Wednesday, February 6, 2013

ဦးရှင်ကြီးဟာ ရေငံပိုင် ဟုတ်ပါသလား ( ရှိခိုးထိုက် ၊ မရှိခိုးထိုက် )

ဗုဒ္ဓ ဓမ္မပြဿနာများ စာအုပ်  အမှတ် ( ၈ )
ရေးသူ  = ဓမ္မဒူတ အရှင်ပညာဇောတ

နတ်ရှိသည်ဟု ယုံကြည်သူများအဖို့ နတ်များကား သတ္တ၀ါ တစ်မျိုးပင် ဖြစ်တယ်လို့ သိမှတ်ထားပါ  ။    လူတို့၌ရှိခိုးထိုက်သူ၊ မရှိခိုးထိုက်သူ ဟူ၍  နတ်များ၌ လည်း  ရှိခိုးထိုက်သော နတ် ၊  မရှိခိုးထိုက်သောနတ် ဟု နှစ်မျိုး ရှိပါ သည် ။

၎င်းနတ်တို့ကို  သတိရစွာ အစာ အာဟာရ ပေးကမ်းပသခြင်း ၊အမျှအတန်းဝေခြင်း စသည်ကိုပြုအပ် ပါ သည်။ လူများ အချင်းချင်း
ထမင်းကျွေး ၊ ဟင်းခွက် ကမ်းသကဲ့သို့ ဖြစ်ပါ သည် ။  သို့ ဖြစ်၍ လူအချင်းချင်းပြုသလို  နတ်များအားလည်း ပြုနိုင်ပါ သည်။ လူများအချင်းချင်းပေးကမ်းထောက်ပံ့လျှင် အခါ ခပ်သိမ်း ပြန်ပြီး မကူညီနိုင်စေကာမူ ၎င်းးတို့ တက်နိုင်သောအခါ  အကူ အညီ ရသကဲ့ သို့၊နတ်များလည်း အရာ ခပ် သိမ်း  မကူညီ နိုင်  ၊ မ   မစနိုင်  ၊မပေးစွမ်းနိုင် ပါ ။


                                                          ကိုယ်ကမ  မှ ၊ သူက မ မည်

ပညာရှိသည့်ပုဂ္ဂိုလ် သည် အကြင် အရပ်၌ နေခြင်းကို ပြု ၏ ။ ဤ မိမိ အရပ် ၌ နေ သော  မြတ်သော အကျင့် ကို ကျင့်ကြံ ကြ သောက္ကနြေ္ဒ တို့ ကို အရှိန်သေအောင် သတိ စောင့် အပ် ကုန်ပြီးသော သီလရှိသူ အရှင်ကောင်း ၊အရှင်မြတ် အပေါင်းတို့ ကို
ိုဆွမ်းကျွေး၍  ထိုအရပ်၌ ရှိနေ သော နတ် တို့အား အလှုကို ရည် ညွှန်းဖော်ကာ အမျှ ဝေရာ၏ ။  ပညာရှိ တို့ အမျှဝေကာ အပူဇော် ခံကြ ကုန်သော ထိုနတ် တို့ သည်  ထိုမိမိ ကို အမျှဝေသော အား ဖြင့် ပူဇော်သူကို တုံ့ လှည့် တဖန် ပူဇော် ကြ ကုန်၏ ။
အမျှဝေသောအားဖြင့် မြတ်နိုးခံ ရသော ထိုနတ် တို့ သည် ထိုမိမိ အား အမျှ ဝေသော အား ဖြင့် မြတ်နိုးသူ ကို ပြန် လည် မြတ်နိုး
ကြ ကုန် ၏ ။

ထို့ ကြောင့် မိမိ ကို ပူဇော် မြတ်နိုး သူကို မိခင် သည် ရင်၌ မွေးဖွားသော သားအရင်းကို အစဉ် စောင့် ရှောက် ဘိသကဲ့ သို့ အစဉ်
စောင့် ရှောက်ကြ လေ ကုန် ၏ ။ နတ် တို့ အစောင့် အရှောက် ကို ခံရသော လူသား သည်  အခါ ခပ် သိမ်း ကောင်းသော အာရုံ
တို့ ကို ကြုံတွေ့ ရပေ ၏ ။ ( ၀ိနည်းမ ဟာ ပါဠိ တော် )

                                                                      ပုံ၍ မယုံရာ

ဘာမဆို ကံ ကို   ယုံပြီး ပုံထားသူများကဲ့ သို့ နတ် ကို ယုံပြီး ပုံ ထားမှု့ မျိုး ကိုကား မပြု အပ်ပါ။ရတနာသုံးပါးအပေါ်၌ယုံကြည်လွန်း
လေ အာရုံပြုလွန်းလေ   ကောင်းလေ ဖြစ်သော် လည်း  နတ် များအပေါ်၌ အလွန် အကျွန် ပုံ၍ ယုံခြင်းမျိုး  နတ် ရူး သည် ရူး သည် ဟု ဆိုရလောက် အောင်  အဖြစ်မျိုးကား  မလို လားအပ်သော  ယုံကြည်မှု့ မျိုး ဖြစ်ပါ သည် ။

အချို့ ကား  ဘုရား ကို ဆွမ်းတော် တင်ရန် ၊ရေချမ်းကပ် ရန်  ၊ ဆီ မီးကပ် ရန်  ၊ ပန်းကပ် ရန် ကား သတိမရပါ ။ နတ်ပွဲ ကု မူကား
ငှက်ပျောသီး ၊အုံးသီး မနွမ်းရအောင် တရို တသေ တယု တယ ပြု စု ပသကြ ၏ ။ ဘုရားထက်ပို၍ နတ် ကို ရိုသေလေးစားသော
ပူဇော်ပသမှု့ မျိုးကား မိမိ ၏ ဗုဒ္ဓဘာသာ မပီ သမှု့ ကို ဖော်ဲပခြင်း ဖြစ်ရာ ထိုအမှု့ မျိုးကို ရှောင်ရှားရန် အထူးသတိပြုဖို့ လိုအပ်
ပါ သည် ။

                                                              နတ်   မ   ' မ ' ပါ   --​ မ  တယ်ယုံ-


ရှင်တောဘုရား ထင်ရှင်းပွင့်တော်  လက် ထက်တော် အခါ က ဖြစ်၏ ။ နတ် ကို .ယုံကြည် ကိုးစားသော ကုန် သည် များတို့ သည်
ကုန်ကူးသွားသော အခါ ၊အရောင်း အ၀ယ် သွားသော အခါ တို့၌ မသွားခင်  ကြိုတင်၍ သတ္တ၀ါများကို သတ်ဖြတ်ကာ နတ်များကို
ပူဇော်ပသ ကာ ---

                " အရှင် နတ်များတို့ အကျွန်ုပ် သည်  အန္တ  ရယ်ရှင်း ဘေးရန် ကင်း သဖြင့် လိုအပ်သော အကျိုးစီးပွားပြီးဆုံး
                ခြင်းသို့   ရောက်၍ ပြန်လာနိုင်သည် ရှိသော် အရှင် နတ် များ အား  နောက် တဖန် ပူဇော်မှု့ ကို ပြု ပါ ကုန်အံ့ "
ဟု ဆုတောင်း တိုင် တည် ကာ ကုန် ကူး သွားကြ ကုန် ၏ ။ အရောင်းအ၀ယ်မှု့ ကို ပြုကြ ကုန်၏ ။ ထိုကုန်သည် တို့ သည်  သူတို့
၏ အတိတ်ဘ၀ က ဒါန ကုသိုလ်  အဟုန် နှင့် ပစ္စုပ္ပန်  ညဏ်ဝီရိယ ရှိ မှု့ တို့ကြောင့် အန္တရ်ာရှင်းဘေးရန် ကင်းသဖြင့် လိုအပ်
သော အကျိုးစီးပွားများကို ရ၍ ပြန်လာကြ ကုန်၏ ။ထိုသို့ မိမိ တို့၏ အတိတ် ကံ ပစ္စုပ္ပန် ညဏ်ဝီရိယ တို့ ကြောင့် အန္တရယ်ရှင်း
ဘေးကင်းကာ အကျိုး အမြ တ်များရ လာကာ ပြန် လာကြသော နတ် ယံ ကြည်ကြသူု ကုန်သည် တို့ က ----
                
                 "  ငါတို့ ယခုကဲ့ သို့ ဘေးရန် ကင်းရှင်းချမ်းသာခြင်းဖြင့် အကျိုး အမြတ် များရရှိလာကြ သည်မှာ
                   ကုန် ကူး မသွားခင်က နတ်များကို  ပူဇော်ပသ ဆုတောင်းမှု့ ပြု ၍ သွားကြသောကြောင့် ဖြစ် သည် ။ "
ဟု  ယုံကြည်ကြကာ သတ္တ၀ါ အများ ကို သတ်ဖြတ် ကာ တောင်းပန်မှု့ မှ လွတ် မြောက်ရန် နတ် များအား ပူဇော်ပသမှု့ ပြုကြ ကုန် ၏ ။ ထိုအချင်းအရာကို မြင်ကြ၍ ရ ဟန်းတော် တို့ က ဘုရားရှင် အား

                        " မြတ်စွာဘုရား.. လူများ အပေါင်းသည် သတ္တ၀ါ အများအား သတ်ဖြတ်၍ နတ်များကို ပူဇော် ပသမှု့ ပြုရာ၌
                        အကျိုးအမြတ်ရှိပါ သလား ဘုရား "
ဟု လျှောက်ထားကြကုန်၏ ။ ထိုအခါ  ဘုရားရှင် က ရဟန်းတို့ အတိတ် အခါက ကာသိ တိုင်းရွာငယ် တစ်ခု၌ သူကြွယ်
တစ်ယောက် သည် ရွာတံခါးရှိ  ညောင် ပင် စောင့်နတ် အား အဲ့ဒီ ကုန်သည် ပူဇော် သလို  ပူဇော်ပသ၍ ကုန်ရောင်းကုန်ဝယ်သွား
ကြ သည် ။ အဲ့ဒီ  သူကြွယ်ဟာ  ပထမ ကုန် သည် များ နည်းတူပဲ အကျိုး အမြတ်ရရှိ လာတော့  နတ်မ လို့ပဲဟု ယုံကြည်ကာ
သတ္တ၀ါ အများကို သတ်ဖြတ်ကာ  ''တောင်းပန်မှု့ မှ လွတ်စေပါအံ့ '  ဟု နှ လုံးသွင်းကာ ညောင်ပင်ရင်းသို့ သွားတယ် ။အဲ့ဒီအခါ
ညောင် ပင်စောင့် နတ်က  သစ်ပင်ခွကြားမှ  -----
                               
                        "   အို........ကုန်သည် ယောက်ျား ၊အကယ်၍ သင် သင်သည် တောင်းပန်ကိုးစားသည်မှ လွတ်လိုသည် ဖြစ်အံ့ ။
                            တမလွန်ဘ၀ နောက်လောက၌  မကောင်းမှု့ ဖြင့် မဖွဲ့ မိအောင်ပြုပါ ။"
                           " အို .....ကုန်သည် ယောက်ျား  ၊အကယ်၍ သင် သည်  သတ္တ၀ါ များကို သတ်ဖြတ်၍ ကိုးကားမှု့ မှ လွတ်လို
                            သည်ဖြစ်အံ့ ၊ ဤသို့ လွတ် လို သည် ရှိ သော် သင့် ကို မကောင်းမှု့ ဖြင့် ဖွဲ့ မိတော့ အံ့ ။ "
                            "အကြင်ပညာရှိ ယောက်ျား တို့ သည် သင့် ကဲ့ သို့ မကောင်းမှု့ ပြု၍ ကိုးစားမှု့ မှ လွတ်ရန် မပြုမိကြ ကုန်။
                             မှန်တယ် ...အို ကုန်သည် ယောကျာ်း ၊သင် လို  သူ့  အသကိ သက်ပြီး ကိုးစားမှု့ လွတ်မြောက်စေခြင်းဟာ
                            လူမိုက် အတွက် အနှောင် အဖွဲ့ သာ ဖြစ် ပါ တယ် ။ "
လို့ ဤ စကား တို့ ဖြင့် ကုန် သည် ယောက်ျား အား တရားဟော လိုက် ပါ တယ် ။ ထို အခါ မှ စ၍ လူတို့ သည်  သူ့ အသက် ကို သတ်၍ နတ်များအား မပူဇော်  မပသ ၊မကိုးစားကြတော့ ပါ ။
                                                                                                                           ( အာယာ စိတဘတ္တဇာတ် )
                         
                                                                        နတ်အကြောင်း
အို...စာရှု့ သူ ၊ဤ မျှလောက် ဖတ်မိ ပါ လျှင် နတ် အကြောင်း ၊နတ် ၏သဘာဝ ၊နတ်မသည် ။နတ် မ  မသည် ၊နတ်များကိုအားကိုး
တစ် ခု ပြု သင့် သည်  မပြု သင့် သည် ကို သိ လောက် ပါ ပြီ ။ မိမိ အဘယ်ကြောင့်  ဤ သို့ရေးသားဖော်ပြ ရ သည် ကို လည်း
ရိပ်မိလောက် ပါ ပြီ ။

သာသနာထွန်းကား ပါ သည် ၊ ဗုဒ္ဓဘာသာ ဦးရေ များပါ သည် ဆိုသော မြန်မာနိုင် ငံ တွင် ဗုဒ္ဓဘာသာ အမည်ခံ နတ် ကို အားကိုး
စွဲ လမ်းတစ်ခု ယုံကြည် သူ အများအပြားရှိ ပါ သည် ။ မယုံကြည် သူများ မှာ အနည်း ငယ်မျှ သာရှိပါ သည် ။ယင်းနတ်များတွင်
ဦးရှင်ကြီးနတ် ကို ကိုးကွယ်ပသ ပူဇော် မှု့ မှာ တစ်မျိုး ဆန်းနေပါ သည် ။ မြို့ လုံးကျွတ် ဦးရှင် ကြီး ပူဇော် ပွဲ လုပ် သည် အထိ ရှိ ပါ သည် ။  ယင်းမျှ  ယုံကြည်ကိုးကွယ်သူနှင့် မယုံကြည် မကိုးစားသူ ခြားနားကာ  မိမိ ထံသို့ ပြဿနာရောက်ရှိလာပါ သည် ။

''အရှင်ဘုရား ၊ဦးရှင်ကြီးဟာ ရေငန်ပိုင် ဟုတ်ပါ သလား ဘုရား ။''

"ဦးရှင်ကြီးဟာ  ရေ ငန်ပိုင် မဟုတ်ဘူး  ။ "

"အရှင် ဘုရား အဖြေ ကလည်း တို လိုက် တာဘုရား ။ "

"ဒကာကြီး အမေးက ဒါလောက် နဲ့ ပဲ အဖြေက ပြည့်စုံနေတော့ ဒီ လောက် ပဲ ဖြေရ တာပေါ့ ။ "

 "ဦးရှင်ကြီးက  ရေငန်ပိုင်   မဟုတ်ရင်  ဘယ်သူက ရေငံ ပိုင် ပါ လဲ ဘုရား ။ "

"ရေငန်ပိုင်ဟာ  မဏိမေခလာ  နတ်သမီးပဲ ။ "အရှင် ဘုရား လာမေးကာမှ ပြဿနာတွေ ရှုပ်ကုန်ပါပြီဘုရား "၊တပည့်တော်တို့သိနေတာက ဦှးရှင်ကြီးပဲ  ၊ ရေငံပိုင်လို့ သိပါ တယ်။ မဏိမေခလာ   နတ်သမီး ကို ရေငန်ပိုင်လို့ မသိပါ
ဘုရား ။ "

"အလောင်းတော်  မဟာဇနကမင်း သင်္ဘော ပျက်စဉ်က ကယ် တင်တာ ဦးရှင်ကြီးလား ၊မဏိ မေခလာနတ် သမီးလား  ။ "

"မဏိမေခလာနတ်သမီးပါ ဘုရား ။"

"အင်း...ပင်လယ်ထဲမှာကျ  သင်္ဘောပျက် လို့ ကယ်တင်တာ မဏိမေခလာ နတ်သမီးပါ ၊ ဦးရှင်ကြီးမဟုတ်ပါ ဘူး ။အဘယ် မလိမ္မာ
တဲ့ လူမိုက်တွေက ဦှးရှင်ကြီးကို ရေငန် ပိုင်ဆိုပြီးထိုးထဲ့ လိုက် တာနဲ့ ရေငန်ပိုင် နာမည်ခံ ဖြစ်သွားလဲ မသိပါ ဘူး ။ "

"ဒါဆို   ဦှးရှင်ကြီးက   ဘာနတ်လဲဘုရား ။"

"ဦးရှင်ကြီးက နတ်မဟုတ်ဘူး ပြိတ္တာပါ ။"

"အရှင်ဘုရားပြဿနာတွေက ရှုပ်သထက်ရှုပ်လာပြီ  ၊ဦးရှင်ကြိးဟာ ဘယ်လိုပြိတ္တာလည်း  ရှင်းပါ ဦးဘုရား ။"

                                                                         စောင်းသမားမောင်ရှင်

ကဲ..ကဲ..နားထောင်၊ရှင်းပြမယ် ။ အဲ့ဒီ့ ဒကာကြီးတို့ ယုံကြည်နေကြတဲ့ ရေငန်ပိုင်ဦးရှင်ကြီးနဲ့ ပတ်သတ်ပြီးတော့ မိန်းမလှကျွန်း
ဆိုတာ ဟိုမြစ်ဝကျွန်းပေါ်ဒေသတွင် ထင်ရှားတဲ့ ကျွန်းတစ်ကျွန်းရှိပါ တယ် ။

အဲ့ဒီ မိန်းမလှ ကျွန်းကို မွန်စာပေမှာတော့' မိန်မ္လဲ ' လို့ ရေးသားပါ တယ် ။အဓိပ္ပာယ်ကတော့ မြရာပင် ပေါက်တဲ့ ကျွန်းလို့ ရပါ တယ်။  အဲ့ဒီ့ မိန်းမလှ ကျွန်းရဲ့ တောင်ဘက်မှာတော့ 'ကျွန်းညိုကြီး 'ဆိုတဲ့ ကျွန်းတစ်ကျွန်း  လညှ်းရှိပါ တယ်  ။ အဲ့ဒီ့ ကျွန်းညိုကြီးမှာ
တော့ ယခုအခါ  လူနေအိမ်ခြေတွေ  စည်ကားစွာနဲ့ ဖြစ်နေတော့  ကျွန်းညိုကြီးဆိုတဲ့ အမည်ပျောက်ပြီး ကျွန်းညိုရွာ လို့ အမည်
တွင်နေပါ ပြီ ။  အဲဒီ သမိုင်းဖြစ်စဉ်တွေကို ပြန်ကြည့်ရင်  ဘယ်ဘုရင်လက်ထက်က ၊ဘ်ာသက္ကရာဇ်က ဆိုတာ အတိအကျ မပြောပြ
နိုင်ပါ ။ ရာမညတိုင်း မွန်လူမျိုးများကောင်းစားစဉ် အခါ က လို့ ပဲပြောနိုင်ပါ တယ်  ။

အဲဒီ အခါက  ယခု  ပဲခူးနယ်စား  ကစင်ရွာ ဆိုတာရှိပါ တယ် ၊အချို့ က  စည်တီးရွာလို့လည်းခေါ်ပါတယ် ၊ အဲ့ဒီရွာမှာ မောင်ရှင် ဆိုတာ ရှိပါ တယ် ၊သူ့ ဖခင်က  သူကြီးပါ ။ သူငယ်စဉ်က ပဲ သေဆုံးသွားပါ တယ် ။ ဖခင်သေဆုံးသွားတော့ဆင်းရဲနွမ်းပါးနေတာနဲ့
သူ   ထွန်းချွန်စွာ    တက်မြောက်တဲ့ စောင်းပညာနဲ့မိခင်  မုဆိုးမကြီး ကို လုပ်ကျွေးနေရပါ တယ် ။

                                                                    လှေထိုးသားမောင်ရှင်

မောင်ရှင်မှာ အသက်ကြီးပြီ ဖြစ်သော်လည်း ရှင်မပြုရသေးပါ ။ရှင်ပြုရန်အတွက် မိခင်က  သူ့ရဲ့ခင်ပွန်းသူကြီး မကွယ်လွန်မီ ကောင်းစားစဉ်က  အစ်မဖြစ်သူကို ငွေ ၃ပိဿာချေးခဲ့ ဖူးတာကို သတိရပါ တယ် ။ အဲ့ဒီ အခါမှာမောင်ရှင်အဒေါ်ကကြွယ်ဝချမ်းသာ
နေချိန်ဖြစ်ပါ တယ် ။ မောင်ရှင့် အမေ က သားမောင်ရှင် ကို ရှင်ပြုလို၍ ကြွေးသွားတောင်းရာ အစ်မဖြစ်သူက ကြွေးမပေးတဲ့ အပြင်
အမျိုးမျိုး ဆဲဆိုကြိမ်းမာင်းပြီး လွှတ် လိုက်ပါ တယ် ။

အဲဒီလိုအရှက်ရလာတော့ ရှက်လညှ်းရှက်  ၊စိတ်လည်းဆိုး ၊စကားလည်းများ၍ သားအမိ ၂-ယောက် ရောက်တက်ရာရာသွားရာမှ
ဒလမြို့ သို့ ရောက်လာပါ တယ် ။ ဒလမြို့ရောက်တော့ မောင်ရှင်က ရှင်သာမဏေ ပြုလုပ်ရန်ငွေကြေးပိုက်ဆံရအောင်မျောသမား
 လှေ ထိုးသမားအဖြစ်နှင့် အလုပ်ရ ပြီး လိုက်သွားရာ  မိန်းမလှကျွန်းသို့ရောက်သွားပါ တယ် ။

                                                                     ပြိတ္တာမောင်ရှင်

အဲဒီမုဆိုးမကျွန်းမာ ကရင်မုဆိုးမကြီးရဲ့ သမီး၎ ယောက်  ကျားကိုက်ခံရပြီး အစိမ်းသရဲမတွေဖြစ်ကာ စောင့်နေရပါ တယ် ။ အဲဒီ
အစိမ်း သူရဲတွေကို  ယခုခေတ် လူညံ့တွေက နတ်ဆိုပြီး ကိုးကွယ်နေကြတာပေါ့ ၊နတ်စိမ်းတွေပေါ့ ၊အမှန်စင်စစ် နတ်စိမ်းဆိုတာ
နတ်မဟုတ်ပါ ၊ပြိတ္တာတွေပါ ၊အသူရ ကာယ်ဘုံသားတွေပါ  ။

မောင်ရှင် တို့မိန်းမလှ ကျွန်းရောက်တဲ့ အခါ မောင်ရှင်ကို လှေ စောင့် ထားပြီး ကျန်တဲ့ လူများကမျောခုတ်သွားကြပါ တယ် ။
မောင်ရှင်ဟာ လှေပေါ်မှာ တစ်ယောက် တည်းနေရတော့ ပျင်းတာနဲ့ အပျင်းပြေစောင်းတီးပါ တယ် ။ အဲဒီ မိန်းမလှကျွန်းကိုစောင့်
နေရတဲ့ ကရင်မုဆိုးမကြီး သမီး ၄ယောက် ကျားကိုက်လို့ သေရတဲ့ပြိတ္တာမများက  သဘောကျပြီး မျောခုတ်ပြီး လှေ ထွက်မည်ပြု
တဲ့အခါ လှေ မထွက်နိုင်အောင်ပြိတ္တာတို့ အာနုဘော်နဲ့ တားထားပါ တယ် ။

အဲဒီလိုလှေ မသွားတဲ့ အခါ လှေမထွက်နိုင်အောင် အပြစ်ရှိတဲ့ သူ ဒီလှေပေါ်မှာရှိ ရမယ်ဆိုပြီး သူယုတ်မဲ ချကြပါတယ် ။ ပြိတ္တာမ
တွေရဲ့ အာနုဘော်ကြောင့် မောင်ရှင်ကိုပဲ ထပ်ခါထပ်ခါ မဲ ၃ကြိမ်ကျပါတယ် ။ အဲ့ဒီတော့ လှေ သူကြီးက မောင်ရှင်ကို အရှင်လတ်လတ် ရေထဲသို့ ပစ်ချပါ တယ်။ မောင်ရှင်မှာ ရေထဲသို့ မရောက်ခင် အရှင် လတ်လတ်ပျောက်သွားပါတယ် ။ အဲဒီ အဖြစ်အပျက် ကို သိကြတဲ့ လှေသူကြီး   လှေ ထိုးသား မှ စ၍ လူအများက မောင်ရှင်ကို အရှင်လတ်လတ် နတ်ဖြစ်သွားတယ် လို့ ယူဆကြပါတယ် ။အဲဒီလိုယူဆပြီး  မောင်ရှင် ကို လူအများက ဘာမသိညာမသိနဲ့ ရေ ငန်ပိုင်ဦးရှင်ကြီးဆိုပြီး ဆိုင်းဘုတ်တင်လိုက်
သည့် အပြင် ကျွန်းညိုရှင်လို့ လည်း ဆိုင်းဘုတ်တင်လိုက်ပါသေးတယ် ။

အဲဒီလို ဆိုင်းဘုတ်တင်ရာမှ  ဘာမှမသိသူ တဆင့် စကားနဲ့ လမ်းဆုံးနေသူ လူပြိန်းအများစုက  မောင်ရှင်ကိုရေငန်ပိုင်ဦးရှင်ကြီးလို့
 မောင်ရှင်ဘ၀မှ ဦးရှင်ကြီးဘ၀သို့ မြှင့်တင့်ကာ အထူးယုံကြည် တင်မြှောက်ပသ ကိုးကွယ်ကြပါတယ် ။

"ယုတ္တိမရှိတာက  အဲဒီ  ဦးရှင်ကြီးက ၃၇မင်း နတ်စာရင်း  တွင်လည်းမပါဝင်ပါ  ။ ၃၇မင်းနတ်တွေက လည်း နတ်စစ်တွေမဟုတ်ပါ ။
ဦးရှင်ကြီးလို ပြိတ္တာတွေ ၊အသူရကာယ်ဘုံသားတွေပါဘဲ  ။ အဲဒါ ဦးရှင်ကြီးဇာတ်လမ်းအကျဉ်းချူပ်ပဲ ။ ဒကာကြီးရဲက ကိုယ်ပိုင် ညဏ်
နဲ့ စဉ်းစားကြည့်စမ်း  ၊ မောင်ရှင်က ဘယ်လိုလုပ်ပြီး ရေငန်ပိုင်ဦးရှင်ကြီးဖြစ်သွားတာလဲ ။ ဘယ်သူက အပိုင်စားပေးလိုက်တာလဲ။"

"ယုတ္တိမရှိပါဘုရား ။ဦးရှင်ကြီးကို ရေငန်ပိုင်အဖြစ် တပည့်တော် ဒီကနေ့ က စပြီး မကိုးကွယ် မယုံကြည်တော့ပါဘုရား ။"

"သာဓု -- သာဓု --သာဓု   ဒကာကြီးကိုရှင်းပြရတာ အကျိုှးှရှိပါတယ် ။"

                                                                    ကုန်သည်ပြိတ္တာ

"အရှင်ဘုရားရှင်းပြလို့ တပည့်တော်မှာ ဦးရှင်ကြီးနဲ့ ပတ်သက်တဲ့ အယူအဆ တပည့်တော်မှာ ယနေ့ကစ၍ အသက်ဆုံးသည် အထိ မရှိတော့ပါ ဘုရား ၊ တပည့်တော်နှင့်တကွ အများပြည်သူတွေရှင်းသွားအောင်  အဲဒီလိုအဖြစ်မျိုး ပိဋကတ်တော်မှာရှိရင် ရှင်းပြပါလားဘုရား ။"

"အင်း....ဟုတ်ပြီ ၊ ဒကာကြီးမေးမှသတိရတယ် ၊ပြောရဦးမယ်  ၊အဲဒီ အဖြစ်မျိုးတွေဟာ  ဘုန်းကြီးတို့ ပိဋကတ်တော်တွေမှာ ပြိတ္တာ
တွေအကြောင်းဖော်ပြထားတဲ့ ပေတ၀တ္ထု ပါဠိတော် အဋ္ဌကထာမှာရှိပါတယ် ။ "

တစ်ချိန်ကပေါ့  သာဝတ္ထိပြည်သား ကုန်သည်များဟာ   လှေသင်္ဘောများဖြင့် သုဝဏ္ဏဘုမ္မိ ခေါ်တဲ့သထုံပြည်သို့  ကုန်ကူးသန်း
ရောင်းဝယ်ရန်သွားကြပါတယ် ။အဲဒီကုန်သည်များထဲမှာ  သူ့မိန်းမအပေါ် အစွဲ အလမ်းကြီးတဲ့ ကုန်သည် တစ်ယောက်ပါတယ် ။
အဲဒီကုန်သည်ဟာ လမ်းမှာရောဂါဖြစ်ပြီးသေပါတယ် ။ သူ့မှာကောင်းမှု့ များစွာရှိသော်လည်း မိန်းမကိုစွဲလမ်းပြီးသေတဲ့ အတွက်
နတ်ရွာသုဂတိသို့ မရောက်ဘဲ သူတို့လှေ သင်္ဘောသွားတဲ့ သမုဒ္ဒရာအလယ်မှာ ပြိတ္တာ ဖြစ်ပါတယ် ။

တစ်ချိန်မှာ အဲဒီမိန်းမသည် သုဝဏ္ဏဘုမ္မိ ခေါ် သထုံပြည်သို့ လှေ သင်္ဘောဖြင့် စီးနင်းလိုက်ပါလာတဲ့အခါ အဲဒီ ပြိတ္တာက သူစွဲလမ်း
နေတဲ့ မိန်းမ ကိုရယူလိုတဲ့ အတွက် ပြိတ္တာတို့အာနုဘော်နဲ့ နှောင့် ယှက် ထားပါတယ် ။ အကြောင်းမရှိဘဲ လှေ ရပ်နေတဲ့အတွက်
ဒီလှေဟာ  ဘာအကြောင်းကြောင့်  မသွားဘဲရပ်နေတာလဲလို့ စုံစမ်းဆင်ခြင်လိုက်တော့ အကြောင်းမတွေ့ ဘူး ။ အဲဒီတော့မှ လှေမသွားနိုင်အောင် သူယုတ်မာရှိရမယ် ဆိုပြီး လူယုတ်မာရွေး မဲချစနစ်ဖြင့် ရွေးချယ်ကြပါတယ် ။

ပြိတ္တာရဲ့ အာနုဘော်ကြောင့် ချသမျှ စာရေးတံမဲဟာ  အဲဒီမိန်းမပဲ သုံးကြိမ် သုံးခါစလုံး ထပ်ကျပါတယ် ။ အဲဒီ အခါမှာ  အဲဒီ မိန်းမ ကို ၀ါးဖောင်ပြုလုပ်ကာ  သမုဒ္ဒရာထဲသို့မျှောလိုက်ပါတယ် ။ အဲဒီမိန်းမ သမုဒ္ဒရာထဲကျသည်နှင့် တပြိုင်နက် လှေ သည်လည်း
ထွက်ခွာ သွားပါတယ် ။ လှေ ထွက်သွားတော့  ပြိတ္တာက  
အဲဒီ မိန်းမ ကို  သူ့ရဲ့ ဗိမာန်သို့ ခေါ်ယူပြီး  အဲဒီ မိန်းမနှင့် အတူ
ပျော်မွေ့နေပါ တယ် ။ တစ်နှစ်ကြာမျှ မွေ့လျော် ပျော်ပါးပြီးတဲ့ နောက် မိန်းမက ပြိတ္တာဘုံမှာ ငြီးငွေ့လာလို့ ပြိတ္တာကို
                  "အရှင် ..ကျွန်မ သည် သင့် ထံတွင် ပျော်ရွှင်စွာနေထိုင်ရပါသော်လည်း  နောင်သံသရာ ကောင်းစားချမ်းသာရေး
                  အတွက် ဘာကျေးဇူးမှ  မပြုလုပ်ရပါ အရှင်.. တောင်းပန်ပါတယ် ၊ကျွန်မ ကိုပါဋလိ ပုတ် ပြည်ကိုသာပြန်ပို့ပေးပါ"လို့
တောင်းပန်ပါတယ် ။အဲဒီအခါမှ ပြိတ္တာက သနားလို့ အဲဒီ မိန်းမ ကို ကောင်းကင်ခရီးဖြင့်ခေါ်ဆောင်ကာ  ပါဋိပုတ်ပြည်ရဲ့ အလယ်မှာ ချထားခဲ့ ပြီးပြန်သွားပါတယ် ။ "အရှင်ဘုရား...ဒီမိန်းမ ကတော့ တယ်တေယ်ပါလား ဘုရား ။ကောင်းမှု့ ပြုခွင့်မရတဲ့
ပြိတ္တာပြည်မှ လူ့ပြည် ပြန်လာတယ် ။ ကျွန်ုပ်တို့မော င်ရှင်ခေါ် ဦးရှင်ကြီးကတော့ ပြိတ္တာစည်းစိမ်နဲ့ လူအ လူနတွေ  ပေးတာကျွေးတာလေးနဲ့ ကျေနပ်နေတာနဲ့ ခုထက်ထိပြန်မလာပါလားဘုရား ။ "

"အင်း..မောင်ရှင်ခေါ် ဦးရှင်ကြီးကတော့ ကုသိုလ်ကောင်းမှု့ ရဲ့ တန်ဖိုးကို မသိတော့ ဘာမဟုတ်တဲ့ ပူဇော်မှု့လေးနဲ့မေ့နေတာ
်ပေါ့ ။ အရှင်ဘုရား ၊ကုန်သည်ပြိတ္တာ အပြင်  မောင်ရှင် အဖြစ်နဲ့ တူတဲ့ တခြားအကြောင်းအရာရှိပါသေးသလားဘုရား ။
ရှိသေးတယ် ဒကာကြီး "

"အမိန့်ရှိပါဦးဘုရား ။ "

                                                                  လင်လွန်ကျူး ပြိတ္တာမ

ကဿပဘုရားရှင် လက် ထက်တော်အခါက ကိမိလ မြို့ မှာသောတာပန် ဥပါသကာ တစ်ယောက်ရှိတယ်။သူ့မှာအဖော်ဥပါသကာ
ငါးရာရှိတယ် ၊တစ်ဦးနှင့် တစ်ဦး ညီမျှ တဲ့ စိတ် ဆန္ဒရှိသည် ဖြစ်၍ စိတ်ပါ ၀င်စားစွာနဲ့ ဒါန ၊သီလ စသည့်ကုသိုလ်များကို အတူပြု
ကြပါသည် ။သူတို့၏ဇနီးများလည်း ဥပါသကာမများဖြစ်၍ အချင်းချင်းစိတ် အလိုဆန္ဒ တူမျှ ညီ ကြ ကာ

တစ်နေ့သ၌ အရက် သမားများသည် အမျိုးသမီးများရဲ့ ရုပ် အဆင်းလှပခြင်းကို တွေ့မြင်နှစ်သက်၍ အမျိုးသမီးများ အကျင့် ပျက်ကြောင်း ၊ညှို့ ခုနှစ်ချောင်း ရှိတဲ့ စောင်းကို အသံသာယာအောင်တီးခတ်၍ သာယာနာပျော်ဖွယ်သောအားဖြင့် သာလျှင်ကာမ
နှင့် စပ်ယှဉ်သောတေးဂီတများဖြင့် သီဆိုဖြားယောင်းဖျက်ဆီးတဲ့ အခါ အမျိုးသမီးတစ်ယောက်ပျက်ဆီးသွားပါတယ် ။ အဲဒီ အကြောင်းကို အဲဒီ အမျိုးသမီးရဲ့ လင်ယောက်ျား ကြားတဲ့ အခါ မေးကြည့်တော့ အမျိုးသမီးက----

                              "ကျွန်မ ဒီအကြောင်းဘာမှ မသိရပါ ။ ကျွန်မ ဟာ အဲဒီ ကဲ့ သို့ သော ဖောက်ပြန် မှားယွင်းမှု့ များကို ပြုမိခဲ့ သည် ဖြစ်ပါ အံ့ ၊ဒီ နားရွက် ပြတ် သည့် ခွေးနက်ကြီးသည် ဖြစ်လေရာဘ၀တိုင်း၌ ကျွန်မ ကို ကိုက်စားပါစေသားလို့"ကျိန်ပြပါတယ်
အခြားမိန်းမတွေက လည်း အဲဒီ လိုကျုးလွန်တာကို မသိမမြင်ကြပါ ။ ကျွန်မတို့ အကယ်၍ သိခဲ့ မြင်ခဲ့ သည် ဖြစ်အံ့  ၊ဘ၀တိုင်း၌
သူမ ၏ ကျွန်မ များသာ ဖြစ်ပါစေသားလို့ ကျိန်ဆိုပါ တယ် ။အဲဒီ နောက် ဖောက်ပြားတဲ့ မိန်းမဟာ ကျူးလွန်သော အပူမီးဖြင့်
တောက်လောင်သော စိတ်ရှိရကား ၊ခြောက်သွေ့ ပိန် ချူံးကာ သေလွန်၍ ဟိမ၀န္တ အနီး ကဏ္ဍမုဏ္ဍ အိုင်အနီးမှာ ဗိမာန်ပိုင်ရှင်  ပြိတ္တာ မသွားဖြစ်ပါ တယ် ။ကျန်တဲ့ မိန်းမ  ငါးရာတို့ သည် လည်း  သေလွန်တဲ့ အခါ  မြင်ပါ သိပါ လျှက် နှင့်   မမြင်ပါ မသိပါ လို့ မုသားပြောတဲ့  ကံ ၊ကျိန်စာ ဆိုခဲ့ တဲ့ အကုသိုလ် ကံ တို့ ၏ အစွမ်းဖြင့် အဲဒီ မိန်းမ ရဲ့ ကျွန် မများသာ ဖြစ်ရရှာပါ တယ် ။

အဲဒီ ပြိတ္တာမ ဟာ ကကုသိုလ် ကံကြောင့် နေ့ အခါမှာစည်းစိမ်ခံစားရ၍ ည အခါမှာ မကောင်းမှု့ကံ နှိုးဆော်၍ အိပ်ရာနားထကာ ရေ ကန်နားသွားရပါ တယ် ။ ရေ ကန် နားရောက် သော် ဆင်ပေါက် ပမဏရှိတဲ့ ကြောက် မက် ဖွယ်ကောင်းတဲ့ နားရွက် ပြတ်နေ
တဲ့ ခွေးနက်ကြီးက ရေကန်ထဲ က တက် လာကာ အဲဒီ ပြိတ္တာမ ကို မြေကြီး၌ လဲကျစေကာ အလွန်ဆာလောင်ခြင်းနှိပ် စက် ခံနေရ သည့် ပမာ ကိုက်စားလျှက် အရိုးမျှ ကန်အောင်ပြု၍ ကိုက်ချီကာ ရေ ကန်ထဲ ပစ်ချပြီး ကွယ်ပျောက်သွားပါတယ် ။

အဲဒီ ပြိတ္တာမ သည် ရေ ကန်ထဲ ပစ်ချပြီးမကြာမီ ပကတိ အဆင်းပြန်ဆောင်၍ ဗိမာန်သို့ တက် လာကာ အိပ်ရာ၌ အိပ်ရ ပါ တယ် ။
တခြားမိန်းမများကား အဲဒီပြိတ္တာမရဲ့  ကျွန်မ များသာဖြစ်ရ ပါ တယ် ။အဲဒီ ပြိတ္တာ မလို ခွေးနက် ကြီး အစားမခံရ ဘူး ။ ထိုပြိတ္တာ မတွေဟာ နှစ်ရှည် လများ ယောက်ျားတွေနဲ့ ကင်းကွာနေရ လို့ မပျော်ဘူး ၊ပျင်းရိငြီးငွေ့ နေကြ ပါ တယ် ။ "လိုတာမရ ဒုက္ခ ဆို တာ အဲဒါ လည်းပါ တာပေါ့ ။ "

"မှန်ပါ ဘုရား "

အဲဒီ ပြိတ္တာမတွေရဲ့ အနီး၌ နတ်သြဇာ နှင့် တူ သည့် သရက် သီး ၊ပိန္နဲသီးများရှိပါ တယ် ။ပြိတ္တာမများ သည် သရက် သီမးများကို မြစ်ထဲ သို့ ပစ်ချကြ ပါ တယ် ။ရည်ရွယ်ချက် က သရက် သီးမြင် သူ သည်  ဆယ်ယူ စားသောက် ပါ က အရသာ၌ တပ် မက်သော
လောဘဇောကြောင့် သူတို့နေရာရောက် လာပါ က အဲဒီ ယောက်ျားနှင့် ပျော်ပါးမယ် ဆိုတဲ့ အကြံနှင့် ကြံ ပြီး ကြံတဲ့ အတိုင်းပြုကြ
ပါ တယ် ။ ဗာရာဏသီပြည် သို့ရောက်၍ ဗာရာစသီမင်းရဲ့ သံကွန်ယက် ၌ ငြိကပ်တော့  မင်းချင်းများက ဆယ်ယူကာ မင်းကြီး
အားဆက်သပါ တယ် ။
 
မင်း ကြီးက စားကောင်း မစားကောင်းသိအောင် အချူပ်ထဲ ၌ သေမိန့် ကျနေ သည့် ရာဇ၀တ်သားကို စားခိုင်းပါ သည် ။ ရာဇ၀တ်သားစားလိုက်တော့ အရေ တွန့် မှု့ ။ဆံ ပင် ဖြူ မှု့များပျေက်ကွယ်သွားပြီး လူငယ် လို့ ပြန်ဖြစ်သွားပါ တယ် ။အဲဒီ
အချင်းအရာကို မြင်ရတဲ့ မင်းကြီးဟာ အံ့ သြ၍ သရက် သီးများအရှာ ထွက်တယ် ။ပထမဦးစွာ မုဆိုးရောက်သွားပါ တယ် ။
ပြိတ္တာမများမြင်၍ ငါ ပိုင်တဲ့ ယောကျာ်း လို့ အော် ကာ အလု အယက် မုဆိုးအနီးသို့ ချဉ်းကပ် လာပါ တယ် ။ သို့ သော် လည်း မုဆိုးမှာ အဲဒီ ပြိတ္တာ မများနှင့် အတူ ထိုအရပ် မှာ စည်းစိမ် ခံနိုင်တဲ့ ကောင်းမှုက ကုသိုလ် ကံ  မပါ တဲ့ အတွက်  ပြိတ္တာ မများကို မြင်လျှင် ကြောက် ရွံ့ ကာ ထွက် ပြေးပါတယ် ။

မုဆိုးသည်  မင်းကြီး အား အဲဒီ အကြောင်း ကို မင်းကြီး အားပြောကြားပါ တယ် ။မင်းကြီးသာ် သရက် သီးများကို စားလို့ ၀ ၊ပြိတ္တာမများကို လည်း လိုချင်၍ တိုင်းပြည်လွှဲ ကာ မှုးမတ် နှစ်ယောက် သုံးယောက် နှင့်  မုဆိုးကို လမ်းညွှန်စေကာ သွားပါ တယ် ။
ပြိတ္တာမများအနီးသို့ တော်တော် ရောက် သော် အဖော်မှုးမတ် တို့ ကို ပြန်လွှတ် လိုက် ပါ တယ် ။ သရက်တောနားသို့ ရောက် သော် မုဆိုးကို လည်းပြန်လွှတ်ပြီး တစ်ယောက် တည်းသာသွားပါ တယ် ။

ပြိတ္တာမများသည်  မင်းကို အသစ်ရောက် လာသော နတ်သားပမာတွေ့မြင်၍ ခရီးဦးကြိုဆိုကြပါ တယ် ။ ဘုရင်မင်းမြတ်ဟု သိကာ အလွန်တရာ ချစ်ခင်ကြပါ တယ် ။ ကောင်းမွန်စွာရေချိုးပေးပြီး  အ၀တ်တန်ဆာ ပန်းနံ့ သာ တို့ ဖြင့် ကောင်းမွန်စွာ တန်ဆာ ဆင်ပြီး နေရာဗိမာန် ပေါ်သို့ တင်ကြကာအရသာ အမျိုးမျိုးတို့ ဖြင့် ကျွေးမွေးကာ ပျော်ပါးခံ စားကြပါ တယ် ။ နှစ်တော်တော်ကြာ
တော့ ဘုရင် မင်းမြတ်ဟာ ပြိတ္တာမ တို့ရဲ့ နေ့စံ ည ခံရတဲ့ အဖြစ်သနစ်ကို သိ ကာ ငြီးငွေ့ပြီးပြန်ဖို့ပြောပါ တယ် ။ပြိတ္တာမ များကလည်း မပြန်ဖို့ရာ တားတယ် ။ ပြိတ္တာမ များတားသော်လည်း  တား၍ မရသဖြင့် ငိုကြွေးကာ သူပိုင်ဆိုင်သော ကျောက်သံ ပတ္တမြား တို့နှင့် အတူ ဘုရင် မင်းမြတ် အား ဗာရာဏသီ ပြည် သို့ ပြန်ပို့ လေ၏ ။

ဘုရင်မင်းမြတ်သည်  အဲဒီ ပြိတ္တာမများကို မြင်တွေ့ရသဖြင့်ထိတ်လန့်ကြောက် ရွံ့ ငြီးငွေ့ရကား ဒါန သီလ စသည့် ကောင်းမှု့ များကို ပြု လုပ် လျှက် အထက် နက် ပြည် သို့ လားရောက် ရလေ၏ ။

"ကဲ...အဲဒီ ပြိတ္တာမတွေ နဲ့ ဘုရင် ဇာတ်လမ်းလည်း ဒကာကြီးတို့ရဲ့  ဦှးရှင်ကြီးဇာတ်လမ်းနဲ့ မတူဘူး လား "

"တူပါ တယ်ဘုရား"

"ဒါဖြင့် ဦးရှင် ကြီးဟာ ရေငန်ပိုင်လား  ၊ ပြိတ္တာလား ။ "

"ပြိတ္တာပါ ဘုရား"

"ကဲ ..ဒီလောက်သိရင်တော်ပြီ ။ "

ဦးရှင်ကြီးကြောင်း  ၊သိစကောင်း ၊ စုပေါင်းရေးခဲ့ ပြီ ။
ဦးရှင်ကြီးဟာ  ၊ ပြိတ္တာသာ ၊ဘယ်မှာ ရေငန် မပိုင်ပြီ ။
မဏိမေခလာ နတ်သမီးသာ ၊သေချာ ရေငန်ပိုင်ဖြစ်သည် ။
ရေငန်မပိုင် ၊ ရေငန်ပိုင် ၊ စွဲ ကိုင်မှားတော့ သည် ။
စွဲ ကိုင် မှားကာ ၊ ကိုးကွယ်တာ ၊ မှားသာ ဖြစ်တော့ သည် ။
အမှားကိုးကွယ် ၊ ဒိဋ္ဌိဆွယ် ၊ အပါယ် ဆင်းတော့ မည် ။
                               ×                                  ×                                         ×
                                                                          


Blogged with the Flock Browser

Blogged with the Flock Browser

No comments: