Wednesday, August 24, 2022

📕The Shining by  Stephen King

📕Horror


ဒီစာအုပ်ဟာ ၁၉၇၇ ခုနှစ်မှာ ထုတ်ခဲ့ပြီး ဦးကင်း ရဲ့ တတိယမြောက်ထွက်ခဲ့တဲ့ classic စာအုပ် တအုပ်၊ စာမျက်နှာ ၆၅၉ ၊အပိုင်း ၅ပိုင်း  အပြင် ဇာတ်သိမ်း အပြီးမှာ ၁၃ မျက်နှာ အပိုထပ်‌ ရေး ထား တာပါတယ်။






.📖 ဇာတ်လမ်းအကျဉ်း...📖


#Jack_Torrance

ဇာတ်လမ်းအစ Jack  Torrance..(Danny ရဲ့အဖေ) ဟာ သူငယ်ချင်းဖြစ်သူ Albert Shockley ရဲ့ အဆက်အသွယ်နဲ့ Colorado က Overlook Hotel မှာ ဆောင်းတွင်းကာလဟိုတယ်ပိတ်ထားတဲ့အချိန်ကာလအတွင်း မှာ ဟိုတယ်ကို ထိန်းသိမ်းစောင်‌ရှောက်တဲ့

တာဝန် ကို လာလျှောက်တာ ။


Jack ဟာ မအောင်မြင်သေးပဲ ရုန်းကန်နေရတဲ့ စာရေးဆရာ ၊ အရင်က Vermont Prep School မှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ ဆရာတစ်ယောက်၊ ဒါပေမယ့်  Jack ဟာ အရက်စွဲနေတာ ၊ အရက်ရှိန်ကြောင့် ဒေါသထွက်လာရင် သူ့စိတ်သူ မထိန်းနိုင်ဘူး။ 


ကျောင်းသားတစ်ဦးအပေါ် စိတ်မထိန်းနိုင်ပဲ ကိုယ်ထိလက်ရောက် ပြုမူခဲ့တဲ့အတွက် ကျောင်းဆရာ အလုပ်က ထွက်လိုက်ရတယ် ။ 


ဒါ့အပြင် တနေ့ Jack ဟာ အပြင်ကပြန်လာတုန်း  သားဖြစ်သူ ၃နှစ်သားလေး  Danny ဟာ သူရေးလက်စ

 á€•á€źá€‡á€Źá€á€şá€…ဏရွက်တွ္ နဲ့ ဆော့ကစားနေတာ တွေ့လိုက်ရတယ်။ Jack တစ်ယောက် အရက်ရှိန်နဲ့ရော၊ ဒေါသမထိန်းနိုင်တာရောကြောင့် စိတ်မထိန်းနိုင်ပဲ နုနယ်လှတဲ့ ၃နှစ် သား Danny ရဲ့ လက်မောင်းကို ချိုးမိသွားတယ်။ 


အဲ့ဒီကိစ္စ အတွက်နဲ့ မိန်းမဖြစ်သူ Wendy နဲ့လည်း။အကြီးအကျယ်ပြဿနာတက်၊ ကွာရှင်းဖို့ထိ ဖြစ်ခဲ့တယ်။  


အဲ့ဒီ့အချိန်ကစပြီး  Jack တစ်ယောက် အရက်ကို ဖြတ်လိုက်တယ် ။  အခု ဒီအလုပ်ရမှာသာ  Jack အသက်ရှုချောင်မယ် ၊ အရာအားလုံး အဆင်ပြေနိုင်မယ်ပေါ့ ။


Jack အလုပ်သွားလျှောက်တော့ ဟိုတယ်က အုပ်ချုပ်ရေးမှုး Mr.Ullman က ဟိုတယ် သမိုင်းကြောင်း ကို ရှင်းပြတယ် ။ ပိုင်ရှင်အဆက်ဆက် ပြောင်းခဲ့တဲ့ ဟိုတယ်၊စစ်အတွင်း ကြားထဲမှာ အကြာကြီး ပိတ်ထား တဲ့အချိန်တွေရှိခဲ့တယ် ။ 


ဒီဟိုတယ်ကို Mr Ullman တို့တာဝန်ယူပြီးတဲ့နောက်မှာ ဆောင်းတွင်းကာလမှာ အဖြစ်ဆိုးကြီး တခုဖြစ်ခဲ့ ကြောင်း Jack ကိုပြောပြတယ်။  


1970-1971ဆောင်းတွင်းမှာ ဟိုတယ်ကိုထိန်းသိမ်း စောင့်ရှောက်ဖို့  Delbert Grady ဆိုတဲ့သူကို ငှားခဲ့ တယ်။ သူ့မှာ မိန်းမ နဲ့ သမီး နှစ်ယောက်ပါတယ်။


အခု Jack တို့ မိသားစု နေထိုင်ရမယ့်အခြမ်းမှာ Delbert Grady တို့ နေသွားခဲ့တယ် ။ ဟိုတယ်ပိတ်ထားတဲ့အချိန် ဆောင်းတွင်းကာလ အပြင်လောကနဲ့ ၅လကျော် ၆ လလောက်အဆက်အသွယ်ပြတ်နေတာကြောင့်လား

မသိ၊ 



Delbert Grady ဟာ စိတ်ဖောက်ပြီးသူ့မိန်းမနဲ့ သမီးနှစ်ယောက်ကို သတ်၊ပြီးတော့ သူကိုယ်တိုင်လည်း သတ်သေသွားခဲ့ ကြောင်း Mr.Ullman က ရှင်းပြတယ်။ 


Jackကတော့ သူရော သူ့မိန်းမပါ ပညာတက်၊စာဖတ်တဲ့ သူတွေ ဖြစ်လို့ ဒီလို ဆောင်းကာလ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်ပြီး အထီးကျန်ရမယ့် အချိန်မျိုး  တွေကို စိတ်မပူပန်ကြောင်း ပြောတယ်။ 


နောက် Mr.Ullman အဓိက သတိပေးတာက ဟိုတယ် စဆောက်ကတည်းက ဆင်ထားတဲ့ ဆောင်းတွင်း တတွင်းလုံး အပူပေးတဲ့ #Boiler (ဇာတ်သိမ်းမှာ အဓိကပါလာမယ့် Boiler)။ တနေ့နှစ်ခါ မြေအောက် ထပ် ကို Boilerကို လာစစ်ဖို့ သတိပေးထားတယ်။ 


အဲ့ဒီ့နောက် ဟိုတယ်ကို လိုက်ပြဖို့ Mr.Ullmanက Jackကို ခေါ်သွားတယ်။ မိန်းမဖြစ်သူ Wendy နဲ့ သားဖြစ်သူ Danny ကိုတော့ Hotel ရဲ့ Cook တစ်ဦးဖြစ်တဲ့ လူမည်းအမျိုးသား Mr.Dick Hallorannက လိုက်ပြတယ်။


#Danny(The Shining)🌟

 Danny ဟာ မွေးကတည်းက ထူးခြားတယ်။ သူ့မှာအရာရာကို ကြိုသိနိုင်တဲ့ အစွမ်းရှိတယ်။ Telepathy သူများအတွေးတွေကို သိပြီး စိတ်စွမ်းအားရှိတဲ့သူမျိုးပဲ ။


Danny ဟာ သူ့အမေကိုတော့ ချစ်တယ်၊ဒါပေမယ့် အဖေ့အနားအမြဲကပ်တဲ့ အဖေချစ်သားလေး Danny ပေါ့ ။


သူ့မှာ Tony ဆိုတဲ့ မမြင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ( Invisible Friend)Tony ရောက်လာရင်၊ ဒါမှမဟုတ်စကားပြောချင်ရင် Danny ဟာ ပါးစပ်ထဲကို

လက်ညိုးညွှန်ပြပြီး ဆက်သွယ်လေ့ရှိတယ် ။ 




Tony နဲ့ ပတ်သတ်ပြီး အမေဖြစ်သူ Wendy ကစိတ်ပူလို့ စိတ်ရောဂါ ဆရာဝန်နဲ့ ပြပေးပေမယ့် မထူခြားပါဘူး။


ဟိုတယ်နဲ့ပတ်သတ်ပြီး သူ့အဖေ Jack အလုပ်ရမယ်ဆိုတာလည်း သိတယ်။ သူ့မိဘတွေရဲ့ စိတ်ခံစားမှု့တွေကိုလည်း 5 နှစ်ကျော် 6နှစ်အရွယ် ပဲရှိသေးတဲ့ Dannyက စိတ်ကို ဖတ်နိုင်တယ် ။ 


အဲ့ဒီ အန္တရယ်ရှိတဲ့ ဟိုတယ်ကို မသွားဖို့ Danny ရဲ့ Invisible Friend Tony က နမိတ်တွေ ပြတယ်။ 

 


#Wendy ( Jack ရဲ့ မိန်းမ)

Hotel ကို စရောက်ချင်းတော့ Wendy တစ်ယောက် ကမ္ဘာကြီးနဲ့ ရာသီတခုစာလောက်ကင်းဝေးပြီး  မိသားစု ဟန်းနီးမွန်း  ထွက်လာသလို ခံစားရစေတယ် ။


Jack အရက်ကြောင် ကြောင်ပြီး  Danny အသက်၃နှစ်ခွဲ အရွယ်တုန်းက လက်‌မောင်းကို ချိုးမိလိုက်တဲ့ ကိစ္စအတွက်နဲ့ ကွာရှင်းဖို့အထိတောင် ကြိုးစားခဲ့တဲ့ Wendy တစ်ယောက်၊ အခုတော့ Jack နဲ့ ကြည်နူးနေမိတယ် ။


Wendy တို့ ရောက်သွားတဲ့နေ့ကဆောင်းရာသီကို စရောက် တော့မှာမို့ ဆောင်းတွင်းကာလ ဟိုတယ် ပိတ်ဖို့ ပြင်ကြဆင်ကြတဲ့ နောက်ဆုံးနေ့ပေါ့ ။ May 12 မှဖွင့်မှာမို့ ဝန်ထမ်းအားလုံး ဟိုတယ်ကနေ အသီးသီးထွက်ခွာသွားကြတဲ့အချိန် ကျမှ တိတ်ဆိတ်မှူ့ကို ခံစားလိုက်ရတယ်  ။


မိဘတွေပျော်နေတာ မြင်ရတော့ Danny တစ်ယောက် သူ့ရဲ့( မမြင်ရတဲ့ ကစားဖော်) Tony ပြောတဲ့ ကြောက်စရာ  ဒီနေရာအကြောင်းကိုမပြောဖြစ်တော့ဘူး။ 


🛑သူသေသေချာချာမြင်လိုက်ရတဲ့  REDRUM ဆိုတဲ့ စာလုံး ၊(REDRUM ကိုပြောင်းပြန်ပြန်ဖတ်ကြည့်ပါ) ။🛑


Tony ကမသွားနဲ့လို့ ပြောတဲ့နေရာ၊ Tony ပြသမျှတွေက ဖြစ်မလာပေမယ့် Danny တစ်ယောက် သတိထားနေရမယ်လို့ စိတ်ထဲ တွေးမိတယ် ။


ရေကူးကန်ရဲ့နောက် ကျောက်စရစ်ခင်းထားတဲ့ လမ်းဘေးမှာ ထင်းရှုးပင်ပျိုတွေ ။ အဲ့ဒီနောက် R Q Q U E 

ဆိုတဲ့ ဆိုင်းဘုတ် ။ 


Danny က သူ့အဖေ Jack ကို R QQUE ဆိုတာဘာလဲ မေးတော့ croquet လိုမျိုး ရှေးဟောင်းကစားနည်းမျိုးဖြစ်ကြောင်းနောက်မှ သင်ပေးမယ်လို့ ပြောပြတယ် ။


အဲ့ဒီနောက်  တိရစ္ဆာန်ပုံမျိုးစုံ ပုံစံ သွင်းထားတဲ့ ချုံပုတ်ပင်အကြီး ကြီး တွေ ။(Hedge Animals)


#Mr.Dick Hallorann

OverLookHotel ရဲ့ Cook တစ်ဦး ဖြစ်တဲ့ အရပ်ရှည်ရှည်နဲ့  လူမည်းအမျိုးသား Mr. Hallorann..


နှင်းမုန်တိုင်း‌တွေကြောင့် ဆောင်းတွင်းကာလ ဟိုတယ်ပိတ်ထားတဲ့ အချိန် ကာလမှာ  ဝန်ထမ်းတွေက နေရပ်ကို အသီးသီးပြန်ကြတယ်။ Mr.Hallorann ကလည်း သိပ်မကြာခင် Florida ကို ပြန်မှာ ။ 


ဆောင်းကာလ ဟိုတယ်ကြီး ပိတ်ထားတဲ့အချိန်မှာ စောင့်ရှောက်ဖို့လာတဲ့Jack တို့မိသားစုကို  Mr Hallorann က ဟိုတယ်ရဲ့ စားဖိုဆောင်၊ရိက္ခာ‌ တွေကို လိုက်ပြတယ်။


Mr Hallorann ဟာ လည်း Dannyလို Telepathy သူများအတွေးတွေကို သိပြီး စိတ်စွမ်းအားရှိတဲ့သူမျိုးပဲ ၊  


ကျမ်းစာအရဆိုရင်တော့ အကြားအမြင်ပေါ့ ၊ သိပ္ပံပညာအရဆိုရင် သဘာဝလွန်စိတ်စွမ်းအားရှိတဲ့သူမျိုး၊ အနာဂတ်ကို ကြိုသိတဲ့သူမျိုး ၊ 


Danny လိုကလေးမျိုးဟာ အတောက်ပဆုံး 🌟

(The Shining)  ဖြစ်ကြောင်း တခါတလေကျလည်း တချို့အတွေးတွေဟာ တကယ်ဖြစ်မလာတာတွေလည်း ရှိတက်ကြောင်း Mr.Hallorann က ရှင်းပြတယ်။


Mr.Hallorann က မသွားခင်  ကားထဲမှာ Danny နဲ့ သီးသန့်ပြောခဲ့တာ ရှိတယ် ။ 


ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် အခန်နံပါတ် 217 ကို မဝင်ဖို့ ၊ အဲ့အခန်းမှာ ခပ်ဆိုးဆိုးတခုဖြစ်ခဲ့ကြောင်း၊ 


Danny လို The Shining မျိုးက အဲ့လိုနေရာမျိုးကို သွားမိရင် ဖြစ်ပျက်ခဲ့တာတွေ၊ ဖြစ်မယ့်ဟာတွေကို ကြိုမြင်နိုင်တာကြောင့် ၊ တစ်ယောက်ယောက်ကို ထိခိုက်စေမှာစိုးလို့  


အဲ့ဘက်ကို ခြေဦးတောင် မလှည့်ဖို့ ၊ကလေးပိစိ၊ စိတ်စွမ်းအားရှင်လေး  Dannyကို အသိပေးခဲ့ တယ်။


Danny ရဲ့ ဖခင်ဖြစ်သူ Jack Torrance ကို‌စူးစမ်းကြည့်မိတော့ Danny လို the Shiningတော့မဟုတ်၊ ဒါပေမယ့်လည်း သူ့မှာ တခုခု ဖုံးကွယ်ထားသလို၊သူ့မှာ ငုတ်လျှိုးနေတဲ့ အရာတခုခုရှိနေသလို ခံစားရတယ် ။


မသွားခင် တခုခု အန္တရယ်ကြုံလာရင် စိတ်စွမ်းအားနဲ့ သုံးပြီးခေါ်ဖို့ Danny ကို Mr.Hallorann မှာခဲ့တယ် ။


Mr.Ullman

ဟိုတယ် အုပ်ချုပ်ရေးမှုး Mr.Ullman ကနောက်ဆုံးမှ 

ပြန်မယ့်သူဆိုတော့ ဆောင်းတွင်းကာလမှာ  ဟိုတယ်ကို သေချာထိန်းသိမ်း စောင့်ရှောက်ရမယ့် Jack တို့ကို  

သူ မပြန်ခင် အဓိက ထိန်းသိမ်းရမယ့် ဟိုတယ်ရဲ့ နေရာတွေကို လိုက်ပြတယ် ။ 


ဓါတ်လှေခါးနဲ့ တတိယထပ်ကိုလိုက်ပြတယ်။

Ullman က တတိယထပ်မှာ သမ္မတတွေလာရင် တည်းတဲ့ အခန်း၊ မွန်ရိုးတည်းသွားတဲ့အခန်း ၊ထိန်းသိမ်းရမယ့် နေရာ‌တွေကို လိုက်ပြတယ်။


အဲ့မှာ Danny တစ်ယောက်ပဲမြင်ရတဲ့ သွေးစီးကြောင်း နဲ့ တခြားမြင်လိုက်ရတဲ့ ခြောက်ခြားစရာတွေ၊ ဘာကြောင့်လဲ မပြောနိုင်ပေမယ့် ဒီအထပ်ကို Danny မနှစ်မြို့တာတော့အမှန်ပဲ ။


အဲ့ဒီနောက် ဒုတိယထပ်ကို ရောက်လာတယ် ။ 

အခန်းတွေအများကြီးရှိပြီး၊ အကွေ့အကောက်တွေများတဲ့ အထပ်၊ Danny ကို Mr. Hallorann သတိပေးထားတဲ့ အခန်း နံပါတ် 217 ရှေ့က ခပ်သွက်သွက်ဖြတ်လာခဲ့တယ်။


Jack တို့နေရာမယ့် အခန်းငယ်လေး၊ နောက် ဆုံး Ullman မပြန်ခင် Boiler ကို သေချာ ဂရုစိုက်ဖို့ မှာသွားတယ် ။


နောက်ဆုံးတော့ Hotel မှာ Jack, Wendy နဲ့ Danny ပဲ ကျန်ခဲ့တော့တယ် ။


ဆောင်းစဝင်စ အချိန်ကာလတွေမှာ တော့ Hotelမှာ Jackတို့မိသားစု နေရတာ သာသာယာယာပဲ ။ Danny အခြေအနေကို ပြဖို့အဲ့ပတ်ဝန်းကျင်က  ဆရာဝန်စီလည်းသွားတယ် ။ စာကြည့်တိုက်လည်း သွားကြသေးတယ် ။


နောက်ပိုင်းတော့ နှင်းမုန်တိုင်းတွေကျပြီး နှင်းတွေထူထပ်လာလို့ အချိန်အများစု ဟိုတယ်ထဲမှာပဲ နေရတယ်။


တနေ့ Jack တစ်ယောက် Boiler Room ကို အပူချိန်ထိန်းဖို့လာရင်း စက္ကူbox တွေထဲက overlook hotel အကြောင်းနဲ့ စဖွင့်စကာလတုန်းက သတင်းစာဖြတ်ပိုင်းတွေပါတဲ့ scrapbook ကိုတွေ့ပြီး ဖတ်လိုက်မိတယ်။ 


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑ဟိုတယ်တိုင်းမှာ သရဲရှိတာပဲလား... Scrapbook ဟာ ဘယ်သူ့ဟာမှန်း မသိပေမယ့် ဖတ်ရင်း စဖွင့်တဲ့အချိန်ကစပြီး ခေတ်အဆက်ဆက်၊OverLook Hotel မှာတည်းရင်း 

အသတ်ခံရတဲ့သူတွေ ၊အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားရတဲ့လူတွေ အများကြီးပါလား။


အမှောင့်ပယောဂတွေ များတဲ့ ဟိုတယ်တခုပေါ့။ 🛑


ဒီလို ဟိုတယ် မျိုးဟာ ပုံမှန် လူမျိုးတွေနေရင်တော့ ပြဿနာသိပ်မရှိပေမယ့်.... Danny လို  The Shining အစွမ်းမျိုးရှိတဲ့ လူမျိုးရောက်လာရင်တော့ ဟိုတယ်မှာ 

ရှိတဲ့ မကောင်းဆိုးဝါး ဓာတ်တွေဟာ ပို အစွမ်းရှိလာပြီး

ပိုပြီး ဆာလောင်လာတယ်။ 

 

အဓိက သွေးဆောင်ခံရသူကတော့ အရက်စွဲဖူးတဲ့Dannyရဲ့ အဖေ Jack ပေါ့။ 


Hotel ရှေ့ခြမ်းက ကစားကွင်းထဲမှာ ခြုံပုတ်ပင်တွေကို တိရစ္ဆာန်ပုံ ဖော်ထားတဲ့ Hedge Animals တွေရှိတယ်။ 


တ‌နေ့ နှင်းမုန်တိုင်းမကျခင် Wendy  နဲ့ Dannyက စာကြည့်တိုက်ကို သွားတယ်။ ရာသီဥတု သာယာတုန်း Jack ဟာ အဲ့ဒီ ရှည်လာတဲ့ ချုံပုတ်ပင်တွေကို ပုံသွင်းဖို့ ညှပ်နေ‌တုန်း  Hedge  Animals တွေဟာ အသက်ဝင်လာပြီး  Jack ကို အန္တရယ်ပြု တိုက်ခိုက်လာကြတယ်။


နောက်ပြီး Mr.Hallorann က Danny ကို ဘယ်လိုအကြောင်းနဲ့မှ မသွားနဲ့လို့ တားမြစ်ထားတဲ့ အခန်း 217 ရှေ့မှာ Danny စပ်စုချင်စိတ်နဲ့ ရစ်သီရစ်သီ လုပ်နေမိတယ်။ 


သော့က သူ့အိတ်ထဲမှာ ရှိတယ် ။ သူ့အဖေ အဲ့အခန်းသော့ကိုဘယ်နေရာထားသလဲဆိုတာ လဲ သူသိတယ် ။ ပထမတခါတော့ အခန်းထဲ မဝင်ဖြစ်ဘူး။


နောက်တခါ  သိချင်စိတ်ကို မထိန်းနိုင်၊ သူ့စိတ်ကိုတခုခုက နှိုးဆွနေတာဆိုတော့ မနေနိုင်ပဲ အခန်း 217 ကို ဝင်ကြည့်မိတယ် ။ 


အဲ့ဒီအခန်း 217  ရေချိုးခန်းလိုက်ကာနောက်ကွယ် ရေချိုးဇလုံထဲက အမျိုးသမီး၊သေတာတော့ကြာနေပြီ၊


ဖောင်းပွပြီး ခရမ်းရောင်သမ်နေပြီ၊ ဝမ်းဗိုက်ကလည်း ဖောရောင်နေတာပဲ၊ Dannyကို ကြည့်နေတဲ့ သူ့မျက်လုံးတွေဟာ ကျောက်စရစ်လုံးတွေလို ပြူးထွက်နေပြီး ခရမ်းရောင်နှုတ်ခမ်းတွေနဲ့ ပြုံးနေရာကနေ မဲ့သွားတယ်။ 


အေးစက်နေတဲ့ သူ့လက်တွေနဲ့ ရေချိုးကန်ထဲကနေ တဖြည်းဖြည်းထလာပြီး  Dannyဆီကို လှမ်းလာတယ်။ 


Danny အော်ပေမယ့် အသံထွက်မလာဘူး။  နောက် Danny ထွက်ပြေးတယ် ။


Jack တစ်ယောက်ဟာလည်း လူကောင်းကနေ တဖြည်းဖြည်း စိတ်ဖောက် လာတယ်။


Jack အိပ်မက်မက်တယ်။ တခါမှ မမက်ဖူးတဲ့ အိပ်မက်မျိုး၊ Jack အဖေ ဟာ အိပ်မက်ထဲမှာ မင်း အရက်ပြန်သောက် ၊ Danny နဲ့ Wendy ကို သတ်ရမယ် ဘာညာ ကယောင်ခြောက်ခြားအိပ်မက် မျိုးတွေ မက်လာတယ်။ 


217က အမျိုးသမီးကိုလည်း အိပ်မက်ဆိုး‌တွေ 

မက်တယ်။ ထင်ယောင်ထင်မှားတွေ ဖြစ်လာတယ် ။


တကယ့်အပြင် ဟိုတယ်ထဲမှာ ဘယ်သူမှ မရှိပဲ Hotel Ballroom က လူတွေ အများကြီးရှိတဲ့Mask တွေနဲ့ ပါတီပွဲကိုသွားနွှဲတာ။ ကောင်တာမှာအရက်မရှိပဲ အရက်သောက်နေရတာ။အရင်က ဟိုတယ် မှာ ဆောင်းတွင်းအစောင့်လုပ်ဖူးတဲ့  Delbert Grady နဲ့ စကားပြောတာ။   


တဖြည်းဖြည်းနဲ့ ဟိုတယ်မှာရှိနေတဲ့ မကောင်းဆိုးဝါး ဓာတ်တွေက Jack ကို စိတ်ဖောက်ပြန်အောင် သိမ်းသွင်းနေတယ် ။  


တဖြည်းဖြည်းနဲ့ Jack ဟာ Danny နဲ့ Wendy တို့ နဲ့ပတ်သတ်တဲ့ Jack မဟုတ်တော့ဘူး။  


မကောင်းဆိုးဝါးဓာတ်တွေ ရဲ့ ဆွဲဆောင်ရာကို ပါနေပြီး

စိတ်လွတ်နေတဲ့ Jack ဖြစ်နေပြီ ။


ည လယ်ခေါင် ထ လည်‌နေတဲ့ elevator.


Dogsuits နဲ့ လူ


အခန်း 217ကအမျိုးသမီး


Masks တွေနဲ့ Party


Presidential Room ဘက် က သွေးစီးကြောင်း၊


Overlook Hotel ကြီးဟာ  အသက်ဝင်လာနေပြီ။


Wendy က သား Danny ကို ဒီဟိုတယ်ကနေ ခေါ်ထုတ်သွားချင်နေပြီ။


နှင်းမုန်တိုင်းကလည်းကျနေတယ်။


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


အရင်တခါ Jack စိတ်ဖောက်တုန်းက ဆက်သွယ်လို့ရမယ့် ရေဒီယိုကို ဖျက်ဆီးပစ်လိုက်မိတယ်။


ဒီဟိုတယ်ကနေ ထွက်လို့ရမယ့် နည်းလမ်းကို စဉ်းစားတယ် ။ ဟိုတယ်မှာ ရှိတဲ့ နှင်းတောထဲ မောင်းတဲ့ Snow Mobile နဲ့ရော..


Snow Mobile က အဓိက အစိတ်အပိုင်းလေးကိုလည်း Jackဟာ ပြင်နေရင်း ဟိုတယ်က မကောင်ဆိုးဝါး‌တွေ သိမ်းသွင်းရာနောက်ပါပြီး Jackဟာ အဲ့အစိတ်အပိုင်းလေးကို အဝေးကို လွှတ်ပစ်လိုက်တယ်။

 

အဲ့ဒါကို Danny ကသိတယ်။ သူ့အဖေ ပုံမမှန်တော့တာလည်း သိတယ် ။ သူတို့ကို သတ်တော့မယ်ဆိုတာလည်း သိတယ် ။

🛑 R E D R U M 🛑 (R E D R U M ကို ပြောင်းပြန်

ပြန်ဖတ်ကြည့်ပါ ) ။


ဒီဟိုတယ်က မကောင်းဆိုးဝါးတွေက သူတို့ကို လွယ်လွယ်နဲ့ ထွက်ခွာခွင့် မပေးဘူးဆိုတာလည်း သိတယ်။


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


Overlook က Ghosts တွေက Danny ကို လိုချင်တယ်၊ 


Wendy  နဲ့. Danny က မီးဖိုဆောင်ထဲက သိုလှောင်ခန်းထဲမှာ စိတ်ဖောက်လာတဲ့ Jack ကို ပိတ်ထားတဲ့အချိန် 


Ghosts ဖြစ်နေပြီနေတဲ့ အရင်က Hotel Care Taker ဟောင်း  Grady က Jackကို ....

သူတို့( Overlook က ghosts တွေ)Dannyကို လိုချင်ကြောင်း၊ 


Jack ရဲ့ မိန်းမ Wendy ဟာ ထင်ထားတက်ပိုသန်မာကြောင်း၊ဒါပေမယ့် သူတို့အတွက် အသုံးမဝင်ဘူး၊ 


Wendy ကို သတ်ပြီး Dannyကိုသူတို့ဆီ ခေါ်ခဲ့ဖို့၊ 


Jack ကို Danny တို့ သားအမိ ပိတ် လှောင်ထားတဲ့ တံခါးကို Ghost ဖြစ်တဲ့ Grady က ဖွင့်ပေးလိုက်တယ်။


Danny ဟာလည်း အ‌စောပိုင်းကတည်းက စိတ်စွမ်းအားနဲ့ Florida ကMr.Hallorann ကို လှမ်းအကူအညီတောင်းနေပြီ။ သူတိူ့သားအမိဆီ လာကူညီပေးဖို့ပေါ့။

 

ခဏခဏ Mr.Hallorann ရဲ့ အတွေးဆီကို စိတ်စွမ်းအားနဲ့ မက်ဆေ့ခ်ျ လှမ်းပို့တယ် ။


တဖက်မှာလည်း Mr.Hallorann က Danny ကို ကယ်ဖို့ Floridaကနေ အဆင့်ဆင့်လာပြီး နှင်းမုန်တိုင်းကျပြီး နှင်းထူထပ် လမ်းပိတ်နေတဲ့ OverLook Hotel ကိုရောက်အောင် ခက်ခက်ခဲခဲလာနေရတယ် ။ 


လမ်းမှာလည်း သူ့ကို overlook hotel ကို မလာဖို့၊ လှည့်ပြန်ဖို့ over Look hotel က Ghosts တွေက သူ့ မှတ်ညဏ်ထဲကို အတင်းသွင်းနေတယ် ။


ရောက်ခါနီးမှာပဲ သူစီးလာတဲ့ Snowmobile ကို ဟိုတယ်က အသက်ဝင်နေတဲ့ ခြုံပုံပင် Hedge Lion က ဝင်တိုက်တယ် ။


Overlook hotel အတွင်းထဲမှာလည်း Jack က overlook hotel က Ghosts တွေရဲ့ လှည့်စားမှု့ကြောင့် စိတ် ထင်ယောင်ထင်မှားတွေ ဖြစ်ပြီး၊

သူ့မိန်းမကို လိုက်သတ်နေပြီ ။ 

Wendy လည်း တော်တော် ထိသွားတယ်။


🛑Spoiler Alert...🛑


🛑Spoiler Ahead 🛑


🛑Mr.Hallorann က Wendy နဲ့ Dannyကို ကယ်လိုက်နိုင်တယ်။  Danny တစ်ယောက်ပဲ ကြီးကြီးမားမား အန္တရယ်မဖြစ်ခဲ့တာ ။ Jack နဲ့  ဟိုတယ်ကမကောင်းဆိုးဝါးတချို့ ကတော့ Boiler ပေါက်ကွဲတဲ့အထဲ ပါသွားတယ်။ 🛑


Colorado ကအကောင်းဆုံး အပန်းဖြေ ဟိုတယ်တွေ ထဲမှာ ပါတဲ့ The Overlook Hotel ဟာ နောက်ဆုံးမှာ မီးလောင်ပျက်ဆီးခဲ့တယ် ။ စုံစမ်းစစ်ဆေးရေး ‌တွေအပြီးမှာတော့ ဟော်တယ်တခုလုံးကို အပူပေးတဲ့ ဘွိုင်လာချွတ်ယွင်းမှူ့ကြောင့်လို့ ဆုံးဖြတ်ခဲ့ကြတယ်။


Jack ကိုတော့Boiler ထိန်းသိမ်းရင်း ပေါက်ကွဲတဲ့အထဲပါသွားလို့ သူရဲကောင်းဆန်တဲ့သူလို့ သတ်မှတ်လိုက်တယ်ပေါ့။ Wendy နဲ့ Danny ဟာ ဟိုတယ် အဖွဲ့အစည်းကနေ အများကြီး မဟုတ်ပေမယ့် နစ်နာကြေး ရခဲ့တယ်။ 


Danny က အခု အသက်8နှစ်ရှိသွားပြီ။အသက် 5နှစ်ကျော် 6နှစ်မှာ Overlook Hotel မှာ ဖြစ်ပျကိခဲ့တဲ့ကိစ္စတွေ ဟာ သူ့အပေါ်မှာမပြီးပြတ်သေးဘူးဆိုတာ သိတယ် ။ အဲ့ဒီက အငြိုးကြီးပြီး လက်စားချေလိုတဲ့ တချို့ ဝိညာဉ်တွေဟာ အခု သူနေတဲ့ Florida က အိမ်ထိတောင် လိုက်လာ တယ်ဆိုတာ Danny တစ်ယောက် သိနေဆဲ‌...


အဆက်ကတော့ The Shining(1977) ထွက်အပြီး

36နှစ်အကြာမှ ထပ်ထွက်လာတဲ့ စာအုပ် Doctor Sleep (2013)Danny ကြီးလာတဲ့အချိန် ဇာတ်လမ်း...


စာအုပ်ထဲမှာတော့ အသေးစိတ် အများကြီး ပိုပြီးစုံတယ်။

အခုက ရသလောက်ပဲ အကျဉ်းပဲရေးလိုက်ရတယ်။


🛑Stephen King (ဦးကင်း)  ရဲ့ ဝတ္ထု တိုင်းမှာ character တဦးစီ၊အ‌ခြေအနေတခုစီကို သေချာ အသေးစိပ် ရှင်းပြ၊ ရေးပြတာ ကို တွေ့ရတယ် ။ 


ဒီအထဲမှာဆိုလည်း အတွေးကအစ အသေးစိတ်၊ အရှည်ကြီးရေးတက်တယ်။ အဲ့ဒါကို သေချာမဖတ်နိုင်ရင်တော့ လိုရင်းမရောက် ပေရှည်နေသလို ခံစားရလိမ့်မယ် ။🛑 


🛑📒စာအုပ် VS 🎬ရုပ်ရှင် ကွာခြားမှု့  🛑 

စာအုပ်ထဲက ဟာနဲ့ နည်းနည်း ပဲ တူတယ်။


The Shining က 1980 ထွက်တဲ့ movie version နဲ့

1997 ထွက်တဲ့ mini tv series တခုလည်းရှိတယ်။


1997 ထွက်တဲ့ mini tv seriesက The Shiningက သရုပ်ဆောင်တွေ သိပ်မကောင်းပေမယ့် စာအုပ်နဲ့ တော်တော်များများ နီးစပ်တယ်လို့  ပြောကြတယ်။


Director Stanley Kubrick ရိုက်တဲ့ The Shining movie က 1980 တုန်းက ထွက်ထားတယ်။အဲ့ဒါကိုပဲ ဒီမှာ အများစု သိကြတယ်။ 


Stephen King ကိုယ်တိုင်လည်း မကြိုက်ဖူးလို့ ပြောကြတယ်။တကယ်လည်း  စာအုပ်နဲ့ နည်းနည်းပဲ တူတာကိုး။ အများကြီး ကွာခြားချက်ရှိတယ်။


ဒီမှာ လူသိများတဲ့ 1980 ထွက် The Shining movie နဲ့ စာအုပ်နဲ့ ယှဥ်ရင်

 

Character ကအစ တခွားစီ  ပါပဲ။


📕စာအုပ်ထဲမှာပါတဲ့ သရဲခြောက်တဲ့ 

    အခန်း နံပါတ်က 217


🎬1980movie ထဲမှာ ပါတဲ့ အခန်း နံပါတ်က 237


📕စာအုပ်ထဲက  Jack က ပညာတက်ပိုဆန်တယ်၊ သားကို အရမ်းချစ်ပြီး အရက်စွဲနေတာကနေ မိသားစုအတွက် ပြုပြင်ပြောင်းလဲမယ့် Jack ပေါ့ ။


🎬Movie ထဲက Jack က အရက်သမားpsychoသမားဆန်ဆန်၊


📕စာအုပ်ထဲက  Wendy Character က သတိကြီးတယ်၊  သား  Danny  ကို  ကာကွယ်လိုစိတ်ကြီးတဲ့ 

အမျိုးသမီးတစ်ယောက် ၊


🎬ဇာတ်ကားထဲကလို ကြောက်ပြီး အူကြောင်ကြောင်မဟုတ်ဘူး။


လူသတ်လက်နက်ကော မတူ၊ 


📕စာအုပ်ထဲမှာကအသက်ဝင်နေတဲ့ HedgeAnimalsတွေ


🎬ဇာတ်ကားထဲမှာက ဝင်္ကပါနဲ့ အစားထိုးထားတယ်။ 


နောက်ဆုံး  Jack သေတဲ့ ပုံစံကအစမတူဘူး။


📕စာအုပ်ထဲမှာ Boilerကြောင့် Hotelကြီး ပေါက်ကွဲပြီးJackသေသွားတယ်။


🎬ဇာတ်ကားထဲမှာ Danny ကို ဝင်္ကာပါထဲမှာ လိုက်သတ်ရင်း အေးခဲပြီး သေသွားတယ်။


📕စာအုပ်ထဲမှာ အဓိကထပ်ပါတဲ့ Mr Hallorann က 

မသေဖူး ။ မသေတဲ့အပြင် Danny တို့ သားအမိကိုပါ ကယ်ထုတ်သွားတယ်။ Mr Hallorannဟာနောက်အဆက်Doctor Sleep ဝတ္ထုထဲမှာ ပါဦးမှာမို့

သေလို့မရသေးဘူး ။


🎬ဇာတ်ကားထဲမှာတော့ Mr Hallorann ဟာ Jack 

ပုဆိန်နဲ့ပေါက်လို့ သေသွားရတယ်။


📕နောက် စာအုပ်ထဲမှာက အရင်ဟိုတယ် အစောင့်ဖြစ်ခဲ့ဖူးတဲ့ Delbert Gradyရဲ့ သမီးနှစ်ယောက် ဆိုတာပဲ ပါတယ်။ Danny ကို ကိုယ်ယောင်လာပြတာတွေ မပါဘူး။


🎬ဇာတ်ကားထဲမှာတော့ ဂါဝန်နဲ့ အမွှာနှစ်ယောက်  ပါတယ်။


Movie ဟာ ဒီအတိုင်း  သူ့ချည်း သီးသန့် ကြည့်ရင်တော့ ကောင်းပါတယ်။ တိတ်ဆိတ်နေတဲ့အချိန် အသံမြှင့်ကြည့်ရင် ရင်ထိတ် စရာပေါ့ ။ စာအုပ်ထဲက ဇာတ်လမ်းနဲ့ နည်းနည်းပဲဆင်တယ်။


အဲ့ဒါကြောင့် Stephen Kingရဲ့ The Shining စာအုပ်ကို ကြိုက်သူတွေက Director Stanley Kubrick ဟာ  The Shining ဝတ္ထုကို ဖျက်ဆီးတဲ့သူလို့ ပြောကြတာ ။ 😆


စာအုပ်ထဲမှာက ပိုအသေးစိတ်ပြီး ရင်ထိတ် ခြောက်ခြားစရာတွေ အများကြီးပါတယ်။ 


The Shining  (1980) mmsub link


https://m.facebook.com/events/2570744389906908?view=permalink&id=2570745456573468


The Shining 1997 Trailer

https://m.youtube.com/watch?v=VKyUn6NRKNo


ဒီလောက်နဲ့ပြီးပါပြီ။ 


#The_Shining #stephenking 

Book Summary by  BookishInFictionLand

Dec 2.2020


https://m.facebook.com/story.php?story_fbid=195904962083886&id=100049931507742

No comments: