Saturday, November 30, 2013

့ ခါးကိုက်၊ ခါးနာ သက်သာစေသောနည်းလမ်းများ စုစည်းမှု့

 

ဒီ ခါးကိုက်ခါးနာသက်သာစောသောနည်း စုစည်းမှု့ ဆိုတဲ့ ပိုစ့်လေးကို တင်ထားတာတော်တော်များများ ၀င်ဖတ်ကြပါတယ်။ ကြည့်ရတာ ခါးနာသူတွေ တော်တော်များကြတယ် ထင်ပါတယ် ။ဒီနေ့တစ်ခုထပ်တင်ပေးလိုက်ပါတယ်။ပျားရည်နဲ့ နည်းလမ်း တော်တော်ကောင်းပါတယ် ။ အဲဒါကတော့ အိမ်က လက်တွေ့ပါ ။ခါးနာ ၊ဒူးနာ အင်မတန်ခံရခက်တာရှင့် ။ ကျွန်မ ကတော့ ထိုင်တာ ၊ အိပ်တာ ၊အနေ အထားမမှန်ရင်  ထ လိုက်တဲ့ အခါမှာ ခါး အဆစ်လွဲသလိုဖြစ်ပြီး  ခြေတစ်လှမ်းလှမ်းဖို့တောင် တော်တော်လေး အားယူရပါတယ် ။ ကျွန်မကတော့ အိပ်တဲ့အခါ ခါးနာလို့ မွေ့ယာနဲ့ မအိပ်ပါဘူး ။ ခါးနာသူတွေ မွေ့ယာနဲ့ မအိပ်သင့်ဘူးလို့တော့ထင်ပါတယ် ။ ခါးနာ ၊ဒူးနာသူများအမြန်ဆုံးပျောက်ကင်းကြပါစေရှင် ။

                 ဒူးနာ ၊ခါးနာ အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခု

ဒီနည်းလမ်းကတော့ဆရာတော် တစ်ပါးဆီက ရတဲ့နည်းလေးပါ ။ အိမ်မှာ မေမေ ဒူးနာလို့ လက်တွေ့သုံးပြီးသက်သာပျောက်ကင်းသွားတာပါ ။ စင်ကာပူက ပြန်လာတဲ့ လူငယ်တစ်ယောက် ခါးအဆစ်နာနေတာ ကို နာမည်ကြီး ဆေးခန်းတွေမှာ ပြနေတာ မပျောက်ပဲ ဒီ ပျားရည် နဲ့ နည်းကို သုံးလို့ လက်တွေ့ပျောက်သွားတာပါ ။ ခါးနာသူများလည်း အသုံးပြုနိုင်ပါတယ် ။နည်းလမ်းကလည်း လွယ်ကူပါတယ် ။ လိုအပ်တာတွေကတော့

  1. ပျားရည်စစ် လက်ဘက်စားဇွန်း ၁/၂
  2. ထုံး = လက်တဆစ်
  3. ဆနွင်း ပါးပါး (အနည်းငယ်ပေါ့ရှင် )

လုပ်ရမှာကတော့ အပေါ်ကပြောတဲ့ အချိုးအတိုင်း ၁၀မိနစ်လိမ်းကြည့်ပါ ။၁၀ မိနစ်လိမ်းကြည့်လို့မှ ခြောက်မနေရင် ပျားရည်ကိုလျှော့ထည့်ပါ ။ လိမ်းတဲ့ နည်းမှန် က လိမ်းပြီးရင် ခြောက်ခြောက်တင်းတင်းလေး ဖြစ်နေရမှာပါ ။ ပျားရည်လည်းအရမ်းမများစေရပါဘူး ။  မနက် ၁ ကြိမ် ၊ည ၁ကြိမ် လိမ်းရမှာပါ ။  တစ်ခါလိမ်းထားပြီး ကြာကြာလေးထားပေးရင်ကောင်းပါတယ် ။ အိမ်မှာတော့မေ မေက မနက်ကတည်းက လိမ်းထား ညနေ ရေချိုးတော့မှ ဆေးပစ် ။ ညတစ်ခါ ထပ် လိမ်း လုပ်ပါတယ် ။အိမ်မှာလုပ်တဲ့ လက်တွေ့သက်သာသွားတဲ့ နည်းပါ ။ { မနှင်း }30/11 /2013

 

 

                မိမိနှင့်သင့်တော်သည့်နည်းလမ်းကို အသုံးပြုကြပါကုန်လော့ ။

* * * ခါးနာခြင်းအတွက်အိမ်တွင်းကုထုံး * * *

၁။ ခါးနာနေသည့် နေရာသို့ ရေနွေးအိတ်ကပ်ပေး၍ ပူနွေးသောအစားအစာများကို စားပေးပါ ။

၂။ ထမင်းစားသည့်အခါတိုင်း ကြက်သွန်ဖြူစားပေးပါ ။

၃။ ခါးနာခြင်းအတွက် ပင်စိမ်းရွက်က အကောင်းဆုံး သမားတော်ဟု အဆိုရှိရာ ပင်စိမ်းရွက်ကို ၂-ခါက် ၁ခွက်တင် ပြုတ်၍ အအေးခံကာ ဆားအနည်းငယ် တည့်သောက်ပါ ။

၎ ။ယူကလစ်ဆီနှင့် မုန်ညင်းဆီတို့ရော၍ အရေပြားထဲစိမ့်ဝင်အောင် အသာအယာနှိပ်ပေးပါ ။

၅ ။ထမင်းစားပြီးတိုင်း သကာရည် (သို့) တင်လဲရည် စားပွဲတင်၁ဇွန်းခန့်ကို ရေနွေးဖြူဖြင့် သောက်ပေးပါ ။

၆ ။ဖာလာစေ့ ကို ပျားရည်ဖြင့်ရော၍ သောက်ခြင်းကလည်း အမြန်ဆုံးသက်သာလာစေပါတယ် ။

၇၊ အသာအယာ နှိပ်နယ်ပြီး ဆေးဖယောင်းချက်ကပ်ပေးပါ ။

၈ ။ရေခဲတုံးကလေးများကို အ၀တ် (သို့) ဂုန်နီအိတ်ပါးထဲထည့်၍ အသာအယာ လှိမ့်ပေးနိုင်ပါတယ် ။

၉။မွေ့ယာခင်းမထားသော ခုတင် (သို့) ကြမ်းပြင် ပေါ်ငြိမ်သက်စွာ ပက်လက်လှဲနေခြင်းက သွေးများကောင်းစွာ စီးဆင်းလည်ပတ်စေသလို အကြောအခြင်ပြေ၍ ခါးနာခြင်းကို သက်သာစေပါတယ် ။

၁၀ ။ ဒဏ်ကြေဆေးပူလိမ်းပေးနိုင်ပါတယ် ။(ကိုယ်ဝန်ဆောင်များကို မဆိုလိုပါ)

၁၁။ မပြင်းထန်သော ခပ်ဖော့ဖော့ အကြောပြင်လေ့ကျင့်ခန်းများကလည်း ခါးနာသက်သာအောင် အထောက်အကူ ဖြစ်စေပါတယ် ။

 

 

Credit =http://www.facesmagazine.asia

Annie

 

 

Annie

 

Annie

 

 

                       ခါးကိုက်၊ ခါးနာရောဂါသက်သာစေသောနည်း(သူရဇ္ဇမဂ္ဂဇင်း)

Credit =http://thurizza.weebly.com

သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။
နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀) ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။

တစ်နေ့မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။ ကျွန်တော့်အမေကြီးဟာ အဲဒီနည်းနဲ့ ခါးကိုက်၊ ခါးနာ သက်သာပျောက်ကင်း သွားတာကို တွေ့ရပါတယ်”
ဟု ပြောပြပါသည်။  ( သူရဇ္ဇမဂ္ဂဇင်း)

 

                                      ခါးနာ၊ ဒူးနာ

Credit =http://kotunlwin.blogspot.com

၁။ ခါးနာခြင်း ၊ ဒူးရောင်ခြင်း ရောဂါများအတွက် ကိုရံကြီးအရွက်ကို နွမ်းအောင် မီးခဲနှင့်ကပ်၍ အပူဓာတ်မကုန်မီ နာေ သာ နေရာနှင် ရောင်သော နေရာများတွင် တစ်နာရီခန့် စည်းပေးက ပျောက်၏ ။
၂။ ဗုဒ္ဓသရဏပင် အပွင့် ကလေးများ ပြုတ်၍ ရသော ရေဖြင့် ငါးမြွေထိုး၊ ငါးဟင်း ချက်ရာတွင် လောင်း၍ ချက်ပြီး စားပါ က မြီးညှောင့်ရိုး ကိုက်သော ရောဂါ၊ ခါးကိုက်ခဲ သောရောဂါ၊ ပိတ်ဝမ်း ရောဂါ တို့အား ပျောက်ကင်းစေ ရုံမက       ဇက်  ကြောတက် ရောဂါ၊ အနာ ရင်းသော ကြောင့် နာကျင် ကိုက်ခဲသော ရောဂါ ၊ ၀မ်းပျက် ၊ ခံတွင်းပျက်၊ ခြေဆစ်  လက်ဆစ် ညောင်းခြင်း၊ ပါးစပ် ချွဲခြင်း စသော ရောဂါ များ ပျောက်ကင်း စေသည်။

 

                                 ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း

Credit =www.myawady.com.mm

 

ဒီနှစ်ပိုင်းမှာ ခါးက ပိုနာ လာတယ်။ ဆေးနည်းက နက္ခတ္တ ရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုအမှတ်မဲ့ မစမ်း 

ကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -

အာလူးကြီး တစ်လုံးကို ခပ်ပါးပါး အလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ၀င်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။ အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာ နေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...

အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေက အရေပြား ကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာ ဆီကနေ အာလူးက စုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။

နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်း အထင် မသေးကြနဲ့ ဗျို့ ။

ချစ်ကြည်စွာဖြင့် -

ဧကံသ

Ref: Myawady News

 

                            

                   အမြန်ဆုံး ခါးနာ သက်သာစေမည့် နေထိုင်မှုပုံစံ

Credit =http://www.yoyarlay.com

လူတိုင်း လိုလိုဟာ ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန် ဆိုသလို ခါးနာ ဖူးကြပါတယ်။

အသက် ၄၅ နှစ်အောက်အရွယ်တွေမှာ ခါးနာတာက စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးနာကျင်မှုပါ။ ခါးနာတာအများစုက အနေအထိုင်၊ သွားလာလှုပ်ရှားမှု ပုံမမှန်တာကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခါးနာဝေဒနာကို    ချက်ချင်းသက်သာစေမယ့်နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) သင့် လက်ကိုင်အိတ်ထဲမှ မလိုအပ်သည်များ ရှင်းလင်းပါ

ခန္ဓာကိုယ်ရဲ့ ဘေးဘက်တစ်ခြမ်း တည်းမှာ လေးလံလွန်းတဲ့ အိတ်ကို လွယ်တာက သင့်အရိုးစနစ်အပေါ် ဖိအား   သက်ရောက်စေပါတယ်။ ဒါ ကြောင့် သင်လွယ်မယ့် ဘေးလွယ် အိတ်၊ ကျောပိုးအိတ်၊ လက်ကိုင် အိတ် စတာတွေကို အလေးချိန် ချိန်ကြည့်ပါ။ အဲဒီအိတ်က သင့်ခန္ဓာ ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း ထက်ပိုများနေရင် အိတ်ထဲက မလို အပ်တဲ့ ပစ္စည်းတွေကို ထုတ်လိုက်ပါ။

(၂) ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ နည်းနည်းပဲ ထည့်ပါ

ပိုက်ဆံတွေ အပြည့်ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ဘောင်းဘီ နောက်အိတ်ကပ်ထဲထည့်ပြီး တစ်နေ့လုံးထိုင်တာက      ကျောရိုးကို လိမ် ထားသလို ဖြစ်စေ ပြီး တင်ပါးရှိ နာ့ဗ် ကြောကို ဖိမိစေ နိုင်ပါတယ်။ ဒါက နာ့ဗ်ကြောရောင် ရမ်းမှုကို ဖြစ်စေ နိုင်ပါတယ်။ ဒီလို ဖြစ်ပြီး ခါးနာတာက အမျိုးသားတွေမှာ အဖြစ်များပါတယ်။

(၃) ဆေးမသောက်ခင် အပူကုထုံး သုံးပါ

ခါးနာတဲ့အခါ အကိုက်အခဲပျောက်ဆေး ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖင်တို့ သောက်တာထက် အပူပေးပြီး အရင်ဆုံး ကုသ သင့်ပါတယ်။ ရေနွေးအိတ်ကပ်တာ မျိုးကို ရှစ်နာရီကြာ လုပ် ဆောင်ပေးရင် သက်သာနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ အကိုက်အခဲ ပျောက် ဆေးကို သောက် တာထက် အပူပေး ကုသတာက ပိုမိုထိ ရောက်တဲ့ အာနိသင် ကို ရရှိစေတယ်လို့ သိရပါတယ်။

(၄) သင့်အပ်ချုပ်ဆရာ ပြောစကားကို နားထောင်ပါ

ဘောင်းဘီချုပ်ဖို့ ကိုယ်တိုင်းတဲ့အခါ သင့်အပ်ချုပ်ဆရာက သင့်ခြေထောက်တစ် ချောင်းဟာ တခြားတစ်ချောင်းထက် ပိုတို နေတယ်လို့ ပြောရင် အလေးထားပါ။ ဒါက သင့်ခါးပေါ်မှာ ဒဏ်ပိပြီး ခြေထောက် တစ် ဖက်နဲ့ တစ်ဖက် တစ်လက်မလောက် ခြား နားနေတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒီလိုခြားနားနေတယ်လို့ အပ်ချုပ်ဆရာက ပြောခဲ့ရင် အရိုးအထူးကုဆရာဝန်ဆီ သွားရောက်တိုင်ပင်ပါ။

(၅) ဒူးများကို မြှင့်ထားပါ

ထိုင်ခုံပေါ်မှာ ထိုင်တဲ့အခါ ဒါမှမ ဟုတ် လေယာဉ်ကြာကြာစီးတဲ့အခါ သင့် ဒူးတွေက သင့်တင်ပါးထက် အနည်းငယ် မြင့်နေစေဖို့ ခြေထောက်အောက်မှာ တစ် ခုခု ခံထားပါ။ ဒူးတွေက မြင့်နေရင် ခါး အောက်ပိုင်းအပေါ် ဖိအားသက်ရောက်မှု လျော့နည်းသွားပါလိမ့်မယ်။

 

                                              ခါးနာ ဒူးနာ မခက်ပါ

Credit=http://www.mawluu.com

ခါးနာ ဒူးနာ ဖြစ်ခဲ့သော်
ပထမ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပါ၊
ရေနွေးဆူလျှင် ၄င်းရေနွေးအိုးထဲသို့ ဘဲဥ-တလုံးကို ထည့်ပြုတရမည်၊
ဘဲဥကို ရေနွေးအိုးထဲသို့ ထည့်ပြီးသည်နှင့် ချက်ချင်းပင် တစ်, နှစ်, သုံး, လေး, ငါး-------တရာအထိ ရေတွက်ပါ။
ရေတွက်၍ တရာပြည့်သည်နှင့် ဘဲဥကို ရေနွေးအိုးထဲမှ ပြည်လည် ဆယ်ယူရပါမည်။
ထို့နောက် ဘဲဥပြုတ်ကို ပန်းကန်တလုံးထဲ ဖောက်ထည့်ပါ၊ ပြီးလျှင် သကြားသင့်ရုံ (စားကောင်းရုံ) ထည့်ပြီး
သမအောင် မွှေပေးပါ၊ အခြားဘာမှ ထည့်စရာ မလိုပါ၊
၎င်းဘဲဥကို ကုန်အောင် စားသုံးရမည်။
ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလေုံးရေ (၂၀ ) စားသုံးရမည်၊
ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။
( ဦးမျိုးတင့်-မော်လမြိုင် )
သြဂုတ်လ ၂၀၀၈-နက္ခတ္တရောင်ခြည်။

 

              အစားအသောက် စားရုံ ဖြင့် ခါးနာ ၊ ခါးကိုက် သက်သာစေနည်း

Credit =http://myooyinlay.blogspot.com

ခါးနာ၊ ခါးကိုက်ခြင်းဝေဒနာ ကို သက်သာစေရာမှာ အကိုက်အခဲ ပျောက်ဆေး များက လည်း အထောက် အကူပြုပါတယ်။ သို့ပေမယ့် နောက်ထပ်ပေါ်လာနိုင် တဲ့အ္တရာယ် ကို လျော့ပါး သွားစေ ဖို့ဆိုရင်တော့ ခါးနာ ခြင်း ကိုဖြစ်စေ တဲ့ ရောင်ရမ်းခြင်းကို သက်သာလျော့ ပါးစေတဲ့ အစားအစာ များကို ပိုမိုစားသုံးဖို့တော့ လိုအပ် ပေ လိမ့်မယ်။
- ချယ်ရီသီးများ။ ။ ချယ်ရီသီး ဖျော်ရည် ၁၂ အောင်စကို တစ်နေ့ ၂ ကြိမ် ၈ ရက်ကြာ သောက်သုံးခြင်း က ကြွက်သား ကိုက်ခဲ နာကျင်ခြင်းကို လျော့ပါး သက် သာစေကြောင်း လေ့ လာမှု တစ်ခုက ပြသခဲ့တယ်။
- သံလွင်ဆီ - ဆယ်လ်မွန်ငါးသေတ္တာဘူး၊ ရေ ဒါမှမဟုတ် သံလွင်ဆီမှာ စိမ် ထားတဲ့ ဆာဒင်းငါး
- မက်ကာရယ်ငါး၊ တူနာငါး၊ သစ် ကြားသီး (ယင်းတို့က အိုမီဂါ -၃ အဆီအက်စစ် ကြွယ်ဝတဲ့ အစားအစာများ

ဖြစ်တယ်)

- ပဲပိစပ်
- ဟင်းသီးဟင်းရွက်များနှင့် အရောင် မျိုးစုံရှိသော သစ်သီးဝလံများ
- အခွံမာသီး အမျိုးမျိုး
- လက်ဖက်ရည်ကြမ်း
(Green tea)


အောက်ပါ အစားအစာ များက တော့ ခါးနာဝေဒနာရှင်များ လျှော့စား ရမယ့်အစားအစာတွေ ဖြစ်ပါတယ်။
- အချို့သောဟင်းရွက်ဆီများ (ဥပမာအားဖြင့် ပြောင်းဖူးဆီ၊ နေကြာဆီ၊ ဆူးပန်းဆီ၊ ဝါစေ့ဆီ)
-မာဂျရင်း
- ပြုပြင်ထုတ်လုပ်ထားသည့် အစားအစာများ
- ပြည့်ဝဆီများတဲ့ အစားအစာများ (နို့နှင့် နို့ထွက်ပစ္စည်းပါဝင်)
- အသွင်ပြောင်းဆီ ပါဝင်သော အစားအစာများ
                   

 

 

No comments: