🎸🎙️Dreamland by Nicholas Sparks
🎸🎙️Publication Date- 20 Sep 2022
📕 Romance
Net Galley ကနေ စာအုပ် မထွက်ခင် ကြိုရထား တဲ့ ARC စာအုပ်လေးပါ ။
စာအုပ်ထဲမှာ ဇာတ်ကောင် နှစ်ယောက် ရဲ့ POV ကနေ တလှည့်စီ ရေးထားတာ တွေ့ရပါမယ် ။
တခုက ဂီတကို ရူးသွပ်တဲ့ ၂၅ နှစ်အရွယ် Colby ဆိုတဲ့ ကောင်လေး ရဲ့ ဘဝ ၊ အချစ်ဇာတ်လမ်း ။
နောက် ဇာတ်ကောင် တခုက နှိပ်စက်တဲ့ ယောကျာ်း ဆီကနေ သားဖြစ်သူ Tommie နဲ့ အတူ ထွက်ပြေးလာ တဲ့Bervely ဆိုတဲ့အမျိုးသမီး ၊ ယောကျာ်းဖြစ်သူက Homeland Security လို အဖွဲ့အစည်းကြီးမှာ အလုပ်လုပ်တဲ့သူ ။ ("Safe Heaven "ထဲက ဇာတ်ကောင်နဲ့ တောင် ဆင်သေးတယ်၊ မီးဖိုခန်းထဲ အဝါရောင် သုတ်ချင်တာလည်း တူတယ် )
🎸🎙️🐓🐂🐖🐔🎸🎙️🐓🐂🐖🐔🎸🎙️
Colby , Bervely မတူညီတဲ့ ဇာတ်ကောင်နှစ်ခုဟာ နောက်ဆုံးမှာ ဘယ်လို ချိတ်ဆက်သွားမလဲဆိုတာ တွေ့ရပါမယ် ။
🎸🎙️🐖🐂🐓ဇာတ်လမ်းအကျဉ်း 🎸🎙️🐖🐂🐓
Colby တို့ မောင်နှမ ဟာ ငယ်စဉ်က Washington D.C, မဟုတ်တဲ့ Eastern North Carolina , Pamlico မြစ်ကမ်းဘေးက လူဦးရေနည်းတဲ့ Washington ဆိုတဲ့ မြို့ငယ်လေးမှာ မိခင်ဖြစ်သူနဲ့ အတူနေကြတယ် ။
colby တစ်ယောက် ဖခင်ဖြစ်သူဟာ ဘယ်သူမှန်းတောင် မသိခဲ့ရရှာဘူး ။ အမ ဖြစ်သူ Paige က Colby ထက် ၆နှစ်ကြီးတယ် ။
သူတို့နေတဲ့ မွေးမြူရေး၊စိုက်ပျိုးရေး လုပ်ကြတဲ့ တောကျကျ မြို့ငယ်လေးမှာ Piggly Wiggly ဆိုတဲ့ နာမည်မျိုးနဲ့ စူပါမားကတ်လည်း ရှိပါ့ ။
Colby အသက်၅နှစ် အရွယ်မှာပဲ မိခင်ဖြစ်သူက ဆုံးပါး သွားပြန်တယ် ။ Colby တို့မောင်နှမကို အဒေါ်ဖြစ်သူ (colbyအမေရဲ့ အမကြီး)လင်မယားရဲ့ စောင့်ရှောက်မှု့ အောက်မှာ ထားဖို့ ဆုံးဖြတ်လိုက်ကြတယ် ။
အဒေါ်လင်မယား မှာ ကလေးမရှိဘူး ၊ သူတို့ဟာ စိုက်ပျိုးမွေးမြူရေး လုပ်ကြတယ်။ ပိတ်ရက်မရှိ အလုပ် လုပ်ကြရတော့ Colbyတို့မောင်နှမကို ကျောင်းအခမ်းနား တွေ၊ မွေးနေ့ပွဲတွေလိုက်ပို့ဖို့တောင် အချိန်မပေးနိုင်ကြဘူး။
Colby ဟာ အမဖြစ်သူ Paige ကို အားကိုးတယ် ။ အမဖြစ်သူ Paigeဟာလည်း ပန်းချီဝါသနာပါပြီး မီးအိမ် တို့ အလှဖန်ခွက်တွေမှာ ပန်းချီဆွဲရင်း အွန်လိုင်းကနေ ရောင်းပြီး ပိုက်ဆံရှာတယ် ။
Colby တို့မောင်နှမဟာ အဒေါ်လင်မယားနဲ့ ညစာအတူ စားကြတယ်။ ဦးလေးဖြစ်သူကတော့ တပတ်မှာ ၂ခါ လောက် ညဘက် အိမ်ရှေ့ ဆင်ဝင်အောက်မှာ ဂစ်တာ တီးလေ့ရှိတယ် ။
အဲ့ဒီအချိန်မှာ Colby အသက်၈နှစ်ဝန်းကျင်လောက် တော့ရှိပြီ ။ ဦးလေး ဂစ်တာ တီးနေတာကို စိတ်ဝင်စား ဟန်ပြတော့ ဦးလေးဖြစ်သူကလည်း Colby ကို စိတ်ရှည် လက်ရှည် ဂစ်တာ တီး သင်ပေးရှာတယ်။
အဲ့ဒီအချိန် Colby တစ်ယောက် ဂီတဟာ သူ့ရဲ့ စွဲလမ်းမှု့ ဝါသနာဆိုတာ သိလိုက်ပြီ ။
ဦးလေး နဲ့ အဒေါ်ကလည်း Colby အတွက် ဂစ်တာတွေ ဝယ်ပေးတယ်။ Colby ကလည်း မွေးမြူရေးခြံထဲက အလုပ်တွေလည်း လုပ်၊ ရေဒီယိုက လာတဲ့ သီချင်းတွေ နားထောင်ပြီးတော့ အဆိုရော အတီးပါ လေ့ကျင့် ယူ တယ် ။
အဲ့နောက်မှာ အမဖြစ်သူက အိမ်ထောင်ပြုပြီး သူတို့ဆီ မှာ မနေတော့ဘူး ။ အဒေါ်လင်မယားကလည်း အလုပ် အရမ်းလုပ်၊ အမဖြစ်သူကလည်း အိမ်ထောင်ပြု ခွဲထွက် သွားတဲ့အပြင်၊ သူကလည်း ကျောင်းမှာ အဆင့်တွေကျ တော့ အနားမှာအားပေးသူမရှိ၊ စိတ်တွေလေ ၊ ဆယ်ကျော်သက်အရွယ် colby ဟာ အချိန်အနည်းငယ် လူပါလေလွင့်သွားခဲ့သေးတယ် ။
မြို့ထဲက အသက်၂၀ကျော် အရွယ်တွေ ဖွဲ့စည်းထားတဲ့ လူငယ် ဂီတအဖွဲ့မှာ ဂစ်တာတီးတက်တဲ့သူ လိုတယ် ဆိုလို့ Colby တစ်ယောက် ဝင်ပြိုင်ရင်း အရွေးခံရတဲ့ အထဲပါသွားတယ် ။ အဲ့အချိန် Colby ၁၅နှစ်ပဲရှိသေး တယ်။ အဲ့အဖွဲ့ကလည်း ကြာကြာမခံပါဘူး။ နောက်တော့ ပြိုကွဲသွားကြပြန်တယ် ။
တနေ့တော့ Colby ဦးလေး နှလုံးဖောက်ပြီး ဆုံးသွား တယ်။ မွေးမြူရေးလုပ်ငန်းကလည်း အရှုံးပေါ်နေ တော့ Colby တို့ မနည်းရုန်းကန်ရတယ် ။
နောက်တော့ Colbyအမ Paige လည်း အိမ်ထောင်ကွဲ သွားပြီး Colby ရယ်၊အမဖြစ်သူရယ် ၊အဒေါ်ဖြစ်သူနဲ့ အတူနေကြတယ် ။ Colby ကတော့ သူ့အမ သူ့ အနား ပြန်ရောက်လာလို့ ပျော်နေတယ် ။
နောက်တော့ Colby တို့ မောင်နှမနဲ့ အဒေါ်ဖြစ်သူတို့ဟာ သူ့ဦးလေး လုပ်ချင်ခဲ့တဲ့ ဆန္ဒအတိုင်း Organic Farm တွေ ကြိုးစား လုပ်တယ် ။
🎸🎙️❤️👩🏻❤️👨🏻 🎸🎙️️🏖️ 👩🏻❤️👨🏻
တနေ့တော့ "ဖလော်ရီဒါ" ပြည်နယ် ကမ်းခြေတခုက ပွဲတပွဲမှာ Colbyသီချင်းသွားဆိုရင်း ဖိလစ်ပိုင်၊အမေရိကန် ကပြားမလေး Morganနဲ့ ဆုံတယ်။
၂၁ နှစ်အရွယ် Morgan က သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ခရီးထွက်လာတာ ။ မိဘတွေက ဆရာဝန် ၊ချမ်းသာပြည့်စုံ၊ Morganတို့တွေဟာလည်း TikTok တို့၊ Instagram တို့မှာ follower သန်းချီ ရှိတယ် ။
သူတို့ဟာ အကတွေလည်း ကတယ် ။ ဆိုရှယ်မီဒီယာမှာ ပေါ်ပြူလာဖြစ်တဲ့ အချောအလှလေးတွေပေါ့။Morgan ကတော့ ဂီတကို ဝါသနာပါတယ်။ သီချင်းရေးချင်တယ်၊ ဆိုချင်တယ် ။
ကမ်းခြေ က ရှိုးပွဲကြီးမှာ သီချင်းလာဆိုတဲ့ Colby နဲ့
အလည်လာတဲ့ Morgan တို့ ဆုံမိပြီး ခင်သွားကြတယ်။ နောက် အတူအပြန်အလှန် ရင်းနှီးမှု့ယူရင်း နှစ်ယောက် အတူတူ သီချင်း တပုဒ် ဖန်တီးဖြစ်သွားကြတယ် ။
👩🏻❤️👨🏻🎸🎙️👩🏻❤️👨🏻🎙️🎸👩🏻❤️👨🏻🎸🎙️👩🏻❤️👨🏻🎸🎙️👩🏻❤️👨🏻🎸🎙️👩🏻❤️👨🏻
စာအုပ်ရဲ့ 60% ကျော် လောက်မှာ စောင် ကိုက်ပြီး ဖတ်ချင်ဖတ်၊ ဒါမှမဟုတ်လည်း ကိုက်ချင်တာကိုက်ပြီး ဖတ်လို့ရမယ့် ရို့မန့်စ် ပါးပါးလေး ပါမယ် ။
ယောကျာ်း ဆီကနေ ထွက်ပြေးလာတဲ့ Bervely ဆိုတဲ့ အမျိုးသမီးရဲ့ အခန်းဟာလည်း ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖို့ ကောင်းတယ် ။ အတွေးတွေ အသေးစိပ် ပါလွန်းတော့ အစကတော့ ဘာလို့ အဲ့လောက် အသေးစိပ်ရေးထားပါလိမ့် တွေးမိတယ်။
စာအုပ်ရဲ့80% ကျော်လောက်မှာ ထင်မထားတဲ့ Twist လေးတခု ချပြရင် Bervely ဘယ်သူဆိုတာ ၊ သိမှာ ဖြစ်တဲ့အတွက် ဒီအညွှန်းထဲမှာ Bervely အကြောင်း အများကြီး ထည့်မရေးတော့ပါဘူး ။ သူ့ဘဝဟာ တကယ် သနားဖို့ကောင်းပါတယ်။
တဖက်မှာလည်း Colby နဲ့ Morgan "ရိုမန့်တစ်" တွေ ဆန်နေကြတုန်း Colby တစ်ယောက် အကြောင်းတခု ကြောင့် ကမ်းခြေကနေ အိမ်ကိုပြန်ရမယ့် အခြေအနေ ပေါ်လာတယ် ။
Morganကတော့ အစစအရာရာပြည့်စုံတဲ့ မိန်းကလေး ။ ဖြစ်ချင်တဲ့ ဂီတအိမ်မက်တွေကို အတူအကောင်အထည် ဖော်ကြဖို့ Colby ကို သူနဲ့အတူ Nashville ကို လိုက်စေ ချင်တယ် ။
Colby က ဂီတကို ရူးသွပ်ပေမယ့် ပြောရရင်တော့ ဘဝသမား၊ အဒေါ်နဲ့ အမကို ပြန်ငဲ့ရမယ့် အခြေအနေ တွေ ၊ ထားခဲ့လို့ မဖြစ်တဲ့ အခြေအနေတွေရှိတယ် ။
👩🏻❤️👨🏻🎸🎙️👩🏻❤️👨🏻🎙️🎸👩🏻❤️👨🏻🎸🎙️👩🏻❤️👨🏻🎸🎙️👩🏻❤️👨🏻🎸🎙️👩🏻❤️👨🏻
မတူညီတဲ့ ဘဝ အခြေအနေနှစ်ခုက ဂီတကို ရူးသွပ် ကြတဲ့ လူငယ်ချစ်သူ နှစ်ဦး ဖြစ်ချင်တဲ့ ဂီတ အိမ်မက် တွေ ကို အကောင်အထည်ဖော်ခွင့် ရနိုင်ကြမလား ။
ဘဝအခြေအနေ မတူညီတဲ့ ချစ်သူ နှစ်ဦး နောက်ဆုံးမှာ နီးစပ်ခွင့်ရမလား ဆိုတာကတော့ ...
စာအုပ် ထွက်ရင် ဖတ်ကြည့်ပါ ။
My...POV... 🖊️🖊️🖊️
ဖတ်နေရင်း ကိုယ် တခု တွေးမိတာက ဒီစာအုပ်ဟာ movie ရိုက်ရင် တော်တော်လှမယ့် ဇာတ်လမ်းမျိုးပါ ။
ဂီတပွဲ ၊ ချစ်သူနှစ်ဦး ၊ကမ်းခြေအလှနဲ့အတူ တခြား သဘောဝ ရှု့ခင်း အလှတွေ ပါတယ် ။
Colby နဲ့Morgan ရဲ့ အချစ်ကတော့ စိတ်ကူးယဉ် ဆန်တယ်လို့ ခံစားရတယ် ။ Colby တို့ မွေးမြူရေး၊စိုက်ပျိုးရေးလုပ်တဲ့ အချက်တွေကို တချို့နေရာတွေ မှာ မလိုအပ်ပဲ ရေးပြထားတာတွေက သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းလှဘူး ။
Bervely ဇာတ်ကောင် အခင်းအကျင်း ရေးထားတာနဲ့ နောက်ဆုံး အချိတ်အဆက်လေးကတော့ မဆိုးဘူး၊ကောင်းတယ် ။
Colby နဲ့ Morgan တို့ အချစ်ဇာတ်လမ်း ၊ Morgan ဇာတ်ကောင် နဲ့ ဇာတ်သိမ်း က သဘာဝမဆန်ဘူး။ ရုပ်ရှင်ဆန်တယ် ။
ဒီစာအုပ်ကို ဘယ်သူတွေကြိုက်နိုင်လဲဆိုရင်၊
ဂီတ ကို ရူးသွပ်ပြီး
👩❤️👨"စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်းမျိုး " 👩❤️👨 ဖတ်ချင်တဲ့ ငယ်တဲ့သူတွေ ကြိုက်မှာ သေချာပါတယ်။
ဇာတ်လမ်းက သူ့ဟာသူတော့ ကောင်းတယ် ။
ဒါပေမယ့် သဘာဝ မဆန်တဲ့ အချစ်ဇာတ်လမ်းမျိုး ဖြစ်တဲ့အတွက် ကိုယ့်အကြိုက်ထဲတော့ မပါ ပါဘူး ။
Thank you so much to Random House publishing & #NetGalley for the chance to early read #Dreamland by Nicholas Sparks.
Book Review by BookishInFictionLand
14 Aug 2022
No comments:
Post a Comment