Tuesday, June 11, 2013

တဏှာကွန်ယက် (သုခ)

 

မနုဿလူသားများကို လေးမျိုးလေးစားခွဲခြားနိုင်ပေသည် ။ ၎င်းတို့မှာ---

တဏှာသံယောဇဉ်ဖြင့် အနှောင်အဖွဲ့ခံနေရသူများ ။

ထိုအနှောင်အဖွဲ့မှ ထွက်မြောက်ရာ ၀ိမုတ္တိရသာကိုရှာဖွေနေကြသူများ ။

ထိုသို့ရှာနေကြရာက ၀ိမုတ္တိ ရသ ရသွားကြသူများ ။

မူလကပင် ၀ိမုတ္တိရသကို ရ ၊ ခဲ့ကြသူများဟု ဆိုရပေမည် ။

ဝိမုတ္တိရသကို ရပြီးသူများက ပုထုဇဉ်လူသားများကို အမှန်တရားပြ၍ ကောင်းကျိုးဖြစ်ထွန်းစေရန် လူ့ဘောင်လောက၌ အသက်ရှင်နေကြခြင်း ဖြစ်သည် ။

သံယောဇဉ်ဖြင့် အနှောင်အဖွဲ့ခံရသူများမှာလူမှု့ရေးရာဃရာဝါသ သမ္မာဓ၌ နစ်မွန်းလျက် ဘုရားရှင်အား အမေ့ကြီးမေ့ လျော့၍ ယောင်ယမ်းကာမျှ သတိမရကြသော လူစားများဖြစ်သည် ။

ဝိမုတ္တိရသကို ရှာဖွေသူတို့ကား သံယောဇဉ်နှောင်ကြိုးကို ကြိုးစားတ်နေကြ၍ ဖြတ်နေကြသူများဖြစ်လျက် တစ်ချို့က   အောင်မြင်၍ တစ်ချို့က ရှုံးနိမ့်နေသော လူစားမျိုးဖြစ်၏ ။

ပမာအားဖြင့် ရေအိုင်တစ်အိုင်အတွင်းသို့ တံငါသည်က ကွန်ပစ်လိုက်သောအခါ ကွန်မအုပ်မိခင် အရှောင်အတိမ်းကျင် လည်ကုန်သော ငါးတို့ကား ၀ိမုတ္တိရသကို မူလကတည်းက ရနေသူများနှင့် ပမာတူ၏ ။

ကျန်သောငါးများအဖို့ကား ပိုက်ကွန်ထဲတွင် ငြိတွယ်ဖုံးအုပ်ခြင်း ခံနေကြရလေပြီ ။ ထိုသည့်အနက်မှ အချို့သော  ငါး သည် လွတ်မြောက်အောင် ခုံပျံလူးလွန့်ကြိုးစားနေကြ၏ ။ထို ငါးသတ္တ၀ါတို့ကား ၀ိမုတ္တိရသကို ရှာကြံနေကြသော လူစားမျိုးတည်း ။

ကြိုးစားနေကြသော ငါး အနည်းငယ်သည် (ကံ၊ ညဏ်၊၀ီရိယ အားလျော်စွာ) ပိုက်ကွန်ထဲမှ ထွက်ပေါက် တွေ့၍ လွတ်ေ မြာက်ကာ ရေထဲသို့ ရုန်းထွက်သွားသော အသံများ ဖြစ်ပေါ်စေလေ၏ ။ထိုအခါ တံငါသည်များက -----

“ဟော  ဟိုမှာ ငါးကြီးတစ်ကောင် လွတ်သွားပြီဟေ့ ” ဟု ဟစ်အော်လိုက်၏ ။ ထို ငါးသတ္တ၀ါမှာ ၀ိမုတ္တိရသကို ရှာဖွေကြိုးစားအာင်မြင်သွားသူနှင့် တူပေသည် ။

ကျန်ရှိသော ငါးများတို့ ကား ရွှံညွန်ထဲတွင်သာ မိမိတို့ကိုယ်ကို နှစ်မြုပ်ငြိမ်သက်၍ ပါးစပ်ပေါက်များတွင် ကွန်တန်းလန်းရှိနေကြရာက ----

 “ငါတို့ ကြောက်စရာမရှိဘူး ၊ယခုနေရာတွင် လုံခြုံစိတ်ချရပါတယ် ဟု ကိုယ့်အဖြစ်ကို မထိတ်မလန့်ယုံကြည်  နေကြ  လေသည် ။ သို့သော် ထို သနားစရာ ငါးသတ္တ၀ါများကား မကြာမြင့်မီပင် တံငါသည်များက ပိုက်ကွန်နှင့် တကွ ဆွဲတင်၍ ယူငင်ကြလိမ့်မည်ဟု မသိရှာကြလေကုန် ။ ထို ငါး  တို့မှာလောကတွင် စိတ်ချလက်ချ အနှောင်အဖွဲ့ခံနေကြသော  ပုထုဇဉ် တို့နှင့် တစ်သဝေမတမ်း တူညီကြကုန်လေ၏ ။”

 

ဤပုံပြင်မှာ ပေါ်လွင်ထင်ရှားလှသောကြောင့် အကျယ်လင်းပါးဖွယ် မလိုတော့ပေ ။ သာဝတ္ထိပြည်တွင် မြတ်စွာဘုရား  သီတင်းသုံးစဉ်က နတ်သားတစ်ဦးသည် ဤသို့ လာရောက် မေးလျှောက်ဖူးလေသည် ။

“အရှင်ဘုရား အတွင်းအပ၌ ဖွဲ့ယှက်ရှုပ်ထွေး ရစ်မြှေးတက်စေသော တဏှာကွန်ရက်ကို အဘယ်သူသည် ခုတ်ဖြတ်     ဖောက်ထွင်း ဖြေရှင်းနိုင်ပါအံ့နည်း ”

ထိုအခါ မြတ်စွာဘုရားက-----

“ဒေ၀ပုတ္တနတ်သား ၊ဘုံသုံးပါးလုံး ၀န်းကျင်ဖွဲ့ချူပ်သော တဏှာကွန်ရက်ရှုပ်ကို သီလ ၊သမာဓိ ၊ ပညာကိုပွားသော၊တည် ကြည်သော ၊ခိုင်လုံသော ၊သံသရာဘေးကို ရှုလေ့ရှိသော ထိုသူသည် ခုတ်ဖြတ်ဖောက်ထွင်း ဖြေရှင်းနိုင်၏ ဟု  နတ် သား ၏သံသယကို ငြိမ်းတော်မူစေခဲ့၏ ။ ”

ဤကား ၀ိသုဒ္ဓိမဂ်၏ နိဒါန်းတည်း ။

                                  *                            *                                *

No comments: