Tuesday, October 8, 2013

သင့်လက်များဖြင့် ( မင်းယုဝေ )

 

Credit - ကဗျာဆရာကြီးများ ၏ ကဗျာများစုစည်းမှု့ Facebook page မှ ..

 

သင့် လက်များဖြင့်

စွမ်းအားကုန်ကာ ၊ ရေငတ်လာသော

မောရှာသူများ ၊ ခရီးသွားကို

ကြီးမားမေတ္တာ ၊စေတနာဖြင့်

လှမ်းကာ ကမ်းကာ ၊ရေ တိုက်ပါသော်

အဟော်ဝတ ကောင်းလေစွ ။

 

သင့်လက်များဖြင့်

အစားအစာ ၊ မွတ်သိပ်ရှာသော

ခမျာနွမ်းပါး ၊ ဆင်းရဲသားကို

သနားကြင်နာ ၊ ကျွေးမွေးပါသော်

အဟော်ဝတ ကောင်းလေစွ ။

 

သင့်လက်များဖြင့်

သနားဖွယ်ရာ ၊ ကံဆိုးရှာသော

ရောဂါခံစား ၊သူနာများကို

ထောက်ထားစာနာ ၊ပြုစုပါသော်

အဟော်ဝတ ကောင်းလေစွ ။      ။

(မင်းယုဝေ )

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းကြပါစေ ။

No comments: