Saturday, November 17, 2012

သီတာရေစင် (အရှင်သီရိကဉ္စနာဘိဝံသ)

ုတောရကျောင်းလေးတစ်ခုတွင်  တရားစခန်းဝင်တုန်း   ရဟန်းတစ်ပါးက   ဒီစာအုပ်လေး   ကျွန်မအား
ငှားလိုက်သည်။   ဘုန်းကြီး   ငှားသော  စာအုပ်  ဖြစ်၍စာအုပ်ကောင်းတစ်အုပ် တော့ဖြစ်လိမ့်ဟုတော့တွေးမိ
သည်။ဖတ်ကြည့်တော့မှ မိဘမေတ္တာအေ ကြာင်းကို မရိုးမအီအောင် ဖာတ်လမ်းသာဓကများစွာဖြင့်ရေး ဖွဲ့ ထား၏။  ယခု တင်သော  စာအုပ်လေးသည်   (ဧကဒဿမ)    အကြိမ်မြောက်    ထုတ်ဝေသည့်   စာအုပ်
ဖြစ်သည်။    ဤစာအုပ်    ဖတ်ပြီး  ၀မ်းသာမှုခံစားရ၏  ။   ၀မ်းနည်းရ၏။   မျက်ရည်ပင်ကျရ၏။ ရသမျိုးစုံပေး
စွမ်းနိုင်၏။   အရမ်းကြိုက်သွားသဖြင့်   အိမ်သို့ဆွမ်းခံ ကြွသောရဟန်းအားလှုဖြစ်၏  ။   ထို ဦးပဉ္စင်းလည်း
အရမ်းကောင်းသည်ဆို၍   ကျောင်းတိုက်ရှိ     သံဃာများအား  ဝေမျှ၏ တဲ့ ။   ၀မ်းသာပေ၏။ကျွန်မကတော့
 ထိုစာအုပ်လေးကို   ဆိုးသောမောင်ဝမ်းကွဲလေးတွေ  ဖတ်ဖို့အမျိုးတွေကို ပေးသည် ။သူငယ်ချင်းတွေကို
လည်းပေးဖတ်သည် ။   ဤစာအုပ်လေးသည် သားသမီးအတွက်သာရည်ရွယ်ပြီးရေးသားထားသည်မဟုတ်၊
မိဘအပိုင်း၊   သားသမီးအပိုင်း ၊  သားသမီးများအတွက်    ဆုံးမချက်   ၊မိဘတို့အတွက်လမ်းညွှန်ချက်တို့ကို
ဆရာတော်က     ဝေါဟာရကြွယ်ကြွယ်၊    ဘုရားဟောကျမ်းဂန်နဲ့လည်း   မလွတ်စေရ၊    စာဖတ်သူလည်း
မပျင်းရအောင် ၊ လောကီ သာဓကများစွာဖြင့်   ခပ်သွက်သွက်လေး  ရေးသားထားသောစာအုပ်ကောင်းလေး
တစ်အုပ်ဖြစ်ပါ၏ ။    မိဘတွေ သက်ရှိ ထင်ရှားရှိနေ စဉ်မှာ မိမိကြောင့်မိဘစိတ်မဆင်းရဲအောင်၊မိဘမေတ္တာ
ကို အချိန်လွန်မှသိပြီ်း ကျေးဇူးမဆပ်လိုက်ရလေခြင်းမဖြစ်အောင်    ဤစာအုပ်လေးကို ဖတ်ပြီး သင် ခန်းစာ
 ယူသင့် ပေ သည်။  ဤစာအုပ် လေးကို ဖတ်ပြီး စာဖတ်သူ မပျင်းစေရ ။အရမ်းကောင်း ၍ ညွှန်းခြင်းဖြစ်ပါ သည် ။  ဖတ်ဖြစ်အောင်  ဖတ်ကြည့်ကြပါ  ။    ။

No comments: