Wednesday, April 30, 2014

သမိုင်းစာအုပ်​ Download link များ ( On Air facebook page )

Credit to - On Air စာ​ပေ facebook page

(၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?z9ypq726494lac2

(၂)အ လောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည် (ဒေါက်တာ တိုးလှ)
http://www.mediafire.com/?jx2oxf72ilt5a8k

(၃)ကုန်းဘောင် ရှာပုံတော် (ညိုမြ)
http://www.mediafire.com/?idhxn8fo547u79d

(၄)အောင် ဆန်းသူရိယ ဗိုလ်တိုက်ချွန်း (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?ht3gdri35qjcolc

(၅)အိုဘယ့်အနော်ရထာ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?8uzaxzzzzdt9dyf

(၆)၁၉၄၅ မြန်မာနိုင်​ငံ ဖက်ဆစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?1y75jvx7jcb9c63

(၇)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၁ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?2y0baijuh4lwwhl

(၈)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၂ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?41cyj328ij0mrnz

(၉)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၃ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?aagkbtzijt0woxf

(၁၀)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၄ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?5wjjc614w9a48z5

(၁၁)သံလွင်မြစ်ကမ်းတိုက်ပွဲ (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?4r06dy1l62o6l08

(၁၂) ဗိုလ်ချုပ်အောင် ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?clqr7837agtc42r

(၁၃)နေဝင် ဘုရင် များ (ကျော်အောင်)
http://www.mediafire.com/?j7em79774th5pbp

(၂၄)အို ဂျေရုဆလမ် (ကျော်အောင်)
http://www.mediafire.com/?9w964qgos05veef

(၁၅)အမြဲသတိထားရမည့် အိမ်နီးချင်း (ကျော်ထင်နော်ရထာ)
http://www.mediafire.com/?441z3s3g8copbw1

(၁၆)ကင်းဝန်မင်းကြီးပြင်သစ်နိုင်ငံသွားနေ့စဉ်မှတ်စာတမ်း
http://www.mediafire.com/?3aa1934tbwuk9d3

(၁၇)ပန်ထွာဘုရင်မ (စိမ့်-ပညာရေး)
http://www.mediafire.com/?jbyj8tz8fisfu3q

(၁၈)ရှေးမြန်မာမင်းများလက်ထက်ထောက်လှမ်းရေး (ဗိုလ်မှူးကြီးစန်းပွင့်)
http://www.mediafire.com/?cv9hmdu0323e2c4

ု(၁၉)မြန်မာစာပေပညာရှင် တွင်းသင်းမင်းကြီး (မင်းသုဝဏ်)
http://www.mediafire.com/?no1vhafb29149am

(၂၀)လင်းယုန်သစ်လွင်-သေမင်းတမန် ရထားလမ်းကိုယ်တွေ့ချွေးတပ်မှတ်တမ်း
http://www.mediafire.com/?g70t623g2r8gzio

(၂၁) သမိုင်းထဲကမန္တလေး၊ မန္တလေးထဲကသမိုင်း
http://www.mediafire.com/?4f8oqlj9sb32td2
or
https://docs.google.com/leaf?id=0B_tDQldqWQvgZmVlMDg5YmEtOWVlYS00MjJiLTk0OTctYTE5MTkwMzcxNmVk&hl=en

(၂၂) ဧကရီဖွားစော
http://www.mediafire.com/?f0mzg9mlxdr3uyb
or
https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0B_tDQldqWQvgNzRlMzU1NmUtNDFkNi00YjhlLWE2OWItNzViYTE5NjcwNDc0&hl=en

(၂၃) ပန်းသာမစာဥ (သခင်​ဘ သောင်း)
http://www.mediafire.com/?hp5995cwhc39h3d

(၂၄)ကျော်စွာ ၁၀၀ (ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?j6sc2f5gkfd1rgd

(၂၅)မြန်မာ့သမိုင်းမြေပုံများ (ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?0uo43g58qmdruvv
or
https://docs.google.com/file/d/0B5MWMa_nIbQOeXFkV0psbzdUdnc/edit

(၂၆)၀ိတိုရိယနဲ့အယ်လဗတ်ပြတိုက်မှာရှိတဲ့မြန်မာအနုပညာလက်ရာပစ္စည်း (ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?xj9vfb33w1r3y08
or
https://docs.google.com/file/d/0B5MWMa_nIbQOdHI0YWN4QVh2VDQ/e

(၂၇)ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင် မှတ်တမ်း (ချစ်စိန်လွင်)
http://www.mediafire.com/?jtewp5s117iz0oy

(၂၈)နယ်လှည့်ရာဇ၀င်(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?dd4aes1m186ard9

(၂၉)ဒေါက်တာသန်းထွန်းစာတမ်းများ(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?wbhwayc1bm7xc9q

(၃၀)မြန်မာဆိုတာ(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?5o78q84rebldj4q

(၃၁)ငါပြောချင်သမျှ ငါ့အကြောင်း(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?5yrmiyvbpm6yzmb

(၃၂)မြန်မာ့သမိုင်းမြေပုံများ(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?fh3os6f4iwn7t46

(၃၃)သမိုင်းနှင့်စကားပြောခြင်း(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?rdmyku44i5udky1

(၃၄)The Royal Orders of Burma A.D. 1598-1885
PART FOUR, A.D. 1782-1787 (Part IV) (တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၄)(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?0imlhrc6xfppih6

(၃၅)The Royal Orders of Burma 1598-1885
PART THREE, A.D. 1751-1781(Part III)(တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၃)(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?ucug2l03l1u4mcc

(၃၆)THE ROYAL ORDERS OF BURMA, A.D. 1598-1885
PART TWO, A.D. 1649-1750 (Part II)(တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၂)(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?5zy9vs59ar4xjfb

(၃၇)THE ROYAL ORDERS OF BURMA, A.D.1598-1885
PART ONE , A.D.1598-1648 (Part I)(တော်ဝင်အမိန့်ပြန်တမ်းများ-အတွဲ ၁)(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?u566m1yau39o5hg

(၃၈)တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲနှင့်မင်းလှခံတပ် (သုတေသနစာတမ်း)
http://www.mediafire.com/?5f4t9lmae81h82yu84g8j4m1u1sp6ta

(၃၉)နှစ်ပေါင်း ၂၀၀ မြန်မာ့ဆေးပညာ-(သုတေသနစာတမ်း)
http://www.mediafire.com/?2vlf7n68uruozdt

(၄၀)သီပေါမင်း ပါတော်မူ အရေးတော်ပုံ (ဦးဖိုးကျား)
http://www.mediafire.com/?ixcuxvucrl71rw6

(၄၁)ခေတ်မီမြန်မာရာဇ၀င်အကျဉ်း (ဦးဖိုးကျား)
http://www.mediafire.com/?97mrh7zjqri3do0

(၄၂)မနုမဟာသခင်ကြီး၏ လှို့ဝှက်မှတ်တမ်း (ဘုန်းပြည့်တေဇာ)
http://www.mediafire.com/?easlot6fkfiz2r1

(၄၃) မြန်မာမြို့ ဟောင်းတကောင်းရုပ်ပုံလွှာ (ချစ်စံဝင်း)
http://www.mediafire.com/?doqv959794g3btq
or
https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0B_tDQldqWQvgMDFhNjdlNzAtYTQzZS00MzNmLWFlMDEtYmU4YjI5YWU5NzEx&hl=en

(၄၄) မြန်မာအစ အ ထောက်အထားလေ့လာချက်စာတမ်း(ချစ်စံဝင်း)
http://www.mediafire.com/?57221me1wb0bmy3
or
https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0B_tDQldqWQvgOGM1MDBkY2EtNGIzYi00NjAyLWEwYzEtOTg3ZWMwNzNmMzgz&hl=en

(၄၅) ဓမ္မစေတီခေါင်းလောင်းကြီး၏လျှို့ဝှက်ချက်များ(ချစ်စံဝင်း)
http://www.mediafire.com/?1bxzq91rcfkjzv2
or
https://docs.google.com/leaf?id=0B_tDQldqWQvgYmRiYzlkNzEtMWJlZC00YzE1LTkyMmUtZDc0Y2QwMTJiNjVj&hl=en

(၄၆)ရတနာပုံမှရတနာဂီရိသို့ (တော်ဘုရားလေးအောင်ဇေ)
http://www.mediafire.com/?knel1x2nwlf2enb

(၄၇)ဂျပန်ခေတ်ရက်စွဲသမိုင်း
http://www.mediafire.com/?d1f8bjvll3p8290

(၄၈)ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း (နိုင်ပန်းလှ)
http://www.mediafire.com/?h6ydd7md9k88z9j

(၄၉)အ နော်ရထာအရင်က မြန်မာနိုင်ငံ (ဗိုလ်မှူးဘရှင်)
http://www.mediafire.com/?dl53g30llva3qj2

(၅၀)ကုန်းဘောင်ရှင်းတမ်း (မောင်သန်းဆွေ)
http://www.mediafire.com/?en62ky1pgy4ikvm

(၅၁)ထီးရနံ့နန်းရနံ့ (မောင် သန်းဆွေ)
http://www.mediafire.com/?ycclagkb349pccy

(၅၂)ပထမမြန်မာများ (မင်းယုဝေ)
http://www.mediafire.com/?jyukoq88u43qon4

စာ​ပေဗဟုသုတ ပြည့်​စုံကြွယ်​ဝကြပါ​စေရှင်​ ။
မနှင်း

Wednesday, April 23, 2014

ထိုင်းဘုရင်၏ သြ၀ါဒ အမှာစကား(ဘ၀လမ်းညွှန်ချက်) ၃၆ချက် (from စာအုပ်မြို့တော်facebook page)

Credit to - စာအုပ်မြို့တော် facebook page
အရင်ရက် က facebookမှာ ဟိုရှာ ဒီရှာ ရှာရင်း စာအုပ်မြို့တော်
facebookpage ကနေ ဒီအမှာစကားလေးတွေ ဖတ်မိ တော့ နှစ်သက်မိလို့
ပြန်လည်မျှဝေတာပါ ။

၁။ ထမင်းလုံးတိုင်း ၊ ရေစက်တိုင်း စားစရာရှိသမျှရင်ထဲက ကျေးဇူးတင်ပါ ။
၂။ ဘုရားရှိခိုးတိုင်း မည်သည့်ဓနဥစ္စာကိုမျှ မတောင်းဘဲ ပညာနှင့်
အစွမ်းသတ္တိကိုသာတောင်းယူပါ ။
၃။ သူငယ်ချင်းအသစ်သည် ကိုယ့်အတွက် လက်ဆောင် ဖြစ်သလို အဟောင်းဟာလဲ
မိမိအတွက် တန်ဖိုးမဖြတ်နိုင်ပါ ။။
၎။ဘာသာရေးစာအုပ်ကို တစ်နှစ်လျှင် တစ်အုပ်ရအောင်ဖတ်ပါ ။
၅။ မိမိကိုယ်ကို ကောင်းစေချင်လျှင် သူများကို ကောင်းအောင်အရင် ကူညီပေးပါ ။
၆။ ကျေးဇူုးတင်ပါတယ် ဆိုသောစကားကို အမြဲများများပြောပေးပါ ။
၇။ သူတစ်ပါး၏ရင်ဖွင့်စကား တိုင်ပင်လျှို့ဝှက်စကား တို့အား မိမိအနေဖြင့်
ထိန်းသိမ်းပါ ။
၈။ ခွင့်လွှတ်စိတ်ရှိပါ ။
၉။ နားထောင်သည့် အလုပ်ကို ဦးစားပေးပါ ။
၁၀။ အမှားရှိလျှင် ၀န်ခံနိုင်ရမည် ။
၁၁။ ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန်မကြောက်ပါနှင့် ။
၁၂။ ခက်ခဲနေလေလေ အောင်မြင်ဖို့အတွက် လေးနက်မှု့ရှိလေလေ ။
၁၃။ဓာတ်လှေကားအတွင်း စီးပွားရေးအကြောင်းမငြင်းခုံပါနှင့် ။
၁၄။ ဈေးဝယ်ကဒ်ကို အကြွေးတင်အောင် မ၀ယ်သုံးမိပါစေနှင့် ။
၁၅။ တောင်းပန်ရန် ၀န်မလေးပါနှင့် ။
၁၆။ မသိပါက မသိကြောင်းဝန်ခံပါ ။
၁၇။ ကီလို၁၀၀၀ (မိုင်ထောင်ခရီး) အားချောမွေ့သည် ဟူ၍မရှိနိုင်ပါ ။
၁၈။ မွေးကတည်းက မည်သူမျှ မပြေးတက်သေးပါ ။......ဒါကြောင့်ဖြေးဖြေးစလုပ်ပါ ။
၁၉။ ကပ်စေးနှဲတာ ဘ၀အောင်မြင်ဖို့အတွက်ပါ ။( ဘ၀ကိုချစ်တဲ့သူ)
၂၀။ ငွေကို မချစ်တဲ့သူ ဟာ ဘ၀ကို မချစ်တဲ့သူ ကြီးပွားဖို့မမျှော်လင့်သူ ။
၂၁။ ရန်ဖြစ်သူနှစ်ယောက် အရင်ရပ်သွားသူက ပညာရှိပါ ။
၂၂။ တသက်လုံး အလုပ်လုပ်ရက်မရှိပါ ။ နားရက်တွေပါပဲ ။
၂၃။ ပြင်းထန်တဲ့ စိတ်ရှိသလို ပျော့တဲ့ စိတ်လဲ ဖြစ်မယ် ။
၂၄။ နားမလည်သူအား နားလည်အောင်ရှင်းပြတက်ပါစေ ။
၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင် မျက်နှာ နှစ်ခုရှိတယ် .....ဒီလိုပဲ ဘ၀ဟာ
အနိုင်အရှုံး... အောင်မြင်မှု့ ၊ ကျရှုံးမှု့တွေရှိမယ် ။
၂၆။ မိမိ စိတ်ကို အလိုမလိုက်ပါနှင့် ။
၂၇။ သွား ဟာ ဘာဖြစ်လို့ကျိုးလဲ ( မာလို့) လျှာက ကျိုးပါသလား ?
၂၈။ အပင်ငယ်တက်ခါစကို မြန်မြန်ကြီးပါစေ ဆို၍ ဆွဲဆန့်ခြင်းမပြုပါနှင့် ။
အမြစ်ပါ ကြွေသွားမည် ။]
၂၉။ မိမိကိုယ် တစ်နေ့လျှင် သုံးကြိမ် သေရမည်ကို စဉ်းစားပါ
။အားလုံးပြင်ဆင်ပြီးသားဖြစ်မယ် ။
၃၀။ ကြယ်သီးဟာ ပထမတစ်လုံးမှုားသည်နှင့် အားလုံးမှားတော့တာပါပဲ ။
၃၁။ အလုပ်တစ်ခုကို ပြီးမြောက်ဖို့ရက်ချိန်းတစ်ခုသတ်မှတ်ပါ ။
၃၂။ ရေခွက်ထဲမှ တ၀က်သာ ရှိသော ရေ ဖြစ်ပါစေ ။ { comment ထဲမှာ
Karyanlaykaryan ရှင်းပြထားတာကတော့ ရေခွက်မှာ တ၀က်သာရှိသော ရေဖြစ်ပါ
ဆိုတာက ရေခွက် = ဘ၀ ၊ ရေ =ပညာ ။ ဘ၀မှာ ပြည့်စုံသွားပြီရယ်လို့
မရှိပါဘူး ။ဒါကြောင့် အမြဲတမ်းသင်ယူရမယ်လို့ ဆိုလိုတာပါ ။}
၃၃။ ကြယ် နှင့် လ ဟာ အရမ်းကို မြင့်လွန်းတယ် ။မှီနိုင်သလောက်ကို လှမ်းပါ ။
၃၄။ လူ့တစ်သက်တာမှာ အလုပ်အများကြီး ၊ အရေးကြီးဆုံးကို အရင်လုပ်ပါ ။
၃၅။ စာအုပ်တွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး နှင့် ဗဟုသုတအရဆုံး
ပညာရှိတစ်ဆူဖြစ်တယ် ။ တစ်လလျှင် တစ်အုပ်ဖတ်နိုင်အောင်လုပ်ပါ ။
၃၆ ။ အရာရာ သတ်မှတ်ချက်ရှိပါစေ ။ပစ္စည်းတစ်ခုအား ဤနေရာမှယူပြီး ဤနေရာမှာ
ထားပါ ။ စည်းကမ်းသည် လူ၏တန်ဖိုး ။

ကိုယ်စိတ်နှစ်ဖြာကျန်းမာအေးချမ်းကြပါစေ ။
ဘ၀ခရီးလမ်း အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေရှင် ။
မနှင်း

Thursday, April 10, 2014

မ ​သေခင်​ ​ဖြည့်​ဆည်းရမည့်​ ဘဝအရည်​အ​သွေးများ( အရှင်​ဆန္ဒာဓိက)

မြတ်​စွာ ဘုရားရှင်​က 'မ​သေခင်​သုတ္တန်​' လို့ အမည်​ရတဲ့ ' "ပုရာ​ဘေဒသုတ္တန်​"  မှာ မ​သေခင်​ ဖြည့်​ဆည်းရမယ့်​ ဘဝ အရည်​အ​သွေး​ တွေကို တစ်​စုတ​ဝေးတည်း​ ဟောကြား ထားပါတယ်​ ။

မြင့်​မြတ်​တဲ့ လူသားတိုင်းနဲ့ မြင့်​မြတ်​လိုတဲ့ လူသားတိုင်း မဖြည့်​ မဖြစ်​ ဖြည့်​ဆည်းရမယ့်​ စိတ်​ဓာတ်​အရည်​အ​သွေး ဘဝအရည်​အ​သွေး​တွေဖြစ်​လို့ အကျဉ်းဆုံးချူပ်​ပြီး ​ပြောပြ ချင်​ပါတယ်​ ။

မ​သေခင်​မှာ တဏှာကင်း​အောင်​ကြိုးစားရပါမယ်​ ။ လုံးဝ မကင်း​တောင်​ နည်းနိုင်​သမျှ နည်းရပါမယ်​ ။ အစွန်း ထွက်​ တဲ့ တဏှာ မျိုး ၊ လွန်​ကဲ ​ဖော်​ပြန်​တဲ့ တဏှာမျိုး လုံးဝ မ ဖြစ်​​အောင်​ သတိနဲ့ ထိန်းသိမ်း နိုင်​ရပါမယ်​ ။

ပြီးဆုံးခဲ့တဲ့ အတိတ်​အ​ကြောင်း ၊ ဖြစ်​မလာ​သေးတဲ့  အနာ ဂတ်​ အ​ကြောင်း တွေကို မလိုအပ်​ပဲ ​တွေး​တော​နေပြီး စိတ်​ ပင်​ပန်း မ​နေသင့်​ပါဘူး ။ မ​သေခင်​ ကိုယ်​တကယ်​ ပိုင်​တဲ့ ပစ္စုပ္ပန်​ တစ်​ခဏ ​လေးမှာပဲ စိတ်​ကိုတည့်​တည့်​ချထားပြီး  လုပ်​သင့်​ လုပ်​ထိုက်​တာကို အ​ကော်းအဆုံး ဖြစ်​​အောင်​ လုပ်​ရပါမယ်​ ။

မ​သေခင်​မှာ ကိုယ့်​စိတ်​ကိုယ်​ ​ဒေါသမီး မ​လောင်​မြိုက်​​အောင်​ တိမ်း​ရှောင်​နိုင်​ရပါမယ်​ ။ ထစ်​ခနဲရှိ ​ဒေါသထွက်​ တာမျိုး ၊ ကိုယ်​မ​ကျေနပ်​တဲ့ လူကို ရန်​ငြိုးဖွဲ့ ကလဲ့စား​ချေ ဖို့ ကြိုးစားတာမျိုး မလုပ်​ သင့်​ ပါဘူး။  သူလည်း တစ်​​နေ့ ​သေ ၊ ကိုယ်​လည်း တစ်​​နေ့​သေမယ့်​ ကိစ္စ ၊ ဘာလို့ ​ဒေါသ ထွက်​​နေဦးမှာလဲ ။

နေရာတစ်​ကာမှာ စိတ်​ ပူပန်​တက်​တဲ့ သူလည်း မဖြစ်​သင့်​ပါဘူး ။ တို​တောင်းလှတဲ့ ဘဝ​လေးကို စိတ်​ပူ ​လောင်​မှု့​တွေနဲ့ ဘာလို့အချိန်​ဖြုန်းပစ်​မှာလဲ ။ စိတ်​​အေး​အေး ၊ ​ခေါင်း​အေး​အေးနဲ့ အရာရာကို ​ယောနိ​ ​သောမနသိကာရ ထားတက်​ဖို့အ​ရေးကြီးပါတယ်​ ။

ရှိတဲ့ဂုဏ်​နဲ့ပဲဖြစ်​ဖြစ်​ ၊ မရှိတဲ့ဂုဏ်​နဲ့ပဲ ဖြစ်​ဖြစ်​ ၊ ကြွားတက်​ဝါတက်​ ၊ ဂုဏ်​ပြိုင်​တက်​တာမျိုးလည်း ​ရှောင်​ ကြဉ်​ရပါမယ်​ ။ ကိုယ်​လုပ်​တာ ၊ ကိုယ်​ပိုင်​တာ လူတစ်​ကာ လှည့်​ကြွား​နေရတဲ့ အရသာက ​သေရင်​ ကိုယ့်​ အတွက်​ ဘာများအကျိုးပြုနိုင်​မှာမို့လဲ ။

လုပ်​သင့်​တာ မလုပ်​ခဲ့မိ​လေခြင်း ၊မလုပ်​သင့်​တာ လုပ်​ခဲ့မိ​လေခြင်းလို့ ​နောင်​တရ စိတ်​ပူပန်​​နေတာမျိုး လည်း မဖြစ်​သင့်​ပါဘူး ။  အသိမှန်​ ၊သတိမှန်​ရတဲ့ အချိန်​ကစပြီး  လုပ်​သင့်​တာလုပ်​ ၊မလုပ်​သင့်​တာ မလုပ်​ဘဲနေရင်​ မ​သေခင်​ ကိုယ့်​ဘဝဟာ ​ကျေနပ်​စရာ​ကောင်း​နေပါပြီ ။

နှုတ်​​စောင့်​စည်းသူ၊ စကားကို ညဏ်​နဲ့ ချင့်​ချိန်​​ပြောသူလည်း ဖြစ်​ရပါမယ်​။ အပိုစကား​တွေ ၊ အကျိုးမဲ့ စကား ​တွေကို စိတ်​ထင်​တိုင်း​လျှောက်​​ပြော​နေလို့ ကိုယ့်​ပါးစပ်​လည်း ကျက်​သ​ရေရှိမလာနိုင်​သလို မ​သေ ခင်​ ကိုယ့်​ဘဝလည်း ကျက်​သ​ရေရှိမလာနိုင်​ပါဘူး ။

မ​သေခင်​ကာလ​လေးက တိုတို​လေးမို့ စိတ်​ပျံ့လွင့်​​တွေး​တောပြီးလည်း အချိန်​မဖြုန်းသင့်​ပါဘူး။  ကုန်​သွား တဲ့အချိန်​က ပြန်​မရနိုင်​တဲ့အတွက်​ လက်​ထဲ ​ရောက်​လာသမျှ အချိန်​တိုင်းကို စိတ်​တည်​ငြိမ်​မှု့အပြည့်​နဲ့ အကျိုးရှိရှိ အသုံးချတက်​ရပါမယ်​ ။

ကိုယ့်​ရဲ့လက်​ရှိဘဝကိုမ​ကျေနပ်​ဘဲ မ​ရေရာမ​သေချာတဲ့ အနာဂတ်​ဘဝကို ပုံ​ဖော်​တပ်​မက်​ နေတာ မျိုး လည်း လုံးဝမဖြစ်​သင့်​ပါဘူး ။ ကိုယ်​နဲ့ထိုက်​တန်​လို့ရလာတဲ့ ကိုယ့်​ဘဝကို ​ကျေ​ကျေနပ်​နပ်​လက်​ခံပြီး ​နေ တက်​​အောင်​​နေရပါမယ်​ ။ ပစ္စုပ္ပန်​ဘဝကို ဖန်​တီး​ပေးလိုက်​တဲ့ အတိတ်​ကံရဲ့ ဖြစ်​တည်​ရာ ဘဝ​တွေကို လည်း စိတ်​နာ​နေလို့အပိုပါပဲ ။

ကံ ၊ ကံ ရဲ့အကျိုးမရှိ ၊ ​ရှေးဘဝ၊​နောက်​ဘဝ မရှိ အစရှိတဲ့ အယူမှားမိစ္ဆာ ဒိဌိ​တွေလည်း ကင်းရှင်း​ နေ ရ ပါမယ်​ ။ အယူမှားရင်​ အလုပ်​မှားမယ်​ ။ အလုပ်​မှားရင်​ တရားလည်းမှားပြီး ပစ္စုပ္ပန်​မှာ​ရော ၊သံသရာမှာပါ ဆင်းရဲ ဒုက္ခ​တွေ ပင်​လယ်​​ဝေရပါလိမ့်​မယ်​ ။

ကိ​လေသာဖြစ်​မယ့်​ကိစ္စ ၊ အကုသိုလ်​ဖြစ်​မယ့်​ ကိစ္စ​တွေမှာ တွန့်​ဆုတ်​တဲ့သူ ဖြစ်​ရပါမယ်​ ။ ကိ​လေသာစိတ်​ မဖြစ်​ရဲ ၊ အကုသိုလ်​စိတ်​ မလုပ်​ရဲတဲ့သူဟာ သူရဲ​ကောင်းအစစ်​ပါ ။

ကိုယ့်​ကို သူတစ်​ပါး​တွေ အထင်​ကြီး​အောင်​ မဟုတ်​မမှန်​ လုပ်​ကြံ လှုံ့​ဆော်​တာမျိုး လုံးဝမပြုလုပ်​ရပါဘူး။ အံ့ဖွယ်​ထူးဆန်း​တွေ လိမ်​ညာဖန်​တီးပြပြီး နာမည်​ကြီးလာဘ်​​ပေါ ပရိတ်​သတ်​များ​အောင်​ လုပ်​ခြင်းဟာ ကိုယ့်​ရဲ့မ​သေခင်​ဘဝကို အမည်း​ရောင်​ဆို​နေတာပါပဲ ။

လူသား​တွေရဲ့ မ​သေခင်​ဘဝကို အရုပ်​ဆိုးအကျည်းတန်​​စေတဲ့ ၊ မနာလို ၊ဝန်​တိုမှု့ ( ဣသာ၊မစ္ဆရိယ) ကို လည်း တွန်းလှန်​နိုင်​ရပါမယ်​ ။ ကိုယ့်​ထက်​သာ မနာလိုတဲ့ စိတ်​ ၊ ကိုယ့်​လို ပြည့်​စုံမှာ ဝန်​တိုတဲ့စိ​ လွှမ်းမိုး ​နေတဲ့သူဟာ မ​သေခင်​က ပုပ်​​နေတဲ့ သက်​ရှိ အ​လောင်း​ကောင်​ပါပဲ ။

ကိုယ်​အပြုအမူကြမ်းတမ်းသူ ၊ နှုတ်​အ​ပြောအဆိုကြမ်းတမ်းသူ ၊ စိတ်​​နေသ​ဘောထား ကြမ်းတမ်းသူ မဖြစ်​ ​စေရပါဘူး ။  ကိုယ်​ကျင့်​တရား မ​ကောင်းသူ( သီလမရှိသူ )ကို ပတ်​ဝန်းကျင်​ကရွံရှာ စက်​ဆုပ်​ တက်​ကြ ပါတယ်​။ မ​သေခင်​မှာ ပတ်​ဝန်းကျင်​က ရွံရှာစက်​ဆုပ်​တဲ့ ကိုယ်​ကျင့်​တရားပျက်​သူ မဖြစ်​ပါ​စေနဲ့ ။

ချစ်​ခင်​​နေသူအချင်းချင်း ၊အဆင်​​ပြေ​နေသူအချင်းချင်း ကွဲပြား​အောင်​ လှုံ့​ဆော်​သူ၊ ကုန်းတိုက်​သူ မဖြစ်​ပါ​ စေနဲ့ ။ သူ့​ရေစက်​နဲ့သူ ၊ သူ့အ​ကြောင်းဆက်​နဲ့သူ ၊ ချစ်​ကြခင်​ကြ အဆင်​​ပြေ​နေကြတာကို မနာလို ဝန်​တို ဖြစ်​ပြီး ကွဲပြား​အောင်​ ကုန်းတိုက်​တဲ့သူ​လောက်​ ကျက်​သ​ရေယုတ်​တဲ့သူ ​လောကမှာ မရှိ​တော့ ပါ ဘူး။

မျက်​စိ ၊ နား၊ နှာ ၊လျှာ ၊ ကိုယ်​၊ စိတ်​ လို့​ခေါ်တဲ့ တံခါး​ခြောက်​​ပေါက်​က​နေ  အ​ဆင်း ၊အသံ၊ အနံ့၊အရသာ ၊ အထိအ​တွေ့ ၊သ​ဘောတရားလို့​ခေါ်တဲ့ အာရုံ​ခြောက်​ပါးဆီကို တဏှာ​ လာဘ အစရှိတဲ့  ကိ​လေသာ​ ရေအလျဉ်​​တွေ စီးဆင်းမသွား​အောင်​ ​စောင့်​​ရှောက်​နိုင်​ရပါမယ်​။  မြင်​-မြင်​ကာမျှ ၊ ကြား -ကြား ကာမျှ နဲ့ပြီး​အောင်​ သတိပဌာန်​တရားကို ပွားများနိုင်​ရင်​ ကိ​လေသာ​ရေ စီးဆင်းမှု့ ရပ်​တန့်​သွား မှာပါ ။

မာနလွန်​ကဲပြီး ​အောက်​​ခြေလွတ်​ ဘင်​မြင့်​​နေတဲ့သူလည်း မဖြစ်​​စေရပါဘူး ။ မာနကြီးတယ်​ဆိုတာ အထင်​ကြီးတာပါ ။  ပစ္စည်း ၊ရုပ်​ရည်​ ၊ပညာ ၊အာဏာ ၊သူများထက်​ သာတယ်​လို့ထင်​​နေတဲ့ 'အထင်​' ကြီးတာပါ။ အထင်​ဟာ အထင်​ပါပဲ ။ တကယ်​ မဟုတ်​ပါဘူး ။

မ​သေခင်​မှာ တစ်​​နေ့ထက်​တစ်​​နေ့ ညဏ်​ပညာကြီးမားသူ ဖြစ်​​အောင်​ ကြိုးစား​နေရပါမယ်​။  ​လောကီ ညဏ်​သာမက  ​လောကုတ္တရာညဏ်​ပါရမှ လူ့ဘဝ ဖြစ်​ရကျိုးနပ်​ပါတယ်​ ။

ဘယ်​အရာမျိုးကိုမဆို ကိုယ်​​တွေ့အသိမပါဘဲ သူတစ်​ပါးအ​ပြောနဲ့ ယုံတက်​တဲ့သူလည်းမဖြစ်​​စေရပါဘူး ။ သိသင့်​သိထိုက်​တာ မှန်​သမျှ သူတစ်​ပါး ပါးစပ်​မှာ လမ်းဆုံး ၊သူတစ်​ပါး​ပြောတာ ယုံ​နေရုံ​လောက်​နဲ့မပြီးဘဲ ကိုယ်​တိုင်​သိ ၊ ကိုယ်​တိုင်​မြင်​​အောင်​ ကြိုးပမ်းအားထုတ်​ရပါမယ်​ ။

ဒါန ၊သီလ ၊ သမထ ၊ ဝိပဿနာ ကုသိုလ်​​ကောင်းမှု့​တွေပြုလုပ်​တဲ့အခါမှာလည်း လာဘ်​​မျှော်​တဲ့စိတ်​ နဲ့မပြုလုပ်​ရပါဘူး ။ လူမှု့​ရေး လာဘ်​လာဘ လို့​ခေါ်တဲ့ ထင်​​ပေါ်​ကျော်​​စောမှု့ ၊ စီးပွားရာထူးတိုးတက်​မှု့ ၊ သံသရာ​ကောင်းစားမှု့​တွေကို လုံးဝမ​မျှော်​ကိုးဘဲ သံသရာဝဋ်​ဆင်းရဲမှ လွတ်​​မြောက်​လိုတဲ့စိတ်​ ၊ သတ္တဝါ အများ ​ကောင်းစား​စေလိုတဲ့ စိတ်​နဲ့ ပြုလုပ်​ကြရပါမယ်​ ။  အ​ကောင်း အဆိုး ​လောကဓံ အမျိုးမျိုးနဲ့​တွေ့ ကြုံလာတဲ့ အခါမှာလည်း  စိတ်​မတက်​ ၊ စိတ်​မပျက်​ဘဲ တည်​တည်​ငြိမ်​ငြိမ်​နဲ့ ခံနိုင်​ရည်​ရှိရပါမယ်​ ။

သက်​ရှိ သက်​မဲ့ တစ်​ခုခုအ​ပေါ် တပ်​မက်​စွဲလမ်းတဲ့ တဏှာကိုအ​ကြောင်းပြုပြီး ဘယ်​သူနဲ့မှ ဆန့်​ကျင်​ဘက်​ မဖြစ်​​စေရပါဘူး ။ တဏှာတစ်​ခုခု ရဲ့​နောက်​မှာ ဆင့်​ပွား အကုသိုလ်​ စိတ်​​တွေ ၊  မ​ကောင်းမှု့  ဒုစရိုက်​​တွေ တွဲပါမလာ​အောင်​ ထိန်းသိမ်းနိုင်​ခြင်းဟာ အဆင့်​မြင့်​ ပုထုဇဉ်​ ​တွေရဲ့ အရည်​အချင်းတစ်​ခုပါပဲ ။

အစားအ​သောက်​နဲ့ ပတ်​သတ်​ပြီး​တော့လည်း  ဒါမစားရ မ​နေနိုင်​ ၊ ဒါ မ​သောက်​ရ မ​နေနိုင်​တမ်းတ စွဲမက်​​မောမှု့ ကင်းရှင်းရပါမယ်​ ။ ရသတဏှာကို  ထိန်းချုပ်​​စောင့်​စည်းနိုင်​ရပါမယ်​ ။

ကိုယ့်​အပြုအမူ ဖြစ်​သမျှ ၊စိတ်​ အ​နေအထား ဖြစ်​သမျှကို အမြဲသတိကပ်​ ရှု့မှတ်​နိုင်​တဲ့ အတွက်​​ကြောင့်​  ကြုံလာသမျှ အာရုံ ​ကောင်း ဆိုး အမျိုးမျိုးကို မချစ်​မမုန်းဘဲ  ဥ​ပေက္ခာပြု အညီအမျှ ရှု့နိုင်​တဲ့ သူ ဖြစ်​ရပါ မယ်​ ။

ကိုယ့်​ အထက်​လူ နဲ့ နှိုင်းယှဉ်​တဲ့ မာန ၊ ကိုယ့်​တန်းတူ လူ နဲ့ နှိုင်းယှဉ်​တဲ့ မာန ၊ ကိုယ့်​​အောက်​တန်းလူနဲ့  နှိုင်းယှဉ်​တဲ့ မာန ၊ မာန သုံးမျိုးလည်း ကင်းရှင်းရပါမယ်​ ။

သေပြီးရင်​ အသက်​​ကောင်​ ၊ ဝိညာဉ်​​ကောင်​​လေး ​နောက်​ဘဝ လိုက်​တယ်​ဆိုတဲ့ သဿတဒိဋ္ဌိ ၊ ​သေပြီး ပြတ်​တယ်​ ၊ ဘာမှမဖြစ်​​တော့ဘူးဆိုတဲ့  ဥ​စ္ဆေဒ ဒိဋ္ဌိ ၊ဒီ ဒိဋ္ဌိ နှစ်​ပါးလည်း ကင်းရှင်းရပါမယ်​။ ဒီ ဒိဋ္ဌိ နှစ်​ပါး ရှိ​နေရင်​  မ​သေခင်​ လုပ်​ရမယ့်​အလုပ်​​တွေ က​မောက်​ကမဖြစ်​ပြီး  သံသရာမှာ ​ချောက်​ကျရပါလိမ့်​မယ်​ ။

ကိုယ်​နဲ့ ပတ်​သတ်​ဆက်​စပ်​တဲ့  သားသမီးစတဲ့ သက်​ရှိ ပုဂ္ဂိုလ်​​တွေ ၊ အိမ်​ ၊ ​မြေ ၊ စတဲ့ သက်​မဲ့ အရာ ဝတ္ထု​တွေကို ငါ့သား ငါ့သမီး ၊ငါ့ အိမ်​ ၊ငါ့​မြေ ဆိုပြီး ငါစွဲကြီးကြီး ၊ ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်​ထား တဲ့ စိတ်​မျိုး ကင်းရှင်းရပါမယ်​ ။

ဘာအလုပ်​ပဲ လုပ်​လုပ်​ ကိ​လေသာကို ​ရှေ့တန်းတင်​တဲ့ အလုပ်​ ၊ ကိ​လေသာကို ဆရာတင်​တဲ့ အလုပ်​မျိုး မဖြစ်​​အောင်​  သတိထားရပါမယ်​ ။

ကိ​လေသာ အရင်းမခံဘဲ အလုပ်​လုပ်​​နေပါရက်​နဲ့ သူတစ်​ပါးတို့က ကိ​လေသာအရင်းခံတယ်​လို့ ထင်​မှား စွပ်​ လာရင်​လည်း မတူန်​မလှုပ်​ သည်းခံနိုင်​ရပါမယ်​ ။

"တစ်​​လောကလုံးမှာ ကိုယ်​ပိုင်​တာ ဘာမှ မရှိပါလား" ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိ​နေရပါမယ်​ ။ အဲဒီအသိစွဲစွဲ မြဲမြဲရှိ​နေပြီဆိုရင်​  ရှိချင်​တာ မရှိလို့လည်း  မပူပန်​​ တော့ပါဘူး ။ ရှိပြီးတာ မရှိလို့လည်း မဆူညံ​ တော့ ပါဘူး ။

ချစ်​ခြင်း ၊ မုန်းခြင်းစတဲ့ ကိ​လေသာ ကို အရင်းခံပြီး မလုပ်​သင့်​ မလုပ်​ထိုက်​တာလုပ်​တဲ့  အဂတိ လိုက်​စား မှု့လည်း ကင်းရှင်းရပါမယ်​ ။ အဂတိ ရဲ့ လားရာဟာ ဒုဂ္ဂတိ ပါ ။

လောကမှာ လူသား​တွေ  မလုပ်​သင့်​ မလုပ်​ထိုက်​တာလုပ်​ ၊ လုပ်​သင့်​ လုပ်​ထိုက်​တာ မလုပ်​ဖြစ်​​ နေကြ တာဟာ အရင်းခံက​တော့ "ကိ​လေသာ " ပါပဲ ။ ကိ​လေသာ ​ခေါင်းပါးလာတဲ့အမျှ မလုပ်​သင့်​ မလုပ်​ထိုက်​ တာ​တွေလည်း  ​ရှောင်​ကြဉ်​နိုင်​လာပါလိမ့်​မယ်​ ။ လုပ်​သင့်​ လုပ်​ထိုက်​​တွေလည်း ​ဆောင်​ငင်​နိုင်​ လာပါ လိမ့်​မယ်​ ။

မလုပ်​သင့်​တာအားလုံး အကြွင်းမဲ့​ရှောင်​နိုင်​ပြီး လုပ်​သင့်​တာအားလုံးအကြွင်းမဲ့ ​ဆောင်​နိုင်​ပြီ ဆိုရင်​​တော့  အကြွင်းမဲ့ ဘဝ လွတ်​​မြောက်​မှု့ကိုရပါပြီ ။  ​သေခြင်းတရားက အပြီးတိုင်​လွတ်​​မြောက်​ပါပြီ ။ ထပ်​တလဲလဲ တ​သေ​သေတည်း​သေ​နေရတဲ့  အဖြစ်​ဆိုး ၊ ဒုက္ခဆိုး​တွေက ထာဝရလွတ်​​မြောက်​ပါပြီ ။ အနှိုင်းမဲ့ နိဗ္ဗာန်​ မှာ အကြွင်းမဲ့ ​ပျော်​စံနိုင်​ပါပြီ ။

ဒါ​ကြောင့်​မ​သေခင်​ လုပ်​ရမယ့်​ အလုပ်​​တွေထဲမှာ အ​ရေးအကြီးဆုံး ၊ ပဓာန အကျဆုံးက​တော့  " ကိ​လေ သာ ​ခေါင်းပါး​ရေးအလုပ်​ "  ၊ " ကိ​လေသာ အမြစ်​ပြတ်​​ရေး အလုပ်​ "  ပါပဲ ။( အရှင်​ဆန္ဒာဓိက )

သံသရာဝဋ်​ဆင်းရဲ ဒုက္ခမှ လွတ်​​မြောက်​ရာ လမ်းမှန်​ကို ​တွေ့နိုင်​ကြပါ​စေရှင်​ ။
မနှင်း

                                                                #

          

Wednesday, April 2, 2014

ဘ၀ ၀ဋ်ကြွေး ဆပ်နည်း (​ရွှေဥမင်​ ဆရာ​တော်​)

" ဘ၀ ၀ဋ်ကြွေး ဆပ်နည်း "
★★★★★★★★★★★
ဘ၀ ၀ဋ်ကြွေးဆပ်တဲ့ နေရာမှာတော့
သတိနဲ့နေပြီး ဆပ်တဲ့ နည်းပဲရှိတယ်။
တစ်ခြား နည်းလမ်းမရှိဘူး။
အသေကောင်းကြောင်း နည်းလမ်းကောင်း
ကိစ္စမများ၊
စကားနည်းစေ၊
အိမ်နေမှုနည်း၊
တစ်ကိုယ်တည်းပျော်လေ၊
ရောနှောမှုကင်း၊
ချဲ့ခြင်းရှောင်သွေ၊
အ သေ ကောင်း၊
အ ပေါင်း ဂုဏ်ခြောက်ထွေ၊
အေ န ကောင်း၊
အ ပေါင်း ဂုဏ်ခြောက်ထွေ။

ယောဂီတို့ တရား တိုးတက်ချင် ရင်
ဂုဏ်အင်္ဂါ ခြောက်ပါးရှိမှ
အ နေလည်းကောင်း၊
အ သေလည်း ကောင်းမယ်။

★ ကိစ္စမများ = ကိစ္စများပြီး
သတိလက်လွတ် ဖြစ်ကြလို့
ဒုက္ခတွေများလှပါပြီ၊
ကိစ္စတိုင်း ကိစ္စတိုင်း
ဘာပဲလုပ်လုပ်
သတိလက်လွတ် မဖြစ်စေနဲ့၊
သတိနဲ့လုပ် ရ င်
တရားအလုပ်
ဓမ္မအလုပ် ဖြစ်သွားပါတယ်။

★ စကားနည်းစေ= စကားနည်းရမယ်တဲ့။
နည်းတဲ့ထဲမှာ ပြောသမျှကိုလည်း
သတိထား ပြောပါ၊
အကျိုးမရှိတဲ့ စကားကို
အတတ်နိုင် ဆုံးရှောင်၊
အကျိုးရှိတာပဲပြော၊
ဘာပြောပြော
သတိကလေးနဲ့ပြောပါ။
သတိက လေးနဲ့ ပြောရင်
အကျိုးမရှိတဲ့ စကားတောင်
အကျိုးရှိသွားတယ်။

★ အိပ်နေမှုနည်း = အအိပ် မများရဘူးတဲ့၊
သတိလေးနဲ့ နိုးနိုးကြားကြား
ကောင်းသော နိုးကြားခြင်းဖြင့် နိုးကြားနေပါ။

★ တစ်ကိုယ်တည်းပျော်လေ = တစ်ချို့ အိမ်မှာတုန်းက
တစ်ကိုယ်ရေ တစ်ကာယပဲ ၊
ရိပ်သာတတ်တော့မှ အ ဖော်တွေနဲ့၊
တရားသမားနဲ့ မတူတော့ဘူး။
ကိုယ်လည်း တစ်ကိုယ်ရေ တစ်ကာယ၊
ကာယ၀ိဝေက၊ စိတ္တ၀ိဝေက။
တစ်ကိုယ်တည်းနေ
တစ်စိတ်တည်းထားဆိုတာ
တရားအားထုတ်တဲ့
အချိန်က လေးပဲ။

ကိုယ့်နားမှာ
လူဘယ်လောက်ပဲ များနေနေ၊
ကိုယ်တစ်ယောက်တည်း၊
တစ်စိတ်တည်း ဖြစ်နေတယ်။
ကိုယ့်အ ဖော်မပါရဘူး။
အ ဖော်ကင်းကင်း
စိတ်အ ဖော်လည်း မပါရဘူး။
စိတ်အ ဖော်က လောဘပါပဲ၊

အာရုံတွေပေါ်မှာ
သာယာတဲ့ လောဘ မပါရဘူး။
ဟိုဟာလိုချင် ဒီဟာလိုချင်၊
ဟိုတွေး ဒီတွေး
တရားထိုင်ရင်း စိတ်ကူးတာ၊
တရားထိုင်​ရင်းနဲ့ အ တွေးတွေ
ဝင်နေတာ သတိထားပေးရမယ်။

အဲ့ဒါတွေကို နိုင် တာက
သတိပဲ ရှိတယ်။
သတိလေးနဲ့
စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်းသိ၊
ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်းသိ၊
သိစရာနဲ့ သိတာ နှစ်ခုပဲ ရှိတယ်။
သတိလေးနဲ့ပျော်ရမှာ။

★ ရောနှောမှုကင်း = ပရိသတ်နဲ့၊
အများနဲ့၊ အ ပျော်ပါးနဲ့ မ ရောနှောရဘူး။
ဒီမှာ ရက်ပိုင်းက လေး လာနေကြတဲ့ ဥစ္စာ၊
ရောနှောမှုကင်းရမယ်။
ဟိုကိစ္စ ဒီကိစ္စ၊
ဟိုဆက်သွယ်လုပ်
ဒီဆက်သွယ်လုပ်ဆိုရင်
တရားအလုပ်ပျက်တယ်။

အလွဲသာ မကင်းသာရင်လည်း
သတိလေးနဲ့ လုပ်ပါ။
တရားလက်လွတ်မဖြစ်စေနဲ့။
သတိရှိနေတဲ့အတွက်
ဆိုးဆိုးဝါးဝါးတွေ မဖြစ်တော့ဘူး။
အဆိုးက
အ ကောင်းဖြစ်သွားတယ်။

သတိမရှိရင်
အ ကောင်းကလည်း
အဆိုးဖြစ်သွားတယ်။

★ ချဲ့ခြင်း ရှောင်သွေ = ချဲ့တတ်တာ တဏှာ၊
မာန၊ ဒိဋ္ဌိ သံသရာ
နယ်ချဲ့သမားသုံးပါးပဲ။
တဏှာလောဘဟာ
ချဲ့ထွင်သမားပဲ။
စားမှု၊ ၀တ်မှု၊
နေမှု၊ ထိုင်မှုတွေ ချဲ့ထွင်၊
အကုသိုလ်တွေ
ကျယ်ပြန့်သွားအောင်
ချဲ့ထွင့်တဲ့ သဘောပဲ။
ဆင်းရဲဒုက္ခတွေများအောင်
ချဲ့ထွင်ပေးတာ သူပဲ။

ယောဂီတစ်ယောက် လိုချင်​မှုကြောင့်
အိမ်​ပြန်​ရမလိုဖြစ်နေတယ်။
တရားနာလိုက်တော့မှ
အဲ့စိတ်ပျောက်သွားတယ်။
စိတ်ကို လွတ်ထားရင်
အဲ့လိုပဲ ဖြစ်တတ်တယ်။

မာနလည်း ချဲ့ထွင်၊
ဒိဋ္ဌိကလည်း ချဲ့ထွင်၊
အိုမှု၊ နာမှု၊ သေမှုတွေ ခဏခဏ ရောက်အောင်၊
ဆင်းရဲဒုက္ခတွေ ခဏခဏရောက်အောင်
ချဲ့ထွင်ပေးတဲ့ တရားတွေ၊
သံသရာ နယ်ချဲ့တရားသုံးပါး။
ဒီဟာတွေနဲ့
ချဲ့နေရင် သံသရာဝဋ်က
ကျွတ်လွတ်တဲ့ တရားထူး တရားမြတ်တွေ
မရပဲနေလိမ့်မယ်။

အဲ့ဒါတွေရှောင်​မှ
အ နေလည်းကောင်း၊
အ သေလည်းကောင်းမှာ။
အ နေ ကောင်းမှ
အ သေ ကောင်းမယ်။
အ နေ တတ်မှ
အ သေတတ်မယ်။

(ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ဘုရားကြီး)

By... http://dhammamoscow.ru/

သံသရာ ဝဋ်​ဆင်းရဲ မှ လွတ်​​မြောက်​ရာ လမ်းမှန်​ကို ​တွေ့နိုင်​ကြပါ​စေရှင်​ ။  ။
မနှင်း