Sunday, September 4, 2022

The Shadow Of The Wind by Carlos Ruiz ZafΓ³n

 The Shadow Of The Wind by Carlos Ruiz ZafΓ³n

πŸ“• Gothic, Mystery,Drama, Thriller
α€šα€ုα€œα€‘α€ွα€€် α€€ြိုα€€်α€™ိတဲ့ 5 Star⭐⭐⭐⭐⭐ α€…ာထုပ်တထုပ်ပါ ။
α€’ီα€…ာထုပ်α€Ÿာ α€”ိုင်ငံခြားα€€ α€…ာဖတ်ထားα€€ောင်းတဲ့ booktuberတချို့ ထကြိုα€€်α€™ျားခဲ့α€€ြတဲ့ α€…ာထုပ်ပါ ။
α€˜ာထကြောင်းα€›ေးထားတာα€œဲဆိုရင် α€…ာထုပ် ထဲ α€€ ဝတ္ထုα€…ာထုပ်တထုပ်α€”ဲ့ ၊α€…ာα€›ေးဆရာတစ်α€šောα€€် ၊ α€žူα€›ေးတဲ့ α€…ာထုပ်တွေထကုα€”် α€™ီးα€›ှို့ခံရပြီး α€…ာα€›ေးဆရာ α€€α€œα€Š်း ထစရှာα€™α€› ပျောα€€်ဆုံးα€žွားရတဲ့ ထကြောင်းထရင်း α€€ို α€œိုα€€်α€œံα€›ှာα€–ွေα€™ိတဲ့ Daniel ဆိုတဲ့α€€ောင်α€œေး α€”ဲ့ JuliΓ‘n Carax α€›ဲ့ α€™ိα€žားα€…ု ၊ထချα€…်၊ ထမုα€”်း ၊ထာဃာတ α€”ဲ့ α€˜α€α€ွေထကြောင်း ။


၁၉၄၅ ခုα€”ှα€…် ဝန်းα€€ျင် စပိα€”်α€”ိုင်ငံ " α€˜ာα€…ီα€œိုα€”ာ " α€™ှာ ဇာတ်ထိα€™်α€α€Š်ထားα€α€š်။ Daniel ဆိုတဲ့ α€†α€š်α€€ျော်α€žα€€်ထရွα€š် α€€ောင်α€œေးα€Ÿာ α€™ိခင်ဆုံးပါး α€žွား ပြီα€™ို့ α€…ာထုပ်ဆိုင်α€–ွင့်ထားတဲ့ ဖခင်α€–ြα€…်α€žူα€”ဲ့ ထတူ α€”ေထိုင်α€α€š်။
α€Šα€α€Šα€™ှာ Daniel α€›ဲ့ ဖခင်α€–ြα€…်α€žူα€Ÿာ α€žူ့α€žား Daniel α€€ို "α€˜ာα€…ီα€œိုα€”ာ " α€€ α€œျှို့ဝှα€€် α€”ေα€›ာတခု α€–ြα€…်တဲ့ "Cementery Of Forgotten Books "α€€ို ခေါ်α€žွားခဲ့ α€α€š် ။



ထဲ့α€’ီα€”ေα€›ာα€Ÿာ α€›ှေးα€Ÿောင်းα€…ာα€€ြα€Š့်တိုα€€်တခု၊ α€žα€€်ဆိုင်α€žူ ထချင်းချင်းα€žာ ဝင်ခွင့်α€›ှိတဲ့α€”ေα€›ာ ၊
α€’ီ‌α€”ေα€›ာα€™ှာ α€™ြင်α€žα€™ျှα€€ြုံα€žα€™ျှα€€ို α€˜α€š်α€žူ့α€™ှ မပြောα€–ို့ ၊ Daniel α€€ိုα€™ှာα€α€š်။
α€›ိုးα€›ာ‌တခုထနေα€”ဲ့ ပထမဆုံးα€œာတဲ့α€žူα€Ÿာ α€’ီα€›ှေ့α€Ÿောင်း α€…ာα€€ြα€Š့်တိုα€€်ထဲα€€ α€…ာထုပ်တထုပ်α€€ို α€šူခွင့်α€›ှိα€α€š်၊ α€’ါပေα€™α€š့် ထဲ့α€…ာထုပ်α€€ို α€α€˜α€α€œုံး မပျောα€€်ထောင် ထမြဲထိα€”်းα€žိα€™်းထားα€›α€™α€š်။
Daniel α€›ွေးα€œိုα€€်တဲ့ α€…ာထုပ်α€€
"JuliΓ‘n Carax α€›ေးခဲ့တဲ့ The Shadow Of The Wind "
JuliΓ‘n Carax α€›ေးခဲ့တဲ့ Shadow Of The Wind α€…ာထုပ် α€€ို ရပြီးတဲ့ထချိα€”်α€™ှာပဲ Daniel ဖတ်α€œိုα€€်တဲ့ထခါ α€€ြိုα€€် α€žွားα€žα€œို ထဲ့α€…ာထုပ် α€›ေးတဲ့ α€…ာα€›ေးဆရာ‌α€›ဲ့ ထကြောင်း ပါ α€…ိတ်ဝင်α€…ားα€œာα€œို့ α€…ုံα€…α€™်းα€€ြα€Š့်တဲ့ထခါ α€˜α€š်α€žူα€™ှ ထဲ့α€…ာα€›ေးဆရာထကြောင်း α€™α€žိခဲ့α€€ြα€˜ူး ။


α€˜ာα€œို့α€œဲဆိုတော့ ထဲ့α€…ာα€›ေးဆရာα€›ဲ့ α€…ာထုပ်တွေα€›ှိα€žα€™ျှ ထွα€€်ခဲ့α€žα€™ျှα€Ÿာ တချိα€”်α€€ α€™ီးα€›ှို့α€–ျα€€်ဆီးခံခဲ့α€›α€žα€œို ၊α€…ာα€›ေးဆရာα€œα€Š်း ထစရှာα€™α€› ၊ပျောα€€်ဆုံးα€žွားခဲ့α€α€š် ။
ပြင်α€žα€…်α€˜α€€်α€™ှာ JuliΓ‘n Carax α€›ဲ့ α€…ာထုပ်တွေα€€ို α€›α€žα€™ျှ α€œိုα€€် ၊ α€›ှာ ၊α€…ုα€”ေတဲ့ α€œူတစ်α€šောα€€်၊
JuliΓ‘n Carax α€›ဲ့ α€…ာထုပ်α€€ို Daniel ရပြီးတဲ့ ထချိα€”်
α€€ စပြီး Daniel α€”ောα€€်α€€ို ခိုးα€€ြောင်ခိုးဝှα€€်α€œိုα€€်
α€”ေတဲ့α€žူတွေ ၊ α€…ာထုပ်α€€ို α€œိုချင်တဲ့α€žူတွေ၊
α€›α€”်ပြုα€™α€š့်α€žူတွေ ၊ Daniel α€€α€œα€Š်း JuliΓ‘n Carax α€…ာထုပ် တွေ α€™ီးα€›ှို့ခံရတဲ့ထကြောင်းထရင်း၊ ပျောα€€်ဆုံးα€žွားတဲ့ α€…ာα€›ေးဆရာတစ်α€šောα€€်α€›ဲ့ α€”ောα€€်α€€ြောင်း α€€ို တောα€€်α€œျှောα€€် α€›ေα€…ုα€”်α€›ေဆန် α€œိုα€€်ပြီးα€›ှာα€™ိα€–ွေတဲ့ထခါ.....
α€…ာထုပ်ထဲα€™ှာ α€™ှတ်α€…α€›ာ quotes α€œေးတွေ တော်တော်α€™ျားα€α€š် ။ α€’ီထဲα€€α€™ှ Shadow Of The Wind ဆိုတာα€”ဲ့ တွဲα€™ြင်α€€ြတဲ့ quoteα€œေးတခုα€€ို ထောα€€်α€™ှာ α€›ေးပြထားပါα€α€š် ။
JuliΓ‘n Carax α€›ဲ့ α€™ိα€žားα€…ုα€€ α€–ိနပ်ချုပ်ပြီး α€‘α€žα€€်α€™ွေး ရတာ ။ တနေ့ α€žူတို့ဆိုင်α€€ို "α€˜ာα€…ီα€œိုα€”ာ" α€€ ထချα€™်းα€žာဆုံး α€žူα€Œေးα€€ြီး Aldya α€€ α€–ိနပ်ဆိုင်α€€ို α€œာတော့ α€…ာဖတ်α€”ေတဲ့ JuliΓ‘n Carax α€€ို
α€žα€˜ောα€€ျ α€žွားα€α€š် ။α€žူ့α€€ို ထကောင်းဆုံးα€€ျောင်းα€™ှာ ထားပေးα€™α€š်ပေါ့ ။
ထရင်ဆုံးα€…ာဖတ်ဝါα€žα€”ာပါတဲ့ JuliΓ‘n Carax α€€ို α€žူα€Œေးα€€ြီးα€€α€žူ့ထိα€™်α€€ို ခေါ်α€œာα€α€š်။ α€žူα€Œေးα€€ြီးα€›ဲ့ α€žားထရင်းα€–ြα€…်α€žူα€€ α€…ာဖတ်ဝါα€žα€”ာမပါα€˜ူး ။
ထဖေα€–ြα€…်တဲ့ α€žူα€Œေးα€€ြီး Aldyaα€€ α€žူ့α€€ိုα€š်ပိုင် α€…ာα€€ြα€Š့်တိုα€€်α€™ှာ α€…ာထုပ်တွေထများα€€ြီးα€›ှိတဲ့ထကြောင်း ၊ α€žူ့α€žα€™ီး PenΓ©lopeပဲ α€…ာဖတ်ဝါα€žα€”ာ ပါα€€ြောင်း ၊ ( pg.171)
ထဲ့α€™ှာ α€žူα€Œေးα€€ြီး Aldya α€›ဲ့ α€žား Jorge α€€
'Books are boring .'α€œို့ပြောα€α€š်။
JuliΓ‘n Carax α€€
"Books are mirrors: you only see in them what you; already have inside you ," α€œို့ ပြα€”်‌α€–ြေα€α€š်။
ထရွα€š်မတူပေα€™α€š့် Daniel ထပေါ် α€žံα€šောဇဉ်α€€ြီးα€™ား တဲ့ FermΓ­n၊ ၊α€žူα€€α€œူα€€ြီးဆို‌ တော့ α€œူပျိုα€œေး Daniel α€€ို α€žα€„်ပေးတဲ့ FermΓ­n α€›ဲ့ တချို့ထခန်းတွေ၊ ဒဿနတွေ α€Ÿာα€œα€Š်း ဖတ်ရင်း၊ α€”ားထောင်ရင်း ပြုံးα€…α€›ာပါ ။
FermΓ­n α€”ဲ့ Daniel α€›ဲ့ ထရွα€š်မတူတဲ့ α€žူα€„α€š်ချင်း α€™ိတ်ဆွေ α€”ှα€…်α€šောα€€် JuliΓ‘n Carax ထကြောင်း "α€˜ာα€…ီα€œိုα€”ာ "တခွင် ပြဲပြဲစင်‌ထောင် α€žα€α€„်းထစထန
α€œိုα€€်α€œံ ၊ တူးဆွα€€ြ‌ရင်း JuliΓ‘n Carax α€›ဲ့
α€˜α€ α€”ောα€€်α€€ြောင်း α€˜ာတွေ α€›ှာα€–ွေ့တွေ့α€›ှိα€™α€œဲ ။
Daniel α€”ဲ့ JuliΓ‘n Carax တို့ α€”ှα€…်α€šောα€€်α€›ဲ့ မတူα€Šီတဲ့ Timeline α€”ှα€…်ခုα€€ ထချα€…်၊ ထမုα€”်း၊ ထာဃာတတွေ ဆန်းα€€ြα€š်α€™ှု့တွေα€€ို 'ဂေါ့α€žα€…်' ဆန်ဆန် α€›ေးထားတဲ့ ဇာတ်α€œα€™်း ။
α€’ီα€…ာထုပ်α€Ÿာ ဇာတ်ထိα€™်α€œα€Š်း α€€ျα€š်α€α€š်၊ စပိα€”် α€”ာα€™α€Š်တွေ၊ JuliΓ‘n Carax α€›ဲ့ထတိတ် timeline α€™ှာα€œα€Š်း ဇာတ်α€€ောင်တွေα€™ျားတဲ့ထတွα€€် တချို့α€€
ပျင်းα€œို့ ဆက်ပြီး မဖတ်α€”ိုင်α€€ြတာတွေα€›ှိα€α€š်။
ထဲ့α€’ီα€œူတွေထတွα€€် Audiobook α€”ဲ့ α€…ာထုပ် တွဲဖတ်α€–ို့ ထကြံပေးချင်ပါα€α€š် ။ Audiobook Narrator α€Ÿာ ထရမ်း ၊ ထရမ်းα€€ောင်းα€žα€œို ဖတ်ပြတဲ့ စပိα€”်α€”ာα€™α€Š် တွေα€€ို α€”ားထောင်ရတာ ထရမ်း α€‘α€›α€žာα€›ှိပါα€α€š် ။ တချို့ထပိုα€’်ခွဲတွေα€™ှာ တီးα€œုံးα€žံငြိα€™့်ငြိα€™့်α€œေးတွေ ပါ α€‘α€Š့်ပေးထားα€α€š်။
α€’ီα€…ာထုပ်α€™ှာ timeline ၂ခုα€›ှိပါα€α€š် ။ JuliΓ‘n Carax α€›ဲ့ထကြောင်းα€€ α€…ာα€œုံးα€…ောင်းတွေα€”ဲ့ α€›ေးထားပါα€α€š်။
α€™ူရင်း စပိα€”်α€€α€”ေ α€˜ာα€žာပြα€”်ထားတဲ့ Lucia Graves α€›ဲ့ ထရေးα€‘α€žားα€€α€œα€Š်း α€α€€α€š် α€€ြိုα€€်ချင်α€…α€›ာပါ ။ α€…ာထုပ်ကထတွဲ ၄ထုပ်α€›ှိပါα€α€š်။ ထများα€…ုကတော့ Shadow Of The Wind α€€ိုပဲ α€žီးα€žα€”့် stand alone ထနေα€”ဲ့ ဖတ်α€€ြတာ α€™ျားပါα€α€š် ။
α€’ီα€…ာထုပ်α€™ှာ α€œα€Š်း α€”ှα€…်α€–ွဲ့ α€€ွဲပါα€α€š် ။ ပျင်းα€…α€›ာ‌α€€ောင်းα€œို့ α€™α€€ြိုα€€်တဲ့α€žူတွေα€›ှိα€žα€œို၊
ဖတ်ရင်း α€€ြိုα€€်α€™ိ α€…ွဲα€žွားတဲ့α€žူကတော့ α€…ာထုပ်ထဲα€€ ဇာတ်α€€ောင်တွေ α€”ဲ့ထတူ α€…ီးα€™ျောဝင်α€žွားပြီး
α€€ြα€š်α…α€œုံးပါပဲ ⭐⭐⭐⭐⭐ ။
α€™ူရင်း စပိα€”်α€…ာα€›ေးဆရာ Carlos Ruiz ZafΓ³n ကတော့ ဇွα€”်α€œ ၁၉၊ ၂၀၂၀ ၊ α€‘α€žα€€်၅၅နှα€…် ထရွα€š်α€™ှာ ကင်ဆာα€›ောဂါα€”ဲ့ α€€ွα€š်α€œွα€”်α€žွားခဲ့ပြီα€™ို့ α€’ီα€œို ဇာတ်ထိα€™်၊ α€’ီα€œို α€œα€€်α€›ာထရေးα€‘α€žားα€™ျိုးα€€ို ထပ်ပြီး ဖတ်ခွင့် α€™α€›ှိတော့ပါα€˜ူး ။
α€…ာထုပ်α€€ောင်းα€α€š်၊ α€™α€€ောင်းα€˜ူးကတော့ ဖတ်တဲ့α€žူα€›ဲ့ ထကြိုα€€်α€”ဲ့ပဲ ဆိုင်ပါα€α€š် ။
E- Book Link ⬇️⬇️⬇️
Ellias တို့ book gp ပြောတဲ့ Shadow Of The Wind
α€…ာα€›ေးဆရာ ပြောထားတဲ့ Angel's Games Vs Shadow Of The Wind
#The_Shadow_Of_The_Wind by #Carlos_Ruiz_ZafΓ³n
AudioBook Review by Bookish In Fiction Land
June 18.2022

Mary : An Awakening Terror by Nat Cassidy

 πŸ“•Mary : An Awakening Terror by Nat Cassidy

🎧 Audiobook Review
πŸ“•Horror
α€’ီα€…ာထုပ် α€Ÿာ ဇူα€œိုင် ၁၉၊ ၂၀၂၂ α€€α€™ှ ထွα€€်ခဲ့တဲ့ Horror α€…ာထုပ် တထုပ် ။ ထစမှာα€€α€α€Š်းα€€ α€…ာα€›ေးဆရာα€€၊ α€žူα€Ÿာ Stephen Kingα€›ဲ့ Carrie ဝတ္ထု α€”ဲ့ α€”ီးစပ်ခဲ့α€›α€žူ α€–ြα€…်α€€ြောင်း ၊ ထခုα€…ာထုပ်α€™ှာα€œα€Š်း Carrie ဇာတ်ထိα€™် α€€ျောα€›ိုးα€€ို α€šူထားα€€ြောင်း ပြောထားα€α€š် ။
α€’ါပေα€™α€š့် Carrieα€”ဲ့ တူα€žα€œားဆိုတော့ မတူပါα€˜ူး ။ပြောင်းပြα€”်ပါပဲ ။ တူတာတခုတော့ α€›ှိပါα€α€š်။ Carrie α€™ှာ α€™ိα€”်းမပျိုတွေα€›ဲ့ ထပျိုα€–ော်ဝင်ချိα€”် α€›ာα€žီα€žွေးပေါ်တဲ့ထချိα€”် "bully" α€œုပ် ထရှα€€်ခွဲခံရတာ ။ Mary α€™ှာα€€ α€žα€်α€œα€်ပိုင်း ၅၀ ထရွα€š် α€žွေး‌ဆုံးα€€ိုင် ခံα€…ားα€› တဲ့ ထမျိုးα€žα€™ီးတစ်α€šောα€€်α€›ဲ့၊ α€…ိတ်α€€α€šောα€€် α€–ြα€…်တာ၊ α€„α€š်စဉ်α€€ bully α€œုပ်ခံရတာတွေ ပြα€”်ပေါ်α€œာတာ တူα€α€š် ပေါ့ ။

မတူတာα€€ Carrie α€™ှာ α€€၊ α€žူ့α€™ှာ α€˜ာα€žာα€›ေး ထစွα€”်း α€›ောα€€်တဲ့ α€™ိခင်α€›ှိα€α€š်၊ Carrieα€™ှာ α€™α€™ြင်ရတဲ့ α€žα€˜ာα€α€œွα€”် α€…ွα€™်းထားα€›ှိα€α€š် ။

Mary α€™ှာα€€ော ... ။ Maryα€™ှာα€€ ထခုα€œို α€€α€šောα€€်α€€α€šα€€် ထချိα€”်α€™ျိုးα€™ှာ ခေါင်းထဲα€™ှာ α€›ှိα€”ေတဲ့ တခြားတစ်α€šောα€€်α€›ဲ့ ထိα€”်းချုပ်ခြင်းα€€ို ခံရတာ ။



............... ဇာတ်α€œα€™်းထကျဉ်း ............
" Mary " α€Ÿာ α€„α€š်စဉ်α€€ α€€ျောင်းα€™ှာ α€›ွα€š်တူ တချို့α€›ဲ့ ထနိုင်α€€ျင့်ထရှα€€်ခွဲတာ ခံα€›α€–ူးα€α€š်။ α€žူ့α€€ို ထနိုင်α€€ျင့် ခဲ့တဲ့ α€€ျောင်းα€žူ‌α€™ိα€”်းα€€α€œေးထဲα€€ တစ်α€šောα€€်α€€ို Mary တစ်α€šောα€€် ပြင်းပြင်းထန်ထန် α€œα€€်တုံ့ပြα€”်ခဲ့ α€–ူးα€α€š် ။ (Arroyo α€™ြိုα€œေးα€€ို ပြα€”်α€œာတဲ့ထချိα€”် ထဲα€’ီ့ထမျိုးα€žα€™ီး၊α€žူ့ထမေ α€”ဲ့ Mary α€…ာထုပ်ဆိုင်α€™ှာ တွေ့α€€ြတဲ့ ထခန်း α€…ာထုပ်α€›ဲ့ α€‘α€œα€š်α€€ျော်α€œောα€€်α€™ှာ ပါပါα€α€š် )။
Mary α€›ဲ့ α€™ိα€˜α€ွေα€Ÿာα€œα€Š်း Mary α€„α€š်စဉ်α€€ ထိα€™် α€™ီးα€œောင် α€™ှု့ α€–ြα€…်ပြီး ဆုံးပါးα€žွားခဲ့α€€ြα€α€š် ။( α€˜ာα€€ြောင့် α€žူ့α€™ိα€˜α€ွေ α€™ီးထဲ ဆုံးα€›α€žα€œဲဆိုတာ α€…ာထုပ်α€›ဲ့ α€”ောα€€်ပိုင်းα€™ှာ ပါα€α€š် )
α€‘α€žα€€် ၅၀ထရွα€š် Mary α€Ÿာ α€žူα€„α€š်ချင်း ထပေါင်း
ထဖော်α€™α€›ှိα€˜ူး ။ တိတ်ဆိတ်ထေးဆေးα€…ွာ α€”ေတက်ပြီး ၊ ထထီးα€€ျα€”်α€”ေတဲ့ထပြင် ၊ α€žွေးဆုံးα€€ိုင် ဝေα€’α€”ာ ခံα€…ား α€”ေα€› တဲ့ ထမျိုးα€žα€™ီးတစ်α€šောα€€်။
α€žူ့α€™ှာ ထဖော်ဆိုα€œို့ α€žူချα€…်တဲ့ (porcelain) α€€ြွေα€‘α€Š်α€›ုပ် တွေပဲα€›ှိα€α€š် ။ Mary α€Ÿာ ထဲ့α€€ြွေα€‘α€Š်
α€›ုပ် တွေα€€ို α€žူ့α€žူα€„α€š်ချင်းတွေα€œို α€…α€€ားပြောα€žα€œို၊ α€€ြွေα€‘α€Š်α€›ုပ်တွေα€€α€œα€Š်း α€žူ့α€€ို α€…α€€ားပြα€”်ပြောα€α€š် α€œို့ Mary ထင်α€α€š် ။
ထခုတော့ Mary α€Ÿာ α€‘α€žα€€်၅၀ ထရွα€š် ထမျိုးα€žα€™ီး တစ်α€šောα€€် α€–ြα€…်α€”ေပြီ ။ α€’ီထရွα€š်α€™ှာ ထမျိုးα€žα€™ီးတိုင်း ခံα€…ားα€›၊ α€–ြα€…်တဲ့ α€žွေးဆုံးα€€ိုင် ဝေα€’α€”ာ α€€ို Mary ခံα€…ား α€”ေ α€›α€α€š် ။ α€…ိတ်α€œှုပ်α€›ှားα€™α€š်၊‌ α€’ေါα€žα€ွေα€€ြီးα€™α€š် ၊ α€…ိတ်α€€α€šောα€€်α€‚α€šα€€်တွေ α€–ြα€…်α€™α€š် ။
Mary ကတော့ α€žူ့α€œိုပဲ တခြား α€žွေးဆုံးα€€ိုင် ဝေα€’α€”ာ ခံα€…ားရတဲ့ α€›ွα€š်တူ ထမျိုးα€žα€™ီးတွေ ထက် α€žူ ပိုခံα€…ားα€› α€€ြောင်း α€žူ့α€€ိုα€š်α€žူ α€žိα€α€š် ။
Mary α€”ားထဲ α€™ှာ α€žူ့α€…ိတ်α€€ို ပူးကပ်ပြီး ထိα€”်းချုပ်ချင်‌ α€”ေတဲ့ ၊ ပြောα€”ေတဲ့ α€‘α€žံα€α€žံα€€ြား‌α€”ေα€›α€α€š် ။
α€›ေချိုးα€€α€”်ထဲα€™ှာα€œα€Š်း ခေါင်းပေါ်α€™ှာ α€žွေးတွေα€”ဲ့၊ ထဝတ်α€…ွပ်ထားတဲ့ ထမျိုးα€žα€™ီး တစ်α€šောα€€် α€€ိုα€œα€Š်း α€žူα€™ြင်α€”ေα€›α€α€š် ။
α€Ÿုတ်α€α€š် ။ Mary တစ်α€šောα€€် α€›ေချိုးα€€α€”်ထဲα€€ ထမျိုးα€žα€™ီးα€œိုပဲ α€žα€›ဲတစ္ဆေ တွေα€€ို α€™ြင်α€”ေα€›α€α€š် ။
ပုံα€™ှα€”်α€™α€Ÿုတ်တဲ့ α€‘α€žံတွေα€€ို α€”ားထဲα€™ှာ α€€ြားα€”ေα€› α€α€š်။
Mary α€Ÿာ New York α€™ြို့α€€ြီး α€€ α€…ာထုပ်ဆိုင် တဆိုင်α€›ဲ့ α€™ြေထောα€€်ထပ်၊ α€…ာထုပ် α€žိုα€œှောင်ခန်းα€™ှာ α€‘α€œုပ်α€œုပ် α€› တဲ့α€žူ ။ Maryα€Ÿာ ၅၀ထရွα€š် α€œူα€œွတ်ထမျိုးα€žα€™ီး၊ α€žူα€Ÿာ ထပေါင်းα€‘α€žα€„်းα€œα€Š်း α€™α€›ှိα€žα€œို ၊ α€˜α€š်α€žူ့α€€ိုα€™ှ α€™α€šုံα€˜ူး ။
α€žူ့α€€ိုα€œα€Š်း တခြားα€žူတွေα€€ α€…ာထုပ်ဆိုင်α€™ှာ α€žα€€်α€›ှိ ထင်α€›ှား α€›ှိα€α€š် ၊ α€‘α€œုပ်α€œုပ်α€”ေα€α€š်α€œို့ တောင် ဆက်‌ဆံထရေးပေး ခြင်း မခံα€›α€˜ူး ။
တနေ့တော့ α€…ာထုပ်ဆိုင်α€›ဲ့ α€™ြေထောα€€်ခန်းα€™ှာ α€‘α€œုပ် α€œုပ်α€”ေတဲ့ Maryတစ်α€šောα€€် α€‘α€œုပ်α€–ြုတ် ခံα€› α€α€š်။
α€žူတို့α€œို ၅၀ထရွα€š်α€€ို α€™ြေထောα€€်ခန်းα€œိုα€”ေα€›ာα€™ျိုးα€™ှ α€œုပ်α€›α€™α€š့် α€‘α€œုပ်တောင် α€™α€œုပ်α€…ေချင်တော့α€˜ူး ။α€„α€š်α€„α€š်α€›ွα€š်α€›ွα€š်α€€ို ထစားထိုး ခန့်α€™α€š်ပေါ့ ။
ထဲ့α€œိုα€”ဲ့Mary α€‘α€œုပ်ပြုတ်ပြီးတဲ့α€”ောα€€်α€™ှာ ထဒေါ်α€–ြα€…်α€žူ Nadine ဆီα€€ α€–ုα€”်းဝင်α€œာα€α€š်။ α€žဲα€€α€”္တာα€› α€™ြို့α€œေး α€–ြα€…်တဲ့ Arroyo α€™ှာ α€”ေတဲ့ ထဒေါ် Nadineα€€ α€žူ့ဆီ α€œာα€–ို့ ၊ α€žူ့α€€ို α€…ောင့်α€›ှောα€€်ပေးα€–ို့ ခေါ်α€α€š် ။
Arroyo α€™ြို့α€œေးα€€ α€žူ့ထဒေါ်ထိα€™် α€›ောα€€်တော့ α€œα€Š်း Maryတစ်α€šောα€€် NY α€™ှာα€œိုပဲ " α€€ြα€Š့်α€™ှα€”် " တွေα€€ို α€™α€€ြα€Š့်ချင်α€˜ူး။ ထဝတ်α€…α€”ဲ့ α€–ုံးထားα€α€š် ။
α€™ှα€”်ထဲα€™ှာ ပေါ်α€œာတဲ့ ၊ α€™ြင်α€”ေရတဲ့ တခြား α€™ျα€€်α€”ှာတွေ α€€ို α€žူ့α€™α€€ြα€Š့်α€”ိုင်α€˜ူး ။ ထိပ်α€™α€€်ဆိုးတွေα€œα€Š်း α€™α€€် α€žα€œို၊ α€žူ့ခေါင်းထဲထိ α€”α€€်α€”α€€်α€›ှိုင်းα€›ှိုင်း α€…ီးဝင်ပြီး ပြောα€”ေ တဲ့ α€‘α€žံတခု ၊ Maryα€€ို ခပ်ဆိုးဆိုးတွေ α€œုပ်α€–ို့ တွα€”်းထားပေး α€”ေα€α€š်။
Mary တစ်α€šောα€€် ဆရာဝန်ပြα€α€š်။ α€žွေးဆုံးα€€ိုင် ခံα€…ားα€”ေရတာα€™ို့ ဆေးဝါးပေးပေα€™α€š့် Mary α€™α€šူα€˜ူး။ Maryတစ်α€šောα€€် တခုခု α€™ှားα€šွင်းα€”ေပြီဆိုတာ α€žူ့α€˜ာα€žူ α€žိα€”ေပြီ ။
α€œွα€”်ခဲ့တဲ့ ထနှα€…် ၅၀ Mary α€™ွေးα€œာတဲ့ထချိα€”်α€™ှာပဲ Arroyo α€™ြို့α€œေးα€™ှာ α€”ာα€™α€Š်ဆိုးα€”ဲ့ α€€ျော်α€€ြားတဲ့
( mid-life ထမျိုးα€žα€™ီးတွေα€€ို α€›ွေးα€žα€်ပြီး ၊α€™ျα€€်α€”ှာα€€ ထစ ထစရှာမရထောင် α€–ျα€€်α€…ီး ၊ α€‘α€žားထရေခွံ α€”ွှာပစ် တဲ့ )α€€ွင်းဆက်α€œူα€žα€်α€žα€™ား "Damon Cross " α€žေဆုံးα€žွားခဲ့α€α€š် ။
Mary α€™ြင်α€”ေရတဲ့ ထမျိုးα€žα€™ီး‌ α€žα€›ဲတစ္ဆေတွေα€€ "Damon Cross " α€žα€်α€œိုα€€်တဲ့ ထမျိုးα€žα€™ီးတွေ၊ α€žူတို့ α€˜ာα€€ြောင့် Mary α€›ှေ့α€€ို ပေါ်α€œာရပါα€œိα€™့်။
Mary α€žာ α€™ြင်α€”ေတဲ့ α€žα€›ဲတစ္ဆေ ထမျိုးα€žα€™ီးတွေα€Ÿာ
( Damon Cross 's Victims) Mary α€€ို α€˜ာα€™ျား α€œုပ်α€…ေချင်ပါα€œိα€™့် ။
Mary တစ်α€šောα€€် α€žူ့ ထဒေါ်α€€ြောင့် Arroyo α€™ြို့α€œေး α€€ို ပြα€”်α€œာတဲ့ထချိα€”်α€™ှာ α€œူα€žα€်α€™ှု့တွေ ပြα€”်α€–ြα€…်‌α€”ေတာ α€€ို α€žိထားα€™ိα€α€š် ။
α€œွα€”်ခဲ့‌α€žော ထနှα€…်၅၀ α€€ Arroyo ဆိုတဲ့ α€˜ာα€žာα€›ေး α€™ြို့α€œေး α€™ှာα€›ှိခဲ့တဲ့ ၊ α€›ဲတွေ ပစ်α€œိုα€€်α€œို့ α€žေα€žွားတဲ့ α€”ာα€™α€Š်α€€ြီး α€€ွင်းဆက်α€œူα€žα€်α€žα€™ား "Damon Cross" α€€ို α€€ိုးα€€ွα€š်α€€ြတဲ့ ထဖွဲ့α€‘α€…α€Š်းတခု α€œα€Š်း α€›ှိα€α€š် ။
"Damon Cross" α€œို α€›α€€်α€›α€€်α€…α€€်α€…α€€်α€žα€်ပြီး α€‘α€žားα€”ွှာပစ်တဲ့ α€œူα€žα€်α€™ှု့တွေ α€˜ာα€€ြောင့်ထပ် α€–ြα€…်α€œာα€›α€žα€œဲ ဆိုတာ Mary ထဖြေα€›ှာα€™ိတဲ့ ထခါα€™ှာ.........
Copy-cat killer α€œား ။α€’ါα€™ှα€™α€Ÿုတ် Damon Cross α€€ α€œူဝင်α€…ားပြီး α€žα€်တာα€œား ဆိုတာကတော့......
α€€ွင်းဆက်α€œူα€žα€်α€žα€™ား ၊ α€œူဝင်α€…ား တာ၊ α€…ိတ်α€”ဲ့ α€œူα€žα€်တာ၊ α€™ျα€€်α€”ှာ ထရေခွံကထစ α€™α€™ှတ်α€™ိထောင် ၊ထစရှာမရထောင် ၊α€–ျα€€်ဆီးပစ်တာ α€›α€š်၊ Maryα€›ဲ့ α€žွေးဆုံးα€€ိုင် α€…ိတ် α€€α€šောα€€်α€€α€šα€€်α€–ြα€…်တာα€”ဲ့ ပေါင်းα€œိုα€€်တော့ ....
α€‘α€Šွှα€”်းα€›ေးα€žူတစ်α€šောα€€်ကတော့ Mary ဇာတ်α€€ောင် α€Ÿာ Carrie + Hereditary+ Silent Hill ပေါင်းထား α€žα€œို vibe α€™ျိုး ခံα€…ားα€›α€α€š် α€œို့ပြောပါα€α€š်။
supernatural Horror ,Cult Horror
Psychological Horror
Mid -life- crisis
πŸ“Œ#Spoiler_Keyword
πŸ“Œ#Reincarnation
πŸ“Œ #Mary & #serial_killer_Damon_Cross
πŸ“ŒMy .P.O .V... α€’ီα€…ာထုပ်α€€ို α€…ာထုပ်ထက် Audiobook α€”ားထောင်α€–ို့ ထကြံပေးချင်α€α€š် ။ Audiobook Narrator α€Ÿာ ထရမ်းα€€ောင်းα€α€š် ပြောα€›α€™α€š် ။
α€α€€α€š့် ဆိုα€€်α€€ို တစ်α€šောα€€်α€œို Mary α€‘α€žံα€›ော၊ တခြား Mary α€€ြားα€”ေရတဲ့ α€‘α€žံတွေα€€ို α€‘α€žံ α€€ွဲပြား ချα€€်၊ ခြားα€”ားချα€€်၊ပြောင်းα€œဲတာ ထများα€€ြီး ပေါ်α€œွင် α€α€š် ။ α€™ုα€’်ပါပါ α€›ုပ်α€›ှင်α€€ြα€Š့်α€”ေα€›α€žα€œိုပဲ α€α€€α€š် α€‘α€žα€€်ဝင်ထောင်ပြောα€”ိုင်α€α€š် ။
α€…ာထုပ်ဖတ်ရင်α€œα€Š်း ရတာတော့ ရပါα€α€š် ။ α€’ါပေα€™α€š့် α€…ာထုပ်α€™ှာ Mary α€”ားထဲ α€€ြားα€”ေα€›α€žα€œို α€‘α€žံတွေα€›ဲ့ ဆိုα€€်α€€ိုဆန်ဆန် α€‘α€›α€žာ α€žိပ်ပေါ် α€œွင်α€™α€š် မထင်α€˜ူး။
α€…ာα€™ျα€€်α€”ှာ ၄၁၆ α€™ျα€€်α€”ှာ၊ Audiobook α€€ ၁၅ α€”ာα€›ီα€€ျော် α€€ြာα€™α€š် ။ α€€ိုα€š် α€’ီα€…ာထုပ် စဖတ်တုα€”်းα€€ ပြောα€–ူးα€žα€œိုပဲ ၊α€žွေးဆုံးα€€ိုင် ထမျိုးα€žα€™ီး တစ်α€šောα€€် α€›ဲ့ α€€α€šောα€€်α€€α€šα€€် ခံα€…ားချα€€်α€€ို α€›ေးပြα€žွားတဲ့ α€…ာα€›ေးဆရာα€€ ထမျိုးα€žားပါ ။
α€žူα€˜ာα€€ြောင့် α€›ေးα€› α€žα€œဲဆိုတာ audiobook α€”ောα€€်ဆုံးα€™ှာα€œα€Š်း α€žူ့α€‘α€žံα€”ဲ့ပြောထားα€žα€œို ၊ α€…ာထုပ်α€›ဲ့α€”ောα€€်ဆုံးα€™ှာ α€œα€Š်း α€›ေးထားပါα€α€š်။
α€žα€›ဲα€€ားα€€ြα€Š့်α€›α€žα€œို ဝုα€”်းα€’ိုင်း ခြောα€€်α€™α€š့် ဇာတ်α€œα€™်း α€™ျိုးα€™α€Ÿုတ်α€˜ူးα€”ော် ။ α€€ိုα€š်ပါ Mary ခေါင်းထဲα€€ α€‘α€žံα€€ို ထတူတူα€€ြားα€”ေα€›α€žα€œို တမြα€Š့်α€™ြα€Š့်α€œောင် α€™α€š့် ဇာတ်α€œα€™်းα€™ျိုးပါ ။
ထခုα€”ောα€€်ပိုင်းထွα€€်တဲ့α€…ာထုပ်တွေα€™ှာတော့ တခြား horror α€…ာထုပ်တွေα€”ဲ့ မတူပဲ ဇာတ်α€œα€™်း ခပ်ဆန်းဆန်း ဖတ်α€›α€™α€š့် α€…ာထုပ် တထုပ်ပါ ။
⭐⭐⭐⭐ 4 star Audiobook for me.
Mary : An Awakening Terror by Nat Cassidy
Audiobook Review by BookishInFictionLand
4 August 2022