Monday, July 22, 2013

ဝါဆိုလပြည့်နေ့နှင့် ပတ်သတ်၍သိသင့်သည့်အချက်၎ချက်(မနှင်း)


ဒီနေ့ဝါ ဆိုလပြည့်နေ့။ ဓမ္မစကြာအခါတော်နေ့။ကျွန်မတို့ ဒီနေ့စာသင်တိုက် မှာ အားလုံး စုပြီး ၀ါဆိုသင်္ကန်းကပ်ကြပါတယ်။ဖေဖေနဲ့မေမေ ခရီးထွက်နေတော့ ကျွန်မပဲ ကိုယ်စားသွားရောက်ဆက်ကပ်ဖြစ်ခဲ့ပါတယ်။၈ပါးသီလယူတယ်။ဒီနေ့ဥပုသ်စောင့် ဖြစ်တယ်။ နေ့လည် တရားထိုင်ချိန်ပြီးတော့ ကျောင်းတိုက်က စာချ ဦပဉ္စင်းလေးတစ်ပါးက ၀ါဆိုလပြည့်နေ့ နဲ့ ပတ်သက်တဲ့ တရားဟောပါတယ် ။ရှေးရှေးဆရာတော်ကြီးများက ၀ါဆိုလကို “သန္ဓေ၊တောထွက် ဓမ္မစက် ၊မိန့်မြတ်သံချို လ၀ါဆို” လို့သီကုံးထား ခဲ့ဖူးကြ ပါတယ် ။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားဟာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့် ပြီး တော့ နောက်ဆုံးဘ၀ ဘုရား ဖြစ်မယ့် သိဒ္ဓတ္တ ဘ၀ရောက်တော့ ဘုရားအလောင်းဟာ နတ် ပြည် က နေ လူပြည့်ဆင်းပြီး မယ်တော်မာယာ ရဲ့ ၀မ်း ကြာ တိုက် မှာ ပဋိသန္ဓေနေ တဲ့နေဟာ ၀ါဆိုလပြည့် နေ့ ဖြစ်ပါတယ်။ ဘုရားလောင်း တို့ မည်သည် ပဋိသန္ဓေ နေဖို့ကို ရှေ့နောက်ဆင်ခြင်ရတယ်။ ကဆုန်လပြည့်နေ့မှာ ဖွားမယ့်မြတ်စွာဘုရား ဖြစ်တဲ့အတွက် ကြောင့် ကဆုန်လပြည့်နေ့ က ကြည့်ရင် ၁၀လပြည့်မယ့် ၀ါဆိုလပြည့်နေ့မှာ ပဋိသန္ဓေနေတော်မူခဲ့ပါတယ် ။
ဘုရားအလောင်းတော်ဟာ သက်တော် ၂၉နှစ်အရွယ်မှာ လောကမှာရှိတဲ့ ငါးဖြာ အာရုံ ကာမဂုဏ်တွေကို ငြီးငွေ့တော်မူလို့ တောထွက်သွားသည့်နေ့ ဟာလည်း ဒီနေ့ ၀ါဆိုလပြည့်နေ့ပါပဲ။မြတ်စွာဘုရား ဟာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် နေ့ မှာဘုရားဖြစ်ပါတယ်။ အဲ့ဒီအချိန် လောက မှာ ဘုရားရတနာ နဲ့ တရားရတနာ နဲ့ ပဲ ရှိပါသေး    တယ်။ သံဃာရတနာ မပေါ်သေးပါဘူး ။ မြတ်စွာဘုရား လင်းလွန်းပင် အောက်၌ သီတင်းသုံးတော်မူစဉ် တပုဿ နှင့် ဘလ္လိက ညီနောင်နှစ်ပါး ဟာ ဘုရားရှင် အား ပျားရည်နှင့် ပေါက်ပေါက် ရောစပ်လုပ် ထားတဲ့ မုန့်ဆုပ်ကို ကပ်လှုပြီးမြတ်စွာ ဘုရား ထံ မှာ သရဏဂုံခံယူပါတယ်။ မြတ်စွာ ဘုရား က သရဏဂုံပေးလိုက်တာ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ  ဂစ္ဆာမိပဲ ပေးလို့ ရပါသေးတယ်။ သရဏဂုံနှစ်ပါးပဲရှိပါသေးတယ် ။အဲံဒီ အချိန်လောက မှာသံဃာရတနာမပေါ်သေးပါဘူး ။အဲဒီ တပုဿနှင့် ဘလ္လိက ညီ   နောင်နှစ်ပါးက အမြဲကိုးကွယ်ဖို့ချီးမြှင့်ပါရန် လျှောက်ထား သော အခါ မြတ်စွာဘုရားသည် လက်ျာ လက်တော်ဖြင့်ဦးခေါင်းကိုသုံးသပ်တော်မူ၍ ပါ လာသော ဆံတော်များကို ချီးမြှင့် တော်မူခဲ့ပါတယ်။အဲဒီ ညီနောင်နှစ်ပါးဟာ ဥက္ကလတိုင်းသို့ ပြန်ရောက်ကြတဲ့ အခါမှာ သိင်္ဂုတ္တရ ကုန်းတော်၌ တိကု မ္ဘ အမည်ရှိ သော စေတီတည်၍ စံတော်များကို ဌာပနာ ခဲ့ပါတယ်။အဲဒီ့ စေတီကို ရွှေတိဂုံစေတီ တော် မြတ် ဖြစ်သည်ဟု အစဉ်အလာအရ သိမှတ် ယုံကြည်ကြပါတယ် ။
ဘုရားဖြစ်ပြီးတော် မူပြီးတဲ့ နောက်မြတ်စွာဘုရားဟာ ဘယ်သူ့ကို တရားဦးဟောရမလဲ ဆင်ခြင်ကြည့်တော့ အလုပ်အကျွေးဖြစ်ခဲ့ဖူးတဲ့ ပဉ္စ၀ဂ္ဂီငါးဦးကို ဓမ္မစကြာ တရားဟော ကြားဖို့ ၀ါဆိုလပြည့်နေ့မှာ ဥရုဝေလတောကနေ ဗာရာဏသီပြည် မိဂါဒါန်ဝုန် တောကို မြတ်စွာ ဘုရားကြွလာပါတယ် ။ဝါဆိုလပြည့် နေ လည်းဝင်စ၊ လ လည်းထွက်ပေါ်စပြု နေ တဲ့ ၀ါဆိုလပြည့်နေ့ ညနေချမ်း အချိန်ခါလေးမှာ ဓမ္မစကြာတရားဦး ကို ဟောတော်မူ ခဲ့ တာပါ ။ တရားဦး ဟောပြီးတဲ့နောက်မှာပဲ ပဉ္စ၀ဂ္ဂီငါးဦးထဲ က အရှင်    ကောဏ္ဍည မထေရ် ပထမဦးဆုံး သောတာပန် ဖြစ်တော့ မြတ်စွာဘုရားထံ       သာသနာတော်မှာ ရဟန်းပြုခွင့်ပေးဖို့လျှောက်ပါတယ် ။အဲဒီလို လျှောက် တော့ ကောကဏ္ဍမထေရ်ရဲ့ နောက်က အကြောင်းတွေကို ကြည့်တော့ ဟိုး အတိတ် ဘ၀တွေ တုန်းက သင်္ကန်းလှုဘူးခဲ့တယ်။သင်္ကန်းလှုဖူးခဲ့တော့ ဧဟိံဘိက္ခူ ခေါ်လို့ရတယ်။ရဟန်းပြုခွင့်ပေးတယ်။ချစ်သားရဟန်းလာခဲ့တော့ ငါဘုရားရဲ့ သာသနာ မှာ မြတ်သောအကျင့်ကို ကျင့်လော့ ဆိုပြီးတော့ရဟန်း ပြု ခွင့်ပေး လိုက် ပါတယ်။ မြတ်စွာဘုရား သင်္ကန်းကြားထဲက လက်ကလေးထုတ်ပြီးတော့ ဧဟိံဘိက္ခူ ခေါ်လိုက်တာ အလိုလို နေရင်း ရဟန်းပုံစံဖြစ်သွားတယ်။ တန်ခိုးနဲ့ ဖြစ်သွားတာ။ မထေရ်ကြီး ပုံစံ အတိုင်း တန်းဖြစ်သွားတာဟာ ရှေးရှေးဘ၀တွေတုန်းက သင်္ကန်းလှု ခဲ့ ဖူးတဲ့ ကုသိုလ်တွေကြောင့်ပါ။ ထိုအချိန်မှစ ၍ လောကကြီးတွင် သံဃာရတနာ ဟူ၍ ပေါ်ပေါက်လာခဲ့ ပါတယ် ။
လောကကြီးမှ သံဃာရတနာ စပေါ်တဲ့နေ့ဟာလည်း ၀ါဆို လ ပြည့်နေပါပဲ ။ ဒါကြောင့် ၀ါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားပဋိသန္ဓေစယူတဲ့နေ့၊ မြတ်စွာဘုရားတော ထွက် တော်မူတဲ့နေ့၊ဘုရားဖြစ်တော်မူ ပြီးတဲ့နောက်ပထမဦးဆုံးဓမ္မစကြာတရားဦးဟောတဲ့နေ့၊အဲဒီ ဓမ္မစကြာ တရားဟော တဲ့ နေ့ဟာလည်း လောက မှာ သံဃာရတနာစတင် ပေါ်ပေါက်လာ တဲ့ နေ့ တစ်နေ့ ဖြစ်လို့ ၀ါဆိုလပြည့်နေ့ဟာ ထူးမြတ်လှပါတယ် ။ ဗုဒ္ဓဘာသာဝင်တိုင်း ၀ါဆို လပြည့်နေ့မှာ ၀ါဆို သင်္ကန်း ကို ဆက်ကပ်လှုဒါန်းကြပါတယ်။ဒါကြောင့်ဗုဒ္ဓ ဘာသာဝင်တိုင်းလည်း ၀ါဆို လပြည့်နေ ရဲ့ ထူးခြားတဲ့ အချက် ၄     ချက်ကို သိသင့်တယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်ရှင် ။ ။
ကိုယ်စိတ်နှစ်ဖြာကျန်းမာအေးချမ်းကြပါစေရှင့်။ ။
မနှင်း