Friday, December 7, 2012

အတွင်းလှေကားနှင့် အပြင်လှေကား [ ပါ ရဂူ ]

လှေကားနှစ်မျိုးရှိတယ် ။အတွင်းလှေကားနဲ့ အပြင်လှေကား ။ လူမိုက် လူဖျင်းများက အပြင် လှေ ကားတက်နေကြတယ် ။အပြင်လှေကားတက်ပြီးငါတို့ အပေါ်ရောက် လိမ့်မယ်လို့ ထင်နေကြတယ် ။အပြင်မှာ စီးပွားဥစ္စာစုဆောင်းပြီး  ငါတိုက မဆင်းရဲကြတော့ဘူးလို့ တွေးတော နေကြတယ်။မဆင်းရဲတော့တာ
တော့ မှန်ပါတယ် ။ဒါပေမယ့် အပြင် က ဆင်းရဲတာသာ ပျောက်သွားတာ ။ အတွင်းက ဆင်းရဲတာ ပျောက်မသွားဘူး အတွင်းက ဆင်းရဲတာကို အတွင်းက ဥစ္စဓနနဲ့သာပယ်ဖျက်လို့ရ တယ်။ အပြင် က ဥစ္စာဓန နဲ့ အတွင်းက ဆင်းရဲတာကို ဘယ် လို ပယ်ဖျောက်လို့ရမှာလဲ ။


အင်ပါယာနိုင်ငံကြီး ကြီးကျယ်သည် ထက် ကြီးကျယ်လာမယ် ။ဒါပေမယ့် အင်ပါယာပိုင်တဲ့ ဧကရာဇ်ကတော့ ဘာမှထူးခြားလာမှာ မဟုတ်ဘူး ။နေ့ရှိသရွေ့
စိုးရိမ်သောက ရောက်နေလိမ့်မယ် ။ ငါပိုင်တဲ့ အင်ပါယာကြီး သူများလက်ထဲရောက်သွားလိမ့်မလားလို့ အမြဲတစေ စိုးရိမ်ကြောင့်ကြ ဖြစ်ပေါ်နေရလိမ့်မယ် ။
အင်ပိုင်ယာချဲ့ထွင်မယ်ဆိုရင် လည်း ဘယ်လောက် စိတ်ဆင်းရဲ ကိုယ် ဆင်းရဲဖြစ်နေ ရ မလဲ ။

လူဖျင်း၊လူညံ့တွေဟာ  ငါပစ္စည်း ၊ငါ့ဥစ္စာ ၊ငါ့ သား ၊ ငါ့မယား ၊ငါ့ရာထူးဆိုတဲ့ အတွေးများနဲ့ သာလုံးခြာလိုက်နေကြတယ် ။တကယ်လို့ လူဖျင်း၊လူညံ့ တွေရဲ့ ဦးခေါင်းခွံထဲကြည့်မယ်ဆိုရင်  သားရေး သမီးရေး ချမ်းသာ ကြွယ်ဝရေး ၊ရာထူးဌာန န္တရ ရ ရှိရေး စတဲ့ အတွေးအခေါ်တွေမှ တပါး တခြားဘာကိုမှတွေက ရမှာမဟုတ်ပါဘူး ။ လူဖျင်းလူညံတွေရဲ့ ဦးခေါင်းခွံဟာ စည် ပင်သာယာ က ထားတဲ့ အမှိုက်ပုံးလိုအမှိုက်တွေ တင်းကြမ်းဖြစ်နေ တာတွေ့ရလိမ့်မယ် ။

အပြင်ပန်းမှာတော့ ကျွန်ုပ်တို့အပြုံးပန်းပွင့်နေကြတယ် ၊ကိုယ့်ကို ကိုယ် လှအောင် ကြည့်လို့ကောင်းအောင် မွမ်းမံ ပြင်ဆင်ထားကြတယ်  ။အပြုံးများနှင့် ဖုံးအုပ်ထားကြတယ်။ အသွေး အရောင် တောင်ပြောင်တဲ့ အ၀တ် စားများနဲ့ မိမိတို့ ကိုယ်ကိ  ဖုံးလွှမ်းထားကြတယ် ။အသွေးအရောင် ဆန်းပြားတဲ့ အ၀တ် အစားများနဲ့ တခြားလူတွေ ကိုလှည့်စားထားကြတယ် ။

အပြင်ဘက်မှာတော့ ဥစ္စာဓနတွေ ရှာဖွေ စုဆောင်းနေကြတယ် ။  အတွင်းဘက် ကို သတိပြုကြည့်စမ်းပါ ဦး ။ အတွင်းဘက်မှာတော့   ချွတ်ခြုံကျနေတယ်။
သူဌေး၊ သူကြွယ်များရဲ့ဘ၀ကို အနည်းအကျဉ်း လေ့ လာကြည့်ဖူးသလား ။ သူတို့ ရဲ့လောင်ကျွမ်းနေတဲ့ နှလုံးသားကိုသတိထားဖူးရဲ့လား ။သူတို့ ရဲ့ အတွင်းသန္တာန်ထဲမှာ ကိန်းအောင်းနေတဲ့  သူတောင်းစားဘ၀ကို ဂရုပြုကြည့်ဖူးရဲ့ လား ။သူတို့ရဲ့ အတွင်းသန္တာန်ထဲမှာ တကယ့် သူတောင်းစားများ ထက်
အခြေအနေဆိုးတဲ့  သူတောင်းစားဘ၀ကိန်းအောင်းနေတယ် ။ဘာကြောင့်လဲဆိုရင် သူတောင်းစားက တောင်းလို့ရ တဲ့ ထမင်း သူ့ခွက် ထဲပြည့်သွားရင်
ဖူလုံသွားပြီ ။ ပူပင်ကြောင့်ကြနေစရာမလိုတော့ဘူး။ညကျရင်လည်း သစ်ပင် အောက်မှာဖြစ်စေ  ၊လမ်းပေါ်မှာဖြစ်စေ  ဇရပ်မှာဖြစ်စေ ။ခြေ ဆန့် လက် ဆန့် နှစ်နှစ် ခြိုက် ခြိုက် အိပ် လို့ရတယ် ။  သူဌေးသူကြါယ်များရဲ့ သူတောင်းစားဘ၀ကတော့  ညဉ့်အိပ်ချိန်ကျတော့ လည်းရပ်မသွားဘူး။ သူတို့ ရဲ့ အိပ်မက်တွေ မှာ သူတောင်းစား အရိပ် အရောင်တွေ လွှမ်းနေကြတယ် ။ သူတွေရဲက အိပ်မက်တွေထဲမှာ ငွေဒင်္ဂါးတွေ ၊ ငွေစက္ကူတွေ ရှုတ်ယှက်ခတ်
နေကြတယ်။ လက်ထဲမှာတော့ ခွက် ကိုင် ထားကြတာချည်းပဲ။ သူတောင်းစားခွက် က သူ့ အတိုင်း အတာနဲ့ သူရှိနေတယ် ။ သူ့ ပိုင်းခြားချက်နဲ့ သူ
ရှိနေတယ်။ မနက်ဖြန်အတွက် ထည့်မတွက်ဘူး ။ဒီကနေက အတွက် ထမင်းတနပ် စာ ရရင်တော် ပြီ ။ သူဌေး သူကြွယ်များရဲက ခွက် ကတော့ ဘယ်တော့မှ ပြည့် တယ်လို့ မရှိဘူး  ။

လူတွေဟာ ကိုယ့်ကိုကိုယ်တောင် ပိုင် တာမ ဟုတ်ဘူး ။ တခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ပိုင်တဲ့ လူ ဘယ်မှာရှိ ပါ့ မလဲ။လင်ယောက်ျား ဟာ ဇနီးမယားရဲ့
ပိုင်ရှင် ဖြစ်တယ်လို့ ထင်နေကြတယ်။ ကိုယ့် ကိုယ်ကိုယ်တောင်မပိုင်တာ တခြားလူများရဲ့ ပိုင်ရှင် ဘယ်မှာ်ဖြစ်နိုင် ပါ့မလဲ ။

စည်းစိမ်ဥစ္စာ  ခံစားခြင်းကို  သုခစစ် သုခမှန် မဟုတ်မှန်းသိပြီး စွန့် လွှတ်ခြင်းကသာတကယ့် တကယ် စိတ်ရွှင် လန်းချမ်းမြေ့ဖွယ်ဆိုတာ ဆိုတာ သိတဲ့ အချိန်က စပြီး ပူပန်ကြောင့်ကြစိတ်မရှိဘဲ အိပ်ကောင်းခြင်းအိပ်ရ လိမ့် မယ်။ စားကောင်းခြင်းစားရလိမ့် မယ် ။  မိမိဘ၀ မှာဖြစ်ပေါ်နေ တဲ့ ပီတိသောမနဿ တွေကို ဆန်းစစ်ကြည့်စမ်းပါ။ စိတ်မချမ်းမြေ့ ဖွယ်ရောနှောပေါင်းဆုံခြင်းမရှိတဲ့  ပီတိသောမနဿမျိုးကိုတွေ့နိုင်ပါ့ လား ။  စိတ်မချမ်းမြေ့ဖွယ် သို့ မဟုတ်
ဒုက္ခရောနှောနေတဲ့ ပီတိမနဿ သို့မဟုတ်  သုခဟာ ပီတျိသာမနဿ အစစ် ၊သုခ အစစ် ဟုတ်ပါ့ မလား ။ စွန့်လွှတ်ခြင်း၏ အဓိပ္ပာယ်ကို အပြည့်အ၀ သိမြင် သဘောပေါက်ပြီးကျင့်သုံးတဲ့ အခါ ကျမှသာ တကယ့် ပီတိသောမနဿ အစစ်  သုခ အစစ် ပေါ်ပေါက် လာနိုင် ပါ တယ် ။ စည်းစိမ် ဥစ္စာ ခံစားတဲ့ သူဟာ စုဆောင်းသိုမှီး တဲ့ အလုပ် ကို လုပ် တယ် ။သူ တစ်ပါးတို့ ရဲ့ ပိုင် ဆိုင် မှု့ ကိုရှာဖွေတယ် ။ စွန့်လွှတ်တဲ့ သူ ကတော့ အတ္တ ထက် ပရကိုပိုပြီးအာရုံထားတယ်။
ဒါပေမယ့် ပရ အပေါ် ပိုင် ဆိုင်မှု့ရအောင်မကြိုးစားဘဲ မိမိကိုယ် မိ မိ ပိုင် ဆိုင် မှု့ ရှိအောင် သာ ကြိုးစားတယ်။

လူမိုက် ၊လူဖျင်း လူညံ့ရဲ့ အပြစ်က မိမိ ကိုယ်ကို လူလိမ္မာ ၊လူတော် လူကောင်း လူတက်ဟု ထင်မှတ်နေခြင်းဖြစ်တယ် ။လူပေါင်းများစွာ ရဲ့ ဘ၀ ကို တစေ့တစောင်း  အကဲခတ်ကြည့်စမ်းပါ ။မိမိကိုယ်မိမိ လူတက် .လူတော် လို့ခေါ်တဲ့လူတွေထက် ပိုပြီး ဖျင်းညံ့ တဲ့ လူတွေ့မှာ မဟုတ်ဘူး ။ ယောဗလော မညတိ ဗာလျံ ၊ပဏ္ဌိတောဝါပိတေ နသော ၊ဗာလေစ ပဏ္ဌိတမာနီ သဝေ ဗာလောတိဝုစ္စတိ  လို့ ဓမ္မပဒ မှာ ဟောပြထားတာရှိတယ် ။မိမိ မိုက် တာ ၊ဖျင်း တာ ၊ညံ့တာကို သိ တဲ့ လူဟာ လူတော် လူကောင်း လူပညာရှိ ဖြစ်တယ် ။မိမိကိုယ် ကို လူတော် လူကောင်း လူပညာရှိလို့ ထင်မှတ်တဲ့ လူဟာ  အမှန် တကယ်  လူမိုက် လူဖျင်း လူညံ့ ဖြစ်တယ် လို့ အဓိပ္ပာယ်ရတယ် ။ တကယ် တက် သိ နားလည် တဲ့ လူတွေဟာ မိမိကိုယ် ကို တက် သိ နားလည် တယ် လို့ မထင် မှတ် ကြဘူး။ တက် သိ နားလည်လေလေ တက်သိ နားလည် ခြင်းမရှိသေးဘူးလို့ ထင်မှတ်လေ ပဲ ။မျက် လုံးပွင့်လေလေ  အမှန် တရား ဘယ် လောက် ကျယ်ပြန့် တယ် ဆို တာ သိ လာလေ ပဲ ။

အမှန် တရားဆိုတာ ရေကန် နှင့် အလားသဏ္ဌန် တူတယ် ။ရေ တစ်မှုတ်  နှစ် မှုတ် သောက် ရုံ လောက်နဲ့ ကျွန်ုပ်တို့ရေငတ်နေတာပြေပျောက်သွားလိမ့်မယ်။
ကျွန်ုပ်တို့ ရေ ငတ်နေတဲ့ အတိုင်း အတာက ဘယ်လောက်ကြီးမားလို့လဲ။ရေ ငတ်ပြေသွားတယ်ဆိုတဲ့ အဓိပ္ပယ်ဟာ အမှန် တရားကို သိရှိ နားလည်သွားပြီဆိုတဲ့ အနက် အဓိပ္ပာယ် မဟုတ်သေးဘူး ။ အမှန်တရားကို စေ့ တစ်စောင်းမြင် ရရုံနဲ့ ရေ ငတ်ပြေသွားလိမ့် မယ် ။ဒါပေမယ့် အဲ့ဒီလိုရေ ငတ်ပြေသွားရုံနဲ့ အမှန် တရားကို သိရှိ နားလည် သွားပြီ လို့ မှတ် လို့ မရ သေးဘူး ။

ဆိုကရေ တီက ကျူပ် တက်သိ နားလည် လာတဲ့ အချိန်မှာကျူပ် ဘာ မှ တက် သိ နားလည်ခြင်းမရှိ သေးဘူးဆိုတာ သိရ တယ် ။ ကျူပ် တက် သိ နားလည် လာ ပြီ လို့ ထင် တဲ့ အချိန် အထိ ၊ကျူပ် ဘာမှ တက် သိ နားလည် ခြင်းမရှိ သေးဘူးလို့ ပြောတယ် ။ ဂရိ မှာ ဒေလဖီ ဆို တဲ့ နတ် ကွန်းရှိ တယ် ။
အဲ့ဒီ့နတ်ကွန်းမှာရှိ တဲ့ နတ် ကတော်က  အခါကြီးနေ့ကြီးများနဲ့ ကြုံ တဲ့ အခါ ထူးထူးခြားခြားစကားကို ပြောကြားလေ့ရှိ တယ်။ လူတွေက မေးမြန်းတဲ့ အခါ နတ် ကတော် က ပြန် ပြီး ဖြေ ကြားလေ့ ရှိ တယ်။လူအုပ် ထဲမှာရှိ တဲ့  လူ တစ်ယောက် က  ယခု ဂရိ မှာ အတက် ဆုံး ၊အသိ ဆုံးပညာရှိ ဟာ ဘယ်သူလဲ လို့ မေးတဲ့ အခါ  နတ် ကတော် က ဆို ကရေ တီ လို့ ပြန်ပြောတယ် ။ အဲ့ဒီ အကြော့င်းလူတွေက ဆို ကရေ တီ ကိုပြန် ပြောတဲ့ အခါ ဆိုကရေတီ က နတ် ဒေ၀ီ ပြောတာ မှားတယ်။နှစ် အတန် ကြာကာလ ကမိတ်ဆွေ တို့ အဲ့ ဒီ လို သတင်းမျိုးဆောင်ကြဉ်းလာတယ် ဆိုရင်တော့ ကျွန်ုပ် အနေနဲ့ လည်း လက် မခ့ ဘဲနေမှာ မဟုတ် ဘူး ။ဒါပေမယ့် အခုတော့ လက် ခံနိုင်တဲ့ အခြေ အနေ မရှိတော့ ဘူး ။ယခု ကျွနုပ် အသင့် အတင့် တက်သိနားလည်လာ ပြီ ။ကျွန်ုပ် လို တက် သိ နားလည်ခြင်းမရှိ တဲ့ လူ တစ်ခြားမရှိဘူးလို့ ကျွန်ုပ်ေ ပြာပြချင် တယ်။မိတ်ဆွေ တို့နတ် ကတော် ဆီသွားပြီး အပြင် ခိုင်းပါ ။ သူပြောတဲ့ စကား က မှားနေ တယ် လို့ ပြန် ပြောတ ယ် ။

ဂရိ နိုင်ငံ သားအချို့ နတ် ကတော် ဆီ ပြန်သွားပြီး ဒေ၀ီပြောတာ မှားတယ်။ဆိုကရေတီ က လက် မခံ ဘူး။ဘယ်သူပြောတာ အတည် ယူရမလဲ။ ဒေ၀ီပြောတာ အတည် ယူရ မလား။ ဆို ကရေ တီ ပြောတာ ကို အတည်ယူရ မလား ။
ကျွန်ုပ် လို တက် သိ နားလည်ခြင်းမရှိ တဲ့ လူ တစ်ခြားမရှိဘူးလို့
ဆိုကရေ တီ က ပြော တယ် ။ အဲ့ ဒီ အခါ မှာ နတ် ကတော် က ဘယ် လို ပြန်ပြော တယ် မှတ် သလဲ။အဲ ဒါကြောင့် သူ့ ကို တက် သိ နားလည် သူပညာရှိ လို့ပြောတာ ။ကျွန်ုပ်ပြောတာနဲ့ ဆိုကရေတီ ပြောတာ ဘယ်လိုမှ ကွာခြားချက် မရှိ ဘူး ။ မိမိ တက် သိ နားလည်ခြင်းမရှိ သေးဘူးဆို တာ သိ တဲ့ အတွက် သူ့ ထက် တက် သိ နားလည် တဲ့ ပညာရှိ ရယ် လို့ ဘယ်သူမှ မရှိ ဘူးလို့ ကျူပ် ပြော တာဖြစ် တယ် လို့ ပြန်ပြော လိုက် တယ် ။

မိမိ တက် သိ နားလည် ခြင်းမရှိသေးဘူးဆို တာ သိမြင် သဘော ပေါက် တာ ဟာ မာန် မာန နိဂုံး ချူပ် သွားတာ ဖြစ် တယ်။ မာန် မာန အတွက် လိုအပ် တဲ့ ဒေါက် တိုင် တွေရှိ တယ် ။ဘာတွေလဲ ဆိုရင် ငွေကြေးဓန တို့ ၊ရာထူးဌာန န္တရ တို့ ၊အသိပညာတို့ ဖြစ် တယ် ။အသိပညာဟာ နောက် ဆုံးဒေါက် တိုင် ဖြစ် တယ်။ တစ်ခြားဒေါက် တိုင် တွေ အားလုံးပျက်စီးသွားတဲ့ အခါ တောင်မှ အသိပညာ ဒေါက် တိုင် တဲတဲ ကလေးကျန်နေ တက် သေးတယ် ။ အသိပညာဒေါက် တိုင်နဲ့ အတူ ဒေါက်တိုင်တွေအားလုံးပြိုကျပျက်စီးသွားတဲ့ အခါ မာန် မာန တရား က လည်း ကြက်ပျောက် ၊ငှက်ပျောက် ဖြစ်သွားလိမ့် မယ် ။ အဲ့ ဒီ အခါ မှာ မိမိ ဆို တာ  ငါ ဆို တာရှိ မှာ မဟုတ်တော့ ဘူး ။ ရေ ပေါက် တစ်ပေါက် ။ ရေ စက် ကလေး တစ် စက် ဟာ ပင် လယ် သမုဒ္ဒရာဖြစ်သွားလိမ့်မယ် ။

မိမိရဲ့ အိုးကိုမှောက်ပြီး အိုးထဲ ဘာတစ်ခုမှ မရှိ အောင် ပြုလုပ် ပါ။အိုး ထဲ ထည့် တာတွေများနေတယ် ။အိုးအပြည့်ဖြစ်နေတယ် ။လိုတာထက် ပိုပြီး အိုးထဲ ထည့်နေတယ် ။မလိုအပ် တဲ့ အချည်းအနှီး ဖြစ်အလဟဿ ဖြစ် တဲ့ အမှိုက်တွေ အပြည့်ဖြစ်နေတယ် ။မိမိ စိတ် နှလုံး အိုးထဲမှာ နေရာလပ် မရှိအောင် ဖြစ် နေတယ်။အိုးကိုမှောက်ပသ် လိုက် ပါ ။ ဗလာကျင်းပစ်လိုက် ပါ ။ ဘာမှ မရှိ တော့ တဲ့ အိုးထဲ ကို ကြည့်ရင်  အိုးထဲ မှာ ထူးခြားမှု တစ် ခု ရှိ လာ တာတွေ့ ရလိမ့် မယ် ။                       ။
                                                    *                                       *                                    *