ထင်လင်း ၏ တစ်ကျွန်းစံ၏ အပြန်လမ်း စာအုပ် Download ဆွဲရန်ဒီမှာ နှိပ်ပါ ။
📕Hello Readers! I'm Hnin. Warm greeting from my "Bookish In Fiction Land "blog. I started a book blog to help others find more great books to read. Come join me and let's read together.
ဗုဒ္ဓဘာသာဝင်တိုင်းအရှင်ဇနကာဘိဝံသ ၏ “ကိုယ်ကျင့်အဘိဓမ္မာ”၊ “ရတနာဂုဏ်ရည် ” နဲ့ “အနာဂတ်သာသနာရေး” စတဲ့ စာအုပ် ၃အုပ်ကိုတော့ဖတ် သင့်ပါတယ် ။ ကျွန်မကတော့ “ကိုယ်ကျင့်အဘိဓမ္မာ” နဲ့ “အနာဂတ်သာသနာရေး ”စာအုပ်၂အုပ်ကိုတော့ဖတ်ဖူးပါတယ်။“ကိုယ်ကျင့်အဘိဓမ္မာ” စာအုပ်ကတော့တစ်ခါဖတ်ရုံနဲ့တော့အကုန်နားမလည်နိုင်ဘူး။ ထပ်ခါ ထပ်ခါ ဖတ်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တို့ သိသင့်သိထိုက်တာ တွေကို ပြည့်ပြည့်စုံစုံသိနိုင်ပါတယ် ။
အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ် Download ဆွဲရန် ဒီမှာနှိပ်ပါ ။
တိုက်ရေယာဉ် ၁၀၃ ဆို တဲ့ ၀တ္ထုလေးကို ကျွန်မ ဖတ်ဖြစ်တာ ရွှေအမြုတေ မဂ္ဂဇင်းမှာလို့ထင်တာပဲ ။ ဖတ်ခဲ့ဘူးတာ ကြာပြီဆိုတော့ မမှတ်မိတော့ဘူး ။ ဒါပေမယ့် အဲဒီ့ဝတ္ထုလေးကိုတော့ သဘောကျလို့ အပတ်တိုင်းစောင့် ဖတ်ခဲ့ရတယ်လေ ။ ခုတော့ e book လေးရပြီဆိုတော့ အဆင်ပြေသွားပြီပေါ့ ။ သင်္ဘောပျက်လို့ပင်လယ်ပြင်တွင် ကြုံတွေ့ခဲ့ရတဲ့ တကယ့်အဖြစ်အပျက်လေး ၊ တကယ့် ရဲဘော်စိတ်ဓာတ်အပြည့်နဲ့အခက်အခဲကြားက လွတ်မြောက်အောင် အချင်းချင်း ကြိုးစားအားထုတ် ရိုင်းပင်းကူညီကြပုံနှင့်  သဘောင်္ပျက်လို့ ပင်လယ်ထဲမျောနေချိန် အသက်ရှင်ဖို့ ကြိုးစားအားထုတ်ကြပုံတို့ကို ရေးသားထားသည့် စာအုပ်ကောင်းတစ် အုပ်ဖြစ်၍ ဖတ်ရှု့စေချင်ပါတယ် ။
မောင်သော်က ၏ တိုက်ရေယာဉ် ၁၀၃ စာအုပ် Downloadဆွဲရန်ဒီမှာနှိပ်ပါ ။
မေတ္တာရှင် (ရွှေပြည်သာ ) ၏ မျက်ရည်မကျခင် သိစေချင် စာအုပ်လေးကို မဖတ်ရသေးတဲ့ စာဖတ်သူတွေကို ဖတ်စေချင်ပါတယ် ။ ဗုဒ္ဓဘာသာဝင်တိုင်း သိသင့် တဲ့ အကြောင်းအရာတွေပါဝင်ပါတယ် ။ လူလေးမျိုးဆိုတာ ဘာတွေလဲဆိုတာပါ ပါဝင်ပါတယ် ။ အိန္ဒိယမှာ သာသနာကွယ်ရခြင်းအကြောင်း ၊ဗုဒ္ဓသာသနာနှင့် နတ်ကိုးကွယ်မှု့ ။ နောက်ပြီး ဗုဒ္ဓဘာသာနှင့်လွန်စွာဆန့်ကျင်နေတဲ့ ဗေဒင် ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားကိုးရာအစစ်အမှန်က ဘယ်ဟာလည်းဆိုတာ တွေအပြင် တစ်ခြား ဗုဒ္ဓဘာသာဝင်တိုင်းသိသင့် သိအပ်တဲ့ အကြောင်းအရာတွေကို ပါ ဒီစာအုပ်ထဲ မှာပြည့်ပြည့်စုံစုံ ဖတ်ရမှာပါ ။