Tuesday, February 26, 2013

ထီး ( မစန္ဒာ )

မီး သေနေ သော ဆေး လိပ် တို ကလေး ကို နှုတ်ခမ်းထောင့် တွင် မထိတထိ လေးခဲကာ   နံရံ မှီ ရင်း ငိုက်နေ တက် သော  ကိုရေ ခဲ ကို ကြည့် မိ တိုင်း  မစိန် မြ စိတ် ထဲ တွင် မအီမသာ ဖြစ် တက် သည် ။ ထို့နောက်  အမေ ခဏခဏ ပြောခဲ့ ဖူးသော   စကား ကို  သတိရသည် ။

"လင်ယောကျာ်း အမှီ သဟဲ မရှိတဲ့ မိန်းမ ဟာ  မိုးထဲ လေ ထဲ မှာ ထီးမ ပါ ပဲ လမ်းလျှောက်နေ ရ တဲ့ သူနဲ့ တူ တယ် ။ မိုးဒဏ် လေဒဏ်ကို အုပ်မိုး ပြီး ကာကွယ် ပေးမယ့် သူ မရှိ ဘူးပေါ့  တဲ့   ။ "

                                                                                           *
ကိုယ့် ဘာသာ ကိုယ် ကြိုက်၍ ယူခဲ့ သော လင်ယောက်ျား ပင် ဖြစ်သော် ငြား မစိန်မြ သည် ကိုရေခဲကို စိတ် တိုင်းမကျ လှ ချေ ။ သူတစ်ပြားမကျန်အပ် သော လခ ငွေလေးကို လက်ထဲတွင် တင်းတင်း ဆုပ်မထားနိုင် ဘဲ တတိ တတိ နှင့်ေ ပြာင် သလင်းခါ သွားသော အခါများတွင်ကားပို၍  စိတ်တို တက်လေ သည်  ။

"ကလေးတွေ တစ်ပြုံ တစ်ခေါင်းကြီးမွေးထားပြီး လခ တစ်ခု တည်း ကို  အားကိုးနေ လို့ တော့ မဖြစ် ဘူး  ကိုရေခဲရေ ၊အပြင် စီးပွားရေးလေးလဲ ကြံ ဖန်ဦးမှ "

လတစ်ဝက်ကျော် လျှင် မစိန်မြ က ထို စကား ကို နှစ်ခါလောက်ပြောမိတက် သည် ။

" အင်း....ဟုတ်တာပေါ့  ၊ကြံ လေကွာ  ၊ ကြံ .......ကြံ   ........ "

မှိန်းငိုက်နေသော  ကိုရေခဲက မျက်စိကို မပွင့်တပွင့် ဖွင့် ကြည့် ကာ ထောက်ခံသည် ။ ထို့ နောက် မပွင့် တပွင့် မျက်လုံးကို ပြန်မှိတ်ရန် ကြိုးစားသည်။

" ကျုပ် မကြံ တက် လို့ တော့် ကို ကြံ ခိုင်းနေတာ .....တော့ ကို ........ ".

မစိန်မြ က ငေါက်ဆက်ဆက် ပြော သော အခါတွင် ကား ကိုရေခခြမျာ အတန် ငယ် မျက်စိကျယ်သွားကာ သက်ပြင်းကို မသိမသာ ချတက်လေသည် ။

" အင်းလေ....ဒါ ဆို လဲ ကြ ရ တာပေါ့  "

"ဘယ်လိုကြံ မှာ လဲ ပြော "

"ဟ....ချက် ချင်းကြီးလား "

"အို.....ပါးစပ်က တင် ပြောရ မှာ ၊ဘာခက် လို့ လဲ ၊ပြော ...အခု  ပြော  "

"ဟ...ချက်ချင်းကြီးလား"

"အို ..ပါးစပ်ကတင် ပြောရမှာ  ဘာခက် လို့ လဲ ၊ပြော...အခုပြော "

"ဟ...ပါးစပ် က ပြောရ တာလဲ လွယ်တယ်  အောက်မေံ လို့ လား ၊အဲ့ဒီ လောက် များ တော်နေ ရင်   ငါက  ဘာကိစ္စ စာရေး လုပ်နေတော့ မှာလဲ    ၊ဒီ ဂျီ တို့  ၊အမ်ဒီ  တိုက တက် လုပ်နေ မှာပေါ့  "

မစိန် မြ က ကို ရေ ခဲ အား  မျက်စောင်းအကြီးကြီး ထိုး သည် ။

စူပွ  စူပွ  ရေ ရွတ် သည် ။ ဒုန်းခ နဲ ၊ဒိုင်းခနဲ ဆောင့် သည် ။ ထို အချိန် တွင် ကံ ဆိုးမိုးမှောင် ကျ ပြီး  သူ့ အား မျက်စိနောက် အောင် လုပ် မိသော အကြီးကောင်တို့  အလတ်ကောင် တို့ သည် လည်း ကောင်းကောင်း အတွယ် ခံ ရ တက် သည် ။

ကိုရေခဲ ကလည်း  သက် ပြင်း အကြီး ကြီးချ သည် ။

ပါးစပ်မှ ဆေးလိပ် တို့ ကို ဖြုတ် သည်  ။ ထို့ နောက် ပြန် တပ် သည် ။ မီးခြစ်ကို လှမ်းယူကာ မီးညှိ သည် ။  ဘာကိုမှ  မမြင် သလို ၊ဘာကိုမျှ မကြားသလို ၊အားလုံး ကို လျစ်လျူ ရှု့ သည် ။ ဆေးလိပ် တို ကို မီး ခိုးတွေ  တထောင်းထောင်း ထအောင်  ဖွာရှိုက် သည် ။

ဆယ်မိနစ်ခန် ကြာသော အခါ တွင် မူ ကား နံရံ ကို ပြန် မှီ သည် ။  ဆေး လိပ် ကို မေ့ တစ်ချက် လျော့ တစ်ချက် ဖွာ သည် ။  နောက်  ထပ် ဆယ် မိနစ်လောက် ကြာသော အခါတွင် မူကား  ပြန် လည် ငိုက်မျည်းသွားတက် လေသည် ။



                                                                                              *
သူ့ ကိုများပြောရ ရင်   ဒီ လို အဆုံး သတ် ရ တော့ တာပဲ အစ်မ  မစိန်ကြည် ရေ့  ၊ စိတ် ကို ဘယ်ေ လာက် ပျက် သလဲ မမေးနဲ့

 မစိန် မြ က အထက်အောက်   အစ် မဖြစ်သူ ဒေါ် စိန် ကြည် အား ရင် ဖွင့် တက် သည်  ။ ဒေါ် စိန် ကြည် ၏ ယောက်ျားက  ဂန္ဓာလရာဇ် သွေးပါ သည် ။ ညနေ တစောင်းတွင်  ကိုရေ ခဲ လို ပင် နံ ရံ ကို မှီ ၍ ထိုင် တက်သော် လည်း အိပ် ငိုက်နေ တက် သည်တော့ မဟုတ် ၊တရုတ်ပေသီးကို တဂျောက်ဂျောက်တွက် နေတက်သူ ဖြစ် သည် ။ သူ့ ခေါင်းသေးသေးလေးထဲ တွင်  မည် သည့် ပစ္စည်းကို ရောင်းသင့် ကြောင်း  ၊မည် သည့် ပစ္စည်း ကိုလျှော့ ဈေး နှင့် ကောက် ထား သင့်ေ ကြာင်း ၊မည် သည့် ပစ္စည်း ကိုလှောင် ထား သင့် ကြောင်း ၊စသည် များကို အမြဲ တွက် ချက်နေ ဟန် ရှိသည် ။

တရိပ် ရိပ် တက် လာသော ကုန်ဈေးနှုန်းနှင့် အပြိုင် သူ့ လစဉ် ၀င်ငွေ ကို လည်း တရိပ် ရိပ် တိုးလာအောင်  ကြံနိုင် ဖန် နိုင် သူ ဖြစ် သည် ။ထို့ ကြောင့်  မစိန် မြ တို့ လို ပင် ကလေး ငါးယောက်မွေးထားသော လည်း သူတို့ မိသားစုက  ငကျွဲ ဆန် ဖွေးဖွေးကို  အသားဆီ ပြန်  ငါး ဆီ ပြန် နှင့် ဖွယ်ဖွယ်ရာရာ စားနိုင်ကြ သူ များ ဖြစ်သည် ။

တစ်လ တစ်လ  လောက် တယ် ကို မရှိ ပါ ဘူး  အစ်မ ရယ် ပေါင်ရ နှံ ရချေးရ ငှားရ နဲ့ လုံးလည်ချ လည် ကို လိုက်နေ တာပဲ ။ မစိန်မြ က လောက ကြီးကို အတော်ပင် စိတ်ပျက် လက် ပျက် ဖြစ်နေ သည် ။ အခုနေသာ သိကြားမင်းကြီးက နားကင်း ကြီးနဲ့ကိုယ်ထင်ပြကာ လိုရာစု  ကို တောင်း စေဟု ဆိုလိုက်လျှင် နိဗ္ဗာန် မဂ် ဖိုလ် ကို ရက် တိုတို နှင့် ရောက်ရပါ လို၏ ဟူသော ဆုကို တောင်းမိ မည် မထင် ။

တပည့်တော်မ ယောကျာ်း  ကိုရေ ခဲ သည်  အစ်မ ဒေါ်စိန်ကြည် ၏ယောကျာ်း ကို ယု စွမ်လို အရှာ အဖွေ ကောင်းပါ စေ ဘုရားဟု ဆုတောင်းလိုက် မည် ထင်သည် ။

သို့ သော် တာဝတိံ သာ နတ် ပြည်မှ ပဏ္ဍကမ္ဗလာ မြ ကျောက် ဖျာလည်း တင်းလာ ဟန် မတူ ။ သိ ကြားမင်းကြီး ကလည်း ကိုယ် ထင် မပြ ၊ ဒီော့ လည်း ကို ယု စွမ်က ပေသီးတဂျောက်ဂျောက် တွက် နေချိန် တွင် ကိုရေခဲ က ငိုက် မြဲ တိုင်း ငိုက်နေတက်လေသည် ။

 "ကိုရေ ခဲကြီး တော် ရှာ ပါ တယ်အေ "

အခါ တိုင်း  မဟိန်မြ  ပြော လျှင်  ဘာမှ ပြန် မပြော တက် သော် လည်း ဒီ တစ်ခါတော့  မစိန်ကြည် က ကို ရေခဲ ဘက် မှ ရှေ့ နေ လိုက် နေ သည်  ။

"အရက် မသောက်  ၊ဖဲ မရိုက်  ၊ နောက်ပြီး အငယ်အနှောင်းလဲ မရှိ "

 အစ် မ စိန်ကြည် က သူ့ သမီး လာချသော လက် ဖက် သုပ် ပန်းကန် ကို မစိန် မြ ဘက် သို့ တိုးပေး သည် ။
လင် ရယ် မယားရယ် လို့ ဖြစ် လာရင် ငွေရေးကြေးရေး ထက် သစ္စာ တရားက  ပိုပြီးအရေးကြီးပါ တယ်  စိန်မြ ရယ် ၊အိမ်ထောင် တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက်  မယုံ ကြည်ရ ၊စိတ်မချရ ဘူး ဆိုရင် ဘယ်လို လုပ် ပြီး  စိတ်ချမ်းသာရ တော့ မှ လဲ

 မစိန် မြ သည် အစ် မ ဖြစ် သူ အား ဖျက်ခနဲ လှည့် ကြည့် လိုက် မိသည် ။ နာ ကျည်းကြေ ကွဲ မှု့ များနှင့် မှိုင်းပြီးနေ သော မျက်လုံး အစဲု ကို ချက် ချင်း သတိ ထား လိုက် မိ သည်  ။

"ဘာ ဖြစ် လို့ လဲ   ဟင်  အစ်မ  ၊ အစ်ကို ယုစွမ်က  .."

"အေး .... နင့်  အစ်ကို ယုစွမ်က  မယား ငယ် ယူ ထားတယ်လေ "

အစ်မ စိန်ကြည် က မစိန် မြ အား မကြည့် ဘဲ မျက်နှာ  လွှဲ ထားရင်းမှ ခပ် ပြတ်ပြတ် ပြောသည် ။

"ကောင်မလေးက  ငယ် လည်းငယ် တ.ယ် ၊ချောလည်းချော တယ် ၊လှ လည်းလှ  တယ် ။နင့် တူမ အကြီးမ  မိတူး နဲ့ မှ ရွယ် တူလောက်ရှိ မှာ.. "

"ဟင်.... သမီးအရွယ် လေ "
 မစိန် မြက တအံ့ တသြ ရေ ရွတ်မိသည် ။ အစ်ကို ယုစွမ် သည် စီးပွားရှာရန် ကိစ္စ မှ လွဲ ပြီး အခြားအပျော် အပါးများတွင် စိတ်ဝင်စားလိမ့် မည် ဟု သူ ထင်မထားမိခဲ့ ချေ ။

" ငါကတော့  အသက် လေးဆယ်ကကျော် လို့ ငါးဆယ် နား ကပ်နေပြီ ။လူက ဝ ဗိုက် က ပူ ၊ ခါးကတုတ် ဆိုတော့ အတောင့် စား ၊အဖြောင့် စား စမော လေးနဲ့တော့ ဘယ်လို မှ မယှဉ်နိုင် တော့ ဘူး မစိန် မြရေ  "

" ဘုရား .......ဘုရား "

မစိန်မြ က အစ်မ မစိန်ကြည် ၏ ဝမ်းဗိုက် စူစူ ကြီးကို  ကြည့် ရင်း  ကျိတ်ပြီး ဘုရားတ လိုက် မိသည် ။ အစ်မ စိန်ကြည် လောက် မဆိုးသော် လည်း သူ့ ဗိုက် သည် လည်း ပူ သည်ပင် ၊ဗိုက်ခေါက် က လည်း ထူ ၊ခါးက တုတ် နှင့် မို့ ဝမ်းဗိုက်နှင့် ခါး တစ် ဆက် တည်း ဖြစ်နေပြီ ဖြစ်သည် ။ ကိုရေခဲ က ပင် တစ်ခါ တစ်ရံ  မစိန် မြရေ  လို့ မခေါ် ဘဲ  မလိပ် ခါးရေ  မဖား ဖင် ရေ နှင့် နောက် ပြောင် ပြိး ခေါ်တက် သည် ကို  သတိရမိသည် ။  ဒါတင် မက သေး ဘော်လီ အင်္ကျီ ပုံ ကျ ပန်းကျ မ ဝတ် ရ သည် မှာ လည်း အတော်ကြာနေပြီ ဖြစ်သည် ။

ဒီတော့ ခါးအောက် ပိုင်းမလှ သည် သာ မက ခါး အထက် ပိုင်းက လည်းကြည့်ပျော်ရှု့ပျော်လေး ပင် ရှိလိမ့် မည် မဟုတ် သည် မှာ သေချာနေသည် ။ မျက်နှာကတော့ အပျို ကတည်းက ရွက် ကြမ်းရေကျိုဆိုတော့  အခု လို နှုတ်ခမ်းနီပေါင်ဒါနှင့် အဝေးကြီးနေရသော ဘ၀တွင်.........

 "ဘုရား....ဘုရား  ကိုရေခဲ လည်း  တက်များ တက်နိုင်နေရင် အငယ်လေး တစ်ယောက်ယောက် လိုချင်နေပြီလားမသိ ဘူး  "

လက်ဖက်သုပ် တစ်ဇွန်းကို  ကယောင် ကတန်းကော်စားလိုက်ရင်း မစိန်မြ က စိတ် လက်   မချမ်း သာစွာနှင့်တွေးမိသည် ။

"အစ် မသိ တာ     ကြာပြီ လား "

"အင်း  ..နှစ်လ လောက် ရှိပြီ ထင် ပါရဲ့ "

အစ်မ စိန်ကြည်က မျက်ရည်သုတ် သည် ။

"သူကတော့ ဖုံးထားတာပေါ့ ၊ငါ ကလဲ သူ့ ကြည့်ရ တာ  အကဲ မရတာနဲ့ သူမသိအောင်  လိုက်ချောင်းတာ ၊တစ်ခါ တည်း တန်းပြီးတွေ့ တာပဲ  "

"အစ်မ  ဘာ လုပ် လဲ "

 "ငါ လား "

အစ် မ စိန်ကြည် က အံ ကို တင်းတင်း ကျိတ် သည် ။ထို့ နောက်  တစ်စုံ တစ်ခု ကို  မျို ချလိုက်ရသလို တံတွေးကို ပင်ပန်းကြီးစွာ မျို ချလိုက်ရင်း မစိန်မြ အား ခပ်ပျော့ပျော့ ပြုံးပြ သည် ။

ငါလေ  ၊အဲဒီ နေရာက  သူမသိအောင် တိတ်တိတ်လေး ပြန် ထွက် လာခဲ့ တယ် ။

" ဟော....တော့ "

"နင် စဉ်းစားကြည့်လေ  ၊ငါ သိနေပြီ ဆို တာကို သူသိရင် ဘာလုပ် မလဲ  မထူးတော့ ဘူး ဆို ပြီး ပြောင်ပြေင် တင်းတင်း ရှေ့ တိုးတော့ မှာ ပေါ့၊   ခိုးပေးနေရာက   ပြောင်ကြီး ပေးတော့ မှာပေါ့ ငါ့ မှာ ကလေး ငါးယောက် နဲ့ သူ့ လုပ် စာ ထိုင် စားနေရတာ  ဘာမှ လည်း လုပ် တက် ကိုင် တက် တာ မဟုတ် ဘူး  ။သူနဲ့ ကွဲ ရင်  ငါ   ဘာလုပ် စားမှာလဲ ၊မကွဲနိုင်သေးတဲ့   အတူတူ  မသိချင် ဟန် ဆောင်နေတာ တော်သေးရဲ့ လို့ ထင်တာပဲ ဟယ် "

ဒီ တစ်ခါ တော့ မစိန် မြ  သူ့ အစ်မ အအား အတော် ကြီး အထင်ကြီး သွားသည် ။  အသနားကြီးလည်း သနားသွားမိသည် ။ ကိုရေခဲ သာ ဒီ လို လုပ် လာလျှင်  သူက အစမ စိန်ကြည် တုံ့ ပြန် နည်းမျိုး နှင့် တုံ့ ပြန် မည် မဟုတ် သည် ကား သေချာလေသည် ။

"ကိုရေခဲ ကို  နင်က မရှာ ရ ကောင်းလား  မဖွေရ ကောင်းလား နဲ့ စိတ် ဆိုးနေတယ် ။ သူ အများကြီး မရှာနိုင်ပေ မယ့်  သူရှာ လို့ ဖွေလို့ ရ သမျှလေး  နင့် လက် ထဲ အကုန်ရောက် တာပဲ ဟာ ၊ဒါ ဆိုရင် နင် မကျေနပ် သင့် ဘူး လား "

"ကျေနပ် ရမယ်တဲ့ လား "

မစိန် မြ က သူ့ ကိုယ် သူ ပြန် မေးကြည့်ရင်း စိတ် မချမ်း မသာ ဖြစ်မိသည် ။ မပြည့် မစုံ လုံလောက်သော အိမ်ထောင် တစ်ခုတွင် အချိန် အားရတိုင်း ထိုင် ငိုက်နေ တက် သော  အိမ်ထောင်ဦး စီးကို  သူ မည် သို့ ကျေနပ်ရ မည် နည်း ။

" နင်   မရှုကြည် ကို သိ တယ်  မဟုတ်လား ၊ကိုယုစွမ်ရဲ့  ညီ မလေ "

" အင်း ...... သိ တယ်  "

မရှုကြည် သည်  အသားဖြူဖြူ သေသေးသွယ်သွယ်  ကလေး နှင့်  အပျို တုန်းက တော်တော် လေး  လှ သည် ကို  မစိန် မြ သိ သည် ။ အောက် ဆိုက်  တော်တော် များများရ သော ဌာ န တစ်ခု မှ အရာရှိ တစ်ဦးနှင့် လက် ထပ် သွား သည် ။တော်တော် လေး ဟန်ကျ ပန်ကျရှိ ပြီး  စု မိဆောင်းမိ သည် ဟူသော သတင်း ကို လည်း  ကြားနေရ သည် ။

"သူ့ယောက်ျားက  အရက် မသောက်ရင်တော့ ကောင်းတယ်  ။ ဒါပေ မယ့် အရက် ကလေး ဝင် သွားတာနဲ့ သူ့ ကိုရန် လုပ် တော့တာပဲ၊ အကြောင်းမရှိ  ၊အကြောင်းရှာပြီး ဆူတော့ ပူတော့ ရိုက်တော့ ကပုတ်တော့ တာ "

" ဟင်...ဟုတ် လား  "

" အမူးပြေတော့ လည်း ကိုကို မှားပါ တယ်ပေါ့ ၊ပြန်ချော့ ပေါ့  ၊ဒါပေမယ့် ကိုကို က ခဏခဏ မှားနေတော့  မရှုကြည်ခမျာ  မျက်ရည် နဲ့ မျက် ခွက် .... "

" မနေ့ တုန်းကတောင်  လာသေးတယ် ၊ပါးကြီး တစ်ဖက်ယောင် လို့ ၊ကို ယုစွမ်က ဒေါသ ဖြစ်ပြီး နင်  ဒီ ကောင် ကို ကွာ ပစ် ပါ လား ၊ဘာလားနဲ့ ပြောနေ သေးတယ် "

" ဟုတ်သားပဲ ။ ကွာပစ် လိုက် ပါ လား"

" ဟယ်  ..ကလေး နှစ်ယောက် ရနေပြီ ဟဲ့ ၊ကွာ လို့ လွယ် မလား ၊နောက် ပြီး  ငါ တို့ ဆီ မှာ မု ဆိုး မကိုမှ လူလေးစားသေးတယ် ၊တစ်ခုလပ် ဆိုရင်   ပတ် ၀န်းကျင်ကလဲ လေးစားတာ  မဟုတ် ဘူး  "

အစ်မ စိန်ကြည် က တွေးတွေး ဆဆ ပြောသည် ။ တက်ကြွ ရွှင် လန်းခြင်းမရှိသော မျက်လုံးများ သည်ကား မှုန် ပြီး မှိုင်းနေသည် ။ အရောင်တွေ မှိန် ဖျော့နေ သည် ။

" ငါ  အခု  ညဘက်  အားရင်  တရား ထိုင်နေ တယ်  "

အံ မယ်    အစ်မ က

 အစ်မ စိန်ကြည် သည် စိတ် နှ လုံး နူးညံ့ သော် လည်း  ဘုရားတရား ကို သိပ် ပြီး သတိတရ ရှိ သူ မဟုတ် ကြောင်း  မစိန် မြ  သိ သည် ။

" အစော ပိုင်း ကတော့  ဆံပင်တွေ ဖျက်ရ မလား ၊ကောက်ရ မလား ၊အေရိုးဗစ် သွားတက်ရ မလား  ၊ပိန်ပိန် သွယ်သွယ်လေး  ဖြစ်သွားအောင်  အစားလျှော့ စားရ မလား ။ အမျိုးမျိုး စဉ်းစားတာပေါ့ ဟယ် ........... "

"ဒါပေမယ့်   ဘာလုပ်နေနေ  လေးဆယ်ကျော် ဟာ  လေးဆယ် ကျော် ပါ ပဲ ၊အသက် နှစ် ဆယ် ကောင်မလေး လို တော့  ဘယ်တော့မှ  ပြန် လှ လာမှာ မဟုတ် တော့ ဘူး ။ အဲဒါတွေ ကို မြင် လာတော့  ငါ လက် လျှော့ လိုက် တယ် ၊အခု  ဘုရားစာအုပ် ဖတ် တယ် ၊တရား ထိုင် တယ် ၊ကိုယ့် စိတ် ကို ကိုယ် အေးချမ်းလာအောင် အဲဒီ နည်းနဲ့  ပဲ ကြိုးစားတော့ မယ် "

" မစိန် မြ သည်  သက် ပြင်း ကို အရှည် ကြီးချ လိုက် မိသည် ။ လော က ကြီးတွင်  ဘာကြောင့် များ  မသာမယာ  အိမ်ထောင်တွေ  ပေါများနေရသနည်း   ။ ငွေရှိပြန်တော့  သစ္စာ တရားမရှိ   ၊ငွေ နှင့် သစ္စာ တရားရှိပြန်တော့ လည်း အကြင် အနာ တရားမရှိ ၊အ ကြင်နာတရားလေးရှိသော အိမ်ထောင် ကျတော့ လည်း  ငွေ က ချို့ တဲ့ ပြန်  ၊အခြေ ခံ  လိုအပ် ချက် တွေ  မပြည့် စုံ ပြန်တော့ စိတ်တိုကြ  ၊ရန်ဖြစ်ကြ ပြန် ။ "

 " အို....စိတ်ညစ်ပါ တယ်   ၊ပြန်တာပဲ ကောင်းပါ တယ်  "

မစိန်မြ က နေရာမှ ထကာ  ထဘီ ပြင် ၀တ် သည် ။ဘော်လီ အင်္ကျီ က လျော့ရိလျော့ ရဲ   ၊   ဗိုက် က ပူပူ   ၊ခါးက တုတ်တုတ် နှင့် သိပ် ပြီး ရှုချင် စဖွယ်  မကောင်းလှသော ခန္ဓာ ကိုယ် တစ်ခု ကို မှန် ဗီ ရို မှ မှန် ထဲ တွင် လှမ်း၍   တွေ့ လိုက်ရ သည် ။

"အင်း...ဒီ ခန္ဓာကိုယ်ကြီး ကို ကြည့်ပျော် ရှု့ ပျော်ဖြစ်လာအောင်  ဆင်စရာ ၊ ပြင် စရာ  အင်္ကျီ  အ၀တ် အစား လှလှ ပပ သစ်သစ် လွင်လွင် မရှိ ပြန်တော့ ပို ဆိုးတာပေါ့  "

မစိန်မြ က  မှန် ထဲ မှ  အရိပ် ကို မျက်မှောင် ကုတ် ၍ ကြည့် မိရင်း ခါး သီး စွာ တွေး သည် ။

" ဟဲ့... နင် က ပြန် တော့ မလို့ လား "

" အင်း  ..ညနေ စာ မချက် ရ သေး ဘူး  "

" ရော့...ရော့၊ ကလေးတွေဖို့ မုန့်လေးယူသွားဦး "

အစ်မစိန်ကြည်က ဘီစကစ်မုန့်တစ်ထုပ်နှင့် ငွေအစိတ် ထုတ်ပေးသည်။

 "မိုးတွေကလဲ အုံ့လို့ မည်းလို့၊ နင့်မှာ ထီးရောပါလာရဲ့လား "

" ပါတယ်လေ.....ဟောဒီမှာ "

မစိန်မြက အပေါက်တွေအဖာတွေပြည့်ပါနေသော သူ့ထီးကြီးကို လှမ်းယူကာ ချိုင်းကြားတွင် ညှပ်သည်။ သက်တမ်းအတော်ကြာပြီဖြစ်သော ထီးရွက်များကလည်း အမည်းရောင်တွေ ပြယ်လွင့်ကာ အရောင်မွဲနေလေသည်။ တော်ရုံတန်ရုံ မိုးဖွဲကျရုံလောက်နှင့်တော့ ဒီထီးကြီးကို ဖွင့်ပြီး ဆောင်းချင်စရာမကောင်းလှပေ။ အစ်မစိန်ကြည်က မစိန်မြ၏ ချိုင်းကြားမှ ထီးကြီးကို ခေတ္တမျှ စိုက်ကြည့်ပြီး ခပ်ခြောက်ခြောက် ရယ်မောသည်။

" အမေ ခဏခဏပြောတာသတိရသေးလား မိစိန်မြ "

" ဘာလဲ "

" လင်ယောက်ျားမရှိတဲ့မိန်းမဟာ မိုးရေထဲမှာ ထီးမပါဘဲ လျှောက်နေရတဲ့သူနဲ့တူတယ်ဆိုတာလေ "

"အမေသာရှိသေးရင် ကျွန်မက ပြန်ပြောချင်နေတာ အစ်မရေ့ ၊ ထီးတော့ဆောင်းထားပါရဲ့၊ ဒါပေမယ့် အဲဒီထီးက အစုတ်ကြီးဖြစ်နေရင် မိုးရေတွေ ဖောက်ဖောက်ပေါက်ကျပြီး ရွှဲစိုတာပါပဲ လို့လေ "

ဒီတစ်ခါတော့ သူတို့နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦးကြည့်ကာ ဟက်ဟက်ပက်ပက်ရယ်မိကြသည်။ ထို့နောက်
် အစ်မစိန်ကြည်က မချိပြုံးနှင့် ခပ်ပျော့ပျော့ ပြောသည်။

“ အကောင်းစားခေါက်ထီးတွေ စဟီးကိုင်းတွေလဲ စိတ်မချရပါဘူးဟာ၊ လေပြင်းတိုက်ရင် မိုးထဲ လေထဲမှာ ကိုင်းကြီးကော့ပြီး လန်ထွက်သွားတတ်တာပါပဲ

အပြန်လမ်းကျတော့ မိုးတွေ သဲသဲမဲမဲ ရွာသည်။ မစိန်မြလည်း သူ့ထီးစုတ်ကြီးကို ဖွင့်ကာ ဆောင်းရ သည်။ ပြည်တွင်းဖြစ်ဖဲထီးဆိုတော့ ခေါက်ထီးတွေလို ကိုင်းတွေက ကော့လန်သွားခြင်းမရှိပေ။

" ကိုင်းမလန်ရင်တော်ပြီပေါ့၊ မိုးရေပေါက်ကျတာတော့ သည်းခံဟဲ့…..သည်းခံ "

မစိန်မြက သူ့ကိုယ်သူပြောသည်။ မိုးရေတွေက ဘေးကပက်လိုက် ရှေ့ကပက်လိုက်နှင့်။ ပက်ရသည့် အထဲ ထီးအရွက်ကမလုံဘဲ မိုးရေတွေ တစ်ပေါက်ပေါက် ခုန်ဆင်းနေတော့ အိမ်ရောက်သောအခါ မစိန်မြ၏ တစ်ကိုယ်လုံး ရွှဲနစ်နေလေသည်။ အစ်မစိန်ကြည်ပေးလိုက်သော ဘီစကစ်မုန့်များသည် လည်း ကျွတ်ကျွတ်အိတ်ထဲတွင်ပင် အစိုပြန်ကာ ပျော့လောက်ပေပြီ။

" အစ်မစိန်မြ မိုးမိလာသလား "

တစ်ဖက်ခန်းမှ သန်းသန်းခင်က လှမ်း၍ နှုတ်ဆက်သည်။ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းကာ ပါးကွက်ထူထူ ကွက်ထားသော သူ့မျက်နှာလေးသည် မှောင်ကုတ်ကုတ်အခန်းထဲတွင် မီးလုံးကလေး တစ်လုံး ထွန်းထားသလို ဝင်းနေသည်။

" မိုးကလဲ ကောင်းသလားမမေးနဲ့၊ ရွာတယ်ဆိုရင် ဒလဟောပဲ၊ ကျွန်မလဲ ဒီနေ့ အပြင်မထွက်မိတာ ကံကောင်း "

သန်းသန်းခင်သည် ခြေနင်းစက်ကလေးတစ်လုံးပိုင်သည်။ အပ်ထည်များကို လက်ခံသည်။ သို့သော် သူချုပ်သောအင်္ကျီများက ပုံစံသိပ်မကျလှ၍ ဖောက်သည်တော့ သိပ်မရှိလှပေ။ နေ့ခင်းတိုင်းတော့ ပြင်ဆင်ပြီး အပြင်ထွက်တတ်သည်။ အရောင်းအဝယ်လေး လုပ်သည်ဆိုသော်လည်း ဘာရောင်း၍ ဘာဝယ်မှန်းတော့ မစိန်မြတို့ အသေအချာမသိချေ။

အိမ်ရှေ့အိမ်မှ မကျော့ကမူ စက်ချုပ်တဲ့ဝင်ငွေကလဲ ဘာရှိတာမှတ်လို့၊ သူတို့သားအမိ သုံးနေစားနေ တာနဲ့ ကာမိနိုင်ပါ့မလား၊ နေ့ခင်းတိုင်း အပြင်ထွက်ပြီး ဘာလုပ်နေမှန်းမှ မသိတာ ဟု စကားတင်း ဆိုသည်။

တစ်ခါတလေကျတော့လည်း ရပ်ကွက်ထဲမှ လူရှုပ်ကလေးများက “ မခင်သန်းခင်ရဲ့ သန်းခင်၊ ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်။ ပန်းကလေးလို ညှိုးမှာကိုလဲ စိုးရိမ်ပါသည်။ အဟီ…အဟီ..စိုးရိမ်ပါသည် ”  ဟု အမှောင်ရိပ်ခိုပြီး အော်သွားတတ်ကြသေးသည်။

" ထီးပါပေမယ့် ရွှဲတာပါပဲအေ "

" သြော်…မိုး တကယ်သည်းလာရင် ဒီထီးလောက်က ဘယ်လိုလုပ်ပြီး လုံနိုင်မှာလဲ အစ်မရဲ့ "

" ထီးကလဲ စုတ်လို့ပါဟယ်၊ မိုးရေထဲမှာ ဒီအတိုင်း လျှောက်ခဲ့တာကမှ ကောင်းဦးမယ် "

မစိန်မြက ဘယ်ဘက်လက်ထဲမှ မုန့်ထုပ်ကို အလတ်ကောင်အား လှမ်းပေးပြီး ညာလက်ထဲမှထီးကို အိမ်ရှေ့ကပျဉ်တွင် ခပ်ဆောင့်ဆောင့် ပစ်ချလိုက်သည်။ စုတ်ချာချာထီးကို မွှေးကြိုင်လှပနေသော သန်းသန်းခင်ကိုရော စိတ်ထဲတွင် မြင်ပြင်းကပ်နေမိသည်။

 " သမီးရေ….အမေ့အဝတ်ဗီရိုကြီးထဲက ကီမိုနိုတစ်ထည် ထုတ်ခဲ့စမ်း၊ ရေလဲလုပ်ရအောင် "

ထဘီအောက်နားကို စုကိုင်ကာ ရေညှစ်ချရင်း ခပ်ရွဲ့ရွဲ့အော်သည်။ သို့သော် သူရွဲ့သည်ကို ရွဲ့မှန်း မသိအောင် ထူပိန်းပိန်း နိုင်သော အကြီးကောင်က…..

"ဟာ….အမေ့မှာ ကီိမိုနိုထဘိရှိတယ် ဟုတ်လား ဟု တအံ့တသြရေရွတ်သည်။ အလတ်မ ယူလာသော အဆင်မွဲမွဲ အရောင်ပျက်ပျက် တရုတ်ပွင့်ရိုက်ထဘီကို မျက်လုံးအပြူးသားနှင့် လှမ်းကြည့်နေသည်။ "

" သောက်အ , ကြီး "

မစိန်မြက သားတော်မောင်ကို စိတ်ထဲတွင် ထောမနာပြုရင်း ထဘီလဲသည်။ ခြေရင်းတွင် ပုံကျသွား သော ရေစိုထဘီကို ကောက်ပြီးရေညှစ်သည်။ သန်းသန်းခင်ကို လှမ်းမကြည့်မိသော်လည်း ခပ်တိုးတိုး ပြောသော သူ့အသံငိုတော့ ဆက်၍ ကြားရသည်။

" မိုးတကယ်သည်းလာရင်တော့ ဘာထီးကြီးဆောင်းထားထား ရွှဲတာပါပဲ အစ်မရယ်၊ ဒါပေမယ့် မိုးထဲလေထဲမှာ ထီးကလေး ဆောင်းစရာပါတော့ က္ကနြေ္ဒလေးရတာပေါ့……...တဲ့။  "



Blogged with the Flock Browser