Friday, November 9, 2012

ပြန်လည်သင့်မြတ်ကြ ပါ စို့

  ပြန်လည်သင့်မြတ်ကြ ပါ စို့        

ချစ်မေတ္တာတရားတွေနဲ့ ငြိမ်းအေးစွာနေကြပါစို့
တို့နှစ်ဦးပြန်လည်လက်တွဲရန်ဆုံးဖြတ်ကြပါစို့ ။
သံယောဇဉ်နှောင်ထုံးကိုခိုင်ခိုင်မြဲမြဲချည်နှောင်
အချိန်ဆိုတဲ့ကာလကခွဲမပစ်ရလေအောင် ။

ရန်လိုမှု့တွေကင်းတဲ့ အမှန်ဆုံးတရား
ပျော်ရွှင်မှု့တွေနဲ့ သက်သေပြကြစို့လား
အဲ့ဒါကအချစ်ရဲ့နူးညံ့သိမ်မွေ့ မှုပါ ပဲ
တစ်ဦးနှင့်တစ်ဦးခွင့်လွှတ်ကြရ မှာမလွဲ။

ပူပန်မှု့တွေ အနည်းဆုံးဖြစ်လာရင်
ရွှင်လန်းမှု့ ငြိမ်းအေးမှု့ မရလေအင်
ငါ..စိတ်ဆိုးဟန်ဆောင်နေပေမယ့်လည်း
အလို…ငါမင်းကိုချစ်နေတာပါပဲ ။
တို့နှစ်ဦး၏ကောင်းချီးမင်္ဂလာ ကံကြမ္မာ
မင်းရော တို့ရောပိုင် ဆိုင် တာပါ။
ပျော်ရွှင်ဖို့ ….ကြင်နာစွာချစ်ကြဖို့
နောက်မကျသေးတဲ့အချိန်မို့ ။  

No comments: