆောာင်ပေးကြပေါ့ ။

ဓမ္မ အမြင်နဲ့ ကျတော့   မွေးနေက ဆို တာ ဘ၀ခန္ဓာအိမ် ရတဲ့ နေ့  ။မွေးနေ့ လုပ် တယ် ဆိုတာ လည်း အိုပွဲ ပြနေတာ ။ လူတစ်ယောက် မွေးဖွားပြီး  လူ့လောကထဲ ရောက် လာတယ် ဆိုတာနဲ့ ဇာတိ ဆိုတဲ့ လှေကားထစ်က ဆင်းပြီးသား  ။နောက် တစ်ခါ ဇာတိ လှေကားက ခြေ တစ်ဖက် ဆင်း လိုက် တာနဲ့  ကျန်ခြေ တစ်ဖက် က ဇရာ နယ်မြေ ပေါ်နင်းပြီး သား   ( အရွယ် အိုမှ ဇရာ မဟုတ် ဘူးလို့ ပြောခဲ့ သားပဲ) ။ ထိုမှ တစ် ဆင့် တစ်လှမ်းချင်း တစ်လှမ်းချင်း နင်းလာ လိုက် တာ  နောက်ဆုံး မရ ဏ နယ်မြေ မရောက် မခြင်းပါ ဘဲ ။ မရ ဏ နယ်ထဲ ရောက် တော့ မှ ခြေလှမ်းတွေက ရပ် တန့် သွားတာ  ။


                                                       *တစ်နှစ် တစ်ခါ   မွေးနေ့ ပါ လူမှာ ပြုရိုှးှရှိ  ။
                                                       *ခဏတိုင်း ပင် ပြု နိုင် လျှင်  မှန် ပင် အကျိုှးှရှိ ။
   *မွေးနေ့ ဆိုတာ  အိုပွဲ ပါ ဖွေ ရှာ ညဏ် ဖြင့် ကြည့် ။
*ရုပ်   နာမ် ဓမ္မ  ၊မမြဲ ကြ ခစခဏ ပြောင်းနေ ၏ ။
*တကယ်ပြောင်းတာ ရုပ် နာမ်ပါ  ခန္ဓာ မမြဲ မသိ ။
      *သင့်မွေးနေ့ တွင်  သတိ ယှဉ်   ဆင် ခြင်  ပြုလေဘိ ။
   *မွေးသေ ငြိမ်ရာ  ရွှေပြည်မှာ  မှန် စွာ ကိန်းစေ ဘိ ။
                                                                               ( ရွှေပြည် ဟိန်းဆရာတော် )
                                                                          " သေမင်းဖိတ်စာ "

မွေးနေ့ ပွဲတွေ  ပလူပျံအောင် လုပ်နေတဲ့ ကြားမှာ ရှားရှားပါးပါး  သေနေ့ အကြို နှုတ် ဆက် ပွဲ ဆို ပြီး ဖိတ် စာရိုက် ၊ ကုသိုလ်ကောင်းမှု့တွေ ပြု လုပ် သွားခဲ့ တဲ့ ပုဂ္ဂိုလ် တစ်ဦး ရှိ ခဲ့ ဖူးတယ် ။ကျွန်ုပ် တို့ ငယ် စဉ်က  ရုပ် ရှင် မင်းသားကြီး ဇေယျ ။ရုပ်ရှင် ထဲ မှာ အတုသေ ပြတာတောင်   ဒီလောက် ပင် ပန်းနေရင် တကယ် အစစ် သေရမယ်ဆို ဒီ ထက် ပိုပြီး ဆင်းရဲ လိမ့် မယ် လို့ ဆင်းရဲ လိမ့် မယ် လို့  သံဝေဂရခဲ့ တဲ့ ဇေယျ ။ရဟန်းဘွဲ့ အမည်ကျတော့  ဦး ၀ဇီရာ နန္ဒ ။သူ့ (ဖိတ်စာမှာရေးသားထားတာက  ဘုန်းကြီးမသေခင်မှာနှုတ်ဆက် သွားချင် ပါ သ ဖြင့် တဲ့ ) ။ သူ့ လုပ်ရပ် က သေဖို့ အတွက် အသင့် ပြင် ထားတဲ့ ပုံပဲ ။သူ့ ကိုကြည့်ပြီး ဆရာကြီး ဦးသုခ က  ဘာပြောတယ် မှတ် လဲ ။( တပည့်တော် တို့ ဆရာတ ပည့်တွေ သေမင်း ကို ဒီ တစ်ကြိမ်ပဲ နှုတ် ဆက်ကြတာပေါ့ ။အမတ ဆိုတဲ့ သေခြင်းမရှိတဲ့ နေရာရောက်ရင် သေမင်းကို အကြိမ်ကြိမ် နှုတ်ဆက် စရာ မလိုတော့ ဘူး မဟုတ် လား  )တဲ့ ။

အခုတော့ နှုတ် ဆက် သူ ဇေယျ ကြီး ကိုယ် တိုင် လည်းမရှိ တော့ သလို  သေနေ့ အကြို အဖြစ်  သွားရောက်နှုတ် ဆက်ခဲ့ တဲ့ ဦးသုခ ၊ဦးတင်မောင် ၊ဦးဇော်ဝိတ် ၊ ကြည်ကြည်ဌေး၊တင်တင် မူတို့ ဆို တာ လည်း   ဘယ်ဘုံ ဘယ်ဘ၀ရောက်ကုန် မှန်းပင် မသိတော့ ။ နှုတ်ဆက် တဲ့ သူရော ၊နှုတ် ဆက်ခံရ တဲ့ သူတွေပါ  ၊အားလုံး လူ့ ဘ၀ ဇာတ်ခုံပေါ် ကနေ တက် ညီ လက် ညီ နဲ့ ပြန် ဆင်းသွားကြ ပြီ ။အနုပညာသမားတွေ မို့ နောက် ဇာတ် ခုံ တစ်ခု ပြောင်းပြီး သရုပ်ဆောင်နေကြ ဦးမှာတော့ သေချာ တယ် ။

                                                      တစ်နေ ကွယ် သေနယ် သို့ တစ်ခါကူး
                                                      မေ့လျော့ ကာ သေဘူး ထင်ပါ နဲ့
                                                      နေကွယ်ကာ  အချိန် များရင် ဖြင့်
                                                      သေ နယ် ရွာ တစ်ကြိမ် သွားရ မယ်  တားမရ ဘူး ။

(မနောရ ထံ အပတွာ တေ သတ္တာ မရိန္တိ ) --ပန်းပေါင်းစုံ ပွင့်တဲ့   ဥယျာဉ် ကြီးထဲ  မှာ ပန်းမျိုးစုံ လိုက် ခူး ။ခူးလို့ မဆုံးခင်မှာ ပဲ သေကြ ရတယ် ။ ကာမဂုဏ်ငါးပါးနောက် ကို တကောက်ကောက် လိုက်  ။ လိုက် လို့ မဆုံးခင် မှာပဲ ဥေကြရ တယ် ။ ကိုယ့် အလို မပြည့် ခင် မှာ ပဲ သွားကြ ရတယ် ။စားစရာရှာရင်းနဲ့ လည်းသေ ။နေစရာရှာရင်းနဲ့ လည်းသေ ။ဝတ် စရာရှာ ရင်းနဲ့ လည်းသေ ။

ဒီ သေခြင်းဆိုတဲ့ နေ့တစ်နေ့ ဟာ  လူသားအားလုံးအတွက် မွေးဖွားပြီးတာနဲ့ တစ် ပြိုင် နက် အသင့် စောင့်နေ တဲ့ ရက်စွဲ တစ်ခု ။ကိုယ်မသေခင်ရှင် သန် ခွင့်ရတဲ့ နေ့ရက် တွေ မှာ  ကိုယ်နဲ့ ကိုယ့် ပတ် ၀န်းကျင် အတွက် ကိုယ် လုပ်နိုင် တဲ့အရာတွေ ကို လုပ်နေကြဖို့ ပဲ အရေးကြီးတယ် ။  ကျွန်ုပ် တို့ အားလုံး လက်ရှိပစ္စုပ္ပန် ကို သာ ပိုင် တယ် ။ မနက် ဖြန် မပြောနဲ့ ၊နောက်ထပ် တစ်နာရီ လေးကိုတောင် မပိုင်  ။အဲဒီ တစ် နာရီ အတွင်း ဘာဖြစ် မယ် ဆို တာ   ဘယ်သူမှ ကြို မသိနိုင် ဘူး ။

ကိုယ် ပိုင် ဆိုင် ထားတဲ့ လက်ရှိ ပစ္စပ္ပုန် ကို သာ စိတ် ချမ်ချမ်းသာသာနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် သင့် တယ် ။ အိုးထိန်းသည် လုပ် တဲ့  မြေ အိုးဟာ ကွဲ ခြင်းမှာပဲ အဆုံး သတ် ရ သလို သတ္တ၀ါတွေ ဟာလည်း သေခြင်းနဲ့ ပဲ ဇာတ် သိမ်းရတယ် ။( သုတ္တနိပါတ် ၊သလ္လသုတ် )။ အခုရွာထဲမှာ သွားလာ လှုပ်ရှားနေတဲ့ သူတွေ နောက်ဆုံး တစ်နေ့ သေမင်းက ဖိတ် စာ ပို့ လိုက်ရင် အားလုံးသွားကြရမယ်။
ဘယ်သူအရင်သွားရ မယ်သာ  မသိတာ ၊သွားရမှာတော့ဧကန်  ။ ( သူသွားတော့ လည်း   ငါ လိုက်ပို့ ၊ငါ လိုက် ပို့တော့ လည်း သူကပ သွားပေါ့ )။ တစ်ခြားဖိတ် စာတွေ က သွားချင် လည်းရ ၊မသွားချင် လည်းရ  ။သေမင်းဖိတ်စာကျ  မသွားချင် လို့ မရ ။ရှောင်ကွင်းလို့ မရ ။
ရက်ချိန်းတောင်း လို့ မရ  ။သုံးမိနစ် ပဲ စောင့် လို့ ပြောလို့ မရ ။ သူခေါ်ချင်ရင် တစ်စက္ကန့်လေးတောင် စောင့် လို့မရ ။

                                                                         " သီးသန့် ဖိတ်စာ "

                                               လက်ထပ်ဖိတ်စာ  ရောက်ရှိ လာလျှင်  မသွားချင်က နေလို့ ရ၏ ။
                                               မွေးနေ့ ဖိတ်စာ     ရောက်ရှိလာလျှင် မသွားချင်က နေ လို့ ရ၏ ။
                                               အလှုဖိတ် စာ       ရောက်ရှိ လာလျှင်  မသွားချင်က နေလို့ ရ၏ ။
                                               ဆွမ်းကျွေးဖိတ် စာရောက်ရှိလာလျှင်     မသွားချင်က နေလို့ရ၏ ။
                                               ငါ လို လူအား  လေးလေးစားစား  အရေးထားကာ ဖိတ်စာလေးတွေ
                                               ရောက်လာလေခဲ့ ။ချိန်ခါ တစ်ရပ် အမည် တပ် ကာ နေရာလိပ် စာ၊
                                               ပြည့်စုံစွာဖြင့် ၊ဖိတ်စာ တစ်စောင် ၊လိပ် ပြာတောင်ဖြန့် အလန့်တထိတ်
                                               သေမင်းဖိတ်စာ၊ရောက်ရှိလာက ဘယ်မှာ အလျဉ်းရှောင်ကွင်းမရ ။
                                               မရဏမင်း  ၊ဘယ်လိုငြင်းလည်း ၊ငြင်းလို့ မရ၊လက်ဆောင်ကြီးသေး
                                              ဆီးကြိုပေးလည်း  ပေးလို့မရ။ ထိုမှ တဖန်ငြင်းဆန်ခြင်းငှာ မစွမ်းသာ၍
                                              သေမင်းဖိတ်စာ မရောက် လာမှီ ၊ဖိတ်စာ တစ်ခု အကြောင်းပြု၍ ၊
                                               ယခု ပင် လျှင် ၊မရောက် ခင်က ကြိုတင်ကောင်းမှု့ ၊ကြိုးစားပြုလော့ ။

သေမင်းပို့တဲ့ ဖိတ်စာ လိပ် စာမှန်လို့ လိုက်ရရင် အကြောင်းမဟုတ် ။လိပ်စာမှားပြီးရောက်လာရင်တော့ ကိုယ်ကြိုးနည်းပြီ ။ အချိန် မတိုင်ခင် လိုက်ရ လိမ့်မယ်။ရွာထဲမှာ ငယ်ငယ်ရွယ် နဲ့ သေသွားကြ တာတွေ အများကြီး ။ပိုးထိလို့  ၊ကားတိုက်လို့ ၊ရ ထား ကြိတ်လို့ ။ဒါမျိုးတွေ က သေရိုးသေစဉ်မ ဟုတ် ။ အဲဒါ သေမင်းဖိတ်စာ လမ်းမှားလာတာ ။ကံဇာတ်ဆရာက မှော်ပညာနဲ့ လှည့်စား လိုက် တာ ။( ဥစ္စာကံ စောင့် ၊အသက် ညဏ်စောင့် ) ဆိုတဲ့ စကားရှိ သားပဲ ။ကံတရားရဲ့ အလှည့် စားမခံရအောင် အသိညဏ်လေးနဲ့ ယှဉ်ပြီး သတိကြီးစွာနေကြပေါ့ ။

                                                        "  လူ့ဘ၀ဆိုတာ အလျားလေး တစ်ခုပါ "

 လူ့ဘ၀ ဆိုတာ မွေးဖွားခြင်း မှတ် တိုင်နဲ့ သေဆုံးခြင်းမှတ် တိုင် ။ အဲဒီ မှတ် တိုင်လေးနှစ်ခုကြားက  အလျားလေး တစ်ခုပဲ။ဒီ အလျားရဲ့ အတို အရှည် ပမာဏာ က တစ်ယောက်နဲ့ တစ်ယောက် နဲ့ တစ်ယောက် မတူကြ ဘူး ။ အသက် ငယ်ငယ်နဲ့ သေရ သူတွေ  အလျားတို တယ် ။  အသက်ကြီးမှ သေရ သူတွေ  အလျားရှည်တယ် ။ ( လူတိုင်း မအို ဖူးပေမယ့် လူတိုင်းငယ် ဖူးကြတယ် )။ အသက် ငယ် စဉ်မှာ သေသွားကြတဲ့ သူတွေ မအို ဖူးကြ ဘူး ။ အလျားလေးရဲ့ အတိုအရှည် ပမာဏာကို ကံဇာတ်ဆရာ ကပဲ  သတ် မှတ် ပေးလိုက် တာ။ အတိတ် ကံ ကို သတ်မှတ်  လိုက်တဲ့ ပမာဏ ကို ပစ္စုပ္ပန် ကံညဏ်ဝီရိယတွေနဲ့ ပြုပြင် ပြောင်းလဲ ပေးလို့ ရ တယ် ။ ရှိရင်းစွဲ ပမာဏ ထက် တိုသွားအောင် လုပ် လို့ ရ တယ် ။ ထပ်ရှည် လာအောင် လည်း ဖန် တီးလို့ ရ တယ် ။အတိတ် ကံ က  အသက်  ၂၀ နေရ မယ် သတ်မှတ် လိုက် ပေမယ့် ပစ္စုပ္ပန် ကံ ညဏ်ဝီရိယနဲ့ မစောင့်ရှောက်ရင် ရှည်နေ တဲံ ပမာဏာ တို သွားနိုင် တယ် ။

ဟိတောပဒေသမှာ လာတဲံ စကားလေးကတော့ ( လူက ညဏ်ဝီရိယနဲ့ မစောင့် ရှောက် ပေမယ့် ကံက စောင့်ရှောက်ရင် အသက် ရှည် နိုင် တယ် ။ ညဏ်ဝီရိယ အကူ အညီနဲ့ လူက ဘယ်လောက် ပင် စောင့်ရှောက်ပါစေ  ကံက သတ်ရင် သေနိုင် ပြန် တယ်တယ် ) တဲ့  ။

ကျွန်ုပ် ကလေး ဘ၀က   "ကို ငတင် " ဆိုတဲ့ လူပျိုကြီး တစ်ယောက် ဆုံးခဲ့ ဖူးတယ် ။ ( အဲဒီ  ကို ငတင် -- ဆို တာ ကျွန်ုပ် အဖေရဲ့ ညီ ပေါ့ )။ အသားက ဖြူ ဖြူ ၊အရပ်ကရှည်ရှည် ။တကယ်ကို သေတာနဲ့ မတူ  အိပ်ပျော်နေတဲ့ အတိုင်းပဲ လူကြီးတွေက အသက် ရှု ----မရှု  ၀ါဂွမ်းစလေး နှာခေါင်းနားကပါ ကြည့် ကြ တာ ကို လည်းမှတ် မိနေ တယ် ။ ( တကယ်သေ ---  မသေ ဆိုတာ ဆို တာသေ ချာအောင် ပေါ့ )
ကျွန်ုပ်ကတော့ မကြောက် မရွံ့  သူ့ မျက်နှာကို အနီးကပ် ကြည့်ရင်း ( ရှင် ခြင်းနဲ့  သေခြင်း ဟာ  အသက် ရှု -----မရှု ဆိုတာ လေးပဲ ကွာတာလား။ အသက် မရှု တော့ရင် သေတာပဲ လား ။ သေမင်း ---ဆိုတဲ့ လူကြီးက သူ့ ကို ဘယ်ခေါ်သွားတာလဲ ။ သူ  ဟိုမှာ  ဘာတွေ ဖြစ်နေတာလဲ ။  သူ ဘာတွေ ယူ သွားပြီး ဘာတွေ ချန် ထားခဲ့ လဲ ။ သေပြီ ဆိုတာနဲ့ ထလို့ မရတော့ ဘူးလား ။ ငါ သာ ဆိုပြီး ရှိ သမျှ ခွန်အားတွေ စုစည်းပြီး  အတင်းရုန်းထပစ်လိုက်မှာ ) လို့ တောင် ကြံကြံဖန်ဖန်  ကလေးအတွေးနဲ့တွေးခဲ့ ဖူးတယ် ။ဒါပေ မယ့် သေတာ မဟုတ်ပဲ ဘီ လူးစီးတာတောင်  ( စိတ် က သိနေရက် နဲ့ ) ရုန်းထ လို့ မရ ပါ လားဆို တာ ကလေး ဘ၀ မှာဘဲ ပြန် သိခဲ့ ရ တယ်  ။

ဘုရားဒေသနာတော် မှာ သေ တယ် ဆို တာ ---------

၁။ဝိပါက် ၀ိညဏ် ----- လို့ ခေါ်တဲ့ ( စိတ် ) လည်း မရှိ ၊

၂။ ဥသ္မာ----- လို့ ခေါ်တဲ့ကမ္မဇ တေဇော ( ကိုယ် ငွေ့ ) လည်းမရှိ ၊

၃။ ရုပ် ဇီ ၀ိတ ၊နာမ် ဇီဝိတ ---- လို့ ခေါ်တဲ့ ( အသက် ) လည်း မရှိ ။

ဒီ သုံးချက်မရှိရင် သေတာပဲ ။ တစ်ချို့ က တစ်စုံ တစ်ယောက် ကို တောင်းပန် ချင်ရင် ( စိတ်မရှိပါ နဲ့ ဗျာ)  လို့ပြောတက်ကြ တယ် ။စိတ်မရှိပါ နဲ့  -ဆိုတာ  သေတော့လို့ ပြောတာနဲ့ အတူတူပါ ပဲ ။သေပြီးသူရဲ့ ရုပ်အလောင်းမှာ ကံကြောင့် ဖြစ်တဲ့ ကမ္မဇရုပ် မရှိ ။ လူ့ ဘ၀ကို ပို့ ဆောင် လိုက် တဲ့ ကံ လည်းကုန် ။ ဒီ စကားအရ  လူသေတာ ကို ( ကံ ကုန်တယ် ) လို့ ပြောနေ ကြတာ ။ စိတ်ကြောင့် ဖြစ်တဲ့ စိတ္တဇရုပ် နတ္ထိ ။ အာဟာရ ကြောင့် ဖြစ်တဲ့ အာဟာရ ဇရုပ် လည်း ချူပ် ။  ဒီ     ရုပ်  သုံးမျိုး  အစဉ်အတိုင်းချုပ်ပြီး  အလောင်းကောင်မှာ ကျန်တာ ဆို လို့  ဥတုကြောင့် ဖြစ်တဲ့ ဥတု ဇ ရုပ် ပဲ ကျန်တော့ တယ် ။ ဒါကြောင့် မို့ နာရေးဖိတ်စာတွေ မှာ ( ကြွင်းကျန်ရစ်သော သတုဇ ရုပ် ကလာပ် ကို ) လို့ ရေးကြ တာပေါ့ ။

အလောင်းကောင်မှာ   ကမ္မတေဇော  ( ကိုယ်ငွေ့ )မရှိလို့ သေပြီ ဆို တာနဲ့ သိပ် မကြာခင်မှာ ပဲ ရေခဲ တုံးလို အေးစက် သွားတယ် ။ ထင်းကလားတုံး လို ဘာမျှ အသုံးမချ လို့မရ ။ ငှက်ပျော တုန်းက မှ မုန့်ဟင်းခါး ချက် စားလို့ရ ဦးမယ် ။  ကြက်သေကောင် ၊ငှက် သေကောင်  ကမှ  ယူ မယ့် သှူရှိ ဦးမယ် ။ ခုတော့  ယူ ဖို့ မပြောနဲ့ ။ဖောရောင်နေတဲ့ လူသေ ကောင် ကို ယောင် လို့မျှတောင် မကြည့်ချင်ကြ  ။ ( လူသေကောင် မီးရှို့ ရာမှာ  အကုန် မလောင် ကျွမ်းပဲ တစ်ပိုင်း တစ်စ ကျန်နေတဲ့ ထင်းကို ထင်းကလားတုံး   လို့ ခေါ်ကြောင်း  မြန်မာ အဘိ ဓာန် က ပြ တယ် ။ အလောင်းကောင်ကို ထိုးဆွပေးရတဲ့  ၀ါးချွှန် ကို  (တံစူးဝါး )  "  တံစို့  " လို့ ခေါ်တယ် ။အမင်္ဂလာ ပစ္စည်းတွေ မို့ ဘယ်သူမှ မသုံးကြ ။ရှေးဆရာတော် ကြီးတွေ က တပည့်တွေ ကို ဖိနှိပ် ဆုံး မ ချင်ရင်  အလကားဦးပဉ္စင်း ထင်းကလားတုံး  လို ဘယ်နေရာမှ ကို သုံးလို့ မရ ဘူး  ) တဲ့ ။

                                                        " အနံ့ ထွက်လေ  အနားမကပ်ချင်လေ "

ဘုရားရှင်ရဲ့ အမိန့်တော်အရ  ဖူးရောင် တက်ကြွနေတဲ့ သီရိမာရဲ့ ရုပ် အလောင်း ကြီးကို လူးအများ မြင်သာအောင် သုဿာန်သင်္ချိုင်းမှာ ထုတ်ပြထားစဉ် --ဟိုအရင် က သီရိ မာအပေါ် တပ် မက် စွဲ လမ်းဖူးတဲ့ ရ ဟန်းတော်လေး စိတ် ထဲ အဲဒီ အလောင်းကောင် ကြီး မြင် လိုက် တာနဲ့ အကြီးအကျယ် ထိတ် လန့် တုန်လှုပ် သွားတယ် ။မယုံနိုင်လောက်အောင်ကို တအံတသြ ဖြစ်လွန်းအားကြီးလို့ မျက်လုံးကို ကမန်းကတမ်း ပွတ်ကြည့်ရင်း ------

( ဟင်-----ဒါ----ဒါ ငါ နှစ် သက် စွဲ လမ်းခဲ့ တဲ့ သီရိမာ -ဆိုတဲ့ အလှ မယ် လေးမှ   ဟုတ်ရဲ့ လား ။ဟိုတုန်း က ဒီ ကလေးမရဲ့ အလှ အပတွေ ခု ဘယ် ရောက်ကုန် ပြီ လဲ ။ အသက်ရှင် စဉ်က တစ်ည တစ်ထောင်ပေးမှ ပျော်ပါးခွင့်ရ တဲ့ အလှ မယ် ။ အခုကျတော့  " အလကား ဘယ်သူ ယူမလဲ" လို့ ဘုရားရှင် ကမေးနေ တာတောင် တုတ်တုတ် မျှ မလှုပ်ကြ ဘူး ။ ငါ့ ကိုများ  " ချစ်သားရ ဟန်း ဒီသီရိ မာ ကို ယူ မလား " ဆို ရင် ဒုက္ခ -----  တဲ ။

ကဲ----အဲဒါပဲ ကြည့်တော့။ သီရိမာနဲ့ တွေ့ ရ မယ် ဆို လို့ သူ့ ခမျာ  ၀မ်းသာ အားရ နဲ့ထလိုက် လာလိုက်တာ  ။ဒါပေ မယ့်  ခေါ်လာတာက အိမ် လည်း မဟုတ်  ။ သုဿာန် သင်္ချိုင်း ။တွေ့ လိုက်ရ တာ ကလည်း ကျက်သရေ ရှိတဲ့ သီရိမာ  မဟုတ်  ။ကျက်သရေ ယုတ်တဲ့  အပုပ် သည်  ။ နောက် ဆုံး မြတ် ဗုဒ္ဓ ရဲ့ တရားတော်ကိုနာကြားရင်း သောတာပတ္တိ မဂ် ညဏ် ဆိုက် ခဲ့ တာမို့  လိုက် လာရ ကျိုးတော့ နပ်ခဲ့ ပါရဲ့ ။

အရှင် ရာဇိန္ဒ အစ်မ  မအုံးရှိန် ဆုံးစဉ်က အလောင်းသွားကြည့် ပြီး ပြန် လာတဲ့ အဒေါ် တစ်ယောက် ။ မျက်ရည် လေး စမ်းစမ်း နဲ့  (အုံးရှိန် တို့ များ သေ ပြီးတာတောင်  လှ လို့ ၀ လို့ ။ နှ မြော စရာကောင်းလိုက် တာ )------ ဆိုပြီး ငိုသံလေးနှော   ပြောနေ တုန်း  ။ကျွန်ုပ် ရဲ့ အမေက ချက်ချင်း ထိုင်ရာက ထပြီး အလောင်းကို သွားအကြည့် ။ ပြန် လာတဲ့ အခါ မှာတော့  အဒေါ် ဖြစ် သူကို မျက်စောင်းထိုးပြီး (ညည်းနှယ်အေ-------ဘယ်က လာ လှ လို့ ၀ လို့ရ မှာလဲ  ။ဟို မှာဖြင့် မျက်နှာ က ဖောရောင်နေတာ စကောလောက်ကြီးရှိတယ် ။ သနပ် ခါးလိမ်း ပေးတာ တောင် သေချာ မကြည့်ရဲ လို့ ။ လက်နောက်ပြန် ထားပြီးလိမ်းပေးရတာ ) လို့  ပြန်ပြော လိုက် သတဲ့ ။

တစ်ချို့ များ  ချစ် သူ ခင် သူ သေတဲ့ အခါ  အလောင်းကို ဖက်ဖက် ပြီး ငို တက်ကြသေးတယ် ။ ဒါလည်း သေခါစမို့ ပါ ။ နှစ် ရက် သုံးရက်ကြာလို့ အပုပ် နံ့ ကလေး  သင်း လာပြီ ဆိုရင် ဖက်ငို ဖို့ မပြောနဲ့ ။အနားတောင် မကပ် ချင် ကြ တော့ ဘူး  ။ သေပြီ ဆိုရင်  အိမ်ပေါ်မှာ မထား ၊အိမ် အပြင် ထုတ် ။တစ်ချို့ ကျတော့ လည်း အိမ် ၀ိုင်းထဲ မှ ကို မထား ၊အိမ်ရှေ့ လမ်းမပေါ်မှာ ။ တစ်ချိုက ကလည်း ရွာ အပြင် ဘက် က လယ်ကွင်း ယာကွင်းထဲမှာ ။ စင် ကလေး ထိုး လို့ ။အရှက် လုံရုံလေး ဖုံးလို့ ။ကျီး ထိုးထိုး ခွေးစားစား ။ရုပ် အလောင်းနဲ့ ဝေးလေ ကောင်းလေ ။ အနံ့ ထွက်လေ  အနားမကပ် ချင်လေ ။ရုပ် ပျက်လေ ၊မကြည့်ချင်တော့လေ  ။ဒါတောင် နောက် က လိုက်ဦးမယ် ဆို တဲ့ သူကရှိသေး ။

လင်ယောက်ျား အလောင်းကို မြေ ဖို့ ခါနီး  ဇနီး ဖြစ်သူက  ( တော် မရှိရင် ကျွန်မ လည်း မနေ ဘူး ။တော့ နောက် လိုက်ခဲ့ မယ် ) ဆိုပြီးခြောက်ပေကျင်းထဲ ခုန်အချ ။ လူတွေ က ပြန် ဆွဲ တင် ။ တင် ပါ သော် လည်းပြန် ခုန် ချ ။ တစ်ခါ လည်းမက  ၊နှစ်ခါ လည်းမက ၊သုံးကြိမ် မြောက် ခုန် အချမှာတော့ စိတ်ပေါက် ပေါက်ပေါက် ရှိတာနဲ့  မသာ အခေါင်းကို ဖွင့် ပြ  ။အပုပ်နံ့ ကလည်း  ထောင်းခနဲ   အထ (  အောင်မလေးတော့--ဝေါ့ )--ဆိုပြီး  အန်ရင်း ကျင့်နှုတ် ခမ်းပေါ်ပြန် တက် သွားလိုက်တာ ဘယ်ပုံ ဘယ် နည်း အပေါ်ရောက် သွားမှန်းတောင် မသိ ဘူး ။ မျက်စိလည်း မဖွင့်ရဲ ၊မျက်နှာလွှဲ ပြီး  အော် ပြောလိုက် ပုံက (ကျွန်မ မ ကြည့်ရဲ ဘူး  ခပ်မြန်မြန် သာ မြေ ဖို့ လိုက် ကြ ပါတော့ )တဲ့ ။

မုံရွာ အရှေ့ လယ်တီ တိုက် ပဌာန်း ဆရာတော် ဦးညဏိန္ဒ ပြန်လွန်စဉ်က  ဒေါ်သန်းတင် အမည်ရှိ  ဒကာမကြီး တစ်ဦး ကျောင်းအပေါ်ပြေးတက် လာပြီး  ( အောင်မလေး  --ဆရာတော် ဘုရား) ဆို ပြီး  အလောင်းကို ပြေး အဖက် ၊ထွက် လာတဲ့ အပုပ်နံ့ ကြောင့် ( ဟင် ) ခနဲ ဖြစ်ပြီး ချက်ချင်းနောက် ပြန် ဆုတ် သွားသတဲ့  ။ အနားမှာရှိတဲံ တိုက် အုပ် ဘုန်းကြီးက ပြုံးစိစိနဲ့ (ဒကာမကြီး  အားရအောင်ငိုနော်) ဆို တော့ ( မှန် ပါ ----ဒီလောက် ဆိုရ ပါ ပြီ ဘုရား )---တဲ့ ။ သူ့ ခမျာ့  ပျို့ တက် လာတဲ့  တံတွေး ကို မျို ချရင်း  မျက်နှာကလည်းရူံ့ မဲ့ လိုပေါ့ ။

မြို့ က မသာတွေ ဆိုရင်  လူသေ ကောင် အနံ့ မထွက်အောင်  ဖော်မ လင် ( Fonmalin )အပုပ် ခံဆေးတွေ  ထိုးပြီး ကာကွယ်ကြ တယ် ။တောရွာတွေ မှာ ဓာတ် ဆီ နဲ့ ကန့်နဲ့ရောပြီး ပါးစပ် ထဲ လောင်းထည့် ။ အချို့ ကလည်း ကျောက် ဖရုံ သီးတွေ ခံ ၊ ထုံးတွေ ဖြူး ။ကျွန်ုပ် အမေ သေတုန်းကတော့ တောချက် အရက် ဆီ ထည့်လိုက်တာပဲ ။ အမေ သေဆုံးခါ စ အသက် ထွက် ပြီးတာနဲ့ အမေ့ ပါးပြင် နှစ်ဖက် ကို အားရ ပါးရ နမ်းရှိုက် ခဲ့တဲ့ ကျွန်ုပ်  ။နောက်နှစ်ရက်ေ လာက် အကြာမှာ  (နမ်းဦးမလား )မေးရင်  "  ဟင့် အင်း  " ပါပဲ ။ ( မေးတဲ့ သူကိုတောင်  မျက် စောင်းထိုးကြည့် လိုက် ဦးမယ် ) ။ 

                                              " လူသေရင် ငို တက်ကြ တာ ပုထုဇဉ်တွေရဲ့ သဘာဝပဲ လား"

တောရွာက   သုဿာန်တွေမှာ အသုဘ ချရင်  အော်ငိုကြ တာများတယ် ။ရှက်မနေ ဘူး ။ ဟန် လုပ်မနေ ဘူး ။ အငို သန်တဲ့ သူ ဆို  ရေကာတာကျိုး သလို  မျက်ရည်တွေ က ဒလဟော စီးကျ ၊နှပ်ချေးတွေက ထွက် ၊ကျူကျူပါ အောင် အော် ငို လိုက်တာ ၀က် ၀က် ကွဲ ရုံမက ဟက် တက်ပါ ကွဲရောပဲ ။မြို့ က သုဿာန်တွေမှာတော့   ငိုသံတွေ သိပ်မကြားရ ။ သူတို့ က အသက် ထွက် ငိုရ မှာ ရှက်နေပုံရ တယ် ။
ဟို ယခင် ကြံတော  သင်္ချိုင်း ရှိ စဉ်ကကျွန်ုပ်  တစ်ခေါက်ရောက်ခဲ့ ဖူးတယ် ။ဗဟန်းညောင်တုန်းတိုက် မှာ  နေတုန်းကပေါ့ ။ မြို့ ထဲ မှာ လူ စည် သလို ၊ကြံတောမှာလည်း  လူပေါ တာပဲ ။ အလောင်းတွေများလွန်းလို့   အခေါင်းရောင်းသူတွေ လည်းစ အလုပ် ဖြစ် ။လွမ်းသူ့ ပန်းခွေ ရောင်းသူတွေ လည်း အဆင်ပြေ ။ အမင်္ဂ လာပစ္စည်းရောင်းတယ် ဆိုပြီး  အထင် မသေးလိုက်နဲ့ ။ မှားသွားမယ် ။

သူတို့ ရောင်းတဲ့ ပစ္စည်းက ဘယ်သူမှ ဈေး မဆစ်တဲ့ ပစ္စည်း ။ အဆစ် အပို မတောင်းတဲ့ ပစ္စည်း ။ ဟုတ်တယ်လေ  ----( ကျွန်တော် အတွက်  အခေါင်းသေးသေးလေး တစ်လုံးလောက် ထည့် ပေးပါ )လို့  ဘယ်သူ တောင်းလို့ လဲ။ဈေးလည်း သွားမလျှော့ ခိုင်းနဲ့ ။ (တော်ကြ --ဈေးတော့ မဆစ်ပါ နဲ့ ၊ခင်ဗျား အလှည့် ကျ ရင် ကျွန်တော်  အလကား လုပ်ပေးပါ မယ် ) ဆို ဒု က္ခ  ။ မီးသဂြိုလ် စက် အလုပ်သမားကြည့်တော့ လည်း လက် ဖျားငွေ သီးနေတာ ပဲ။ သဂြိုလ်စက် ခေါင်း တိုင် က မီး ခိုးလုံး ထွက်နေ သမျှ  သူ့အိပ် ကပ် ထဲ လည်း  ငွေက  အမြဲဝင်နေတာ မဟုတ်လား ။

ကြံတောက  သင်္ချိုင်း ဆိုပေ မယ့်ေ ကြာက်စရာမကောင်း ။ကလေးတွေ လည်းသွားရဲ လာရဲ ။ အမြဲ နေ လူ လည်းရှိ ။နေ့ စဉ် လူတွေ ကလည်း  သေ  ။ အလောင်းတွေကလည်းထပ် ။ဟိုဇရပ်မှာလည်း အလောင်း ။ ဒီဇရပ်မှာ လည်း အလောင်း  ။ သူ့ အလောင်းနဲ့ သူ၊သူ့ အခေါင်းနဲ့ သူ ၊ သူ့ ဘုန်းကြီးနဲ့ သူ ။ သူ့ ပရိတ် သတ်နဲ့ အတူ ။အချိုက အလောင်းတွေက အခေါင်းထဲ ထည့် လို့  အချို့ အလောင်းတွေ က ဇာပုဝါလေးတွေ အုပ် လို့ ။

အလောင်းတွေများလို့  အလောင်းမှားငိုမိ တာတွေလည်း ရှိ ခဲ့ ဖူး တယ် ။ အမျိုး သမီး တစ်ယောက်  အူယားဖားယားနဲ့  အခေါင်းတစ်ခုရှေ့ မှာ အပြေလာရပ် ပြီး  ( ကျွန်မ  လာအောင်တောင် မစောင့်တော့ ပါ လား  အဒေါ်ရယ် ။ သတင်းကြားကြားချင်းကျွန်မ ပြေးလာခဲ့ တာပါ )--ဆိုပြီး တအိအိနဲ့ ကျိတ် ငိုနေတုန်း  ( အစ်မ --အစ်မ --အလောင်းမှားနေပြီ ။ဒုက္ခ ပါ ပဲ ။ လာ---လာ  --အဒေါ်အလောင်းက ဟို ဘက် ဇရပ်မှာ ) - လို့ ကမန်းကတန်းပြောရင်း အတင်းဆွဲခေါ် သွားတော့မှ   ဟိုကြည့်  ဒီ ကြည့် လုပ် ပြီး ရှက် ကိုးရှက် ကန်းနဲ့  နောက်က  အမြန် လိုက်သွားသတဲ့ ။ သူ့ ကိုကြည့်ပြီး ဘေးက လူတွေမှာ  သနားရတော့ မလို ၊ရယ်ရတော့ မလို ။

သူများသေတော့ ကိုယ် က ငို ၊ကိုယ်သေတော့  သူများက  ပြန် ငို ။ ဒီ ငိုချင်းကတော့  ဘယ်တော့ မှကို ဆုံးမှာ မဟုတ် ပါ လား ။  မြို့တော်ဦးဆရာတော်ပျံ့လွန် စဉ်က  သူ့ဆွေ မျိုးတွေ  ငို သံ ကြားရတာလည်း  စိတ် မကောင်းစရာ။( ကိုယ်တော် ပဲ   ဟောဟော  နေတယ်လေ။တစ်နေ့ ကျရင် အကုန် ပစ်သွားရမယ် ဆို ။အခုတော့ ကိုယ်တော်  က အရင် ပစ်သွားပြီ လား  ဓမ္မကထိက ကိုယ်တော် ကြီးရဲ့ )--ဆိုပြီး ငိုလိုက်ကြတာ ။သူတို့ ကိုငေးကြည့်ပြီး ကျွန်ုပ် တို့ စိတိထဲ ( အင်း --ငါ့ အလှည့်ကျ ရင်တော့ လည်း တောရွာက ဆွေမျိုးတွေ လိုက် လာပြီး အခုလို ၀ိုင်းငိုကြ မှာ ပဲ ) ဆိုတဲ့ မဟုတ် မဟတ်  အတွေးက  ကြံ ကြံ ဖန်ဖန် ၀င် လာသေးတယ် ။

ဒီကြားထဲက(  အလောင်းကို မြို့ ထဲက မလှည့် ပဲ  ဆရာတော် လမ်းလျှောက်နေကြ တောင်ပေါ်လမ်း က လှည့်ပေးပါ လား ) လို့ တင်ပြ မိတာ တောင်  အကျိုးတော် ဆောင် ဘုန်းကြီးက ( ခုမှ လာပြောရ သလား အချိန်မရှိ တော့ ဘူး ။ကိုယ့် အလှည့် ကျမှ ပဲ ကိုယ် သွားတော့) တဲ့ ။ နဂိုထဲ ကမှ စိတ် အားငယ်နေရတဲ့ အထဲ  အားမနာ ပါးမနာ သူမို့ ပြောရက် လိုက တာ  ။

 လူသေ လို့ ငို တယ် ဆိုတာ ပုထုဇဉ်တွေရဲ့  သဘာဝ လို့ ပြောရ မယ် ထင် ပါရဲ့ ။မငိုရင် ပတ် ၀န်းကျင် က တစ်မျိုး မြင် တက်ကြ တယ် ။
"ဥရဂ " ဇာတ်တော် မှာ ( လူသေတာ  ဘာကြောင့် မငို တာလဲ  ။  သေသူ ကို မချစ်လို့ လား ) --ဆိုပြီး သိကြားမင်းက လူ့ ပြည် ဆင်းပြီး တအံ့တသြ နဲ့  မေးနေတာပဲ ကြည့်တော့ ။မငိုရင် မချစ်ဘူး လို့ ထင်ကြ တယ် ။ ကျန်ရစ်သူတွေ အားရ ပါးရ ငိုပြ မှ  သွားလေ သူက မျက်နှာလှ မှာလား ။( ဘယ်သူသေတုန်းက ဖြင့် ငိုမယ့် သူတောင် မရှိ ဘူး )---ဆိုတဲ့ အသံ မျိုး လည်းကြားရ တယ် ။ငိုသံ မကြားရတာကိုပဲ သူတို့ အတွက် ထူးဆန်းနေ လိုက် ကြတာ ။

မငိုပြန်ရင်လည်း   အပြောခံရ  ။  အငိုသန်ရင် လည်း အပြောခံရ ။ မိဘသေလို့ မငို ဘူး ဆိုရင် ( ဒီ မိန်းမ  သူ့ အမေ သေတာတောင် မျက်ရည် တစက်မကျ ဘူး ။အမေ ကိုမ ချစ်လို့ ဖြစ်မယ်တဲ့ ။ အလွန် အကျွံ ငိုမိ ပြန်တော့ လည်း ( မသေ ခင် ကတော့  လုပ် မကျွေးမှ ပဲ ၊သေမှ ငိုနေ လိုက် တာ )တဲ့ ။ယောက်ျားသေ လို့မိန်းမက တအားငိုမိ ပြန်ရင် လည်း (အဲဒိ မိန်းမ ကြည့် ထား ၊မကြာခင် နောက် လင် ယူ လိမ့် မယ် ) တဲ့ ။ ဟုတ် မဟုတ် တော့ မသိ  ။ကျွန်ုပ် တို့  အသိ  ဒကာမ တစ်ယောက် ဆိုရင် နောက် လင်ချက် ချင်းကောက် ယူ လိုက် တာ ဘုန်းကြီးတွေ ခင် မျာ  ရက် လည် ဆွမ်းတောင်  ဘယ်မှာ စားရ လို့ လဲ ။

တစ်ချို့ ကလည်း  လူနာ က  ဖြင့် မသေ သေး ဘူး ။ မျောနေတာ ။ ဒါ ကို ဆန္ဒစောပြီး ( အောင်မလေး ...အဖေရဲ့  ။သမီးတို့ကို  စိတ် ချ ထား သွားပြီ လား ) လို့ ထအော် ပါ ရော ။ဒီ ငိုသံကြားရင် သွားရ မယ့် သူတောင် အသေ ဖြောင့် ပါ တော့ မလား ။ မိန်းမ တစ်ယောက် ကတော့ သူ့ ရင် ဘတ် သူ တဘုန်းဘုန်းထုရိုက် ပြီး ရင်ဘတ် စည် တီး ရှိုက် ကြီး တငင်ငင်နဲ့ ( ရှင် မရှိ ရင် ကျွန်မ မနေ တက် ဘူး ။ကျွန်မ လည်း ရှင့်နောက် လိုက်ခဲ့ မယ်  ။ကျွန်မ အတွက် တစ်လောင်းသာ ပြင် လိုက် ပါ တော့ )  ဆို ပြီး  ငို လိုက် တာ ။ပြီးတောာ့  တကယ် လည်း မလိုက်ရဲ ဘဲနဲ့။ဘေး လူ ကြားရင်  လင် ကို သိပ် ချစ်တဲ့ မိန်းမပေါ့ ။ ။အဲ သလို   အငို သန်ခဲ့ တဲ့    မိန်းမ ။ တစလောင်းပြင်တော့  တစ်လင် ပြောင်း--ဆို တာ လို ရက် လည် ပြီးတာနဲ့  သူတကယ် လိုက် သွားတာက ယောက်ျား အသစ်နောက် ။ သူပြောခဲ့ သားပဲ (ရှင်မရှိ ရင် မနေ တက် ပါ ဘူး )-----တဲ့ ဆို ။            ။

                                              *                               *                                      *

Blogged with the Flock Browser