Thursday, September 19, 2013

ကဲချင်ဦးလေ၊မှတ်ပြီလား(၁၉၇၆-၁၉၇၇)တက္ကသိုလ်မဂ္ဂဇင်းမှ…


ဒါလေးကတော့ ဖေဖေ တို့ တက္ကသိုလ် တက်တဲ့နှစ်ကထုတ်ဝေခဲ့ တဲ့ မဂ္ဂဇင်းလေးထဲကပါ ။ အိမ်မှာ သိမ်းထားတာ နှစ်ရှည်လများကြာခဲ့တဲ့ စာအုပ်တစ်အုပ်ပေါ့ ။ဟိုတုန်းက စဖတ်ကတည်းက တော်တော်လေးသဘောကျခဲ့တာပေါ့ ။ :)

အချီ
သည်စာကိုသည်တစ်ကြိမ်ရေးရပေဦးမည်။ငါးခေါက်မြောက်ရေးခြင်း။ရေးလိုက်မကြိုက်လိုက်၊ပြန်ပြင်
လိုက်၊ရေးလိုက်၊မကြိုက်လိုက်။ယခုနောက်ဆုံးပဉ္စမအကြိမ်ရေးပါဦးမည်။သည်တစ်ချီတော့ပြင်ရန်စိတ်မကူးတော့
ပါ။ စာမူပိတ်ရက် က အလွန် အင်မတန် နီးကပ်နေပြီ ။ဇာတ်အလိုလိုကို ခပ် တိုတို
ရှိစေဖို့ စာဖွဲ့ပြီး ဇာမချဲ့တော့ပါ။
× ×
×
အဖွင့်

ကျွန်တော် မောင်ရေချမ်းကား ပထမနှစ် သိပ္ပံဘာသာတွဲ တက်နေ သော
တက္ကသိုလ်ကျောင်းသား အကောင်းစားလေးဖြစ်တော်မူသည်။ အမည်ရင်း
မောင်ရေချမ်းမှန်လည်း ကာတွန်းတင်အောင်နီ၏ ဇာတ်လိုက်ကျော်
ကိုပြာလောင်နှင့်ဆင်သဖြင့် ကျောင်းတွင် "ရေပြာလောင်ချမ်း " ဟုတွင်သတက်

မည်သို့ပင်လောင်လောင်၊လောင်လောင်မှာလည်းအသည်းနဲ့ရယ်ပါ။ထို့ပြင်တ၀တက္ကသိုလ်ရောက်
သည်ဆိုလျှင်ပဲ အတွဲလေးတစ်ယောက်လောက် လိုချင်သော သဘာဝကိုမလွန်ဆန်နိုင်သော
လောင်လောင်မှာ ရည်းစားရှာမိပါ၏ ။မာမီ့ကိုအားမကိုးပဲ
သားသားကိုယ်တိုင်ရှာခြင်းဖြစ်လေသည် ။
စုံနသာမြိုင် ရှာပုံမဖွင့်ပဲ ကျွန့်တော့် အတန်းတွင်း၌ ရှာပုံဖွင့်သော်
အတန်းတွင်း အလှ စာရင်းဝင်
" လူစီလူး"အ အားတွေ့လေ သည်။ နွားကြိုက်မှတော့ ရှမ်းချောမြဲမို့….
လူစီလူး လှ မလှ အဆွေ စာဖတ် ခန့်မှန်းနိုင်ပြီပဲ …….။

လိုရင်းကိုအပိုကင်းအောင်ဆိုရရင်တော့၊ကျွန်တော်နဲ့လူစီလူးတို့"ဇေ"သွားကြပါသည်။
သိဒယ်မှုတ်လား။ ' ရွှီး' ကောင်းတယ်လေ ။ ပြီးတော့ အရပ် ကလေးနိမ့် တာ က လွဲ
လို့၊ အသားကလေး နည်းနည်းမဲ တာက လွဲ လို့၊ပါးစပ် ကလေး နဲ နဲ ပြဲ တာက လွဲ
လို့ ချစ်စရာလေး ။ကိုင်း ကိုယ့်ကိုကိုယ် ကိုယ်ဖော်
သူတော်ကောင်းဖြစ်ချေမည် ။ ထားဦးစို့ ……….
× × ×
သဘောတရား
သကြားလုံး။
သကြားလုံးဆိုတာက…..အဲ့ တင်စားခြင်းပါ ။ သကြားလုံးက ချို၏ ။မွှေး၏ ။ အရသာ
ပြည့်ဘိ၏ ။ငုံပြီးစုပ်ရ ၏ဟု အူဒူ ဗောဇနကျမ်းကဆိုသည် ။ ထို့နှယ် ချိုသော
မွှေးသော အရ သာ ပြည့်သော ၊ငုံပြီးစုပ်ရသော အရသာကို သကြားလုံးဟု
ကင်ပွန်းတပ်ခြင်းပါ ။
အတွဲလေးရှိလာသည်ဆိုလျှင်ပဲ တစ်ခုခုတော့.. အဲ…မျက်နှာကို ထိုင်ကြည့်နေ
လို့ဘယ်ဖီလင်လာမလဲ။ လက်ကလေးကိုင်ချင်သည်ပေါ့ ။ အဲ.. လက်ကလေး ကိုင်လို့
ဘယ်ဖီလင် လာမလဲ…။ အဲ..ပါးကလေးတော့နမ်းချင်သည်ပေါ့ ။အဲ…ပါးကလေးနမ်းနေလို့
ဘယ်ဖီလင် လာမလဲ၊သကြားလုံးလေး စားချင်သည် ပေါ့ ။
သည်တော့ အတွဲ ရှိလျှင် ဆိတ်ကွယ်ရာ ရှာရစမြဲ ။သို့ သော်ဆိတ်ကွယ်ရာတို့မှာ
…ဆိတ်ကိုသာ ကွယ်နိုင်ပုံရ သည် ။လူမကွယ်ချေ ။လူတွေ လည်း ကြည့်တော့
ရိုးပန်းရိုးပန်း ။ အချောင်းအမြောင်းတော့ ငတက် ပြားရှုံးလိမ့်မည် ။
ထို့ ကြောင့် ချစ်သူ စုံတွဲများသညဆိတ်ကွယ်ရာ ၊ ထိုထက်လူကွယ်ရာ ရှာရ ပါ
သည်။ဒါ က သဘော တရား ။
+ ×
+
ဖြစ်စဉ် (၁)
ဆိုတော့ကျွန်တော်နှင့် လူစီလူ လည်းနေရာရှာကြပါ သည် ။ပြောရ တာရှက် လိုက် ပါဘိ …..။
တက္ကသိုလ်ကျောင်းပရ၀ဏ်ကျယ်သလို၊အဆောက် အဦးလည်းပေါ ပါသည်။ သို့ ပေ တည့်
" လူကွယ်ရာ "ကားရှားပါ သည် ။ ရှိသည့်နေရာများမှာ လညှ်း အတွဲ ဦးရေ
နှင့်မမျှတသဖြင့် လူကွယ်ရာ ရှားပါးခြင်းကား ကမ္ဘာ့ လောင်စာ
ရှားပါးခြင်းနှယ်တည့် ။
သကြားလုံး၏ အရ သာ ကို ကျွန်တော်သိပြီ ဖြစ်ရကား ၊အရူး အမဲသားစားမိသလို
့ဖြစ်နေတော့ ၏။သို့ဖြစ်၍ ကျွန်တော် နေရာရှာခြင်းအလုပ် ကို ကြိုးစား၍ လုပ်
လေသည်။
တစ်နေ့ညနေ….
ထုံးစံအတိုင်း နေရာ ရှာကြပါသည်။ ရှာလျှင်မောတက် သည်မို့ ကြိုတင်၍
စာကြည့်တိုက် အနီးမှဖျော်ရည်တစ်ခွက်စီသောက်ဖြစ်ကြသည် ။ထို့နောက်
နေရာရှာဖို့ ခြေလှမ်းစပါသည် ။စာကြည့်တိုက်အနီးမှထွက်ခဲ့ကြသည်မို့ နီးရာ
ရုက္ခဗေဒဌာန အဆောက် အဦးသို့ လျှောက်ခဲ့ ပါ သည်။ပြီး လှေကားအတိုင်း
အပေါ်ဆုံးသုံးထပ်သို့ တက် ခဲ့ကြ၏ ။ဝိဇ္ဇာဌာန အပေါ်ဆုံးထပ်များတွင် လူကွယ်ရာ
အခန်းလွတ်များ ရှိ တက် သည် ။ သို့ ကြောင့် ကျွန်တော်တို့ သည် သိပ္ပံဌာန
ဖက်တွင် လည်း ရှိလေ မည်လားဟု တွေးပြီးတက်ခဲ့ ခြင်းပါ ။
အပေါ်ဆုံးသို့ရောက်သော်စင်္ကြန်အတိုင်းအရှေ့ဘက်သို့လှမ်းခဲ့ကြပါသည်။အခန်းလွတ်များရှိနေသည်
ဖြစ်သည်။လူတစ်စု၊လူနှစ်ဦး စသည်ဖြင့်နေရာ ယူပြီ့းဖြစ်နေ၍ ဆက်
လျှောက်ခဲ့ပါ၏ သတ္တဗေဒ ဌာန နျင့်ဆက်သွယ်သော တံခါးသို့ အရောက်တွင်
ဘယ်အရပ်သို့ ဆက်သွားရ မည်ကို ရုတ်တရက် စဉ်းစားမရသဖြင့် ဟို သည် လှည့်ပတ်
ကြည့်မိပါ သည် ။
ထိုအခါ…..
မြောက် အရပ်၌ စင်္ကြန် တစ်ခုကိုတွေ့ ရပါသည် ။ယင်းစင်္ကြန်ဘက် ခြေဦးလှည့်ခဲ့
ပါသည် ။ထိုစင်္ကြန်ကား သတ္တ ရုက္ခဌာန များနှင့် ဓာတုဗေဒဌာနတို့ ကို
ဆက်သွယ်သော စင်္ကြ န်ဖြစ်သည် ။တဖန် ယင်းစင်္ကြန်သည် ငွေသွင်းဌာနတို့ ထက်
သိပ္ပံခန်းမ ( ) ၏ အမိုးသို့
လည်းပေါက်လေသည်။သိပ္ပံခန်းမ၏အမိုးမှာအကာအရံများနှင့်ပြန့်ဖြူးသောနေရာပင်။လူသွားလူလာဟူ၍
ကျနော် မောင်ရေချမ်းနှင့် လူစီလူးတို့သာရှိလေရာ " လူကွယ်ရာ"
ပင်ဖြစ်နေချေပြီ ။
ရှက်ရှက်နှင့်ပဲ ပြောရ တော့ မည်။ ဆိုတော့……ထိုအရပ်မှာပင် ကျနော်နှင့်
လူစီလူးတို့ နှစ်ပါးကြည်ကြလေသတည်း ။
ပျော်လိုက်သည့်ဖြစ်ခြင်း ။ရေနံဆီထုတ်ဖို့ စာအုပ် ထပ်ရန် ပင် မေ့ သွား သ တက် ….။
အဟော… တစ်ခုကျန်ခဲ့သည် ။ထိုအချိန်က ညနေ သုံးနာရီ ဆယ့် ငါး မိနစ် ။
× × ×
ဖြစ်စဉ် (၂)
သုံးနာရီ လေးဆယ်……။
အမှန် အချိန်လင့်၍ ပြန်ချိန်သင့်ပြီမို့ ….. သကြားလုံးစားခြင်းကို မ၀တဝ
ဆန့် တငံ့ငံ့နှင့် ရပ် လိုက်ရ သည်။ အ၀တ်အစားများသေသပ်အောင်ပြုပြင်ပြီး
နှစ်ယောက်သားလက်တွဲ၍ ပီတိကြည်နူးမှု့ ကိုယ်ငှ နှင့်လာရာလမ်း အတိုင်း ပြန်
ခဲ့ သည် ။
အဲ့.. ၀င်ခဲ့သော အပေါက် ကိုရောက်သော် တံခါးပိတ်ထား၏ ။ယင်းတံခါးမှာ သတ္တ
ရုက္ခ ဌာနများဖက်တွင့် ဖြစ်၏ ။ ၀င်ခဲ့စဉ် က ဖွင့် ထားသည်ဖြစ်၍ လည်း
ယခုမူပိတ်ချေပြီ ။ထို့ ကြောင့်တံခါးအားဆွဲကြည့်သော် သော့ခတ်သွားမှန်းသိရ၏
။ဓာတုဗေဒ ဌာန အပေါက်ဖက်သို့ သွားကြည့်သော် လည်းထို့ နှယ်ပင် သော့ နှင့် ။
သကြားလုံးးအရသာတွေပင် ဘယ်ရောက်သွားမှန်းမသိ။ကျွန်တော်တို့ထွက်စရာ မသက်
သာတော့ ပြီကိုး။လူစီက တော့ ပိုက်လုံးမှ တွယ်ဆင်းရန် အဆိုပြု သည်။
တောင်စွယ်နေကွယ်သည်နှင့် သူ ဆင်းမည်တဲ့။ယောကျာ်းသား ကျွန်တော်က တော့
တွေးပင် မတွေးရဲ။ ပြုတ်ကျလျှင်တော်သေး ။တခုခုနှင့်ငြိပြီး
တန်းလန်းကြီးဖြစ်နေမှ အခက် …။ သူ ဆင်းမည် ဆိုလျှင် ပင် မကြည့် ရဲ
ပေါင်..။
သို့နှင့်ကျွန်တော်တို့ နှစ်ယောက် ဇီဝဌာန ဖက် တံ
ခါးကြားမှချောင်းကြည့်သော် လူကွယ်ရာ မတွေ့ ရချေ။ " လူကွယ်ရာ" ကား
လူကွယ်လွန်း၍ ဖြစ်ရောထင့် ။ အတန်ကြာစောင့်သော် လည်း လူရိပ် မမြင်တော့။
ညရိပ် သာ ကဲ လာ သည်။ မြေကြီးပေါ် တွင် လူ တစ် ချို့ ရှိလေ သည်။ထင်၏
။သူတို့ အား ဟစ်အော် အကူအညီတောင်းမလားစဉ်းစားပြန်၏ ။အော်လိုက်က
ရပ်ကျော်ရွာကျော့် ဖစ်သါားဖို့ အလားအလာ ရှိ၍ မအော်ရဲ ။ထို့ ကြောင့်
ဓာတုဗေဒဖက် တံခါးသို့ လျှောက်ခဲ့ပြန်သည်။
× ×
×
ဖြစ်စဉ်(၃)
အဆိုကါ တံခါးကြားမှ ချောင်းကြည့်ကြ ပြန်လေသည် ။လူရိပ် မတွေ့ ရ ပြန်။ ထို့
ကြောင့် ခါးလည်လောက်ထိ စိတ်ဓာတ်ကြ သွားပြန်၏ ။စင်္ကြန် ၀ရံ တာမှ ကြည့်သော်
ဓာတုဗေဒ အလယ် ထပ် တွင် ဆရာမ တစ်ဦးရှိနေ၏။ သူကားပြန် ရန် ပြင် ဆင်နေ
ဟန်တူ သည်။ခြင်းတာင်းကို ၀ရံ တာဘောင်၌ တင် ကာ ထမီပြင်ဝတ်နေသော
ကြောင့်တည်း ။ ဆရာမ သည် ကျွန်တော် တို့ အတွက် မူ မေခလာ တည်း ။
ထို့ ကြောင့်…
" ဆရာမ…. ဆရာမ"
အသံလာရာကျွန်တော့် ထံ ဆရာမ မျက်လုံ့းများက ရောက် လာသည် ။ကျနော်က
" ကျွန်တော်တို့ ဒီ အပေါ်ထပ်မှာ ပိတ်မိနေ လို့…အဲဒါ ဆရာမ တဆိတ် ကူညီပါ လား "
ပြောနေစဉ် နားထောင်သော် လည်း စကားဆုံးသော် သူနှင့်မဆိုင်သလိုသူမသိသလိုခပ်
တည်တည်နှင့်
ခြင်းလေးဆွဲ၍ကော့ကော့ ကော့ ကော့နှင့်ထွက်သွားလေသည် ။ ကျနောတို့ ကို တစ္ဆေ
ဟု ထင်လေ သ လား။
ဟင်း…..ဆရာမ မို့။။ နို့ မဟုတ်ရင်…လှမ်းဆဲ လိုက်မိမည် ။
× ×
×
ဖြစ်စဉ် (၄)
သုံးနာရီ ငါးဆယ်….။
ဓာတုဗေဒဌာန ဘက် တံခါးများမှ ချောင်းကြည့်ပြန်သည်။လား…လား ဘောင်းဘီ ၀တ် လူ
တစ်ယောက် ကျနောတို့ ရှိ ရာ ဘက် သို့ လျှောက် လာပြန် သည် ကို တွေ့ ရ ပြန်
သည် ။
ကျနော်နှင့် လက် တကမ်းခန့် သို့ သူ ရောက် လာ သည် နှင့် ။
" ဒီမယ်… နောင်ကြီး "
ထပ်ခေါ်တော့ မှ သူ ကျွန်တော့် ကို တွေ့ သွားတော့ သည်။
" ကျနော့ကို ခေါ်တာ လား "
"ဟုတ်ပါ တယ်…ကျွန်တော်တို့ကို တဆိတ် ကူ ညီပါ လား "
"အော်..ပြောပါ "
"ကျနော်တို့ အပေါ်မှာ ပိတ် မိနေလို့။ အဲ့ ဒါ ဒီ တံ ခါးသော့လေးရှာပေး ပါ လား "
"ခင်ဗျား တစ်ယောက် ထဲ လား "
"ဟင့် အင်း…. ကျနော့် အမျိုးသမီး ပါ ပါ တယ် "
"ကောင်းပြီ လေ…ကျနော်သွားမေးကြည့်ပေးမယ်"
"ဟုတ်ကဲ့ ဗျာ့….ကျေးဇူးမမေ့ ပါ ဘူး "
သူဆင်းသွားသည်။ကွမ်းတယာညက်ခန့် အကြာတွင် ထိုသူပြန်ရောက် လာသည်။
"၀မ်းနည်းပါ တယ်။ဒီတံခါး က အသုံးမလို လို့ အသေ ပိတ် ထားတာ တဲ့.. သော့
လည်းပျောက်သွားပြီတဲံ့။တခြားတဖက် က ကြိုးစားကြည့်ဦးပေါ့ ဗျာ "
"အော် ကျေးဇူးပဲဗျာ"
မတင်ချင်ဘံနှင့်တင် လိုက်ရ သည် ။ကျေးဇူးကို ပြောပါ သည် ။
× × ×

ဖြစ်စဉ်(၅)
ဓာတုဖက် က လမ်းဆုံးသွားပြီမို့ ဇီဝ ဘက် တံ ခါးကို လှမ်းခဲ့ ရ ပြန်
သည်။တံခါးပေါက် က ချောင်းကြည့်သော်လည်း သတ္တဗေဒ ဌာန သံဘာဂျာ တံ ခါးကို
ပိတ်နေ သော သော့ ကိုင် ပုဂ္ဂိုလ် တစ် ဦးအား တွေ့ ရ ပြန် သည်။သူ့ မှာ
ရှိသော သော့ တွေထဲတွင် ဤ တံ ခါးသော့ လည်းပါ တန် ကောင်းသည် မို့
အားနည်းနည်းတက် လာ၏ ။ ရင်ခေါင်းလောက် ထိ ။
ဆိုတော့ တံခါးကို တ၀ုန်းဝုန်းထုရင်း ပါးစပ် က အော် ခေါ်ရ လေသည် ။ သူရောက် လာ၏ ။
"ကျနော် တိုကဒီ အပေါ်မှာ ပိတ်မိနေ လို့ ဗျာ ၊အဲဒါ ဒီ တံ ခါးသော့ လေးမရှိဘူးလား ။ "
"ခင်ဗျားတို့ ဘယ်က ၀င် ခဲ့ ကြ သလဲ"
"ဒီအပေါက် က ပဲ "
"ဒီနေရာက မ၀င် ရ ဘူးဗျ "
"ကျနော်တို့မှ မသိဘဲလေ "
"အင်း..ဒီ သော့ ကိုင်တဲ့ ဆရာက ခုလောက် ဆို သူ့ အိမ် ပြန်ရောက်နေ ပြီ "
"သူ ဘယ်မှာနေ တာ လဲဟင်"
"အင်းစိန်မှာလို့ ကြားဘူးတာပဲ "
"နောင်ကြီး မကူညီနိုင် ဘူးလားဗျာ "
"အား….ဘယ်တက်နိုင် မလဲ ဗျ၊ခင်ဗျားတို့ ဒီည ဒီမှာပဲ အိပ်ကြတော့၊မနက်ဖန်မှ
ထွက် လို့ ရ မယ်။ အဲ တစ် ခုတော့ရှိတယ်၊မနက် ဖန် ကျ ရင်တော့ ခင်ဗျားတို့
အရေးယူ ခံရ လိမ့် မယ်။ဒီ အခန်းက စာပေးစာ ယူ သင် တန်းက ပစ္စည်းထားတဲ့
စတိုခန်းဗျ ၊မ၀င်ရ တဲံ့ အခန်း ။"
ပြောပြောဆိုဆို ထွက် သွားသည် ။ကျနော်ဆိုတောင်းလိုက်၏ ။
"ဒီလူ သေခါနီးဆဲဆဲမှာ ၊ခင်ဗျား သေမှာ အသေ ချာပဲ ၊ခင်ဗျားသေရင် ခေါင်းလှလှ
လေးနဲ့ ထည့်ပေးမယ် ။ဒါပေမယ့် မြေ ကြီးထဲရောက်ရင်တော့ တီတွေ ဘာတွေ တော့
ခင်ဗျား အသားတွေ ပွဲတေတာ် တည်ကြမှာပဲ စသည်ဖြသင့် အားပေးသူ ပေါ်လာပါစေ
လို့……….."
` × × ×
ဖြစ်စဉ် (၆)
လေးနာရီဆယ်မိနစ် ။
စိတ်ဓာတ်ကတော့ ဒူးဆစ်အထိကျနေပေပြီ ။ သည်ပုံအတိုင်းသာဆိုလျင် ကျနော် နှင့်
လူစီ သည် သည် ည သည် မှ အိမ် ဖြစ်ချေရော့ မယ် ။မအိပ်ဖြစ်ပါစေနဲ့ ။
အဘယ်ကြောင့် နည်း ။ကုန်ဈေးနှုန်းတွေက ကြီး လို့ ပါ ဘ။ပြိး ဘွဲ့ ရလျင်
အလုပ် ကလဲ လက်မဲ့ဖြစ်မည် အသေအချာ ။ဘာနဲ့ သွားစားကြမှာတဲ့ လဲ။ ကျနော် ရေ
ရေ လည်လည်ဆွေးသတည်း ။
မိလူစီကလည်း မိန်းမသားတို့ သဘာဝ အတိုင်း ပွစိပွစိနှင့် သခွတ်ပင် က
မီးတကျီကျီ ၊ကျနော့် မှာ စိတ်ပိန်နေ ရ သည် အထဲ ။လမ်းက လည်းဆုံးနေပြီ
။ရှိသည့် အပေါက် နှစ်ပေါက် ကလည်း သော့ မရှိ သော သော့ ခလောက်
များနှင့်…….။
ကျနော်တို့ နှစ်ဦးစောစော က ချစ်ရည် လူးခဲ့ ကြသော အရပ် ကို ပြန်လျောက်
ခဲ့ ကြပြန်သည် ။ထိုနေရာမှ ကြည့်သော် ..သိပ္ပံခန်းမ၏ မြောက်ဘက်ဝရံ တတာကို
မြင်ရလေသည် ။တအော်လောက် အကွာတွင် ရူပဗေဒ ဌာန ရှိလေ သည်
။ထိုနေရာတွင်လည်းတံခါးများပိတ်လျက် ။
လူစီက အကြံ သစ် တစ် ခုပြုပြန် သည် ။သိပ္ပံခန်းမ ၀ရံတာသို့ ခုန်ချမလို့ တဲ့
။ ဟင်း…မိလူစီ ဒါဝတ္ထုတွေထဲက ဇာတ်လိုက်မဟုတ်ဘူးဗျို့ ။တွေးလိုက်သမျှတော့
ရင်မသဲဖိုစရာတွေ နဲတဲ့ အမြင့်မှ မဟုတ်ပဲ ။
ဟိုး…အောက်ဆုံးထပ် ဒေါင့်ရှိ ရေ ဘုံဘိုင်တွင် လူတစ်ယောက်
ဆောင့်ဆောင့်လေးထိုင်၍ ဂျိုင့်ဆေးနေသည်။ထိုစဉ်….သိပ္ပံခန်းမ၀ရံတာသို့
လူတစ်ယောက် ရောက်လာသည် ။ သူကား ကျနော်တို့
အတန်းမှအတန်းကိုယ်စားလှယ်ဖြစ်နေသည်ကိုအံ့သြ၀မ်းမြောက်ဖွယ်တွေ့ရလေသည်။နောက်ဆုံးကောက်ရိုး
မျှင်လေးပင် ။
"ဟေ့ကောင်….အီးစီ"
"သည်ကောင်ခေါင်းမော့လာသည်"
" အော…ပြာလောင်….အဲလေ……. ရေချမ်း"
"တိုးတိုးကွ…..ဒီနားလာအုံး"
"ဇတွေးတော့…ထွေးမချနဲ့ နော်"
"အရေးထဲ ( )လိုပဲ…လာပါကွာ"
"အလို ပြာလောင်တို့ မြာထောင်ကျနေတာကိုးကွ"
"ဘယ်ကလာ ဒီမှာမျက်လုံးပြူးနေတာကွ"
"အေး…ငါတိုကလည်းပြူးချင်စမ်းပါဘိကွာ"
"သည်ကောင်အောက်တည့်တည့်ရောက်လာသည်။"
"ငါတို့ ဒီပေါ်မှာ ပိတ်မိနေလို့ကွ"
"ဟင်… မင်းတို့ ၀င်ခဲ့ တဲ့အပေါက်ကကော"
"ပိတ်သွားပြီကွ…သော့ခတ်သွားပြီ"
"သော့ ကကော"
"သော့ကိုင်တဲ့ သူ ပြန်သွားပြီတဲ့"
"ဘယ်မှာနေသတဲ့ လဲ…. ငါ့မှာကားပါတယ်။ငါသွားယူပေးမယ် ။ "
"အား…ဘယ်သိမလဲ"
"သွားမေးမယ်လေ "
"ဟေ့ကောင်…လုပ်မနေနဲ့ မလွယ်ဘူး"
"ဘယ်လို လုပ်ရင်ကောင်းမလဲ"
"ငါတို့ကို ကြိုးတစ်ချောင်းလောက်ရှာပေးပါလား"
"အေး… ငါ့ကားထဲမှာ အုန်းဆံကြိုးတစ်ခွေတော့ပါတယ်၊နေဦး..သွားယူပေးမယ်။"
"သည်ကောင်ထွက်သွားလေသည်"
"ပင့်သက် သုံးခါရှိုက်ခန့် အကြာ----- သူပြန်ရောက်လာသည်။လက်ထံတွင်ကြိုးခွေ
တစ်ခုနှင့်။"
"မိအောင်ဖမ်းနော်"
''အေးပါ"
"သူလှမ်းပစ်သည်၊မရောက်ချေ ။"
"နောက်ထပ်ပစ်၏။ကျနော်မိလုခင်တွင် ပြန်ကျသွားပြန်၏ ။"
"မင်းကလဲညံ့ပါ့ ။"
"ကျနော့ကိုပြောသည်။ဘယ်ခံချင်ပါ့ မလဲ ။"
"မင်းရောက်အောင် ပဲပစ်ပါဦး "
"အားနှင့်မာန်နှင့် ထပ်ပစ်သည်။ကြိုးက ကျွန်တောရှိရာ
သို့မရောက်။ကျနော်ရှိရာ အမြင့် ထက်ကျော်ကာ ဟိုးမြေကြီးသို့ ကျသွားသတည်း
"တော်လိုက်တဲ့ ကောင်ကွ..သွားကောက်"
သည်ကောင် တခေါက်ဆင်းရပြန်သည် ။
ကြိုးကောက်၍ ပြန်တက်လာသည် ။.တခါထပ်ပစ်၏ ။
မရောက်ပြန်။ကျနော်သိပ်စိတ်မရှည်ချင်တော့။သည်လိုကောင်မျိုးကိုမျက်စိလည်လမ်းမှားပြီးအီးစီခန့်မိတာ
အမှားပဲ ။သို့ပေတည့် သူ့ကျေးဇူးရှိနေသည် ။
သည်အကောင်ဇွဲရှိသည်။ထပ်၍ပစ်သည်။သည်တချီတော့ရလိုက်သည်။
သို့နှင့်…..
ကျနော်တို့ရှိရာနေရာတွင်ချည်စရာနေရာရှာသည်။သံတစ်ချောင်း၊ငုတ်တချောင်းပင်မရှိချေ
။ယင်းကြိုးနှင့်
အရှည်တူနေရာလောက်တွင်သာသံလှေကားတစ်ခုချည်စရာရှိသည်။ထိုနေရာတွင်ချည်မှတော့ကြိုးသည်
အောက်သို့ ရောက်စရာလမ်းမမြင် ။ ထို့ ကြောင့်ကြိုးသည် ကျနော်တို့ အတွက်
ဘာမှ အဖိုးမတန်တော။့
"ဟေ့ကောင်…ချည်စရာနေရာမရှိဘူးကွ"
"ဟေ့….ဒါဆိုရင်တော့ဆွေး ပဲ ။"
"ရော့….. မင့်ကြို့း"
"သည်ကောင် ကြိုးကိုပြန်ခွေလိုက်ရင်း…..။"
"ဒါ့ဖြင့် ဘယ်လိုလုပ်ကြ မလဲ"
"ငါလဲ မပြောတက်တော့ ဘူး"
ကျနော့်စိတ်ဓာတ်ကား ခြေမျက်စိအောက်
အနှုတ်လက္ခဏာအထိကျနေပြီ။စိတ်ပျက်သွားပြီကား အလွန် အမင်း။ရေချမ်းကာ
ယခုတစ်ချီ ရေလောင်ဖြစ်နေချေပြီ ။ပညတ်သွားရာ ၀က်သက်ပါရော့ထင့် ။
× × ×
ဖြစ်စဉ်(၇)
လေးနာရီခွဲ။
အီးစီလည်းအကြံထုတ်ဆဲ ။လူစီဆိုသော မိန်းမ က လည်းပွစိပွစိ ။ကျနော် ကဲ၍
ဖြစ်ရ သည် တဲ့လေ။သူကျတော့ မကဲ တာ ကျနေတာပဲ။ဟင်း မပြောချင်ပါဘူး ။
ကျနော်တို့ရှိရာအောက်ဆုံ့းရှိအထက် က ဖော်ပြခဲ့သော ရေဘုံဘိုင်တွင်
နောက်လူတစ်ဦးချိုင့်ဆေးနေပြန်သည်။
သူကချိုင့်ဆေးနေရင်းကျွန်တော်တို့ကိုလှမ်းကြည့်နေ၏။ကျနော့ကသူ့ကိုဂရုမစိုက်အား။ရုတ်တရက်ပေါ်လာ
သောစိတ်ကူးကို အီးစီ အား အဆို တင်သွင်းသည် ။
"ဟေ့ကောင်….လှေကားတစ်စင်းလောက် မရနိုင် ဘူးလား"
"အာ…ဘယ်မှာ သွားရှာရမလဲကွ''
"ရအောင်ရှာပေါ့….တနေရာမှာ ရှိမပေါ့"
"ဟ…ဒါတော့ နင် ပြောမှ လား ရေပြာလောင်ရ"
"ဆရာတို့ ဘာဖြစ်နေ လို့ လှေ ကားလိုချင် တာလဲ"
ရေဘုံဘိုင် ဆီ မှ ပုဂ္ဂိုလ်ဆီ က နောက် ဆုံးအမေး ကို မေး သံကြား၍သူ့ ကို
ကျနော် ဖြေရ သည် ။
"အော်…ကျနော်တို့ ဒီမှာပိတ်မိနေ ပြီး ဆင်းလို့ မရ တော့ လို့"
"ဆရာ တစ်ယောက်ထဲလား"
"ဘယ်က ဆရာမလဲ၊ကျောင်းသား၊ကျောင်းသား"
"အဲ .. ခင်ဗျားတစ်ယောက် ထဲ လား"
အရေးထဲ ရှေ့ နေ မင်းနှင့် ကြုံရ ပြန်ပြီ ၊
"စကစ်လဲ ပါ တယ်ဗျို့'
"အော်..ဒါဆိုရ ပါ တယ်၊အောက်မျာလှေ ကားရှိတယ်"
အင်း…စကစ် မပါ ရင် မရ တော့ မယ့် ပုံမျိုး ။
"ဟေ့ ကောင် သွားသယ်ချေကွာ "
ကွေးသော လက် မဆန့် မီ သူ ပြန်ရောက် လာ သည်။သူနှင့ အတူ လူနှစ် ဦး က
ဝါးလှေ ကား တစင်းကို သယ် လာ သည် ။ မဆီ မဆိုင် "ဇော်ဝမ်း နှင့် ချို
ပြုံး" တို့ ပါ ၀င် သော "ရွှေလှေကားနှင့် တက်ခဲံ့ ပါ " ရုပ်ရှင် ကိုသတိရ
မိသေး ၏ ။ ကျနော် မောင်ရေချမ်းနှင့် လူစီ လူးတို့လဲ " ၀ါးလှေ ကားနှင့်
ဆင်းခဲ့ ပါ" ဟု အမည် တပ်၍ ဇာတ် ကားတကားရိုက် လျင် သင့် မည် ထင်ေ သး၏ ။
လှေကားကိုထောင် သော် ကျနော် တို့ ရှိရာသို့ မီရန် လူတစ်ရပ် ခွဲ လောက်
လိုနေ သေး ၏။လှေ ကားသို့ ခြေချရန် မလွယ်ကူချေကား။ ကျနော့် စိတ်ဓာတ် ကား
ခြေမျက် စိအောက် အ၀ီစိ အထိ ကျသွားလေပြီ တည်း။
"ကိုင်း…ဘယ်လို လုပ်ကြ မလဲ"
ကျနော် ညည်းလိုက်မိ တော့ သည် ။
အီးစီက သူ့ မေးစေ့ ကိုပွတ်လိုက်ရင်းစုံထောက်ဦးစံရှားစတိုင်ဖြင့်
စဉ်းစားနေရင်း လက်ဖျောက် တစ်ချက် တီးကာ
"အား….သိပ္ပံခန်းမ ထဲမှာ ခုံတွေ ရှိ သားပဲ ။ခုံ ခုရင် ရ မှာပေါ့ ။" သည်
တစ်ခါတော့ မဟာ အီးစီ ပညာကျော် ကို စိတ် ထဲ က ချီးကျူးလိုက်မိသည်
။အီးစီရာထူးနှင့်ထိုက်တန်ပါပေသည်။ ကျနော်သာ ရှင် ဘုရင် ဖြစ်လျင် သူ့
အားပညာရှိ ခံ့ရန်ပင် စိတ်ကူးလိုက် မိသေး။ကွမ်းတယာ မညက် တညက်တွင် သူတို့
ခုံတွေ ဆင့် ၍ ကျနော်တို့ ရှိ ရာသို့ မီအောင် လုပ်လိုက် ကြ သည် ။
ကိုင်း….
"လူစီ… အရင် ဆင်း"
ကျနော်က ကျနော့်ဖိနပ် ၊လူစီ ဖိနပ် နှင့် လွယ်အိတ်စသော ပရိက္ခရာ တို့ ကို
ပစ်ချလိုက် သည် ။ပြီးမှ လူစီ အားဖေးမ၍ ဆင်းစေ သည် ။
လူဆီ ဆင်းသည် ပေါ့။အီးစီ က လှေကားကို အောက် က ထိန်းထား၏။ သို့
သော်…လှေကားတစ်ဝက် အရောက် တွင် မရွှေလူစီ က အောက် က အီးစီ ကို
" မကြည့်နဲ့ နော်တဲ့"
အီးစီ၏မော့နေ သော ခေါင်းလည်း ကမန်းကတန်းငုံ့ သွား ပြီး
"ဟာ အရေးထဲ မကြည့် ပါ ဘူး "ဟု ပလုံးပထွေးပြောသံ
ကြားရလေသည်။လူစီလူးအောက် ကို ရောက် ပြီးသော် ကျနော် မောင်
ရေချမ်းဆင်းတော် မူပြီ ။ အင်း…. ခုမှ ပဲ စိတ် ဓာတ် ပုံမှန် ပြန်ရောက်တော်
သ တည်း ။
ဟိုး…ဇာတ်လမ်း မဆုံးသေးပါ ဗျား။
× × ×
ဖြစ်စဉ်(၈)
လှေကားနှင့် ခုံများကို နေ သား တကျ ဖြစ်အောင် ကျနော်ပါ ၀င် ကာ ပို့ သည်
ရပါ သည် ။ထို့ နောက် ကယ်ဆယ်ရေး ကော်မတီ အား ကျေးဇူးတင် စ ကားပြော ကြားရ
သည် ။ပြီးသော် ကယ်ဆယ်ရေးကော် မတီဝင် ပုဂ္ဂိုလ် တစ်ဦး က ကျနော့ အား။
"ခင်ဗျားတို့ အခန်းထဲက ဆရာ နဲ့ ၀င်တွေ့ လိုက် ပါဦး ။" ဟုဆို ကာ အခန်းတစ်
ခု သို့ ညွှန်ပါ သည် ။အခန်းတွင်း၌ လူကြီး တစ်ယောက်ရှိလေ သည်။အခန်း၏ အသွင်
အပြင် ၊ လူကြီး၏ ပုံပန်းသဏ္ဌန် အရ ကျောင်းတွင် အရေးပါသော ပုဂ္ဂိုလ်
တစ်ဦးဖြစ်ကြောင်းကျနော် နားလည် လိုက် ပါ သည်။ထိုပုဂ္ဂိုလ်ကြီးက
ကျနော်တို့ အားသြ၀ါဒ စကားပြောပြီး ကျနော်တို့ ၏ အမည် ၊ခုံ အမှတ်
၊အတန်း၊အဓိကဘာသာ စ သည်များကိုရေးမှတ် ထားလိုက်တော့ သည် ။
× × ×
အချ
အထင် ကရ တင်ပြခဲ့ သည် များမှာ ကျနော်မောင်ရေချမ်းနုစဉ် အခါ က ကြုံခဲ့
တွေ့ ခဲ့ရ သော အဖြစ် အပျက်လေး ပါ ။သည် အဖြစ် ကို ပြန် ပြောင်းပြောမိသော
နောင်တော့ နောင်တော်များ က ကျနော့် အား သတိချပ်ဖါယ်များကို ထပ်ပြောပါသည်။
ကျနော့ အနေနှင့် သည် လို အဖြစ်အပျက် မျိုးကို မကြုံကြစေချင် ပါ
။ကျနော်တှို သာ ကံကောင်းလွန်း၍ အခြေအနေ ဆိုးမှ လွတ်မြောက်နိုင် ခဲ့ ပါ
သည် ။အကယ်၍ သာ ထိုနေ့ က အသင်းအမှု့ ဆောင် အစည်းအဝေးမရှိ၍ ကျနော်တို့
အတန်းကိုယ်စားလှယ် သိပ္ပံ ခန်းမ သို့ မရောက် လာခဲ့ လျှင် ကျနော်တို့ ကံ
ကြမ္မည သည် တစ် မျိုး တစ် ဖုံ့ ဖြစ်ချေ တာ့ မည် ။
နောင်တော့ နောင်တော်များ က ဆိုပါ သည် ။တစ်ခါ က ယခုကဲ့ သို့ ပင်
အခန်းတစ်ခု၌ စုံတွံ တစ်တွဲ ပိတ်မိခံရဘူးကြောင်း ။သူတို့ မှာ မူ
အကြောင်းမလှ၍ ကယ်မည့် သူ မပေါ်ပဲ တညလုံး အခန်းအောင်းခဲ့ရပြီး နောက်တနေ့
တွင် မှ ထွက် ခွင့် ရခဲ့ ကြောင်း ၊ယင်းပစ်မှု့ အတွက် ကျောင်းမှ ထုတ်
ပယ်ခြင်းခံရ ကြောင်းစ သည်ဖြင့် သိရ သည် ။ထို့ ကြောင့်…
နောင်လာ နောက်သားများနှင့် နောင်လာ နောက် သမီးများ ယခုလက်ရှိစုံတွဲ
များကျနော်တို့ ကဲ့ သို့ အဖြစ် မဆိုးရ လေအောင် ကျနော် တို့ အဖြစ် ကို
နမူနာ ယူနိုင် ကြစေဖို့ သည်အကြောင်း ကို ရှက် ရှက် နဲ့ ပဲ
(အင်းလေ…ခုမှတော့ မ၇ျက်တော့ ပါဘူး) ဖွင့်ချ လိုက် ပါ သည် ။
နောက်ဆုံးကျနော် မောင် ရေချမ်း ဆုတောင်းလိုက် ပါ သည် ။
"ချစ်သူများ ကံကောင်းပါစေ သတည်း"
ထို့ ထက်..
ချစ်သူများ ကျနော်တို့ လို ပိတ်မိခံရသော ဒေသ သို့ မရောက်ပဲ
"ချစ်သူများ ကောင်းရာသုဂတိလားစေသော်"
အပြီးသတ်ဆုတောင်း…..
ဤ ဒေသနာတော် ကို ကျောင်းသူတို့ ၏ မိဘများ ဖတ်မိ နာမိ ပါ စေ သ တည်း ။(
သြော်.. လူစီလူး၏ မိဘများမှ အပ ပေါ့ )
ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း (၁၉၇၆-၁၉၇၇)