[ ပွဲကတော်ကြီး ဒေါ်ရွှေမြ ၏ တိုက်နောက်ဖေး မီးဖိုချောင်ထဲတွင် တီးတိုး စကားပြောနေကြသူတို့ကား ထန်းတောရွာသား မောင်အိ ၊ဇီးပင်ကုန်းရွာသား မောင်သာလှ ။ ၀ါးတောရွာသား မောင် စံ့ နှင့် ဒေါ်ရွှေမြ တို့ ဖြစ်ကြလေသည် ။ ၎င်း တို့ ထိုင်နေရာနှင့် ခပ်ဝေးဝေးတွင်ကား ရေနံဆီ မီးခွက်ကလေးမှာ မှိတ်တုတ် မှိတ် တုတ် နှင့်နေ ၏ ။ အချိန်ကား နာရီ ပြန် နှစ်ချက် ခန့် ရှိပေလိမ့်မည် ။ သူတို့ တစ်ကိုယ် လုံး ကို စောင်များဖြင့် ဖုံးလွှမ်းထားသောကြောင့် မည်သူ မည်ဝါ ဟု သိသာရန် ခဲယဉ်း လှ ၏ ။ ]
ဒေါ်ရွှေမြ ။ ။ ဘယ်နှယ် ဟန်ခဲ့ကြ ရဲ့လားဟေ့ ။
မောင်အိ ။ ။ ဟုတ်ကဲ့ ၊တော်ရုံလောက်တော့ နေရာကျ ခဲ့တာပဲ ။
မြ ။ ။ ဘယ်လောက်ခင်းလောက် ရှိမလဲ ။
အိ ။ ။ အစုစုပေါင်း တစ်ထောင်ခင်းလောက်တော့ရှိမယ် ။
မြ ။ ။ ဒါ ပဲလားကွယ့် ။သင်းတို့ဟာ ငါးထောင်ခင်းလောက်ချမ်းသာတယ်ကွယ့် ။
စံ ။ ။ ချမ်းသာ တာတော့ ချမ်းသာတာပဲ ၊အားလုံးထုတ်မပေးဘူးဗျ ၊သေတ္တာ ထဲက ရတာဖြင့် တစ်ထောင်ခင်းလောက်ပဲရှိမယ် ။
မြ ။ ။ မင်းတို့ တယ်ညံ့တာကိုး ။ နို့ အတင်း နှိပ်စက်ပြီးတော့ မတောင်းဘူးလား ။
လှ ။ ။ တောင်းတော့ တောင်းတာပဲ ။တောင်းနေ တုန်းမှ ရွာသားတွေက ၀ိုင်းလာတာနဲ့ ရ သလောက်ကိုယူပြီး ထွက် လာခဲ့ကြတာပဲ ဗျို့ ။
မြ ။ ။ မင်းတို့ က တယ်ညံ့တာကိုးကွယ့် ။ ရွာသားတွေ ကို သည် ကလောက် ကြောက်ရ သလား၊ငါ ပါသွားရင် သည် လို မဖြစ်ရဘူး ။
စံ ။ ။ မကြောက်လို့ ဘယ့် နှယ်ခုခံ မလဲ ။ သူတို့ က တစ်ရာ လောက် ၊ကျူပ်တို့ က သုံးလေးယောက် ရယ် ။
မြ ။ ။ နို့ မင်းတို့ ယူ သွားတဲ့ ဗြောက်အိုးတွေ ဘာလို့ မဖောက်ကြ သလဲ ။
လှ ။ ။ ဖောက်လိုက် တာမှ မပြောပါ နဲ့ တော့ ၊တစ်ရွာလုံးဆူညံသွားတာပဲ ။
မြ ။ ။ဒါတောင် ရွာသားတွေ မပြေးကြ ကုန်ဘူးလား ။
စံ ။ ။ ရွာသားတွေက လည်း ပါးကုန်ပြီ ခင်ဗျ ။ အရင်တုန်းက သာ ဗြောက် ဖောက် လိုက်မှဖြင့် လန့်ပြီးပြေးကုန်တယ် ။ အခုများတော့ ဗြောက်သံ ၊ သေနတ်သံတွေ ကို သူတို့ က ခွဲခြားပြီး သိကုန်ပြီ ။
မြ ။ ။ အေးကွယ် ၊သည်လိုဆိုတော့ လည်း ရ သလောက်ပေါ့ ။ ပေး.... ဘယ်မလဲ ၊ရ ခဲ့ တာတွေ ။
( မောင်အိက တိုက်၍ ရသော ရွှေ ထည်တွေ ကို ထုတ်ပေးစေ )
မြ ။ ။ဒါ ပဲ လားကွယ့် ။
အိ ။ ။ ဒါပါပဲဗျာ ။
မြ ။ ။ နို့ ... ငွေသားကော မပါ ဘူး လားကွယ့် ။
အိ ။ ။ဘယ်ပါ ရမှာတုန်းဗျ ။
မြ ။ ။ မင်းတို့ ငွေသားတွေ ယူထားလိုက် ပြီ ထင် တယ် ၊ ဘယ်လို ဖြစ်ဖြစ် ငွေ သားတွေတော့ သုံးလေးရာလောက် ပါ မှာ အမှန် ပဲ ၊ငါ့ ကိုများ တစ်ပတ် ရိုက် မယ် ကြံကြ သလား ။
အိ ။ ။ ခင်ဗျား ဘယ့် နှယ် ပြောတာလဲ ။
( ခါးထဲ က ဓားမြှောင် ကိုထုတ် ၊ဒေါ်ရွှေမြ လည်း အိတ် ထဲမှ ခြောက် လုံးပြူး ကို ကိုင် ၊မောင် စံ နှင့် မောင်သာလှ တို့ က တစ်ယောက် စီ ဆွဲ ထားကြစေ ။ )
စံ ။ ။ ဟာ... ခင်ဗျားတို့ နှစ် ယောက် ကလည်း ဒီ မဟုတ်တာကလေး မှာ ရန်ဖြစ်နေကြပြန်ပြီ ။မောင် အိပြောတာလည်း အမှန် ပါ ပဲ ဗျာ ။ ငွေ သား တစ်စေ့ မှ မပါ ဘူးဗျ ။ ငွေ သားတွေ ဘယ်မှာ မြှပ် ထားလည်း မသိဘူး ။
လှ ။ ။ ဒေါ်ရွှေမြ က လည်း ကိုယ့် အချင်းချင်းပဲ မယုံ သင်္ကာဖြစ်နေပြန်ပြီ ၊ကျွန်တော် တို့ ဆက် ဆံ လာကြ တာ ခုမှ မဟုတ်ဘဲ ၊ ဘယ်လောက်ကြာပြီ လဲ ၊ အခု ဘာမဟုတ်လေးကျ မှ ရန် ဖြစ် ကြ ကြ ရ မယ်ဆို ရင် ဘယ်ကောင်းမလဲဗျ ။
မြ ။ ။အေးလေ...ကောင်းပြီ ၊ငွေသားမရ ဘူးဆိုလည်းပြီးတာပေါ့ ။ မင်းတို့ တိုက်ရ တာက ဘာ မှ အရေးမကြီးဘူး ၊ငါ ထုခွဲရ တဲ့ လူကတော့ အင်မ တန် ကြောက် ရ လို့ ပြောတာပါ ။
အိ ။ ။အေးလေ ....ကျွန်တော်တို့ လည်း အသိပါ ပဲ ။ ဒါကြောင့် မို့ လည်းရ သမျှ အားလုံး ကို ညီတူ ညီ မျှ ဝေ.ယူတယ် မဟုတ်ဘူးလား ။
စံ ။ ။ အေးကွယ် ...ပြီးတာ ပြီးပါစေတော့ ၊အိပ်လည်းငိုက် လှ ပြီ ။ကျွန်တော် တို့ သည်မှာ ပဲ အိပ်တော့ မယ် ၊ရွာပြန်လို့ တော့မဖြစ်တော့ ဘူး ။
မြ ။ ။ အေး... အိပ် ချင်ရင် အိပ်ကြတာပေါ့ ၊ဟို တောင်ဘက် အခန်းအားနေတယ်ကွယ့် ။စောင်တို့ ခေါင်းအုံးတို့ လည်း အသင့်ရှိ တယ် ။
လှ ။ ။ အခု ပစ္စည်းတွေ ကို ဘယ်တော့ သွားထုခွဲ မှာတုံး ။
မြ ။ ။ သုံး လေးရက် ကြာရင် ရန် ကုန် သွားဖို့ ရှိတယ် ။ အဲ သည်တော့ အားလုံးထုခွဲ ခဲ့ မယ် ။
လှ ။ ။ သွားရင်လည်း မြန်မြန် သွားပါ ဗျာ ။ လက် ကိုင် အင် မတန် ပြတ်နေ ပါ တယ် ။
မြ ။ ။ ကောင်းပါ ပြီ ကွယ် ။အိပ် မှာ သာအိပ် ကြပါ ။ အချိန် တန် လို့ မင်းတို့ ရ သင့် သလောက် ငွေ ကို ရ ရင်ပြီးရော မဟုတ်လား ။
( မောင်စံ ၊မောင်သာလှ ၊မောင်အိ တို့ အသီး သီး အိမ်တောင် ဘက် အခန်း ရှိ ရာသို့ ထွက် သွားကြစေ ။ဒေါ်ရွှေမြ လည်း ၊ မီးခွက် ကို ယူ ကာ အိမ် ရှေ့ ခန်း ထဲ သို့ ထွက် သွားကြစေ ။ )
အခန်း ( ၂ )
[ ကြီးကျယ် ခမ်းနားစွာ ပြင် ဆင် ထားသော ပွဲကတော်ကြီး ဒေါ်ရွှေ မြ ၏ တိုက် ခန်းအိမ် ရှေ့ တွင် သားနားစွာ ၀တ်စားလျှက် ဖက်ဖြူ ဆေး လိပ် ကြီး ကို ဖွာကာ ဂိုက် ထွားနေသူကား ဒေါ်ရွှေမြ ဖြစ် ၏ ။ အတန် ကြာလဆင် လူကြီးသုံးယောက် စာရင်းစာအုပ် များဖြင့် ၀င် လာကြစေ ။ ၎င်းတို့ ကား မိဘမဲ့ ကျောင်းအတွက် ပိုက် ဆံ လိုက် ၍ ကောက် ခံ နေကြသော ဦးစု၊ ဦးပု နှင့် ဦးနု တို့ ဖြစ်ကြသည် ။ ]
ဦးစု ။ ။ ဒီတိုက် ဟာ ပွဲ ကတော်ကြီး ဒေါ်ရွှေမြ ရဲ့ တိုက် မဟုတ် လား ခင် ဗျာ ။
မြ ။ ။ ဟုတ်ပါ တယ် ၊ဟုတ်ပါ တယ် ၊ ၀င်ကြပါ ၊ပွဲ ကတော် မရွှေမြ ပါ ပဲ ။ဘာကိစ္စ နဲ့ ဘယ်က ကြွ လာပါ သလဲ ရှင် ။
ဦးနု ။ ။ ဟုတ်ကဲ့ ၊ကျွန်တော်တို့ က ဟို ရန် ကုန်မြို့ က မိဘမဲ့ ကျောင်းကော်မတီ လူကြီးများ ပါ ပဲ ခင် ဗျာ ။ကျောင်းမှာ ငွေ ကောင်းကောင်း မလုံလောက် တာနဲ့ နယ်ကို ထွက် ပြီး ပိုက် ဆံ ကော က်ခံ ကြတာ ပါ ပဲ ။
မြ ။ ။ ဟုတ်ပါ့ ၊မိဘမဲ့ ကျောင်းအတွက် ဆို တာကတော့ မကြာမကြာ ထည့်နေ ရတာပါ ပဲ ။ ကျွန်မ တို့ မြို့ က အမျိုး သားကျောင်းဆို လည်း တစ်လ ကို တစ်ရာ ၊ငါးဆယ် ဆို တာအောက် ခံ ပါ ပဲ ။ဆေးရုံ အတွက် ဆို လည်း တစ် လကို တစ် ဆယ်။ဟို ကထိန် ဆိုရင် လည်း ကျွန် မ က အုပ် ချူပ် စီမံရ တာပါ ပဲ ။
စု ။ ။ ဟုတ်ပါ တယ် ၊ဟုတ်ပါ တယ် ။သည်လို အလှု ရေ စက် လက် နဲ့ မကွာလို့ လည်း ရန်ကုန်ရောက် အောင် ပွဲ ကတော်ကြီးရဲ့ နာမည် ဟာ မွှေးနေ တာပေါ့ ။ကျွန်တော်တို့ ရန်ကုန် က မထွက် လာခင် ကတည်းက ပွဲ ကတော်ကြီး အလှု
အတန်း ရက် ရောတယ် ဆိုတာ ကြားပြီးပါ ပြီ ။ သို့ ပေမယ့် အလှု ခံ တိုင်း လည်း မယုံ ရ ဘူး ခင်ဗျ ။ အခုခေတ်က အင် မတန် ရှုပ် တာ ကလား ။အလိမ် အကောက်တွေက အင် မတန် များတယ် ဗျ ။
မြ ။ ။ မသိပါဘူးရှင် ၊အလှုခံ ဆိုရင် တစ်ရာငါးဆယ် ထည့် လိုက် တာပဲ ။ဘယ်တော့မှ မစစ်ဆေးနေပါ ဘူး ။သူတို့ မတရားသုံးပစ်ရင် သူတို့ အပြစ်ပေါ့ ။
ဦးပု ။ ။ ဟုတ်ပါ တယ် ၊ပွဲ ကတော်ကြီးတို့ လို သဒ္ဓါတရားကတော့ရှားပါ တယ်လေ။တစ်ချို့ ကတော့ အင်မတန် စစ်ဆေးတာပဲ ။အဲဒီလို စစ်ဆေးကြတဲ့ လူတွေကြောင့် ကျွန်တော် တို့ နဲ့ အတူ ဖြတ် ပိုင်းတွေ ၊ကျောင်းရဲ့ ဓာတ်ပုံတွေ ၊ကျောင်းကို ကူညီ တဲ့ လူကြီးလူကောင်းတွေရဲ့ လက်မှတ်တွေ ကို တစ်ပါ တည်း ယူခဲ့ တာပါ ပဲ ။
မြ ။ ။ သည်လိုဆိုရင်တော့ကောင်းတာပေါ့ ။လူကောင်းနဲ့ လူရှုပ်တွေ ကို ခွဲခြားလို့ သိတာပေါ့လေ ။
စု ။ ။ ဟုတ်ပါ တယ်။ဟောသည် စာရင်းကို တစ်ဆိတ်လောက်ဖွင့်ကြည့် ပါ ဦး ။ အဲ့ ဒီ စာရင်းထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေဟာ ၀န်ကြီးချူပ်တွေ ၊မင်းတိုင် ပင် အမတ်တွေ ၊သူဌေးပွဲ စားကြီးတွေ ၊ပုလပ် မင်းကြီးတွေ ၊ အတွင်းဝန်တွေ ၊အယ်ဒီ တာတွေ ၊ ပါမောက္ခ တွေပါပဲ ။ဘာမှ မယုံစရာမ ရှိ ပါ ဘူး ခင်ဗျ ။
မြ ။ ။ ဟာ စာရင်းစာအုပ်တွေ ဘာတွေ ကြည့်နေစရာမ လိုပါ ဘူး ။ကျွန်မ ကတော့ ကိုယ်သဘောကျရင် ပိုက်ဆံ ဆိုတာ မနှမြောတော့ ပါ ဘူး ။
ဦးနု ။ ။ သည်လိုဆိုရင် အကောင်းဆုံးပေါ့ ။
မြ ။ ။ ကိုင်းပါရှင်.......ကျွန်မက လူကြီးမင်းတို့ရဲ့ ကျောင်းအတွက် ငွေ ငါးရာ အလှု ၀င် ပါ မယ် ။ဖြတ်ပိုင်းမှာသာရေးကြပါ တော့ ။
( ဦးစုတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အားရနေကြတော့၏ ။ )
ပု ။ ။ ကောင်းပါ ပြီ ခင်ဗျား ။ရေးပါ မယ် ။ပွဲ ကတော်ကြီးလို သဒ္ဓါ တရားရှိ တဲ့ လူကို တစ်ခါ မှ မတွေ့ ဘူးသေးတာ အမှန် ပါ ပဲ။
( ဖြတ်ပိုင်းကိုရေးနေစေ ၊ပြီးလျှင် ကမ်းပေးစေ ။ )
မြ ။ ။အင်း......တယ်နေရာကျ ။ကျွန်မ ကလည်းလှုချင် ခိုက် လူကြီးမင်းတို့ က ရောက်တဲ့ အခိုက်နဲ့ ကြုံတော့ တာပဲ ။
( ဤသို့ဆိုကာ အိမ်နောက်ဖေး ဘက် သို့ လှမ်းပြီးလျှင် မယ်ဌေး ရေ ဟုလှမ်း၍ ခေါ်စေ ။ မယ်ဌေးရောက်လာစေ ။ )
မြ ။ ။ မယ်ဌေးရေ ။
ဌေး ။ ။ ရှင် ဘာလဲ မမ ။
မြ ။ ။ဟောသည် အလှုခံ ပုဂ္ဂိုလ်တွေ ကို ငွေ ၅၀၀ လှု လိုက် တယ်အေ့ ။အိမ်ပေါ် မီးခံသေတ္တာထဲ က ငွေ ၅၀၀ ကို သွားထုတ်ယူ ခဲ့ စမ်းပါ ။ ရော့ ..သေတ္တာတွဲ ။
ဌေး ။ ။ ဟုတ်ကဲ့ မမ ။ ( သော့တွဲ ကို ယူ၍ ထသွားစေ ။ )
စု ။ ။ သည် သူငယ်မလေးက ပွဲကတော်ကြီး သမီးထင်ပါရဲ့ ။
မြ ။ ။ အရင်းတော့ မဟုတ်ပါ ဘူး ။ ။ငယ်ငယ်လေး ကလေးက ပဲ သမီးလိုမွေးထားတာပဲ ။
( အတန်ကြာလျှင် မဌေး ၀င်လာစေ ။)
မြ ။ ။ ဘယ်မလဲ ငွေ ၊ရတယ် မဟုတ်လား ။
ဌေး ။ ။ မရှိဘူး မမရဲ့ ။
မြ ။ ။ ဟဲ့ ဘယ်နှယ့်မရှိရ မှာတုံး ဟဲ့။ဟို တစ်နေ့ က ပဲ ငါ ထည့်ထားတဲ့ ငွေ တစ်ထောင်ဟာ ဘယ်ရောက်သွားသလဲ ။
ဌေး ။ ။ ဟာ.......မမကလည်း ဟို ......ဘီအိုစီ သူဌေး တိုက် ကို တင် ပို့ လိုက် ပါ ပကော ။
မြ ။ ။ သြော် ......ဟုတ်သားပဲ ။မေ့နေ လိုက် တာ ။( ဦးပုတို့ ဘက် သို့ လှည့် ကာ )လူကြီးမင်းများ စိတ် မရှိကြပါနဲ့ ရှင် ၊ ကျွန်မ က ငွေ ပို့ လိုက် တာကို မေ့နေ လို့ ပါ ၊ လူကြီး မင်း တို့ ရဲ က ကျောင်းသို့ ပို့ လိုက် ပါ မယ် ။ လိပ် အသေ အချာကို သာပေးသွားပါ ။
( ဦးပု တို့ တစ်ယောက် ကို တစ်ယောက် အတော်ကြာ အောင် ကြည့်နေကြစေ ။ )
ဦးစု ။ ။ဟာ.... သည်လိုဖြစ်ရင် လည်း ကိစ္စ မရှိ ပါ ဘူး ။ဟော သည်ဟာ ကျွန်တော်တို့ ရဲ့ ကျောင်းလိပ် ပါ ပဲ ။
(စာရွက် ကလေး တစ်ရွက် ကို ကမ်းပေးစေ ။ )
မြ ။ ။ ဟုတ်ကဲ့ ၊သည် လိပ် အတိုင်း ငွေ ငါးရာကို တင်ပို့ လိုက် ပါ မယ် ။မကြာစေရ ပါ ဘူး ။ တစ်နေ့ ကပဲ ဘီ အိုစီ သူဌေး ဆီ ကို ငွေ တစ်ထောင် ပို့ လိုက် တယ် ။ကျွန်မ ကတော့ ဘီ အိုစီ ကိုယ်စားလှယ် အလုပ် ကို လည်းလုပ် တာပါ ပဲ ။
ဦးနု ။ ။ ကောင်းပါ ပြီ ခင်ဗျာ ။ ကျွန်တော် တို့ကို ခွင့်ပြုပါ ဦး ။
မြ ။ ။ ကောင်းပါ ပြီ ။
( ဦးနု တို့ လူစု စိတ်ပျက် လက်ပျက် နှင့် ထွက် သွားကြစေ ။)
အခန်း( ၃ )
[ပွဲကတော်ကြီး ဒေါ်ရွှေမြ ၏ တိုက် အနီး အိမ် တစ် အိမ် ၏ အိမ် ရှေ့ ခင်းကြမ်းပြင် ပေါ် တွင် ထိုင်နေကြသော လူတို့ ကား လှည်းသမား ဦးထောင်နှင့် သူ၏ဇနီး ဒေါ်စော တို့ ဖြစ်ကြ ၏ ။အချိန်ကား မီးထွန်းချိန် ။ နှစ်ဦးစလုံး ဖက်ဖြူ ဆေးလိပ် တစ်လိပ် စီဖွာကာ စကားပြောနေကြစေ ။ ]
ဦးထောင် ။ ။ မရွှေမြ ဆီ က လှည်းခဟာ အခုတောင် မရသေးဘူး ။
ဒေါ်စော ။ ။ သည် မိန်းမလား ၊သွားမတောင်းရင် ဘယ်တော့မ ပေးဘူး ၊တော်တော် ညစ်တဲ့ မိန်းမ ။
ထောင် ။ ။ဟုတ်ပါရဲ့ ကွယ် ၊တိုက်ကြိးတာကြီးနှင့်နေပြီး တော့ သည်ငွေ တစ်ကျပ်လေးလောက် ကို ကတ်သီး ကတ်သတ် လုပ်နေ တယ် ။
စော ။ ။ တိုက် ကြီးတာကြီးဟာလည်း တရားလို့ ရတဲ့ ငွေ နဲက ဆောက် ထာူတာမှ မဟုတ်ပဲ ။သူတကာဆီက လိမ် ကောက် လို့ ရ တဲ့ ငွေ တွေ နဲ့ ဆောက် တာမဟုတ်လား ။
ထောင် ။ ။အေးကွယ် ....လော ကမှာ လိမ် ကောက် နိုင် တဲ့ လူတွေ မှ ချမ်းသာ ထင် ပေါ်တာလားကွယ် ။တို့လို တရားသဖြင့် လုပ် ကိုင် စားသောက် တဲ့ လူတွေ ကတော့ ဖြင့် လူမွေးမပေါက် နိုင် ဘူး ။
စော ။ ။ သူတို့ ချမ်းသာ တယ် ဆို တာ လည်း ခဏ ကလေးပါ ပဲ ။ကြာကြာခံစား စံ စားရ မယ့် ချမ်းသာမျိုးမဟုတ် ပါဘူး။ ဘယ်တော့ ထောင်ကျမလဲ ၊ဘယ်တော့ အသတ် ခံရ မလဲပဲ ။
ထောင် ။ ။ ဟုတ် တယ် ၊တစ်နေ့ က လူဆိုး ငအိ တို့ သူ့ အိမ်က ထွက် သွားကြ တယ်။တိုက်ရာပါ ပစ္စည်းတွေကို လာပြီးထုခွဲ ခိုင်း ပြန်ပြီ ထင်တယ် ။
စော ။ ။ဟုတ်မှာပေါ့ ။ဒီကောင်တွေ တစ်ခြား ဘာကိစ္စနဲ့ လာမလဲ ။နို့ ပေမယ့် စကား ကို သူတကာ ကို မပြောနဲ့။တောတော်ကြာတော့ မေးလားမြန်းလား ၊စစ်လားဆေးလား လုပ်နေဦးမယ် ။
ထောင် ။ ။မပြောပါ ဘူးကွယ်၊ ငါ သိပါ တယ် ။ တိုက်နဲ့ နေ နိုင် ပြီး ပိုက်ဆံ ကလေး တချွှင်ချွှင် နဲ့ နေ တော့ အရပ်ကလည်းရို သေကြတယ် ၊ပုလိပ်ကလည်းမရှာဝံ့ ဘူး ။
စော ။ ။ ဒါတော့ ထုံးစံပေါ့ ။ မနေ့ ကတောင်အလှုခံတွေ ၀င်သွားသေးတယ် ။ ရန် ကုန် က ဆိုလား ၊ဘယ်က ဆိုလဲ မပြောတက် ပါ ဘူး ။
ထောင် ။ ။ဘယ်လောက် လှု လိုက် သတဲ့ လဲ။
စော ။ ။ ဘယ်က လှုရမှာ တုံး ။ ဟိတ်ကြီး ဟန်ကြီးထုတ်ပြီး ညာလွှတ် လိုက် မှာပေါ့ ။ သူ့ ဓာတ်ကိုတော့ ကျူပ် က အကုန်သိပါ တယ် ။
ထောင် ။ ။ အေး....သည်လို ဟိတ်ကြီး ၊ဟန်ကြီး နဲ့ နေ တဲ့ အတွက် လည်း သူ့ ကို ဘယ်သူမှ လက် ညှိုးမထိုးဝံ့ တာပေါ့ ။
နို့ မဟုတ်ရင် တိုက်ရာပါ ပစ္စည်းတွေ ကို ထုခွဲ ပေးတဲ့ အမှု့ နဲ့ ထောင်ထဲမှာကားနေပြီ ။
စော။ ။ ကြည့်ကြသေးတာပေါ့ ။သူ ဘယ်လောက် လိမ် နိုင် ကောက် နိုင် မလဲ လို့ မလှ မေ တို့ အိမ် ခဏသွားလိုက်ဦးမယ် ။
ထောင် ။ ။အေး ....စောစော ပြန်လာဟေ့ ၊ လ မရှိဘူး ။
စော ။ ။ကောင်းပါ ပြီ တော် ။
( ဒေါ် စောအိ မ်ပေါ် မှ ဆင်းသွားစေ ။ )
အခန်း( ၄ )
တစ်လခန့် ကြာသော အခါ --
[မောင်စော၏ လယ်တဲရှေ့ လက် ပံ ပင် ကြီးအောက် သလင်းပြောင် တွင် ထိုင် နေကြသော သူတို့ ကား မောင် အိ ၊မောင်သာလှ နှင့် မောင်စံ တို့ ဖြစ်ကြ၏ ။ အချိန် ကားနံ နက် ၇ - နာရီ ခန့် ။]
မောင်စံ ။ ။ဘယ့်နှယ် လဲဟေ့ ၊ဒေါ်ရွှေမြ ဆီ က ဘာသံမှ မကြားရ ဖူးလား ။
မောင် သာလှ ။ ။ ဘယ်ပြောလို့ ကောင်းမလဲ ၊တစ်နေ့ တစ်နေ့ နဲ့ လှည့် စားနေတော့ တာပဲ ။
မောင်အိ ။ ။ ငါ ဒါကြောင့် မပြောဘူးလား ။အစ ကတည်းက ဒီကောင်မကြီး ဟာ မကောင်းပါ ဘူးလို့ ။
စံ ။ ။မ ကောင်းဘူးဆို တာတော့ အသိသားပေါ့ ကွာ ။နို့ပေမယ့် သူနဲ့ အစကတည်းက ဆက် ထားတော့ ကျားမြီးဆွဲ လျက် ဖြစ်နေတာပေါ့ ။လွှတ်ရ မှာလား အခက် ပေါ့။ သူက တို့ အကြောင်း တွေ ကို ကောင်းကောင်းသိထားတယ် ။မတော် လို့ပုလိပ် ကို လက် တို့ လိုက် မှ ဖြင့် မခက်ပေ ကုန်ဘူးလား ။
အိ ။ ။ သူ့ ကို ကြောက်နေ လို့ ကော ဘာ အကျိုးထူးသေး တုံးကွ ။ တို့ တိုက် လို့ ရ သမျှ တွေ ဟာ သူ့ လက် ထဲချည်းရောက်နေ တယ် ။
စံ ။ ။ အကျိုးမရှိပေမယ့် ဒုက္ခ တော့ မရောက် ဘူးပေါ့ ။တကယ်လို့ သူနဲ့ အဆက် ဖြတ် လိုက် မယ် ဆိုရင် သူ ပုလိပ် တို့ လိုက် မှ ဖြင့် မခက် ပေ ဘူးလား လို့ ။
လှ ။ ။ သည် လို တစ် သက် လုံးကြောက်နေ ရ မယ် ဆိုရင် လည်း အခက် သား ပဲ ကွ ။
စံ ။ ။နို့ မကြောက် လို့ ဘယ်နဲ့ လုပ် မလဲ ကွ ။ကိုင်း သူ့ ကို ပဲ ကြောက်နေ မလား ၊ထောင်နန်းစံ မလား ။ငါဖြင့် သူ့ ကို ပဲ ကြောက်တော့ မယ် ၊ထောင်နန်းတော့ မစံ ချင် ဘူး ကွာ ။
အိ ။ ။ မင်းက တကယ် အတွေးကြီးတဲ့ အကောင် ဟာ ကိုး ။သူ့ ကို ကိစ္စ တုံး စီရင် လိုက် ရင် သူ ဘာ တက်နိုင် သေးသလဲ ကွယ့် ။
လှ ။ ။ အေး..... သည် နည်း ဟာ အကောင်း ဆုံးပဲ ၊တို့ အကြောင်းကို သူ တစ်ယောက်ပဲ သိ တယ် ။ သူမရှိ ရင် ကိစ္စ တုံးတာပဲ ။
စံ ။ ။ သူ့ ကို သတ် လို့ ဖြစ် ပါ့မ လားကွာ ။တော်တော် ကြာ ကိစ္စ ပွေ လာမှာ စိုးရသေးတယ် ။
အိ ။ ။ ဟေ့ ..ငစံ ၊ ဓားပြ တိုက် ၀ံ့ လို့ ရှိ ရင် လူ သတ် ဖို့ ဘာခက်တော့ လဲကွ ။သူမရှိတဲ့နောက် တို့ အေးအေးဆေဆေး နေရ ရော မဟုတ်လား ။
စံ ။ ။ အေး အေး... မင်းတို့ ပြောတာ လည်း ဟုတ်ဟုတ်ပဲ၊မင်းတို့ လုပ် မယ်ဆိုရင် ငါ လည်း ပါ မှာပဲ ၊ကိစ္စ မရှိ ဘူး ။
အိ ။ ။ကိုင်း.. ဒါဖြင့် သူ့ ကို ကိ စ္စ တုံးအောင် ဘယ်လို စီရင် မလဲ။
လှ ။ ။ဘာခက် သလဲဗျာ ၊ခါ တိုင်းလို သူ့ အိမ်သွားတာပေါ့ ၊ကျူပ် တို့ သူ့ အိမ် ထဲ ၀င် တာ ဘယ်သူ မြင် တာမှတ် လို့ ။
ရောက်တဲ့ အခါ စီရင် လိုက် တာပေါ့ ။
အိ ။ ။ အေး...ဒါ ဖြင့် သည်ည သွားမယ် ။
စံ ။ ။ ကောင်းပြီ ။
(မောင် စံ နှင့် မောင် သာ လှ တို့ ပြန် သွားကြစေ ။)
အခန်း( ၅ )
[ဒေါ်ရွှေမြ ၏ တိုက် မီးဖိုခန်းထဲတွင် ထိုင် နေကြသူတို့ ကား မောင်အိ နှင့် မောင်စံ လှ တို့ ဖြစ်လေ သည် ။ရေ နံ ဆီ မီးခွက် ကား မှိတ် တုတ် မှိတ် တုတ် နှင့်နေ ၏ ။ အတန် ကြာလျှင် ဒေါ်ရွှေမြ ထွက် လာစေ ။ ယောကျာ်းကဲ့ သို့ ၀တ် ထားစေ ၊အချိန်ကား သန်းခေါင်ကျော် ။]
မြ ။ ။ မောင်အိ တို့ ဘာလာလုပ်ကြ ပြန် တာ တုံးကွ ။တော်တော်ကြာ အိမ်နားနီးချင်းတွေ ရိပ်မိ ကုန်တော့ မယ် ။
အိ ။ ။ကျွန်တော်တို့ရ စရာရှိတာလေးတွေ ယူရ အောင် လာတာပေါ့ဗျာ ။
မြ ။ ။ မင်းတို့ ပစ္စည်းကလေး ကို မင်းတို့ တယ် မက်ကြ တာကိုး။ တော်တော်ကြာရင် ခက်ကုန်လိမ့်မယ် ။မင်းတို့ ဘိုးအေ ပုလိပ်တွေ သိကုန်မှ ဖြင့်  ခက် ကုန်တော့ မယ် ။ မင်းတို့ ပစ္စည်းတွေ ကို ထုခွဲ ပြီးရင် အကြောင်းကြား လိုက်မှာပေါ့ ။
သည်လောက် တောင် အရင် လို နေကြ သလား ။
စံ ။ ။ အရင် လိုဆို စားစရာ သောက်စရာ ကလည်း တစ်ပြားမှ မရှိတော့ ဘူး ။
မြ ။ ။ စားသောက် စရာမရှိ တာက ဘာမှ အရေးမကြီးဘူး ။မင်းတို့ တစ် ကျွန်းရောက်မှာက အရေးကြီးတယ် ။
( ဤ သို့ စကားပြောနေ ခိုက် မောင်အိက ရုတ်တရက် ထပြီး လျှင် ဒေါ် ရွှေမြ ခါးကြားထဲ မှ ခြောက် လုံးပြူး ကို ယူ လိုက် စေ။)
အိ ။ ။ ကိုင်းဗျာ...မအော် နဲ့ ။အော်ရင် ခေါင်းဖြတ် လိုက် မယ်။
မြ ။ ။ ( ပြုံးရွှင် သော မျက် နှာနှင့် ) အောင်မယ် .... မောင်အိ က ငါ့ ကို အထင် လွဲ ပြန်ပြီ ။ မင်းတို့ လိုချင် ရင် ပစ္စည်းတွေ ပြန် ပေးမှာ ပေါ့ ကွယ် ။
အိ ။ ။ ခင်ဗျား စကား မရှည်နဲ့ ။ ဟေ့ အကောင်တွေ ချည်ကြကွ ။
( မောင်စံနှင့် မောင်သာလှ တို့ ဒေါ်ရွှေမြ အား ကြိုးဖြင့်ချည်ကြ စေ ။)
မြ ။ ။ အောင် မယ် မင်းတို့ တယ် ရက် စက် ကြ ပါ ကလားကွယ် ။ငါ့ ကို ဘယိလို လုပ် ကြ မလို့ တုံး ။
အိ ။ ။ ဘယ်လိုမှ မလုပ် ဘူး ၊ ခင်ဗျား အကြံ တွေ ကို သိ လို့ ခင်ဗျား ကိုနှံ မလို့ ၊သိရဲ့ လား ။
မြ ။ ။ ငါ့ မှာရှိ တဲ့ ပစ္စည်းအားလုံးကို ယူချင် ယူကြပါ ။ အသက် ကို တော့ ချမ်းသာပေးကြ ပါ ကွယ် ။ ငါ လည်း အသက် ကြီး ပါ ပြီ ။
စံ ။ ။ အခုမှ သည် စကား ပြောတာကိုး ။ အရင်က ပြော ပါ တော့ လား ။
မြ ။ ။ အောင်............................မယ် ။
(ဤ သို့ အော် သည် နှင့် တစ်ပြိုင် နက် သာလှ လက် ထဲတွင်ရှိသော ဓားမြှောင် ဖြင့် လည်ချောင်းကို ထိုးလိုက် စေ ။ အသံ လည်းပျောက် သွား ၏ ။ ဒေါ်ရွှေ မြ လည်းသွေးအိုင် ထဲ တွင် လဲ နေ စေ ။ မောင် အိ နှင့် မောင် စံ တို့ လည်း မိမိ တို့ လက် ထဲတွင် ပါ လာသော ဓားမြှောင် ဖြင့် အချက် ပေါင်းများစွာ ထိုးကြစေ ။ )
အိ ။ ။တော်လောက်ပြီ ထင် တယ်ဟေ့ ၊အိမ် နီးနားချင်းတွေ အသံ ကြားရ သလား ။
စံ ။ ။ မကြားရ ဘူးကွ ။ ဟိုကောင်မေ လးကိုတော့ သည် လိုပဲ ထား ခဲ့ ကြ မလား ။
အိ ။ ။ ဟာ...... ဘယ်ဖြစ် မလဲ ။ တို့ ရောက် တဲ့ အကြောင်း သူလည်းသိ တာပဲ ။ သွား စီရင် လိုက် ကွယ် ။ငါ သည်မှာ စောင့်နေ မယ် ။
( မောင်စံနှင့် သာ လှ တို့ အိမ်ရှေ့ ခန်း သို့ ထွက် သွားကြစေ။ တော်တော်ကြာလျှင် ပြန် လာကြစေ ။)
အိ ။ ။ ပြီးခဲ့ ပြီ လားဟေ့ ။
စံ ။ ။ အေးဟေ့ ၊သနားစရာကွယ် ။
အိ ။ ။ဘာသနားစရာလဲ ကွယ့် ။ သူ့ အသက် နဲ့ ကိုယ့် အသက် လဲရ တာပဲ ။ သူ့ ကို မသက်ရင် ကိုယ်သေမယ် ။ကိုင်း သွားကြစို့ ရဲ့ ။
( သုံးယောက်သားနောက် ဖေးပေါက် မှ ထွက် သွားကြ စေ ။ )
ပြီးပါ ပြီ။
[ ကြီးပွားရေးမဂ္ဂ ဇင်း ၊ဒီ ဇင်ဘာလ ၁၉၃၅ ]
Blogged with the Flock Browser
No comments:
Post a Comment