Friday, May 2, 2014

မိမိကိုယ်​ကို သတ်​သည့်​အတွက်​ အဖန်​ ငါးရာငါးကမ္ဘာခံရသည်​ ဆိုသည်​မှာ ဟုတ်​ မဟုတ်​ ??{ ထီးချိုင့်​မြို တည်​​တော ဆရာ​တော်​ }

Credit to - ထေရဝါဒ ရနံ့  facebook page

{ကျွန်​မ က ကမ္ဘာပျက်​ပုံ ၊ကမ္ဘာတည်​ပုံ လူ ​သား​တွေ ဘယ်​လို ဖြစ်​​ပေါ်လာပုံ စတဲ့ပြဿနာ​တွေကို​ စိတ်​ဝင်​ စားပါတယ်​ ။  အဲ့ဒီ့ အ​ကြောင်း​တွေကို​တော့   သေက္ချ​တောင်​ဆရာ​တော်​ အရှင်​တိ​လောကမ​ထေရ်​ စီရင်​ တဲ့ ပဏ္ဌိတ ​ဝေဒနီယ ဒီပနီ မှာ ​သေချာ သိခဲ့ရပါတယ်​ ။  ဒါ​ပေမယ့်​  အဖန်​ငါးရာ ငါးကမ္ဘြာပဿနာ ကို ​တော့ ​သေချာ နား မရှင်းခဲ့ပါဘူး  ။ ဟိုးယခင်​ တရားစခန်း  ဝင်​တုန်းက​တော့  အဲ့ဒီ့​ ကျောင်းမှာတရား အားထုတ်​​နေ တဲ့ စာချ  ကိုယ်​​တော်​က ကိုယ့်​ကိုကိုယ်​ သတ်​ရင်​  အဖန်​ငါးရာ ကမ္ဘာ မခံရဘူး လို့ မိန့်​ခဲ့ဖူးပါတယ်​ ။ ဒါ​ပေမယ့်​  တရားစခန်းကာလ မို့ ​ သိချင်​တာကို သေချာမ​မေးခဲ့ရပါဘူး ။ အခုဖတ်​မိ​တော့ မှ ​သေချာသိ ခဲ့ရပါတယ်​ ။  } မနှင်း

{ ယ နေ့ ဗုဒ္ဓဝါဒဆိုင်ရာ အ မေးအ ဖြေများ - အမှတ်စဉ်(၈၄) } အဖန်ငါးရာ ငါးကမ္ဘာပြဿနာ.

"ဟောသည်မှာ အ မေးလွှာတစ်စောင် ရောက်လာပြန်ပြီ ဘုရား"

"ဘယ်က  အ မေးလွှာတုန်းကွဲ့"

"ဝေါမြို့ အရှင် ပညာဓိကသီရိ ထံ ကပါဘုရား"

"သူ့အ မေးလွှာကို ဖတ်စမ်းပါဦး"
တည်တောဆရာတော် ၊ ထီးချိုင့်မြို့။

ယုံကြည်အားကိုးစွာဖြင့် လျှောက်ထားလိုပါသည် ဘုရား၊ လျှောက်ထားလိုသော အချက်များမှာ  -

မိမိကိုယ်ကို ပြန်သတ်လျှင် ဘဝ ပေါင်းငါးရာအထိ ထိုအဖြစ်မျိုး ခံရတက်သည်ဟု ပြောကြပါသည်၊
ထိုစကား မှန် မမှန် သိလိုပါသည်။

"အ မေးလွှာ ဆုံးပါပြီဘုရား၊ အ ဖြေအမိန့်ရှိပါဦး"

" မိမိကိုယ်ကို သတ်တဲ့အတွက် ဘဝ ပေါင်းငါးရာ မိမိကိုယ်ကို ပြန်​သတ်​ကြောင်း ကျမ်းဂန်မှာ မလာပါဘူး၊ ဧကနိပါတ် - မတကဘတ္တဇာတ်မှာ လာတာကတော့ ဗာရာဏသီပြည်က ဒိသာပါမောက္ခဆရာကြီးဟာ မတကဘတ်(သူသေအား ရည်ညွန်းအပ်သော ထမင်း) ကို လှူမယ်လို့  ဆိတ်ကုလား တစ်ကောင် ကို
ယူခဲ့ပြီး တပည့်များလက်ကိုအပ်တယ်၊ သည်ဆိတ်ကို စင်ကြယ်အောင် ရေချိုး၊ လည်ပင်းမှာ ပန်းကုံးစွပ်၊ နံ့သာများ လိမ်းကျံပြီး ယူခဲ့ကြလို့ ဆရာကမှာတယ်၊ ဆရာမှာတဲ့အတိုင်းတပည့်များကဆိတ်ကိုပန်းကုံးစွပ်
ပြီး  ကမ်းနားမှာ ထားကြတယ်၊ သည်အချိန် ဆိတ်မှာ ဇာတိဿရညာဏ်   ဖြစ်ပေါ်လာလို့ ဆိတ်က ရယ် လည်း ရယ်သတဲ့၊ ငိုလည်း ငိုသတဲ့၊ သည်အ ကြောင်း တပည့်များက မေးကြ​တော့ "သည်အကြောင်း
သင်တို့ဆရာထံရောက်မှ မေးကြ" လို့ ပြောသတဲ့၊ တပည့်များက ဒိသာပါမောက္ခဆရာကြီးထံ ပြန်​​ပြော
ကြ တော့ ဆရာကြီးက ဆိတ်ကို "သင် ရယ်တယ်ငိုတယ်ဆိုတာ ဟုတ်သလား" လို့ မေးတယ်၊ ဆိတ်က "ဟုတ်ပါတယ်" လို့ ပြန်ပြောတော့ " ဘာကြောင့်ရယ်တာ ငိုတာလဲ" လို့ မေးပြန်သတဲ့၊ ဆိတ်က "ပုဏ္ဏား - ငါဟာ ရှေးကာလက သင့်လို ပါမောက္ခဆရာကြီး ဖြစ်ခဲ့ဖူးတယ်​ ၊ အဲသည်ဘဝမှာ မတကဘတ်အလှူ
အတွက် ဆိတ်တစ်ကောင်ကို သတ်ခဲ့ဖူးတယ်၊  ဆိတ်ကို  သတ်ခဲ့မိတဲ့ ပါဏာတိပါတကံ ကြောင့် ငါဟာ
(၄၉၉) ဘဝ ဦးခေါင်းပြတ်ပြီး သေခဲ့ရတယ်၊ ယခုဘဝဟာ ဘဝ (၅၀၀) ပြည့်တဲ့ ဘဝဖြစ်တယ်​ ။ ယခုဘဝ
မှာ အကုသိုလ်ကံအဟုန်ဟာ ကုန်သွားပြီ၊ နောင် အခါ သည်လိုအဖြစ်မျိုး ငါကြုံမှာ မဟုတ်တော့ဘူး၊
ဒါကြောင့် ဝမ်းသာလွန်းလို့  ငါရယ်ခြင်းဖြစ်တယ် ။

ငိုခြင်းရဲ့ အ ကြောင်းက တော့ သင် ဟာ ယခု ငါ့ကို သတ်လိမ့်မယ်၊ ငါ့ကိုသတ်တဲ့ အကုသိုလ်ကံကြောင့်
သင် ဟာ ဘဝ(၅၀၀) ပတ်လုံး ငါ့လို ဦးခေါင်းပြတ်ပြီး ဘဝဆုံးရှာဦးတော့မှာပဲ၊ သည်လို အဖြစ်ဆိုးကြီး
နဲ့ သင်ကြုံတွေ့မှာကို မြင် လို့၊ သင့်ကို သနားလို့ ငါငိုခြင်းဖြစ်တယ်"လို့ ပြန်ပြောသတဲ့။

ဆိတ်​ ရဲ့ စကားကိုကြားတော့ ဒိသာပါမောက္ခဆရာကြီးလည်း ဆိတ်ကို မသတ်ဘဲ လွှတ်လိုက်တယ်၊ သို့သော်လည်း အကုသိုလ်ကံ မကုန်သေးတော့ ဆိတ်အစာ စားနေတုန်း အနီးက ကျောက်ဖျာပေါ်
မိုးကြိုးကျတယ်၊ မိုးကြိုးဒဏ်ကြောင့် ကျောက်လွှာတစ်ခုလွင့်လာပြီး ဆိတ်ရဲ့ လည်ပင်းကို ဖြတ်လိုက်
တယ်၊ အဲသည်ဒဏ်ချက်ကြောင့် ဆိတ်ဟာ သေရှာတယ်။

{ ဘဝငါးရာ ဆိုတဲ့ စကားဟာ သည် မတကဘတ္တဇာတ် က လာတဲ့ စကားဖြစ်တယ်၊ ပါဏာတိပါကံကို
ပြုခဲ့လျှင် ထိုကံကြောင့် သေသည်၏ အခြားမဲ့မှာ ငရဲ့ကျတယ်၊  ငရဲကလွတ်လာလျှင်  တူသော အကျိုး ပေးအားဖြင့် သူတစ်ပါး သတ်လို့ သေရတယ်၊ ဘဝပေါင်း ဘယ်လောက်အထိ အသတ်ခံရသလဲဆိုတော့ ဘဝပေါင်း ၅၀၀-အထိ အသတ်ခံရတယ်လို့ ဆိုလိုပါတယ်။ }

[ ** ပါဏာတိပါတ်၊ သူ့အသက်သတ်ခဲ့လျှင် ဤအပြစ်များခံရတက်ကြောင်း] ကျမ်းဂန်မှာ လာတယ်၊ သို့သော်[ ** ကိုယ့်ကိုယ်ကိုသတ်တာတွေ သည်လိုအပြစ် ရတက်ကြောင်း ကျမ်းဂန်မှာ မလာပါဘူး၊]

သူ့အသက်သတ်တာနှင့် ကိုယ့်ကိုယ်ကိုသတ်တာဘာထူးသလဲ၊ သတ်တာချင်းအတူတူပင် မဟုတ် ပါလား
လို့ မေးစရာရှိတယ်၊ အမှန်တော့  သူ့ကိုသတ်ခြင်း နှင့်  မိမိကိုယ်ကို သတ်ခြင်းဟာ မတူဘူး၊  သူ့အသက်သတ်​ ခြင်း က ပါဏာတိပါတကံထိုက်တယ်၊ ကိုယ်ကိုယ့်ကို သတ်တာက တော့ ပါဏာတိ ပါတကံမထိုက်
ဘူး၊ ဘာကြောင့် သည်လိုကွဲပြားသွားတာလဲဆိုတော့ အင်္ဂါ ပြည့်စုံခြင်း၊ မပြည့်စုံခြင်း တို့
ကြောင့် ဖြစ်တယ်၊ ပါဏာတိပါတကံဟာ အင်္ဂါ ၅-ပါးပြည့်စုံမှ ကမ္မပထမြောက်ပြီး အပါယ်ကို ကျစေ
နိုင်တယ်၊ အင်္ဂါ ၅-ပါး အနက် တစ်ပါးပါးချို့ယွင်းခဲ့လျှင် ကမ္မပထ မမြောက်လို့ အပါယ်ကို မကျစေနိုင်
ဘူး၊ ပါဏာတိပါတကံရဲ့ အင်္ဂါငါးပါးက -
(၁)ပါဏော               - သတ်အပ်သော သတ္တဝါ၊

(၂)ပါဏသည်​တာ       - သတ္တဝါဟုအမှတ်ရှိခြင်း၊

(၃)ဃတစိတ္တ            - သတ်လိုသောစိတ်၊

(၄)ဥပက္ကမ               - လုံ့လပြုခြင်း၊

(၅)မရဏ                - ထိုလုံ့လကြောင့်သေခြင်း

{ သည် အင်္ဂါငါးပါးဟာ ပါဏာတိပါတကံရဲ့ အင်္ဂါငါးပါး } ဖြစ်တယ်၊ သည်အင်္ဂါငါးပါး အနက်  မိမိကိုယ်ဟာ ပါဏ သည်​တာအင်္ဂါအတွင်း မပါဝင်​ခဲ့တဲ့အတွက် ပါဏာတိပါတကံမထိုက်ဘူးတဲ့ကွယ်၊ သည်အ ကြောင်း
ကို ဝိမတိဝိနောဒနီ(ပ-၂၂၈)မှာအတ္တာနံ မုဉ္ဇိတွာ ပရပါဏိမှိ ပါဏသညိတော လက္ခဏဿအင်္ဂဿ အ ဘာ ဝတော နေဝတ္ထိ ပါဏာပါတိပါတော] လို့အတိအလင်းပြထားတယ်၊ "အတ္တာနံ - မိမိကိုယ်ကို၊ မုဉ္ဇိတွာ -လွှတ်၍၊ ပရပါဏမှိ- တစ်ပါးသော သတ္တဝါ၌ ၊ ပါဏသည်​တာ လက္ခဿ-သတ္တဝါဟုမှတ်ခြင်း လက္ခဏာ
ရှိသော၊ အင်္ဂဿ-အင်္ဂါ၏၊ အဘာဝတော-မရှိသည်၏ အဖြစ်ကြောင့်၊ ပါဏာတိပါတော- ပါဏာတိပါတ
ကံသည်​ ၊ နေဝတ္ထိ-မရှိသည်သာလျှင် တည်း" တဲ့၊ သည် စကားရပ်ကို ထောက်ရှုခဲ့လျှင်---

{ ကိုယ့်ကိုယ်ကို ပြန်သတ်ခြင်းဟာ  ပါဏာတိပါတကံ  မထိုက်တဲ့အတွက် အပါယ် လည်း မကျနိုင်၊ အဖန်ငါးရာ ငါးကမ္ဘာခံရတယ် ဆိုခြင်းဟာလည်း မဖြစ်နိုင် ဘူး } လို့မှတ်သင့်တယ်ကွယ့်၊ သို့သော်လည်း
ကိုယ့်ကိုယ်ကိုသတ်ခြင်းဟာ နှစ်မျိုးရှိတယ်"

"ဘယ်နှစ်မျိုးပါလဲ ဘုရား"

( ၁ ) တစ်မျိုးက ခန္ဓာကိုယ် ရဲ့အပြစ်ကို မြင်၍သတ်ခြင်း ။
( ၂ ) တစ်မျိုးက ဒေါသနှိပ်စက်လို့ ကိုယ်ကိုယ်ကိုသတ်ခြင်း တို့ ဖြစ်ကြတယ်၊

ခန္ဓာကိုယ်​ရဲ့ အပြစ်ကို မြင် လို့ သတ်တာဟာ အလွန်ညဏ်ထက်သော    ပုဂ္ဂိုလ်များရဲ့  သတ်ခြင်းမျိုးဖြစ်
တယ်၊ တတိယပါရာဇိကအဖွင့်မှာ အတိတ်က ပါဏတိပါတကံကြွင်းကြောင့် ယခုဘဝ ဥပစ္ဆောကဒကံဆိုး  ဖြင့် ကွယ်လွန်ကြမည့် ရဟန်းများကို ဘုရားသခင် က အသုဘတရား ဟောကြားတော်မူတယ်၊

အသုဘတရားနာကြားရ တော့ ရဟန်းတော်တွေဟာ မိမိတို့ရဲ့   ခန္ဓာကိုယ်ကို စက်ဆုပ်လာကြပြီး မိမိ
ကိုယ် မိမိ သတ်သေကြတယ်၊ အချင်းချင်းလည်း အသတ်ခိုင်းကြတယ်၊ မိဂလဏ္ဍိက ရှင်ယောက်ကြီး
ကိုလည်း အသတ်ခိုင်းကြတယ်၊ မိမိကိုယ်ကို သတ်သေကြတဲ့ အဲသည် ရဟန်းတော်များ အပါယ်ကျတယ်
၊အဖန်ငါးရာငါးကမ္ဘာ ခံရတယ်လို့ ကျမ်းများမှာ မလာဘူးကွယ့် ။

နောက်ပြီး ခန္ဓာဝဂ္ဂသံယုတ်ပါဠိ (၉၇)မှာ ဝဂ္ဂလိ သုတ်ဆိုတာရှိတယ်၊ အဲသည့်ဝဂ္ဂလိထေရ်ဟာလည်း
သူ့လည်ပင်းကို သူ့ဓားဖြင့် ဖြတ်ခဲ့တာပဲ၊ သူ့ကိုယ်သူသတ်လို့ အပါယ်မကျသည့်အပြင် ရဟန္တာဖြစ်သွား ကြောင်းသံယုတ်မှာ အထင် အရှားပြထားတယ်။

ဂေါဓိကထေရ်​ ပြီးတော့ သဂါထာသံ - ပါ - ၁၂၁၊ ဓမ္မပဋ္ဌ၊ ပ၊ ၂၇၂ - တို့မှာလာတဲ့ ဂေါမဓိကထေရ်ဟာ
လည်း သူ့ကိုယ်သူသတ်ပြီး ပရိနိဗ္ဗာန်ဝင်စံသွားတဲ့ ပုဂ္ဂိုလ်ပဲ၊ ဂေါဓိကထေရ်ဟာ လောကီဈာန်​ ရပြီးတဲ့
ဈာနလာဘီပုဂ္ဂိုလ် ဖြစ်တယ်၊ ဣသိဂိလိတောင်ယံကျောက်ဖျာညိုထက် သီတင်းသုံးနေစဉ် ပြင်းထန်တဲ့
ရောဂါ ဝေဒနာ ကပ်ရောက်လာတယ်၊ ဝေဒနာပြင်းထန် လွန်းလို့ ရပြီးသား ဈာန် ဟာ လျှောကျသတဲ့၊
ဈာန်လျှောပြန်ရင်း ပြန်လည်ဈာန်ဝင်စားပြန် ရင်း၊ ရောဂါနှိပ်စက်လို့ တစ်ဖန်ဈာန်လျှောပြန်ရင်းနှင့်
ခြောက်ကြိမ်တိတိ  ဈာန်လျှောလိုက် ဈာန်ဝင် စားလိုက်ဖြစ်နေတယ်၊  သည်အချိန် အရှင်ဂေါဓိကမှာ
အကြံဖြစ်လာတယ်၊ ငါ့ရဲ့ ယခုရောဂါဟာ ပြင်းထန် လွန်းတယ်၊ ငါ့ အသက်ကိုယူမည့်  ရောဂါအမှန်ပဲ၊
အကယ်၍ ဈာန်လျှောတုန်း ငါ ကွယ်လွန်ရင် ကတိမမြဲဘူး၊ ဈာန်နှင့် တကွ ကွယ်လွန်လျှင် ဈာန်အား
လျှော်စွာ ဗြဟ္မာ့ပြည်ကို လားနိုင် တယ်၊ သည်တော့ ငါ ဈာန် မ လျှောမီ ငါ့ကိုယ်ငါသတ်မှ တော်မယ်လို့
လည်လှီးဖို့ သင် တုန်းဓားကို  ယူသတဲ့၊ သည်အ ကြောင်းကို မာရ်နတ်က  သိတော့ သည်​   ရဟန်းဟာ လက်နက်ကို ဆောင်တော့မယ်၊  လက်နက်ဆောင်ပြီး ကိုယ့်ကိုယ်ကို   သတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ အသက်
်ခန္ဓာအ ပေါ် ငဲ့ကွက်ခြင်းကင်းသူ ဖြစ်တယ်၊ သည်အချိန် ဝိပဿနာတရားပွားလျှင် ရဟန္တာဖြစ်နိုင် တယ်။
ငါတားလို့တော့ ရမှာမဟုတ်ဘူး ၊ ဘုရားရှင်​ ကို လျှောက်ထားမှ တော်မယ်လို့ မထင်​ ရှားတဲ့ အသွင်ဖြင့်
အရှင့်တပည့်ဂေါဓိကဟာ  သူ့ကိုယ်သူစီရင်ဖို့ ကြံစည်နေပါတယ်၊ တားမြစ်တော်မူပါလို့ လျှောက်သတဲ့ ။
ထိုခဏ၌ပင် မ ထေရ်ဟာ သူ့ကိုယ်သူ  စီရင်ပြီး အရဟတ္တဖိုလ် တည်သွားသတဲ့၊ဒါကြောင့် ခန္ဓာကိုယ်ရဲ့
အပြစ်ကိုမြင် လို့ မိမိကိုယ်ကိုသတ်တဲ့အတွက် အပြစ်ရှိတယ်လို့ မဆိုနိုင် ဘူး၊ သို့သော်လည်း အဲသည်လို
မိမိကိုယ် မိမိသတ်ခြင်းဟာ အတိတ်ကံဆိုး ကြောင့် လို့တော့ ဧကန်ပြောနိုင် သကွယ့်။

        

(၂ )အပြစ် ရှိသောသတ်ခြင်း•••ခန္ဓာကိုယ်ရဲ့အပြစ်မြင် လို့ သတ်သေတဲ့အတွက် အပြစ်မရှိသော် လည်း
ဒေါသနှိပ်စက်လို့ ကိုယ့်ကိုယ်ကို သတ်သေလျှင်တော့ ဧကန် အပြစ်ဖြစ်တက်သကွယ့်၊သည်  အ ကြောင်း
ကို ဧကနိပါတ်၊  ဧကပဏ္ဏဇာတ်တော်မှာ ဘုရားရှင် ဟောတော်မူထားတယ်။

"ဘယ်လို ဟောပါသလဲ အမိန့်ရှိပါဦး ဘုရား"

"ဝေသာလီပြည်မှာ လိစ္ဆာဝီမင်းသား တစ်ပါးဟာ အလွန်းဆိုးသတဲ့၊  ဆိုးလွန်းလို့  ဒုဋ္ဌလိစ္ဆဝီလို့ခေါ်ကြ ရ တယ်၊ ဘယ်သူမျှလည်း ဆုံးမလို့မရဘူး ၊ တစ်​ရက်တော့ မိဘများက သူ့ကို   ဘုရားရှင် ထံ ချော့ခေါ်သွား
ကြပြီး "အရှင် ဘုရား ဤမင်းသားဟာ အလွန်ဆိုးလှပါတယ်၊ ဆုံးမ ပေးတော်မူပါ" လို့ လျှောက်ကြသတဲ့၊
သည်အခါ ဘုရားရှင် က  "မင်းသား - ဆိုးသွမ်းကြမ်းကြုတ်သူကို အမိ၊ အဘ၊ မယား၊ ဆွေးမျိုးများက သော်လည်း  မချစ်ဘူး၊  ဆိုးသွမ်းသူ လာတာမြင် ခဲ့လျှင် မြွေလာသလို၊  ဘီလူးလာသလို ထိတ်လန့်ကြ တယ်၊ ဆိုးသွမ်းကြမ်းကြုတ်သူဟာ ဘယ်လိုတန်ဆာဆင် ထားသော်လည်း မလှဘူး၊အမျက်ဒေါသကြီးသူ
ဟာ သူတစ်ပါး အ ပေါ်လည်း ရက်စက် တက်တယ်၊ မိမိကိုယ်ကို သတ်ပြီး တော့လည်း ငရဲစသည်သို့လား တက်တယ်" လို့ ဟောတော်မူမှ မင်းသားဟာ အမျက်မာန ကင်းသွားတယ်၊ သည် နေရာမှာ ဘုရားဟော
ပါဠိက သည်လိုလာသကွယ့်"

"အမိန့်ရှိပါဘုရား

"ကောဓံ နိဿာယတိ - သတ္တာ   သတ္တံ အာဒါယ အတ္တနာဝ  အတ္တာနံ  ပဟရန္တိ၊ ဝိသံ  ခါဒန္တိ၊  ရဇ္ဇုယာ ဥဗ္ဗန္ဓန္တိ၊ ပပတာ ပပတန္တိ၊ ဧဝံ ကောဓဝသေန ကာလံ ကတွာ နိရယာဒီသု ဥပ္ပဇ္ဇန္တိ" (ဧကနိပါတ်၊ ဋ္ဌ-၅၃၁) တဲ့ကွယ့် "

"အနက် ဖော်ပေးပါဦး ဘုရား"

"အနက် က တော့ သည်လိုကွယ့်၊ ကောဓံ - အမျက်ဒေါသကို၊ နိဿယ - အမှီပြု၍၊ သတ္တာ-သတ္တဝါ တို့ သည်၊ သတ္တံ-လက်နက်ကို၊  အာဒါယ-ယူ၍ ၊ အတ္တနာဝ - မိမိသည်ပင် လျှင်၊ အတ္တာနံ - မိမိကိုယ်ကို၊
ပဟရန္တိ-   ပုတ်ခတ်သတ်ဖြတ်​   ကုန်၏ ၊  ဝိသံ - အဆိပ်ကို၊ ခါဒန္တိ- စားကုန်၏ ၊ ရဇ္ဇုယာ - ကြိုးဖြင့်၊
ဥဗ္ဗန္ဓန္တိ-လည်၌     ဖွဲ့ကုန်၏ ၊  ပပါတာ - ကမ်းပါးပြတ်မှ  ၊ ပပတန္တိ -  ခုန်ချကုန်၏   ၊   ဧဝံ -  ဤသို့၊ ကောဓဝသေန - အမျက်၏ အစွမ်းအားဖြင့်၊ ကာလံ - သေလွန်ခြင်းကို၊ ကတွာ-ပြု၍   ၊  နိရယာဒီသု -
ငရဲ အစရှိသည်တို့၌ ၊ ဥပ္ပဇ္ဇန္တိ - ဖြစ်ကုန်၏"   တဲ့ကွယ့်၊ ဒီလိုဘုရားဟောရှိတဲ့အတွက်​ ---

် ဒေါသဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့လျှင် အဲသည်ဒေါသ ကြောင့် အပါယ်ကိုကျရောက်စေနိုင် တယ်၊ သည်နေရာမှာ ချိန်ထိုးပြီး   ကြည့်ဖို့အတွက် မူလပဏ္ဏာသပါဠိတော်မှာလာတဲ့ ဝတ္ထသုတ်ကို အကျဉ်း ချုပ်
်ပြောပြဦးမယ်"

"မိန့်တော်မူပါဦး ဘုရား"

"ဝတ္ထသုတ်မှာ ဘုရားရှင် က သတ္တဝါတွေကို အဝတ်နှင့် နှိုင်းပြီး သတ္တဝါတို့ရဲ့  စိတ်မှာ  ကပ်ငြိ  နေတဲ့အကုသိုလ် တရားတွေကို မြူမှုန် စ သောအညစ်အကြေးနှင့် နှိုင်းပြ တော်မူတယ်၊ အဝတ်အထည်ဟာ မြူမှုန် အညစ်အကြေး၊ ချွေး စသည်တို့ ငြိကပ်နေပါလျှင် ထိုအညစ်အကြေးများကို မချွတ်ဘဲကိုယ့်ကြိုက်
်တဲ့ အ ရောင် ကို ဆိုးလို့မရဘူးတဲ့၊ မ ကောင်းတဲ့အ ရောင် ကိုသာရလိမ့်မယ်တဲ့၊ ဘာကြောင့် စိတ်ကြိုက်
ဆိုးလို့မရတာလဲဆိုတော့ အဝတ်မစင်ကြယ်လို့တဲ့၊ သည် ဥပမာအတိုင်း သတ္တဝါတို့ရဲ့ စိတ်ဓာတ်ဟာ ညစ်
မည်း နေလျှင် ယခုဘဝမှာလည်း လူကောင်းသူကောင်းမဖြစ်နိုင် ဘူး၊ နောင်​ တမလွန်မှာလည်း ကောင်း
မွန်တဲ့ သုဂတိကိုမရနိုင် ဘူးတဲ့၊ သည်အကြောင်းကို ဘုရားရှင် က

"ဧဝမေဝခေါ ဘိက္ခဝေ စိတ္တေ သံကိလိဋ္ဌေ ဒုဂ္ဂိ ပါတိကင်္ခိ တဗ္ဗော" လို့ ဟောထားတယ်၊ ဘိက္ခဝေ ရဟန်း
တို့၊ ဧဝမေဝခေါ - ဤညစ်နွမ်းသော ပုဆိုးနှင့် အတူသာလျှင်၊ စိတ္တေ - စိတ်သည်၊ ကံကိလိဋ္ဌေ ညစ်မည်း ၍ နေသည်​ ရရှိသော်၊   ဒုဂ္ဂတိ - ယခု ဘဝ၌  လည်း မ ကောင်းသော အဖြစ်၊ တမလွန်ဘဝ ၌ လည်း
မ ကောင်း သော ဂတိကို၊ ပါတိကင်္ခိ - အလိုရှိအပ်၏ တဲ့ ။

ဒါကြောင့် သတ္တဝါတစ်ဦး သေလွန်ခါနီးမှာ စိတ်ဓာတ် သန့်ရှင်းစင်ကြယ်နေလျှင် ကုသိုလ်စိတ်တွေဖြစ်
်နေလျှင် ဧကန် သုဂတိဘဝ  ကို လားရလိမ့်မယ် ။

အယူဝါဒ မှန်​ကန်​ကြပါ​စေရှင်​ ။
ကိုယ်​စိတ်​နှစ်​ဖြာ ကျန်းမာ​အေးချမ်းကြပါ​စေ ။
မနှင်း

No comments: