ိ ညွန့်ကြူးဘာသာပြန်တဲ့ ပင်လယ်ဝံပုလွေ ဆိုတဲ့ စာအုပ်လေးကို ဖတ်ခဲ့ဖူးတာကြာပါပြီ ။သာမန်စွန့်စားခန်းဝတ္ထုသဘောတင်မကပဲ လူတို့ ၏တွေးခေါ်မြော်မြင်မှု့များကို စစ်ဆေးကြည့်သော ၀တ္ထုတစ်ပုဒ်လည်းဖြစ်ပါတယ် ။အဲ့ဒီတုန်းက ကျွန်မ အင်္ဂလိပ် ၀တ္ထုတွေ မဖတ်နိုင်သေးပါဘူး ။ ကျွန်မ အင်္ဂလိပ်ဝတ္ထု ဖတ်နိုင်တဲ့တစ်နေ့တော့ ညွန့်ကြူး ဘာသာပြန်ခဲ့တဲ့ ပင်လယ်ဝံပုလွေရဲ့ မူရင်း အင်္ဂလိပ်ဝတ္ထုကို ဖတ်ဖို့ အရင် က တည်းက ဆန္ဒရှိခဲ့တာ အခုတော့ ဒီစာအုပ်လေးကိုတွေ့တော့ ကျွန်မ အရမ်းဝမ်းသာသွားတယ် ။ စ ဖတ်ကတည်းက စာအုပ်ထဲမှာမျောသွားတာ ။အရမ်းအရမ်းကို ကောင်းလို့ share တာပါ ။ ဖတ်ဖြစ်အောင်တော့ ဖတ်ကြည့်ကြပါ ။
Sea Wolf သည် ပင်လယ်ပျော် သင်္ဘောသားရပ်ဝန်းမှ စွန့်စားခန်းများ၊ ဘေးအန္တရာယ်များမှ ကျော်လွှားခန်းများ ၊ဘ၀တူချင်းရက်စက်ခက်ထန်မှု့များ(နေရေးသေရေးများအပါအ၀င် )စိတ်ဝင်တစားဖတ်ရှု့ခံစားရသည်။ သင်္ဘောအမည် ကား တစ္ဆေ ၊ သဘောင်္ကပ္ပတိန်အမည်ကား ၀ံပုလွေ လာဆင် ။ သူ ၏စရိုက် ကား အပေါ်လွင်ဆုံး တွေ့မြင်ဖတ်ရှု့ရ၏ ။သူ၏နောက်ဆုံးနေ့များသည်ကား သည်းထိတ်ရင်ဖိုစရာဖြစ်ပါသည်။ |
Author –Jack London Published –1904 Series –World’s best Reading Genres – Adventure The story of a soft, domesticated intellectual named Humphrey van Weyden, forced to become tough and self-reliant through exposure to cruel brutality. Onboard a San Francisco ferry when it collides with a ship in the fog and sinks, Humphrey is rescued by Wolf Larsen, captain of the seal-hunting schooner Ghost, bound for Japan. Brutal and cynical, yet also highly intelligent, Larsen rules his ship and terrorizes the crew with the aid of his exceptional strength. |
No comments:
Post a Comment