Thursday, November 14, 2013

What Is Buddhism ( ဗုဒ္ဓ၀ါဒ ဆိုတာဘာလဲ )

 

 

                        ဗုဒ္ဓ၀ါဒဆိုတာ အဓိပ္ပာယ်ဘာလဲ ?

ဗုဒ္ဓိ ဆိုတဲ့ စကားလုံးကနေ ဗုဒ္ဓ၀ါဒဆိုတဲ့ အမည်ဝေါဟာရ ဖြစ်လာတာပါ ။ ဗုဒ္ဓိရဲ့အဓိပ္ပာယ် နိုးထခြင်း ဖြစ်တဲ့အတွက် ဗုဒ္ဓ၀ါဒဆိုတာ ( အ၀ိဇ္ဇာ- မသိမှု့)မှ နိုးထခြင်း ဆိုင်ရာ ဒဿနပါပဲ ။   ဒီ (ဗုဒ္ဓ၀ါဒ) ဒဿန တရားတွေကို ဗုဒ္ဓလို့ လူတွေသိရှိကြတဲ့ သိဒ္ဓတ္တ ဂေါတမဆိုတဲ့ ပုဂ္ဂိုလ် က ကိုယ်တိုင်ဖြတ်သန်းလာတဲ့ ဘ၀  အေ တွ့အကြုံတွေအပေါ်မှာ အခြေခံပြီး  သိမြင်ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဗုဒ္ဓကိုယ်တော်တိုင်  (၀ိဇ္ဇာညဏ်တော်ကို)  သိမြင် နိုးထလာခဲ့တာကတော့ သက် တော် ၃၅နှစ်မှာဖြစ်ပါတယ်။ယခုအခါမှာဗုဒ္ဓ၀ါဒရဲ့သက်တမ်းဟာနှစ်ပေါင်း၂၅၀၀ကျော်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာဗုဒ္ဓဘာသာဝင်ဦးရေဟာသန်းပေါင်း၃၀၀ကျော်ခန့်ရှိနေပါတယ် ။ လွန်ခဲ့တဲ့နှစ် ပေါင်းတစ်ရာလောက်တုန်းကတော့   ဗုဒ္ဓဘာသာဟာ(အရှေ့တိုင်း)အာရှဒဿနအဆင့်လောက်ပဲကျယ်ပြန့်ခဲ့ပေမယ့် ယခုခေတ်အမှာတော့ဥရောပ၊သြစတေးလျနဲ့အမေရိကနိုင်ငံတွေမှာပါအလွန်ကျယ်ပြန့်စွာ လေ့လာလိုက်စားနေကြပါပြီ ။

                                                What Is Buddhism ?

The name Buddhism comes from the word “ buddhi” which means ‘to wake up’ and thus Buddhism is the the of awakening .

The Philosophy has its origins in the experience of the man Siddhattha Gotama , know as the Buddha ,who was himself awakened at the age of 35. Buddhism is now 2,500 years old and has about 300 million followers worldwide .

Until a hundred years ago , Buddhism was mainly an Asian Philosophy but increasingly it is gaining adherents in Europe, Australia and America.

 

      ဒီလိုဆိုရင် ဗုဒ္ဓ၀ါဒဆိုတာ ဖီလိုဆိုဖီ အတွေးအခေါ်အတွေးအခေါ်ဘာသာတစ်ရပ်သာဖြစ် ပါသလား?

ဖီလိုဆိုဖီ ဆိုတဲ့စကားစုဟာ ဖီလို (Philo)နဲ့ ဆိုဖီယာ (Sophia) ဝေါဟာရ နှစ်ခုကနေ ဖြစ်လာတာပါ ။ ဖီလိုက မေတ္တာလို့ အဓိပ္ပယ်ရပြီး ဆိုဖီိယာကတော့ ပညာကိုခေါ်တာ့ပါ ။ ဒါကြောင့် ဖီလိုဆိုဖီဆိုတာ ပညာနဲ့ယှဉ်တဲ့မေတ္တာတရား (သို့) မေတ္တာတရားနဲ့ ပညာ ညဏ်ပါ ။အဲဒီအဓိပ္ပာယ် နှစ်ရပ်စလုံးက ဗုဒ္ဓ၀ါဒကိုအပြည့်အ၀ဖော်ညွှန်းနိုင်ပါတယ် ။ ဗုဒ္ဓ၀ါဒက ဒီလိုသင်ကြားပါတယ်တင် ။ “လူသား အမှန်တရားကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ရန် အသိညဏ်ပညာရဲ့ အဆင့်အတန်းကို အစွမ်းကုန်မြှင့်တင်ဖို့ကြိုးစားကြ ရပါမယ်။” သက်ရှိသတ္တ၀ါတွေအားလုံးကို မိတ်ဆွေရင်းချာတစ်ယောက်လို့သဘောထား နိုင်စေဖို့နဲ့ မေတ္တာတရားနဲ့ ကြင်နာသနားမှု့တွေကို တိုးပွားမြှင့်တင်ပေးဖို့ကိုလည်း ဗုဒ္ဓ ၀ါဒဟာသင်ကြားပေးပါတယ် ။ဒါကြောင့် ဗုဒ္ဓ၀ါဒဟာ ဖီလိုဆိုဖီ တစ်ရပ်တော့ဖြစ်ပါတယ်။ ဒါပေမယ့် ဖီလိုဆိုဖီမည်ကာမတ္တမျှတော့ မဟုတ်ပါဘူး ။ အမြင့်မားဆုံး အမြင့်မြတ်ဆုံး ဒဿန ပညာ) လို့ပဲ ဆိုရပါလိမ့်မယ် ။

                                        So Buddhism Is Just A Philosophy ?

The word philosophy comes from two words “philo” which means “love ” and “Sophia” which means “ wisdom”. So philosophy is the love of wisdom or love and wisdom ,both meanings describing Buddhism perfectly.Buddhism teaches that we should try to develop our intellectual capacity to the fullest so that we can understand clearly. It also teaches us to develop love and kindness so that we can be like a true friend to all human beings .So Buddhism is a philosophy but not just a philosophy .It is the supreme philosophy.

 

                                                     ဗုဒ္ဓဆိုတာ ဘယ်သူလဲ ?

ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၅၆၃ ခုနှစ် (လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ခန့်)က အိန္ဒိယ မြောက်ပိုင်းနယ်က  ဘုရင့်မျိုးနွယ်မိသားစုထဲမှာ ကလေးငယ်တစ်ဦး မွေးဖွားသန့်စင်ခဲ့ ပါတယ် ။သူဟာ ခမ်းနားပြည့်စုံမှု့ အလျှံအပယ်နဲ့စည်းစိမ်ခံ စားရင်း နေထိုင်ကြီးပြင်း လာခဲ့ရပါတယ် ။ဒါပေမယ့် အဲဒီ စည်းစိမ်ရိပ်ငြိမ်တွေနဲ့ လုံခြုံစိတ်ချစွာနေရတာတွေဟာ ထာဝရချမ်းမြေ့ ပျော်ရွှင်မှု့ အစစ်အမှန်အတွက် အာမခံချက်ရှိတဲ့ အရာတွေ  မဟုတ်ဘူးဆို တာကို သူ နောက်ပိုင်းမှာ သိမြင်သဘောပေါက်လာခဲ့ပါတယ် ။ သူ့ပတ်ဝန်းကျင်မှာ ဆိုးရွားတဲ့ ဆင်းရဲဒုက္ခတွေကို မြင်တွေ့ရတဲ့အခါ သူ့နှလုံးသားထဲအထိ တုန်လှုပ်ချောက် ချားစေခဲ့ပါတယ် ။ ဒါနဲ့ပဲ လူ့ဘ၀ငြိမ်းချမ်းပျော်ရွှင်မှု့ အစစ်အမှန်ရဲ့ အကြောင်းရင်း တရား ကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

သူ့အသက် ၂၉နှစ်အရွယ်မှာ ဇနီးနဲ့ သားငယ်လေးကို စွန့်ခွာပြီး (အဲဒီခေတ်က) ထိပ်တန်း ဘာသာရေး ခေါင်းဆောင် ဆရာကြီးတွေရဲ့ထံမှာ နည်းခံသင်ယူဖို့ သွားရောက်ခဲ့တယ် ။အဲဒီဆရာကြီးတွေကလည်း သူ့ကိုဖိဖိစီးစီး သင်ပြပေးကြပါတယ်။ ဒါပေမယ့် လူ့ဘ၀ရဲ့ဆင်းရဲဒုက္ခတွေ ဘာကြောင့်ဖြစ်ပေါ်လာပြီး ဘယ်လိုကျော်လွှားနိုင် မယ်ဆိုတဲ့ တရားနည်းလမ်း အသိညဏ်ကိုတော့ (သင်ပြတဲ့ ဆရာကြီးတွေကိုယ်တိုင်) တစ်ယောက်မှ မသိနားမလည်ကြပါဘူး ။ နောက်ဆုံး   ခြောက်နှစ်  လောက်ကြာအောင် တရားဓမ္မတွေကို ( မိမိဘာသာ ) လေ့လာ ကြိုးစားကျင့်ကြံ အားထုတ်ပြီးတဲ့နောက် (မဂ္ဂင်ရှစ်တန် အကျင့်မှန် ၊အဘယ်အလတ်လမ်းစဉ်ကို ပြောင်းလဲရှု့မှတ်တဲ့အခါ ) မသိနားမလည်မှု့ (မောဟ အ၀ိဇ္ဇာ) အားလုံးကိုပယ်ခွာနိုင်စေတဲ့ ညဏ်ပညာတစ်မျိုး ကို သူဟာ နားလည် ပိုင်ဆိုင်လာခဲ့ပါတယ် ။ အဲဒီအချိန်ကစပြီး သူ့ကို (အ၀ိဇ္ဇာ၊ ကိလေသာ ဖြင့် အိပ်မူးခြင်းမှ ) “နိုးထပြီးတဲ့သူ” ၊ “ ဗုဒ္ဓ ”လို့ ခေါ်လာကြပါတယ် ။

ဘုရားရှင်ဖြစ်တော်မူလာပြီးနောက် ဗုဒ္ဓဟာ ၄၅နှစ်ကြာအောင် သက်တော်ထင်ရှားနေထိုင် သီတင်းသုံးခဲ့ပါတယ် ။ အဲဒီ အချိန်ကာလတွေမှာ ဗုဒ္ဓဟာ ( သစ္စာတရားတော်တွေကို) တစ်ခြားလူအပေါင်းတို့ကို ထုတ်ဖော်ဟောပြ သင်ကြားနိုင်ဖို့အတွက် အိန္ဒိယ မြောက်ပိုင်း တစ်ခွင်လုံးကို ခရီးဒေသစာရီ လှည့်လည်ကြွရောက်တော်မူခဲ့ ပါတယ် ။ မြတ်ဗုဒ္ဓ ရဲ့ မဟာ ကရုဏာတော်သနားကြင်နာမှု့နဲ့ သည်းခံမှု့ ခန္တီတရားတော်တွေဟာ အံ့သြဖွယ်ကောင်းအောင် မြင့်မြတ်ကြီးမားလွန်း လှပြီး ထောင်ပေါင်းများစွာသော လူတွေကို ဗုဒ္ဓဓမ္မအပေါ်ယုံကြည်သက်ဝင်သူတွေဖြစ်စေခဲ့ပါတယ် ။  ဗုဒ္ဓရှင်တော်ဟာ  သက်တော် ၈၀ အရွယ်မှာ အိုမင်းရင့်ရော်မှု့နှင့်အတူ နာမကျန်းတဲ့ ရောဂါဝေဒနာတွေကို (သဘာဝအတိုင်း) ခံစားတော်မူရပေမယ့် သက်သာငြိမ်းချမ်းစွာနဲ့ပဲ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ် ။

 

                                                 Who Was The Buddha ?

In the year 563 B.C. a baby was born into a royal family in Northern India .He grew up in wealth and Luxury but found that worldly comforts and security do not guarantee happiness. He was deeply moved by the suffering he saw all around  and resolved to find the key to happiness. When he was 29 he left his wife and child and set off to sit at the feet of  the great religious teachers of the day to learn from them . They taught him much but none really knew the cause of human suffering and how it could be  overcome . Eventually ,after six years study and meditation he had an experience in which all ignorance fell away and he suddenly understood .He Lived for another 45 years in which time he travelled all over the northern India teach others what he discovered . His compassion and patience were legendary and he made thousands of followers.In his eightieth year , old and sick but still happy့ and peace, he finally died .

 

ဗုဒ္ဓ ပရိနိဗ္ဗာန်  ပြုသွားပြီ (သက်တော်ထင်ရှား မရှိတော့ဘူးဆိုရင် )  ဗုဒ္ဓက ကျွန်တော်တိုတွေကို ဘယ်လို ကူညီစောင့်  ရှောက်နိုင် အုံးမှာလဲ ?

ဖာရာဒေးဆိုတဲ့ ပုဂ္ဂိုလ်ဟာ လျှပ်စစ်ဓာတ်ကို တီထွင်ဖော်ထုတ်ခဲ့ပါတယ် ။ သူ ကွယ်လွန်ခဲ့ပြီးပေမယ့် သူဖော်ထုတ်ခဲ့တဲ့ လျှပ်စစ်ဓာတ်ကတော့ ခုထိအောင် ကျွ်တော်တို့ကိုအကျိုးပြု ကူညီနေတုန်းပါပဲ။ လူးဝစ်ပစ္စရှာ ဆိုရင်လည်း သေလောက်တဲ့ ရောဂါ အများအပြားအတွက် ကုထုံးဆေးညွှန်းတွေ ဖော်ထုတ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ဆေးသိပ္ပံတွေ့ရှိချက်တွေကလူ့အသက်တွေကို ခုအထိ ကယ်တင်နေတုန်းပါပဲ။ လီယိုနာဒိုဒါဗင်ချီရဲ့ ပြောင်မြောက်လှ တဲ့အနုပညာဖန်တီးမှု့တွေဟာ သူသေသွားပေမယ့် ခုထက်ထိ ရယ်ရွှင်မြူးတက်ကြွစေတဲ့ ရသတွေ ပေးနေတုန်းပါပဲ။ သူတော်စင် ( စိတ်ထားမြင့်မြတ် သူ)တွေနဲ့ သူရဲကောင်းတွေဟာလွန်ခဲ့တဲ့ ရာစုနှစ်အတော်ကြာကတည်းက ကွယ်လွန်ခဲ့ပြီး ဖြစ်ကြပေမယ့်သူတို့ ဖန် တီးခဲ့တဲ့ မြင့် မြတ်တဲ့ လုပ်ရပ်တွေနဲ့ အောင်မြင်ဖြစ်ထွန်းမှု့တွေကို ကျွန်တော်တို့ဖတ်ရှု့သိရှိရတဲ့အခါ (အဲဒီ့မြင့်မြတ်မှု့ တွေကို ) သူတို့လို ဆက်လက် လုပ်ဆောင်နိုင်ဖို့စိတ်အားထက်သန်စေပါတယ် ။

အလားတူပါပဲ ။ ဗုဒ္ဓဟာ သက်တော်ထင်ရှားမရှိတော့တာ နှစ်ပေါင်း ၂၅၀၀ကျော်လာခဲ့ပေမယ့် ဗုဒ္ဓရဲ့လမ်းညွှန်သင်ကြားမှု့တွေကတော့ လူတွေကို ခုထက်ထိ အကျိုးပြု ကူညီနေဆဲပါပဲ ။ဗုဒ္ဓရဲ့ ဒေသနာတော် ၊မိန့်ကြားချက် ဓမ္မစကားလုံးတွေဟာ လူတွေရဲ့ဘ၀ကောင်းကျိုးကို ဖြစ်ပေါ်ပြောင်းလဲနေစေတုန်းပါပဲ ။ ဗုဒ္ဓသာလျှင် ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက် ရာစုနှစ်  ပေါင်းကြာအောင် အဲဒီ ဓမ္မစွမ်းအင်တွေ ကို အများအကျိုးသက်ရောက် နိုင်စေခဲ့ သူ ဖြစ်ပါတယ် ။

 

                               The Buddha Is Dead So  How Can He Help Us ?

Faraday , who discovered electricity ,is dead, but what he discovered still help us. Luis Pasteur what he discovered the cures for so many diseases is dead, but his medical discoveries still save lives. Leonardo da Vinci who created masterpieces of art is dead, but what he created can still uplift and give joy .Noble men and heroes may have ,been death for centuries but when we read of their deeds and achievements ,we can still be inspired to act as they did .

Yes, the Buddha is dead ,but 2500 years later his teachings still help people, his example still inspires people, his words still change lives ,only a Buddha could have such power centuries after his death .

          

                                  ဗုဒ္ဓဟာ ဖန်ဆင်းရှင်ဘုရားတစ်ဆူဖြစ်ပါသလား ?

ဗုဒ္ဓဟာ ဖန်ဆင်းရှင်ဘုရားမဟုတ်ပါဘူး ။  သူဟာဖန်ဆင်းရှင် ထာဝရဘုရားဖြစ်ကြောင်း မမြွက်ကြားခဲ့သလို ဘုရား    သခင် ရဲ့ သားတော်တစ်ပါး ၊  ဒါမှမဟုတ် တမန်တော်တစ်ပါး အဖြစ် ဘုရားသခင်ရဲ့ညွှန်ကြားမှု့ကို ယူဆောင်ခဲ့တာလို့လည်း ဘယ်တုန်းကမှ မပြောကြားခဲ့ပါဘူး ။ ဗုဒ္ဓဟာ သူကိုယ်တိုင် အားထုတ်ကျင့်ကြံမှု့နဲ့ ပြီးပြည့်စုံတဲ့ ညဏ်တော်ကို ရ ရှိသူ တစ်ဦးသာဖြစ်ပြီး သူရဲ့ သင်ပြချက် နည်းလမ်း နမူနာအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် (မည်သူမဆို) ကိုယ် တိုင်သိမြင်ပြီး ပြည့်စုံနိုင်ပါတယ်လို့ပဲ လမ်းညွှန်ဟောကြားတော်မူခဲ့ပါတယ် ။

 

                                            Was The Buddha A God ?

No ,he was not. He did not claim that he was god,the child of a god or even the messenger from a god. He was a man who perfected himself and taught that  if we followed his example , we could perfect ourselves also .

 

ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တု (idols ) ကိုးကွယ်သူတွေ လို့ လူတွေက ပြောတာ ကြားဖူးပါတယ် ။( ဟုတ်ပါသလား) ?

အဲဒီလိုမျိုး ထင်မြင်ပြောဆိုတဲ့ ပုဂ္ဂိုလ် အနေနဲ့ သူရဲ့ မပြည့်ဝမှု့၊မသိနားမလည်မှု့  ကိုထင်ဟပ်ပြနေတာပဲ ဖြစ်ပါတယ်။(idols )ရုပ်တုရဲ့ အဓိပ္ပာယ်ကို အဘိဓာန်မှာ ဖွင့်ဆိုထားတာက ဖန်ဆင်းရှင် (God )အဖြစ် ကိုးကွယ်တဲ့ ရုပ်ပုံ ဒါမှမဟုတ် ရုပ်လုံးရုပ်ထုကို idols လို့ ခေါ်တယ် လို့ ဆိုထားပါတယ် ။

သိခဲ့ကြတဲ့အတိုင်းပါပဲ ။ ဗုဒ္ဓဘာသာဝင် တွေဟာ  ဗုဒ္ဓကို  ဖန်ဆင်းရှင်ဘုရားအဖြစ် မသတ်မှတ် မယူဆကြပါဘူး ။ ဒါ    ကြောင့် သစ်သား (သို့) သတ္တုအပိုင်းအစ တစ်ခုကို ဖန်ဆင်းရှင်ဘုရားအဖြစ် ဘယ်လိုလက်ခံကိုးကွယ်နိုင်ပါ့မလဲ ။

ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံးမှာ သူတို့ရဲ့ ကွဲပြားခြားနားတဲ့ ယူဆချက် (၀ါဒ)တွေကိုဖော်ပြဖို့ အတွက် အမှတ် သင်္ကေတကို အသုံးပြုလေ့ရှိကြပါတယ် ။ တာအို ဘာသာမှာ ပဋိပက္ခတွေကြားမှာ ညီညွတ်မျှတမှု့ကို ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် ယင်ယန် အမှတ်အသားကို အသုံးပြုကြပါတယ် ။ ဆစ်ခ် ဘာသာမှာတော့ စိတ်ဝိညာဉ် ကွန့််မြူးလှုပ်   ရှားမှု့ရဲ့ သင်္ကေတအဖြစ် ဓါးရှည်ကို အသုံးပြုဖော်ပြကြပါတယ် ။ ခရစ်ယာဉ်ဘာသာမှာတော့ တည်ရှိခြင်းကို ဖော်ပြဖို့ အတွက် ငါးရုပ်နဲ့ အသက်စွန့် အနစ်နာခံပြီး ဘုရားသခင်ကို ပူဇော်တဲ့ အထိမ်းအမှတ် သင်္ကေတ အဖြစ် လက်ဝါးကပ် တိုင် ကို သုံးစွဲခဲ့ကြပါတယ် ။

ဗုဒ္ဓဘာသာမှာ အရာရာပြီးပြည့်စုံတဲ့  လူသားအဖြစ် ဗုဒ္ဓကိုဖော်ပြနိုင်ဖို့ ဗုဒ္ဓဆင်းတုတော်တွေကို အသုံးပြုကြတာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ သင်ကြားမှု့ဖြစ်တဲ့ လူရဲ့အရေးပါမှု့ ကိုလည်း ထင်ဟပ်စေတာဖြစ်ပါတယ် ။ ဗုဒ္ဓ၀ါဒဟာ လူ ကိုသာ အဓိက ထားတဲ့ ၀ါဒဖြစ်ပါတယ်။ ဖန်ဆင်းရှင်ကို ဗဟိုပြုတဲ့ ၀ါဒမျိုးလည်းမဟုတ်ပါဘူး ။ ဒါကြောင့်လည်း   ပြီးပြည့်စုံမှု့နဲ့     အမှန်တ ရားကို ထိုးထွင်းသိမြင်နားလည်မှု့ တို့ကို ပြင်ပ အပေါ်ယံ အမြင်လောက်နဲ့ ရှာဖွေ ဆုံးဖြတ်ခြင်းမပြုပဲ အတွင်းကျကျလေ့လာကာ ( ညဏ်ပညာ )နဲ့ ရှာဖွေ သိမြင်ရမယ်ဆို တာကို ကျွန်တော်တို့ သဘောပေါက်ရပါမယ် ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ဖန်ဆင်းရှင် ကိုယ်ပွားဖြစ်တဲ့ ရုပ်တု ( Idols )တွေကို ကိုးကွယ်ကြ တယ်လို့ ပြောဆိုတာဟာ မမှန်ပါဘူး ။

ဗုဒ္ဓဘာသာဝင် ( စစ်စစ်) တွေဟာ လောကီ ဥစ္စာကြွယ်ဝချမ်းသာဖို့နဲ့ စိတ်ဝိညဏ်ပိုင်းဆိုင်ရာ အကျိုးရှိအောင် ကူညီ်ေ စာင်မ မျက်နှာသာပေးခြင်းခံရဖို့ မျှော်လင့်ပြီးတော့ ရုပ်တုပုံတူတွေ ကို ကိုးကွယ်နေကြတာမဟုတ်ပါဘူး ။ (ဗုဒ္ဓ ရဲ့  သင်ကြားမှု့ ဓမ္မဒေသနာတော်တွေကို အာရုံပြုပြီး ကြည်ညို ပူဇော်ကြ ခြင်းသာဖြစ်ပါတယ်။

 

 

                          I Have Heard People Say That Buddhists  Worship  Idols ?

Such statement only reflect the misunderstanding of persons who make them .The dictionary defines an idol as – “ an image or statue worshipped as a god : ” As we have seen Buddhists do not believe that the Buddha was a god , so how could they possibly believe that apiece of wood or metal  is a god? All religious use symbols to express various concepts . In Taoism ,the  ying –yang  is used to symbolise the harmony  between opposites . In  Sikhism, the  sword is used to symbolise , spirtual struggle .In Christainanity ,the fish is used to symbolise Christ’s presence  and the cross is used to symbolise his sacrifice .

And in Buddhism ,the statue of the Buddha is used to symbolise   human perfection. The statue of the Buddha also reminds us of the human dimension in Buddhist teaching ,the fact that Buddhism is man-centred not  god-centred , that we must look within not without to find perfection and understanding.

So to say that Buddhist worship idols is not correct . Buddhists do not worship an image expecting worldly or spiritual favours , but pay their reverence to what it represents .

 

 

ဗုဒ္ဓ၀ါဒဟာ ကောင်းမွန်မှန်ကန်တယ်ဆိုရင် ဗုဒ္ဓဘာသာနိုင်ငံတစ်ချို့ဟာ ဘာကြောင့် ဆင်းရဲတွင်းနက်နေကြရတာပါလဲ?

 

စီးပွားရေးရှု့ထောင်တစ်ခု တည်းကနေ ကြည့်ပြီးပြောမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်နိုင်ငံတစ်ချို့ဟာ ဆင်းရဲကြတယ် ဆိုတာ ဟုတ်ပါတယ် ။ဒါပေမယ့် ဆင်းရဲတယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ဟာ လူ့ဘ၀အရည်အသွေး ၊လူ့ဘ၀တန်ဖိုး နိမ့်ကျလို့ ဆင်းရဲတာမျိုးကိုဆိုလိုရင်တော့ ဗုဒ္ဓဘာသာနိုင်ငံတွေဟာ ( မဆင်းရဲတဲ့အပြင်) ပိုလို့တောင် ချမ်းသာ နေကြပါတယ် ။

ဥပမာပြရရင် အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာစီးပွားရေးအရ အချမ်းသာဆုံးနဲ့ လက်နက်စွမ်းအင်အရ အင်အားအကြီးဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ် ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒုစရိုက်အထူပြောဆုံး နိုင်ငံတစ်ခုလည်းဖြစ်ပါတယ် ။ သန်း နဲ့ ချီတဲ့ သက်ကြီးရွယ်အိုတွေဟာ  သူတို့ သားသမီးတွေရဲ့ လစ်လျူရှု့စွန့်ပစ်ခြင်းကို ခံရ ပြီး ဘိုးဘွားရိပ်သာတွေမှာ အထီး   ကျန်ဘ၀နဲ့ နေထိုင်သေဆုံးနေကြရပါတယ် ။အကြမ်းဖက် တိုက်ခိုက်ခံရမှု့နဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု့တွေဟာ အဓိက ပြည်တွင်းရေး ပြဿနာတွေ ဖြစ်နေပါတယ် ။ အိမ်ထောင်ရေးကဏ္ဍမှာ သုံးစုံတွဲ လက်ထပ်တိုင်း တစ်စုံတွဲဟာ ပြန်ပြီးကွာရှင်းပြတ်စဲကြပါတယ် ။ ညစ်ညမ်ဒရုပ်ရှင်လိုဟာမျိုးလည်း အလွယ်တကူ ရရှိနိုင်ကြပါတယ် ။ ငွေကြေးအရတော့ ချမ်းသာကြွယ်ဝကြပေမယ့် ဘ၀ အရည်အသွေး တန်ဖိုး အကန့်အသတ်အပိုင်းမှားတော့ သိပ်ဆင်းရဲ    ကြပါတယ် ။

ယခု ဆက်လက်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု့ထွန်းကားတဲ့ နိုင်ငံတွေကိုလေ့လာကြည့်လိုက်ရင် အလွန်ကွဲပြားခြားနားတဲ့ လူ့အရည်အသွေး တန်ဖိုးအခြေအနေကို တွေ့ရမှာပါ ။ ( ဗုဒ္ဓယဉ်ကျေးမှု့အရ ) မိဘတွေဟာ သားသမီးရဲ့ ရိုသေလေးစားမှု့ကို ခံယူကြရပါတယ် ။ ရာဇ၀တ်ဖြစ်ပွားနှုန်းဟာလည်း တစ်ခြားနိုင်ငံတွေထက်လျော့နည်းပါတယ် ။ကွာရှင်းပြတ်စဲမှု့နဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု့တွေဟာ မရှိသလောက်နည်းပါးကြပါတယ် ။ ဘာသာရေးသွန်သင်မှုကြောင့် နူးညံ့ သိမ့်မွေ့ပြီး စိတ်သဘောထား မြင့်မြတ်လာကြပါတယ် ။ တစ်ခါမှ မသိဖူးတဲ့ လူစိမ်းတွေအပေါ်မှာတောင် ဧည့်ဝတ် ကျေပွန်စွာကျွေးမွေးဧည့်ခံတက်ကြပါတယ် ။အဲဒီလို သူတစ်ပါးကို ဦးစားပေးပြီး ဂရုတစိုက် လေးစားတက်ခြင်းတွေဟာ  သိမ်မွေ့ထက်သန်တဲ့ စိတ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှု့တွေပဲ ဖြစ်ပါတယ် ။ ဒါကြောင့်အမေရိကန်လို နိုင်ငံမျိုးနဲ့စာရင် စီးပွားရေးအရ ခေတ်နောက်ကျကျန်ရစ်ခဲ့ပေမယ့် ဘ၀ အရည်အသွေး လူ့တန်ဖိုးအစစ်မြင့်မားမှု့မှာတော့ အများကြီးသာလွန်လှပါတယ် ။

 

             Is Buddhism Is So Good Why Are Some Buddhist Countries Poor ?

If by poor mean economically, then it is true that some Buddhist countries are poor .But, if by poor mean a poor quality of life ,then perhaps some countries are quite rich . America ,for example ,is an economically rich and powerful country but the crime rate is one of the highest in the world ,millions of old people are neglected by their children and die of loneliness in old people’s homes ,domestic violence and child abuse are major problems .One in  three marriages ends in divorce ,  pornography   is easily available .Rich in terms of money but perhaps poor in terms of the quality of life .

Now ,if you look at  some traditional Buddhist countries you find a very different situation .Parents are honoured and respected by their children, the crime rates are relatively low , divorce and suicide are rare and traditional values like gentleness , generosity ,hospitality to strangers, tolerance and respect for others are still strong . Economically backward , but perhaps a higher quality of life than a country like America .

 

ဗုဒ္ဓဘာသာ  တစ်ခု တည်းကသာ မြင့်မြတ်တယ် ၊မှန်ကန်တယ်ဆိုတော့ တစ်ခြားဘာသာတွေ အားလုံးဟာ မှားယွင်း   နေ ကြ  တယ်ပေါ့ ။

ဗုဒ္ဓသင်ကြားခဲ့တဲ့ တရားဓမ္မကို နားလည်သဘောပေါက်ကြတဲ့ ဘယ်ဗုဒ္ဓ၀ါဒီကမှ တစ်ခြားဘာသာတရားတွေဟာ မှား  ယွင်းတယ်လို့ မပြောကြပါဘူး ။ တစ်ခြားဘာသာတရားတွေကို ပွင့်ပွင့်လင်းလင်းထိထိရောက်ရောက် လေ့လာဆန်းစစ် လိုတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အဲဒီလိုတွေးခေါ်ယူဆဖို့ မသင့်ပါဘူး ။

မတူကွဲပြားတဲ့ ဘာသာတရားတွေကို လေ့လာဆန်းစစ်ရာမှာ ပထမဦးဆုံးသိမှတ်ရမှာကတော့ အဲဒီဘာသာတွေထဲမှာ  (လူသားအကျိုး) အများအကျိုးဆောင်ရွက်နေတဲ့ ညွှန်ကြားမှု့မျိုးဘယ်လောက်များများ ပါဝင်နေသလဲဆိုတာကိုပါပဲ။

ဘာသာအားလုံးက သဘောတူအသိအမှတ်ပြုထားကြတာကတော့ လူသားအားလုံးရဲ့လက်ရှိအခြေအနေဟာ ကျေနပ် နှစ်သိမ့်လောက်တဲ့အနေအထား မရှိဘူးဆိုတာပါပဲ ။လူသားရဲ့ လက်ရှိ အနေအထားကို ပြောင်းလဲ မြှင့်တင်ချင်တယ်ဆိုရင်တော့ စိတ်ထားနဲ့ အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ယုံကြည်ကြပါတယ် ။ ချစ်ခြင်းမေတ္တာ တရား ၊ကြင်နာသနားတက်တဲ့ ကရုဏာတရား ၊သည်းခံစိတ်ရှည်ခြင်း ၊စေတနာသဒ္ဓါတရားထက်သန်ခြင်းနဲ့ လူမှု့ကျင့် ၀တ်စည်းကမ်းတွေပါဝင်တဲ့ ကိုယ်ကျင့်သိက္ခာတရားတွေကို ဘာသာတိုင်းလိုလိုက သင်ကြားညွှန်ပြကြပြီးတော့ ဒီတရားတွေရဲ့ အကြွင်းမဲ့ ဖြစ်တည်မှု့ (မှန်ကန်မြင့်မြတ်ခြင်း) ကိုလည်း လက်ခံထားကြပါတယ် ။

 

 

You Certainly Think Highly  Of Buddhism .I Suppose You Think Your Religion Is Right And All The Others Are Wrong ?

No Buddhist who understands the Buddha’s teaching thinks that other  religious are wrong .No one who, has made a genuine effort to examine other religions with an open mind could think like that either . The  first thing you notice when you study the different religions is just how much they have in common. All religions acknowledge that man’s present state is unsatisfactory .All believe that a change of attitude and behaviours  is needed if man’s situation is to improve . All teach an ethics that includes love , kindness ,patience, generosity and social responsibility and all accept the existence of some form of Absolute .

 

                                        ဗုဒ္ဓဘာသာဟာ သိပ္ပံနည်းလမ်းကျပါရဲ့လား ?

ဒီမေးခွန်းမဖြေဆိုခင်မှာ သိပ္ပံ ဆိုတဲ့ စကားလုံးဝေါဟာရကို အဓိပ္ပာယ် ဖွင့်ဆိုကြည့်တာ အကေင်းဆုံး ဖြစ်ပါလိမ့်မယ် ။ အဘိဓာန် ဖွင့်ဆို ချက်အရ သိပ္ပံဆိုတာဟာ စနစ်တကျ စူးစမ်းလေ့လာရာကနေ ရရှိလာတဲ့ အသိပညာ အတက်ပညာ ဖြစ် ပါတယ်။ စနစ်တကျဆိုရာမှာ ယေဘုယျသဘာဝနိယာမသဘောတရားတွေကို ဖော်ထုတ်ပြီး တကယ်စစ်မှန် တဲ့ အချက် အလက်တွေကို လက်တွေ့ကျကျရှုမြင် စမ်းသပ်ပြီး သေချာအားကိုးအတည်ပြုတဲ့ စနစ်ပဲ ဖြစ်ပါတယ် ။အဲဒီလိုပုံ စနစ်အတွင်း သွင်းယူနိုင်လောက်တဲ့ ပညာနဲ့ တိ ကျသေချာအောင် စမ်းသပ်စစ်ဆေးတာကို ခံနိုင်လောက်တဲ့ အထက်ပါ တက် သိပညာတွေရဲ့ ဆင့်ပွား ပညာရပ် တွေအားလုံးဟာ သိပ္ပံ ပဲ ဖြစ်ပါတယ် ။

ဗုဒ္ဓဘာသာမှာ ဒီ ဖွင့်ဆိုချက် နဲ့ မကိုက်ညီသေးတဲ့ အတွေးအမြင် အယူအဆတွေ လည်းရှိနေပါတယ် ။ ဒါပေမယ့် ဗုဒ္ဓ   ၀ါဒရဲ့ အဓိကကျတဲ့ သင်ကြားမှု့ ဒဿန ကတော့ သစ္စာလေးပါး အမှန်တရား ဒေသနာတော် ပဲ ဖြစ်ပြီး ဒီသစ္စာတရား  တော်တွေရဲ့သဘောထားစံနှုန်းတွေဟာ သိပ္ပံပညာဖွင့်ဆိုချက်တွေနဲ့ အထူးကိုက်ညီနေပါတယ် ။

(သစ္စာလေးပါး) မှာ  ပထမဆုံးဖြစ်တဲ့ ( ဒုက္ခသစ္စာ )ဟာ ရှင်းလင်းပြသနိုင်တဲ့တွေ့ကြုံခံစားမှု့ တစ်ခုပါပဲ ။ ( ဘ၀မှာ   ဆင်းရဲခြင်းဟာ စစ်မှန်တဲ့ သစ္စာတရား ပဲဆိုတာကို ကိုယ်တွေ့ ခံစားလို့ရနိုင်ပါတယ် )

ဒုတိယမြောက် အမှန်တရားကတော့ ဒုက္ခဆင်းရဲ ဖြစ်ရခြင်းရဲ့ အကြောင်းရင်းသဘာဝဖြစ်တဲ့ လိုချင် တောင့်တမှု့      (တဏှာ သမုဒယသစ္စာ ) အကြောင်း ကို ဖော်ပြပါတယ် ။ (ဆင်းရဲစေခြင်းရဲ့ အကြောင်းအရင်းကို ဒုက္ခသစ္စာလိုပဲ )ရှင်းလင်းစွာ ပြသနိုင်ပါတယ် ။ ကိုယ်တွေ့ ခံစားသိရှိနိုင်ပါတယ် ။မှန်းဆ တွေးမြင်နိုင်ပါတယ် ။

(ဗုဒ္ဓ၀ါဒမှာ တရားဓမ္မတွေကို ) ဆန်းပြား ရှုပ်ထွေးလွန်းလှတဲ့ စကားလုံးတွေနဲ့ ဒါမှမဟုတ် ဒဏ္ဍာရီဆန်တဲ့ ပူရာဏ်ရှေး ဟောင်းကျမ်းလာ ဝေါဟာရတွေကို သုံးစွဲပြီး လူအထင်ကြီးအောင် ယုတ္တိ ပြရှင်းလင်းဖွင့်ဆိုဖို့ ကြိုးစားတာမျိုး လုံးဝမပါရှိပါဘူး ။

တတိယမြောက် အမှန်တရား  အရိယသစ္စာ ကတော့ ဒုက္ခအပေါင်းတို့ရဲ့ ပြီးဆုံးချူပ်ငြိမ်းရာ(နိရောဓသစ္စာ ) ပါပဲ ။ဒုက္ခ တွေ ချူပ်ငြိမ်းဖို့ဆိုတာ တန်ခိုးရှင် (ဖန်ဆင်းရှင်ဘုရား )ကို ခယလို့ ၊ယုံကြည်ကိုးကွယ်လို့ ၀တ်ပြုဆုတောင်းလို့ ရနိုင် တာမျိုး မဟုတ်ပဲ ဒုက္ခဖြစ်ပွားစေတက်တဲ့  မူလ အကြောင်းအရင်းကို ဖယ်ရှားပစ်နိုင်မှသာ ဒုက္ခ က ကင်းလွတ်မှု့ကို ရရှိ နိုင်ခြင်းဟာ သဘာဝ အမှန်တရားသစ္စာပါပဲ ။

ဒါဟာ အလွန်တရာမှ ရှင်းလင်းသိသာလှတဲ့ အချက် ပါ ။

စတုတ္ထမြောက် သစ္စာကတော့ ဒုက္ခအပေါင်းတို့ကို ပြီးဆုံးချုပ်ငြိမ်းစေတဲ့ ကျင့်စဉ် နည်းလမ်း (မဂ္ဂသစ္စာ)ပဲ ဖြစ်ပါတယ် ။ ဒုက္ခ ကို ချူပ်ငြိမ်းစေဖို့  သဘောတရားတွေကိုပဲ တွေးတောကြံစည်နေ လို့ မရပါဘူး ။(ကောင်းခြင်းအင်္ဂါ ရှစ်ပါး )ပါဝင် တဲ့ မဂ္ဂင်လမ်းစဉ်ကိုသာ လက်ကိုင်ထားပြီး ကျင့်ကြံအားထုတ်ဖို့ပဲ လိုအပ်ပါတယ် ။ ပြီးတော့ အဲဒီ မဂ္ဂင် အကျင့်တရား  လမ်းစဉ်ရဲ့ လက်တွေ့ကျမှု့ကို စမ်းသပ်ကြည့်ဖို့ကိုလည်း ဗုဒ္ဓ၀ါဒက လမ်းဖွင့်ပေးထားပါတယ် ။ ဖန်ဆင်းရှင်အပေါ် မှီခို ယုံကြည်မှု့ကို သိပ္ပံပညာက ပစ်ပယ်သလို ဗုဒ္ဓ၀ါဒကလည်း လက်မခံပါဘူး ။ နောက်ပြီး စကြာဝဠာရဲ့ မူလနဲ့ ( ပြဋ္ဌာန်း မှု့) လုပ်ဆောင်မှု့ သဘောတွေကို သဘာဝနိယာမ ( Natural Law ) အရ ဗုဒ္ဓ၀ါဒက ရှင်းလင်းပြသနိုင်ပါတယ် ။

ဒီအချက်တွေအားလုံးဟာ (ဗုဒ္ဓ၀ါဒရဲ့) တကယ့် သိပ္ပံ နည်းကျ အတွေးအမြင် တွေပဲ ဖြစ်ကြပါတယ် ။ တစ်ခါ ဗုဒ္ဓအနေနဲ့လူတွေကို အစဉ်သဖြင့် သတိပေးတဲ့ နှိုးဆော်လေ့ရှိတဲ့ အချက်တစ်ခုက သေသေချာချာလေ့လာစုံစမ်းမှု့မပြုပဲမျက်ကန်းယုံကြည်မှု့ မျိုးကို မပြုလုပ်ကြနှင့် ။  တစ်စုံတစ်ရာကို လက်ခံ ယုံကြည်ဖို့ သင့် မသင့် ဆိုတာကို မဆုံးဖြတ်ခင်မှာ စိတ် ထက်သန်စွာ မေးမြန်းနာယူကြပါ ။ လေ့လာစစ်ဆေးကြပါ ။စုံစမ်းချင့်ချိန်ကြပါ ။ မိမိတို့ ကိုယ်ပိုင် အတွေ့ အကြုံ တွေကို အသုံးပြုပြီး အားကိုးအားထားပြု ဆုံးဖြတ်ကြပါ ဆိုတာ ပဲ ဖြစ်ပါတယ် ။

ဒါဟာ ဗုဒ္ဓကိုယ်တော်တိုင်ရဲ့သိပ္ပံဆန်တဲ့ လမ်းညွှန်နှုတ်က ပတ်တော်သံ ပဲ ဖြစ်ပါတယ် ။ ဗုဒ္ဓက အောက်ပါအတိုင်း       မိန့်   ကြားခဲ့ပါသေးတယ် ။

(အမှန်တရားရှာဖွေတဲ့နေရာမှာ )

  • မြင်ရုံကြားရုံ မျှဖြင့် (သို့မဟုတ်) မိရိုးဖလာ ဓလေ့ထုံးစံ ဖြစ်ကာမျှ ဖြင့် လက်မခံလေ နဲ့ဦး ။
  • ကောလဟာလ သတင်းစကား ကြားရုံမျှနှင့် (သို့မဟုတ်) ရှေးဟောင်းကျမ်းစာထဲ ရေးသားထား၍ဆိုရုံနဲ့   လက်မခံလေ နဲ့ဦး ။
  • တစ်ဆင့်စကား ကြားရုံမျှဖြင့် (သို့မဟုတ် ) အကြောင်းအကျိုး ဆက်စပ်ဆီလျော်မှု့ရှိသည် ဟု ထင်မြင်ကာမျှနှင့် လက်မခံလိုက်ပါနှင့်ဦး ။
  • ကြံစည်  စိတ်ကူးမှန်းဆ၍ လည်းကောင်း ၊သူတစ်ပါး ၏ စွမ်းရည်ကို အထင်ကြီးခြင်း ဖြစ်၍ လည်းကောင်း ၊လက်မခံ လိုက်ပါနှင့်ဦး ။
  • ငါတို့  ဆရာသမား ဖြစ်နေလို့ ဆိုပြီးတော့လည်း လက်ခံ ယုံကြည်ခြင်း   မပြုလိုက်ပါနဲ့ ဦး ။

ဤအရာကတော့ ကောင်းတဲ့ တရား ၊အပြစ်ကင်းတဲ့ တရား ၊ပညာရှိသူတွေ  ချီးမွမ်းတဲ့တရား စသည်တို့ကို မိမိတို့ကိုယ်တိုင်   သိမြင်လာတဲ့အခါမှသာ   အဲဒီတရားတွေကို   လက်ခံပြီး    ကိုယ်တိုင်  ကျင့်သုံးလိုက်နာကြည့်ပါ ။ လက်တွေကျင့်ကြံအားထုတ်မှု့နှင့်အတူ ငြိမ်းချမ်းအေးမြတဲ့   နိဗ္ဗာန် အမြိုက်အရသာကို  ရှေးရှု ဦးတည်မယ်ဆိုရင် အဲဒီလမ်းကို လိုက်ပါတော့ ။

                                                                                                      ( အင်္ဂုတ္တိုရ်ပါဠိတော် -၁၈၈ )

ဒါကြောင့် ဗုဒ္ဓဘာသာဟာ သိပ္ပံပညာနှင့် ထပ်တူ ထပ်မျှ မတူညီနိုင်ပေမယ့် သိပ္ပံသဘော သက်ရောက်မှု့တွေ အပြည့်  အ၀ ရှိတယ်လို့တော့ ဆိုနိုင်ပါတယ် ။ တစ်ခြားဘာသာတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်သာသာထက်မဆို  ဗုဒ္ဓဘာသာက ပိုြ ပီးတော့ သိပ္ပံ နည်းကျပါတယ် ။

၂၀ ရာစု ခေတ်မှာ ထင်ရှားကြီးကျယ်တဲ့ သိပ္ပံ ပညာရှင် တစ်ဦးဖြစ်တဲ့ အဲလ်ဘတ် အိုင်းစတိုင်း ( Albert Einstein ) ရဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုချက်ဟာ ဒီအချက်ကို ပိုပြီး ခိုင်မာစေခဲ့ပါတယ် ။

နောင်အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဘာသာရေးဟာ စကြာဝဠာဘာသာ (Cosmic Religion ) ပဲ ဖြစ်ရပါလိမ့်မယ် ။ အဲဒီ စကြာဝဠာ ဘာသာဆိုတာ တစ်သီးပုဂ္ဂလဆန်တဲ့ ဘုရား (Personal God ) ဆိုတဲ့ ပုဂ္ဂိုလ်ရေး အစွဲ ကန့်သတ်       ဘောင် ကို ကျော်လွန်ရပါမယ်  ။ တရားသေ၀ါဒစွဲနဲ့ ကြောင်းကျိုးမထင်ရှားတဲ့ တရားသေ ဘာသာရပ် ပညာအစွဲတွေ ကင်းရှင်း ရပါလိမ့်မယ် ။ သဘာဝကိုရော ၊သစ္စာဓမ္မကိုပါ လွှမ်းခြုံမိတဲ့ ဒီဘာသာရေးမျိုးဟာ အရာရာကိုလေ့လာသိမြင် အပ်တဲ့ အတွေ့အကြုံတွေ ၊သဘာဝဓမ္မ နှင့် ဆက်စပ်မှု့ ရှိပြီး အဓိပ္ပယ်လည်းပြည့်ဝတဲ့ ညီညွတ်စုစည်း မှု့တွေကနေ     စစ်ထုတ်ရရှိလာတဲ့ ဘာသာရေးအသိစိတ် အပေါ် အခြေခံတဲ့ ဘာသာရေးမျိုး ဖြစ်ရပါလိမ့်မယ် ။

ဗုဒ္ဓ၀ါဒဟာ ဒီအချက်အလက်တွေကို အဖြေရှာ ဖြည့်ဆည်းပေးနိုင် တဲ့ စွမ်းရည်ရှိပါတယ် ။တကယ်လို့ မျက်မှောက် လိုအပ်ချက်တွေကို ခြုံငုံ ဖြေရှင်းပေးနိုင်မယ့် ဘာသာတစ်ခုရှိတယ်ဆိုရင် အဲဒီဘာသာဟာ ဗုဒ္ဓဘာသာပဲ ဖြစ်ရပါလိမ့်မယ် ။

    

                                                Is Buddhism Scientific ?

Before we answered that question it would be best to define the word “science”. Science ,according to the dictionary is –“ knowledge which can be made into a system, which depends upon seeing and testing facts and stating general natural laws ,a  branch of such knowledge , anything that can be studied exactly .”

There are some aspects of Buddhism that would not fit into this  definition but the central teachings of Buddhism, the Four Noble Truths ,most certainly would .

Suffering , The First Noble Truth , is an experience that can be defined ,experienced and measured .

The Second Noble Truth states that suffering  has natural cause , craving which likewise can be defined , experienced and measured .

No attempt is made to explain suffering in  terms of a metaphysical concept or  myths .

Suffering is ended , according to the Third Noble truth , not by relying on  a supreme being , by faith or by prayers but simply  by removing its cause .

This is axiomatic .

The Fourth Noble Truth  , the   way to end suffering , once again, has nothing to do  with metaphysics but depends on behaving in specific ways .

And once again behaviour is open to testing .Buddhism is open to testing .Buddhism dispenses with the concept of supreme being,as does science ,and explains  the origins and workings of the universe in terms of  natural law .All of this  certainly exhibits  a scientific spirit .

Once again ,the Buddha’s constant advice that we should  not blindly believe but rather question ,  and examine , inquire and rely on our  own experience ,has a definite scientific ring to it .He Says :

  • Do not go by revelation or tradition ,
  • Do not go by rumor ,or the sacred  scriptures,
  • Do not go by hearsay or merelogic,
  • Do not go by bias towards a notion or by another person’s seeming ability and 
  • Do not go by the idea “He is our teacher ”

“But when yourself know that a thing is good ,that it is not blamable that it is praised by the wise and when  practised  and  observed that it leads to happiness ,then follow that thing .”

                                                                                                           ( A.i 188)

So  we could say that although Buddhism is not entirely scientific ,it certainly  has a strong scientific overtone and is certainly more scientific than any other religion . It is scientific that Albert Einstein, the greatest Scientist of  the twentieth century  said of Buddhism ;

“ The religion of the future will be a cosmic  religions .It should transcend a personal God and avoid dogmas and theology . Covering both the natural and the spiritual ,it should be based on a religious sense arising from experience of all things ,natural and spiritual and meaningful unity .

Buddhism answer this description . If here is any religion that would cope with modern scientific needs,it would be Buddhism . “

 

      ဖန်ဆင်းရှင်ဘုရားကို ဗုဒ္ဓ၀ါဒက  မယုံကြည်ဘူး ၊ လက်မခံဘူးဆိုရင် ဘာကိုများ ယုံကြည်ကြတာလဲ ?

လူ  ကိုပဲ ယုံကြည်တဲ့ အတွက် ဖန်ဆင်းရှင် ဘုရားကို ဗုဒ္ဓ၀ါဒက မယုံကြည်လက်မခံတာပဲ ဖြစ်ပါတယ် ။  လူ့ အဖြစ်  (human being ) လူတစ်ဦးစီ ရဲ့ ဘ၀ တန်ဖိုးကြီးမားပြီးတော့ အရေးလည်းပါတယ် ။ ဗုဒ္ဓ ( ညဏ်ပညာ အထွဋ်အထိပ် ရောက်သူတစ်ဦး ) လို အဖက်ဖက်  က ပြည့်စုံပြီးမြောက်တဲ့ လူသားတစ်ဦးအဖြစ်သို့ တိုင်အောင် တိုးတက် မြင့်မားနိုင် တဲ့ စွမ်းအင်ဟာ လူမှာရှိတယ် လို့လည်း ဗုဒ္ဓ၀ါဒက ယုံကြည်ပါတယ် ။

လူသားဟာ မှားယွင်းတဲ့ အသိအမြင်တွေနဲ့အတူ တွေဝေမှု့ တွေ ဆင်ခြင်တုံတရား ကင်းမဲ့မှု့တွေ ဖြစ်ပေါ်နိုင်သေး     တယ်လို့ ယုံကြည်ပါတယ် ။ ဗုဒ္ဓ၀ါဒကို လက်ခံသူတွေဟာ အရာရာတိုင်းမှာ အရှိကို အရှိအတိုင်းပဲ ရှု့မြင်သုံးသပ် လေ့ ရှိကြပါတယ် ။

အမုန်းပွား ၊ရန်ငြိုးဖွဲ့ခြင်းကို မေတ္တာတရားနဲ့ ၊စိတ်ဆိုးခြင်းကို စိတ်ရှည်သည်းခံမှု့နဲ့ ၊အာဃာတနဲ့ မလိုတမာစိတ်ဖြစ်   ခြင်းကို သနားကြင်နာမှု့တွေနဲ့ တယ်အစားထိုး ပြောင်းလဲနိုင် တယ်လို့ ဗုဒ္ဓ၀ါဒက ယုံကြည်ပါတ ယ် ။

ဗုဒ္ဓ ရဲ့ စံနမူတွေကို အတုယူပြီး ကလျာဏ မိတ်ဆွေတွေဖြစ်တဲ့ သံဃာတော်တွေ ရဲ့ ကူညီ ပံ့ပိုးမှု့ လမ်းပြညွှန်ကြားမှု့  တွေအတိုင်း ကြိုးစားဆောင်ရွက် သွားကြမယ်ဆိုရင် လူတိုင်း လူတိုင်းဟာ အဲဒီ မေတ္တာတရား ၊ သည်းခံခြင်း ၊ ရက်ရော ခြင်း ၊ သနား ကြင်နာခြင်း စတဲ့ ( လောက ကောင်းကျိုး ပြုကျင့်စဉ် ) တွေကို အသေအချာ ကျင့်သုံး ဆောင်ရွက်  နိုင်မယ် ဆိုတာကို ဗုဒ္ဓ၀ါဒ သက်ဝင်သူတွေက ယုံကြည်ကြပါတယ် ။

ဗုဒ္ဓက ဒီလို မိန့်ကြားပြခဲ့ပါတယ် ။

လူသားကို သူကိုယ်တိုင်မှတစ်ပါး

ဘယ်သူမှ မစောင့်ရှောက်၊မကယ်နိုင်ပါဘူး ။

ကယ်တင်နိုင်သူ ၊ကယ်မနိုင်သူ ရယ်လို့

တစ်စုံတစ်ယောက်မှ ရှိကို မရှိပါဘူး ။

လူတွေဟာ လမ်းပေါ်မှာ ကိုယ်တိုင်လျှောက်လှမ်းနိုင်ရပါမယ် ။

ဗုဒ္ဓဘုရားရှင်ကတော့

လျှောက်ရမယ့် လမ်းကို ရှင်းလင်း

ညွှန်းဆို ပြသပေးနိုင်ရုံပါပဲ  တဲ့ ။

( ဓမ္မပဒ-၁၆၅)

             

                 So if Buddhists Don’t Believe In Gods .What Do You Believe In ?

We don’t believe in a god because we believe in man .We believe that each human being is precious and important, that all have the potential to develop  into a Buddha a  perfected human being.We believe that human being  can outgrow ignorance and irrationality and see things as they  really are. We  believe that hatred, anger, spite and jealousy can be replaced by love ,patience , generosity and kindness .

We believe that all  this within the grasph of  each  person if they make the effort ,guided and supported by fellow Buddhists and inspired by the example of the Buddha . As Buddha says ;

“No one can saves us but ourselves,

No one can and no one may .

we ourselves must walk the path,

But Buddha clearly show the way. "

(Dhp V 165)

  

ဗုဒ္ဓဘာသာဝင်များအနေနဲ့ တစ်ခြား ဘာသာဝင်တွေကို မိမိတို့ရဲ့ ဗုဒ္ဓ ဓမ္မကို မျှဝေဖို့ ကြိုးစားသင့်ပါလား ?

ဟုတ်ပါတယ် ။အမှန်တရားဆို တာ မျှဝေပေးသင့်ပါတယ် ။ ကျွန်တော်ထင်ပါတယ် ။ ဗုဒ္ဓဘာသာဝင်အ များစုဟာ      မျှဝေ   ခြင်းနဲ့ အဓမ္မ ပြဋ္ဌာန်း လုပ်ဆောင်စေခြင်း တို့ ရဲ့ မတူ ကွဲပြားခြားနားပုံကို ကောင်းကောင်းသဘောပေါက် ကြ ပါ တယ် ။

သင့်ကို ဗုဒ္ဓ၀ါဒ အကြောင်း လူတွေကမေးလာရင် သူတို့ကို ပြောသာပြောပြပါ ။  သူတို့က မမေးရင်တောင် ဗုဒ္ဓ ရဲ့    သင် ကြားချက် နည်းလမ်းတွေကို  ( သူတို့ အကျိုး ရှိစေဖို့ စေတနာနဲ့ ) ပြောသင့်ရင် ပြောရမှာပါပဲ ။

နောက်အလေးအနက် သတိပြုရမှာကတော့ လူတွေကို တရားဓမ္မရေးရာတွေ နားလည်သိမြင်အောင် ဖြန့်ဝေရာမှာ     ဟောပြောပြသမှု့ နည်းထက်  လက်တွေ့ကျင့်သုံးပြသပြီး အသိညဏ်ဖြန့်ဝေတဲ့ နည်းက ပိုမို ထိရောက် အကျိုးရှိတယ် ဆိုတာပါပဲ ။

တရား ဓမ္မ အကြောင်း ၊လူတွေကို ရှင်းလင်း သင်ကြားပြသရာမှာ အစဉ်သဖြင့် သေချာစွာ ကြောင်းကျိုးဆင်ခြင်မှု့ ၊သနားကြင်နာမှု့ ၊စိတ်ရှည်လက်ရှည် သည်းခံတက်မှု့ ၊ဖြောင့်မတ်မှု့ နဲ့ ရိုးသားတည်ကြည်မှု့တွေရှိပါစေ ။

ဓမ္မ အလင်းရောင်ခြည်ဟာ သင့်ရဲ့ အပြောအဆို ၊အပြုအမူ လုပ်ရပ်တွေနဲ့ ရှေ့ပြေး အနေနဲ့ လင်းလက်တောက်ပနိုင်  ပါစေ ။

သင်ရော ကျွန်ုပ်ပါ ဓမ္မရေးရာတွေကို ကောင်းစွာ တက်သိပြီး အပြည့်အ၀ ကျင့်သုံးမယ် ၊တစ်ခြားသူတွေကိုလည်း ရိုးသားတဲ့ စိတ်နဲ့ စေတနာသက်သက်နဲ့ ဖြန့်ဝေပေးမယ် ဆိုလို့ရှိရင် ကျွန်ုပ် တို့ကိုယ်တိုင် နဲ့  တစ်ခြား ပုဂ္ဂိုလ်တွေ အားလုံး အတွက် အကျိုး ကျေးဇူး အနန္တ ကိုမလွဲမသွေ ရရှိ နိုင်ကြမှာပဲ ဖြစ်ပါတယ် ။

 

                                 သဗ္ဗေသတ္တာဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေ ။

        

                     Should Buddhists Try To Share The Dhamma With Others ?

Yes,they should .And I think most Buddhists understand the difference between sharing and imposing.  If people ask you about Buddhism ,tell them .You can even tell them  about the Buddha’s teachings without their asking . It is also important to remember that  you let  people know about the Dhamma for more effectively through your actions than through preaching to them .

Show people the Dhamma by always being considerate , kind ,tolerant , upright   and honest .Let the Dhamma Shine forth through your speech and action .

If each of us, you and I , know the it  Dhamma throughly ,practise  it fully and  share it generously with others ,we can be of great   benefit to ourselves and others also .

 

                                             May  All Beings Be Happy !

                                                                    ဓမ္မစက္ကဦးမောင်မောင်

                                 Mental Power & Inner Peace Research

                                 International Dhammacakka Foundation

                                 P.O.Box :191,C.P.O,Yangon, Myanmar .

No comments: