Thursday, January 30, 2014

ဘာသာကြီး လေးခု အနှစ်သာရများ ( ညိုသောင်း )

 

  Credit –dhammadownload.com

 

ကျွန်မ ထေရ၀ါဒ ဗုဒ္ဓ ဘာသာ ၀င် တစ်ယောက်ပါ ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ကျွန်မ ကောင်းကောင်းသိခဲ့တော့ စာဖတ်သူတွေကို လည်း အခြားယူဝါဒ များစွာနဲ့ ကိုးကွယ်မှု့ ရောထွေး မှားယွင်း မှာကို ကျွန်မ မလိုလားပါဘူး ။ ကျွန်မ ဘာသာရေးစာပေတွေကို တင်သာတင်ရတာ ။ တစ်ခါတစ်လေမှာ စာဖတ်သူ တွေ အဓိပ္ပာယ်လွဲမှားစေနိုင်တဲ့ စာအုပ်မျိုး ၊ဆောင်းပါးမျိုးကို မတင်မိအောင်တော့ ကျွန်မ အတက်နိုင်ဆုံးသတိထားပါတယ် ။ ဒီ စာအုပ်ထဲမှာတော့  အခြား ဘာသာကြီး ၃ ခုအကြောင်း ကို ပါ ဗဟုသုတ အလို့ငှာ ဖတ်ရှု့ နိုင်မှာ ဖြစ်ပါတယ် ။ အခြားသော ဘာသာဝင်တွေ ဘာကို ယုံကြည်လက်ခံ ကိုးကွယ်ကြတာလဲ ဆိုတာကို ဒီစာအုပ်ဖတ်ပြီး သိနိုင်ကြပါတယ် ။ နောက်တစ်ခု က ကျွန်မ  တို့ ဗုဒ္ဓဘာသာဟာ အခြားသော အယူဝါဒတွေ လို  ဖန်ဆင်းရှင်ကို ဗဟိုပြုတဲ့ ၀ါဒ၊ဘာသာ မဟုတ်ဘူး ဆိုတာကိုလည်း သတိပြုမိစေချင်ပါတယ်  ။

ဗုဒ္ဓသာသာအကြောင်း ကတော့ ဖတ်စရာ စာအုပ်ကောင်းများစွာရှိပါတယ် ။ လူငယ်တို့အတွက် ဗုဒ္ဓဘာသာ အကြောင်း အခြား စာအုပ်ကို မဖတ်ရင်တောင်မှပဲ  ကျွန်မ ရဲ့ ဘလောဂ့် မှာ တင်ထားတဲ့ ရေစကြို ဆရာတော် အရှင် ဧသိက ရေးတဲ့  “ထေရ၀ါဒ ဗုဒ္ဓဘာသာ ” ဆိုတဲ့ စာအုပ်ကို တော့ ဖတ်စေချင်ပါတယ် ။ ဗုဒ္ဓဘာသာရဲ့ အကြောင်းကို လူငယ်တွေ နှံ့စပ်အောင် ဖတ်စေချင်တဲ့ ဆန္ဒပါ ။

  ညိုသောင်း မာတိကာ1

မာတိကာ2 မာတိကာ3

မာတိကာ4

ဘာသာကြီး လေးခု  အနှစ်သာရ များ စာအုပ် download  ဆွဲရန် ဒီမှာ နှိပ်ပါ ။

No comments: