ဒီတစ်ခါ ညွှန်းချင်တဲ့ စာအုပ်လေးကတော့ ဒေါက်တာလှဘေ၏ ပြင်သစ်တွင် မြန်မာယဉ်ကျေးမှု့ နှင့် ရိုးရာ အစဉ်အလာများ အကြောင်း ဟော ပြောချက်များကို ဒေါက်တာ တင်လှိုင်က ဘာသာပြန်ဆိုထားသည့် စာအုပ်လေးဖြစ်ပါတယ် ။ ဟိုးအရင် ကျွန်မ ဒီစာအုပ်လေး စဖတ်ကတည်း က လူတိုင်းကို ဒီစာအုပ်လေးဖတ်စေချင်ခဲ့တာပါ ။ အဲ့ဒီ့အချိန်ကတုန်းက ခုလို e book ခေတ် မဟုတ်သေးတော့ စာအုပ်ထဲက အကြောင်းအရာ တွေ ကို မျှဝေချင်ပေမယ့် စာအုပ်ထဲက စာအားလုံးကကောင်းနေတော့ မျှဝေဖို့ ခက်ခဲခဲ့ပါတယ်။
စာအုပ်လေးထဲမှာကျွန်မတို့ မသိ တဲ့အသုံးအနှုန်း များ စွာပါဝင်ပါတယ် ။ အင်မတန်မှ ဗဟုသုတဖြစ်ဖွယ်ကောင်းတဲ့ အပြင် မြန်မာမှု့ ဓလေ့စရိုက်တို့ကို မြန်မာ လိုရော အင်္ဂလိပ် လိုပါ ရှင်းပြထား ပါတယ် ။ အချို့ မြန်မာဓလေ့ ထုံးတမ်း စဉ်လာတွေကို ဝေါဟာရကြွယ်ကြွယ်နဲ့ ရှင်းပြဖို့အခက်အခဲကြုံတဲ့ သူ တွေ အတွက် ဒီ စာအုပ်လေးက တော်တော် အဖိုးတန်မယ်လို့ ထင်ပါတယ် ။ မြန်မာ့  ဓလေ့ ထုံတမ်းစဉ်လာ ကပ်သီးကပ်သတ် အသုံးအနှုန်းများကိုပါ ဒီ စာအုပ်ထဲမှာ တွေ့ရမှာပါ ။ ဒီစာအုပ်လေးထဲမှာ ခေါင်းစဉ်လေးအ တိုင်းပဲ မြန်မာတစ်ယောက်ရဲ့ ပုခတ်အတွင်းကနေ သေဆုံးတဲ့အချိန်အထိ မြန်မာမှု့ မြန်မာ့ဓလေ့တို့၊ ရိုးရာအစဉ်အလာတို ကို အင်္ဂလိပ်လို လေ့လာချင်သူ များ အတွက် ဤစာအုပ်လေးသည် များစွာအထောက် အကူ ပြုနိုင်ပါလိမ့်မည် ။ ။
No comments:
Post a Comment