Monday, December 17, 2012

အိပ်မက်ချိုချို ( ပါရဂူ )

"  အမိုက်မှောင်ထဲမှာ နစ်မြုပ်နေကြပြီး ဆီမီးကိုမရှာကြဘူး " ဟူ၍ ဗုဒ္ဓ က မိန့်တော်မူသည် ။.ဘယ်သူ့ ကိုစောင့်နေကြသနည်း။
မရဏတရားမှတပါး တခြားဘယ်သူမှ လာလိမ့်မည် မဟုတ်ပေ ။ဘယ်လိုအိပ်မက်မျိုးထဲမှာ နစ်မြုပ်နေပါသနည်း ။


ဘ၀ကိုမကြည့်ကြ ။အိပ်မက်ထဲက မင်္ဂလာဆောင်အခမ်းအနားကို ကြည့်နေကြသည် ။သတို့သမီးကို စောင့်နေသည်။ လက်ထပ် မင်္ဂလာဆောင် အခမ်းအနားလုပ်ဖို့စိုင်းပြင်းနေကြသည်။


"ဒီလိုဖြစ်ရမည် ။ဟိုလိုဖြစ်ရမည် " ဟု စိတ်ကူးယဉ်နေကြသည် ။ ဘယ်လိုဖြစ်လာလိမ့်မည်ဆိုတာ မတွေးမိကြ ။ မိမိတို့၏
စိတ်ကူးယဉ်ကွန်ရက်အကောင်အထည်ပေါ်လာလိမ့်မည်မဟုတ်ပေ ။အိပ်မက်များကို တခြားဖယ်ထားပြီး ကြည့်စမ်းပါ။
တကယ်ရှိသည့်အရာကို ၊တကယ်ဖြစ်သည့်အရာကိုကြည့် ပါ ၊မွေးလာသောကလေးတွင် သေခြင်းတရားကပ်ပါလာသည်ကို 

တွေ့ရလိမ့်မည် ။အလှဆုံး  အချောဆုံးဟု ထင်ရသော  ကိုယ်ခန္ဓာထဲတွင် အလွန်ရုပ်ဆိုးသော အရာများရှိနေသည်ကို တွေ့ရလိမ့်မည် ။ သူငယ်အရွယ်နှင့် လုလင် အရွယ်ကြားတွင် ဇရာခြေလှမ်းလှမ်းနေ သည် ကိုတွေ့ရလိမ့်မည် ။ဗုဒ္ဓက-----

"အတွင်းနှိုက်ပြီးကြည့်ပါ ၊အရေပြားက နားလှည့်ပါးလှည့် လုပ်ထားသည့် အတွက် ထင်ယောင် ထင်မှားဖြစ်မသွားပါနှင့်။ "
ဟုဆိုထားသည် ။


"လောင်မီးကျချိန်မှာ  အဘယ်ကြောင့်ရယ်သွေး သွမ်းနေကြပါ သနည်း ။"

ဆီမီးခွက်ကိုရှာပါ ။ညဥ့် အမှောင်တိုးလာသည် ။ ဘယ်သူ့ကို ယုံစားပြီး မြိန့်မြိန့်ကြီး ထိုင်နေသနည်း ။ ညဉ့် အမှောင် တိုးသည်ထက် တိုးလာ သည် ။ သင်မှာတစ်ပါး  မီးခွက်ထွန်းမည့်သူ  ရှိ မည် မဟုတ်ပေ ။ ပတ်ချာလည်၌ အမှောင် ၀ိုင်းလာလျှင်
နေ့လည် နေ့ ခင်းအချိန် ကို  အဘယ်ကြော
င့် အသုံးမချ ခဲ့သနည်းဟု နောင်တရလိမ့် မည် ။နေ့လည်နေ့ခင်း အလင်းရောင်
ရှိနေချိန်တွင် ဆီမီးခွက် မီးထွန်းလိုက ထွန်းရမည် ။

ရာထူဂုဏ်ထူး ၊ပစ္စည်းဥစ္စာ ၊အကျော်အစော ၊ အချစ် ၊ယင်း အားလုံးအတွက်  ကြိုးပမ်းအားထုတ်နေကြသည် ။ဘာဝနာဆီမီး
ထွန်းဖို့ သတိမရကြပေ .မရဏတရားငြိမ်းသက်၍ မရသောဆီမီးမှာ ဘာဝနာဆီမီးသာဖြစ်သည် ။

အမှန်က ဘ၀နှင့် မရဏတရားတွဲနေသည်။  အသက်ရှင်နေမှု့ဘ၀၌ မရဏတရာ်း် ဖြစ်ပေါ်နေသည်။ နေ့စဉ် နေ့တိုင်းဖြစ်ပေါ်
နေသည် ။နေ့စဉ်နေ့ တိုင်းပျက်စီးခြင်းသဘောတရားရှိနေ သည် ။ဖြစ်ပေါ်လာပြီးပျောက်ကွယ်သွားသည် ။  ဥပါဒ် ၊ဌီ  ၊ဘင်
ဖြစ်ပေါ်လာပြီးနောက် ခဏသာခံပြီး ပျက်စီးသွားသည်။ ယင်းမှာ သဘာဝ ဓမ္မ ဖြစ်သည်။  သေခြင်းသို့မဟုတ်  ပျောက်ပျက်
သွားခြင်းသည် အထူးအဆန်းမဟုတ် ။ရိုးရိုးအဖြစ်အပျက် ၊ဓမ္မတာသဘောတရားသာဖြစ်သည် ။

သို့သော်လည်း လူတှိုသည် အနိစ္စတရားကို နှလုံးမသွင်းလိုကြပေ ။ မရဏနုဿတိ ကမ္မဌာန်းကို မစီးဖြန်းလိုကြပေ။မရဏတရား
ကရှောင်ရှားလို့ရမည့်နည်းလမ်းကို ပြောပြမှ ကျေနပ်သည် ။ယနေ့မျှော်မှန်းချက်  မပြည့်လျှင်လည်း နက်ဖြန်ပြည့်လိမ့်မည် ဟုပြောမှ သဘောတွေ့ သည် ။ယနေ့ကျောစော ကိတ္တိမိုးရွာမချလျှင်  နက်ဖြန်ရွာချလိမ့်မည်ဟူ၍လည်းကောင်း ၊ ပြောမှ မနောခွေ့ သည် ။

 ထို့ကြောင့် လူလောက သည် ကဗျာဆရာ ကို သဘောကျကြခြင်းဖြစ်သည် ။ သူတော်စင်များကိုလေးစားကြည်ညို ကြ
သော်လည်း သဘောမကျပေ ။ သူတော်စင်များ က ငိုက်မျဉ်းနေသူ ကို နိုးကြားအောင် လုပ် သည်။ အိပ်ပျော်နေသူကို
"အလမ်း"   မည်အောင် လုပ်ပြီးနှိုးသည် ။ စိတ်ကူးယဉ်အိပ်မက် ကို လည်းကျိုးပျက်အောင် လုပ်သည် ။

ကျွန်ုပ် တို့၏ ဇာတ် လိုက်ကြီး မုလ္လာ နာဆရုဒင်  ကိုသွားနှိုးသောအခါ နဆရုဒင် အိပ်မှုံ စုံမွှား နှင့် ထပြီးမျက်လုံးဖွင့်ကြည့် သည် ။
ထို့နောက်ချက်ချင်းမျက်လုံးပြန်မှိတ်ပြီး.......

"ကိစ္စမရှိ ဘူး  ၉၉ ကျပ်ပဲ ယူတော့မယ် " ဟုပြောနေသည် ။ဇနီးဖြစ်သူက ....

"ရှင်ဘာဖြစ်နေတာလဲ ၊ဘယ်သူနဲ့စကားပြောနေတာလဲ "ဟုမေးသောအခါ နဆရု ဒင် သည်  မျက်လုံးဖွင့်ပြီး   စိတ်ဆိုးမာန်ဆိုးနှင့်........

"မင်းတို့မိန်းမ တွေ ဟာနကန်းတလုံးမှ သိတဲ့ လူတွေ မဟုတ်ဘူး ၊အိပ် မက်ချိုချို မက်နေတာကွာ ၊နတ်သားတပါး  ငါ့ဆီလာပြီး
ဘာအလိုရှိသလဲ လို့မေးတယ် ၊ ငွေတစ်ရာ လိုချင် တယ်လို့ပြောလိုက် တယ် ၊ နတ်သားက ငွေတစ်ရာတော့ မပေးနိုင်ဘူး ၊
၉၉ကျပ်တော့ရမယ် လို့ပြောတယ် ၊ မင်းအရေးကောင်းတုံး ဒိန်းဒေါင်းဖျက် တယ် ၊ကောင်းခန်းရောက်နေတုန်း ငါ့ လာနှိုးတယ် ၊
ခဲလေသမျှ သဲရေကျသွားပြီ ၊ငါ  မျက်စိမှိတ် လိုက်ပေမယ့်  နတ်သားကို မမြင်ရတော့ ဘူး ၊အခု ၉၉ကျပ်ပေးရင်လည်း ယူမယ် ၊
၉၈ ကျပ်ရလည်း မဆိုးပါဘူး ။ပေးချင် သလောက် ပေးလို့ ရပါ တယ် ၊ ဒါပေမယ့် အခု  ငါ  နတ်သားဆို လို့  အရိပ်အယောင်
တောင် မတွေ့ ရတော့ဘူး  ၊အဲဒါ ဘယ်သူ့ လက်ချက် လဲ ၊ မင်းလက်ချက် မဟုတ်လား "

နဆရုဒင် ၏ ဇနီးက  စကားတစ်ခွန်းမှ ပြန် မပြောတော့ဘဲ  ပြုံးပြီး   ထွက်သွားလေသည် ။         ။

                                                                         #

















Blogged with the Flock Browser